အကျင့်သီလ ပဓာန
-နန္ဒာမိုးကြယ်-
***********************
တရားနာ ပရိသတ်အပေါင်းကား တိတ်ဆိတ် ငြိမ်သက်လျက်ရှိချေ၏။ အားလုံးပင် ဘုရားရှင် ဟော ကြားတော်မူမည့် တရားဒေသနာတို့အပေါ် အာရုံစူး စိုက်လျက်။
သည်အနေအထားမှာပင် ဘုရားရှင်ထံမှ တရားဒေသနာတော်သည် ပျံ့လွင့်ထွက်ပေါ်လာခဲ့ လေသတည်း။
“ချစ်သားတို့ လောကမှာ အကျင့်သီလနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ်ဆိိုတာ လေးမျိုးရှိပါတယ်။ အဲဒါက  တော့
(၁) သူယုတ်မာ ပုဂ္ဂိုလ်
(၂) သူယုတ်မာထက် ယုတ်မာတဲ့ သူယုတ်မာ ပုဂ္ဂိုလ်
(၃) သူတော်ကောင်းနဲ့
(၄) သူတော်ကောင်းထက် ကောင်းတဲ့ သူ တော်ကောင်းပုဂ္ဂိုလ်တို့ပဲ ဖြစ်ကြလေရဲ့”
“တင်ပါ့ ဘုရား”
“အဲသည် ပုဂ္ဂိုလ်လေးမျိုးအနက် သူယုတ် မာပုဂ္ဂိုလ်ဆိုတာကတော့ သူတစ်ပါးကို ညဉ်းဆဲသတ် ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးအိမ်ရာ ကို ကျူးလွန်ခြင်း၊ မဟုတ်မမှန်တဲ့ စကားကို ပြော ဆိုခြင်း၊ သေရည်သေရက်သောက်စားခြင်း၊ ငါးပါး သီလ၊ သိက္ခာပုဒ်ငါးပါးကို ကျုးလွန်လေ့ရှိတဲ့သူပါပဲ။
ရဟန်းတို့ ...
သူယုတ်မာထက် ယုတ်မာတဲ့သူယုတ်မာ ပုဂ္ဂိုလ်ဆိုတာကတော့ ငါးပါးသီလ၊ သိက္ခာပုဒ်ငါးပါး ကို ကိုယ်တိုင်လည်း ကျူးလွန်ရုံမျှမက သူတစ်ပါး ကိုလည်း ကျူးလွန်ရလေအောင် သွေးဆောင်နှိုးဆော် တိုက်တွန်းတဲ့သူပဲ ဖြစ်ပါတယ်။
ရဟန်းတို့ ... သူတော်ကောင်းပုဂ္ဂိုလ်ဆိုတာ ကတော့ ငါးပါးသီလ၊ သိက္ခာပုဒ်ငါးပါးကို ကျူးလွန် ခြင်းမှ ရှောင်ကြဉ်တဲ့သူပါပဲ။
သူတော်ကောင်းထက်ကောင်းတဲ့ သူတော် ကောင်းပုဂ္ဂိုလ်ဆိုတာကတော့ ငါးပါးသီလ၊ သိက္ခာ ပုဒ်ငါးပါးကို ကိုယ်တိုင်လည်းရှောင်ကြဉ်၊ သူတစ်ပါး ကိုလည်း ရှောင်ကြဉ်ဖို့ရာ နှိုးဆော်တိုက်တွန်းတဲ့သူ ပါပဲ”
“တင်ပါ့ဘုရား”
တရားနာပရိသတ်အဖို့ အကျင့်သီလနှင့် စပ် ဆိုင်သော ပုဂ္ဂိုလ်အမျိုးအစား လေးမျိုးကိုဖြင့် ထင်လင်းစွာ သိကြားနာယူခွင့်ရလိုက်ကြပေပြီ။
“ရဟန်းတို့ နာယူရစ်ကြပါဦးလော့ ... လောကမှာ တရားလေးပါးရှိပါတယ်။ အဲသည်လေး ပါးသော တရားတွေနဲ့ပြည့်စုံတဲ့ မိုက်မဲတဲ့ လိမ္မာရေး ခြား ကင်းမဲ့တဲ့ သူယုတ်မာဆိုတာဟာ မိမိကိုယ် မိမိ ဖျက်ဆီးတဲ့သူပါပဲ။ ပညာရှိတွေအပေါ်ကိုလည်း ကဲ့ရဲ့ စွပ်စွဲတတ်ကြတယ်။ သည်တော့ သူ့အဖို့မှာ မကောင်းမှုတွေ မှန်သမျှ တိုးပွားနေတာပဲပေါ့။
လောကမှာရှိတဲ့ တရားလေးပါးဆိုတာက -
(၁) ဉာဏ်ဖြင့် မစိစစ်ဘဲ မချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း။
(၂) ဉာဏ်ဖြင့် မစိစစ်ဘဲ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း။
(၃) ဉာဏ်ဖြင့် မစိစစ်ဘဲ မကြည်ညိုသင့်တဲ့ အရာမှာ ကြည်ညိုခြင်း။
(၄) ဉာဏ်ဖြင့် မစိစစ်ဘဲ ကြည်ညိုသင့်တဲ့ အရာမှာ ကြည်ညိုခြင်းစတာတွေပဲ ဖြစ်ပေတယ်”
“တင်ပါ့ဘုရား”
“ရဟန်းတို့ ...
လေးပါးသော တရားတော်တို့နဲ့ ပြည့်စုံခြင်း လိမ္မာတဲ့၊ ပညာရှိတဲ့သူတော်ကောင်း ဆိုတာဟာ ဘယ်တော့မှ မိမိကိုယ်မိမိဖျက်ဆီးလေ့မရှိကြပါဘူး”
“တင်ပါ့ဘုရား”
“အဲသည် သူတော်ကောင်းဟာ ဉာဏ်ဖြင့် ပညာရှိကို ပညာရှိမှန်းသိတဲ့အတွက် ကဲ့ရဲ့စွပ်စွဲခြင်း လည်း မပြုပါဘူး။ သည့်အတွက် အဲသည်သူတော် ကောင်းအဖို့ရာမှာ ကုသိုလ်ကောင်းမှုများစွာ တိုးပွား စေပါတယ်”
“တင်ပါ့ဘုရား”
“ရဟန်းတို့ ...
အဲသည်လေးပါး တရားတော်မှာ -
(၁) ဉာဏ်ဖြင့် စိစစ်ပြီး ကဲ့ရဲ့ထိုက်သူကို ကဲ့ ရဲ့ခြင်း။
(၂) ဉာဏ်ဖြင့်စိစစ်ပြီး ချီးမွမ်းထိုက်သူကို ချီး မွမ်းခြင်း။
(၃) ဉာဏ်ဖြင့် စိစစ်ပြီး မကြည်ညိုအပ်တဲ့ အရာမှာ မကြည်ညိုခြင်း။
(၄) ဉာဏ်ဖြင့်စိစစ်ပြီး ကြည်ညိုသင့်တဲ့အရာ မှာ ကြည်ညိုခြင်းစတာတွေပဲ ဖြစ်ပါတယ်”
“သာဓု သာဓု သာဓုပါ ဘုရား”
ဘုရားရှင်၏ ဒေသနာတော်အဆုံးမှာတော့ တရားသဘင်တစ်ခုလုံး ကောင်းချီးသံများ ဝေဆာ ပဲ့တင်သွားပါလေတော့သတည်း။

 နန္ဒာမိုးကြယ်
ကျမ်းကိုး။  ။ ပထမခတသုတ်။


**********************
အနှစ်ချုပ်ဇယားမှာ လနှင့် စပ်သောရက်ရဲ့ စင်ကြယ်ခြင်း ရွေးချယ်ခြင်းစနစ်မှာ ၁၃၇၉ ခု ၀ါဆို လဆန်းအတွက် ကြည့်မယ်ဆိုရင် ၀ါဆိုလဆန်းရက် ရဲ့ အစရက်သည် စနေနေ့ ဖြစ်သည့်အတွက် ဇယား ၏ ရက်စဉ်ဆိုသော အကွက် ၁ ဂဏန်း ရက်ရဲ့ အောက်တွင် နေ့စဉ်ဆိုသော ၀ ဂဏန်း စနေ ဂဏန်း တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ၀ါဆို လဆန်း ၁ ရက် သည် စနေနေ့ဖြစ်ပြီး သမားညို၊ သမားဖြူ၊ မဟာ ရက်ကြမ်းရက် ဖြစ်ပါတယ်။
အချုပ်ဇယားရဲ့ ကောင်းတဲ့ရက် မကောင်းတဲ့ ရက်ကြည့်တဲ့ နည်းကတော့ -

၁။ မျဉ်းကြောင်းဆွဲထားတဲ့ ရက်နေ့သည် ပြဿဒါးရက်။
၂။ လုံးကြီးတင်ထားသော နေ့ရက်သည် သမားညို။
၃။ တစ်ချောင်းငင်ရေးထားသော နေ့ရက် သည် သမားဖြူ။
၄။ ကြက်ခြေခတ်ထားသော ရက်နေ့သည် ရက်ယုတ်မာ။
၅။ ယပင့်ထားသောရက်သည် ရှမ်းရက်။
၆။ သေးသေးတင်ထားသော နေ့ရက်သည် မဟာရက်ကြမ်း။
၇။ ရေးချထားသော နေ့ရက်သည် ၀ါရမိတ္တူ ငယ်။
၈။ နောက်ပစ်ထားသော နေ့ရက်သည် ၀ါရ မိတ္တူကြီး။
၉။ ဟထိုးထားသော နေ့ရက်သည် ရက်ပုပ်။
၁၀။ ရှေ့ထိုးအသက်ရှိသော နေ့ရက်သည် နဂါးပေါ်ရက်တို့ဖြစ်ပြီး အောက်ဆုံးတန်းတွင် 'မ'နှင့် 'ငေ်း'သည် လက်သမားများအတွက် မြေခံကောင်းမ ကောင်းဖော်ပြခြင်းဖြစ်ပါသည်။ 'မ'သည် မကောင်း သောရက်ဖြစ်ပြီး 'ငေ်း'သည် မြေခံကောင်းသော ရက်ဖြစ်ပါသည်။ မြေနှင့်ပတ် သက်သော ကိစ္စများမှာ ရွေး ချယ်အသုံးပြုနိုင်ပါသည်။
ဇယားမှာ ဘာမှမပါဘဲ ဂဏန်းသက်သက်တွေ့ရသော ရက်သည် နေ့ကောင်းရက်မွန်ဖြစ်လို့ မိမိတို့အလို ရှိရာ အကြောင်းကိစ္စတိုင်း အသုံးပြုနိုင်ပါတယ်။

အထူးမှတ်ရန် - ပြဿဒါးနေ့တွင် တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးနေ့တို့သည် သိကြားပြည် ပြဿဒါး၊ တနင်္လာ၊ ဗုဒ္ဓဟူးသည် လူ့ပြည် ပြဿဒါး၊ သော ကြာ၊ စနေတို့သည် နဂါးပြည် ပြဿဒါးရက်များ ဖြစ်ပြီး လူ့ပြည် ပြဿဒါးကိုသာ ရှောင်အပ်ပြီး နဂါးပြည်၊ သိကြားပြည် ပြဿဒါးကို ရှောင်ရန် မလိုအပ်ပါဟုလည်း သိရပါသည်။ မိမိတို့အလိုရှိ သလို အသုံးပြုနိုင်ပါသည်။

မိမိတို့ အသုံးပြုလိုသော ကိစ္စတို့တွင် အင်္ဂလိပ်နေ့ကောင်းရက်သာများနှင့် တိုက် ဆိုင်ညှိနှိုင်း ပြုလုပ်ဆောင်ရွက်လိုပါက မိမိတို့ နေထိုင်ရာဒေသတွင် ရှိသော နီးစပ်ရာ အဘ ဒေါက်တာမင်းသိင်္ခ ၏တပည့်ဆရာ၊ ဆရာမများထံမှာ သွားရောက် မေးမြန်း ညှိနှိုင်း အကူအညီတောင်းခံနိုင်ကြပါတယ် ခင်ဗျာ။ (မှတ်ချက်။ ကန်ဦးမူ၊ သဗ္ဗမင်္ဂလာအခါ ပေးကျမ်း)

ရက်စဉ်ဆိုသည်မှာ လ ဆန်း ၁ ရက်မှ လပြည့်နေ့ အထိကိုဆိုလိုပါသည်။ နေ့စဉ် ဆိုသည်မှာ တနင်္ဂနွေမှစနေနေ့ အထိကို ဆိုလိုပါသည်။

ဖြိုးဟိန်းချစ်
(အညာသားလေး)

Image result for Bo Bo Aungဝိဇ္ဇာလောကမှာ ပထမံဘိုးဘိုးအောင်ဆိုရင် မသိတဲ့လူရှားပါးတယ်။ ဒါပေမဲ့ ဘိုးဘိုးအောင်ဘယ် လိုကျင့်ကြံနေထိုင်ခဲ့တယ်ဆိုတာကိုတော့ သေသေ ချာချာရှာဖွေလေ့လာမှ သိကြရမှာပါ။ လင်းရောင် တင်ကတော့ ဘိုးဘိုးအောင်ရဲ့ အမည်နာမကို ငယ် ငယ်လေးကတည်းက နားရည်ဝခဲ့ရပါတယ်။

Read more...

Image result for Devadatta
" ဒေဝဒတ် " ဟု ဆိုလိုက်သည်နှင့် ရှင်တော် ဂေါတမ၏ ယောက်ဖတော် ရှင်ဒေဝဒတ်ကို ပြေး၍ အားလုံးမြင်မိကြလိမ့်မည်။ ထို့ပြင် ရှင်တော်ဂေါတမ အား ဘုရားမဖြစ်မီ နုစဉ်ဘဝများ၌ပင် အမျိုးမျိုးဒုက္ခ ပေးလေ့ရှိသောသူဟု ရက်စက်ယုတ်မာသော ဝိသေ သနှင့်အတူ ယှဉ်တွဲ၍ မြင်ကြပါလိမ့်မည်။ မှန်ပါ၏။

Read more...

Image result for Blueသင်ဟာအပြာရောင်ကိုကြိုက်နှစ်သက်တယ် ဆိုရင်တော့ အပြာရောင်ရဲ့ သဘောသဘာဝကတော့ သက်သောင့်သက်သာဖြစ်စေမှု၊ ပျော်ရွှင်ငြိမ်းချမ်းမှု စိတ်တွင်းယုံကြည်မှု၊ ခံစားချက်ပြင်းထန်မှုနဲ့ တရား ရှုမှတ်ရာတွင်လည်း အပြာရောင်ကို ဝတ်ဆင်မှာအ သုံးပြုတတ်တယ်။

Read more...

Image result for (THE STORY OF THE MONTHS

တစ်ရံရောအခါက ကျွန်ုပ်တို့၏ ကမ္ဘာပေါ် ဝယ်လွန်စွာမှကြီးကျယ်ခမ်းနားလှသော ရောမအင်  ပါယာကြီးသည် အမှန်တကယ်ရှိခဲ့၏။ ထိုရောမခေတ်၏ အကြောင်းအရာတို့သည် အလွန်တစ်ရာ စိတ်ဝင်စား ဖွယ်လည်းကောင်း၏။ ရင်သပ်ရှုမောအံ့သြဖွယ်လည်း ကောင်း၏။ အားမာန်တကြွ်ကဖွယ်လည်း ကောင်း၏။
ကျွန်ုပ်တို့သည် ယနေ့ထက်တိုင်ပင် ရောမ လူမျိုးများနှင့် သူတို့၏ နတ်ဘုရားများအကြောင်း၊ သူတို့၏ ဧကရာဇ်များအကြောင်း၊ သူတို့၏ စစ်ပွဲများ အကြောင်း၊ သူတို့၏ခမ်းနားထည်ဝါသော အဆောက် အအုံကြီးများအကြောင်းကို တသသ ပြောဆိုနေကြ ဆဲပင်။

Read more...

လောကဓံတရား ရှစ်ပါးရှိကြောင်း မြန်မာ လူမျိုးတိုင်းလောက်နီးနီး သိကြပါသည်။

၁။ လာဘ
၂။ အလာဘ
၃။ ယသ
၄။ အယသ
၅။ နိန္ဒာ
၆။ ပသံသာ
၇။ သုခ
၈။ ဒုက္ခတို့ဖြစ်ကြပါသည်။

Read more...


အခုတင်ပြမယ့် ဝိဇ္ဇာမယိဒ္ဓိ နဝဂါထာ ဆောင်းပါးမှာပါတဲ့ ဂါထာတွေဟာ ထူးခြားထက် မြက်ပြီး ဆရာစဉ်အဆက်ဆက် ဆောင်ရွက်ကျင့် သုံးခဲ့ကြတဲ့ ဂါထာတော်တွေဖြစ်လို့ ဖတ်ရုံမဟုတ်ဘဲ  ကျင့်ကြံဆောင်ရွက်ကြမယ်ဆိုရင် လွန်စွာအကျိုးထူး မှာ ဖြစ်ပါတယ်။ ဝိဇ္ဇာလမ်းစဉ်ကို အပတ်တကုတ် လိုက်စား ကျင့်ကြံနေကြသူများအတွက် ဒီကနေ့မှာ တိမ်မြှုပ် နေတဲ့ ဝိဇ္ဇာများရွတ်ဖတ်ကြတဲ့ ဂါထာကိုးပုဒ်ကို တင်ပြ မှာဖြစ်ပါတယ်။ ဒီလိုရွတ်ဖတ် ပူဇော်ကြတဲ့အတွက် ဘယ်လို အကျိုးရှိကြမယ်ဆိုတာကိုတော့ အထူးတ လည် စကားဦးသမ်းပြီး မပြောဆိုပါဘူး။ ဘာ့ကြောင့် လဲဆိုတော့ တစ်ဦးနဲ့တစ်ဦး ပါရမီချင်း၊ စိတ်နေစိတ် ထားချင်း၊ ဝီရိယချင်း မတူညီကြတဲ့အတွက် အကျိုး ရှိပုံ ရှိနည်းတွေ တူညီကြမှာ မဟုတ်လို့ ဖြစ်ပါတယ်။

Read more...

 ကြီးကြီးကျယ်ကျယ် ထူးဆန်းထွေလာ ယတြာပညာလို့ဆိုရအောင် မင်းတို့လောကီပညာက လောကုတ္တရာပညာလောက်ထူးဆန်းပါ့မလားလို့ပြော ကြမှာပါ။ ယခုရေးသားထားတာတွေက လောကီ ပညာရေးအတွက်ဖြစ်လို့လောကီအမြင်နဲ့ပဲ မြင်ပေး ကြပါ။ စွန်းလွန်းဆရာတော်ကြီး ဟောကြားခဲ့သလို

" မသိလို့လိုချင် လိုချင်တော့စွဲလမ်း စွဲလမ်းတော့ ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ခံရ မသိတာက အဝိဇ္ဇာ လိုချင်တာက တဏှာ စွဲလမ်းတာက ဥပါဒါန်   ပြုလုပ်တာက သင်္ခါရ ရရှိတာကဘဝ " လို့ဟောထား ပါတယ်။

Read more...

http://2.bp.blogspot.com/-JuvnqymtBkI/UjeuX-rpiII/AAAAAAAABDc/fzefgc-I27w/s1600/996607_10200570149964793_1736373174_n.jpgပါဠိအား ဖြင့်ကထိနမြန်မာ မှုအားဖြင့် ကထိန် ဟုဆိုရာတွင် ကထိန် ဆိုသည်ကို အကျိုးငါးပါး မြဲမြံခိုင်ခံ့စွာ ရရှိစေနိုင်သော သင်္ကန်းအလှူဟု မြန်မာအဘိ ဓာန်တွင် ဖွင့်ဆိုနိုင်ပါသည်။ ကထိန်အလှူသည် ဗုဒ္ဓဘာသာတရားတော်အရ ဘုရားရှင် ကိုယ်တော်တိုင် ရဟန်းတို့အား ခွင့်ပြုခဲ့သော သံဃိကဒါန သင်္ကန်း အလှူ ဖြစ်ပါသည်။ ရဟန်း သံဃာတော်များ၏ မှီခို ရာ အသုံးအဆောင်များဖြစ် သော (ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်း) တို့တွင်လည်း သင်္ကန်း ဟူသော လှူဖွယ် သည် တစ်ခုအပါအဝင် ဖြစ်ပါသည်။

Read more...