လေးခွမပစ်တတ်တဲ့ကောင်လေး

 

တစ်ခါတုန်းက 'ဆမ်မီ' လို့ ခေါ်တဲ့ကောင်လေး နဲ့ သူအစ်မ 'မေရီ' တို့ဟာ နွေရာသီကျောင်းပိတ် ရက်မှာ တောက အဘွားရဲ့အိမ်မှာ သွားရောက် နေထိုင်ခဲ့ပါတယ်။

Read more...

ဒဟတ္တောဘုရားဒကာ မင်းရှင်စော

ဒဟတ္တောဘုရားသည် မန္တလေးမြို့၊ ၈၄ လမ်း နှင့် ၈၅ လမ်းကြား၊ ၃၅ လမ်းတွင် တည်ရှိ၏။ မင်းရှင်စော ကောင်းမှု ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ဂန္ဓကုဋိတိုက်တော်အတွင်း ရွှေစင်ရွှေသား ဆင်းတု တော်ပမာ ရွှေရောင်ဝင်းပစွာဖြင့် ကိန်းဝပ်တော်မူနေ သည်။

Read more...

လောကီကိစ္စအဝ၀အတွက်

ပီယသျှို မဆစ်ဆီမန်း

လင်းရောင်တင်

 

လူတွေဟာ များသောအားဖြင့် အသက်လေး ငါးဆယ်ရောက်လာရင် ဘာသာရေးဘက်ကို စိတ် ဝင်စားလာကြတယ်။ လောကကြီးထဲမှာ ရှင်သန်လှုပ် ရှားရင်း ဘဝရဲ့ ခါးသီးမှုတွေကို ခံစားလာကြတဲ့အခါ ဘဝကို စိတ်ကုန်လာကြတယ်။ ဘာပဲဖြစ်ဖြစ်တစ် ချိန်ချိန်မှာတော့ အရာအားလုံးဟာ ပျက်သုဉ်းရမှာပဲ။ အလုပ်တွေ ကြိုးစားလုပ်ကိုင်လို့ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝလာကြပြန်ရင်လည်း ဒါတွေကို တစ်နေ့ စွန့်ခွာသွားရမှာပဲ။ အရာရာဟာ ပျက်စီးဖို့ ဖြစ်ပေါ်လာ ကြတာပဲ ဒီလိုစဉ်းစားပြီး လုပ်တဲ့အလုပ်တွေရပ်ပစ် လိုက်တယ်။

နောင်ဘဝကို ဘယ်လိုဆက်လျှောက်ရမှာ လဲ၊ ကောင်းကောင်းလျှောက်ချင်တဲ့အတွက် ကောင်း တဲ့အလုပ်တွေကိုချည်းပဲ ရွေးချယ်လုပ်ကိုင်ချင်ကြ တော့တယ်။ အထုပ်ကြီးကြီးထုပ်နိုင်မှ နောင်ဘဝကို ကိုယ့်အတွက်ပါမှာ။ အဲသလိုတွေးခေါ်ပြီး ကိုယ့်တစ် ကိုယ်စာကိုပဲ တွေးကြည့်ပြီးတော့ ကိုယ်လွတ်ရုန်းဖို့ ကြိုးစားကြတော့တယ်၊ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်အရွယ်တွေအတွက်တော့ ဒါဟာ မှန်သလို ရှိပါတယ်။

ဒါပေမဲ့ အသက်သုံးလေးဆယ်အရွယ်တွေ မှာ ဘဝကို စိတ်ကုန်ပြီး ဘဝထဲက ပြေးထွက်ဖို့ ကြံစည်ချင်လာကြတယ်။ တကယ် စိတ်ကုန်တာ ဟုတ်ရဲ့လား။ ပုဆိုးထမိန်(ထမီ)အိုးအိမ်တွေကြားထဲ က ပြတ်ပြတ်သားသား ရှောင်မထွက်နိုင်သေးဘဲ အိမ်မှုကိစ္စတွေစိတ်ကုန်ပြီး (တကယ်လည်း နောင် ရေးအတွက် ပြည့်စုံအောင် ရှာဖွေစုဆောင်းမထားရ သေးဘဲ)အိမ်မှာတော့ နေတယ်။ အိမ်မှုကိစ္စတွေ ဘာမှစိတ်မဝင်စားတော့ဘူး။ မိသားစုအတွက် ဘာမှစဉ်းစားမပေးတော့ဘူး။ မိုးလင်းကမိုးချုပ်၊ ဘုရားကျောင်းကန်ပဲ သွားနေတယ်။ အချိန်တန် ရင်တော့ အိမ်ပြန်ထမင်းစားတယ်။ အိပ်တယ်။ အဆင်ပြေရင် မိန်းမနား ကပ်တယ်။ သားသမီး သားမယား စားရေးသောက်ရေး နောင်ရေးကို သူက ဘာမှမတွေးဘူး။ ဒါဟာ ချီးကျူးစရာလား။

ဒီလိုလူမျိုးဟာ မိသားစုအတွက် အမှန်တ ကယ် မေတ္တာထားသူဟုတ်ရဲ့လား။ တရားရှိသူဟုတ် ရဲ့လား။ တကယ်တော့ မိသားစုနဲ့အတူနေတယ်ဆို ရင် ဒီမိသားစုရဲ့ တာဝန်ကိုယူရမှာပဲ။ မိသားစုတိုး တက်ရာတိုးတက်ကြောင်း အလုပ်တွေ ပါဝင်လုပ်ပေး ရမှာပဲ။ ခေါင်းဆောင်ရှာဖွေရမှာပဲ၊ အမှန်တကယ် တရားကလွဲပြီး ဘာမှမပတ်သတ်ချင်ဘူး၊ မစဉ်းစား ချင်တော့ဘူးဆိုရင်တော့ သာသနာ့ဘောင်(ဒါမဟုတ်) တရားရိပ်သာတွေဆီမှာ ရာသက်ပန်ခိုဝင်ဖို့ ကြိုးစား တာ အကောင်းဆုံးပါပဲ။

ဒီလိုမှမဟုတ်ဘဲ မိသားစုနဲ့ မကင်းနိုင်သေး ရင်၊ လောကီနဲ့ မကင်းနိုင်သေးရင် လူဟာလူလိုစဉ်း စားတာ ပိုကောင်းပါတယ်။ လူဟာ ပြည့်စုံချင်တယ်။ ပြည့်စုံတာထက် ကျော်လွန်လာခဲ့ရင် အလှူဒါန ပြုချင်တယ်၊ ဒါဟာ သဘာဝကျတဲ့ကိစ္စပဲ။ လူမှန်ရင် ချမ်းသာချင်တာ၊ လုပ်သမျှကိစ္စတွေ အောင်မြင်ချင် တာ၊ အတိုက်အခိုက်တွေကို ကျော်လွှားအောင်မြင် ချင်တာ၊ ဒီဆန္ဒတွေအပြည့်အဝရှိနေမှာပဲ။

လူတွေချစ်ခင်အောင်မြင်စေဖို့ အတိုက်အခံ တွေကို အောင်နိုင်စေဖို့ ပီယသျှိုအစီအရင်ဆိုတာ တွေရှိတယ်။ ဒီလို ပီယသျှိုအစီအရင်တွေကို လိုချင် တာ သိချင်တာ၊ လုပ်ကိုင်ဆောင်ရွက်ချင်တာ ဒါဟာ လူပီသတဲ့စိတ်ပဲ။ လူချစ်လူခင်များပြီး အလုပ်အကိုင် တွေ အပေါက်လမ်းတည့်ပြီး ဝင်ငွေဖြောင့်တာ၊ မိသား စုကို အဆင်ပြေစေတာ၊ လှူနိုင်ပေးနိုင်တာတွေဟာ လည်း လူပီသတဲ့တာဝန်ယူစိတ်ရှိတာပဲ။ ဒါကြောင့် လောကီကိစ္စတွေကို တိုးတက်ချင်တာ၊ တိုးတက် အောင်လုပ်တာတွေဟာ အကုသိုလ်တော့မဟုတ်ပါ ဘူး။ မိသားစုအကျိုး (အများအကျိုး)ဆောင်နိ်ုင်တဲ့ အတွက် ကုသိုလ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်လည်း ရှေးဆရာကြီးများက ပီယ သျှို အစီအရင်ဆိုတာတွေကို စီရင်ဖြန့်ချိပေးခဲ့ကြတာ ပဲ။ ပီယသျှိုလို့ဆိုလိုက်တော့ လူတွေက များသော အားဖြင့် မိန်းမယောကျာ်းတွေရဲ့ အချစ်ကိစ္စ အောင် မြင်ရေးအစီအရင်လို့ပဲ အလွယ်နားလည်ကြတယ်။ ယောကျာ်းမိန်းမတို့ရဲ့ ဃရာဝါသကိစ္စ အောင်မြင်ရေး လို့ပဲ ထင်ကြတယ်။ အမှန်ကတော့ ပီယသျှို အစီ အရင်ဟာ အချစ်ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ လူချစ်လူခင်များတာ၊ အလုပ်အကိုင်အောင်မြင်တာ၊ ရန်အန္တရာယ်ကင်းစေတာဟာလည်း ပီယသျှီု အစီ အရင်ကြောင့် ဖြစ်နိုင်တာပါပဲ။

ရှေးဆရာကြီးများက ပီယသျှီုကို ဂါထာမန္တန် အမျိုးမျိုးတွေနဲ့ စီရင်ခဲ့ကြပါတယ်။ ဘယ်ပီယသိဒ္ဓိ မန္တန်ဟာတော့ဖြင့် အကောင်းဆုံးပါပဲလို့ အပ်ချမတ် ချ မပြောသာပေမယ့်လို့ ကိုယ်နဲ့အပ်စပ်ရာ ယုံကြည် ရာ ပီယသိဒ္ဓိဂါထာဟာ အကောင်းဆုံးပဲလို့ ဆိုရမှာ ပါပဲ။

ပီယသျှီုအစီအရင် လုပ်တော့မယ်ဆိုရင် ပထမဆုံး မဆစ်ဆီ နှစ်ဆယ့်ငါးကျပ်သား(အစိတ် သား)ကို ဝယ်ရပါမယ်။ မဆစ်ဆီဆိုလို့ ထူးထူးဆန်း ဆန်းဆီ မဟုတ်ပါဘူး ဈေးဆိုင်မှာ ဆီသွားဝယ်တဲ့ အခါ မလျှော့တော့ဘူးလား။ ဘယ်လောက်ပဲထား လိုက်ပါ။ လျှော့ပါဦးဆိုပြီး မဆစ်ရဘူး။ အဲသလို မဆစ်ဘဲနဲ့ ဝယ်လာတဲ့ဆီကို မဆစ်ဆီလို့ခေါ်တာ။ အဲဒီမဆစ်ဆီဟာ ပဲဆီ၊ နှမ်းဆီ၊ ဘာဆီပဲဖြစ်ဖြစ် ဝယ်လို့ရပါတယ်။ (မဆစ်ဘဲဝယ်မှ ဒီဆီဟာ တန်ခိုး ပိုထက်လို့ပါ) အဲဒီမဆစ်ဆီကို ငွေဖလားလေးတစ် လုံးထဲထည့်ပြီး ဖော်ပြပေးလိုက်တဲ့ မန္တန်နဲ့ (၂၈)ကြိမ် ဌာန်ကရိုဏ်းကျကျနန ရွတ်ရပါမယ်။

ပီယသျှီုစီရင်မယ့်နေ့ မနက်စောစောအချိန် ကနေစပြီး အဲဒီနေ့ နေကုန်တဲ့တိုင်အောင် ငါးပါးသီလ ကို ကောင်းစွာခံယူပြီး လုံခြုံအောင်စောင့်ထိန်းနေရ မှာ ဖြစ်ပါတယ်။

 

ပီယသျှီုမန္တန်

 

သြောင်း အဂ္ဂသီသာ နလာ ဗုဒ္ဓါ၊

နလာဋေ ဗုဒ္ဓမေ ဝစ၊

အရဟံ ရာဇကောဋ္ဌံ။

ဝိနဿန္တု အသေသတော။

 

အသံထွက်

သြောင်း အက်ဂသီတာ နလာ ဗုတ်ဓါ၊

နလာတေ ဗုတ်ဓမေ ဝစ၊

အရဟံ ရာဇ ကွတ်ထံ။

ဝိနတ်သန်တု အသေသတော။

 

အဲသလို (၂၈)ကြိမ် မဆစ်ဆီကို မန်းပြီးသွား ပြီဆိုရင် ပီယသိဒ္ဓိမြောက်တဲ့ဆီဖြစ်သွားပြီဖြစ်တဲ့ အတွက် အသုံးပြုလို့ရပါပြီ။ မဆစ်ဆီမန်းကို တစ်မတ် သားထက် မပိုဘဲ သရဏဂုံနဲ့ သုံးကြိမ်နှိုးပါ။

 

ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

 

ဆိုပြီး ဒုတိယမ္ပိ၊ တတိယမ္ပိဆိုပြီး ထုံးစံအ တိုင်း သုံးခေါက်ရွတ်ဆိုရမှာပါ။ (သီလခံယူတဲ့အခါ ရွတ်သလိုပါပဲ) အဲသလို သရဏဂုံနဲ့ သုံးကြိမ်နှိုးပြီး ပြီဆိုရင် နဖူးဆံစ၊ မျက်ခွံ၊ နှုတ်ခမ်း၊ လက်ယာလက် ရုံး၊ လက်ဝဲလက်ရုံးတွေမှာ မန်းထားတဲ့ဆီကို သုတ် လိမ်းပြီးသွားမယ်ဆိုရင် လိုချင်တဲ့ ကိစ္စအဝ၀ ပြီးမြောက်ပါလိမ့်မယ်။

 

စုန်းတိုက်၊ နတ်တိုက်၊ လူပြုစား၊ အတိုက် အခိုက် ဟူသမျှတွေကိုလည်း အထက်ပါနည်းအတိုင်း သရဏဂုံရွတ်ဆိုပြီး လိမ်းသပ်ရမယ်။ မကြာခင်မှာပဲ အတိုက်အခိုက်မှန်သမျှ ထွက်သွားပါလိမ့်မယ်။ ကင်းစငေ် ပျာက်သွားပါလိမ့်မယ်။

ဆူးစူးမိတာ၊ သွေးထွက်သံယိုဖြစ်တာတွေကို လည်း ဒီဆီမန်းကို လိမ်းပေးရင် ပျောက်ကင်းချမ်း သာစေနိုင်ပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ဉာဏ်ရှိ သလို တိုးချဲ့ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ အရေး ကြီးတာကတော့ ဒီဆီမန်းကို အယုံအကြည်ရှိဖို့ပါပဲ။ ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မယ်ဆိုရင် ဒီဆီမန်းဟာ မျက်နှာပွင့်၊ ပီယ၊ လူချစ်လူခင်များရုံ သာမက တခြားအရေးကြီးတဲ့ ကိစ္စအဝ၀တွေမှာပါ အောင်မြင်နိုင်စွမ်းရှိပါလိမ့်မယ်။

 

ပီယသိဒ္ဓိပြီးမြောက်နိုင်ကြပါစေ။

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄ာ

လောကီကိစ္စအဝ၀အတွက်

ပီယသျှို မဆစ်ဆီမန်း

လင်းရောင်တင်

 

လူတွေဟာ များသောအားဖြင့် အသက်လေး ငါးဆယ်ရောက်လာရင် ဘာသာရေးဘက်ကို စိတ် ဝင်စားလာကြတယ်။ လောကကြီးထဲမှာ ရှင်သန်လှုပ် ရှားရင်း ဘဝရဲ့ ခါးသီးမှုတွေကို ခံစားလာကြတဲ့အခါ

Read more...

မောင်ကြည်မျိုး (ကုန်းတလပေါင်)

ရှေးဟောင်းမြန်မာ့ရိုးရာဗေဒင်ကျမ်းစာအုပ် များတွင် "အတိတ်၊ နိမိတ်၊ ဟိတ်၊ စနည်း၊ တ ဘောင်၊ ဘဝေါ"ဟူသော စကားလုံးကို အဓိပ္ပာယ် ညွှန်းဆိုပြ သထားပါ၏။ ထိုစကားလုံးများ၏ သဘော သက်ရောက်မှု တိကျမှန်ကန်စွာ ဖော်ညွှန်းပြဆိုရပါသော် ...

Read more...

 

၂၄-၅-၂၀၁၇ ရက်နေ့ထုတ် မနောမယဂျာနယ်အမှတ်(၈၁၇)ဖြစ်ပါသည်။



ယခုတစ်ပတ်မနောမယဂျာနယ်တွင် ....

Read more...


*********************

မြို့ကလေးတစ်မြို့မှာ အိမ်အလုပ်တွေနဲ့ပဲ အချိန် ကုန်နေတဲ့မိန်းကလေးတစ်ယောက် ရှိခဲ့တယ်။ မိဘ နှစ်ပါးစလုံးက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတော့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ သူမဟာ ချက်ရေး ပြုတ်ရေး၊ လျှော်ရေးဖွတ်ရေးနဲ့ အိမ်မှုကိစ္စတွေကို ဒိုင်ခံ လုပ်ပေးရတယ်။ သူမ အိမ်အပြင်ထွက်တယ် ဆိုတာ စားစရာသောက်စရာနဲ့ အိမ်မှာ လိုအပ်နေ တာတွေ ၀ယ်ဖို့ စျေးသွားတာပဲဖြစ်ပါတယ်။ ကျန် တဲ့အချိန်တွေမှာတော့ အိမ်တွင်းအောင်းပြီး အိမ် အလုပ်တွေနဲ့ပဲ ပိနေခဲ့တာပါ။ ဒါ့ကြောင့်လည်း သူမ ဟာ ချောမောလှပပေမယ့် ချစ်သူမရှိခဲ့ပါဘူး။
တစ်နေ့မှာတော့ စျေးသွားရင်း ကောင်လေး တစ်ယောက်နဲ့ ဆုံတွေ့ပြီး ရင်းနှီးသွားရာက မကြာ ခဏ ဆုံဖြစ်ကြပါတယ်။ တကယ်တော့ ကောင်လေး ဟာ အောင်မြင်နေတဲ့လုပ်ငန်းရှင်တစ်ယောက် ဖြစ် ပါတယ်။ မိန်းကလေးရဲ့ ဘဝကို သိသွားတော့ သနား သွားတယ်။ ရုပ်ရည်ချောမောလှပပြီး စကားအပြော အဆိုလည်း သွက်လက်ချက်ချာတဲ့မိန်းကလေးတစ် ယောက်ဖြစ်တဲ့အပြင် ပညာအရည်အချင်းလည်း အသင့်အတင့်ရှိပါလျက် အိမ်တွင်းပုန်းဖြစ်နေရတာကို သနားသွားတာပါ။ ဒါ့ကြောင့် သူဟာ မိန်းကလေး ကို သူ့လို လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာအောင် လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
တကယ်တော့ ကောင်လေးဟာ မိန်းကလေး ကို ချစ်ရေးဆိုပြီး လက်ထပ်လိုက်ရင် မိန်းကလေးရဲ့ ဘဝဟာ မြင့်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်း ဟာ မိန်းကလေးကို တကယ်တမ်းအရည်အချင်းရှိ အောင် လုပ်ပေးတာမဟုတ်ဘူးဆိုတာ သူ သိတယ်။ တကယ်လို့ သူ သေသွားခဲ့ရင်ဖြစ်ဖြစ်၊ မိန်းကလေး ရဲ့မိဘတွေ သေသွားတာဖြစ်ဖြစ် မိန်းကလေးဟာ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခရောက်လိမ့်မယ် လို့ တွေးမိလို့ပဲ။ ဒါကြောင့် သူဟာ မိန်းကလေးကို ချစ်ရေးမဆိုဘဲ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့သာ ရပ်တည်ပြီး လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာအောင် ကူညီခဲ့တယ်။
ကောင်လေးဟာ စက်ရုံအလုပ်သမားတွေ ဖြစ် ကြတဲ့မိန်းကလေးရဲ့ မိဘနှစ်ပါးနဲ့ တွေ့ဆုံပြီး မိန်းကလေးကို အိမ်တွင်းပုန်းဘဝကနေ ဆွဲထုတ် ချင်ကြောင်း၊ ဒါကြောင့် အိမ်အလုပ်တွေကို လျော့ နည်းအောင် စီစဉ်ပေးစေချင်ကြောင်း ညှိနှိုင်းခဲ့တယ်။ မိန်းကလေးရဲ့ မိဘနှစ်ပါးဟာ ကောင်လေးရဲ့ စေတနာကို နားလည်သဘောပေါက်လို့ အဲဒီလို စီစဉ်ပေးဖို့ သဘောတူလိုက်တယ်။
ဒီလိုနဲ့ ကောင်လေးဟာ မိန်းကလေးကို အရောင်းအဝယ်လောကထဲကို လက်တွဲခေါ်ခဲ့တယ်။ငွေကြေးအရင်းအနှီးကို ထုတ်ပေးတာမဟုတ်ဘဲ ထုတ်ချေးပေးခဲ့တယ်။ အရောင်းအဝယ်လုပ်တတ် အောင် သင်ပေးတယ်။ လက်တွေ့လုပ်တဲ့အခါ အမှား အယွင်းတွေ ရှိခဲ့ရင် ပြင်းပြင်းထန်ထန် ဝေဖန်တယ်။ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ၊ တစ်ခါတလေ ဆူပူကြိမ်းမောင်းတာတွေ လုပ်ပေးမှ မိန်းကလေးမှာ မခံချင်စိတ်တွေ ပေါ်လာပြီး အလုပ်ကို စိတ်ဝင် တစား လုပ်လာလိမ့်မယ်ဆိုတာ သူ သိတယ်။
တကယ်လည်း မိန်းကလေးမှာ မခံချင်စိတ်တွေ ဖြစ်လာပြီး အလုပ်ကို ကြိုးစားပမ်းစားလုပ်တယ်။ ဒီလိုနဲ့ မိန်းကလေးဟာ အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာပြီး ကောင်လေးထုတ်ချေးပေး ခဲ့တဲ့ငွေကို ပြန်ဆပ်နိုင်တဲ့အထိ ဖြစ်လာခဲ့တယ်။ အဲဒီ လို ငွေပြန်ဆပ်တဲ့နေ့မှာပဲ မိန်းကလေးက ကောင် လေးကို ကျေးဇူးတင်စကားကိုပါ ပြောခဲ့တယ်။ ဒါ ပေမယ့် မိန်းကလေးပြောတဲ့ ကျေးဇူးတင်စကား ဟာ ကျေးဇူးတင်စကားသက်သက်မဟုတ်ဘဲ မာနသံ နဲ့ နာကျည်းသံတွေလည်း ပါခဲ့တယ်။
“ကျွန်မကို အိမ်တွင်းပုန်းဘဝကနေ ဆွဲထုတ်ပြီး အရောင်းအဝယ်လောကထဲ ရောက်အောင် ငွေအား ရောလူအားပါ စိုက်ထုတ်ပေးခဲ့တဲ့အတွက် တကယ် ပဲ ကျေးဇူးတင်ပါတယ်၊ ရှင့်ကျေးဇူးကြောင့် ကျွန်မ အခု လုပ်ငန်းတွေ လုပ်တတ်ကိုင်တတ်ဖြစ်နေပါပြီ၊ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိနေပါပြီ ....”
မိန်းကလေးပြောတာ မှန်ကြောင်း ကောင်လေး သိပါတယ်။ မိန်းကလေးက ရုပ်ရည်လည်း ချောမော လှပတော့ ကူညီချင်တဲ့လူငယ်လုပ်ဖော်ကိုင်ဖက်တွေ လေးငါးခြောက်ယောက်ထက်မနည်း ရှိပါတယ်။ ချစ် ရေးဆိုထားသူတွေလည်း ရှိတယ်ဆိုတာ သူ သိထား ပါတယ်။
“ဒါကြောင့် ကျွန်မ ပြောချင်တာက ရှင့်အနေ နဲ့ ကျွန်မကို တပည့်တစ်ယောက်လို သဘောထား ပြီး ဆူပူကြိမ်းမောင်းတာတွေ ဆက်မလုပ်ပါနဲ့တော့ လို့ ကျွန်မ တောင်းဆိုချင်ပါတယ်၊ ရှင် ဆူပူကြိမ်း မောင်းခဲ့တာတွေ၊ အော်ဟစ်မာန်မဲခဲ့တာတွေအပေါ် ကျွန်မ တကယ် ခံစားခဲ့ရတယ်၊ ကျွန်မ ရှေ့ဆက် ပြီး မခံစားချင်တော့ပါဘူး၊ ကျွန်မအမှားလုပ်ခဲ့ရင် တောင် ကျွန်မထိုက်နဲ့ ကျွန်မကံလို့ပဲ သဘောထား ပေးလိုက်ပါ၊ ဒါပေမယ့် ကျွန်မ ရှင့်ကျေးဇူးကိုတော့ မမေ့ပါဘူး၊ ဒါကြောင့် ရှင်အကူအညီလိုရင် ပြော ပါ၊ ကျွန်မ ကူညီပါ့မယ်”
ဒီလိုပြောလာလိမ့်မယ်ဆိုတာ ကောင်လေးက ကြိုတင်မှန်းဆထားပြီးသားပါ။ ကြိုတင်မှန်းဆထား တဲ့စကားတွေကို တကယ်တမ်း ကြားလိုက်ရတဲ့အခါ ကျတော့ ကောင်လေးက ပြုံးမိပါတယ်။ ဒါပေမယ့် မဲ့ပြံုး ဖြစ်သွားပါတယ်။ ဘယ်လောက်ပဲ ကြိုတင် မှန်းဆထားတဲ့စကားတွေ ဖြစ်ပေမယ့် ကိုယ်ချစ်ရသူ တစ်ယောက်က ပြောလိုက်တာဖြစ်လိ်ု့ နှလုံးသားထဲ အထိ စစ်ခနဲ နာကျင်သွားလို့ပါ။
အဲဒိနောက်ပိုင်းမှာ မိန်းကလေးက ကောင်လေး နဲ့ အဆက်အဆံမလုပ်တော့သလို ကောင်လေးက လည်း မိန်းကလေးဆီ အဆက်အသွယ်မလုပ်တော့ ပါဘူး။
တကယ်တော့ ကောင်လေးဟာ မွေးရာပါ နှလုံး ရောဂါရှိသူပါ။ ဒါ့ကြောင့်လည်း မိန်းကလေးကို ချစ်ခွင့်မပန်ခဲ့သလို၊ အချိန်မရွေး သေသွားနိုင်တဲ့ သူ့အခြေအနေအရ မိန်းကလေးကို လက်ထပ်ပြီး ကူညီမယ့်အစား မိန်းကလေးကို ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်နိုင်အောင် လုပ်ပေးမယ်ဆိုတဲ့လမ်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ သူ့ရည်မှန်းချက် အောင်မြင်သွားပါ ပြီ။ မိန်းကလေးဟာ သူ့ခြေထောက်ပေါ် သူ ရပ် တည်နိုင်သွားပါပြီ။
ကောင်လေးရဲ့ နှလုံးရောဂါအခြေအနေဟာ ပိုမို ဆိုးရွားလာပါတယ်။ ဒါကြောင့် သူဟာ ရှေ့နေတစ် ဦးကို ခေါ်ပြီး သေတမ်းစာ ရေးခဲ့ပါတယ်။ အဲဒီ သေတမ်းစာအရ သူပိုင်ဆိုင်တဲ့အိုးအိမ်တိုက်တာအပါ အဝင် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဥစ္စာတွေကို သူ့မိဘ တွေကို လွှဲပြောင်းပေးဖို့၊ သူ ရှာဖွေစုဆောင်းထား ပြီး ဘဏ်ထဲမှာ ထည့်ထားတဲ့ငွေကြေးတွေကိုတော့ မိန်းကလေးရဲ့ မိဘနှစ်ပါးဆီ လွှဲပြောင်းပေးအပ်ပေးဖို့ ဖြစ်ပါတယ်။ မိန်းကလေးအတွက်တော့ စာတစ်စောင် ရေးပေးထားခဲ့ပါတယ်။
သူ သေဆုံးသွားတဲ့အခါ သူ့ရှေ့နေက သေတမ်း စာမှာ ပါတဲ့အတိုင်း တစ်သဝေမတိမ်း ဆောင်ရွက် ပေးခဲ့ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက တစ်သက်် တာ ထိုင်စားနိုင်လောက်တဲ့ငွေကြေးတွေ ရရှိခဲ့သလို မိန်းကလေးကလည်း စာတစ်စောင်ကို လက်ခံရရှိ ခဲ့ပါတယ်။ အဲဒီစာမှာ ဘာမှ ထွေထွေထူးထူး ရေး မထားပါဘူး။
“ငါ နင့်ကို ချစ်ခဲ့တယ်” ဆိုတဲ့စာလုံးလေးတွေ သာ ပါပြီး သူ့လက်မှတ်ကို ပီပီပြင်ပြင် ရေးထိုးထား တာပါ။

Source: short wisdom stories
အောင်အေး (ရန်ကုန်တက္ကသိုလ်)





 

*******************************

 

လူတို့၏ ဘဝသံသရာခရီးစဉ် ခရီးရှည်ကြီး သည် ဂြိုဟ်များ၊ ကြယ်များ၊ ကမ္ဘာများဟူသော ရုပ်ပတ်ဝန်းကျင်၊ အာကာသကောင်းကင်ကြီးထဲတွင် ရှိနေသော နတ်များ၊ ကမ္ဘာမြေပေါ်တွင် နေထိုင် ကြသော လူသားအပါအဝင် သတ္တဝါများ၊ ရေထဲ သမုဒ္ဒရာထဲတွင် နေထိုင်ကျက်စားကြသော နာမ် လောကမှာ သတ္တဝါများ၊ မြေကြီးထဲတွင် နေထိုင် ကျက်စားကြသော နာမ်လောကဆိုင်ရာ သတ္တဝါစတဲ့ နယ်ပယ်များတွင် ဘဝတွေအမျိုးမျိုးပြောင်းလဲ ဖြစ် ပျက်နေကြရသည်။ ဤသံသရာခရီးစဉ်ကြီးကို နိဗ္ဗာန် မရောက်မချင်း ဖြတ်သန်းလျက်ရှိကြပေသည်။

စကြဝဠာအနန္တတွင် လူတွေနေထိုင်ကျက် စားကြသော ကမ္ဘာများလည်း အမြောက်အမြားရှိပေ သည်။ ဂြိုဟ်စောင့်၊ ကြယ်စောင့်နတ်တွေ၊ အာကာ သထဲက နတ်အမျိုးမျိုးတွေသည် ကျွနု်ပ်တို့ကမ္ဘာသို့ လာရောက်ပြီး လူသားအဖြစ် ၀င်စားလျက်ရှိကြ သည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် လူလတ် တန်းစားမိသားစုတစ်စုမှ သားတစ်ယောက်သမီးတစ် ယောက်မွေးဖွားခဲ့ရာ နှစ်ဦးစလုံး မဟာစကြဝဠာ စောင့်နတ်မင်းကြီးနှစ်ပါးမှ ၀င်စားလာသူများဖြစ်ကြပါ သည်။ မောင်နှမနှစ်ဦးလုံး ဉာဏ်အလွန်ကောင်း သည်။ ညီမဖြစ်သူက ပို၍ဉာဏ်ကောင်းသည်။ အရာရာ တတ်သိနားလည်လွယ်သည်။ လူတကာ အပေါ် ဆရာလုပ်သည်။ တရားတာ မတရားတာ လည်း ဒီသုံးလေးနှစ်အရွယ် ကလေးတွေက သိကြ သည်။ ဒီကလေးတွေ အရွယ်ရောက်လျှင် ပညာရေး ထူးချွန်မည်။ စီးပွားဥစ္စာလည်း ချမ်းသာမည်။ နိုင်ငံမှာ အကြီးအကဲတွေဖြစ်မည်ဟု ကျွန်တော့်ကို ဗေဒင် ကူညီ ဟောပေးနေတဲ့ တန်ခိုးရှင်ကြီးက မိန့်ကြား ပါတယ်။

နောက်တစ်ဦးကတော့ ၂၀၁၇ ခုနှစ် ဖေဖော် ၀ါရီလထဲက အထက်ချင်းတွင်း ကလေးမြို့က အရာ ရှိအမျိုးသမီးတစ်ဦး ကျွန်တော့်ဆီ သူ့ရဲ့ ၁၄ နှစ် အရွယ် သမီးရဲ့ဓာတ်ပုံပြပြီး ဗေဒင်မေးပါတယ်။

ကျွန်တော့်တန်ခိုးရှင်ကြီးက ဒီကလေးမလေး ဟာ ဒီကမ္ဘာကလာတဲ့လူသား မဟုတ်ကြောင်း၊ နတ် ပြည်ခြောက်ထပ်က လာတဲ့သူလည်း မဟုတ်ကြောင်း၊ အခြားကမ္ဘာတစ်ခု လူသားဘဝမှ လာတဲ့သူဖြစ် ကြောင်း၊ Óာဏ်အလွန်ကောင်းကြောင်း၊ Master Degree သုံးဘွဲ့လောက် ရနိုင်ကြောင်း၊ သူ့ရဲ့ တွေးပုံ၊ ခေါ်ပုံ၊ စဉ်းစားပုံတွေ ဒီကလူတွေနဲ့ မတူ ကြောင်း၊ ဒီကလေးမလေးဟာ နောင်တစ်ချိန်စွန့်ဦး တီထွင်သူ တစ်ဦးဖြစ်ပြီး ကမ္ဘာကျော်သိပ္ပံပညာရှင် တစ်ဦးဖြစ်လာနိုင်ကြောင်း၊ သူ့ကို၎င်းင်းတို့နေထိုင်ရာ ကမ္ဘာက ၀တ်ရုံအဖြူနှင့် နတ်ကြီးသုံးပါးလိုက်ပါ စောင့်ရှောက်နေကြောင်း၊ သူလိုချင်တာဟူသမျှ ပြည့်စုံနေကြောင်း၊ ဒီကလေးမလေးဟာ လောကကို  အလှဆင်မည့် လူသားတစ်ဦးဖြစ်ကြောင်း ပြောလိုက်  ပါတယ်။

သူ့မိခင်က ဆရာပြောတာမှန်ပါကြောင်း၊ သူ့ ရဲ့တွေးခေါ်ယူဆပုံတွေက ထူးဆန်းနေကြောင်း၊ ဉာဏ်လည်း အလွန်ကောင်းကြောင်း၊ စာတစ်ပုဒ်ကို တစ်ခေါက်လောက်ဖတ်ရုံနဲ့ရကြောင်း၊ အိမ်မှာလည်း ကျွန်မတို့ကို သူကပဲ ဆရာလုပ်နေကြောင်း၊ သူ လိုချင်တာ မှန်သမျှ အကုန်ပြည့်စုံကြောင်း၊ ကျွန်မ တို့ကလည်း ၀ယ်ပေးနိုင်ကြောင်း၊ တစ်ခါသူ့အတွက် မွေးနေ့ပွဲကျင်းပ ပြုလုပ်ရာ ကလေးကစားစရာတွေ အခန်းနှစ်ခန်းစာ ရကြောင်း။

ကျွန်တော်က ကလေးမလေးကို ကြက်၊ ၀က်၊ ဆိတ်ကလီစာတွေ မကျွေးဖို့၊ အဝတ်အစား ဟောင်းတာ နွမ်းတာမဝတ်ဖို့၊ ကြမ်းပေါ်မအိပ်စေဖို့၊ ကလေးက အလွန်ထူးခြားတဲ့ ကလေးဖြစ်ကြောင်း၊ ကလေးကြောင့် မိဘတွေ ဂုဏ်တက်မည့်အကြောင်း ပြောလိုက်ပါတယ်။

နောက်တစ်ဦးကတော့ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က အမျိုးသမီးတစ်ဦး သူ့ရဲ့ သုံးနှစ် အရွယ်သမီးလေးနဲ့ ပတ်သတ်ပြီး မေးပါတယ်။ ဒီ ကလေးမလေးကလည်း အခြားလူသားတွေနေတဲ့ ကမ္ဘာကလာတဲ့ သူပါ။ သူက သုံးနှစ်အရွယ်နဲ့ ကြီး ကျယ်တဲ့ စကားတွေ ပြောတယ်။ သူများကို ဆရာ လုပ်တယ်။ ဉာဏ်အလွန်ကောင်းတယ်။ Master Degree သုံးခု လောက်ရနိုင်ပါတယ်။ သူလာတဲ့ ကမ္ဘာက လူတွေအကြောင်း ဗေဒင်ကူညီဟောပေးတဲ့ တန်ခိုးရှင်ကြီးမေးကြည့်တော့ အရပ်ခြောက်ပေ လောက် ရှိတယ်။ အသား မည်းတယ်။ Óာဏ်ရည်က ဒီကမ္ဘာကလူတွေထက် ပိုကောင်းတယ်လို့ မိန့်ပါ တယ်။

လွန်ခဲ့တဲ့ သီတင်းတစ်ပတ်လောက်က အညာဘက်က အသက် ၄၀ အရွယ် အမျိုးသမီးတစ် ယောက် ကျွန်တော့်ဆီ ဗေဒင်မေးရန်ရောက်လာပါ တယ်။ သူက ရန်ကုန်က ကုန်တိုက်ကြီး တစ်ခုမှာရှိ တဲ့ စတိုးဆိုင်တစ်ခုကို ၀ယ်ဖို့လာတာပါ။ ဒီဆိုင်ကို ၀ယ်သင့် မဝယ်သင့် မေးတာပါ။ သူက ကောင်းကင် က ကြယ်တစ်စင်း(နေတစ်စင်း)ကနေ နတ်သား ဘဝက လာတာပါ။ သူစတိုးဆိုင်ကို ၀ယ်မည်ဆိုလျှင် အောင်မြင်နိုင်ကြောင်း၊ အဲဒီဆိုင်က ဂျပန်ပစ္စည်း အများစု ရောင်းတဲ့ဆိုင်ပါ။ ဂျပန်လူမျိုးတို့ရဲ့ ယဉ် ကျေးမှု သင်္ကေတတစ်ခု ဆိုင်မှာ ပြုလုပ်ချိတ်ဆွဲ ထားဖို့ မှာလိုက်ပါတယ်။

နောက်တစ်ယောက်ကတော့ မြေလတ်ပိုင်း မြို့တစ်မြို့ကပါပဲ။ သူက နတ်ဘုရားမဘဝက လာခဲ့ တဲ့သူလို့ သိရပါတယ်။ ဒီလိုသိရတာ သီတင်းတစ် ပတ်လောက်ပဲ ရှိပါသေးတယ်။ သူက လွန်ခဲ့တဲ့နှစ် ပေါင်း ၃၀၀၀ လောက်ကစပြီး လူ့ဘဝရောက်လာ တာပါ။ ဥရောပတိုက်မှာ ခရစ်ယာန်ဘာသာ မပေါ် ပေါက်မီက နတ်ဘုရားမတွေကို ကိုးကွယ်ကြပါ တယ်။ သူ့ရဲ့နတ်ဘုရားမဘဝ နာမည်က ရှီပါးနားလို့ သိရပါတယ်။

နှစ်ပေါင်း ၃၀၀၀ အတွင်း ဘဝတွေဖြတ်သန်း လာရာမှာ အဆင့်မြင့်တဲ့ဘဝတွေ ဖြစ်ခဲ့တာတွေ့ရပါ တယ်။ ဘဝနှစ်ခုမှာ အာဏာရှိတဲ့ ဘုရင့်မိဖုရားကြီး ဖြစ်ခဲ့စဉ်က ဘုရင်ကို တော်လှန်ရန်ကြံစည်အားထုတ် သူများကို သူ့အမိန့်နဲ့ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ် မှုတွေ နှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီ အထဲမှာ အဆင့်မြင့် မင်းမှုထမ်းတွေ၊ နယ်စားတွေ ပါ၀င်ပါတယ်။ ထိုပုဂ္ဂိုလ်များက အာကာသထဲမှာ တန်ခိုးကြီးတဲ့ နတ်ကြီးတွေဖြစ်နေရာ ထိုနတ်ကြီးများ က ပြန်လည် ကလဲ့စားချေတဲ့အတွက် ဒုက္ခအမျိုးမျိုး ရောက်နေပါတယ်။ ဒါ့အပြင် အောက်လမ်းဆရာ အမျိုးမျိုး၊ နတ်ကတော်များရဲ့ တိုက်ခိုက်နှောင့်ယှက် မှုလဲ ခံစားနေရပါတယ်။ နတ်ဘုရားဘဝက လာ၍ လားတော့ မပြောတတ်ဘူး ငရဲကျတာမတွေ့ရပါဘူး။

ဘယ်လောက်ဆင်းရဲဒုက္ခရောက်သည်ဖြစ်စေ နေစရာ စားစရာတော့ ရနေပါတယ်။ သူငယ်စဉ် ၁၅ နှစ်အရွယ်လောက်မှာ လူတွေက ဘုရားသွားမည် ဆိုလျှင် သူ့ရဲ့စိတ်ထဲမှာ ဘုရားမသွားဘဲ ငါ့ကိုကိုး ကွယ်ပါလား၊ ငါလည်း ဘုရားပဲ စသည်ဖြင့် သူ့ကိုယ် သူ ခံစားမိကြောင်း ပြောပါတယ်။ သူက ဗုဒ္ဓဘာသာ ၀င်တစ်ဦးပါ။ ဘုရားတရားကိုလည်း အလွန်ကြည်ညို ပါတယ်။ သူ ကောင်းစားစဉ်က အလှူအတန်းကြီး တွေလည်း ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သူ့ရဲ့နတ်ဘုရားမ ဘဝက မိတ်ဆွေနတ်ဘုရားမ ငါးဦးလည်း ရောက် ရှိနေပါပြီ။ သူ့ရဲ့တစ်ခုသော ဘဝက ဖခင်တော်ခဲ့ဖူး တဲ့ ရွှေရောင်နတ်မင်းကြီးနှစ်ပါး၊ တစ်ခုသော ဘဝက အဘိုးတော်ခဲ့ဖူးတဲ့ တန်ခိုးကြီးတဲ့ ရွှေရောင်နတ်ကြီး လည်း သူ့မိသားစုကို စောင့်ရှောက်ရန်ရောက်ရှိနေ ကြပါပြီ။ ကောင်းကင်ကအဖြူရောင် နဂါးကြီး သုံး ကောင်လည်း စောင့်ရှောက်ရန် ရောက်နေပါပြီ။

ယခုဘဝ အသက် ရ၅ နှစ်မှာ သူကွယ်လွန် ပါလိမ့်မည်။ ယခုသူ့ရဲ့အသက်က ၅၀ ကျော်လောက် ရှိပါပြီ။ အဲဒီလိုကွယ်လွန်တဲ့အခါ နတ်ဘုရားမဘဝပြန် သွားရမည်လို့ သိရပါတယ်။

၁၂-၃-၂၀၁၇ ရက်ကတော့ အသက် ၅၀ ကျော်အရွယ် တရုတ်လူမျိုး အမျိုးသမီးတစ်ယောက် ဗေဒင်လာမေးပါတယ်။ သူ့မှာ သားသမီးသုံးယောက် ရှိရာမှာ နှစ်ယောက်က ၀ိတ်မအောင်တဲ့ ကလေးတွေ ဖြစ်နေပါတယ်။ အရွယ်ကလည်း အသက် ၂၀ တစ် ယောက်နဲ့တစ်ယောက်က ၁၇ နှစ်အရွယ်တွေပါ။

ကျွန်တော်က ဗေဒင်ကူညီဟောတဲ့ တန်ခိုး ရှင်ကြီးမေးကြည့်တော့ အမျိုးသမီးကြီးက သားသမီး တွေကိုလည်း မချစ်၊ သားသမီးတွေကလည်း သူ့ကို မချစ်ကြောင်း၊ သူက အိမ်ထောင်ကိုလည်း မိဘက ပေးစား၍သာ ယူခဲ့ကြောင်း၊ ယောကျ်ားကိုလည်း မချစ်ကြောင်း၊ ယောကျ်ားကလည်း သူ့ကို ဂရုမစိုက် ကြောင်း၊ သူ့မှာ အလုပ်ကလည်း နားမနေရကြောင်း၊ နှစ်ဖက်မိဘတွေ ပြုစုရတာနဲ့ အချိန်တွေ ကုန်နေ ကြောင်း သိရပါတယ်။

တရုတ်အမျိုးသမီးကြီးက သူဟာ ဘယ်ဘဝ က လာတာပါလဲလို့ မေးပါတယ်။ သူ့ကိုလေ့လာ ကြည့်တော့ သူဟာ လူ့ဘဝလာတာလည်း မဟုတ်၊ နတ်ပြည်ခြောက်ထပ်က လာတဲ့သူလည်း မဟုတ်၊ ပြိတ္တာဘဝက လာတာလည်းမဟုတ်၊ ငရဲဘုံက လာတဲ့သူလည်း မဟုတ်ဘဲ သုခဘုံလို့ခေါ်တဲ့ နတ် သမီးတွေချည်းနေတဲ့ ဘုံကလာတဲ့သူဖြစ်ပါတယ်။ အဲဒီဘုံက နတ်သမီးတွေက လူ့ဘဝတုန်းက အိမ် ထောင်မပြုကြဘဲ အေးအေးဆးဆေး နေချင်တဲ့ သူတွေ ကွယ်လွန်တော့ ရောက်တဲ့ဘုံဋ္ဌာနရယ်လို့ သိရပါတယ်။ ဒီသုခဘုံအကြောင်း ကျွန်တော် လွန်ခဲ့ တဲ့ လေးနှစ်လောက်က မနောမယဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ ဒီသုခဘုံကို နာမည်ပေးထားတာက ကျွန်တော်က ပေးတဲ့ နာမည်ပါ။ ယခုတော့ ဒီဘုံကလာတဲ့ အမျိုးသမီးနဲ့ ရှားရှားပါးပါး တွေ့နေရပါပြီ။

 

၈-၃-၂၀၁၇ ရက်ထုတ်ဝေတဲ့ မနောမယ ဂျာနယ်မှာ ပြင်သစ်အမျိုးသမီးတစ်ဦးက သူဟာ ဒီကမ္ဘာကလာတဲ့လူသားမဟုတ်ကြောင်း၊ အခြားဂြိုဟ် တစ်ခုကလာတဲ့ဂြိုဟ်သားဖြစ်ကြောင်း၊ သူကအခြား  လူများကဲ့သို့နေနိုင်စားနိုင်တဲ့အတွက်ကြောင် ့သာမန် အားဖြင့် ဒီကလူသားလို့ထင်ရကြောင်း၊ သူကဒီကမ္ဘာ    ကလူသား မဟုတ်ဘူးလို့ ခံစားမိကြောင်း၊ သူမရဲ့ ထူးခြားချက်က အခြားလူတွေ ဘာတွေတွေးနေ တယ်ဆိုတာ သိနိုင်ကြောင်း၊ သူ့ရဲ့မျက်လုံးကလည်း အစိမ်းရောင်ဖြစ်ကြောင်း၊ သူကဒီကမ္ဘာမှာ သူကဲ့သို့ အခြားကမ္ဘာမှ ဂြိုဟ်သားများရောက်ရှိနေတယ်ဆိုတာ ခံစားရကြောင်း ပြောပါတယ်။

ကျွန်တော်တွေ့သိရှိရတာက အခြားကမ္ဘာက မြန်မာနိုင်ငံထဲ ရောက်နေသူတချို့ကိုသာ သိရှိရ တာပါ။ ကျွန်တော်နဲ့ မတွေ့ရသေးတဲ့ ပုဂ္ဂိုလ်များ လည်း ကျန်ရှိနေပါလိမ့်မည်။ ကမ္ဘာတစ်ဝန်းမှာ ဆိုရင်တော့ အခြားကမ္ဘာကလာတဲ့သူတွေ အမြောက် အမြား ကျန်ရှိနေပါလိမ့်မည်။ ဒီကလေးတွေကို ဘယ်လိုတန်ခိုးရှင်တွေက ဒီကမ္ဘာကိုစေလွှတ်နေ တယ်ဆိုတာ မသိရပါဘူး။ မြန်မာနိုင်ငံထဲ ရောက် နေတဲ့ ထူးချွန်တဲ့ကလေးတွေ နောင်အနှစ် ၂၀ လောက်ဆိုလျှင် တိုင်းပြည်တာဝန် အသီးသီး ထမ်း ဆောင်နေကြပါလိမ့်မည်။

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့့ပညာရှင်တွေ၊ ကမ္ဘာ ကျော်ပုဂ္ဂိုလ်တွေ၊ သိပ္ပံပညာရှင်တွေ ပေါ်ပေါက်လာ ပြီး မြန်မာနိုင်ငံဂုဏ်ထည်ဝင့်ဝါနေမည်ကို မျှော်လင့် လျက် ...

သတ္တဝါများ ကျန်းမာချမ်းသာပါစေ။

 

ဆရာဝင်း(သာကီနွယ်)

 

ယတြာတွေထဲမှာ ဘုရားယတြာက အကောင်းဆုံးလို့ ပြောရမယ်
-လင်းရောင်တင်-
***************

လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက လင်း ရောင်တင်က ဖေ့စ်ဘွခ်ထဲမှာ ယတြာတွေမှာ ဘုရား ယတြာကတော့ အကောင်းဆုံးပါပဲလို့ ရေးလိုက်မိ တယ်ဗျ။ တက်လာတဲ့ ကွန်မန့်တွေထဲမှာ အဲဒီအ ကြောင်းအရာကို ဆန့်ကျင်ပြီးတင်လာကြတာ နှစ် ဦးသုံးဦးရှိပါတယ်။ နာမည်တွေတော့ မမှတ်မိပါဘူး။ မှတ်မိလည်း မဖော်ပြချင်ပါဘူး။
အဓိပ္ပာယ်အချုပ်ကို ပြောရရင်တော့ “ဘာ မဟုတ်တဲ့ ယတြာကိစ္စမှာ ဘုရားကိုထည့်မသုံးပါနဲ့၊ ကိုယ့်ဘာသာလုပ်ပါ”ဆိုတာမျိုး အကြံပြုတဲ့ စကား မျိုးလည်းမဟုတ်ဘဲ အပေါ်စီးကနေ အမိန့်ပေးတာမျိုး တွေရေးလာကြတယ်။ ကိုယ့်ကိုမထောက်ခံလို့ စိတ် ဆိုးတာမျိုး မဟုတ်ပါဘူး။ ယုန်သူငယ်ရဲ့ခြေထောက် လေးနဲ့ သမုဒ္ဒရာကိုလာပြီး ထောက်စမ်းသလိုမျိုး ဖြစ်နေလို့ ကိုယ်က သနားမိတာပါ။
တကယ်တော့ ယတြာဆိုတဲ့ စကားလုံးကို တောင် စစ်စစ်ပေါက်ပေါက်နားမလည်ဘဲ အဖေ လောက်၊ အဘိုးလောက်ရှိတဲ့ စာရေးဆရာကို နား ရွက်တံတွေးတက် စွတ်လိုက်တဲ့ သဘောပါပဲ။ တကယ်လည်း ပုံစံက ခပ်ငယ်ငယ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ်က ပြန်မရေးတော့ပါဘူး။ သူတို့ လေသံက တစ်ဖက်လူနဲ့ ဆွေးဆွေးနွေးနွေးလုပ်လို တာမဟုတ်ဘဲ လူတတ်ကြီးဝင်လုပ်တဲ့ လေမျိုးဆိုတာ သိသာနေတယ်။
ဒါကြောင့် သူတို့ကို အချိန်ကုန်ခံ၊ မျက်စိအ ညောင်းခံပြီး ပြန်ပင့်မနေတော့ဘူး။ ဆောင်းပါးတစ် ပုဒ်ပဲ ရေးတော့မယ်ဆိုပြီး တေးထားခဲ့တယ်။ တကယ်တော့ ယတြာဆိုတာ တိုက်ရိုက်အဓိပ္ပာယ် ယူရင်တော့ အဆိုးအညံ့များကို ကောင်းအောင် စီရင် ခြင်းလို့ အဓိပ္ပာယ်ရမှာပါ။ သစ်ရွက်သစ်ခက်နဲ့ တခြားဆီလျော်ရာ ယတြာတွေလည်း ကောင်းသင့် သလောက်ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားယတြာ လို့အလွယ်ခေါ်နေကြတဲ့ ကုသိုလ်ကောင်းမှုပြုခြင်း နဲ့ ယတြာလုပ်တာဟာ အကောင်းဆုံးဆိုတာ အတွေ့ အကြုံအရ တွေ့ရှိလာရပြီး ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်း ကျင်မှာ အတွေ့အကြံုတွေ အမြောက်အမြားရှိခဲ့တာ မို့ တင်ပြမိတာလည်း ဖြစ်ပါတယ်။
ကိုယ်တိုင်လည်း ခပ်ငယ်ငယ်အရွယ်တုန်းက ရောဂါဖြစ်ခဲ့ဖူးပါတယ်။ ထမင်းမစားနိုင်၊ ဟင်းမစားနိုင် နဲ့ ရက်ရှည်လများ နေမကောင်းခဲ့ရာမှာ ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားထိုင်၊ ပုတီးစိပ် စတဲ့ ကုသိုလ် ကောင်းမှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ရာက ပြန်ပြီး နာလန်ထူလာနိုင်ခဲ့တယ်။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည် ကောင်းလာခဲ့တာ ကိုယ်တွေ့ပါ။
ကိုယ်တင်မကပါဘူး။ အနာရောဂါမျိုးစုံကို ပျောက်စေတဲ့ ဘုရားရှိခိုးဂါထာကို ကြိမ်ဖန်များစွာ   ရေရွတ်ရုံနဲ့ အနာရောဂါတွေ ပျောက်စေတာမျိုး လည်း ရှိခဲ့တယ်။ (ဆောင်းပါးနဲ့ရေးပြခဲ့ဖူးပါပြီ) ဒါလည်း ဆိုးညံ့တဲ့ရောဂါကို ကောင်းမွန်ပျောက်ကင်း စေအောင် ဆောင်ရွက်နိုင်တဲ့အတွက် ဘုရားယတြာ လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဘုရားယတြာတွေနဲ့ ဆောင်ရွက်ပြီး ကျန်းမာ ရေး ညံ့လာရာကနေ နေကောင်းလာအောင် မေတ္တ သုတ်စတဲ့ ဘုရားရဲ့ သုတ်တော်ပရိတ်တော်တွေ ရွတ်ဖတ်ပူဇော်၊ မေတ္တာပို့သပေးတဲ့အတွက် ရက် မကြာခင်မှာ ဆေးရုံက ဆင်းလာနိုင်ကြတဲ့ထဲမှာ   ညီမလိုနေတဲ့ စာရေးဆရာမ မြနန်းရှင်(ဟန်သီခင် လို့လည်း အခြားကလောင်နဲ့ ရေးသေးတယ်)လည်း အပါအဝင်ပါပဲ။ ကြံုကြိုက်သူများ မေးစမ်းနိုင်ပါတယ်။
ပင်လုံဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ သူဆေး ရုံတက်နေတုန်း သူငယ်ချင်း စာရေးဆရာ ဒီပံလင်း နဲ့အတူသွားပြီး မေတ္တာပို့ခဲ့တာပါ။ ခုတော့ အလွန် သက်သာပြီး ဘုရားဖူးတွေထွက်၊ နယ်တကာလှည့် စာပေဟောပြောပွဲတွေသွားနဲ့ တော်တော်လေးကို ဒေါင်ဒေါင်မြည်နေပါပြီ။
နောက်တစ်ယောက်ဆိုလည်း အစ်ကိုလိုခင် တဲ့ စာရေးဆရာကြီး ဆရာဟိန်းလတ်လည်း တစ် ချိန်တုန်းက တောင်ကုန်းလေးပေါ်က ပြုတ်ကျပြီး ပေါင်ရိုးကျိုးသွားခဲ့ဖူးတယ်။ အစိတ်စိတ်အ>မာ>မာ ဖြစ်သွားတဲ့အတွက် အတော်ကုသယူရတယ်။ အထူး ကု ဆရာဝန်ကြီးတွေလည်း တော်ကြပေလို့သာပေါ့။ ဆေးရုံတက်တာ သုံးလလောက်ကြာမယ်ထင်ပါရဲ့။
အဲသလို ဆေးရုံတက်နေတုန်း၊ ကိုယ့်ရဲ့ လက်ရှိ တက္ကသိုလ်က ဒဿနိကဗေဒပါမောက္ခ ဆရာကြီး ဦးဆန်းထွန်းရယ်၊ တောင်ဥက္ကလာက ဓာတ်တော်တိုက်ဆရာတော် တောင်ကိုရီးယား သာ သနာပြုဆရာတော် ဦးကိတ္တိ၀ရကို ပင့်သွားပြီး ဆေးရုံ ပေါ်မှာ ပရိတ်ရွတ်၊ ပရိတ်နာ၊ မေတ္တာပို့သပြီး အမြန် ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကြတယ်။ ဆရာ တော်နဲ့အတူ ဆေးရုံကိုသွားကြတဲ့အခါ ဘုရားဓာတ် တော်နဲ့ ရဟန္တာဓာတ်တော်တွေကိုပါ ပင့်ဆောင်သွား ခဲ့ကြတာပါ။ (လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖြစ်ခဲ့တာ ခုတော့ ဆရာဟိန်းလတ်လည်း ဒေါင်ဒေါင်မြည်ပါပဲ။ နိုင်ငံခြားခရီးစဉ်တွေ သွားလိုက်၊ ဟောပြောပွဲတွေ ထွက်လိုက်နဲ့ ဒါကိုလည်း ဘုရားယတြာလို့ပဲ ခေါ်ရမှာ ပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ Óာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ တို့ကို ရည်စူးပြီး ရှိခိုးပူဇော်ကြတယ်။ ပရိတ်တော် တွေ ရွတ်ကြတယ်။ မေတ္တာပို့ကြတယ်ဆိုတာဟာ တကယ်တော့ ဘုရားယတြာလုုပ်ကြတာပါပဲ။
ဇာတ်တော်တွေထဲမှာ လေ့လာကြည့်မယ်ဆို ရင်တော့ မွေးမွေးချင်း မကြာခင်ရက်ပိုင်းအတွင်းမှာ   ဘီလူးစားခံရတော့မယ့် ကလေးငယ်လေးကို ရဟန္တာ သံဃာတော်များ ၀ိုင်းရံလို့ ပရိတ်ကမ္မဝါများရွတ်ဆို ပူဇော်စေတဲ့အတွက် အဲဒီကလေးငယ်ဟာ ဘီလူး စားခံရမယ့် ကိန်းက လွတ်ခဲ့ရပါတယ်။ အဲဒီလိုလုပ် ကိုင်ပြီး အဆိုးအညံ့တွေပြေစေဖို့ ယတြာလုပ်ခိုင်း တာဟာ ဘုရားကခိုင်းတဲ့အတွက် ဘုရားယတြာလို့ ပဲ ခေါ်ရမှာ မဟုတ်လားဗျာ။
“ဟဲ့ နင့်ကလေး ဒီလောက်ချူချာနေတာ သူ့မွေးနေ့မှာ မာလကာသီးခုနစ်လုံး ဆွမ်းတော်တင် ပြီး ပြန်စွန့်၊ ကလေးခုနစ်ယောက် ဝေကျွေးလိုက်၊ ကျွန်မ သားလေး နေအမြန်ကောင်းပါစေလို့ ဆု တောင်း”
အဲသလို ဘုရားကို သစ်သီးကပ်လှူပြီး ဆု တောင်းတာကိုလည်း ဘုရားယတြာလို့ ခေါ်ရမှာပါပဲ။ ဒီလိုနဲ့ အဆင်ပြေ နေကောင်းခဲ့ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ ဗေဒင်ယတြာရအရ အညံ့တွေ ကြံုနေမယ်ဆိုရင် အလှူအတန်း ယတြာတွေ အပြင် ဂုဏ်တော်တွေ ရွတ်ဖတ်ပူဇော်ရတာ၊ ဂါထာတွေနဲ့ ပုတီးစိပ်ရတာတွေ ရှိပါတယ်။ များများညံ့နေလျှင် များများ ပုတီးစိပ်ရပါတယ်။ များများ ပရိတ်ရွတ်ရပါ တယ်။ ကျန်းမာရေးညံ့နေရင်တော့ တရားများများ ထိုင်တာ အကောင်းဆုံးပါပဲ။
တစ်ခါတလေ ကံဇာတာ တအားညံ့နေလို့ ဘုရားယတြာတွေ များများဖိလုပ်၊ များများပုတီးစိပ် လုပ်လိုက်တဲ့အခါ ကံမကောင်း အကြောင်းမလှတာ တွေ မျက်စိလည်လမ်းမှားပြီး မထင်မှတ်ဘဲ ကံတွေ အလိုလို ကောင်းလာတာတွေ ကြံုရတတ်ပါတယ်။ သာမန်ကံကောင်းတဲ့ နှစ်ထက်တောင် ကံမကောင်း တဲ့နှစ်တွေမှာ အလုပ်အကိုင် အဆင်ပိုပြေတာ၊ ၀င်ငွေ ပိုကောင်းတာတွေပါ ဖြစ်လာတတ်ပါတယ်။ မယုံ မရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ။
အဘိုးကြီးတစ်ယောက်ဆို သူက နက္ခတ် ဗေဒင်အတော်လေး ကျွမ်းကျင်တယ်။ မန္တလေးသား ပုဏ္ဏားတော်တွေထက် အတွက်အချက် မညံ့ဘူး။ ပိုတော်ရင်တောင် တော်လိမ့်မယ်။ သူက သူ့ကိုယ် သူ တွက်ထားတယ်။ ဘယ်နေ့ ဘယ်ရက်မှာ သူသေ မယ်ပေါ့။ အဲ့သလို ရေးတဲ့အချိန်က သူ့အသက်ဟာ ရ၀ နီးပါးပဲ ရှိသေးတယ်။ သေမှာက သူ့အသက် ၈၀ နှစ်မှာလို့ ပြောတယ်။ စာနဲ့ပေနဲ့ကို ကြိုတင်ပြီး သေသေချာချာရေးထားတာ ဖတ်ခဲ့ရတယ်။ ဒါပေမဲ့ ယတြာကောင်းတာက သူ့ကိုယ်သူ သေမယ်ဆိုတဲ့ ၈၂ နှစ်မှာ မသေခဲ့ဘူး။ အခုဆိုရင် ကိုးဆယ်တောင် တော်တော်ကျော်သွားပြီ။ သက်ရှိထင်ရှားရှိတုန်း။
သူ့နက္ခတ်ဗေဒင် မမှားဘူးနော်။ ကံကုန်မယ့် အချိန်တွက်တာ ချွတ်ချော်လို့မဟုတ်ဘူး။ သူက သီလ ကောင်းလို့ကို အသက်ကြီးက ရှည်နေတာ။ ဘုရား မကြိုက်တာ မလုပ်ဘူး။ ကံငါးပါး လုံတယ်။ စိတ် ကောင်းရှိတယ်။ မင်္ဂလာတရားတော်နဲ့အညီ နေ တယ်။ ဒါပဲလေ။ အဲဒါကိုပဲ ဘုရားယတြာလို့ ခေါ်တာ။ ဘုရားရဲ့ ဆန္ဒတော်နဲ့အညီ နေçနေတာလည်း ဘုရား ယတြာတစ်မျိုးပါပဲ။

ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
ရတနာဒီပံ ရွှေဖယောင်းတိုင်ကိစ္စ အခြား ကိစ္စများဆွေးနွေးလိုပါက တိုက်(၁၁၀၇)၊ ယဿဝတီ (၁၈)လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်။
ဖုန်း ၀၉ ၄၂၀ ၀၁၄ ၆၁၄

သိုက်နန်းရှင်တွေရဲ့ တာဝန်တချို့
-စိန္တာမယဆရာပိုင်-
***************************

သိုက်ဆိုတာက ဝေမာနိကပြိတ္တာမျိုးနွယ်ဝင် တွေပါပဲ။
ခုခေတ်မှာ ဘယ်လိုအကြောင်းကြောင့်ဆိုတာ သေချာမသိရပေမယ့် သိုက်နန်းရှင်တွေက လူ့ပြည် ကို သာသနာပြုစေချင်လို့ သူတို့ကောင်းမှုတွေကို သာဓုအနုမောဒနာပြုချင်လို့ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ တက်လာကြပြီး လူတွေကြားထဲမှာ နည်းမျိုး စုံနဲ့ ရပ်တည်နေကြတာကို တွေ့နေကြရပါတယ်။
ဘာကြောင့် သူတို့တွေလာနေကြတာလဲ ...၊ ဘယ်သူက လာခွင့်ပြုလို့လဲဆိုတာကိုတော့ သေသေ ချာချာ မသိရပေမယ့် သာသနာနောက်ပိုင်း ၂၅၀၀ ကျော်လာချိန်မှာ ပိုရောက်လာနေကြတယ်လို့ တွေ့ နေရပါတယ်။ ကျွန်ုပ် ပယောဂကုသမှုဖြစ်စဉ်မှာ တွေ့မြင်နေရတာကတော့ လာသမျှ လူတွေရဲ့ ထက်ဝက်လောက်က သိုက်ဆက်တွေ ဖြစ်နေတတ် ပါတယ်။ ဒါကြောင့် သိုက်နဲ့ပတ်သက်လို့ နေ့စဉ်နဲ့ အမျှ တွေ့နေရပြီး သိုက်အကြောင်း စာဖတ်သူနဲ့ ဗဟုသုတ လိုချင်သူတွေ သိကြ၊ဗဟုသုတရကြစေ လိုတာကြောင့် ခုလို ရေးလိုက်ရတာဖြစ်ပါတယ်။
ဒီစေတနာနဲ့ ရေးသားမှုကြောင့် တစ်စုံတစ်ဦး ထိခိုက်နစ်နာမှုမရှိစေဖို့ တတ်နိုင်သမျှ ရှောင်ရေးမှာ လည်း ဖြစ်ပါတယ်။ သိုက်အကြောင်း ရေးသားရာမှာ မိမိတွေ့ကြုံကုသခဲ့မှုကို အခြေခံ ရေးသားမှာဖြစ်တာ ကြောင့် မိမိတို့အဖြစ်နဲ့ မတိုက်ဆိုင်ပါက ယူဆ ချင်သလို ယူဆခွင့်ရှိပါကြောင်း ကြိုတင်အသိပေး အပ်ပါတယ်။
အမှားတစ်စုံတစ်ခုရှိခဲ့ရင်လည်း ခွင့်လွှတ်ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။
တစ်နေ့ မိန်းကလေးတစ်ယောက် သူ့ ယောက်ျားက အလုပ်လည်း လုပ်လို့မရ၊ လုပ်သမျှ အလုပ် ပြုတ်တဲ့အခါပြုတ်၊ အဆင်မပြေတာတွေက များနေလို့ ရောက်လာပါတယ်။ သူ့ကြပြန်တော့ လည်း အလုပ်တော့ရှိပါရဲ့ ငွေကြေးက အဆင်မပြေ ဆေးရုံ၊ ဆေးခန်းကိုပဲ မကြာခဏ သွားနေရတာ ကြောင့် ငွေကုန်ကြေးကျများနေပါတယ်။ စစ်ဆေး ကြည့်လိုက်တော့ သူများလုပ်ထားတာ မတွေ့ရဘဲ သိုက်ဆက်က နှောင့်ယှက်လို့ ဖြစ်နေတာ ဆိုတဲ့ အဖြေပဲ ထွက်လာပါတယ်။
“ခုရောက်နေတာ သိုက်နန်းရှင်ဆိုရင် ဘုရား ကန်တော့ပါ”
သက်ဆိုင်သူရဲ့သိုက်ကို ခေါ်သွင်းလိုက်ပြီး ရောက်လာတာနဲ့ ဘုရားကန်တော့ခိုင်းလိုက်ပါတယ်။ သိုက်နန်းရှင်လည်း ဘုရားကန်တော့ပြီး သက် ဆိုင်သူကို စွေကြည့်နေပါတယ်။
“ဘာသိုက်တွေလဲ ...”
“နဂါးသိုက်တွေပါ ...”
“ဘယ်ကလဲ”
“ဧရာဝတီမြစ်ရိုးတစ်လျှောက်ကပါ ...”
သူ့အဖြေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ တွေ့ဖူးသမျှတွေမှာ နေရာကို မေးရင် ဘုရားအမည် ပြောချင်ပြောတယ်။
ဒါမှမဟုတ် မြို့အမည်ပြောတဲ့အခါ ပြော တတ်ကြပါတယ်။ ဒီတစ်ယောက်ကြတော့ ဧရာဝတီ မြစ်ရိုးတစ်လျှောက်လို့ပြောလာတာကို နားမလည််နိုင် အောင် ဖြစ်ရပါတယ်။
“ဟင် မင်းတို့ကဘယ်လိုကြီးလဲကွ ... နေရာတစ်ခုတည်း မဟုတ်ဘဲ ဧရာဝတီမြစ်ရိုး တစ်လျှောက် ဆိုတာက ...”
“ဟုတ်ပါတယ် ... တာဝန်ထမ်းဆောင်နေ ကြတာပါ”
“အင်း ဘာတာဝန်လဲ ပြောပါဦး”
“စစ်ကို ကာကွယ်ဖို့တာဝန်ပါ ...”
သူတို့လည်းတာဝန်ကိုယ်စီ ရှိနေတတ်ကြ တာပါလားလို့ တွေးလိုက်မိပါတယ်။
“အမြဲနေကြရတာလား ... အလှည့်ကျ လား”
“ကျန်တဲ့သူတွေက အလှည်ကျပါ၊ ကျုပ်တို့ တွေကတော့ အမြဲပါ”
“မောင်နှမ ဘယ်နှစ်ယောက်ရှိတာလဲ”
“ငါးယောက်ပါ”
“ဒီတစ်ယောက်က နံပါတ် ဘယ်လောက် လဲ”
“အငယ်ဆုံးပါ ...သူ လူ့ပြည်သွားချင်လှ ချည်ရဲ့ဆိုလို့ လွှတ်ပေးလိုက်တာ။ ခု စိတ်ဆင်းရဲ နေရလို့ ပြန်ခေါ်ဖို့လုပ်နေတာပါ ...ကျုပ်တို့က အလုပ်များပါတယ်၊ ဒီကြားထဲ သူ့ကိစ္စကိုပါ လိုက် လုပ်ပေးနေရတော့ အဆင်မပြေပါဘူး ... ပြန်ခေါ် ပါရစေတော့”
သူတို့ဘက်က အကြောင်းပြချက်ဖြစ်ပါတယ်။
“ဒါကြောင့် သူ့ကို ဆေးရုံဆေးခန်း မပြတ် သွားနေရအောင် လုပ်နေတာလား”
“ဟုတ်ပါတယ် ...နောက်ပြီး ဟိုကောင်က လည်း လက်ပါလို့ သူ့ကိုပါ လာဘ်ပိတ်အောင် လုပ်ထားပါတယ်”
    “ဟင် နင့်ယောက်ျားက လက်ပါတယ် ဆို ...”
မိန်းကလေးအနီးမှာ သူ့ယောက်ျား ကပ် ထိုင်နေပေမယ့် ကျွန်ုပ် တည့်မေးလိုက်ပါတယ်။ မိန်းကလေးက ‘ဟုတ်ကဲ့ သူလက်ပါပါတယ်’လို့ ပြန်ဖြေပါတယ်။
“အင်း ခု မင်းတို့ကြားတဲ့အတိုင်းပဲနော် ...မင်းက မိန်းကကို လက်ပါတယ် ဆိုတဲ့အတွက် သူ့ပတ်သက်သူတွေက မင်းကိုမကျေနပ်လို့ သူ့ကို လည်း ပြန်ခေါ်မယ် ...မင်းအလုပ်တွေလည်း အဆင် မပြေအောင် လုပ်ထားတယ် ...ဒီကောင်မလေး စိတ်ညစ်ပြီး သေချင်ပြီဆိုတာနဲ့ သူတို့က စွေ့ခနဲ့ ခေါ်သွားရုံပဲ ...မင်းမိန်းမကိုပြန်လွှတ်မယ်ပေါ့”
“မလွှတ်ပါဘူး ဆရာ၊ မပြန်စေချင်ပါဘူး”
“မပြန်စေချင်ရင် မင်းလက်ပါတာတွေကို ရပ်တန်းက ရပ်လိုက်ပါ ...မရပ်ရင် မင်းတို့ လင် မယားနှစ်ယောက်စလုံး ဒုက္ခရောက်ကြလိမ့်မယ် ... မှတ်ထားနော်”
သူတို့သိုက်ကိစ္စကို ပြီးပြတ်အောင် ရှင်းပေး လိုက်ပါတယ်။
သိုက်တွေက ဒီလိုမျိုး တိုင်းရေးပြည်ရာမှာ ပါ၀င်လာတာတွေလည်း ရှိတတ်ကြောင်း သိလိုက် ရပါတယ်။
သူတို့ဟာ နဂါးဆက်တွေဖြစ်ပြီး ဧရာဝတီ မြစ်ထဲမှာ စုန်ချီဆန်ချီနေကြရင်း စစ်မက်ဖြစ်ပွားမှု မရှိအောင်လည်း တစ်ဖက်တစ်လမ်းက ကြိုးစား လုပ်ကိုင်နေသူတွေဖြစ်ကြောင်း သိလိုက်ရပါတယ်။
သိုက်ဆိုတဲ့နေရာမှာ သိုက်ဆက်ဆိုရုံနဲ့ သိုက် နန်းနဲ့ တိုက်ရိုက်ပတ်သက်တယ် ယူဆလို့မဖြစ်ပါဘူး။ သိုက်တွေမှာ အုပ်ချုပ်သူတွေ ရှိတတ်ပါတယ်။ ဒေသဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ လက်အောက်ခံ နေရတာ တွေရှိတတ်သလို ...နီးစပ်ရာပုဂ္ဂိုလ်တွေရဲ့ လက် အောက်ခံတွေအဖြစ် နေရတဲ့ သိုက်တွေလည်း ရှိ တတ်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာဝိဇ္ဇာတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေကြရတဲ့ သိုက်တွေလည်း ရှိတတ်ကြပါတယ်။
တချို့ ဘုရားကျောင်းကန်ကို မှီပြီး နေကြသူ တွေဆိုရင်တော့ အဲဒိဘုရားကျောင်းကန်က အစောင့် အရှောက်တွေ၊ ဘိုးဘိုးကြီးတွေရဲ့ လက်အောက်ခံ နေရသူတွေလည်း အမြောက်အမြားပါ။
ခုတွေ့လိုက်ရတဲ့သိုက်တွေက ဧရာဝတီ မြစ် ရိုး တစ်လျှောက်မှာ စစ်ရေးကို ကာကွယ်တဲ့တာဝန် ထမ်းဆောင်နေကြရသူတွေ ဖြစ်ကြောင်း မှတ်သား လိုက်ရပါတယ်။ ရှေ့အပတ်တွေမှာလည်း သိုက်နန်း ရှင်တွေ တာဝန်ထမ်းဆောင်တာ၊ လက်အောက်ခံ ဘဝ နေကြရတာတွေကို ဆက်လက် ရေးသားဦးမှာ ဖြစ်ပါတယ်။
ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ ...

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇