လူမိုက်နှင့် လူလိမ္မာ -မောင်ဉာဏ်စိန်-

“ကြီးပွားချမ်းသာကြောင်းများစွာ 

မင်္ဂလာဟုခေါ်။

ချမ်းသာကြီးပွားအကြောင်းများကို

ပြထားဖော်ထုတ်တရားကြုတ်

မင်္ဂလသုတ်ဟုခေါ် ...”

 

အထက်ဖော်ပြပါ ဆောင်ပုဒ်မှာ အခြေပြု မင်္ဂလသုတ်စာအုပ်တွင် အမရပူရ၊ မဟာဂန္ဓာရုံ ဆရာတော်က ရေးသားထားခဲ့သော ဆောင်ပုဒ် ဖြစ်ပါသည်။ ကျွန်တော်သည် အထက်ဖော်ပြပါ ဆောင်ပုဒ်ကို အသက် ၁၀ နှစ်သားအရွယ်တွင် ကျက်မှတ်ခဲ့ရရာ ယနေ့တိုင် မမေ့နိုင်သေးပေ။ အခြားဖတ်ရှုခဲ့ရသော စာပေါင်းမြောက်မြားစွာကို မေ့ပျောက်ခဲ့သည်များ ရှိသော်လည်း အထက်ပါ ဆောင်ပုဒ်ကိုမူ သတိရလျက်ပင်ရှိပါသည်။ 

မင်္ဂလသုတ်ဟူသည်မှာ မြတ်စွာဘုရားကိုယ် တိုင်ဟောကြားခဲ့သော တရားတော်ဖြစ်ပေသည်။ သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေး လှူဒါန်းထား သော ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် နတ်သားတစ်ပါးက တောင်းပန်၍ ဤမင်္ဂလသုတ် ဒေသနာတော်ကို မြတ်စွာဘုရားက ဟောကြားခဲ့ခြင်းဖြစ်ပေသည်။ 

မင်္ဂလသုတ်ဒေသနာတွင် မြတ်စွာဘုရား သည် ၃၈ ပါးသော မင်္ဂလာတရားတော်တို့ကို ဟော ကြားတော်မူခဲ့သည်။ ပထမဦးဆုံး ဟောကြားခဲ့သော မင်္ဂလာတရားတော်နှစ်ပါးမှာ -

၁။ လူမိုက်ကို ရှောင်ကြဉ်ပါ။ 

၂။ ပညာရှိကို ဆည်းကပ်ပါဟူသော တရား တော်တို့ပင်ဖြစ်သည်။ မဟာဂန္ဓာရုံဆရာတော်က ကလေးသူငယ်များ မှတ်သားရန် လွယ်ကူစေရန် အောက်ပါအတိုင်း ဆောင်ပုဒ်ပြုလုပ်ပေးထားလေ သည်။ 

“လူမိုက်များကိုလ၊ ရှောင်ရှားကြလူငယ်၊ လူလိမ္မာဟူသမျှကို ပေါင်းကြလေကွယ်”

လူဟူ၍ဖြစ်လာပြီး သိတတ်သည့်အရွယ်သို့ ရောက်လာပြီးနောက် အပေါင်းအသင်းဟူသည်မှာ  မကင်းနိုင်ကြပေ။ ကျောင်းနေလျှင် ကျောင်းရှိအ ပေါင်းအသင်းများကို တွေ့ကြရပေမည်။ အလုပ်လုပ် လျှင်လည်း အလုပ်၌ အပေါင်းအသင်းများကို တွေ့ ကြရပေမည်။ ထိုကဲ့သို့ တွေ့ကြရသည်နှင့် လူမိုက် ကို မပေါင်းသင်းကြရန်၊ လူလိမ္မာကို ပေါင်းသင်းကြ ရန် ဘုရားရှင်ကိုယ်တိုင်က ကတိပေးဟောကြားခဲ့ ခြင်းဖြစ်လေသည်။ 

“မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ}}ဆို သကဲ့သို့ လူမိုက်နှင့်ပေါင်းလျှင် လူမိုက်အဖြစ်သို့ ရောက်ရှိသွားတတ်၍ လူလိမ္မာပညာရှိနှင့် ပေါင်းသင်း လျှင် လူလိမ္မာပညာရှိအဖြစ်သို့ ရောက်ရှိသွားတတ် ပေသည်။ ဤနေရာ၌ ကျွန်တော် မှတ်မိနေသော ကျေးညီနောင်ပုံပြင်တစ်ခုကို သာဓကတစ်ရပ်အနေ ဖြင့်တင်ပြလိုပေသည်။ 

ရှေးအခါက ပဉ္စာလတိုင်းမှ ဘုရင်ကြီးသည် တောကစားထွက်တော်မူရာ နောက်လိုက် အြွေခအ ရံများနှင့် ကင်းကွာ၍ ဘုရင်ကြီးတစ်ပါးတည်း တော အုပ်ကြီးအတွင်းသို့ ခရီးလွန်ကာ ရောက်ရှိသွား လေသည်။ 

အရိပ်အာဝါသကောင်းသော ညောင်ပင်ကြီး တစ်ပင်အောက်၌ ခေတ္တရပ်နားခဲ့ရာ “ဘုရင်ကြီးကို ဖမ်းကြလော့ ဆီးကြလော့ လက်ဝတ်တန်ဆာများကို လုယူကြလော့”စသည်ဖြင့် အော်ဟစ် သံများကို ကြားရလေသည်။ အသံလာရာဘက်သို့ ကြည့်လိုက် သောအခါ သစ်ပင်ကြီးတစ်ပင်ပေါ်မှ ကျေးသား တစ် ကောင် အော်ဟစ်နေသည်ကို တွေ့ရသည်။ 

ထိုအခါဘုရင်ကြီးသည် ယင်းပတ်ဝန်းကျင် ၌ ခိုးသားဓားပြရှိသည်ဖြစ်ရာ၏ဟု တွေးမိပြီး ထို နေရာမှ ချက်ချင်း ထွက်ခွာလာခဲ့တော့သည်။ မကြာ မီ ရသေ့ကျောင်းတစ်ကျောင်းသို့ ရောက်သွားပြန် လေသည်။ 

“အရှင်မင်းကြီးကြွတော်မူပါ ထိုင်တော်မူပါ။ အပန်းဖြေနားနေတော်မူပါ။ အမောပြေ ရေအေး တစ်ခွက် သောက်တော်မူပါ။ ချိုမြိန်သောသစ်သီး တို့ကိုလည်း သုံးဆောင်တော်မူပါ။ ရှင်ရသေ့မှာ သစ် သီး ရှာသွားနေခိုက်ဖြစ် အရှင်မင်းကြီးကို ဧည့်ဝတ် ပြုမည့်သူမရှိ ဖြစ်နေပါသည်။ ကျွန်ုပ်မှာ လက်မရှိ ကိုယ်တိုင် ဧည့်ဝတ်မပြုနိုင်သဖြင့် စိတ်မကောင်းပါ။ အရှင်မင်းကြီးကိုယ်တိုင်သာ အလိုရှိသရွေ့ သုံး ဆောင်တော်မူပါတော့”

မင်းကြီးသည် အသံလာရာဘက်သို့ လှည့် ကြည့်လိုက်ရာ ကျေးသားတစ်ကောင်ကို တွေ့ရ လေသည်။ ကျေးသား၏ ပျုငှာဖော်ရွေသော စကား များကြောင့် မင်းကြီးမှာ ပင်ပန်းနွမ်းနယ်မှုများ ပပျောက်သွားတော့သည်။ ကြည်သာရွှင်ပျစိတ်ချမ်း သာသွားလေသည်။ 

မင်းကြီးသည် တောအုပ်အတွင်းမှ တွေ့ခဲ့ ရသော ကျေးသားနှင့် ရသေ့ကျောင်းရှိ ကျေးသား နှစ်ဦးတို့ကွာခြားပုံကို နှိုင်းယှဉ်၍ ပြောပြလေသည်။ ထိုအခါ ရသေ့ကျောင်းရှိ ကျေးသားငယ်က မိမိတို့ ကျေးသားနှစ်ကောင်သည် တစ်အူထုံဆင်း ညီရင်း အစ်ကိုများဖြစ်ကြကြောင်း၊ ငယ်စဉ်အခါက လေပြင်း တိုက်ခတ်သဖြင့် အသိုက်မှလွင့်ကာ တကွဲတပြားစီ ဖြစ်သွားကြကြောင်း၊ ယခင်ကျေးသားမှာ ဓားပြတို့ ထံရောက်ရှိသွားလေ၍ သတ္တိဂုမ္မကျေးဟု အမည် ရရှိခဲ့ကြောင်း၊ မိမိမှာမူ ရသေ့တို့ထံ ရောက်ရှိလာ၍ ပုပ္ဖသူဝအမည်ဖြင့် ကျေးလိမ္မာဖြစ်လာကြောင်းဖြင့် ရှင်းပြခဲ့သည်။ 

ထို့နောက် ပုပ္ဖသူဝကျေးလိမ္မာကပင် ဆက် လက်၍ “ငါးပုပ်ကို သမန်းမြက်ဖြင့်ထုတ်လျှင် သမန်းမြက်ပါ အပုပ်နံ့နံသည်။ ထို့အတူ လူမိုက်နှင့် ပေါင်းသင်းလျှင် လူမိုက်သာ ဖြစ်လာနိုင်သည်။ တောင်ဇလပ်ပန်းကို ပေါက်ဖက်နှင့်ထုတ်လျှင် ပေါက် ဖက်ပါ ပန်းရနံ့မွှေးကြိုင်သည်။ ထို့အတူပင် ပညာရှိသူ တော်ကောင်းနှင့် ပေါင်းဖက်လျှင် ပညာရှိသူတော် ကောင်း ဖြစ်လာနိုင်ပါသည်”ဟု ဟောကြားခဲ့လေ သည်။

ကျွန်တော်သည် ၃၈ ဖြာမင်္ဂလာတွင်ပါရှိ သည့် လူမိုက်ကိုမပေါင်းပါနှင့်။ လူလိမ္မာပညာရှိကို ပေါင်းပါဟူသော ဗုဒ္ဓ၏ဆုံးမဩဝါဒစကားများကို မမေ့နိုင်သကဲ့သို့ ဤကျေးညီနောင်ပုံပြင်ကိုလည်း အစဉ်သတိရလျက်ရှိပေသည်။ ကျေးညီနောင် ပုံ ပြင်မှာ ဝီသထိနိပါတ်၊ သတ္ထိဂုမ္ဗာဇာတ်မှ လာရှိ သည်ဟု သိရပေသည်။ 

ယခုခေတ်လူငယ်များအနေဖြင့်လိုက်နာကျင့် သုံးနိုင်ကြစေရန်အတွက် ရေးသားတင်ပြအပ်ပေ သည်။ 

မောင်ဉာဏ်စိန်

ကျမ်းကိုးစာရင်း

၁။ အခြေပြုမင်္ဂလသုတ် (အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်အရှင်နကာဘိဝံသ)

၂။ မင်္ဂလာနိဒါန်း

(မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

 

zawgyi version

 

လူမုိက္ႏွင့္ လူလိမၼာ

-ေမာင္ဥာဏ္စိန္-

 

“ႀကီးပြားခ်မ္းသာေၾကာင္းမ်ားစြာ 

မဂၤလာဟုေခၚ။

ခ်မ္းသာႀကီးပြားအေၾကာင္းမ်ားကို

ျပထားေဖာ္ထုတ္တရားၾကဳတ္

မဂၤလသုတ္ဟုေခၚ ...”

 

အထက္ေဖာ္ျပပါ ေဆာင္ပုဒ္မွာ အေျချပဳ မဂၤလသုတ္စာအုပ္တြင္ အမရပူရ၊ မဟာဂႏၶာ႐ံု ဆရာေတာ္က ေရးသားထားခဲ့ေသာ ေဆာင္ပုဒ္ ျဖစ္ပါသည္။ ကြ်န္ေတာ္သည္ အထက္ေဖာ္ျပပါ ေဆာင္ပုဒ္ကို အသက္ ၁၀ ႏွစ္သားအရြယ္တြင္ က်က္မွတ္ခဲ့ရရာ ယေန႔တိုင္ မေမ့ႏိုင္ေသးေပ။ အျခားဖတ္႐ႈခဲ့ရေသာ စာေပါင္းေျမာက္ျမားစြာကို ေမ့ေပ်ာက္ခဲ့သည္မ်ား ရွိေသာ္လည္း အထက္ပါ ေဆာင္ပုဒ္ကိုမူ သတိရလ်က္ပင္ရွိပါသည္။ 

မဂၤလသုတ္ဟူသည္မွာ ျမတ္စြာဘုရားကိုယ္ တိုင္ေဟာၾကားခဲ့ေသာ တရားေတာ္ျဖစ္ေပသည္။ သာဝတၳိျပည္၌ အနာထပိဏ္သူေဌး လွဴဒါန္းထား ေသာ ေဇတဝန္ေက်ာင္းေတာ္တြင္ ျမတ္စြာဘုရား သီတင္းသံုးေနေတာ္မူစဥ္ နတ္သားတစ္ပါးက ေတာင္းပန္၍ ဤမဂၤလသုတ္ ေဒသနာေတာ္ကို ျမတ္စြာဘုရားက ေဟာၾကားခဲ့ျခင္းျဖစ္ေပသည္။ 

မဂၤလသုတ္ေဒသနာတြင္ ျမတ္စြာဘုရား သည္ ၃၈ ပါးေသာ မဂၤလာတရားေတာ္တို႔ကို ေဟာ ၾကားေတာ္မူခဲ့သည္။ ပထမဦးဆံုး ေဟာၾကားခဲ့ေသာ မဂၤလာတရားေတာ္ႏွစ္ပါးမွာ -

၁။ လူမိုက္ကို ေရွာင္ၾကဥ္ပါ။ 

၂။ ပညာရွိကို ဆည္းကပ္ပါဟူေသာ တရား ေတာ္တို႔ပင္ျဖစ္သည္။ မဟာဂႏၶာ႐ံုဆရာေတာ္က ကေလးသူငယ္မ်ား မွတ္သားရန္ လြယ္ကူေစရန္ ေအာက္ပါအတိုင္း ေဆာင္ပုဒ္ျပဳလုပ္ေပးထားေလ သည္။ 

“လူမိုက္မ်ားကိုလ၊ ေရွာင္ရွားၾကလူငယ္၊ လူလိမၼာဟူသမွ်ကို ေပါင္းၾကေလကြယ္”

လူဟူ၍ျဖစ္လာၿပီး သိတတ္သည့္အရြယ္သို႔ ေရာက္လာၿပီးေနာက္ အေပါင္းအသင္းဟူသည္မွာ  မကင္းႏိုင္ၾကေပ။ ေက်ာင္းေနလွ်င္ ေက်ာင္းရွိအ ေပါင္းအသင္းမ်ားကို ေတြ႕ၾကရေပမည္။ အလုပ္လုပ္ လွ်င္လည္း အလုပ္၌ အေပါင္းအသင္းမ်ားကို ေတြ႕ ၾကရေပမည္။ ထိုကဲ့သို႔ ေတြ႕ၾကရသည္ႏွင့္ လူမိုက္ ကို မေပါင္းသင္းၾကရန္၊ လူလိမၼာကို ေပါင္းသင္းၾက ရန္ ဘုရားရွင္ကိုယ္တိုင္က ကတိေပးေဟာၾကားခဲ့ ျခင္းျဖစ္ေလသည္။ 

“မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ}}ဆို သကဲ့သို႔ လူမိုက္ႏွင့္ေပါင္းလွ်င္ လူမိုက္အျဖစ္သို႔ ေရာက္ရွိသြားတတ္၍ လူလိမၼာပညာရွိႏွင့္ ေပါင္းသင္း လွ်င္ လူလိမၼာပညာရွိအျဖစ္သို႔ ေရာက္ရွိသြားတတ္ ေပသည္။ ဤေနရာ၌ ကြ်န္ေတာ္ မွတ္မိေနေသာ ေက်းညီေနာင္ပံုျပင္တစ္ခုကို သာဓကတစ္ရပ္အေန ျဖင့္တင္ျပလိုေပသည္။ 

ေရွးအခါက ပဥၥာလတိုင္းမွ ဘုရင္ႀကီးသည္ ေတာကစားထြက္ေတာ္မူရာ ေနာက္လိုက္ အေျြခအ ရံမ်ားႏွင့္ ကင္းကြာ၍ ဘုရင္ႀကီးတစ္ပါးတည္း ေတာ အုပ္ႀကီးအတြင္းသို႔ ခရီးလြန္ကာ ေရာက္ရွိသြား ေလသည္။ 

အရိပ္အာဝါသေကာင္းေသာ ေညာင္ပင္ႀကီး တစ္ပင္ေအာက္၌ ေခတၲရပ္နားခဲ့ရာ “ဘုရင္ႀကီးကို ဖမ္းၾကေလာ့ ဆီးၾကေလာ့ လက္ဝတ္တန္ဆာမ်ားကို လုယူၾကေလာ့”စသည္ျဖင့္ ေအာ္ဟစ္ သံမ်ားကို ၾကားရေလသည္။ အသံလာရာဘက္သို႔ ၾကည့္လိုက္ ေသာအခါ သစ္ပင္ႀကီးတစ္ပင္ေပၚမွ ေက်းသား တစ္ ေကာင္ ေအာ္ဟစ္ေနသည္ကို ေတြ႕ရသည္။ 

ထိုအခါဘုရင္ႀကီးသည္ ယင္းပတ္ဝန္းက်င္ ၌ ခိုးသားဓားျပရွိသည္ျဖစ္ရာ၏ဟု ေတြးမိၿပီး ထို ေနရာမွ ခ်က္ခ်င္း ထြက္ခြာလာခဲ့ေတာ့သည္။ မၾကာ မီ ရေသ့ေက်ာင္းတစ္ေက်ာင္းသို႔ ေရာက္သြားျပန္ ေလသည္။ 

“အရွင္မင္းႀကီးၾကြေတာ္မူပါ ထိုင္ေတာ္မူပါ။ အပန္းေျဖနားေနေတာ္မူပါ။ အေမာေျပ ေရေအး တစ္ခြက္ ေသာက္ေတာ္မူပါ။ ခ်ိဳၿမိန္ေသာသစ္သီး တို႔ကိုလည္း သံုးေဆာင္ေတာ္မူပါ။ ရွင္ရေသ့မွာ သစ္ သီး ရွာသြားေနခိုက္ျဖစ္ အရွင္မင္းႀကီးကို ဧည့္ဝတ္ ျပဳမည့္သူမရွိ ျဖစ္ေနပါသည္။ ကြ်ႏု္ပ္မွာ လက္မရွိ ကိုယ္တိုင္ ဧည့္ဝတ္မျပဳႏိုင္သျဖင့္ စိတ္မေကာင္းပါ။ အရွင္မင္းႀကီးကိုယ္တိုင္သာ အလိုရွိသေရြ႕ သံုး ေဆာင္ေတာ္မူပါေတာ့”

မင္းႀကီးသည္ အသံလာရာဘက္သို႔ လွည့္ ၾကည့္လိုက္ရာ ေက်းသားတစ္ေကာင္ကို ေတြ႕ရ ေလသည္။ ေက်းသား၏ ပ်ဳငွာေဖာ္ေရြေသာ စကား မ်ားေၾကာင့္ မင္းႀကီးမွာ ပင္ပန္းႏြမ္းနယ္မႈမ်ား ပေပ်ာက္သြားေတာ့သည္။ ၾကည္သာရႊင္ပ်စိတ္ခ်မ္း သာသြားေလသည္။ 

မင္းႀကီးသည္ ေတာအုပ္အတြင္းမွ ေတြ႕ခဲ့ ရေသာ ေက်းသားႏွင့္ ရေသ့ေက်ာင္းရွိ ေက်းသား ႏွစ္ဦးတို႔ကြာျခားပံုကို ႏိႈင္းယွဥ္၍ ေျပာျပေလသည္။ ထိုအခါ ရေသ့ေက်ာင္းရွိ ေက်းသားငယ္က မိမိတို႔ ေက်းသားႏွစ္ေကာင္သည္ တစ္အူထံုဆင္း ညီရင္း အစ္ကိုမ်ားျဖစ္ၾကေၾကာင္း၊ ငယ္စဥ္အခါက ေလျပင္း တိုက္ခတ္သျဖင့္ အသိုက္မွလြင့္ကာ တကြဲတျပားစီ ျဖစ္သြားၾကေၾကာင္း၊ ယခင္ေက်းသားမွာ ဓားျပတို႔ ထံေရာက္ရွိသြားေလ၍ သတၲိဂုမၼေက်းဟု အမည္ ရရွိခဲ့ေၾကာင္း၊ မိမိမွာမူ ရေသ့တို႔ထံ ေရာက္ရွိလာ၍ ပုပၹသူဝအမည္ျဖင့္ ေက်းလိမၼာျဖစ္လာေၾကာင္းျဖင့္ ရွင္းျပခဲ့သည္။ 

ထို႔ေနာက္ ပုပၹသူဝေက်းလိမၼာကပင္ ဆက္ လက္၍ “ငါးပုပ္ကို သမန္းျမက္ျဖင့္ထုတ္လွ်င္ သမန္းျမက္ပါ အပုပ္နံ႔နံသည္။ ထို႔အတူ လူမိုက္ႏွင့္ ေပါင္းသင္းလွ်င္ လူမိုက္သာ ျဖစ္လာႏိုင္သည္။ ေတာင္ဇလပ္ပန္းကို ေပါက္ဖက္ႏွင့္ထုတ္လွ်င္ ေပါက္ ဖက္ပါ ပန္းရနံ႔ေမႊးႀကိဳင္သည္။ ထို႔အတူပင္ ပညာရွိသူ ေတာ္ေကာင္းႏွင့္ ေပါင္းဖက္လွ်င္ ပညာရွိသူေတာ္ ေကာင္း ျဖစ္လာႏိုင္ပါသည္”ဟု ေဟာၾကားခဲ့ေလ သည္။

ကြ်န္ေတာ္သည္ ၃၈ ျဖာမဂၤလာတြင္ပါရွိ သည့္ လူမိုက္ကိုမေပါင္းပါႏွင့္။ လူလိမၼာပညာရွိကို ေပါင္းပါဟူေသာ ဗုဒၶ၏ဆံုးမဩဝါဒစကားမ်ားကို မေမ့ႏိုင္သကဲ့သို႔ ဤေက်းညီေနာင္ပံုျပင္ကိုလည္း အစဥ္သတိရလ်က္ရွိေပသည္။ ေက်းညီေနာင္ ပံု ျပင္မွာ ဝီသထိနိပါတ္၊ သတၴိဂုမၺာဇာတ္မွ လာရွိ သည္ဟု သိရေပသည္။ 

ယခုေခတ္လူငယ္မ်ားအေနျဖင့္လိုက္နာက်င့္ သံုးႏိုင္ၾကေစရန္အတြက္ ေရးသားတင္ျပအပ္ေပ သည္။ 

ေမာင္ဥာဏ္စိန္

က်မ္းကိုးစာရင္း

၁။ အေျချပဳမဂၤလသုတ္ (အမရပူရၿမိဳ႕ မဟာဂႏၶာ႐ံုဆရာေတာ္အရွင္နကာဘိဝံသ)

၂။ မဂၤလာနိဒါန္း

(ေမာင္အံ့၊ မဟာဝိဇၨာ၊ ဘံုေဘ)

 

Share