စုန်း -မောင်မြင့်ဝင်း-

ကျွန်တော် ငယ်စဉ်အခါက ရွာမှာ လူတစ်ဦး နေမကောင်းဖြစ်ရင် နတ်ကတော်တွေ ပြောတဲ့ အတိုင်း သရဲကျွေးရတယ်။ အမေ့ကိုမေးကြည့်တော့ မယုံ မလုပ်ရဘူးသား။ ရွာတိုင်းမှာ စုန်းဆိုတာ ရှိတယ်။ ရွာတစ်ရွာတည်ရင် စုန်းမ ခုနစ်ယောက်ရှိမှ ရွာတည်လိုရတာလို့ အမေကရှင်းပြတယ်။

ဒါကြောင့်လည်း ရွာထဲမှာ ရုပ်ဆိုးဆိုး အဘွား ကြီးတွေဆို ကွယ်ရာမှာ စုန်းလို့သတ်မှတ်ပြီး ခပ်ကင်း ကင်းနေကြတယ်။

 

ညဆို အပြင်လျှောက်မသွားရဲဘူး။ နောက် ဆုံး အိမ်သာသွားရင်တောင် ချေးစားစုန်းကို ကြောက် လို့ဆိုပြီး ညပိုင်း အိမ်သာမတက်မိအောင် အောင့် ထားခဲ့တယ်။ 

ဒီအတိုင်းဆို မြို့တွေမှာ ရပ်ကွက်တွေ အများ ကြီးဆိုတော့ တစ်ရပ်ကွက်ကို စုန်းခုနစ်ယောက်ရှိရင် တစ်မြို့လုံး အတိုင်းအတာဆို စုန်းတွေ အများကြီး ဖြစ်နေမှာပေါ့လို့ ကျွန်တော်တွေးလိုက်မိတယ်။ 

အသက်လေး ကြီးလာတော့ စာတွေဖတ်ပြီး သိလာရတော့ ငယ်ငယ်က ထင်သမျှအရာတွေဟာ တက်တက်စင်အောင် လွဲခဲ့တယ်။ တကယ်တော့ ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက် လိုတာတော့ အမှန်ပါ။ ရွာမှ မဟုတ်ပါဘူး။ နိုင်ငံတည်ရင်လည်း အဲဒီစုန်း ခုနစ်ယောက်က အမှန်တကယ် လိုအပ် နေပါတယ်။

စုန်းဆိုတဲ့အဓိပ္ပာယ်က -

စုန်း= စုန္နော= ဖြောင့်မှန်သောသူ

(စုန္နောတိ ဥဇုကတော- ဖြောင့်မတ် မှန်ကန် သည့် ပညာရှင်ခုနှစ်ဦး)ဟု ဋီကာကျမ်းက ဖွင့်ဆို ပြထားပါတယ်။ 

အဲဒီ ခုနှစ်ဦးကတော့ -

 

(၁) မြေပညာရှင်

ရွာသစ်တည်မည့်နေရာသည် မြေအနေ အထား သင့် မသင့် မြေဆီမြေလွှာကို သိရှိ ကျွမ်းကျင်သူ

(၂) ရေပညာရှင်

သောက်သုံးရေ၊ ရေချို၊ စိုက်ပျိုးရေး လုပ် ငန်းသုံးရေ ရမရကို သိရှိကျွမ်းကျင်သူ

(၃) လေပညာရှင်

လေကြောင်း သင့်မသင့်၊ လေငြိမ်အရပ် ဟုတ် မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်း ကျင်ပါးနပ်သူ

(၄) စီးပွားရေးပညာရှင်

(၅) ပညာရေး စီမံနိုင်သူ

(၆) ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇) ဆက်သွယ်ရေး ကျွမ်းကျင်သူ

ရွာတည်မည့်နေရာသည် ရွာ၏ လိုအပ်ချက် များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့် အချက်အလက် လမ်းကြောင်းကိုသိသောသူ ... အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

အထက်ကဆိုခဲ့တဲ့ စုန်းခုနစ်ဦးက ရွာတည် ရာမှာဖြစ်ဖြစ်၊ နိုင်ငံတည်ထောင်ရာဖြစ်ဖြစ်  အမှန် တကယ် လိုအပ်လာရပါတယ်။

ဒီနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ဒီစုန်း ခုနစ်ဦးရဲ့ ကျွမ်းကျင်တဲ့ ပညာ ရပ်တွေဟာ အမှန်တကယ် လိုအပ်နေပါတယ်။

ကျေးရွာများမှာတော့ ဒီနေ့ ထိတိုင် စုန်း ဆိုတာ ပြုစားတတ်တဲ့ စုန်းလို့ အယူမှားနေဆဲပါ။ ဒီလိုလွဲမှားနေတဲ့ အယူအဆမှားတွေကို ဒီနေ့အထိ လက်ခံယုံကြည်နေတာဟာ စာပေဗဟုသုတ နည်း ပါးကြလို့သာ ဖြစ်ပါတယ်။ စာဖတ်နည်းကြလို့သာ ဖြစ်ပါတယ်။ စာဖတ်ခြင်းက လွဲမှားနေတဲ့ အယူ အဆမှားတွေကို အမှန်မြင်နိုင်ပါတယ်။ အမှား အမှန်ကို သေချာဝေဖန် နိုင်ပါတယ်။ ကိုယ့်ဘဝကို လမ်းမှန်ပေါ်ရောက်အောင် ညွှန်ပြပေးပါတယ်။ ဒါကြောင့် လူတိုင်း စာဖတ်ကြပါ။ အထူးသဖြင့် တိုးတက်လိုတဲ့ လူငယ်တိုင်းစာဖတ်ကြပါ။ စာဖတ် တဲ့လူတိုင်း မတိုးတက်ပေမယ့် တိုးတက်တဲ့လူတိုင်း ကတော့ စာဖတ်ကြပါတယ်။ ဒါကြောင့် အယူမှား တွေ ကင်းဝေးပြီး ဘဝလေးတွေ တိုးတက်ဖို့ စာ ဖတ်ကြပါလို့  တိုက်တွန်းလိုက်ပါရစေ။

 

မောင်မြင့်ဝင်း

zawgyi version

 

စုန္း

-ေမာင္ျမင့္၀င္း-

ကြ်န္ေတာ္ ငယ္စဥ္အခါက ရြာမွာ လူတစ္ဦး ေနမေကာင္းျဖစ္ရင္ နတ္ကေတာ္ေတြ ေျပာတဲ့ အတိုင္း သရဲေကြ်းရတယ္။ အေမ့ကိုေမးၾကည့္ေတာ့ မယံု မလုပ္ရဘူးသား။ ရြာတိုင္းမွာ စုန္းဆိုတာ ရွိတယ္။ ရြာတစ္ရြာတည္ရင္ စုန္းမ ခုနစ္ေယာက္ရွိမွ ရြာတည္လိုရတာလို႕ အေမကရွင္းျပတယ္။

ဒါေၾကာင့္လည္း ရြာထဲမွာ ႐ုပ္ဆိုးဆိုး အဘြား ႀကီးေတြဆို ကြယ္ရာမွာ စုန္းလို႕သတ္မွတ္ၿပီး ခပ္ကင္း ကင္းေနၾကတယ္။

ညဆို အျပင္ေလွ်ာက္မသြားရဲဘူး။ ေနာက္ ဆံုး အိမ္သာသြားရင္ေတာင္ ေခ်းစားစုန္းကို ေၾကာက္ လို႕ဆိုၿပီး ညပိုင္း အိမ္သာမတက္မိေအာင္ ေအာင့္ ထားခဲ့တယ္။ 

ဒီအတိုင္းဆို ၿမိဳ႕ေတြမွာ ရပ္ကြက္ေတြ အမ်ား ႀကီးဆိုေတာ့ တစ္ရပ္ကြက္ကို စုန္းခုနစ္ေယာက္ရွိရင္ တစ္ျမိဳ႕လံုး အတိုင္းအတာဆို စုန္းေတြ အမ်ားႀကီး ျဖစ္ေနမွာေပါ့လို႔ ကြ်န္ေတာ္ေတြးလိုက္မိတယ္။ 

အသက္ေလး ႀကီးလာေတာ့ စာေတြဖတ္ၿပီး သိလာရေတာ့ ငယ္ငယ္က ထင္သမွ်အရာေတြဟာ တက္တက္စင္ေအာင္ လြဲခဲ့တယ္။ တကယ္ေတာ့ ရြာတစ္ရြာတည္ရင္ စုန္း ခုနစ္ေယာက္ လိုတာေတာ့ အမွန္ပါ။ ရြာမွ မဟုတ္ပါဘူး။ ႏိုင္ငံတည္ရင္လည္း အဲဒီစုန္း ခုနစ္ေယာက္က အမွန္တကယ္ လိုအပ္ ေနပါတယ္။

စုန္းဆိုတဲ့အဓိပၸာယ္က -

စုန္း= စုေႏၷာ= ေျဖာင့္မွန္ေသာသူ

(စုေႏၷာတိ ဥဇုကေတာ- ေျဖာင့္မတ္ မွန္ကန္ သည့္ ပညာရွင္ခုႏွစ္ဦး)ဟု ဋီကာက်မ္းက ဖြင့္ဆို ျပထားပါတယ္။ 

အဲဒီ ခုႏွစ္ဦးကေတာ့ -

 

(၁) ေျမပညာရွင္

ရြာသစ္တည္မည့္ေနရာသည္ ေျမအေန အထား သင့္ မသင့္ ေျမဆီေျမလႊာကို သိရွိ ကြ်မ္းက်င္သူ

(၂) ေရပညာရွင္

ေသာက္သံုးေရ၊ ေရခ်ိဳ၊ စိုက္ပ်ိဳးေရး လုပ္ ငန္းသံုးေရ ရမရကို သိရွိကြ်မ္းက်င္သူ

(၃) ေလပညာရွင္

ေလေၾကာင္း သင့္မသင့္၊ ေလၿငိမ္အရပ္ ဟုတ္ မဟုတ္ စသည့္ ေလသေဘာသဘာဝ ကြ်မ္း က်င္ပါးနပ္သူ

(၄) စီးပြားေရးပညာရွင္

(၅) ပညာေရး စီမံႏိုင္သူ

(၆) က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္သူ

(၇) ဆက္သြယ္ေရး ကြ်မ္းက်င္သူ

ရြာတည္မည့္ေနရာသည္ ရြာ၏ လိုအပ္ခ်က္ မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္ အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူ ... အစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။

အထက္ကဆိုခဲ့တဲ့ စုန္းခုနစ္ဦးက ရြာတည္ ရာမွာျဖစ္ျဖစ္၊ ႏိုင္ငံတည္ေထာင္ရာျဖစ္ျဖစ္  အမွန္ တကယ္ လိုအပ္လာရပါတယ္။

ဒီေန႕ ႏိုင္ငံေတာ္ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေနခ်ိန္မွာ ဒီစုန္း ခုနစ္ဦးရဲ႕ ကြ်မ္းက်င္တဲ့ ပညာ ရပ္ေတြဟာ အမွန္တကယ္ လိုအပ္ေနပါတယ္။

ေက်းရြာမ်ားမွာေတာ့ ဒီေန႕ ထိတိုင္ စုန္း ဆိုတာ ျပဳစားတတ္တဲ့ စုန္းလို႕ အယူမွားေနဆဲပါ။ ဒီလိုလြဲမွားေနတဲ့ အယူအဆမွားေတြကို ဒီေန႕အထိ လက္ခံယံုၾကည္ေနတာဟာ စာေပဗဟုသုတ နည္း ပါးၾကလို႕သာ ျဖစ္ပါတယ္။ စာဖတ္နည္းၾကလို႕သာ ျဖစ္ပါတယ္။ စာဖတ္ျခင္းက လြဲမွားေနတဲ့ အယူ အဆမွားေတြကို အမွန္ျမင္ႏိုင္ပါတယ္။ အမွား အမွန္ကို ေသခ်ာေဝဖန္ ႏိုင္ပါတယ္။ ကိုယ့္ဘဝကို လမ္းမွန္ေပၚေရာက္ေအာင္ ညႊန္ျပေပးပါတယ္။ ဒါေၾကာင့္ လူတိုင္း စာဖတ္ၾကပါ။ အထူးသျဖင့္ တိုးတက္လိုတဲ့ လူငယ္တိုင္းစာဖတ္ၾကပါ။ စာဖတ္ တဲ့လူတိုင္း မတိုးတက္ေပမယ့္ တိုးတက္တဲ့လူတိုင္း ကေတာ့ စာဖတ္ၾကပါတယ္။ ဒါေၾကာင့္ အယူမွား ေတြ ကင္းေဝးၿပီး ဘဝေလးေတြ တိုးတက္ဖို႕ စာ ဖတ္ၾကပါလို႕  တိုက္တြန္းလိုက္ပါရေစ။

 

ေမာင္ျမင့္ဝင္း

Share