​မြတ်​စွာ​ဘု​ရား​ရှင်​သည် ​ဇေ​တ​ဝန်​ကျောင်း ​တော်​၌ ​သီ​တင်း​သုံး​နေ​တော်​မူ​စဉ် ​မီး​ကို​ရှိ​ခိုး​ပူ​ဇော် ​ခြင်း​အား ​အ​ကြောင်း​ပြု​၍ ​ဤ​ဇာတ်​တော်​ကို ​ဟော ​ကြား​တော်​မူ​ခဲ့​ပါ​သည်။ ​မြတ်​စွာ​ဘု​ရား​ရှင်​၏ ​သာဝ​က​ရ​ဟန်း​တော် ​များ​သည် ​မိ​စ္ဆာ​ဒိ​ဋ္ဌိ​ရ​သေ့​တို့​က ​မီး​ပုံ​ကြီး​အား ​ရှိ​ခိုး​ပူ ​ဇော်​ကြ​နေ​သည်​ကို ​မြင်​တွေ့​ခဲ့​ကြ​သည်။ ​ထို့​ကြောင့် ​သာဝ​က ​ရ​ဟန်း​တော်​များ​သည် ​မြတ်​စွာ​ဘု​ရား​ထံ ​သွား​ရောက်​၍ ​အောက်​ပါ​အ​တိုင်း ​အ​ကျိုး​အ​ကြောင်း ​ကို ​မေး​မြန်း​လျှောက်​ထား​ကြ​သည်။

Read more...



​လူ​အ​များ​စု​ဟာ ​နိ​မိတ်​ကို ​စိတ်​ဝင်​စား​ကြ​တယ်။ ​ကျီး​သာ​နိ​မိတ်၊ ​အိမ်​မြောင်​စုတ်​ထိုး​နိ​မိတ်၊ ​န​ဂျီ​ကောင် ​စွဲ​နိ​မိတ်၊ ​ပျား​စွဲ​နိ​မိတ်၊ ​တောင်​ပို့​နိ​မိတ် ​စ​သည်​ဖြင့် ​နိ​မိတ်​အ​မျိုး​မျိုး​ကို ​ကောင်း​၏ ​မ​ကောင်း​၏ ​ခွဲ​ခြား​ပြီး ​လက်​ခံ​ယုံ​ကြည်​လေ့​ရှိ​ကြ​တယ်။ ​ဒါ​ပေ​မဲ့ ​ကိုယ်​ပြော ​လိုက်​တဲ့​စ​ကား​တွေ​ဟာ ​နိ​မိတ်​တွေ​ဖြစ်​သွား​တတ် ​တယ်​ဆို​တာ​တော့ ​အ​မှတ်​မ​ထား​မိ​ကြ​တဲ့ ​သူ​တွေ ​များ​တယ်။ ​စ​ကား​ဟာ ​နိ​မိတ်​တွေ​ဖြစ်​တယ်​ဆို​တာ ​မ​သိ​ကြ​ဘူး။

Read more...



​ကျွန်ုပ်​တို့​၏​ထေ​ရ​ဝါ​ဒ ​ဗုဒ္ဓ​သာ​သ​နာ ​သ​မိုင်း​ကြောင်း​တစ်​လျှောက်​တွင် ​တ​တိ​ယ​သ​င်္ဂါ​ယ​နာ​တင်​မင်း​မြတ်​ကြီး​အ​ဖြစ် ​ထင်​ရှား​ကျော်​ကြား​လှ​သော ​အ​သော​က​မင်း​ကြီး​သည် ​ရှင်​တော်​မြတ်​ဗုဒ္ဓ ​ပ​ရိ​နိ​ဗ္ဗာန်​စံ​တော်​မူ​ပြီး ​နှစ်​ပေါင်း(၂၃၅)​နှစ်​အ​ကြာ​တွင် ​စ​တု​ပ​စ္စ​ယ ​သံ​ဃာ့​ဒါ​ယ​ကာ(​ပ​စ္စည်း​လေး​ပါး​ဒါ​ယ​ကာ)​အ​ဖြစ် ​ဆောင်​ရွက် ​တော်​မူ​ကာ ​အ​ရှင်​မ​ဟာ​မော​ဂ္ဂ​လိ​ပု​တ္တ​မ​ထေရ်​မြတ်​အား ​သံ​ဃာ့​နာ​ယ​က​အ​ဖြစ် ​ဆောင်​ရွက်​တော်​မူ​စေ​၍ ​ရ​ဟ​န္တာ​အ​ရှင်​သူ​မြတ်​ပေါင်း​တစ်​ထောင်​ဖြင့် ​အိ​န္ဒိ​ယ​နိုင်​ငံ၊ ​ပါ​ဋ​လိ​ပုတ်​ပြည်၊ ​ကု​က္ကု​ဋာ​ရာ​မ (​ခေါ်) ​အ​သော​ကာ​ရာ​မ ​ကျောင်း​တိုက်​ကြီး​၌ ​တ​တိ​ယ​သ​င်္ဂါ​ယ​နာ​တင်​ဓ​မ္မ​သ​ဘင်​ပွဲ​ကြီး​ကို (၉)​လ​ကြာ ​အောင်​မြင်​စွာ ​ကျင်း​ပ​တော်​မူ​နိုင်​ခဲ့​၏။​ထို​သ​င်္ဂါ​ယ​နာ​တင်​ပွဲ​ကြီး​အ​ပြီး​၌ ​ကိုး​တိုင်း​ကိုး​ဌာ​န​သို့ ​သာ​သ​နာ​ပြု​အ​ဖွဲ့​များ​စေ​လွ​တှ်​၍ ​သာ​သ​နာ​ပြု​ခြင်း​အား​ဖြင့် ​အိ​န္ဒိ​ယ​နိုင်​ငံ​မှ ​ပြည်​ပ​နိုင်​ငံ​များ​သို့ ​ဗုဒ်​ဓ​သာ​သ​နာ ​ထွန်း​ကား​ပြန့်​ပွား​စေ​ခဲ့​၏။​ကျွ​နု်ပ်​တို့​မြန်​မာ​နိုင်​ငံ​တွင်​လည်း ​အ​သော​က​မင်း​ကြီး​၏ ​ကောင်း​မှု​တော်​ကြောင့် ​သီ​ဟိုဠ်(​ယ​ခု​သီ​ရိ​လ​င်္ကာ)​မှ​တစ်​ဆင့် ​ပြန့်​ပွား​ရောက်​ရှိ​လာ​ကာ ​ထေ​ရ​ဝါ​ဒ​ဗုဒ်​ဓ​သာ​သ​နာ ​ထွန်း​ကား​လာ​ခြင်း​ဖြစ်​လေ​၏။​ယ​ခု ​ကျွန်ုပ်​တင်​ပြ​မည့်​အ​ကြောင်း​အ​ရာ​မှာ ​သာ​သ​နာ​သ​က္က​ရာဇ် (၂၃၇)​နှစ်​တွင် ​ပါ​ဋ​လိ​ပုတ်​ပြည်​မှ ​သာ​သ​နာ​ပြု​စေ​လွ​တှ်​ခြင်း​ခံ​ရ​သော ​အ​ရှင်​သော​ဏ​မ​ထေရ်​နှင့် ​အ​ရှင်​ဥ​တ္တ​ရ​မ​ထေရ်​နှစ်​ပါး​ဦး​ဆောင်​သော ​သာ​သ​နာ​ပြု​အ​ဖွဲ့​သည် ​သုဝ​ဏ္ဏ​ဘူ​မိ(​ခေါ်) ​သ​ထုံ​ပြည်​သို့ ြ​ကွရောက်​တော်​မူ​ကာ ​​ယက္ခဘီ​လူး​တို့​ကို ​နှင်​ထုတ်​၍ ​ဗြ​ဟ္မ​ဇာ​သုတ်​ဟော​ကြား​တော်​မူ​ခဲ့​ကြောင်း​ကို ​သ​မိုင်း​ဝင်​ဂါ​ထာ​တော်​မြတ်​ဖြင့် ​တင်​ပြ​မည်​ဖြစ်​၏။ ​အ​ချိန်​ကား ​သုဝ​ဏ္ဏ​ဘူ​မိ(​သ​ထုံ)​ပြည်​၌ ​သီ​ရိ​ဓ​မ္မာ​သော​က​ဘွဲ့​ခံ ​ရာ​ဇ​စော​ဝေ​မင်း​တြား​ကြီး ​ထီး​နန်း​စိုး​စံ​တော်​မူ​ချိန်​ဖြစ်​၏။​ထို​မင်း​လက်​ထက်​တွင် ​မြို့​တွင်း​နန်း​တွင်း​ရှိ ​မွေး​လာ​သ​မျှ ​က​လေး​သူ​ငယ်​တိုင်း​ကို ​လော​ဘ​တ​ကြီး ​သတ်​ဖြတ်​စား​သောက်​နေ​သော ​ဘီ​လူး​မ​တစ်​ကောင် ​သောင်း​ကျန်း​လျက်​ရှိ​၏။ ​ထို​ဘီ​လူး​မ​ရန်​ကြောင့် ​တစ်​တိုင်း​ပြည်​လုံး ​ကြောက်​ရွံ့​တုန်​လှုပ်​နေ​ကြ​ရ​၏။ ​ထို​အ​ချိန်​တွင် ​အ​ရှင်​သော​ဏ​နှင့် ​အ​ရှင်​ဥ​တ္တ​ရ​မ​ထေရ်​နှစ်​ပါး​သည် ​သ​ထုံ​ပြည်​သို့ ​သာ​သ​နာ​ပြု ​ရောက်​ရှိ​လာ​ခဲ့​၏။ ​ထို​အ​ချိန်​၌ ​ဘီ​လူး​မ​သည်​လည်း ​မိ​ဖု​ရား​ကြီး​ဖွား​မြင်​တော်​မူ​သော ​သား​တော်​လေး​ကို ​တောင်း​ယူ​စား​သောက်​ရန် ​နန်း​တော်​အ​တွင်း​သို့ ​ရောက်​ရှိ​လာ​ခဲ့​၏။​ထို​အ​ခါ ​ယင်း​မ​ထေရ်​နှစ်​ပါး​သည် ​တန်​ခိုး​ဖြင့် ​ဘီ​လူး​မ​အား ​မောင်း​ထုတ်​၍ ​သား​တော်​လေး​၏ ​အ​သက်​ကို​ကယ်​တင်​ခဲ့​၏။​ ဤ​သို့ ​ဘီ​လူး​မ​၏​ရန်​ကို ​ငြိမ်း​အေး​ပယ်​ရှား​ပေး​၍ ​ဘု​ရင်​ကြီး​နှင့်​တ​ကွ ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ​လွန်​စွာ​ကျေး​ဇူး​တင်​ရှိ​ကြ​ကုန်​၏။​ထို့​နောက် ​မ​ထေရ်​နှစ်​ပါး​တို့​သည် ​သ​ထုံ​ပြည်​သူ ​ပြည်​သား​အ​ပေါင်း​တို့​အား ​တန်​ခိုး​အာ​ဏာ​စက်​ကြီး​မား​လှ​သော ​ဗြ​ဟ္မ​ဇာ​လ​သုတ်​တော်​ကို ​ဟော​ကြား​တော်​မူ​ခဲ့​၍ ​ထောင်​ပေါင်း​များ​စွာ​သော ​သ​ထုံ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ​ရ​ဟန်း​ဝတ်​ကာ ​သာ​သ​နာ့​ဘောင်​ဝင်​ခဲ့​ကြ​လေ​၏။ ​ဤ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ရာ​များ​ကို ​အောက်​ပါ​ဂါ​ထာ​တော်​အ​ရ ​ခိုင်​မာ​စွာ ​သိ​ရှိ​နိုင်​ပေ​၏။

​သုဝ​ဏ္ဏ​ဘူ​မိံ ​ဂန္ဓာ​န၊
​သော​ဏု​တ္တ​ရာ ​မ​ဟိဒ္ဓိကာ။
​ပိ​သာ​စေ ​နိဒ္ဓမိ​တွာ​န၊
​ဗြ​ဟ္မ​ဇာ​လ ​မ​ဒေ​သ​ယျုံ။

​အ​နက် ။          ။ မ​ဟိဒ္ဓိ-​အ​ဘိ​ညာဉ်​စျာန်​မျိုး​ကြီး​မား​သော ​ဘုန်း​တန်​ခိုး​ရှိ​ကုန်​သော၊ ​သော​ဏု​တ္တ​ရာ ​အ​ရှင်​သော​ဏ၊ ​အ​ရှင်​ဥ​တ္တ​ရ​မ​ထေရ်​တို့​သည်၊ ​သုဝ​ဏ္ဏ​ဘူ​မိံ-​ရွှေ​မြ​စု​ပုံ​မြို့​သ​ထုံ​သို့၊ ​ဂန္ဓာ​န-​ကြွတော်​မူ​ကုန်​၍၊ ​ပိ​သာ​စေ-​အ​သား​စား​ကြူး​ ယက္ခဘီ​လူး​တို့​ကို၊ ​​နိဒ္ဓမိ​တွာ​န - ​နှင်​ထုတ်​တော်​မူ​ကုန်​ပြီး​လျှင်၊ ​ဗြ​ဟ္မ​ဇာ​လံ-​ဗြ​ဟ္မ​ဇာ​လ​သုတ်​ကို၊ ​အ​ဒေ​သ​ယျုံ-​ဟော​ကြား​တော်​မူ​လေ​ကုန်​သ​တည်း။ ​ဤ​သုဝ​ဏ္ဏ​ဘူ​မိံ​ဂါ​ထာ​တော်​နှင့်​အ​တူ ​အ​ခြား​ဂါ​ထာ(၃)​ပုဒ်​လည်း ​ရှိ​ကြောင်း​သိ​ရှိ​ရ​၏။ ​သို့​ရာ​တွင် ​ဤ​ဂါ​ထာ​တော်​မှာ ​သ​မိုင်း​ဝင်​ဂါ​ထာ​တော်​ဖြစ်​၍ ​အ​ဓိ​က​ဖြစ်​လေ​၏။ ​ရှေး​ဆ​ရာ​ကြီး​များ​က ​ဤ​ဂါ​ထာ​တော်​ကို ​လော​ကီ​အ​စီ​ရင်​ဖြင့် ​အ​ဝင်​အင်း၊ ​အ​ထွက်​အင်း​များ ​ပြု​လုပ်​ကြ​ပြီး ​အ​ကာ​ကွယ်​အ​ဆောင်​များ​အ​ဖြစ် ​အ​သုံး​ပြု​ကြ​ကြောင်း​သိ​ရှိ​ရ​၏။ ​မ​ထေရ်​မြတ်​နှစ်​ပါး​ဟော​ကြား​တော်​မူ​ခဲ့​သော ​ဗြ​ဟ္မ​ဇာ​လ​သုတ်​ကား ​စင်​စစ်​အား​ဖြင့် ​ဘု​ရား​ဟော ​သု​တ္တန်​ဒေ​သ​နာ​တော်​ဖြစ်​ပြီး ​ဂါ​ထာ​ပေါင်း(၃၁၆)​ဂါ​ထာ​ရှိ​၍ ​ကျက်​မှတ်​ရန် ​ခက်​ခဲ​လှ​၏။  ထို့​ကြောင့် ​ဤ​သ​မိုင်း​ဝင်​ဂါ​ထာ​တော်​မြတ်​ကို​သာ ​ဤ​အ​တိုင်း ​နေ့​စဉ် ​ရွတ်​ဖတ်​ပူ​ဇော်​လျှင်​လည်း ​အ​ကျိုး​ထူး​များ ​ရ​ရှိ​နိုင်​ပေ​၏။ ​သို့​ဖြစ်​ပါ​၍ ​ဓ​မ္မ​မိတ်​ဆွေ​ပေါင်း​တို့​သည် ​သ​ရဲ​တ​စ္ဆေ၊ ​နတ်​ဆိုး၊ ​ဖုတ်​ပြိ​တ္တာ ​အ​စ​ရှိ​သော ​အ​န္တ​ရာယ် ​အ​မျိုး​မျိုး​တို့​ကို ​လွန်​စွာ​မှ ​နိုင်​နင်း​လှ​သည်​ဟု ​ကျော်​ကြား​သော ​ဤ​သုဝ​ဏ္ဏ​ဘူ​မိံ​ဂါ​ထာ​တော်​ကို ​နေ့​စဉ်​မ​ပြတ်၊ ​ရွတ်​ဖတ်​သ​ရ​ဇ္ဈာယ်​ကြ​ပါ​က ​ယက်​ခ​ဘီ​လူး​တို့​ကဲ့​သို့ ​ရန်​များ​ကို​ပင် ​ကင်း​ဝေး​စေ​ကြောင်း ​အ​ကျိုး​မျှော်​၍ ​ဆောင်း​ပါး​တစ်​ပုဒ် ​ရေး​ထုတ်​လိုက်​ရ​ပေ​တော့​၏။

(​ဗ​ဟု​သု​တ​အ​သိ​အ​လိ​မ္မာ​တိုး​ပွား​ကြ​ပါ​စေ)

​ဇော်​လွင်​ထွန်း

​ကျမ်း​ကိုး။  ။
(၁)​အ​ဝေး​သင်​တ​က္က​သိုလ် ​အ​ရှေ့​တိုင်း​ပ​ညာ(​ပါ​ဠိ)​အ​ထူး​ပြု (​ဒု​တိ​ယ​နှစ်)
Third Buddhist Council ​သင်​ခန်း​စာ
(၂)​အ​ဝေး​သင်​တ​က္က​သိုလ် ​အ​ရှေ့​တိုင်း​ပ​ညာ(​ပါ​ဠိ)​အ​ထူး​ပြု(​တ​တိ​ယ​နှစ်)
History of Buddhism in Suvannbhumi ​သင်​ခန်း​စာ
(၃)​သု​သု​က​၏​တန်​ခိုး​ထက်​မြက် ​သော​ဓ​မ္မ​စက်​ဂါ​ထာ​တော်​များ​ကျမ်း။
(၄)​သီ​ရိ​မ​င်္ဂ​လာ​ပ​ရိတ်​တော်​များ​ကျမ်း။

ဗုဒ္ဓဘာ​သာ​ဝင်​တို့​၏ ​နေ့​စဉ်​ဘဝ​သည် ​ကု​သိုလ်​စိတ်​ဖြင့် ​နိုး​ထ​၍​ကု​သိုလ်​စိတ်​ဖြင့် ​အိပ်​စက် ​ကြ​ရ​သည်။ ​မေ​တ္တာ​ဖြင့်​နိုး​ထ​၍ ​မေ​တ္တာ​ဖြင့် ​အိပ်​စက် ​ကြ​ရ​သည်။ ​ကျေး​လက်​ဒေ​သ​၏ ​လူ​နေ​မှု​ဘဝ​ကို ​လေ့​လာ​လျှင် ​ကြက်​တွန်​သံ​ကို ​အ​ဖော်​ပြု​ကြ​သည်။ ​နံ​နက်​လေး​နာ​ရီ​ခန့် ​ကြက်​တွန်​သံ​ကြား​သည်​နှင့် ​ဘုန်း ​တော်​ကြီး​ကျောင်း​များ​က​လည်း ​အုန်း​မောင်း​ခေါက် ​ကြ​သည်။ ​ရ​ဟန်း​များ၊ ​သာ​မ​ဏေ​များ၊ ​ကျောင်း​သား ​များ​က ​ဘု​ရား​ရှိ​ခိုး​ကြ​ရ​သည်။ ​လူ​ကြီး​လူ​ငယ်​များ​က ​လယ်​လုပ်​ငန်း၊ ​ယာ​လုပ်​ငန်း​အ​တွက် ​ကျွဲ​များ၊ ​နွား​များ၊ ​ထွန်​များ၊ ​ထယ်​များ​ကို​ပြင်​ဆင်​ကြ​ရ​သည်။ ​မိန်း​မ​ပျို​လေး​များ​က ​ဆွမ်း​ချက်​ခြင်း၊ ​ဆွမ်း​လောင်း ​ခြင်း၊ ​ဘု​ရား​ဆွမ်း​တော်​ကပ်​ခြင်း၊ ​တို့​ကို​ပြု​ကြ​ရ​သည်။ ​ရ​ဟန်း​သံ​ဃာ​များ ​သာ​မ​ဏေ​များ​က ​သံ​ဃာ​တန်း​ဖြင့် ​ဆွမ်း​ခံ​ြွ​က​ကြ​ရ​သည်။ ​ဗုဒ်​ဓ​ဘာ​သာ​ဝင်​တို့​၏ ​နေ့​စဉ် ​ဘဝ​သည် ​ကု​သိုလ်​ဖြစ်​ခြင်း၊ ​မေ​တ္တာ​ဖြင့်​စ​ခြင်း​ဖြစ် ​သည်။ ​မြို့​ပြ​ဒေ​သ​တွင်​နေ​ကြ​သော ​ဗုဒ္ဓဘာ​သာ​ဝင် ​မြန်​မာ​လူ​မျိုး​တို့​သည်​လည်း ​လိုက်​နာ​သင့်​ကြ​သော ​ဓ​လေ့​ထုံး​တမ်း​များ​ပင် ​ဖြစ်​ပေ​သည်။ ​ဤ​ကဲ့​သို့​သော ​ရှေး​ထုံး​မျိုး​ကို ​မ​ပယ်​သင့်​ကြ​ပေ။

​နံ​နက်​မိုး​လင်း​သည်​နှင့် ​ဗုဒ်​ဓ​ဘာ​သာ​ဝင်​တို့​၏ ​ပြု​လုပ်​လေ့​ရှိ​သော ​အ​လေ့​အ​ကျင့်​တစ်​ခု​မှာ ​ရ​တ​နာ ​သုံး​ပါး​အား ​ရှိ​ခိုး​ခြင်း​ပင်​ဖြစ်​သည်။ ​ရ​တ​နာ​သုံး​ပါး​ကို  ​ရှိ​ခိုး​သော​အ​ခါ ‘‘​ထိ​ခြင်း​ငါး​ပါး’’​ဖြင့် ​ရှိ​ခိုး​ရ​ပေ​သည်။ 
(၁) ​ခြေ​နှင့်​ကြမ်း​ပြင်​ထိ​ခြင်း၊
(၂) ​လက်​နှင့်​ကြမ်း​ပြင် ​ထိ​ခြင်း၊
(၃) ​န​ဖူး​နှင့်​ကြမ်း​ပြင်​ထိ​ခြင်း၊
(၄) ​တံ​တောင် ​နှစ်​ဖက်​နှင့် ​ကြမ်း​ပြင်​ထိ​ခြင်း
(၅) ​ဒူး​နှစ်​ဖက်​နှင့် ​ကြမ်း ​ပြင်​ထိ​ခြင်း​တို့​ဖြစ်​ပေ​သည်။ ​ဤ​ငါး​မျိုး​ဖြင့် ​ရှိ​ခိုး​ရာ ​တွင် ​ရ​တ​နာ​သုံး​ပါး​၏ ​ဂုဏ်​တော်​ကို ​ရည်​မှန်း​၍ ​ရှိ​ခိုး ​ကြ​ရ​သည်။
(၁) ​ဗုဒ္ဓံပူ​ဇေ​မိ (​မြတ်​စွာ​ဘု​ရား​ကို ​ပူ​ဇော် ​ပါ​၏။)
(၂) ​ဓ​မ္မံ​ပူ​ဇေ​မိ (​တ​ရား​တော်​မြတ်​ကို ​ပူ​ဇော်​ပါ ​၏။)
(၃) ​သံ​ဃံ​ပူ​ဇေ​မိ (​သံ​ဃာ​တော်​မြတ်​ကို ​ပူ​ဇော် ​ပါ​၏။) ​ဟူ​၍​စိတ်​ဖြင့်​ဖြစ်​စေ၊ ​နှုတ်​ဖြင့်​အ​သံ​ထွက်​ရွတ် ​ဆို​၍​ဖြစ်​စေ၊ ​ရှိ​ခိုး​ဦး​ချ​ရ​ပါ​မည်။ ​
ထို့​နောက် ​သြ​ကာ​သ  ​ကန်​တော့​ချိုး​ကို ​ရွတ်​ဆို​ပြီး၊ ​ဘု​ရား​စင်​ရှေ့​တွင် ​ဘု​ရား ​ရှိ​ခိုး​ရ​ပါ​မည်။
​ထို့​နောက် ​သ​ရ​ဏ​ဂုံ​နှင့် ​ငါး​ပါး​သီ​လ​ကို ​အ​နိမ့်​ဆုံး​အား​ဖြင့် ​ဆောက်​တည်​ရ​ပါ​မည်။ ‘‘​အ​ဟံ​ဘ​န္တေ’’​အ​စ​ချီ​သော ​ဤ​ဆောက်​တည်​နည်း ​ကို ​ရ​ဟန်း​သံ​ဃာ​တော်​များ​ထံ​မှ ​ဖြစ်​စေ၊ ​လူ​ပု​ဂ္ဂိုလ် ​အ​ချင်း​ချင်း​ဖြစ်​စေ၊ ​လေ့​လာ​သင်​ယူ​ထား​သင့်​ပါ ​သည်။ ​အ​ကျယ်​ချဲ့​၍ ​မ​ရေး​လို​တော့​ပါ။

​ဤ​နေ​ရာ​တွင် ​ဗုဒ္ဓဘာ​သာ​ဝင်​ဖြစ်​လို​သူ​များ၊ ​အ​နိမ့်​ဆုံး​အား​ဖြင့် ​ဆောက်​တည်​ရ​မည့်‘‘​ငါး​ပါး​သီ​လ’’ ​အ​ကြောင်း​ကို ​အ​နည်း​ငယ်​ရှင်း​ပြ​လို​ပါ​သည်။
(၁) ​လူ​မှန်​လျှင် ​လိုက်​နာ​ကျင့်​သုံး​ရ​မည့် ​ဓ​မ္မ​တာ​တ​ရား ​ဖြစ်​သော​ကြောင့် ​ဓ​မ္မ​တာ​သီ​လ​ဟူ​၍​လည်း​ကောင်း၊
(၂)​ သူ​တော်​ကောင်း​တို့ ​အ​လေး​ဂ​ရု​ထား​၍ ​ကျင့်​သုံး  ​အပ်​သော​ကြောင့် ​ဂ​ရု​ဓ​မ္မ​သီ​လ​ဟူ​၍​လည်း​ကောင်း၊
(၃) ​စ​ကြာဝ​တေး​မင်း​တို့ ​ဓ​မ္မ​သတ်​သ​ဖွယ်​ကျင့်​သုံး ​သော​ကြောင့် ​စ​ကြဝ​ဠာ​ဓ​မ္မ​သတ်​ဟူ​၍​လည်း​ကောင်း၊
(၄)​ ကု​ရု​တိုင်း​နေ​လူ​တို့​လိုက်​နာ​ကျင့်​သုံး​သော ​တ​ရား ​ဖြစ်​၍ ​ကု​ရု​ဓ​မ္မ​သီ​လ​ဟူ​၍​လည်း​ကောင်း၊
(၅)​ အ​ရေ​အ ​တွက် ​ငါး​ပါး​ရှိ​သော​ကြောင့်​ငါး​ပါး​သီ​လ (​ပ​ဥ္စ​သီ​လ) ​ဟူ​၍​လည်း​ကောင်း၊
(၆) ​လူ​ပု​ဂ္ဂိုလ်​တို့​၏ ​ကိုယ်​ကျင့် ​တ​ရား​ဖြစ်​သော​ကြောင့် ​ဂ​ဟ​ဋ္ဌ​သီ​လ​ဟူ​၍​လည်း ​ကောင်း၊
(၇)​ လူ​တို့​၏ ​အ​မြဲ​နိ​စ္စ​စောင့်​သုံး​အပ်​သော ​ကြောင့် ​နိ​စ္စ​သီ​လ​ဟူ​၍​လည်း​ကောင်း၊
(၈) ​မြတ်​စွာ ​ဘု​ရား​က ​တား​မြစ်​ထား​သော​ကြောင့် ​ဝါ​ရိ​တ္တ​သီ​လ ​ဟူ​၍​လည်း​ကောင်း၊
(၉)​ အ​ရိ​ယာ​ပု​ဂ္ဂိုလ်​တို့​နှစ်​သက် ​မြတ်​နိုး​အပ်​သော​ကြောင့် ​အ​ရိ​ယာ​က​န္တ​သီ​လ​ဟူ​၍ ​လည်း​ကောင်း၊
(၁၀)​ ကျင့်​သုံး​အပ်၊ ​ကျင့်​သုံး​သင့်၊ ​ကျင့်​သုံး​ထိုက်​သော​ကြောင့် ​သိက်​ခာ​ပ​ဒ​သီ​လ​ဟူ​၍ ​လည်း​ကောင်း၊ ​အ​မည်​ထူး(၁၀)​မျိုး​ဖြင့် ​မှတ်​သား ​ထား​နိုင်​ပေ​သည်။ ​

ငါး​ပါး​သီ​လ(​ပ​ဥ္စ​သီ​လ)​ဟူ​သော ​အ​သုံး​အ​နှုန်း​နှင့် ​ဂ​ရု​ဓ​မ္မ​သီ​လ​ဟူ​သော ​အ​ဆုံး​တို့​မှာ ​လူ​သိ​များ​ကြ​သော ​အ​သုံး​အ​နှုန်း​များ​ပင်​ဖြစ်​သည်။

​ငါး​ပါး​သီ​လ​မှာ ​အောက်​ပါ​အ​တိုင်း​ဖြစ်​လေ ​သည်။
၁။ ​ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(​သူ​များ​အ​သက်​ကို​သတ်​ခြင်း​မှ ​ရှောင်​ကြဉ် ​ပါ​၏။)
၂။ ​အ​ဒိ​န္နာ​ဒါ​န ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိိ။
(​သူ​များ​ဥ​စ္စာ​ကို​ခိုး​ယူ​ခြင်း​မှ ​ရှောင်​ကြဉ်​ပါ​၏။)
၃။ ​ကာ​မေ​သု​မိ​စ္ဆာ​စာ​ရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(​သူ​များ​သား​မ​ယား​ကို ​ပြစ်​မှား​ခြင်း​မှ ​ရှောင် ​ကြဉ်​ပါ​၏။)
၄။ ​မု​သာ​ဝါ​ဒ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(​လိမ်​လည်​ပြော​ဆို​ခြင်း​မှ ​ရှောင်​ကြဉ်​ပါ​၏။)
၅။ ​သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(​သေ​ရည်​သေ​ရက်​သောက်​စား​ခြင်း​မှ ​ရှောင် ​ကြဉ်​ပါ​၏။)
​ဗုဒ္ဓဘာ​သာ​ဝင်​တစ်​ယောက်၊ ​ဗုဒ္ဓဘာ​သာ​ဝင် ​ဖြစ်​လို​သူ​တစ်​ယောက်​သည် ​အ​ထက်​ဖော်​ပြ​ပါ ​ငါးပါး​သီ​လ​ကို ​အ​မြဲ​ထာဝ​ရ ​ဆောက်​တည်​သင့်​ပါ​သည်။ ​ထို​ကဲ့​သို့​ဆောက်​တည်​သ​ည့်​အ​ပြင် ​မေ​တ္တာ​ပို့​ခြင်း ​အ​မှု​ကို​လည်း ​ပြု​သင့်​ကြ​ပေ​သည်။

​မေ​တ္တာ​ပို့​သ​နည်း​မှာ ​အ​ဓိ​က​အား​ဖြင့် ​နည်း ​နှစ်​နည်း ​ရှိ​ပေ​သည်။ ​အ​ရပ်​မျက်​နှာ ​အ​သီး​သီး​ကို ​ဖြန့်​ကျက်​၍ ​ပို့​သ​သော (​ဒိ​သာ​မ​ရ​ကာ ​မေ​တ္တာ​ပို့​နည်း) ​နှင့် ​မေ​တ္တ​သုတ် ​ပ​ရိတ်​တော်​လာ ​မေ​တ္တာ​ပို့​နည်း​တို့ ​ဖြစ်​ပေ​သည်။ ​ဤ​နည်း​နှစ်​မျိုး​လုံး​ကို ​အ​လျဉ်း​သင့် ​သော​အ​ခါ​တွင် ​ဖော်​ပြ​ရေး​သား​ရန်​ရှိ​ပါ​သည်။ ဗုဒ္ဓ​ဘာ​သာ​ဝင်​တစ်​ယောက် ​ဗုဒ္ဓဘာ​သာ​ဝင် ​ဖြစ်​လို​သူ​တစ်​ယောက်​သည် ​သ​ရ​ဏ​ဂုံ​တည်​ခြင်း၊ ​ငါးပါး​သီ​လ​ဆောက်​တည်​ခြင်း၊ ​မေ​တ္တာ​ပို့​သ​ခြင်း​တို့​ကို ​နံ​နက်​အိပ်​ရာ​တစ်​ချိန်၊ ​ညဉ့်​အ​ခါ ​အိပ်​ရာ​ဝင်​ချိန်​တို့ ​တွင် ​မ​မေ့​မ​လျော့ ​မ​ပျက်​မ​ကွက် ​လိုက်​နာ​ကျင့်​သုံး ​ဆောက်​တည်​သင့်​ကြ​ကြောင်း ​ရေး​သား​ဖော်​ပြ​အပ် ​ပေ​သည်။

​မောင်​ဉာဏ်​စိန်

​ရည်​ညွ​နှ်း​စာ​အုပ် -
၁။ ​ဗုဒ္ဓဘာ​သာ​ဝင်​ကောင်း​တစ်​ယောက် (​သာ ​သ​နာ​ထွန်း​ကား ​ပြန့်​ပွား​ရေး​ဦး​စီး​ဌာ​န)
၂။ ​ငါး​ပါး​သီ​လ ​ကာ​တွန်း​ပ​ဒေ​သာ (​ကာ​တွန်း ​ဦး​ဖေ​သိန်း)

(၁) ​​ဒီ​​ပ​​ကင်္​​ရာ​​ဘု​​ရား​​နဲ့ ​​ကော​​ဏ္ဍ​​ည ​​ဘု​​ရား​​အ​​ကြား (၂) ​​ကော​​ဏ္ဍ​​ည​​ဘု​​ရား​​နှင့် ​​မဂ်​​လ ​​ဘု​​ရား​​အ​​ကြား (၃) ​​သော​​ဘိ​​တ​​ဘု​​ရား​​နှင့် ​​အ​​နော​​မ ​​ဒ​​ဿီ​​ဘု​​ရား​​အ​​ကြား (၄) ​​နာ​​ရ​​ဒ​​ဘု​​ရား​​နှင့် ​​ပ​​ဒု​​မု​​တ္တ​​ရ ​​ဘု​​ရား​​အ​​ကြား ​​သု​​ည​​က​​မ္ဘာ​​ပေါင်း ​​အ​​သ​​ချေင်္​​ယျ ​​လေး​​ကြိမ်​​မို့​​လို့ ​​လေး​​သ​​ချေင်္​​လို့ ​​ရေ​​တွက်​​တာ​​ပါ။ ​​ပ​​ဒု​​မု​​တ္တ​​ရ​​ဘု​​ရား ​​နောက်​​မှာ ​​က​​မ္ဘာ​​တစ်​​သိန်း ​​ဖြစ် ​​ပါ​​တယ်။ ​​ဒါ​​ကြောင့် ​​လေး​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ​​တစ်​​သိန်း ​​ပါ​​ရ​​မီ​​ဖြည့်​​ပြီး​​မှ ​​ပွင့်​​တာ​​လို့​​ပြော​​တာ​​ပါ။ ​​လေး​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ​​တစ်​​သိန်း​​မ​​တိုင်​​မီ​​က ​​ဘု​​ရား​​ဖြစ်​​ဖို့ ​​စိတ်​​က ​​ကြံ​​စည်​​တာ ​​ခု​​နစ်​​သ​​ချေင်္၊ ​​စိတ်​​ကူး​​မှု​​နှင့် ​​နှုတ်​​မှ​ြွ​​မက် ​​ကြား​​ပြီး ​​ပါ​​ရ​​မီ ​​ဖြည့်​​တာ​​က ​​ကိုး​​သ​​ချေင်္၊ ​​ကိုယ်​​နှုတ် ​​နှ​​လုံး ​​သုံး​​ပါး​​လုံး​​နှင့် ​​ပါ​​ရ​​မီ​​ဖြည့်​​တာ​​က ​​လေး​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ​​တစ်​​သိန်း​​ဖြစ်​​လို့ ​​နှစ်​​ဆယ်​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ ​​တစ်​​သိန်း​​ကြာ​​မှ ​​ဗုဒ်​​ဓ​​တစ်​​ဆူ​​ပွင့်​​တာ​​ပါ။ ​​ဒါ​​ဟာ ​​ပ​​ညာ​ဓိ​​က​​ဘု​​ရား​​အ​​ဖြစ်​​ပဲ​​ရှိ​​ပါ​​တယ်။ ​​သဒ်​​ဓါ​​ဓိ​​က​​နှင့် ​​ဝီ​​ရိ​​ယ ​​ဓိ​​က​​ဘု​​ရား​​များ​​ပွင့်​​ဖို့​​ဆို ​​ဒီ​​ထက် ​​ပါ​​ရ​​မီ​​ဖြည့်​​ရ​​တာ​​ပါ။ ​​အ​​ဂ္ဂ​​သာ၀​​က​​တွေ​​က​​တော့ ​​တစ်​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ ​​တစ်​​သိန်း၊ ​​မ​​ဟာ​​သာ၀​​က​​တွေ​​က​​တော့ ​​က​​မ္ဘာ ​​တစ်​​သိန်း၊ ​​ပ​​စေ္စ​​က​​ဗုဒ်​​ဓ​​တွေ​​က ​​နှစ်​​သ​​ချေင်္​​နဲ့ ​​က​​မ္ဘာ ​​တစ်​​သိန်း ​​အဲ​​ဒီ​​လို ​​ပါ​​ရ​​မီ​​ဖြည့်​​ကျင့်​​လာ​​တာ​​ပါ။ ​​ဒါ​​ကြောင့် ​​ဗုဒ်​​ဓ​​က ‘‘​​အ​​ဂေ္ဂါ​​ဟ​​သႎ္မ​​လော​​က​​ဿ၊ ​​ဇေ​​ဋေ္ဌာ ​​ဟ​​သႎ္မ​​လော​​က​​ဿ၊ ​​သေ​​ဋေ္ဌာ​​ဟ​​သႎ္မ ​​လော​​က​​ဿ’’​​လို့ ​ေြွ​​ကး​​ကြော်​​ခဲ့​​တာ​​ပါ။ ​​လော​​က​​သုံး​​ပါး​​မှာ ​​အ​​တု​​မ​​ရှိ၊ ​​အ​​တူ​​မ​​ရှိ၊ ​​အ​​မြတ်​​ဆုံး၊ ​​အ​​သာ​​ဆုံး၊ ​​အ​​ကြီး​​ဆုံး ​​ဖြစ် ​​တော်​​မူ​​တယ်​​ဆို​​တာ ​​ယုံ​​မှား​​စ​​ရာ ​​မ​​ရှိ​​တော့​​ပါ​​ဘူး။ ​​အ​​မိ ​​အ​​ဘ​​နဲ့ ​​ဆ​​ရာ​​သ​​မား​​များ​​ကို ​​စော်​​ကား ​​ပြစ်​​မှား​​လျှင်​​ပင် ​​ကြီး​​စွာ​​သော ​​အ​​ကု​​သိုလ်​​ဖြစ်​​လို့ ​​ကြီး​​သော​​အ​​ပြစ်၊ ​​မ​​ရေ​​တွက်​​နိုင်​​တဲ့ ​​အ​​ပြစ်​​တွေ ​​ခံ​​ရ​​သေး​​ရင် ​​လော​​က​​မှာ ​​အ​​မြတ်​​ဆုံး ​​ဘု​​ရား​​နဲ့ ​​သံ​​ဃာ​​တော်​​တွေ​​ကို ​​စော်​​ကား ​​ရင် ​​သေ​​ချာ​​ပါ​​တယ်။ ​​မ​​ဟာ ​​အ​​ဝီ​​စိ​​မှာ ​​ထိုင်​​ခုံ​​မြဲ​​မြဲ​​နဲ့ ​​ဘယ်​​တော့​​မှ ​​နေ​​ရာ​​ဖယ်​​မ​​ပေး​​ရ​​ဘဲ ​​ရုံး​​ထိုင်​​ရ​​မှာ​​ပါ။

Read more...

အရှင်အရဟံအကြောင်း

သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း(ပုဂံပြည်)တို့၌ ဗုဒ္ဓသာသနာတော် မထွန်းသေးချေဟူ၍ ...

Read more...

တစ်ချိန်သောကာလက စိမ်းလန်းစိုပြည် သော တောအုပ်ကြီးတစ်ခုတွင် ဇီးကွက်တစ်ကောင် ကျီးတစ်ကောင်နှင့် ဥသြတစ်ကောင်တို့သည် အဆွေ ခင်ပွန်းအဖြစ်

Read more...

စစ်ကိုင်းဒေသကြီး၊ ရွေဘိုခရိုင်၊ ဝက်လက် မြို့နယ် အတွင်း၌ စဉ့်ပါကျေးရွာရှိ၏။ ကျန်စစ် သား၏လက်သို့ မုဆိုးငစဉ့် ပါရှိသောအရပ်၌ တည် ထားသောရွာဖြစ်၍ စဉ့်ပါရွာဟု ခေါ်ခြင်းဖြစ်၏။

Read more...

သက္ကရာဇ်အသစ်တစ်ခုပြောင်းခဲ့လေပြီ။ တစ် နှစ်ဟောင်းကာ တစ်နှစ်ကိုကူးခဲ့ပြီ။ ရှေ့ကိုခြေတစ် လှမ်းတိုးခဲ့ပြီ။ လူမျိုးတိုင်းမှာ  ကိုယ့်လူမျိုးကိုယ့်ဓလေ့ နဲ့နှစ်သစ်ကိုကူးခဲ့ကြပြီ။

Read more...

ငယ်ငယ်တုန်းက ... နေပါဦး ကိုယ့်အသက် ကို သေသေချာချာ ပြန်စဉ်းစားတော့ ငါးနှစ်လောက် တုန်းက ဒေါ်ဒေါ်ကြီးတစ်ယောက်နဲ့ တွေ့ဖူးပါတယ်။

Read more...