ရသေ့ကြီးဦးရွှေတောင်နှင့် လောကီချမ်းသာ နည်းလေးဖြာ

-ဇင်ယော်နီ-

ညသည် ပိန်းပိန်းပိတ်အောင် မှောင်နေလေ ၏။ အမှောင်ထုထဲတွင် ဂျုန်းဂျုန်းဂျက်ဂျက်ဟူသော ရထားသံနှင့် ခရီးသည်တို့၏ တစ်ယောက်တစ်ပေါက် ပြောဆိုအော်ဟစ်သံများကို ကြားနေရလေ၏။  ရထားတွဲများတွင်လည်း မီးမရှိသောကြောင့် မိမိကိုယ် မိမိ မမြင်နိုင်လောက်အောင် မှောင်မည်းလျက် ရှိနေ လေတော့၏။ 

 

ကျွန်ုပ်သည် ကျောက်ပန်းတောင်း-ပျဉ်းမနား ရထားဖြင့် တောင်တွင်းကြီးဘူတာမှ တက်ကာ ပျဉ်း မနားဘက်ဆီသို့ ခရီးထွက်လာခဲ့ခြင်းဖြစ်လေ၏။ ရထားမှာ ညနေစောင်းကပင် တောင်တွင်းကြီးဘူတာ မှထွက်ခွာရမည်ဖြစ်သော်လည်း နတ်မောက်နှင့် မြို့ သစ်ကြားတွင် ရထားတွဲချော်နေသောကြောင့် အချိန် နောက်ကျပြီးမှ ထွက်လာရခြင်းဖြစ်လေ၏။

ရထားတွဲထဲတွင် ခရီးသည်များမှာလည်း တွဲ နှင့်မကာမိအောင်ပင် အပြည့်အသိပ် ရှိနေလေ၏။ ရထားခရီးစဉ် နှစ်ကြောင်းစာကို တစ်ကြောင်းတည်း ပေါင်း၍ထွက်လာသကဲ့သို့ ဖြစ်နေသောကြောင့် ခရီး သည်များမှာ ထိုသို့မတန်မဆပြည့်ကျပ်နေခြင်းဖြစ် ပါလေတော့၏။ ခရီးသည်များ ထိုင်သောထိုင်ခုံများ ၏ နောက်မှီတန်းများပေါ်မှာပင် လူများသည်တက် ထိုင်၍ စီးသူကစီး မတ်တပ်ရပ်၍ လိုက်သူကလိုက် နှင့် ရှိပါလေတော့၏။ 

သို့ဖြစ်ရာ ရထားတစ်တွဲလုံးမှာလည်း တက် အနင်းခံရ၍ ဆဲဆိုရေရွတ်သံ၊ ကန်တော့ဟုဆိုကာ လူအများ၏ ခေါင်းပေါ်မှ ကျော်ခွ၍သွားကြသော အသံ၊ မကျေမချမ်းရေရွတ်သံ၊ ကလေးများ၏ ငိုသံ စသည်တို့ဖြင့် ပွက်ပွက်ညံလျက် ရှိနေပါလေတော့ ၏။ 

ကျွန်ုပ်သည်ပင်လျှင် ရထားတွဲအဝ၌ ခြေနင်း ခုံပေါ်တွင် ခြေထောက်ကလေး နှစ်ဖက် တင်မိသည် ဆိုရုံကလေးတင်၍ လိုက်ပါလာခဲ့ခြင်း ဖြစ်လေ၏။ ကျွန်ုပ်အနေနှင့် ပျဉ်းမနားဘက်ဆီသို့သာ ထွက်ခွာ လာရသော်ငြားလည်း အမှန်စင်စစ် ကျွန်ုပ်၏ဘဝမှာ လမ်းစပျောက်နေပြီဖြစ်၏။ ကျွန်ုပ်သည် တောင်တွင်း ကြီးမြို့တွင် လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ကို နှစ်နှစ်ခန့်ကြာအောင် ဖွင့်လှစ်ခဲ့ပြီးသည့်နောက် အရင်းပြုတ်ကာ အြွေကးများပါ တင်လာပြီး နောက် ဆုံးတွင် မည်သို့မျှကြံရာမရတော့သည့်အဆုံး ဆိုင် ကလေးကို ပိတ်ထားပစ်ခဲ့ပြီး ြွေကးရှင်များကိုပါ ရှောင်တိမ်းကာ တိတ်တိတ်ကလေး ထွက်လာခဲ့ ခြင်းဖြစ်ပါလေတော့၏။ 

အစကပင် ငါးပိသိပ် ငါးချဉ်သိပ်ပြည့်ကျပ် နေသော ရထားမှာ ဘူတာနှစ်ခုခန့်ကို ဆိုက်ရောက်  ပြီးသောအခါတွင်မူ ပို၍ပင် ပြည့်သိပ်လာပါလေ တော့၏။ ကျွန်ုပ်မှာလည်း တွဲအဝ ခြေနင်းခုံတွင် ခြေ နှစ်ဖက်တင်၍ လိုက်လာခဲ့ရာမှ ထိုအခါတွင်မူ ခြေ ထောက်ကလေးတစ်ဖက်ကိုသာလျှင် တင်၍ရတော့ ပြီ။ ခြေထောက်တစ်ဖက်မှာ လေထဲတွင်သာ တန်း လန်းကြီးဖြစ်နေလျက် လက်နှစ်ဖက်ကသာလျှင် ဆွဲ မိဆွဲရာတန်းကို တင်းတင်းကျပ်ကျပ်ဆွဲလျက် လိုက် ပါလာခဲ့ရလေ၏။ 

ရထားတွဲအတွင်း လူများတိုးရင်းဝှေ့ရင်းနှင့် ကျွန်ုပ်ကဲ့သို့ပင် အနည်းငယ် ဖယ်ဖယ်ပေးရင်း ရ သေ့ကြီးတစ်ပါးမှာလည်း ကျွန်ုပ်ကဲ့သို့ပင် တွဲအဝ ခြေနင်းခုံတွင် တွယ်၍ လိုက်ပါလာရသောအဖြစ်သို့ ရောက်လာလေတော့၏။ လူအများမှာလည်း ရသေ့ ကြီးသော ဘာသော ဂရုမမူနိုင်အားဘဲ မိမိအပူနှင့် မိမိ ဖြစ်နေကြလေတော့၏။ ကျွန်ုပ်အနေနှင့် အချိန် ကြာလာသည်နှင့်အမျှ လက်အံများပင်သေလာကာ ပြုတ်ကျတော့မတတ် မကြာ မကြာ ဖြစ်ရလေ၏။ ကျွန်ုပ်က လူငယ်တစ်ဦးမို့ တော်သေးသော်လည်း ကျွန်ုပ်ကဲ့သို့ပင် ခြေနင်းခုံ၌ တွယ်နေရသော ရသေ့ ကြီးမှာမူ အသက်(၆၀)ကျော်ခန့် အရွယ်ဖြစ်လေသော ကြောင့် ဒုက္ခကြီးစွာ ကြုံနေရ ရှာပါလေတော့၏။ 

သို့ဖြစ်ရာ ကျွန်ုပ်သည် ရသေ့ကြီးကိုပါ ရ ထားပေါ်မှ ပြုတ်ကျမသွားအောင် ကျွန်ုပ်၏ကိုယ်လုံး ဖြင့်ကွယ်၍ ထိန်းထားပေးခဲ့ရလေ၏။ ထိုအဖြစ်ကို သတိထားမိသွားသော ရသေ့ကြီးက မှောင်နှင့်မည်း မည်း ထဲမှာပင် -

“ကျေးဇူးတင်ပါတယ် လူလေးရယ်၊”ဟု လှမ်း၍ ပြောလေ၏။ ကျွန်ုပ်ကလည်း -

“ရပါတယ် ဘရသေ့ရယ် ...ရသေ့ကြီး သာ ပြုတ်မကျအောင်ဂရုစိုက်ပါ” ဟု ပြောလိုက်ရ လေ၏။ 

ပြောသာပြောရပါသော်ငြားလည်း ကျွန်ုပ်မှာ လက်အံများ အလွန်သေနေပြီဖြစ်ကာ အသားများပင် တဆတ်ဆတ်တုန်လာနေပြီဖြစ်၏။ ဤသည်ကို ရိပ်စားမိလာသော ရသေ့ကြီးက -

“လူလေးက ဘယ်အထိသွား မှာလဲ ...” ဟု  မေးရာ ကျွန်ုပ်က -

“ပျဉ်းမနားအထိပါ ဘရသေ့” ဟု ပြောလိုက်ပြီးနောက်တွင်မှ တစ်ဆက်တည်းပင် 

“ပျဉ်းမနားအထိလို့သာ ပြောရတာပါ ...။ တကယ်ကတော့ ဘယ်ကိုသွားရမှန်းကိုမသိတာပါ ဘရသေ့ရယ်”ဟု ဆက်၍ပြောလိုက်မိလေ၏။ ထို အခါရသေ့ကြီးက တခစ်ခစ်ရယ်၍ -

“အေး မင်းနဲ့ငါနဲ့ အတူတူပါပဲ။ ဒါပေမဲ့ တခြားစီပါပဲ။ တူတာက ဘာတူတာလဲဆိုတော့ဘယ် ကိုသွားမယ်ဆိုတာ ဘယ်ကိုရောက်မယ်ဆိုတာတော့ မသိတာချင်းတူတာ။ မတူတာက ဘာမတူတာလဲဆို တော့မင်းကဘယ်ကိုသွားရမှန်းမသိတာ ငါကဘယ် ကိုမှ မသွားတာ”ဟု ပြန်၍ပြောလျှင် -

ကျွန်ုပ်လည်း ရသေ့ကြီး၏စကားကို နားမ လည်နိုင်သောကြောင့် ခပ်မဆိတ်သာလျှင်ငြိမ်နေ လိုက်မိလေ၏။ ထိုအခါ ရသေ့ကြီးက -

“ဒါဖြင့် ဒီလိုလုပ်ရအောင်ကွာ၊ အခုလိုရထား ခြေနင်းခုံကိုတွယ်ပြီး လိုက်လာကြရတာ အင်မတန် အန္တရာယ်များပါတယ်။ ဘယ်ကိုရောက်အောင်သွား မယ်ဆိုပြီး ခရီးရည်ရွယ်ချက်ရှိတဲ့လူတွေက ရထား ကျပ်ကျပ်ချောင်ချောင် သူတို့ရည်ရွယ်တဲ့ ခရီးကို ရောက်အောင် သွားကြရမှာပေါ့။ မင်းနဲ့ငါကတော့ ဘယ်ကိုရောက်အောင် သွားမယ်ဆိုတာ မရှိတဲ့လူသား နှစ်ယောက်ဆိုလေတော့ ရှေ့ဘူတာမှာပဲ ဆင်းလိုက် ကြတာပေါ့ကွာ”ဟု ပြောလေ၏။ 

ထို့ကြောင့် ကျွန်ုပ်က - 

“ဟာ ဘရသေ့ကလည်း ကြုံတဲ့ဘူတာမှာ ဆင်းရင် အသိအကျွမ်းမရှိ၊ ဘာမရှိနဲ့ ဒုက္ခရောက် ကုန်မှာပေါ့”ဟု ပြောလိုက်လျှင် ရသေ့ကြီးက တခစ် ခစ်နှင့် ရယ်ပြန်လေ၏။ ထိုသို့ ရယ်ပြီးနောက် -

“မင်းရဲ့စကားအသွားအလာကို ကြည့်ရတာ ဘယ်ကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းမရှိ၊ ဘယ်သူ့ဆီသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းမရှိ ဆိုလေတော့ ဘယ်နေရာကို ရောက်သွားတော့ရော မင်းအတွက်ဘာထူးမှာမို့လို့တဲ့လဲကွာ၊ ဘယ်နေရာ ကိုပဲ ရောက်ရောက် အတူတူပဲ မဟုတ်လားလူလေး ရဲ့” ဟုပြောလိုက်သောကြောင့် ရသေ့ကြီးပြောသည် မှာ အမှန်ပင်ဖြစ်နေရကား ကျွန်ုပ်အနေနှင့် ဘာတစ် ခွန်းမျှ ပြန်မပြောသာဘဲ ငြိမ်နေလိုက်ရပြန်ပါလေ တော့၏။ 

ထို့နောက်တွင်ကား ရသေ့ကြီးနှင့် ကျွန်ုပ်တို့ သည် ကုလားမဟူသော ဘူတာသို့အရောက်တွင် ရထားပေါ်တွင် ဆင်းလိုက်ကြလေတော့၏။ ပြီး နောက် ဘုန်းကြီးကျောင်းရှိရာသို့ စုံစမ်းပြီးလျှင် ကျောင်းမှ ဆရာတော်တစ်ပါးအား ခေတ္တတည်းခိုခွင့် ပြုပါမည့်အကြောင်း လျှောက်ထားကာ ဘုန်းကြီး ကျောင်းတွင် တည်းခိုခဲ့ကြလေတော့၏။ 

နောက်တစ်နေ့နံနက်တွင် ရသေ့ကြီးသည် ရွာထဲသို့ထွက်၍ ဆွမ်း၊ ကွမ်း၊ ရိက္ခာ အလှူခံကာ စားသောက်လေ၏။ ကျွန်ုပ်မှာလည်း ရသေ့ကြီး၏ ဆွမ်း၊ ကွမ်း၊ ရိက္ခာကို ကပ်၍ စားသောက်ရလေ၏။ကျွန်ုပ်က -

“ဘရသေ့ ဒီမှာဘယ်လောက်ကြာကြာနေ မှာလဲ။ ပြီးရင် ဘယ်ကိုသွားမှာလဲ”ဟုမေးလိုက်လျှင်  ရသေ့ကြီးက -

“ငါ့မှာ ဘယ်ကိုသွားမယ်ဆိုတာတော့ မရှိ ဘူးကွ။ ဘယ်ကိုမသွားဘူးဆိုတာလည်း မရှိဘူးကွ။ ဘာလို့လဲဆိုတော့ ဘယ်နေရာကိုပဲ ရောက်ရောက် နေတတ်ရင် ကျေနပ်စရာကြီးပါကွာ။ အေး မနေ တတ်ရင်လည်း မကျေနပ်စရာကြီးပဲ ဖြစ်နေမှာပါ။ ငါက ဘုန်းကြီးကျောင်းပေါင်းစုံမှာလည်း နေခဲ့ဖူး တယ်ကွ သူခိုးလို့အစွပ်စွဲခံရပြီး အချုပ်ထဲမှာလည်း နေခဲ့ဖူးတယ်ကွ။ ဆေးရုံမှာလည်း လနဲ့ချီပြီးနေခဲ့ဖူး တယ်ကွ။ မြို့ကြီး တစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးရဲ့ အိမ် မှာလည်း နေခဲ့ဖူးတယ်ကွ၊ ဆိုက်ကားသမားတစ် ယောက်နဲ့လည်း နေခဲ့ဖူးတယ်ကွ။ အဲဒီမှာတင် သဘာဝကြီးကို တော်တော် သဘောပေါက်နေပါပြီ ကွာ။ မနေတတ်လို့ကတော့ သူဋ္ဌေးကြီးရဲ့အိမ်မှာနေ ရင်လည်း မကျေနပ် စရာတွေအများကြီးပဲ။ နေတတ် ရင်လည်း ဆိုက်ကားသမားလေးရဲ့အိမ်မှာပဲ နေရဦး တော့ ကျေနပ်စရာ တွေအများကြီးပဲ။ 

ကိစ္စတစ်ခုမှာ ကိုယ်ကသာ နှစ်နှစ်ကာကာ ကျေနပ်မယ်ဆိုရင် ညောင်စေ့လေးကိုလည်း ညောင် ပင်ကြီးလောက် သဘောကျနေလို့ရသလို၊ မကျေနပ် ဘူးဆိုရင်တော့ ညောင်ပင်ကြီးကိုလည်း ညောင်စေ့ လောက်ပဲ အောက်မေ့နေမှာပဲဟေ့။ အဲဒီတော့ အရာ ရာမှာ ကိုယ့်ရဲ့စိတ်နှလုံးက လက်ခံကျေနပ်လိုက်ဖို့ ပဲ အရေးကြီးပါတယ်ကွာ၊ အဲဒါကြောင့် မင်းထွက်လာ ခဲ့တဲ့ တောင်တွင်းကြီးက ဆရာတော်ကြီးတစ်ပါးက  အစွဲပြုတ် တဲကုပ်ရွှေနန်းတော်ဆိုပြီးတော့တောင် စာလေးချိုးခဲ့ဖူးတယ် မဟုတ်လား”ဟု ရှည်လျားစွာ ပြောပြလေ၏။

ဆက်လက်ဖော်ပြပါမည်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

zawgyi version

 

ရေသ့ႀကီးဦးေရႊေတာင္ႏွင့္ ေလာကီခ်မ္းသာ နည္းေလးျဖာ

-ဇင္ေယာ္နီ-

*****************************

ညသည္ ပိန္းပိန္းပိတ္ေအာင္ ေမွာင္ေနေလ ၏။ အေမွာင္ထုထဲတြင္ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ဟူေသာ ရထားသံႏွင့္ ခရီးသည္တို႔၏ တစ္ေယာက္တစ္ေပါက္ ေျပာဆိုေအာ္ဟစ္သံမ်ားကို ၾကားေနရေလ၏။  ရထားတြဲမ်ားတြင္လည္း မီးမရွိေသာေၾကာင့္ မိမိကိုယ္ မိမိ မျမင္ႏိုင္ေလာက္ေအာင္ ေမွာင္မည္းလ်က္ ရွိေန ေလေတာ့၏။ 

ကြ်ႏု္ပ္သည္ ေက်ာက္ပန္းေတာင္း-ပ်ဥ္းမနား ရထားျဖင့္ ေတာင္တြင္းႀကီးဘူတာမွ တက္ကာ ပ်ဥ္း မနားဘက္ဆီသို႔ ခရီးထြက္လာခဲ့ျခင္းျဖစ္ေလ၏။ ရထားမွာ ညေနေစာင္းကပင္ ေတာင္တြင္းႀကီးဘူတာ မွထြက္ခြာရမည္ျဖစ္ေသာ္လည္း နတ္ေမာက္ႏွင့္ ၿမိဳ႕ သစ္ၾကားတြင္ ရထားတြဲေခ်ာ္ေနေသာေၾကာင့္ အခ်ိန္ ေနာက္က်ၿပီးမွ ထြက္လာရျခင္းျဖစ္ေလ၏။

ရထားတြဲထဲတြင္ ခရီးသည္မ်ားမွာလည္း တြဲ ႏွင့္မကာမိေအာင္ပင္ အျပည့္အသိပ္ ရွိေနေလ၏။ ရထားခရီးစဥ္ ႏွစ္ေၾကာင္းစာကို တစ္ေၾကာင္းတည္း ေပါင္း၍ထြက္လာသကဲ့သို႔ ျဖစ္ေနေသာေၾကာင့္ ခရီး သည္မ်ားမွာ ထိုသို႔မတန္မဆျပည့္က်ပ္ေနျခင္းျဖစ္ ပါေလေတာ့၏။ ခရီးသည္မ်ား ထိုင္ေသာထိုင္ခံုမ်ား ၏ ေနာက္မွီတန္းမ်ားေပၚမွာပင္ လူမ်ားသည္တက္ ထိုင္၍ စီးသူကစီး မတ္တပ္ရပ္၍ လိုက္သူကလိုက္ ႏွင့္ ရွိပါေလေတာ့၏။ 

သို႔ျဖစ္ရာ ရထားတစ္တြဲလံုးမွာလည္း တက္ အနင္းခံရ၍ ဆဲဆိုေရရြတ္သံ၊ ကန္ေတာ့ဟုဆိုကာ လူအမ်ား၏ ေခါင္းေပၚမွ ေက်ာ္ခြ၍သြားၾကေသာ အသံ၊ မေက်မခ်မ္းေရရြတ္သံ၊ ကေလးမ်ား၏ ငိုသံ စသည္တို႔ျဖင့္ ပြက္ပြက္ညံလ်က္ ရွိေနပါေလေတာ့ ၏။ 

ကြ်ႏု္ပ္သည္ပင္လွ်င္ ရထားတြဲအဝ၌ ေျခနင္း ခံုေပၚတြင္ ေျခေထာက္ကေလး ႏွစ္ဖက္ တင္မိသည္ ဆို႐ံုကေလးတင္၍ လိုက္ပါလာခဲ့ျခင္း ျဖစ္ေလ၏။ ကြ်ႏု္ပ္အေနႏွင့္ ပ်ဥ္းမနားဘက္ဆီသို႔သာ ထြက္ခြာ လာရေသာ္ၿငားလည္း အမွန္စင္စစ္ ကြ်ႏု္ပ္၏ဘဝမွာ လမ္းစေပ်ာက္ေနၿပီျဖစ္၏။ ကြ်ႏု္ပ္သည္ ေတာင္တြင္း ႀကီးၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္ကေလးတစ္ဆိုင္ကို ႏွစ္ႏွစ္ခန္႔ၾကာေအာင္ ဖြင့္လွစ္ခဲ့ၿပီးသည့္ေနာက္ အရင္းျပဳတ္ကာ အေျြကးမ်ားပါ တင္လာၿပီး ေနာက္ ဆံုးတြင္ မည္သို႔မွ်ႀကံရာမရေတာ့သည့္အဆံုး ဆိုင္ ကေလးကို ပိတ္ထားပစ္ခဲ့ၿပီး ေျြကးရွင္မ်ားကိုပါ ေရွာင္တိမ္းကာ တိတ္တိတ္ကေလး ထြက္လာခဲ့ ျခင္းျဖစ္ပါေလေတာ့၏။ 

အစကပင္ ငါးပိသိပ္ ငါးခ်ဥ္သိပ္ျပည့္က်ပ္ ေနေသာ ရထားမွာ ဘူတာႏွစ္ခုခန္႔ကို ဆိုက္ေရာက္  ၿပီးေသာအခါတြင္မူ ပို၍ပင္ ျပည့္သိပ္လာပါေလ ေတာ့၏။ ကြ်ႏု္ပ္မွာလည္း တြဲအဝ ေျခနင္းခံုတြင္ ေျခ ႏွစ္ဖက္တင္၍ လိုက္လာခဲ့ရာမွ ထိုအခါတြင္မူ ေျခ ေထာက္ကေလးတစ္ဖက္ကိုသာလွ်င္ တင္၍ရေတာ့ ၿပီ။ ေျခေထာက္တစ္ဖက္မွာ ေလထဲတြင္သာ တန္း လန္းႀကီးျဖစ္ေနလ်က္ လက္ႏွစ္ဖက္ကသာလွ်င္ ဆြဲ မိဆြဲရာတန္းကို တင္းတင္းက်ပ္က်ပ္ဆြဲလ်က္ လိုက္ ပါလာခဲ့ရေလ၏။ 

ရထားတြဲအတြင္း လူမ်ားတိုးရင္းေဝွ႕ရင္းႏွင့္ ကြ်ႏု္ပ္ကဲ့သို႔ပင္ အနည္းငယ္ ဖယ္ဖယ္ေပးရင္း ရ ေသ့ႀကီးတစ္ပါးမွာလည္း ကြ်ႏု္ပ္ကဲ့သို႔ပင္ တြဲအဝ ေျခနင္းခံုတြင္ တြယ္၍ လိုက္ပါလာရေသာအျဖစ္သို႔ ေရာက္လာေလေတာ့၏။ လူအမ်ားမွာလည္း ရေသ့ ႀကီးေသာ ဘာေသာ ဂ႐ုမမူႏိုင္အားဘဲ မိမိအပူႏွင့္ မိမိ ျဖစ္ေနၾကေလေတာ့၏။ ကြ်ႏု္ပ္အေနႏွင့္ အခ်ိန္ ၾကာလာသည္ႏွင့္အမွ် လက္အံမ်ားပင္ေသလာကာ ျပဳတ္က်ေတာ့မတတ္ မၾကာ မၾကာ ျဖစ္ရေလ၏။ ကြ်ႏု္ပ္က လူငယ္တစ္ဦးမို႔ ေတာ္ေသးေသာ္လည္း ကြ်ႏု္ပ္ကဲ့သို႔ပင္ ေျခနင္းခံု၌ တြယ္ေနရေသာ ရေသ့ ႀကီးမွာမူ အသက္(၆၀)ေက်ာ္ခန္႔ အရြယ္ျဖစ္ေလေသာ ေၾကာင့္ ဒုကၡႀကီးစြာ ႀကံဳေနရ ရွာပါေလေတာ့၏။ 

သို႔ျဖစ္ရာ ကြ်ႏု္ပ္သည္ ရေသ့ႀကီးကိုပါ ရ ထားေပၚမွ ျပဳတ္က်မသြားေအာင္ ကြ်ႏု္ပ္၏ကိုယ္လံုး ျဖင့္ကြယ္၍ ထိန္းထားေပးခဲ့ရေလ၏။ ထိုအျဖစ္ကို သတိထားမိသြားေသာ ရေသ့ႀကီးက ေမွာင္ႏွင့္မည္း မည္း ထဲမွာပင္ -

“ေက်းဇူးတင္ပါတယ္ လူေလးရယ္၊”ဟု လွမ္း၍ ေျပာေလ၏။ ကြ်ႏု္ပ္ကလည္း -

“ရပါတယ္ ဘရေသ့ရယ္ ...ရေသ့ႀကီး သာ ျပဳတ္မက်ေအာင္ဂ႐ုစိုက္ပါ” ဟု ေျပာလိုက္ရ ေလ၏။ 

ေျပာသာေျပာရပါေသာ္ျငားလည္း ကြ်ႏု္ပ္မွာ လက္အံမ်ား အလြန္ေသေနၿပီျဖစ္ကာ အသားမ်ားပင္ တဆတ္ဆတ္တုန္လာေနၿပီျဖစ္၏။ ဤသည္ကို ရိပ္စားမိလာေသာ ရေသ့ႀကီးက -

“လူေလးက ဘယ္အထိသြား မွာလဲ ...” ဟု  ေမးရာ ကြ်ႏု္ပ္က -

“ပ်ဥ္းမနားအထိပါ ဘရေသ့” ဟု ေျပာလိုက္ၿပီးေနာက္တြင္မွ တစ္ဆက္တည္းပင္ 

“ပ်ဥ္းမနားအထိလို႔သာ ေျပာရတာပါ ...။ တကယ္ကေတာ့ ဘယ္ကိုသြားရမွန္းကိုမသိတာပါ ဘရေသ့ရယ္”ဟု ဆက္၍ေျပာလိုက္မိေလ၏။ ထို အခါရေသ့ႀကီးက တခစ္ခစ္ရယ္၍ -

“ေအး မင္းနဲ႔ငါနဲ႔ အတူတူပါပဲ။ ဒါေပမဲ့ တျခားစီပါပဲ။ တူတာက ဘာတူတာလဲဆိုေတာ့ဘယ္ ကိုသြားမယ္ဆိုတာ ဘယ္ကိုေရာက္မယ္ဆိုတာေတာ့ မသိတာခ်င္းတူတာ။ မတူတာက ဘာမတူတာလဲဆို ေတာ့မင္းကဘယ္ကိုသြားရမွန္းမသိတာ ငါကဘယ္ ကိုမွ မသြားတာ”ဟု ျပန္၍ေျပာလွ်င္ -

ကြ်ႏု္ပ္လည္း ရေသ့ႀကီး၏စကားကို နားမ လည္ႏိုင္ေသာေၾကာင့္ ခပ္မဆိတ္သာလွ်င္ၿငိမ္ေန လိုက္မိေလ၏။ ထိုအခါ ရေသ့ႀကီးက -

“ဒါျဖင့္ ဒီလိုလုပ္ရေအာင္ကြာ၊ အခုလိုရထား ေျခနင္းခံုကိုတြယ္ၿပီး လိုက္လာၾကရတာ အင္မတန္ အႏၱရာယ္မ်ားပါတယ္။ ဘယ္ကိုေရာက္ေအာင္သြား မယ္ဆိုၿပီး ခရီးရည္ရြယ္ခ်က္ရွိတဲ့လူေတြက ရထား က်ပ္က်ပ္ေခ်ာင္ေခ်ာင္ သူတို႔ရည္ရြယ္တဲ့ ခရီးကို ေရာက္ေအာင္ သြားၾကရမွာေပါ့။ မင္းနဲ႔ငါကေတာ့ ဘယ္ကိုေရာက္ေအာင္ သြားမယ္ဆိုတာ မရွိတဲ့လူသား ႏွစ္ေယာက္ဆိုေလေတာ့ ေရွ႕ဘူတာမွာပဲ ဆင္းလိုက္ ၾကတာေပါ့ကြာ”ဟု ေျပာေလ၏။ 

ထို႔ေၾကာင့္ ကြ်ႏု္ပ္က - 

“ဟာ ဘရေသ့ကလည္း ႀကံဳတဲ့ဘူတာမွာ ဆင္းရင္ အသိအကြ်မ္းမရွိ၊ ဘာမရွိနဲ႔ ဒုကၡေရာက္ ကုန္မွာေပါ့”ဟု ေျပာလိုက္လွ်င္ ရေသ့ႀကီးက တခစ္ ခစ္ႏွင့္ ရယ္ျပန္ေလ၏။ ထိုသို႔ ရယ္ၿပီးေနာက္ -

“မင္းရဲ႕စကားအသြားအလာကို ၾကည့္ရတာ ဘယ္ကိုသြားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္လည္းမရွိ၊ ဘယ္သူ႕ဆီသြားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္လည္းမရွိ ဆိုေလေတာ့ ဘယ္ေနရာကို ေရာက္သြားေတာ့ေရာ မင္းအတြက္ဘာထူးမွာမို႔လို႔တဲ့လဲကြာ၊ ဘယ္ေနရာ ကိုပဲ ေရာက္ေရာက္ အတူတူပဲ မဟုတ္လားလူေလး ရဲ႕” ဟုေျပာလိုက္ေသာေၾကာင့္ ရေသ့ႀကီးေျပာသည္ မွာ အမွန္ပင္ျဖစ္ေနရကား ကြ်ႏု္ပ္အေနႏွင့္ ဘာတစ္ ခြန္းမွ် ျပန္မေျပာသာဘဲ ၿငိမ္ေနလိုက္ရျပန္ပါေလ ေတာ့၏။ 

ထို႔ေနာက္တြင္ကား ရေသ့ႀကီးႏွင့္ ကြ်ႏု္ပ္တို႔ သည္ ကုလားမဟူေသာ ဘူတာသို႔အေရာက္တြင္ ရထားေပၚတြင္ ဆင္းလိုက္ၾကေလေတာ့၏။ ၿပီး ေနာက္ ဘုန္းႀကီးေက်ာင္းရွိရာသို႔ စံုစမ္းၿပီးလွ်င္ ေက်ာင္းမွ ဆရာေတာ္တစ္ပါးအား ေခတၲတည္းခိုခြင့္ ျပဳပါမည့္အေၾကာင္း ေလွ်ာက္ထားကာ ဘုန္းႀကီး ေက်ာင္းတြင္ တည္းခိုခဲ့ၾကေလေတာ့၏။ 

ေနာက္တစ္ေန႔နံနက္တြင္ ရေသ့ႀကီးသည္ ရြာထဲသို႔ထြက္၍ ဆြမ္း၊ ကြမ္း၊ ရိကၡာ အလွဴခံကာ စားေသာက္ေလ၏။ ကြ်ႏု္ပ္မွာလည္း ရေသ့ႀကီး၏ ဆြမ္း၊ ကြမ္း၊ ရိကၡာကို ကပ္၍ စားေသာက္ရေလ၏။ကြ်ႏု္ပ္က -

“ဘရေသ့ ဒီမွာဘယ္ေလာက္ၾကာၾကာေန မွာလဲ။ ၿပီးရင္ ဘယ္ကိုသြားမွာလဲ”ဟုေမးလိုက္လွ်င္  ရေသ့ႀကီးက -

“ငါ့မွာ ဘယ္ကိုသြားမယ္ဆိုတာေတာ့ မရွိ ဘူးကြ။ ဘယ္ကိုမသြားဘူးဆိုတာလည္း မရွိဘူးကြ။ ဘာလို႔လဲဆိုေတာ့ ဘယ္ေနရာကိုပဲ ေရာက္ေရာက္ ေနတတ္ရင္ ေက်နပ္စရာႀကီးပါကြာ။ ေအး မေန တတ္ရင္လည္း မေက်နပ္စရာႀကီးပဲ ျဖစ္ေနမွာပါ။ ငါက ဘုန္းႀကီးေက်ာင္းေပါင္းစံုမွာလည္း ေနခဲ့ဖူး တယ္ကြ သူခိုးလို႔အစြပ္စြဲခံရၿပီး အခ်ဳပ္ထဲမွာလည္း ေနခဲ့ဖူးတယ္ကြ။ ေဆး႐ံုမွာလည္း လနဲ႔ခ်ီၿပီးေနခဲ့ဖူး တယ္ကြ။ ၿမိဳ႕ႀကီး တစ္ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ အိမ္ မွာလည္း ေနခဲ့ဖူးတယ္ကြ၊ ဆိုက္ကားသမားတစ္ ေယာက္နဲ႔လည္း ေနခဲ့ဖူးတယ္ကြ။ အဲဒီမွာတင္ သဘာဝႀကီးကို ေတာ္ေတာ္ သေဘာေပါက္ေနပါၿပီ ကြာ။ မေနတတ္လို႔ကေတာ့ သူေ႒းႀကီးရဲ႕အိမ္မွာေန ရင္လည္း မေက်နပ္ စရာေတြအမ်ားႀကီးပဲ။ ေနတတ္ ရင္လည္း ဆိုက္ကားသမားေလးရဲ႕အိမ္မွာပဲ ေနရဦး ေတာ့ ေက်နပ္စရာ ေတြအမ်ားႀကီးပဲ။ 

ကိစၥတစ္ခုမွာ ကိုယ္ကသာ ႏွစ္ႏွစ္ကာကာ ေက်နပ္မယ္ဆိုရင္ ေညာင္ေစ့ေလးကိုလည္း ေညာင္ ပင္ႀကီးေလာက္ သေဘာက်ေနလို႔ရသလို၊ မေက်နပ္ ဘူးဆိုရင္ေတာ့ ေညာင္ပင္ႀကီးကိုလည္း ေညာင္ေစ့ ေလာက္ပဲ ေအာက္ေမ့ေနမွာပဲေဟ့။ အဲဒီေတာ့ အရာ ရာမွာ ကိုယ့္ရဲ႕စိတ္ႏွလံုးက လက္ခံေက်နပ္လိုက္ဖို႔ ပဲ အေရးႀကီးပါတယ္ကြာ၊ အဲဒါေၾကာင့္ မင္းထြက္လာ ခဲ့တဲ့ ေတာင္တြင္းႀကီးက ဆရာေတာ္ႀကီးတစ္ပါးက  အစြဲျပဳတ္ တဲကုပ္ေရႊနန္းေတာ္ဆိုၿပီးေတာ့ေတာင္ စာေလးခ်ိဳးခဲ့ဖူးတယ္ မဟုတ္လား”ဟု ရွည္လ်ားစြာ ေျပာျပေလ၏။

ဆက္လက္ေဖာ္ျပပါမည္။

သေဗၺဓမၼာ

ဇင္ေယာ္နီ

 

Share