ဓာတ်ရိုက်ဓာတ်ဆင်လေ့လာသူများအတွက်

သစ်ပင်တစ်ပင်လုံး၏ အစွမ်းသတ္တိများ

-ဟန်ထက်စော -

၁။ အမြစ် = ရေရှည်လုပ်လို့ မရတဲ့လုပ်ငန်း တွေ၊ မပြီးပြတ်ဘဲ ကြာနေရတဲ့လုပ်ငန်တွေ၊ ပြောရ ဆိုရခက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံတဲ့ကိစ္စတွေ၊ နာ တာရှည်ဖြစ်နေတဲ့ ရောဂါသည်တွေအတွက် သုံးရ မယ့် ဓာတ်သားဖြစ်ပါသည်။

 

၂။ ပင်စည် = ရေရှည်လုပ်ရမယ့်အလုပ်တွေ၊ အမြဲတစေ လုပ်တဲ့အလုပ်တွေ၊ သေချာစေချင်တဲ့ အလုပ်တွေ၊ ကိုယ်ရှင်းမှဖြစ်မယ့်အလုပ်တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်သည်။

၃။ အခေါက် = အထင်အမြင်လွဲနေတဲ့ ကိစ္စတွေ၊ လုပ်ချင်တဲ့ကိစ္စတွေ၊ ခက်ခဲနေတဲ့ကိစ္စတွေ၊ စိတ်မချမ်းမသာဖြစ်နေတဲ့အလုပ်တွေ၊ ဆေးမတွေ့ တဲ့ ရောဂါတွေ၊ ရန်ဖြစ်ထားတဲ့ အိမ်ထောင်သည် တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်သည်။

၄။ အသား = ဘယ်ကိစ္စမဆိုသုံးလို့ရတယ်။ လျင်လျင်မြန်မြန် မဖြစ်တတ်ပါ။ ဖြည်းဖြည်းမှန်မှန်ပဲ ဖြစ်တတ်တဲ့ ဓာတ်သားပါ။

၅။ အကိုင်း = အိမ်မှာမနေတဲ့သူ စိတ်ဆိုး ပြီးဆင်းသွားတဲ့သူ အရောင်းအဝယ်ပါးနေတဲ့ကိစ္စ၊ သူများ အနှောင့်အယှက်ပေးတဲ့လုပ်ငန်း အခွင့်အရေး ရခါနီးဖြစ်လိုက် ဝေးသွားလိုက်နဲ့ မရေမရာဖြစ်နေ တဲ့ကိစ္စတွေအတွက် သုံးရမယ့်ဓာတ်သားဖြစ်သည်။

၆။ အရွက် = ကျန်းမာရေးအတွက် လူ ကြီးသူမနဲ့တွေ့စရာရှိတဲ့အခါ၊ ရန်သူနဲ့ယှဉ်ပြိုင်ပြီး တိုက်ရတဲ့အခါ၊ အရောင်းအဝယ် အပြိုင်အဆိုင်နဲ့ ရောင်းတဲ့အခါ၊ လေလံကန်ထရိုက်များအတွက် သုံးရ မယ့် ဓာတ်သားဖြစ်သည်။

၇။ အဖူး = ရည်ရွယ်ထားပြီး လုပ်နေတဲ့ အလုပ်အတွက် သတင်းမကြားရသေးဘူးဆိုရင်၊ သွား နေတာကို လာစေချင်ရင်၊ အခွင့်အရေးတွေ ပိတ် နေရင်၊ ဘယ်လောက် အကောင်းလုပ်ပေး လုပ်ပေး မကောင်းထင်တဲ့ကိစ္စတွေအတွက် သုံးရမယ့် ဓာတ် သားပါ။

၈။ အပွင့် = အချစ် အိမ်ထောင်ရေးမှာ သုံးဖို့အတွက်၊ ဓာတ်အနှောင့်အယှက် ဖြစ်နေတာ အတွက်၊ အကြံအစည်နဲ့ ခရီးသွားချင်တဲ့သူအတွက်၊ အလုပ်နေရာပြောင်းချင်သူအတွက်၊ လုပ်ငန်းသစ် လုပ်ချင်နေသူအတွက် အသုံးပြုရမယ့် ဓာတ်သား ဖြစ်သည်။

၉။ အသီး = ကျန်းမာရေးချို့တဲ့နေသူတွေ အတွက်၊ အထက်လူကြီးက ငြိုငြင်ခြင်းကိုခံနေရသူ အတွက်၊ ပညာရေးမှာ အနှောင့်အယှက် ဖြစ်နေသူ အတွက်၊ အပြိုင်အဆိုင်လုပ်လိုသူတွေအတွက် သုံးရ မယ့် ဓာတ်သားပါ။

၁၀။ အညွန့်အခက် = ကံဇာတာ ညံ့နေသူ တွေအတွက်၊ အဆင်မပြေသူတွေအတွက်၊ တိုးတက် ဖို့ကြိုးစားနေသူတွေအတွက်၊ လုပ်ငန်းတွေ အေးဆေး စွာမဖြစ်ဘဲ ထစ်ငေါ့နေသူတွေအတွက် သုံးရမယ့် ဓာတ်သားပါ။

မှတ်ချက်။။ ဓာတ်ရိုက်ဓာတ်ဆင် ပြု လုပ်သောအခါ သစ်ပင်တစ်ပင် ဓာတ်သားတစ်ခု ဆိုတာနှင့် မပြီးပါ။ ကိုယ်သုံးမယ့် ဓာတ်ပင်ရဲ့ ဘယ် အရာနဲ့လုပ်ရမည်ဆိုတာ အရေးပါသည်။

 

ဟန်ထက်စော

မနောမယဂမ္ဘီရဂျာနယ် အမှတ် (822)

zawgyiversion

ဓာတ္႐ုိက္ဓာတ္ဆင္ေလ့လာသူမ်ားအတြက္

သစ္ပင္တစ္ပင္လံုး၏ အစြမ္းသတၱိမ်ား

-ဟန္ထက္ေစာ -

 

၁။ အျမစ္ = ေရရွည္လုပ္လို႔ မရတဲ့လုပ္ငန္း ေတြ၊ မၿပီးျပတ္ဘဲ ၾကာေနရတဲ့လုပ္ငန္ေတြ၊ ေျပာရ ဆိုရခက္တဲ့ ပုဂၢိဳလ္ေတြနဲ႕ဆက္ဆံတဲ့ကိစၥေတြ၊ နာ တာရွည္ျဖစ္ေနတဲ့ ေရာဂါသည္ေတြအတြက္ သံုးရ မယ့္ ဓာတ္သားျဖစ္ပါသည္။

၂။ ပင္စည္ = ေရရွည္လုပ္ရမယ့္အလုပ္ေတြ၊ အၿမဲတေစ လုပ္တဲ့အလုပ္ေတြ၊ ေသခ်ာေစခ်င္တဲ့ အလုပ္ေတြ၊ ကိုယ္ရွင္းမွျဖစ္မယ့္အလုပ္ေတြအတြက္ သံုးရမယ့္ ဓာတ္သားျဖစ္သည္။

၃။ အေခါက္ = အထင္အျမင္လြဲေနတဲ့ ကိစၥေတြ၊ လုပ္ခ်င္တဲ့ကိစၥေတြ၊ ခက္ခဲေနတဲ့ကိစၥေတြ၊ စိတ္မခ်မ္းမသာျဖစ္ေနတဲ့အလုပ္ေတြ၊ ေဆးမေတြ႕ တဲ့ ေရာဂါေတြ၊ ရန္ျဖစ္ထားတဲ့ အိမ္ေထာင္သည္ ေတြအတြက္ သံုးရမယ့္ ဓာတ္သားျဖစ္သည္။

၄။ အသား = ဘယ္ကိစၥမဆိုသံုးလို႔ရတယ္။ လ်င္လ်င္ျမန္ျမန္ မျဖစ္တတ္ပါ။ ျဖည္းျဖည္းမွန္မွန္ပဲ ျဖစ္တတ္တဲ့ ဓာတ္သားပါ။

၅။ အကိုင္း = အိမ္မွာမေနတဲ့သူ စိတ္ဆိုး ၿပီးဆင္းသြားတဲ့သူ အေရာင္းအဝယ္ပါးေနတဲ့ကိစၥ၊ သူမ်ား အေနွာင့္အယွက္ေပးတဲ့လုပ္ငန္း အခြင့္အေရး ရခါနီးျဖစ္လိုက္ ေဝးသြားလိုက္နဲ႔ မေရမရာျဖစ္ေန တဲ့ကိစၥေတြအတြက္ သံုးရမယ့္ဓာတ္သားျဖစ္သည္။

၆။ အရြက္ = က်န္းမာေရးအတြက္ လူ ႀကီးသူမနဲ႔ေတြ႕စရာရွိတဲ့အခါ၊ ရန္သူနဲ႔ယွဥ္ျပိဳင္ၿပီး တိုက္ရတဲ့အခါ၊ အေရာင္းအဝယ္ အၿပိဳင္အဆိုင္နဲ႔ ေရာင္းတဲ့အခါ၊ ေလလံကန္ထ႐ိုက္မ်ားအတြက္ သံုးရ မယ့္ ဓာတ္သားျဖစ္သည္။

၇။ အဖူး = ရည္ရြယ္ထားၿပီး လုပ္ေနတဲ့ အလုပ္အတြက္ သတင္းမၾကားရေသးဘူးဆိုရင္၊ သြား ေနတာကို လာေစခ်င္ရင္၊ အခြင့္အေရးေတြ ပိတ္ ေနရင္၊ ဘယ္ေလာက္ အေကာင္းလုပ္ေပး လုပ္ေပး မေကာင္းထင္တဲ့ကိစၥေတြအတြက္ သံုးရမယ့္ ဓာတ္ သားပါ။

၈။ အပြင့္ = အခ်စ္ အိမ္ေထာင္ေရးမွာ သံုးဖို႕အတြက္၊ ဓာတ္အေႏွာင့္အယွက္ ျဖစ္ေနတာ အတြက္၊ အႀကံအစည္နဲ႕ ခရီးသြားခ်င္တဲ့သူအတြက္၊ အလုပ္ေနရာေျပာင္းခ်င္သူအတြက္၊ လုပ္ငန္းသစ္ လုပ္ခ်င္ေနသူအတြက္ အသံုးျပဳရမယ့္ ဓာတ္သား ျဖစ္သည္။

၉။ အသီး = က်န္းမာေရးခ်ိဳ႕တဲ့ေနသူေတြ အတြက္၊ အထက္လူႀကီးက ျငိဳျငင္ျခင္းကိုခံေနရသူ အတြက္၊ ပညာေရးမွာ အေႏွာင့္အယွက္ ျဖစ္ေနသူ အတြက္၊ အၿပိဳင္အဆိုင္လုပ္လိုသူေတြအတြက္ သံုးရ မယ့္ ဓာတ္သားပါ။

၁၀။ အညြန္႔အခက္ = ကံဇာတာ ညံ႕ေနသူ ေတြအတြက္၊ အဆင္မေျပသူေတြအတြက္၊ တိုးတက္ ဖို႔ႀကိဳးစားေနသူေတြအတြက္၊ လုပ္ငန္းေတြ ေအးေဆး စြာမျဖစ္ဘဲ ထစ္ေငါ့ေနသူေတြအတြက္ သံုးရမယ့္ ဓာတ္သားပါ။

မွတ္ခ်က္။။ ဓာတ္႐ိုက္ဓာတ္ဆင္ ျပဳ လုပ္ေသာအခါ သစ္ပင္တစ္ပင္ ဓာတ္သားတစ္ခု ဆိုတာႏွင့္ မၿပီးပါ။ ကိုယ္သံုးမယ့္ ဓာတ္ပင္ရဲ႕ ဘယ္ အရာနဲ႔လုပ္ရမည္ဆိုတာ အေရးပါသည္။

 

ဟန္ထက္ေစာ

မေနာမယဂမၻီရဂ်ာနယ္ အမွတ္ (822)

Share