လာဘ်ခေါ်တဲ့ကြောင်ကလေး

-ယမုံအေး(စမ်းချောင်း)-

လက်လေးတစ်ဖက်လှုပ်ကာ လက်ယပ်ခေါ်နေတဲ့ ဒီဖုန်းရွှေလာဘ်ခေါ် ကြောင်ရုပ်လေးတွေကိုတော့ လူအတော်များများ တွေ့ဖူးကြပါလိမ့်မယ်။ ရန်ကုန်မှာတော့ စီးပွားရေးလုပ်သူတွေ၊ ဆိုင်ဖွင့်သူတွေက လာဘ် ခေါ်ကြောင်ကို အဆောင်အဖြစ် အတော်သုံးစွဲကြတာကို တွေ့ရပါတယ်။

ဒီလာဘ်ခေါ်ကြောင်ကို ကံကောင်းစေ တဲ့ကြောင်လို့လည်း ခေါ်ပါတယ်။

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးက တရုတ်ပြည်ဘက်က တရုတ်လူမျိုးတွေ ယုံကြည်စွာနဲ့ဆောင်တဲ့ အဆောင်တစ်ခုပါ။ နောက်ပိုင်း ဂျပန်နိုင်ငံကလည်း ကြောင်ရုပ်လှလှလေးတွေလုပ်ပြီး လိုက်ဆောင်လာကြ တယ်လို့သိရပါတယ်။

လာဘ်ခေါ်ကြောင်ရုပ်လေးဟာ ရွှေရောင်၊ အမည်းရောင်၊ အဖြူရောင်၊ အနက်ရောင် ... စသဖြင့် အရောင်အမျိုးမျိုးနဲ့ ပြုလုပ်ထားပါတယ်။

တချို့သူတွေက ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ပြီးဆောင်ကြပါတယ်။ တချို့ ကလည်း သော့တွဲကီးချိန်းမှာ ချိတ်ဆွဲတတ်ကြပါတယ်။

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို ဆောင်ထားမယ်ဆိုရင်တော့ မိမိတို့ထံသို့ ကံကောင်းခြင်းတွေ ရောက်ရှိ လာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ လာဘ်များရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ ချမ်းသာကြွယ်ဝမှုတွေ ရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ အလုပ်အောင်မြင်စေနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်း များ အောင်မြင်စေနိုင်ခြင်း အကျိုးထူးတို့ ရရှိစေမှာဖြစ်ပါတယ်။

ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို အိမ်မှာဆောင်ထားတာမျိုးကိုတော့ သိပ်မတွေ့ရပါဘူး။ အိမ်မှာဆောင် တဲ့သူဦးရေတော့ နည်းပါးတတ်ပါတယ်။

လာဘ်ခေါ်ကြောင်ရုပ်လေးကို အဆောင်အဖြစ်ထားမယ်ဆိုရင်တော့ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေမှာ ထားရင် ပိုပြီးသင့်တော်ပါတယ်။ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတို့ရဲ့ ငွေသိမ်းကောင်တာ၊ အလုပ်စားပွဲတို့မှာ ထားရှိသင့်ပါတယ်။

ထားရှိသင့်တဲ့ အသင့်လျော်ဆုံး အရပ်မျက်နှာအနေနဲ့ကတော့ အရှေ့တောင်ဘက်မှာ ထားပေးတာ အကောင်းဆုံးပါ။

ယမုံအေး(စမ်းချောင်း)

zawgyi version

 

လာဘ္ေခၚတဲ့ေၾကာင္ကေလး

-ယမံုေအး(စမ္းေခ်ာင္း)-

**********************

လက္ေလးတစ္ဖက္လႈပ္ကာ လက္ယပ္ေခၚေနတဲ႔ ဒီဖုန္းေရႊလာဘ္ေခၚ ေၾကာင္႐ုပ္ေလးေတြကိုေတာ့ လူအေတာ္မ်ားမ်ား ေတြ႔ဖူးၾကပါလိမ့္မယ္။ ရန္ကုန္မွာေတာ့ စီးပြားေရးလုပ္သူေတြ၊ ဆိုင္ဖြင့္သူေတြက လာဘ္ ေခၚေၾကာင္ကို အေဆာင္အျဖစ္ အေတာ္သံုးစြဲၾကတာကို ေတြ႕ရပါတယ္။ ဒီလာဘ္ေခၚေၾကာင္ကို ကံေကာင္းေစ တဲ႔ေၾကာင္လို႔လည္း ေခၚပါတယ္။

ဒီလာဘ္ေခၚေၾကာင္႐ုပ္ေလးက တ႐ုတ္ျပည္ဘက္က တ႐ုတ္လူမ်ိဳးေတြ ယံုၾကည္စြာနဲ႔ေဆာင္တဲ႔ အေဆာင္တစ္ခုပါ။ ေနာက္ပိုင္း ဂ်ပန္ႏိုင္ငံကလည္း ေၾကာင္႐ုပ္လွလွေလးေတြလုပ္ၿပီး လိုက္ေဆာင္လာႀက တယ္လို႔သိရပါတယ္။

လာဘ္ေခၚေၾကာင္႐ုပ္ေလးဟာ ေရႊေရာင္၊ အမည္းေရာင္၊ အျဖဴေရာင္၊ အနက္ေရာင္ ... စသျဖင့္ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ျပဳလုပ္ထားပါတယ္။

တခ်ိဳ႕သူေတြက ဒီလာဘ္ေခၚေၾကာင္႐ုပ္ေလးကို တီရွပ္ေပၚမွာ ႐ိုက္ႏွိပ္ၿပီးေဆာင္ၾကပါတယ္။ တခ်ိဳ႕ ကလည္း ေသာ့တြဲကီးခ်ိန္းမွာ ခ်ိတ္ဆြဲတတ္ၾကပါတယ္။

ဒီလာဘ္ေခၚေၾကာင္႐ုပ္ေလးကို ေဆာင္ထားမယ္ဆိုရင္ေတာ့ မိမိတို႔ထံသို႔ ကံေကာင္းျခင္းေတြ ေရာက္ရွိ လာေအာင္ ေခၚေဆာင္ေပးႏိုင္ျခင္း၊ လာဘ္မ်ားေရာက္ရွိလာေအာင္ ေခၚေဆာင္ေပးႏိုင္ျခင္း၊ ခ်မ္းသာၾကြယ္ဝမႈေတြ ေရာက္ရွိလာေအာင္ ေခၚေဆာင္ေပးႏိုင္ျခင္း၊ အလုပ္ေအာင္ျမင္ေစႏိုင္ျခင္း၊ စီးပြားေရးလုပ္ငန္း မ်ား ေအာင္ျမင္ေစႏိုင္ျခင္း အက်ိဳးထူးတို႔ ရရွိေစမွာျဖစ္ပါတယ္။

ဒီလာဘ္ေခၚေၾကာင္႐ုပ္ေလးကို အိမ္မွာေဆာင္ထားတာမ်ိဳးကိုေတာ့ သိပ္မေတြ႕ရပါဘူး။ အိမ္မွာေဆာင္ တဲ႔သူဦးေရေတာ့ နည္းပါးတတ္ပါတယ္။

လာဘ္ေခၚေၾကာင္႐ုပ္ေလးကို အေဆာင္အျဖစ္ထားမယ္ဆိုရင္ေတာ့ စတိုးဆိုင္၊ စားေသာက္ဆိုင္၊ ႐ံုးခန္းေတြမွာ ထားရင္ ပိုၿပီးသင့္ေတာ္ပါတယ္။ စတိုးဆိုင္၊ စားေသာက္ဆိုင္၊ ႐ံုးခန္းတို႔ရဲ႕ ေငြသိမ္းေကာင္တာ၊ အလုပ္စားပြဲတို႔မွာ ထားရွိသင့္ပါတယ္။

ထားရွိသင့္တဲ့ အသင့္ေလ်ာ္ဆံုး အရပ္မ်က္ႏွာအေနနဲ႔ကေတာ့ အေရွ႕ေတာင္ဘက္မွာ ထားေပးတာ အေကာင္းဆံုးပါ။

ယမံုေအး(စမ္းေခ်ာင္း)

Share