ရှင်တော်ဟောသည့် အဆိပ်ရည်

-မောင်ဉာဏ်စိန်-

“သေနှင့် အရက်၊ စီးပွားဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြ ပါလေ။ ရှင်တော် ဟောသည့် အဆိပ်ရေ”

(လက်သစ်ထောင်ကာ ဆုံးမစာ)

 

နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် မှုခင်းသတင်းဂျာနယ်များကို ဖတ်ရှုလျှင် စိတ်မချမ်းသာဖွယ် သတင်းအချို့ကို ဖတ်ရှုနေရသည်။ မိဘက  သားသမီး ကို သတ်၊ သားသမီးက မိဘကိုသတ်၊ အစ်ကိုက ညီကိုသတ်၊ ညီက အစ်ကိုကို သတ်သော သတင်းများ ဖြစ်ကြပေသည်။ ပို၍ဆိုးသည်မှာ ဖခင်ဖြစ်သူက မိမိ၏သမီး အရင်းကို အဓမ္မကျင့်သော သတင်းမျိုးပင် ဖြစ်သည်။ ပထွေးက မယားပါသမီးကို အဓမ္မပြုကျင့်သော သတင်းမျိုးကိုလည်း မကြာခဏ ဖတ်ရှုနေရသည်။ “လူ့လောက ကြီး ပျက်စီးလုနီးနေပြီလော”ဟု တွေးတော စိုးရိမ်ဖွယ်ဖြစ်လျက် ရှိပေသည်။ ဗုဒ္ဓဘာ သာ ထွန်းကားသော မြန်မာနိုင်ငံ၊ အစဉ်အလာ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားထွန်းကား သော သီလကို စောင့်ထိန်းလေ့ရှိသော မြန်မာနိုင်ငံ မြန်မာ့လူ့အဖွဲ့အစည်းအဖို့ ရှက်ဖွယ် လိလိဖြစ်ပျက် လျက်ရှိပေသည်။ 

ဤသို့ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသတင်းမျိုးကို အသေးစိတ် ဖတ်ရှုလိုက်သောအခါ အရက် သေစာသောက်စားမှုသည် အဓိကတရားခံဖြစ်ကြောင်း တွေ့ရှိရပေသည်။”အရက် သမား အမှားတစ်ထောင်” ဟူသော စကားအတိုင်း အ ရက်သေစာ မသောက်စား လျှင် မမှောက်မှားနိုင်သော၊ မကျူးလွန်နိုင် သော ပြစ်မှုများကို အရက်သေစာကို သောက် စားထားသောအခါ ကျူးလွန်မိလေ့ရှိကြသည်။ 

စိတ်ရောဂါ အထူးကုဆေးရုံကို သွား ကြည့်လျှင် အရက်သောက် အရက်ကြောင် ကြောင်ပြီး ဆေးရုံတက်ပြီး ဆေးဝါးကုသနေသူ အမြောက်အမြားကို တွေ့ရသည်။ အသည်း ရောဂါ အထူးကုဌာနကို သွားလျှင် အသည်း ခြောက်၍ ဆေးရုံတက်နေသူ အမြောက်အမြားကို တွေ့ရသည်။ ဤသည်တို့မှာလည်း အရက် သောက်လွန်မှုကြောင့် ဖြစ်ပွားရခြင်း ပင်ဖြစ် သည်။ နေ့စဉ် သတင်းစာများတွင် ပါရှိသည့် ဆဲဆိုမှု၊ ရန်ဖြစ်မှုမှ အစ ရိုက်နှက်ကြမှု၊ ဓားထိုးမှု စသည်တို့မှာလည်းအရက်သေစာသောက် စားကြရာမှ စတင်ခြင်းဖြစ် ကြောင်း ထင်ရှားလှပေသည်။ 

“အရက်သေစာ မသောက်စားနှင့် မှောက် မှားတတ်တဲ့ အရာပေ”ဟု ဆုံးမထားသော်လည်း လိုက်နာသူ နည်းလာကြ ပေသည်။ တိုင်းပြည် တွင်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ မျှအ တွင်း မြို့ပြဒေသတွင် ရော ကျေးလက်ဒေသ များတွင်ပါ အရက်ဆိုင် များ အရက်ရောင်းချမှု များ ပို၍များပြားလာကြ လေသည်။ မြို့ပြဒေသတွင် ဘီယာ ဆိုင်များ များပြားလာသကဲ့သို့ ကျေးလက်ဒေ သတွင် ချက်အရက် ရောင်းသောဆိုင်များ များပြားနေကြသည်။ ဘုရားပွဲများသည် သေရည်သောက်ပွဲများ၊ အရက်သောက်ပွဲများ ဖြစ်နေကြသည်။ 

“သေရည်ကို မသောက်နှင့် ရေကြည်ကို မနှောက်နှင့် ...”ဟူသော ဦးနု၏ စကားပုံတစ်ခု ရှိခဲ့ ဖူးလေသည်။ သေရည်ကိုသောက်က အပါယ်ဘုံသို့ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်မှုန်တို့ ထတတ်သည်ဟု ဆိုထားသည်။ သို့သော် ယခု ခေတ်တွင် သေရည်ကိုလည်း အလွန်အကျွံ သောက်နေကြသည်။ ရေကြည်ကိုလည်း အလွန့်အလွန် နှောက်လျက်ရှိကြသည်။ 

“စိတ်ဆင်ရိုင်းကို ထုံးပိုင်းမခြား ယဉ်စိမ့်ငှာလျှင် ပညာထိန်း၍ မိန့်စေမင်း”ဟု ရှေးပညာရှိတို့က  ဆိုဆုံးမထားသည်။ သို့ရာတွင် ပညာတတ်များလည်း မထိန်းသိမ်းကြ၊ ပညာမတတ်သူများလည်း မစောင့်ထိန်းကြပေ။ ရာခိုင်နှုန်း အတော်များများသည် အရက်၏ ကျေးကျွန်များဖြစ်နေကြသည်။ အမျိုးသားများသာမက အမျိုးသမီးများပင် မရှက်မကြောက် သောက်တတ်လာကြပြီ ဖြစ်သည်။ 

ကျွန်တော်သည် ဒုကနိပတ်လာ ဇာတ်ဝတ္ထုတစ်ခုကို ပြန်လည်သတိရမိသည်။ 

ရှေးသရောအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးသည် မင်းပြုခဲ့သည်။ မင်းကြီး သည် မူးယစ်သောက်စားလေ့ရှိသည်။ သောက်စား သောအခါ မြည်းစရာအဖြစ် အမဲ၊ သား၊ ငါးတို့ကို ဆက်သရသည်။ ဗာရာဏသီပြည်၏ ထုံးတမ်းစဉ် လာအရ လပြည့်လကွယ်နေ့များတွင် အမဲ၊ သား၊ ငါး မပေါ်ရဟု အမိန့်ထုတ်ပြန်ထားသည်။ စားဖိုသည် စားတော်ကဲသည် လပြည့်၊ လကွယ်နေ့ ဘုရင့်ပွဲတော်အတွက် အမဲ၊ သား၊ ငါးတို့ကို တစ်ရက်ကြိုတင်၍ ဝယ်ယူ သိုလှောင်ထားရသည်။ 

တစ်နေ့သောအခါ ယင်းသို့ ကြိုတင်ဝယ်ယူထားသော အမဲသား ငါးကို နန်း တွင်းရှိ ခွေးများက စားသွားကြသည်။ စားတော်ကဲမှာ အကြံအိုက်၍ မိဖုရားကြီးထံသို့ သွားရောက်ပြီး အကူအညီတောင်းခံသည်။ မိဖုရားကြီးက ဘုရင်မင်းမြတ်သည် သား တော်ကလေးကို အလွန်ချစ်မြတ်နိုးကြောင်း၊ သားတော်ကလေးကို ပွေ့ချီလျက် စိတ် ကြည်နူးနေစဉ် ပွဲတော်ကို ဆက်သပါက ရာဇမာန်ရှခြင်းမှ ကင်းလွတ်ရန်ရှိကြောင်း အကြံပေးလေသည်။ 

ဘုရင်ကြီး မူးယစ်နေစဉ် မိဖုရားကြီးသည် သားငယ်ကို ရေမိုးချိုး၊ နံ့သာလိ်မ်းကျံ၊ တန်ဆာဆင် ပြီးလျှင် ဘုရင်ကြီး၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအချိန်တွင် စားတော်ကဲက အသားဟင်း လျာမပါသော ပွဲတော်အုပ်ကို ဆက်သလေရာ ဘုရင်ကြီးမှာ အမျက်ဒေါသ ပေါက်ကြတော့သည်။

“ငါရှင်ဘုရင်ဖြစ်လျက် ဟင်းလျာတစ်ခွက်မျှ မပါလေသလော ...”ဟု စား တော်ကဲကို ကြိမ်းမောင်းလေရာ စားတော်ကဲက တစ်တိုင်းပြည်လုံးတွင် သားသတ်ရုံများ ပိတ်ထား၍ မရနိုင်ပါကြောင်း လျှောက်ထားလေသည်။ အ ရက်မူးနေသော ဘုရင်ကြီးမှာ ရင်ခွင်ထဲရှိ သားငယ်ကို လည်ပင်းလိမ်ချိုးကာ “ရော့ ယူသွားချက်ချေ ...” ဟု ပေးလိုက် လေတော့သည်။ 

စားတော်ကဲသည် ဘုရင့် အမိန့်ကို မလွန်ဆန်နိုင်သဖြင့် ကလေးသေ၏ အသားကို ကြော်၊ လှော်၊ ချက်ပြုတ် ဖုတ်ကင်၍ ဘုရင်ကြီးထံ ဆက်သလိုက် လေရာ ဘုရင်ကြီးမှာ အရက်နှင့် မြည်းလိုက်လေလေတော့သည်။ ဒေါသမာန် တက်နေချိန်ဖြစ်၍ မိဖုရားကြီးသည် တစ်ခွန်းတစ် ပါဒမျှ မဟရဲဘဲ တိတ် တခိုး မျက်ရည်သုတ်၍ နေရရှာတော့သည်။ 

 နံနက်မိုး သောက်အလင်းရောက် သောအခါ ဘုရင်ကြီးမှာ အမူးပြေလာသည်။ ယမန်နေ့ညက အဖြစ် အပျက်များကို သတိမရ တော့ပေ။ “သားတော် ကလေးကိုခေါ်ခဲ့ပါ ..”ဟုအမိန့်ရှိလေရာမိဖုရား ကြီးက “အရှင်မင်းကြီး ကိုယ်တိုင် အရက်နှင့် မြည်းလိုက်ပြီဖြစ်ကြောင်း ...” ငြွေိုကး လျှောက်ထားလေတော့ သည်။ 

မင်းကြီးသည် သားကြောင့် ဖြစ်သော သောကကြောင့် ပြင်းစွာ ငြွေိုကးလေတော့သည်။ “ဤသို့သော ဒုက္ခသည် သူရာသောက် ခြင်းကြောင့် ဖြစ်ရလေသည်။ သို့စဉ်လောက် မိုက်ရူးစေတတ်သော သူရာကို ယနေ့မှစ၍ အရဟတ္တိဖိုလ်ရသည် တိုင်အောင် ငါ မသောက် တော့ပြီ ...”ဟု အဓိဋ္ဌာန်ပြု၍ ရှောင်ကြဉ်လေတော့သည်။ ဤမင်းကြီးကား ဂေါတမ ဘုရားလက်ထက်တွင် အရှင်သာရိပုတ္တရာ ဖြစ်လာတော် မူပေသည်။ 

ငါးပါးသီလတွင် သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းသည် လည်း သီလတစ်ပါး ပင်ဖြစ်သည်။ ယင်းသီလသည် ပို၍ရေသောက်မြစ်နှင့် တူပေ သည်။ ယင်းသီလကို ဖောက်ဖျက်လိုက်သည်နှင့် သူ့အသက်ကို သတ်ရန်လည်း ကောင်း၊ သူ့ဥစ္စာကို ခိုးရန်လည်းကောင်း၊ သူများသားမယားကို  ပြစ်မှားရန်လည်း ကောင်း၊ လိမ်လည်၍ပြောရန်လည်းကောင်း မခဲယဉ်းတော့ပေ။ 

“သေနှင့်အရက် စီးပွားပျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါ လေ ...ရှင်တော်ဟောသည့် အဆိပ်ရည်” ဟူသော ရှင်မဟာရဋ္ဌသာရ၏ ဆုံးမ စကားကို လေးစားစွာ မှတ်သားလိုက်နာသင့်ကြပါကြောင်း ရေးသားတင်ပြအပ်ပေ သည်။

မောင်ဉာဏ်စိန်

ကျမ်းကိုးစာရင်း။    ။

၁။ ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း(ကျီးသဲလေးထပ်ဆရာတော်)

၂။ မင်္ဂလာနိဒါန်း (မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

၃။ နိုင်ငံ့ရတနာ ဆုံးမစာများ(ရန်ကုန်တိုင်းစစ်ဌာနချုပ်)

 

zawgyi version

 

ရွင္ေတာ္ေဟာသည့္ အဆိပ္ရည္

-ေမာင္ဥာဏ္စိန္-

******************

“ေသႏွင့္ အရက္၊ စီးပြားဖ်က္ကို တစ္စက္ကယ္မွ် မေသာက္ၾကႏွင့္ ေရွာင္ၾက ပါေလ။ ရွင္ေတာ္ ေဟာသည့္ အဆိပ္ေရ”

(လက္သစ္ေထာင္ကာ ဆံုးမစာ)

ေန႔စဥ္ထုတ္ သတင္းစာမ်ား၊ အပတ္စဥ္ထုတ္ မႈခင္းသတင္းဂ်ာနယ္မ်ားကို ဖတ္႐ႈလွ်င္ စိတ္မခ်မ္းသာဖြယ္ သတင္းအခ်ိဳ႕ကို ဖတ္႐ႈေနရသည္။ မိဘက  သားသမီး ကို သတ္၊ သားသမီးက မိဘကိုသတ္၊ အစ္ကိုက ညီကိုသတ္၊ ညီက အစ္ကိုကို သတ္ေသာ သတင္းမ်ား ျဖစ္ၾကေပသည္။ ပို၍ဆိုးသည္မွာ ဖခင္ျဖစ္သူက မိမိ၏သမီး အရင္းကို အဓမၼက်င့္ေသာ သတင္းမ်ိဳးပင္ ျဖစ္သည္။ ပေထြးက မယားပါသမီးကို အဓမၼျပဳက်င့္ေသာ သတင္းမ်ိဳးကိုလည္း မၾကာခဏ ဖတ္႐ႈေနရသည္။ “လူ႕ေလာက ႀကီး ပ်က္စီးလုနီးေနၿပီေလာ”ဟု ေတြးေတာ စိုးရိမ္ဖြယ္ျဖစ္လ်က္ ရွိေပသည္။ ဗုဒၶဘာ သာ ထြန္းကားေသာ ျမန္မာႏိုင္ငံ၊ အစဥ္အလာ ယဥ္ေက်းမႈ၊ ကိုယ္က်င့္တရားထြန္းကား ေသာ သီလကို ေစာင့္ထိန္းေလ့ရွိေသာ ျမန္မာႏိုင္ငံ ျမန္မာ့လူ႕အဖြဲ႕အစည္းအဖို႔ ရွက္ဖြယ္ လိလိျဖစ္ပ်က္ လ်က္ရွိေပသည္။ 

ဤသို႔ျဖစ္ရသည္မွာ အဘယ္ေၾကာင့္နည္း။ ယင္းသတင္းမ်ိဳးကို အေသးစိတ္ ဖတ္႐ႈလိုက္ေသာအခါ အရက္ ေသစာေသာက္စားမႈသည္ အဓိကတရားခံျဖစ္ေၾကာင္း ေတြ႕ရွိရေပသည္။”အရက္ သမား အမွားတစ္ေထာင္” ဟူေသာ စကားအတိုင္း အ ရက္ေသစာ မေသာက္စား လွ်င္ မေမွာက္မွားႏိုင္ေသာ၊ မက်ဴးလြန္ႏိုင္ ေသာ ျပစ္မႈမ်ားကို အရက္ေသစာကို ေသာက္ စားထားေသာအခါ က်ဴးလြန္မိေလ့ရွိၾကသည္။ 

စိတ္ေရာဂါ အထူးကုေဆး႐ံုကို သြား ၾကည့္လွ်င္ အရက္ေသာက္ အရက္ေၾကာင္ ေၾကာင္ၿပီး ေဆး႐ံုတက္ၿပီး ေဆးဝါးကုသေနသူ အေျမာက္အျမားကို ေတြ႕ရသည္။ အသည္း ေရာဂါ အထူးကုဌာနကို သြားလွ်င္ အသည္း ေျခာက္၍ ေဆး႐ံုတက္ေနသူ အေျမာက္အျမားကို ေတြ႕ရသည္။ ဤသည္တို႔မွာလည္း အရက္ ေသာက္လြန္မႈေၾကာင့္ ျဖစ္ပြားရျခင္း ပင္ျဖစ္ သည္။ ေန႔စဥ္ သတင္းစာမ်ားတြင္ ပါရွိသည့္ ဆဲဆိုမႈ၊ ရန္ျဖစ္မႈမွ အစ ႐ိုက္ႏွက္ၾကမႈ၊ ဓားထိုးမႈ စသည္တို႔မွာလည္းအရက္ေသစာေသာက္ စားၾကရာမွ စတင္ျခင္းျဖစ္ ေၾကာင္း ထင္ရွားလွေပသည္။ 

“အရက္ေသစာ မေသာက္စားႏွင့္ ေမွာက္ မွားတတ္တဲ့ အရာေပ”ဟု ဆံုးမထားေသာ္လည္း လိုက္နာသူ နည္းလာၾက ေပသည္။ တိုင္းျပည္ တြင္လည္း လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ မွ်အ တြင္း ၿမိဳ႕ျပေဒသတြင္ ေရာ ေက်းလက္ေဒသ မ်ားတြင္ပါ အရက္ဆိုင္ မ်ား အရက္ေရာင္းခ်မႈ မ်ား ပို၍မ်ားျပားလာၾက ေလသည္။ ၿမိဳ႕ျပေဒသတြင္ ဘီယာ ဆိုင္မ်ား မ်ားျပားလာသကဲ့သို႔ ေက်းလက္ေဒ သတြင္ ခ်က္အရက္ ေရာင္းေသာဆိုင္မ်ား မ်ားျပားေနၾကသည္။ ဘုရားပြဲမ်ားသည္ ေသရည္ေသာက္ပြဲမ်ား၊ အရက္ေသာက္ပြဲမ်ား ျဖစ္ေနၾကသည္။ 

“ေသရည္ကို မေသာက္ႏွင့္ ေရၾကည္ကို မေႏွာက္ႏွင့္ ...”ဟူေသာ ဦးႏု၏ စကားပံုတစ္ခု ရွိခဲ့ ဖူးေလသည္။ ေသရည္ကိုေသာက္က အပါယ္ဘံုသို႔ က်တတ္သည္။ ေရၾကည္ကိုေႏွာက္က အနယ္မႈန္တို႔ ထတတ္သည္ဟု ဆိုထားသည္။ သို႔ေသာ္ ယခု ေခတ္တြင္ ေသရည္ကိုလည္း အလြန္အကြ်ံ ေသာက္ေနၾကသည္။ ေရၾကည္ကိုလည္း အလြန္႔အလြန္ ေႏွာက္လ်က္ရွိၾကသည္။ 

“စိတ္ဆင္႐ိုင္းကို ထံုးပိုင္းမျခား ယဥ္စိမ့္ငွာလွ်င္ ပညာထိန္း၍ မိန္႔ေစမင္း”ဟု ေရွးပညာရွိတို႔က  ဆိုဆံုးမထားသည္။ သို႔ရာတြင္ ပညာတတ္မ်ားလည္း မထိန္းသိမ္းၾက၊ ပညာမတတ္သူမ်ားလည္း မေစာင့္ထိန္းၾကေပ။ ရာခိုင္ႏႈန္း အေတာ္မ်ားမ်ားသည္ အရက္၏ ေက်းကြ်န္မ်ားျဖစ္ေနၾကသည္။ အမ်ိဳးသားမ်ားသာမက အမ်ိဳးသမီးမ်ားပင္ မရွက္မေၾကာက္ ေသာက္တတ္လာၾကၿပီ ျဖစ္သည္။ 

ကြ်န္ေတာ္သည္ ဒုကနိပတ္လာ ဇာတ္ဝတၳဳတစ္ခုကို ျပန္လည္သတိရမိသည္။ 

ေရွးသေရာအခါက ဗာရာဏသီျပည္တြင္ ျဗဟၼဒတ္မင္းႀကီးသည္ မင္းျပဳခဲ့သည္။ မင္းႀကီး သည္ မူးယစ္ေသာက္စားေလ့ရွိသည္။ ေသာက္စား ေသာအခါ ျမည္းစရာအျဖစ္ အမဲ၊ သား၊ ငါးတို႔ကို ဆက္သရသည္။ ဗာရာဏသီျပည္၏ ထံုးတမ္းစဥ္ လာအရ လျပည့္လကြယ္ေန႔မ်ားတြင္ အမဲ၊ သား၊ ငါး မေပၚရဟု အမိန္႔ထုတ္ျပန္ထားသည္။ စားဖိုသည္ စားေတာ္ကဲသည္ လျပည့္၊ လကြယ္ေန႔ ဘုရင့္ပြဲေတာ္အတြက္ အမဲ၊ သား၊ ငါးတို႔ကို တစ္ရက္ႀကိဳတင္၍ ဝယ္ယူ သိုေလွာင္ထားရသည္။ 

တစ္ေန႔ေသာအခါ ယင္းသို႔ ႀကိဳတင္ဝယ္ယူထားေသာ အမဲသား ငါးကို နန္း တြင္းရွိ ေခြးမ်ားက စားသြားၾကသည္။ စားေတာ္ကဲမွာ အႀကံအိုက္၍ မိဖုရားႀကီးထံသို႔ သြားေရာက္ၿပီး အကူအညီေတာင္းခံသည္။ မိဖုရားႀကီးက ဘုရင္မင္းျမတ္သည္ သား ေတာ္ကေလးကို အလြန္ခ်စ္ျမတ္ႏိုးေၾကာင္း၊ သားေတာ္ကေလးကို ေပြ႕ခ်ီလ်က္ စိတ္ ၾကည္ႏူးေနစဥ္ ပြဲေတာ္ကို ဆက္သပါက ရာဇမာန္ရွျခင္းမွ ကင္းလြတ္ရန္ရွိေၾကာင္း အႀကံေပးေလသည္။ 

ဘုရင္ႀကီး မူးယစ္ေနစဥ္ မိဖုရားႀကီးသည္ သားငယ္ကို ေရမိုးခ်ိဳး၊ နံ႔သာလိ္မ္းက်ံ၊ တန္ဆာဆင္ ၿပီးလွ်င္ ဘုရင္ႀကီး၏ ရင္ခြင္ထဲသို႔ ထည့္ေပးလိုက္သည္။ ထိုအခ်ိန္တြင္ စားေတာ္ကဲက အသားဟင္း လ်ာမပါေသာ ပြဲေတာ္အုပ္ကို ဆက္သေလရာ ဘုရင္ႀကီးမွာ အမ်က္ေဒါသ ေပါက္ၾကေတာ့သည္။

“ငါရွင္ဘုရင္ျဖစ္လ်က္ ဟင္းလ်ာတစ္ခြက္မွ် မပါေလသေလာ ...”ဟု စား ေတာ္ကဲကို ႀကိမ္းေမာင္းေလရာ စားေတာ္ကဲက တစ္တိုင္းျပည္လံုးတြင္ သားသတ္႐ံုမ်ား ပိတ္ထား၍ မရႏိုင္ပါေၾကာင္း ေလွ်ာက္ထားေလသည္။ အ ရက္မူးေနေသာ ဘုရင္ႀကီးမွာ ရင္ခြင္ထဲရွိ သားငယ္ကို လည္ပင္းလိမ္ခ်ိဳးကာ “ေရာ့ ယူသြားခ်က္ေခ် ...” ဟု ေပးလိုက္ ေလေတာ့သည္။ 

စားေတာ္ကဲသည္ ဘုရင့္ အမိန္႔ကို မလြန္ဆန္ႏိုင္သျဖင့္ ကေလးေသ၏ အသားကို ေၾကာ္၊ ေလွာ္၊ ခ်က္ျပဳတ္ ဖုတ္ကင္၍ ဘုရင္ႀကီးထံ ဆက္သလိုက္ ေလရာ ဘုရင္ႀကီးမွာ အရက္ႏွင့္ ျမည္းလိုက္ေလေလေတာ့သည္။ ေဒါသမာန္ တက္ေနခ်ိန္ျဖစ္၍ မိဖုရားႀကီးသည္ တစ္ခြန္းတစ္ ပါဒမွ် မဟရဲဘဲ တိတ္ တခိုး မ်က္ရည္သုတ္၍ ေနရရွာေတာ့သည္။ 

 နံနက္မိုး ေသာက္အလင္းေရာက္ ေသာအခါ ဘုရင္ႀကီးမွာ အမူးေျပလာသည္။ ယမန္ေန႔ညက အျဖစ္ အပ်က္မ်ားကို သတိမရ ေတာ့ေပ။ “သားေတာ္ ကေလးကိုေခၚခဲ့ပါ ..”ဟုအမိန္႔ရွိေလရာမိဖုရား ႀကီးက “အရွင္မင္းႀကီး ကိုယ္တိုင္ အရက္ႏွင့္ ျမည္းလိုက္ၿပီျဖစ္ေၾကာင္း ...” ငိုေျြကး ေလွ်ာက္ထားေလေတာ့ သည္။ 

မင္းႀကီးသည္ သားေၾကာင့္ ျဖစ္ေသာ ေသာကေၾကာင့္ ျပင္းစြာ ငိုေျြကးေလေတာ့သည္။ “ဤသို႔ေသာ ဒုကၡသည္ သူရာေသာက္ ျခင္းေၾကာင့္ ျဖစ္ရေလသည္။ သို႔စဥ္ေလာက္ မိုက္႐ူးေစတတ္ေသာ သူရာကို ယေန႔မွစ၍ အရဟတၲိဖိုလ္ရသည္ တိုင္ေအာင္ ငါ မေသာက္ ေတာ့ၿပီ ...”ဟု အဓိ႒ာန္ျပဳ၍ ေရွာင္ၾကဥ္ေလေတာ့သည္။ ဤမင္းႀကီးကား ေဂါတမ ဘုရားလက္ထက္တြင္ အရွင္သာရိပုတၲရာ ျဖစ္လာေတာ္ မူေပသည္။ 

ငါးပါးသီလတြင္ ေသရည္ေသရက္ ေသာက္စားျခင္းမွ ေရွာင္ၾကဥ္ျခင္းသည္ လည္း သီလတစ္ပါး ပင္ျဖစ္သည္။ ယင္းသီလသည္ ပို၍ေရေသာက္ျမစ္ႏွင့္ တူေပ သည္။ ယင္းသီလကို ေဖာက္ဖ်က္လိုက္သည္ႏွင့္ သူ႕အသက္ကို သတ္ရန္လည္း ေကာင္း၊ သူ႕ဥစၥာကို ခိုးရန္လည္းေကာင္း၊ သူမ်ားသားမယားကို  ျပစ္မွားရန္လည္း ေကာင္း၊ လိမ္လည္၍ေျပာရန္လည္းေကာင္း မခဲယဥ္းေတာ့ေပ။ 

“ေသႏွင့္အရက္ စီးပြားပ်က္ကို တစ္စက္ကယ္မွ် မေသာက္ၾကႏွင့္ ေရွာင္ၾကပါ ေလ ...ရွင္ေတာ္ေဟာသည့္ အဆိပ္ရည္” ဟူေသာ ရွင္မဟာရ႒သာရ၏ ဆံုးမ စကားကို ေလးစားစြာ မွတ္သားလိုက္နာသင့္ၾကပါေၾကာင္း ေရးသားတင္ျပအပ္ေပ သည္။

ေမာင္ဥာဏ္စိန္

က်မ္းကိုးစာရင္း။    ။

၁။ ဓမၼဂန္ဖတ္စာႏွင့္ ပုရာဏ္က်မ္း(က်ီးသဲေလးထပ္ဆရာေတာ္)

၂။ မဂၤလာနိဒါန္း (ေမာင္အံ့၊ မဟာဝိဇၨာ၊ ဘံုေဘ)

၃။ ႏိုင္ငံ့ရတနာ ဆံုးမစာမ်ား(ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္)

Share