မျက်စိအလင်း အန္တရာယ်ကင်း ဂါထာအစွမ်း

-အိုကေကြီး(ဝမ်းတွင်း)-

ကျွန်တော် စာဖတ်ဝါသနာပါပါတယ်။ အထူး သဖြင့် သတင်းစာဂျာနယ်တွေကို ပို၍ဖတ်ဖြစ်ပါ တယ်။ ကိုယ်ကိုယ်၌က ဝန်ထမ်းဖြစ်နေပေမယ့် မိဘ ကတောင်သူမျိုးရိုး၊ လူကဘုန်းကြီးကျောင်းထွက်ဖြစ် တာကြောင့်ကိုယ့်ဘာသာဓလေ့နဲ့ ရှေးရိုးရာထုံးအ သွယ်သွယ်ကို ဈေးသုံးမကြွယ်ဘဲ အမြဲဖော်ပြပေးနေ တဲ့ မနောမယဂျာနယ်ကို သဘောကျနှစ်ခြိုက်စွာ ဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ပြီးတဲ့ထဲကမှ မှတ်သားစရာ လေးတွေပါရင်လည်း သီးခြားစာအုပ်တစ်အုပ်ထဲမှာ ရေးကူးမှတ်ထားလေ့ရှိခဲ့ပါတယ်။ 

 

သည်ထဲမှာ ထူးထူးခြားခြား မျက်စိဝေဒနာ  ရှင်များအတွက် “အလွန်အစွမ်းထက်သည့် ဂါထာ တစ်ပုဒ်” မနောမယဂျာနယ်မှာ ပါလာတာလေးဖတ် မိပြီး မှတ်သားထားခဲ့ဖူးပါတယ်။ နှစ်နှစ်ကျော်လောက် တော့ရှိပြီထင်ပါတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်သွား ပြီး ကျွန်တော်လည်း မိတ္ထီလာမြို့နဲ့ မနီးမဝေးနယ် တစ်ခုမှာ တာဝန်ကျနေပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင် ဘာလလောက်မှာ ကျွန်တော့်မျက်စိတွေ အဝေး ကြည့်သိပ်မကောင်းပါဘူ။ မီးသီး၊ မီးချောင်း၊ ဖယောင်းတိုင်မီးစတဲ့အလင်းတွေကို ကြည့်လိုက်ရင် အလင်းက မပြတ်သားဘဲ ဖြာထွက်ပြန့်ကားနေပါ တယ်။ မိတ္ထီလာမြို့က မျက်စိဆရာဝန်တစ်ဦးက တော့ မျက်စဉ်းပေးပြီး ပါဝါမျက်မှန်စမ်းသပ်လုပ်ပေး ခဲ့ပါတယ်။ အလင်းရောင်များတဲ့ အပြင်ဘက်ကနေ    အလင်းနည်းတဲ့ အဆောက်အအုံတစ်ခုခု၊ အိမ်တို့ရုံး တို့ လက်ဖက်ရည်ဆိုင်တို့ထဲ ဝင်လိုက်ရင် အထဲမှာ ရှိတဲ့သူတွေရဲ့ မျက်နှာတွေပြန့်ပြားနေပြီး ရုတ်တရက် ဘယ်သူဘယ်ဝါမှန်း မသိရတော့လောက်အောင် မှုန် ဝါးပြီး အခြေအနေ ဆိုးရွားလာပါသည်။ 

ကျွန်တော်မျက်စိဝေဒနာစဖြစ်ပြီလို့ သိလိုက် ရသည်နှင့် တစ်ပြိုင်နက် တစ်ချိန်က မနောမယဂျာ နယ်ကနေ ရေးကူးမှတ်ထားတဲ့ မျက်စိအစွမ်းထက် ဂါထာကို သတိရလိုက်မိပါတယ်။ အဲဒီနေ့ကစပြီး ဒီဂါထာကို နေ့နေ့ညညဘုရားရှိခိုးတိုင်း ရွတ်ဖတ်ပူ ဇော်ပြီး ရှိခိုးကန်တော့ပါတော့တယ်။ ဂါထာအပြည့် အစုံမှာ 

 

“ဒူရဉ္စ သုခုမံ ရူပံ၊ ဒဋ္ဌုံ သမတ္ထ နာယကံ တိရောဓာနေ ဌိတံရူပံ၊ ဒိဗ္ဗစက္ခုံန မာမဟံ”

 

ဘန္တေ-ဒိဗ္ဗစက္ခု၊ မြင်မူထင်ရှား အိုမြတ်စွာ ဘုရား၊ ဒူရံ ရူပဉ္စ-စကြဝဠာ လွန်ဝေးကွာသည့် ရူပါရုံများ အစားစားကိုလည်းကောင်း၊ သုခုမံရူပံ- ပရမာနု ပမာပြု၍ မြင်မှုမလွယ် လွန်သေးငယ်သည့် နုနယ်လုံးစုံသိမ်မွေ့ကုန်သော ရူပါရုံကိုလည်းကောင်း တိရောဓာနေ-တောတောင်မြိုင်စွယ် အသွယ်သွယ် တို့ ဖုံးကွယ်နေရာ မမြင်သာသော ဌာန၌၊ ဌိတံ-မြင်နိုင်ခက်ပေ တည်ရှိနေသော၊ ရူပဉ္စ-ကြီးငယ် အလတ် အရပ်ရပ်သော ရူပါရုံကိုလည်းကောင်း၊ ဒဋ္ဌုံ -နတ်မျက်စိသွင် ဉာဏ်တော်ရှင်မို့ ထင်မြင်ကြည့်ရှု တော်မူခြင်းငှာ၊ သမတ္ထံ-စွမ်းနိုင်တော်မူသော၊ နာ ယကံ - လောကသုံးပါး ရှေ့သွားသခင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အဟံ-မျက်စိဒုက္ခခံနေရ၍ လုံးဝပျောက်ကင်း အမြင်ရှင်းလျက် ထင်လင်းရန်မျှော် ဘုရားတပည့်တော်သည်၊ နမာမိ-ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား (မြတ်စွာ ဘုရားရှင်၏ ဒိဗ္ဗစက္ခုÓာဏ်တော်အား အာရုံပြု၍ ရွတ် ဆိုပူဇော်ရန်)ဟူ၍ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဂါထာအ ဆုံးအပိုဒ် “အဟံ မျက်စိနှစ်ကွင်း အန္တရာယ် ကင်း တိမ်သလ္လာကင်း၊ မှုန်ဝါးခြင်းကင်းကာ၊ ထင် လင်း ရန်မျှော် ဘုရားတပည့်တော်သည် နမာမိ ရိုသေမြတ် နိုးလက်စုံမိုး၍ ရှိခိုးပါ၏”ဟု ဖြည့်စွက် ရွတ်ဆိုပြီး နေ့စဉ်ပူဇော်ကန်တော့ခဲ့ပါတယ်။ 

အဲဒီလို ရွတ်ဆိုပူဇော်ခဲ့ရာက တစ်လခန့်အ ကြာ (၂၅-၁-၂၀၁၆)ရက်မှာ မထင်မှတ်ဘဲ မိတ္ထီ လာစက်မှုဇုန်မှာနေတဲ့ မိတ်ဆွေ ဦးကျော်ဇော ချိန်းဆို ထားခြင်းမရှိဘဲ သူ့ကားအသစ်လေးနဲ့ ရုတ်တရတ် ရောက်လာပြီး ထီးဆောင်းရွှေရတု တိပိဋက မျက်စိ ဆေးရုံသွားမလို့ အဖော်လိုက်ခဲ့ပေးရန်ခေါ်ပါတယ်။ သူ့မျက်စိတစ်ဖက် ရုတ်တရက် မှုန်ဝါးသွားလို့ သွားပြ ချင်လို့ဟုပြောပါတယ်။ အဆင်သင့်တော့ ကျွန်တော် လည်း ပြကြည့်တာပေါ့ဟု ပြောပြီး ချက်ချင်းလိုက် သွားခဲ့ပါတယ်။ ဆေးရုံမှာ နီပေါနိုင်ငံက မျက်စိအထူး ကုဆရာဝန်ကြီးနဲ့ တွေ့ပြီး ကျွန်တော်တို့ နှစ်ယောက် လုံးကို မျက်စိစမ်းသပ်စစ်ဆေးပါတယ်။ ဦးကျော်ဇော မျက်စိကို နောက်တစ်ပတ်ကြာရင် ခွဲစိတ်မယ်လို့ ချိန်းပေမယ့် ကျွန်တော့်ဘယ်ဘက်မျက်စိကိုတော့ ရေတိမ်ဖြစ်နေတာ ရေချိန်များတယ်လို့ပြောပြီး ချက် ချင်းပဲ ခွဲစိတ်ကုသပေးလိုက်ပါတယ်။ ဦးကျော်ဇော မျက်စိခွဲစိတ်ကုသမယ့်ရက်မှာ ကျွန်တော့်ခွဲစိတ်ပြီး မျက်စိတစ်ပတ်ပြည့်လို့ ပြန်ပြရမယ့်ရက်ဖြစ်လို့ အတူ လိုက်သွားပြီး ပြခဲ့ရာက ညာဖက်မျက်စိပါ ကုသဖို့လို တယ်ပြောကာ တစ်လက်စတည်း ခွဲစိတ်ကုသပေးခဲ့ ပါတယ်။ 

အခု တစ်နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော်မျက်စိ နှစ်ကွင်းစလုံး ငယ်စဉ်က မျက်စိကဲ့သို့ အနီးအဝေး ကိုကြည်လင်ကောင်းမွန်စွာ မြင်ရပါတယ်။ ဘာဝေ ဒနာမှလည်း မခံစားရပါဘူး။ ယခု စာရေးတာ စာဖတ် တာလည်း မျက်မှန်မလိုဘဲ ရေးနိုင်ဖတ်နိုင်ခဲ့ပါတယ်။ ထီးဆောင်းရွှေရတု တိပိဋကစက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံကြီးက အကြီးအမှူးဆရာတော် တိပိဋ ကဓရ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံ သပါလဆရာတော်ဘုရားနဲ့ ဆရာဝန်ကြီးများ၊ ဝန်ထမ်းများ ဘက်စုံအလှူရှင်များအားလုံးကို နေ့စဉ် မျက်စိနှစ်ဖက်ပွင့်တဲ့ အချိန်ကစပြီး မေတ္တာပို့ရက် မပျက်ခဲ့ပါဘူး။ စစ်ကိုင်း-မုံရွာလမ်း-မြင်းမူမြို့အနီး က တိပိဋက စက္ခုပါလ ဆေးရုံကြီးမှာ နေ့စဉ် မျက်စိ ဝေဒနာရှင်များစွာကို အခမဲ့ကုသိုလ်ဖြစ်ကုသပေးနေ လျက်ရှိပါတယ်။ အခမဲ့ကုသတယ်ဆိုတဲ့ စကားရပ် ကြောင့် အတွေးအထင်အမြင် မပေါ့စေချင်ပါဘူး။ အမှန်ဝန်ခံရရင် အခမဲ့ဆေးရုံဆိုတဲ့အတွက် ကျွန် တော်ကိုယ်တိုင်ပင် အရင်ကအထင်မကြီးခဲ့ပါ။ ဆေး ရုံရောက်သွားတော့မှ ထည်ဝါတဲ့ အဆောက်အအုံ၊ ကျယ်ဝန်းသန့်ပြန့်တဲ့ စမ်းသပ်ခန်း၊ နိုင်ငံတကာ အဆင့် မျက်စိစမ်းသပ်ကိရိယာတွေ၊ ဆေးဝါးပစ္စည်း တွေအပြင် နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ပါရဂူဆရာ ဝန်ကြီးများကိုယ်တိုင် စမ်းသပ်စစ်ဆေးခွဲစိတ်ကုသ ပေးနေတဲ့ အဆင့်မြင့် ဆေးရုံကြီးဖြစ်နေတာကြောင့် အံ့ဩခဲ့ရပါတယ်။ မင်းကွန်းတိပိဋကဓရဆရာတော် ရဲ့ဦးဆောင်မှုဖြင့် ဩစတေးလျ၊ အမေရိက၊ ဘန် ကောက်တို့မှ အမြဲတမ်းအလှူရှင်ကြီးများနဲ့ ပြည်တွင်း မှ အလှူရှင်များရဲ့ စေတနာသဒ္ဒါတို့ဖြင့် မည်သည့် ငွေကြေးမှ မပေးရသော တကယ့်ကုသိုလ်ဖြစ်အခမဲ့ အဆင့်မြင့် ဆေးရုံကြီးဖြစ်ပါတယ်။ 

မျက်စိဝေဒနာဖြစ်လာရင် ပြင်ပဆေးရုံဆေး ခန်းတွေမှာ စမ်းသပ်ခ၊ ဆေးစစ်ခ၊ သွေးစစ်ခ၊ ဓာတ် မှန်ခ၊ မျက်ကပ်မှန်ခ၊ ဆေးဝါးပစ္စည်းခ စသည်ဖြင့် သိန်းဂဏန်းကုန်ကျပါသည်။ ကျွန်တော်မိတ္ထီလာက နေ ထီးဆောင်း(မြင်းမူမြို့) အထိသွားရောက်ခွဲစိတ် ကုသခဲ့ရခြင်း၊ ပြန်လည်စစ်ဆေးပေးနိုင်ရန်ရက်ချိန်း များတွင် သွားရောက်ပြသခဲ့ရခြင်းများ ရှိခဲ့ပေခဲ့ (မိတ်ဆွေ အကူအညီအလိုလိုပေါ်လာပြီး)လူမပင်ပန်း ခရီးစရိတ်မကုန်၊ စားစရိတ်မကုန်သည့်အပြင် ကုသခ ငွေကြေးတစ်ပြားမှမကုန်ပါဘဲ မူလမျက်စိကဲ့သို့ပင် အနီးအဝေး ကောင်းမွန်ကြည်လင်စွာ မြင်ခဲ့ရပါပြီ။ ကုသမှုပြီးချိန် ကတည်းက အားရဝမ်းသာဖြစ်ပြီး မနောမယကို ချက်ချင်းရေးပို့ချင်ပေမယ့် ဆန္ဒစော သွားမှာစိုးတာကြောင့် အချိန်ယူစောင့်ကြည့်ခဲ့တာပါ။ ယခုဆိုလျှင် ခွဲစိတ်ပြီး တစ်နှစ်ကျော်လာပြီး ကောင်း မွန်ကြည်လင်စွာ မြင်ရရုံသာမက မည်သည့်ဝေဒနာ မှလည်း မခံစားခဲ့ရပါဘူး။

ကျွန်တော့်မျက်စိ ကောင်းမွန်ကြည်လင်စွာ  ပြန်မြင်ခဲ့ရတာဟာ တိပိဋကဆရာတော်နဲ့ အလှူ ရှင်ကြီးများရဲ့ ကြီးမားမြင့်မြတ်တဲ့စေတနာ၊ အထူးကု ဆရာဝန်ကြီးများရဲ့ ကျွမ်းကျင်ထက်မြတ်တဲ့ကုသမှု တို့အပြင် မျက်စိနှစ်ကွင်း အန္တရာယ်ကင်း၊ တိမ် သလ္လာကင်း၊ မှုန်ဝါးခြင်းကင်းဆိုတဲ့ ဆုတောင်းပြည့်ခဲ့   တဲ့အထက်ဖော်ပြပါ ထက်မြတ်တဲ့ မျက်စိအန္တရာယ် ကင်းဂါထာကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ခြင်းရဲ့ ထူးခြားတဲ့ ကောင်းကျိုးရလဒ်ဖြစ်ပါတယ်။ မျက်စိဝေ ဒနာရှင်များအတွက် တန်ဖိုးထားကာ မျှဝေဖော်ပြ လိုက်ရပါတယ်။ (လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က မနောမယဂျာနယ်တွင် ဖော်ပြခဲ့သော မူရင်းတင်ပြသူ နှင့် အယ်ဒီတာအဖွဲ့ကိုလည်း ကျေးဇူးတင်စွာဖြင့် ဂါရဝပြုလိုက်ရပါသည်။)  

 

အိုကေကြီး(ဝမ်းတွင်း)

 

zawgyi version

 

မ်က္စိအလင္း အႏၱရာယ္ကင္း ဂါထာအစြမ္း

-အုိေကႀကီး(၀မ္းတြင္း)-

 

ကြ်န္ေတာ္ စာဖတ္ဝါသနာပါပါတယ္။ အထူး သျဖင့္ သတင္းစာဂ်ာနယ္ေတြကို ပို၍ဖတ္ျဖစ္ပါ တယ္။ ကိုယ္ကိုယ္၌က ဝန္ထမ္းျဖစ္ေနေပမယ့္ မိဘ ကေတာင္သူမ်ိဳး႐ိုး၊ လူကဘုန္းႀကီးေက်ာင္းထြက္ျဖစ္ တာေၾကာင့္ကိုယ့္ဘာသာဓေလ့နဲ႔ ေရွး႐ိုးရာထံုးအ သြယ္သြယ္ကို ေဈးသံုးမၾကြယ္ဘဲ အၿမဲေဖာ္ျပေပးေန တဲ့ မေနာမယဂ်ာနယ္ကို သေဘာက်ႏွစ္ၿခိဳက္စြာ ဖတ္ျဖစ္ခဲ့ပါတယ္။ ဖတ္ၿပီးတဲ့ထဲကမွ မွတ္သားစရာ ေလးေတြပါရင္လည္း သီးျခားစာအုပ္တစ္အုပ္ထဲမွာ ေရးကူးမွတ္ထားေလ့ရွိခဲ့ပါတယ္။ 

သည္ထဲမွာ ထူးထူးျခားျခား မ်က္စိေဝဒနာ  ရွင္မ်ားအတြက္ “အလြန္အစြမ္းထက္သည့္ ဂါထာ တစ္ပုဒ္” မေနာမယဂ်ာနယ္မွာ ပါလာတာေလးဖတ္ မိၿပီး မွတ္သားထားခဲ့ဖူးပါတယ္။ ႏွစ္ႏွစ္ေက်ာ္ေလာက္ ေတာ့ရွိၿပီထင္ပါတယ္။ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြား ၿပီး ကြ်န္ေတာ္လည္း မိတၳီလာၿမိဳ႕နဲ႔ မနီးမေဝးနယ္ တစ္ခုမွာ တာဝန္က်ေနပါတယ္။ ၂၀၁၅ ခုႏွစ္ ဒီဇင္ ဘာလေလာက္မွာ ကြ်န္ေတာ့္မ်က္စိေတြ အေဝး ၾကည့္သိပ္မေကာင္းပါဘူ။ မီးသီး၊ မီးေခ်ာင္း၊ ဖေယာင္းတိုင္မီးစတဲ့အလင္းေတြကို ၾကည့္လိုက္ရင္ အလင္းက မျပတ္သားဘဲ ျဖာထြက္ျပန္႔ကားေနပါ တယ္။ မိတၴီလာၿမိဳ႕က မ်က္စိဆရာဝန္တစ္ဦးက ေတာ့ မ်က္စဥ္းေပးၿပီး ပါဝါမ်က္မွန္စမ္းသပ္လုပ္ေပး ခဲ့ပါတယ္။ အလင္းေရာင္မ်ားတဲ့ အျပင္ဘက္ကေန    အလင္းနည္းတဲ့ အေဆာက္အအံုတစ္ခုခု၊ အိမ္တို႔႐ံုး တို႔ လက္ဖက္ရည္ဆိုင္တို႔ထဲ ဝင္လိုက္ရင္ အထဲမွာ ရွိတဲ့သူေတြရဲ႕ မ်က္ႏွာေတြျပန္႔ျပားေနၿပီး ႐ုတ္တရက္ ဘယ္သူဘယ္ဝါမွန္း မသိရေတာ့ေလာက္ေအာင္ မႈန္ ဝါးၿပီး အေျခအေန ဆိုးရြားလာပါသည္။ 

ကြ်န္ေတာ္မ်က္စိေဝဒနာစျဖစ္ၿပီလို႔ သိလိုက္ ရသည္ႏွင့္ တစ္ၿပိဳင္နက္ တစ္ခ်ိန္က မေနာမယဂ်ာ နယ္ကေန ေရးကူးမွတ္ထားတဲ့ မ်က္စိအစြမ္းထက္ ဂါထာကို သတိရလိုက္မိပါတယ္။ အဲဒီေန႔ကစၿပီး ဒီဂါထာကို ေန႔ေန႔ညညဘုရားရွိခိုးတိုင္း ရြတ္ဖတ္ပူ ေဇာ္ၿပီး ရွိခိုးကန္ေတာ့ပါေတာ့တယ္။ ဂါထာအျပည့္ အစံုမွာ 

 

“ဒူရဥၥ သုခုမံ ႐ူပံ၊ ဒ႒ံဳ သမတၴ နာယကံ တိေရာဓာေန ဌိတံ႐ူပံ၊ ဒိဗၺစကၡံဳန မာမဟံ”

 

ဘေႏၱ-ဒိဗၺစကၡဳ၊ ျမင္မူထင္ရွား အိုျမတ္စြာ ဘုရား၊ ဒူရံ ႐ူပဥၥ-စၾကဝဠာ လြန္ေဝးကြာသည့္ ႐ူပါ႐ံုမ်ား အစားစားကိုလည္းေကာင္း၊ သုခုမံ႐ူပံ- ပရမာႏု ပမာျပဳ၍ ျမင္မႈမလြယ္ လြန္ေသးငယ္သည့္ ႏုနယ္လံုးစံုသိမ္ေမြ႕ကုန္ေသာ ႐ူပါ႐ံုကိုလည္းေကာင္း တိေရာဓာေန-ေတာေတာင္ၿမိဳင္စြယ္ အသြယ္သြယ္ တို႔ ဖံုးကြယ္ေနရာ မျမင္သာေသာ ဌာန၌၊ ဌိတံ-ျမင္ႏိုင္ခက္ေပ တည္ရွိေနေသာ၊ ႐ူပဥၥ-ႀကီးငယ္ အလတ္ အရပ္ရပ္ေသာ ႐ူပါ႐ံုကိုလည္းေကာင္း၊ ဒ႒ံဳ -နတ္မ်က္စိသြင္ ဥာဏ္ေတာ္ရွင္မို႔ ထင္ျမင္ၾကည့္႐ႈ ေတာ္မူျခင္းငွာ၊ သမတၴံ-စြမ္းႏိုင္ေတာ္မူေသာ၊ နာ ယကံ - ေလာကသံုးပါး ေရွ႕သြားသခင္ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးကို အဟံ-မ်က္စိဒုကၡခံေနရ၍ လံုးဝေပ်ာက္ကင္း အျမင္ရွင္းလ်က္ ထင္လင္းရန္ေမွ်ာ္ ဘုရားတပည့္ေတာ္သည္၊ နမာမိ-႐ိုေသျမတ္ႏိုး လက္စံုမိုး၍ ရွိခိုးပါ၏ ျမတ္စြာဘုရား (ျမတ္စြာ ဘုရားရွင္၏ ဒိဗၺစကၡဳÓာဏ္ေတာ္အား အာ႐ံုျပဳ၍ ရြတ္ ဆိုပူေဇာ္ရန္)ဟူ၍ျဖစ္ပါတယ္။ ကြ်န္ေတာ္ကေတာ့ ဂါထာအ ဆံုးအပိုဒ္ “အဟံ မ်က္စိႏွစ္ကြင္း အႏၱရာယ္ ကင္း တိမ္သလႅာကင္း၊ မႈန္ဝါးျခင္းကင္းကာ၊ ထင္ လင္း ရန္ေမွ်ာ္ ဘုရားတပည့္ေတာ္သည္ နမာမိ ႐ိုေသျမတ္ ႏိုးလက္စံုမိုး၍ ရွိခိုးပါ၏”ဟု ျဖည့္စြက္ ရြတ္ဆိုၿပီး ေန႔စဥ္ပူေဇာ္ကန္ေတာ့ခဲ့ပါတယ္။ 

အဲဒီလို ရြတ္ဆိုပူေဇာ္ခဲ့ရာက တစ္လခန္႔အ ၾကာ (၂၅-၁-၂၀၁၆)ရက္မွာ မထင္မွတ္ဘဲ မိတၳီ လာစက္မႈဇုန္မွာေနတဲ့ မိတ္ေဆြ ဦးေက်ာ္ေဇာ ခ်ိန္းဆို ထားျခင္းမရွိဘဲ သူ႕ကားအသစ္ေလးနဲ႔ ႐ုတ္တရတ္ ေရာက္လာၿပီး ထီးေဆာင္းေရႊရတု တိပိဋက မ်က္စိ ေဆး႐ံုသြားမလို႔ အေဖာ္လိုက္ခဲ့ေပးရန္ေခၚပါတယ္။ သူ႕မ်က္စိတစ္ဖက္ ႐ုတ္တရက္ မႈန္ဝါးသြားလို႔ သြားျပ ခ်င္လို႔ဟုေျပာပါတယ္။ အဆင္သင့္ေတာ့ ကြ်န္ေတာ္ လည္း ျပၾကည့္တာေပါ့ဟု ေျပာၿပီး ခ်က္ခ်င္းလိုက္ သြားခဲ့ပါတယ္။ ေဆး႐ံုမွာ နီေပါႏိုင္ငံက မ်က္စိအထူး ကုဆရာဝန္ႀကီးနဲ႔ ေတြ႕ၿပီး ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ လံုးကို မ်က္စိစမ္းသပ္စစ္ေဆးပါတယ္။ ဦးေက်ာ္ေဇာ မ်က္စိကို ေနာက္တစ္ပတ္ၾကာရင္ ခြဲစိတ္မယ္လို႔ ခ်ိန္းေပမယ့္ ကြ်န္ေတာ့္ဘယ္ဘက္မ်က္စိကိုေတာ့ ေရတိမ္ျဖစ္ေနတာ ေရခ်ိန္မ်ားတယ္လို႔ေျပာၿပီး ခ်က္ ခ်င္းပဲ ခြဲစိတ္ကုသေပးလိုက္ပါတယ္။ ဦးေက်ာ္ေဇာ မ်က္စိခြဲစိတ္ကုသမယ့္ရက္မွာ ကြ်န္ေတာ့္ခြဲစိတ္ၿပီး မ်က္စိတစ္ပတ္ျပည့္လို႔ ျပန္ျပရမယ့္ရက္ျဖစ္လို႔ အတူ လိုက္သြားၿပီး ျပခဲ့ရာက ညာဖက္မ်က္စိပါ ကုသဖို႔လို တယ္ေျပာကာ တစ္လက္စတည္း ခြဲစိတ္ကုသေပးခဲ့ ပါတယ္။ 

အခု တစ္ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ကြ်န္ေတာ္မ်က္စိ ႏွစ္ကြင္းစလံုး ငယ္စဥ္က မ်က္စိကဲ့သို႔ အနီးအေဝး ကိုၾကည္လင္ေကာင္းမြန္စြာ ျမင္ရပါတယ္။ ဘာေဝ ဒနာမွလည္း မခံစားရပါဘူး။ ယခု စာေရးတာ စာဖတ္ တာလည္း မ်က္မွန္မလိုဘဲ ေရးႏိုင္ဖတ္ႏိုင္ခဲ့ပါတယ္။ ထီးေဆာင္းေရႊရတု တိပိဋကစကၡဳပါလ ကုသိုလ္ျဖစ္ မ်က္စိေဆး႐ံုႀကီးက အႀကီးအမွဴးဆရာေတာ္ တိပိဋ ကဓရ တိပိဋကေကာဝိဒဓမၼဘ႑ာဂါရိက ဘဒၵႏၱဝံ သပါလဆရာေတာ္ဘုရားနဲ႔ ဆရာဝန္ႀကီးမ်ား၊ ဝန္ထမ္းမ်ား ဘက္စံုအလွဴရွင္မ်ားအားလံုးကို ေန႔စဥ္ မ်က္စိႏွစ္ဖက္ပြင့္တဲ့ အခ်ိန္ကစၿပီး ေမတၲာပို႔ရက္ မပ်က္ခဲ့ပါဘူး။ စစ္ကိုင္း-မံုရြာလမ္း-ျမင္းမူၿမိဳ႕အနီး က တိပိဋက စကၡဳပါလ ေဆး႐ံုႀကီးမွာ ေန႔စဥ္ မ်က္စိ ေဝဒနာရွင္မ်ားစြာကို အခမဲ့ကုသိုလ္ျဖစ္ကုသေပးေန လ်က္ရွိပါတယ္။ အခမဲ့ကုသတယ္ဆိုတဲ့ စကားရပ္ ေၾကာင့္ အေတြးအထင္အျမင္ မေပါ့ေစခ်င္ပါဘူး။ အမွန္ဝန္ခံရရင္ အခမဲ့ေဆး႐ံုဆိုတဲ့အတြက္ ကြ်န္ ေတာ္ကိုယ္တိုင္ပင္ အရင္ကအထင္မႀကီးခဲ့ပါ။ ေဆး ႐ံုေရာက္သြားေတာ့မွ ထည္ဝါတဲ့ အေဆာက္အအံု၊ က်ယ္ဝန္းသန္႔ျပန္႔တဲ့ စမ္းသပ္ခန္း၊ ႏိုင္ငံတကာ အဆင့္ မ်က္စိစမ္းသပ္ကိရိယာေတြ၊ ေဆးဝါးပစၥည္း ေတြအျပင္ နီေပါႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔မွ ပါရဂူဆရာ ဝန္ႀကီးမ်ားကိုယ္တိုင္ စမ္းသပ္စစ္ေဆးခြဲစိတ္ကုသ ေပးေနတဲ့ အဆင့္ျမင့္ ေဆး႐ံုႀကီးျဖစ္ေနတာေၾကာင့္ အံ့ဩခဲ့ရပါတယ္။ မင္းကြန္းတိပိဋကဓရဆရာေတာ္ ရဲ႕ဦးေဆာင္မႈျဖင့္ ဩစေတးလ်၊ အေမရိက၊ ဘန္ ေကာက္တို႔မွ အၿမဲတမ္းအလွဴရွင္ႀကီးမ်ားနဲ႔ ျပည္တြင္း မွ အလွဴရွင္မ်ားရဲ႕ ေစတနာသဒၵါတို႔ျဖင့္ မည္သည့္ ေငြေၾကးမွ မေပးရေသာ တကယ့္ကုသိုလ္ျဖစ္အခမဲ့ အဆင့္ျမင့္ ေဆး႐ံုႀကီးျဖစ္ပါတယ္။ 

မ်က္စိေဝဒနာျဖစ္လာရင္ ျပင္ပေဆး႐ံုေဆး ခန္းေတြမွာ စမ္းသပ္ခ၊ ေဆးစစ္ခ၊ ေသြးစစ္ခ၊ ဓာတ္ မွန္ခ၊ မ်က္ကပ္မွန္ခ၊ ေဆးဝါးပစၥည္းခ စသည္ျဖင့္ သိန္းဂဏန္းကုန္က်ပါသည္။ ကြ်န္ေတာ္မိတၴီလာက ေန ထီးေဆာင္း(ျမင္းမူၿမိဳ႕) အထိသြားေရာက္ခြဲစိတ္ ကုသခဲ့ရျခင္း၊ ျပန္လည္စစ္ေဆးေပးႏိုင္ရန္ရက္ခ်ိန္း မ်ားတြင္ သြားေရာက္ျပသခဲ့ရျခင္းမ်ား ရွိခဲ့ေပခဲ့ (မိတ္ေဆြ အကူအညီအလိုလိုေပၚလာၿပီး)လူမပင္ပန္း ခရီးစရိတ္မကုန္၊ စားစရိတ္မကုန္သည့္အျပင္ ကုသခ ေငြေၾကးတစ္ျပားမွမကုန္ပါဘဲ မူလမ်က္စိကဲ့သို႔ပင္ အနီးအေဝး ေကာင္းမြန္ၾကည္လင္စြာ ျမင္ခဲ့ရပါၿပီ။ ကုသမႈၿပီးခ်ိန္ ကတည္းက အားရဝမ္းသာျဖစ္ၿပီး မေနာမယကို ခ်က္ခ်င္းေရးပို႔ခ်င္ေပမယ့္ ဆႏၵေစာ သြားမွာစိုးတာေၾကာင့္ အခ်ိန္ယူေစာင့္ၾကည့္ခဲ့တာပါ။ ယခုဆိုလွ်င္ ခြဲစိတ္ၿပီး တစ္ႏွစ္ေက်ာ္လာၿပီး ေကာင္း မြန္ၾကည္လင္စြာ ျမင္ရ႐ံုသာမက မည္သည့္ေဝဒနာ မွလည္း မခံစားခဲ့ရပါဘူး။

ကြ်န္ေတာ့္မ်က္စိ ေကာင္းမြန္ၾကည္လင္စြာ  ျပန္ျမင္ခဲ့ရတာဟာ တိပိဋကဆရာေတာ္နဲ႔ အလွဴ ရွင္ႀကီးမ်ားရဲ႕ ႀကီးမားျမင့္ျမတ္တဲ့ေစတနာ၊ အထူးကု ဆရာဝန္ႀကီးမ်ားရဲ႕ ကြ်မ္းက်င္ထက္ျမတ္တဲ့ကုသမႈ တို႔အျပင္ မ်က္စိႏွစ္ကြင္း အႏၱရာယ္ကင္း၊ တိမ္ သလႅာကင္း၊ မႈန္ဝါးျခင္းကင္းဆိုတဲ့ ဆုေတာင္းျပည့္ခဲ့   တဲ့အထက္ေဖာ္ျပပါ ထက္ျမတ္တဲ့ မ်က္စိအႏၱရာယ္ ကင္းဂါထာကို ယံုၾကည္စြာ ရြတ္ဖတ္ပူေဇာ္ျခင္းရဲ႕ ထူးျခားတဲ့ ေကာင္းက်ိဳးရလဒ္ျဖစ္ပါတယ္။ မ်က္စိေဝ ဒနာရွင္မ်ားအတြက္ တန္ဖိုးထားကာ မွ်ေဝေဖာ္ျပ လိုက္ရပါတယ္။ (လြန္ခဲ့သည့္ ႏွစ္ႏွစ္ေက်ာ္ခန္႔က မေနာမယဂ်ာနယ္တြင္ ေဖာ္ျပခဲ့ေသာ မူရင္းတင္ျပသူ ႏွင့္ အယ္ဒီတာအဖြဲ႕ကိုလည္း ေက်းဇူးတင္စြာျဖင့္ ဂါရဝျပဳလိုက္ရပါသည္။)  

 

အိုေကႀကီး(ဝမ္းတြင္း)

Share