ဇင်ဆရာဟိုတိ လင်းညို့တာရာ -

တစ်ခါတုန်းက ဇင်ဆရာဟိုတိ ဆိုတာ ရှိခဲ့ဘူး ပါတယ်။ ဟိုတိက သူ့ကိုယ်ပေါ်ဝယ် အထဲမှာ အရုပ် တွေ၊ သကြားလုံးတွေ၊ မုန့်တွေ အပြည့်ထည့်ထား သည့် လွယ်အိတ် အကြီးကြီးတစ်လုံး လွယ်ပြီး တစ် ရွာဝင်တစ်ရွာထွက်

သွားနေတတ်ပါတယ်။ ပြီးရင်သူ သွားတဲ့ လမ်းမှာတွေ့ရင် တွေ့တဲ့ ကလေးသူငယ် တိုင်းကို လွယ်အိတ်ထဲက မုန့်တွေ ၊ သကြားလုံးတွေ၊ အရုပ်တွေကို လိုက်ဝေပေးလေ့ ရှိတယ်။ ဒီလိုပဲနေ လာခဲ့တာ နှစ်ပေါင်းများစွာပေါ့။ အဲ့လို နှစ်ပေါင်း များစွာ တွေ့လာရတော့ တစ်နေ့မှာ လူတစ်ယောက် က ဟိုတိကို မေးလိုက်တယ်။ 

“ဟိုတိ ခင်ဗျာ ခင်ဗျားကိုလည်း ဒီလို လှည့် ပတ် လျှောက်သွားနေတာပဲ မြင်နေရတယ်။ ကျွန် တော်တို့ သိထားတာတစ်ခုရှိတယ်။ ခင်ဗျားက ဇင် ဆရာတစ်ယောက်ဆိုဗျ ။ ဇင်ဆရာဆိုပြီး ဘာလို့ များ ဒီလို လှည့်လည်ပြီးတော့ ဟိုလျှောက်သွား ဒီ လျှောက်သွား လုပ်နေရတာတုန်း။ ကလေးတွေကြား ထဲမှာပဲ မုန့်ပဲသရေစာ ဝေခြမ်း ပျော်မွေ့နေတာပဲ တွေ့နေရတယ်။ အခြားဘာတွေများ လုပ်နေသေးသ တုန်း ဗျ။ ခင်ဗျားရဲ့ ဇင်ဓမ္မဆိုတာကြီးကရော ဘာလဲ။ ဒီလိုအိတ်ကြီး တကားကားနဲ့ သွားနေတာက ခင်ဗျား ရဲ့ဇင်ဓမ္မကြီးလား။ ဇင်ဆိုတဲ့ဓမ္မအကြောင်းကို လူတွေ သိအောင် ဟောပြောတာမျိုး ကျင့်ကြံတာမျိုးများ မလုပ်ဘူးလား။ ပြောစမ်းပါ ကျွန်တော်တို့ကို ခင်ဗျားရဲ့ ဇင် ဆိုတာဘာလဲ”

ဒီမေးခွန်းကို ဟိုတိကြားလိုက်သည့်အခါ သူ့ ပခုံးပေါ်မှာလွယ်ထားသည့် အိတ်ကြီးကို ဗုန်းကနဲ့ ပစ်ချလိုက်တယ်။ ဘာမှမပြောဘဲ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း ရွှင်ရွှင်လန်းလန်းပဲ ထိုင်နေတယ်။ မေးတဲ့သူကလည်း ဟိုတိရဲ့အမူအရာကို ကြည့်ပြီး ဘာဆက်ပြောရမှန်းမသိ ကြောင်ကြည့်နေရင်းနဲ့ သတိပြန်ဝင်လာပြီး ထပ်ပြီး မေးလိုက်တယ်။

“ဇင်ဆိုတာဘာလဲ ...”

ထိုအခါ ဟိုတိက စကားတစ်ခွန်း ပြောလိုက် တယ်။ 

“ဒါ အကုန်ပဲဟေ့ ခု ထမ်းထားတဲ့ဝန်ကို ပစ်ချလိုက်တာ မြင်တယ်မလား အဲ့ဒါအကုန်ပဲ”

မေးတဲ့သူကတော့ တအံ့တဩဖြစ်သွား တယ်။ ပြီးတော့ သူ့မှာမေးခွန်းတစ်ခုရှိလာပြန်တယ်။ 

“ဟုတ်ပါပြီ ဒီဝန်ထုပ်ကြီး ပစ်ချလိုက်ပြီတဲ့ ဗျာ အဲ့ဒီနောက်က နောက်ထပ်တစ်ဆင့်ကရော”

ဒီစကားလည်းကြားရော ဟိုတိလည်း စကား တစ်ခွန်းမှ မဆိုတော့ဘဲ ပစ်ချလိုက်တဲ့ အဲ့ စားစရာ အိတ်ကြီးကို ပြန်ကောက်လွယ် လိုက်တယ်။ မေးတဲ့ သူအတွက် သူ့အိတ်ထဲက စားစရာတစ်ခု နှိုက်ပြီး စားစရာတစ်ခု ထားခဲ့တယ်။ အဲ့ဒီနောက်မှာ နောက် လှည့်မကြည့်ဘဲ ထွက်သွားတော့တယ်။

မေးတဲ့သူကလည်း မျက်လုံးလေးပြူးကြောင် ကြောင်နဲ့ ကျန်ရစ်ခဲ့တယ်။ ဒါကို အစအဆုံးမြင်နေရ တဲ့ အဘိုးအိုကြီးတစ်ယောက်က အဲ့လူကို ဝင်ပြော လိုက်တယ်။ 

“အဲ့ဒါ နောက်ထပ် တစ်ဆင့်ပဲ သူငယ်။ ထမ်းလာတဲ့ ဝန်ကို ပစ်ချပြီးတဲ့နောက် ပြန်သယ်သွား တဲ့ဝန်ဟာ သူ့ဝန် မဟုတ်ဘူး။ သူပိုင်ပစ္စည်းလည်း မဟုတ်သလို သူ့ဆိုင်ပစ္စည်းလည်း မဟုတ်ဘူး။ သူ ထမ်းထားတဲ့ သူ့လွယ်အိတ်တစ်ခုလုံးဟာ ကလေး တွေအားလုံးအတွက် ဖြစ်တယ်။ အဲ့ဒါ နောက်တစ် ဆင့်ဖြစ်သလို နောက်ဆုံးအဆင့်ပဲ”

 

လင်းညို့တာရာ

zawgyi version

 

ဇင္ဆရာဟိုတိ

-လင္းညိဳ႕တာရာ -

 

တစ္ခါတုန္းက ဇင္ဆရာဟိုတိ ဆိုတာ ရွိခဲ့ဘူး ပါတယ္။ ဟိုတိက သူ႕ကိုယ္ေပၚဝယ္ အထဲမွာ အရုပ္ ေတြ၊ သၾကားလံုးေတြ၊ မုန္႔ေတြ အျပည့္ထည့္ထား သည့္ လြယ္အိတ္ အၾကီးၾကီးတစ္လံုး လြယ္ၿပီး တစ္ ရြာဝင္တစ္ရြာထြက္ သြားေနတတ္ပါတယ္။ ၿပီးရင္သူ သြားတဲ့ လမ္းမွာေတြ႕ရင္ ေတြ႕တဲ့ ကေလးသူငယ္ တိုင္းကို လြယ္အိတ္ထဲက မုန္႔ေတြ ၊ သၾကားလံုးေတြ၊ အရုပ္ေတြကို လိုက္ေဝေပးေလ့ ရွိတယ္။ ဒီလိုပဲေန လာခဲ့တာ ႏွစ္ေပါင္းမ်ားစြာေပါ့။ အဲ့လို ႏွစ္ေပါင္း မ်ားစြာ ေတြ႕လာရေတာ့ တစ္ေန႔မွာ လူတစ္ေယာက္ က ဟိုတိကို ေမးလိုက္တယ္။ 

“ဟိုတိ ခင္ဗ်ာ ခင္ဗ်ားကိုလည္း ဒီလို လွည့္ ပတ္ ေလွ်ာက္သြားေနတာပဲ ျမင္ေနရတယ္။ ကြ်န္ ေတာ္တို႔ သိထားတာတစ္ခုရွိတယ္။ ခင္ဗ်ားက ဇင္ ဆရာတစ္ေယာက္ဆိုဗ် ။ ဇင္ဆရာဆိုၿပီး ဘာလို႔ မ်ား ဒီလို လွည့္လည္ၿပီးေတာ့ ဟိုေလွ်ာက္သြား ဒီ ေလွ်ာက္သြား လုပ္ေနရတာတုန္း။ ကေလးေတြၾကား ထဲမွာပဲ မုန္႔ပဲသေရစာ ေဝျခမ္း ေပ်ာ္ေမြ႕ေနတာပဲ ေတြ႕ေနရတယ္။ အျခားဘာေတြမ်ား လုပ္ေနေသးသ တုန္း ဗ်။ ခင္ဗ်ားရဲ႕ ဇင္ဓမၼဆိုတာႀကီးကေရာ ဘာလဲ။ ဒီလိုအိတ္ႀကီး တကားကားနဲ႔ သြားေနတာက ခင္ဗ်ား ရဲ႕ဇင္ဓမၼႀကီးလား။ ဇင္ဆိုတဲ့ဓမၼအေၾကာင္းကို လူေတြ သိေအာင္ ေဟာေျပာတာမ်ိဳး က်င့္ႀကံတာမ်ိဳးမ်ား မလုပ္ဘူးလား။ ေျပာစမ္းပါ ကြ်န္ေတာ္တို႔ကို ခင္ဗ်ားရဲ႕ ဇင္ ဆိုတာဘာလဲ”

ဒီေမးခြန္းကို ဟိုတိၾကားလိုက္သည့္အခါ သူ႕ ပခံုးေပၚမွာလြယ္ထားသည့္ အိတ္ႀကီးကို ဗုန္းကနဲ႔ ပစ္ခ်လိုက္တယ္။ ဘာမွမေျပာဘဲ ၿငိမ္ၿငိမ္သက္သက္ ေအးေအးခ်မ္းခ်မ္း ရႊင္ရႊင္လန္းလန္းပဲ ထိုင္ေနတယ္။ ေမးတဲ့သူကလည္း ဟိုတိရဲ႕အမူအရာကို ၾကည့္ၿပီး ဘာဆက္ေျပာရမွန္းမသိ ေၾကာင္ၾကည့္ေနရင္းနဲ႔ သတိျပန္ဝင္လာၿပီး ထပ္ၿပီး ေမးလိုက္တယ္။

“ဇင္ဆိုတာဘာလဲ ...”

ထိုအခါ ဟိုတိက စကားတစ္ခြန္း ေျပာလိုက္ တယ္။ 

“ဒါ အကုန္ပဲေဟ့ ခု ထမ္းထားတဲ့ဝန္ကို ပစ္ခ်လိုက္တာ ျမင္တယ္မလား အဲ့ဒါအကုန္ပဲ”

ေမးတဲ့သူကေတာ့ တအံ့တဩျဖစ္သြား တယ္။ ၿပီးေတာ့ သူ႔မွာေမးခြန္းတစ္ခုရွိလာျပန္တယ္။ 

“ဟုတ္ပါၿပီ ဒီဝန္ထုပ္ႀကီး ပစ္ခ်လိုက္ၿပီတဲ့ ဗ်ာ အဲ့ဒီေနာက္က ေနာက္ထပ္တစ္ဆင့္ကေရာ”

ဒီစကားလည္းၾကားေရာ ဟိုတိလည္း စကား တစ္ခြန္းမွ မဆိုေတာ့ဘဲ ပစ္ခ်လိုက္တဲ့ အဲ့ စားစရာ အိတ္ႀကီးကို ျပန္ေကာက္လြယ္ လိုက္တယ္။ ေမးတဲ့ သူအတြက္ သူ႔အိတ္ထဲက စားစရာတစ္ခု ႏိႈက္ၿပီး စားစရာတစ္ခု ထားခဲ့တယ္။ အဲ့ဒီေနာက္မွာ ေနာက္ လွည့္မၾကည့္ဘဲ ထြက္သြားေတာ့တယ္။

ေမးတဲ့သူကလည္း မ်က္လံုးေလးျပဴးေၾကာင္ ေၾကာင္နဲ႔ က်န္ရစ္ခဲ့တယ္။ ဒါကို အစအဆံုးျမင္ေနရ တဲ့ အဘိုးအိုႀကီးတစ္ေယာက္က အဲ့လူကို ဝင္ေျပာ လိုက္တယ္။ 

“အဲ့ဒါ ေနာက္ထပ္ တစ္ဆင့္ပဲ သူငယ္။ ထမ္းလာတဲ့ ဝန္ကို ပစ္ခ်ၿပီးတဲ့ေနာက္ ျပန္သယ္သြား တဲ့ဝန္ဟာ သူ႕ဝန္ မဟုတ္ဘူး။ သူပိုင္ပစၥည္းလည္း မဟုတ္သလို သူ႔ဆိုင္ပစၥည္းလည္း မဟုတ္ဘူး။ သူ ထမ္းထားတဲ့ သူ႕လြယ္အိတ္တစ္ခုလံုးဟာ ကေလး ေတြအားလံုးအတြက္ ျဖစ္တယ္။ အဲ့ဒါ ေနာက္တစ္ ဆင့္ျဖစ္သလို ေနာက္ဆံုးအဆင့္ပဲ”

 

လင္းညိဳ႕တာရာ

Share