ခေတ်ကာလကို နားလည်ပါ။

- နန္ဒာမိုးကြယ် -

ခေတ်ဟူသည် ထာဝရပုံသေမဟုတ်။ ကာလ အနေအထားနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲ လျက်ရှိ၏။ လှည်းခေတ်၊ လှေခေတ်ကာလတုန်း ဆီက အရာရာသည် အေးအေးဆေးဆေး နှေးနှေး ကွေးကွေး။ ယခုလို အိုင်တီနည်းပညာခေတ်သို့ ရောက်လာသောအခါ အရာရာ၌ အေးဆေးနှေးကွေး နေ၍ မဖြစ်ပေ။

စားသုတ်သုတ်၊ သွားသုတ်သုတ်ဖြင့် လှုပ်ရှားနေမှသာလျှင် အားလုံးကို ကျော်ဖြတ်နိုင်မှာ ဖြစ်၏။ သည့်အတွက် အချိန်သည် တန်ဖိုးကြီးမား ကြောင်းသဘောပေါက်လာကြပြီဖြစ်၏။ ဤတွင် နိုင်ငံရပ်ခြားမှ သာဓကလေးတစ်ခုကို အလျဉ်းသင့် သဖြင့် တင်ပြလိုပေသည်။

တစ်နေ့သ၌ သူဋ္ဌေးကြီး အင်ဒရူးကာနယ်ဂျီ သည် လူငယ်နှစ်ယောက်အား အလုပ်တစ်နေရာ အတွက် ရွေးချယ်ရန် အင်တာဗျူးဝင်ခဲ့၏။ ၄င်းက လူငယ်နှစ်ဦး၏ရှေ့ရှိစားပွဲပေါ်သို့ ကြိုးချည်ထားသော ပါဆယ်ထုပ် နှစ်ထုပ်အား တင်လိုက်ကာ -

“ကဲ မောင်ရင်တို့ ရှေ့မှာရှိနေတဲ့ ပါဆယ် ထုပ်တစ်ထုပ်စီကို ဖွင့်ကြပါ”ဟု ပြောလိုက်၏။ ထိုအခါ လူရွယ်တစ်ဦးက ၎င်း၏ရှေ့မှောက်ရှိ ပါဆယ် ထုပ်အား ဆွဲယူကာ ပါဆယ်ထုပ်တွင် ချည်ထားသည့် ကြိုးကို စနစ်တကျ သေသေချာချာဖြင့်  စိမ်ပြေနပြေ ဖြည်လိုက်၏။ ထို့နောက် ပြေသွားသည့်ကြိုးအား ဆွဲဆန့်ကာ စနစ်တကျခေါက်၍ သိမ်းလိုက်ပြီးမှ ပါဆယ်ထုပ်ကို ဖွင့်လေ၏။ 

ကျန်တစ်ဦးမှာကား ၄င်း၏အိတ်ကပ်ထဲ၌ရှိ နေသော ခေါက်ဓားကလေးကို ဆွဲထုတ်ကာ ပါဆယ် ထုတ်ထားသည့်ကြိုးအား ဖြတ်ချလိုက်ပြီး ကြိုး အပ်ုင်းအစတို့ကို လုံးထွေးကာ အမှိုက်ပုံးအတွင်း သို့ထည့်လိုက်၏။ ထို့နောက် ပါဆယ်ကိုဖွင့်လိုက်၏။ 

“ကိုင်း ပြီးပါပြီ။ မောင်ရင်တို့နှစ်ယောက် မနက်ဖြန်ကျရင် ဘယ်သူ့ကို ရွေးချယ်လိုက်တယ် ဆိုတာ အဖြေလာကြည့်ပြီး၊ အရွေးခံရသူ အလုပ် ထဲဝင်ပေတော့”

လူရွယ်နှစ်ဦးပြန်သွားသောအခါ သူဋ္ဌေးကြီး ၏ လက်ထောက်ဖြစ်သူက -

“ကြိုးကိုစနစ်တကျ ဖြည်ပြီး သပ်သပ်ရပ် ရပ် ခေါက်သိမ်းတဲ့သူကို ရွေးချယ်မယ် မဟုတ်လား ဆရာ”ဟု မေးလေ၏။ ထိုအခါ သံမဏိလုပ်ငန်းရှင် သူဋ္ဌေးကြီး အင်ဒရူးကာနယ်ဂျီက ပြုံးလျက် -

“ဟင့်အင်း သူ့ကိုမရွေးဘူး၊ ဟိုတစ်ယောက် ကိုပဲ ရွေးမယ်”ဟုဖြေလေရာ လက်ထောက်လည်း ကြောင်အမ်းအမ်း ဖြစ်သွားပါလေ၏။ 

“ကျွန်တော်တော့ ဘာကြောင့်ဆိုတာ နား မလည်တော့ဘူး ဆရာ”

“အေး ... မင်းနားလည်အောင်ပြောရရင် တော့ အခုခေတ်ဟာ ပစ္စည်းထုပ်ပိုးတဲ့ ကြိုးကို နှမြောရမယ့်၊ ချွေတာရမယ့်ခေတ်ကာလ၊ အချိန် ကာလ မဟုတ်တော့ဘူး၊ အခုဟာ အချိန်ကိုချွေတာ ရမယ့် ခေတ်ကာလ ရောက်လာပြီ”

အမှန်တကယ်လည်း ခေတ်ကာလနှင့် လိုက် လျောညီထွေစွာ အချိန်ကိုတန်ဖိုးထားရမည့်၊ အချိန် ကို တန်ဖိုးရှိရှိ အသုံးချရမည့်အနေအထားသို့ ရောက် လာခဲ့ပေပြီ။

သဘာဝတရားသည် မိမိတို့အား အသုံးချ ရမည့်အရာများကို များစွာပေးအပ်ထား၏။ ထိုအချိန်၌ အချိန်သည် အဓိကအခန်းကဏ္ဍ၌ ပါဝင်၏။ အစဉ် ပြောင်းလဲနေသော ခေတ်ကာလကို နားလည်နိုင်မှ သာလျှင် အများတကာထက် နှာတစ်ဖျားမက သာ နိုင်ပေလိမ့်မည်။               

 

နန္ဒာမိုးကြယ်

zawgyi version

 

ေခတ္ကာလကုိ နားလည္ပါ။

- နႏၵာမိုးၾကယ္ -

**********************

ေခတ္ဟူသည္ ထာဝရပံုေသမဟုတ္။ ကာလ အေနအထားႏွင့္ လိုက္ေလ်ာညီေထြစြာ ေျပာင္းလဲ လ်က္ရွိ၏။ လွည္းေခတ္၊ ေလွေခတ္ကာလတုန္း ဆီက အရာရာသည္ ေအးေအးေဆးေဆး ေႏွးေႏွး ေကြးေကြး။ ယခုလို အိုင္တီနည္းပညာေခတ္သို႔ ေရာက္လာေသာအခါ အရာရာ၌ ေအးေဆးေႏွးေကြး ေန၍ မျဖစ္ေပ။ စားသုတ္သုတ္၊ သြားသုတ္သုတ္ျဖင့္ လႈပ္ရွားေနမွသာလွ်င္ အားလံုးကို ေက်ာ္ျဖတ္ႏိုင္မွာ ျဖစ္၏။ သည့္အတြက္ အခ်ိန္သည္ တန္ဖိုးႀကီးမား ေၾကာင္းသေဘာေပါက္လာၾကၿပီျဖစ္၏။ ဤတြင္ ႏိုင္ငံရပ္ျခားမွ သာဓကေလးတစ္ခုကို အလ်ဥ္းသင့္ သျဖင့္ တင္ျပလိုေပသည္။

တစ္ေန႕သ၌ သူေ႒းႀကီး အင္ဒ႐ူးကာနယ္ဂ်ီ သည္ လူငယ္ႏွစ္ေယာက္အား အလုပ္တစ္ေနရာ အတြက္ ေရြးခ်ယ္ရန္ အင္တာဗ်ဴးဝင္ခဲ့၏။ ၄င္းက လူငယ္ႏွစ္ဦး၏ေရွ႕ရွိစားပြဲေပၚသို႔ ႀကိဳးခ်ည္ထားေသာ ပါဆယ္ထုပ္ ႏွစ္ထုပ္အား တင္လိုက္ကာ -

“ကဲ ေမာင္ရင္တို႔ ေရွ႕မွာရွိေနတဲ့ ပါဆယ္ ထုပ္တစ္ထုပ္စီကို ဖြင့္ၾကပါ”ဟု ေျပာလိုက္၏။ ထိုအခါ လူရြယ္တစ္ဦးက ゞင္း၏ေရွ႕ေမွာက္ရွိ ပါဆယ္ ထုပ္အား ဆြဲယူကာ ပါဆယ္ထုပ္တြင္ ခ်ည္ထားသည့္ ႀကိဳးကို စနစ္တက် ေသေသခ်ာခ်ာျဖင့္  စိမ္ေျပနေျပ ျဖည္လိုက္၏။ ထို႔ေနာက္ ေျပသြားသည့္ႀကိဳးအား ဆြဲဆန္႔ကာ စနစ္တက်ေခါက္၍ သိမ္းလိုက္ၿပီးမွ ပါဆယ္ထုပ္ကို ဖြင့္ေလ၏။ 

က်န္တစ္ဦးမွာကား ၄င္း၏အိတ္ကပ္ထဲ၌ရွိ ေနေသာ ေခါက္ဓားကေလးကို ဆြဲထုတ္ကာ ပါဆယ္ ထုတ္ထားသည့္ႀကိဳးအား ျဖတ္ခ်လိုက္ၿပီး ႀကိဳး အပု္င္းအစတို႔ကို လံုးေထြးကာ အမိႈက္ပံုးအတြင္း သို႔ထည့္လိုက္၏။ ထို႔ေနာက္ ပါဆယ္ကိုဖြင့္လိုက္၏။ 

“ကိုင္း ၿပီးပါၿပီ။ ေမာင္ရင္တို႔ႏွစ္ေယာက္ မနက္ျဖန္က်ရင္ ဘယ္သူ႕ကို ေရြးခ်ယ္လိုက္တယ္ ဆိုတာ အေျဖလာၾကည့္ၿပီး၊ အေရြးခံရသူ အလုပ္ ထဲဝင္ေပေတာ့”

လူရြယ္ႏွစ္ဦးျပန္သြားေသာအခါ သူေ႒းႀကီး ၏ လက္ေထာက္ျဖစ္သူက -

“ႀကိဳးကိုစနစ္တက် ျဖည္ၿပီး သပ္သပ္ရပ္ ရပ္ ေခါက္သိမ္းတဲ့သူကို ေရြးခ်ယ္မယ္ မဟုတ္လား ဆရာ”ဟု ေမးေလ၏။ ထိုအခါ သံမဏိလုပ္ငန္းရွင္ သူေ႒းႀကီး အင္ဒ႐ူးကာနယ္ဂ်ီက ၿပံဳးလ်က္ -

“ဟင့္အင္း သူ႕ကိုမေရြးဘူး၊ ဟိုတစ္ေယာက္ ကိုပဲ ေရြးမယ္”ဟုေျဖေလရာ လက္ေထာက္လည္း ေၾကာင္အမ္းအမ္း ျဖစ္သြားပါေလ၏။ 

“ကြ်န္ေတာ္ေတာ့ ဘာေၾကာင့္ဆိုတာ နား မလည္ေတာ့ဘူး ဆရာ”

“ေအး ... မင္းနားလည္ေအာင္ေျပာရရင္ ေတာ့ အခုေခတ္ဟာ ပစၥည္းထုပ္ပိုးတဲ့ ႀကိဳးကို ႏွေျမာရမယ့္၊ ေခြ်တာရမယ့္ေခတ္ကာလ၊ အခ်ိန္ ကာလ မဟုတ္ေတာ့ဘူး၊ အခုဟာ အခ်ိန္ကိုေခြ်တာ ရမယ့္ ေခတ္ကာလ ေရာက္လာၿပီ”

အမွန္တကယ္လည္း ေခတ္ကာလႏွင့္ လိုက္ ေလ်ာညီေထြစြာ အခ်ိန္ကိုတန္ဖိုးထားရမည့္၊ အခ်ိန္ ကို တန္ဖိုးရွိရွိ အသံုးခ်ရမည့္အေနအထားသို႔ ေရာက္ လာခဲ့ေပၿပီ။

သဘာဝတရားသည္ မိမိတို႔အား အသံုးခ် ရမည့္အရာမ်ားကို မ်ားစြာေပးအပ္ထား၏။ ထိုအခ်ိန္၌ အခ်ိန္သည္ အဓိကအခန္းက႑၌ ပါဝင္၏။ အစဥ္ ေျပာင္းလဲေနေသာ ေခတ္ကာလကို နားလည္ႏိုင္မွ သာလွ်င္ အမ်ားတကာထက္ ႏွာတစ္ဖ်ားမက သာ ႏိုင္ေပလိမ့္မည္။               

 

နႏၵာမိုးၾကယ္

Share