ငွေဝင်မည့်နိမိတ်

-လင်းရောင်တင်-

လူရဲ့သည်းခြေကြိုက်ဟာငွေပါ။ ငွေမရှိရင် လဲလူတွေဟာလောကကြီးမှာရပ်တည်နေထိုင်ဖို့ ခက်ခဲလှပါတယ်။ ငွေရှိမှလဲ၊ စားဝတ်နေရေးပညာ ရေးကနေကျန်းမာရေးအဆုံးပြေပြေလည်လည်ဖြစ်နိုင် မှာပါ။

ဒီအတွက်လူတွေဟာငွေကို ရှာကြရတယ်။ စိတ်ကောင်းရှိတဲ့လူများက သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်မှန်ကန်ကန်ရှာဖွေပြီး၊ အသက်မွေးကြတယ်။ ဒီလိုမဟုတ်ပဲ၊ စိတ်ကောင်းမရှိတဲ့သူများ(စိတ်ယုတ်မာ ရှိတဲ့သူများ)ကျတော့မသမ္မာတဲ့နည်းနဲ့ရှာဖွေပြီးအ သက်မွေးကြတယ်။ (ခိုးဆိုးလုနှိုက်)အဲဒီအပြင်ဝိသမ လောဘနဲ့လောသတကြီးနဲ့ လူအချင်းချင်းဂုတ်သွေး စုတ်ကြတယ်။ အာဏာအရင်းတည်ပြီး၊ မတော် မတရားသိမ်းပိုက်လာကြတယ်၊ ဓားပြအကြီးစားတွေ ဖြစ်လာကြတယ်။

ထားတော့ငွေဆိုတဲ့အရာဝတ္ထုကို မလိုချင်တဲ့ လူရယ်လို့မရှိပါဘူး။ တရားမျှတစွာလိုချင်သူနဲ့မတရား လိုချင်သူပဲကွာတာပါ။ လုံးဝမလိုချင်တော့ပါဘူး ဆိုတဲ့လူဟာဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါတွေပဲရှိမှာ ပါ။ ပုထုဇဉ်လူသားအနေနဲ့တော့ ငွေကိုမလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ စားဝတ်နေရေး၊ သာရေး၊ နာရေးတွေ ရှိနေကြတဲ့အတွက်၊ ငွေဟာ]သူ့အိုးနဲ့သူ့ဆန်}တန် သလောက်တော့လိုနေကြတာပါပဲ။ ကျားကြီးရင်   ခြေရာကြီးသတဲ့။ သူ့အထွာနဲ့သူတော့ သူ့အတိုင်း အတာနဲ့သူတော့ရှိနေကြတာပါပဲ။

ဒီတော့ငွေဝင်မယ်ဆိုတဲ့သတင်းကြားရရင်ကြား ရတဲ့သူဟာပျော်ပါတယ်။ တကယ်မဝင်သေးဘူး။ ဝင်တော့မယ်ဆိုတဲ့ နိမိတ်တွေ အိပ်မက်တွေရရင် ပျော်တော့တာပါပဲ။

ကိုယ့်ဆီငွေဝင်လာတော့မယ်ဆိုရင် နိမိတ်ပြ လေ့ရှိပါတယ်။ ငွေဝင်တဲ့ကိစ္စမှမဟုတ်ပါဘူး။ တခြား ကိစ္စတွေဖြစ်တဲ့ ဧည့်လာမယ့်နိမိတ်တွေ၊ စကားများ မယ့်နိမိတ်၊ အစားကောင်းစားရမယ့် နိမိတ်တွေ လည်း ပြလေ့ရှိတာပါပဲ။ ဒါပေမဲ့ နိမိတ်တွေပြနေတာကို လူတိုင်းသတိမထားမိကြပါဘူး။ သတိထား မိကြသူနည်းပါတယ်။ သတိထားမိတယ်ဆို ရင်လည်း ...

“အင်းနိမိတ်တော့နိမိတ်ပဲ ...၊ ဘာနိမိတ် လဲမသိဘူး ...”

အဲသလိုတွေးမိကြတဲ့သူတွေများပါတယ်။ နိမိတ်ဖတ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပါရမီထူးသူရင် လည်းဖြစ်ရတယ်။ ဒါမှမဟုတ်ဗဟုသုတြွကယ်ဝသူ ရင်လည်း ဖြစ်တတ်တယ်။ ဟုတ်ပြီ ပါရမီလည်းရှိ ပါရဲ့ ဗဟုသုတလည်းြွကယ်ပါရဲ့ ဒါပေမယ့်သူတစ်ပါး ကို ကူညီချင်တဲ့သူမဟုတ်ရင်လည်း စကားနည်းရန်စဲ ဆိုသလို ပြောပြကူညီပေးဖို့ အခွင့်အရေးကြုံပေမယ့် မသိသလို ခပ်မဆိတ်နေတတ်ကြသူတွေလည်း ရှိပါ တယ်။ တချို့ပညာရှိများကျတော့ မမေးရင်ဘာမှပင် မပြောတတ်ကြပေမယ့် သူတို့ကိုမေးပြီဆိုရင်တော့ စည်ကြီးကိုတီးလိုက်သလို ရှည်ရှည်ဝေးဝေးပတ်ပတ် နပ်နပ်ရှင်းပြတတ်တဲ့ပညာရှိများလည်း လောကကြီး မှာရှိနေတတ်ပါတယ်။ လူကြည့်ပြီးမေးတတ်ဖို့သာ လိုရင်းပါ။ 

ဒါကြောင့်နိမိတ်တစ်ခုခုရရင် အိပ်မက်ထူးထူး ခြားခြားမက်ရင် ဗဟုသုတစုံလင်သူ(စိတ်ကောင်းရှိ သူ) တွေကိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ သို့သော် အရိပ်အကဲကြည့်ပြီးမှ မေးမြန်းဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့နိမိတ်တွေဟာ ကောင်း ပါတယ်။ ဒါပေမယ့်နိမိတ်ဖတ်ပြောကြားသူကမ ကောင်းနိမိတ်အဖြစ်ဖတ်ပြီးပြောလိုက်တဲ့အခါ ဣဋ္ဌလို့ ခေါ်တဲ့နိမိတ်ကောင်းဟာ အနိဋ္ဌလို့ခေါ်တဲ့မကောင်း တဲ့နိမိတ်တွေဖြစ်သွားပြီး မကောင်းတဲ့စိတ်တွေ စွဲ လန်းသွားတတ်ပါတယ်။ မကောင်းတဲ့အထင်အမြင် တွေကြောင့် မကောင်းတဲ့ကိစ္စရပ်တွေ ကြုံတွေ့ရ တတ်ပါတယ်။ 

တကယ့်ပညာကျော် အဓိပတိကြီးများကျ တော့လည်း အနိဋ္ဌာရုံလို့ထင်ရတဲ့ မကောင်းတဲ့နိမိတ် ကိုတောင်ကောင်းစေချင်တဲ့စေတနာဇောပြဋ္ဌာန်းပြီး ဣဋ္ဌာရူံအဖြစ်ဟောကိန်းထုတ်ခဲ့တာကြောင့် စိတ် ချမ်းသာခဲ့ရတာတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် အယူတော်မင်္ဂလာပညာရှိဟာ ရှင်ဘုရင့်နန်းတော် ဆောင်ခေါင်မိုးမှာ လင်းတကြီးလာနားတဲ့အခါ တခြား ပညာရှင်များက ဒါဟာမကောင်းတဲ့အတိတ်နိမိတ်ပဲ ဆိုပြီးဖွင့်ဆိုကြတယ်။ ဒါပေမယ့်အယူတော်မင်္ဂလာ ပညာရှိကြီးကတော့ ဒီနိမိတ်ကိုကြည့်ပြီး ကောင်းတဲ့ နိမိတ်အဖြစ်ကောက်ယူခဲ့တယ်။ 

“မြောက်ဘက်အရပ်ဒေသက သမီးကညာ ဆက်သလာလိမ့်မယ်”လို့ နိမိတ်ကောက်ယူဟော ပြောတယ်။ မကြာခင်မှာဘဲ အယူတော်မင်္ဂလာဆရာ ကြီးဦးနိုးရဲ့အယူအဆ နိမိတ်ကောက်ပုံမှန်ကန် ကြောင်း သိလာကြရတယ်။ ဒီဆောင်းပါးမှာ ပြော လိုရင်းကတော့ နိမိတ်ဆိုတာရှိတယ်။ လူတွေကို ကမ္ဘာလောကကြီးက ကြိုတင်အသိပေးနေတယ်။ လူတိုင်းမသိပေမယ့် လေ့လာမှတ်သားသူများက တော့ နိမိတ်ကိုဖတ်နိုင်ကြကြောင်းဆိုလိုတာပါ။ 

“အိမ်မှာ ပိုးဟပ်တွေပျံလိုက်တာ ဖလူးဖလူး နဲ့ အများကြီးပဲ ပျံရင်းနဲ့ လူပေါ်လာလာနားလိုက် သေးတယ်။ ယားကျိယားကျိနဲ့ မနည်းမောင်းရတယ်။ ပျံနေတာမရပ်ဘူး။ အကြာကြီးပဲ”

အဲသလို ပြောသံကြားဖူးတယ်။ ပြောလေ့ရှိ ကြတယ်။ ကိုယ်တိုင်လဲ ပိုးဟပ်တွေထထပျံတာ ကြုံ ဖူးတာပါပဲ။ အဲဒါဆိုရင်ဝမ်းသာပေတော့ ငွေများများ ဝင်တော့မယ်။ ကံသိပ်ကောင်းရင်ထီပေါက်တော့ မယ်။ အများကြီးမဝင်ဘူးဆိုရင်တောင် အတိုင်းအ တာတစ်ခုအထိ သေချာပေါက်ဝင်လာတော့ အမှန် ပဲ။ 

ဒါကြောင့် ပိုးဟပ်တွေပျံရင် လူပေါ်နားရင် စိတ်မညစ်ပါနဲ့ စိတ်မဆိုးပါနဲ့ “ဟဲ့ ငွေတွေဝင်တော့ မယ် ငွေတွေဝင်တော့မယ် ပိုးဟပ်တွေပျံတယ်။ ပျံ သာပျံပါရွှေပိုးဟပ်ကလေးတွေ ရက်များများပျံစမ်း ပါ။ ငွေများများဝင်အောင်”ဆိုပြီး ပြောရတယ်။ ဝမ်း သာအားရ ယုံယုံကြည်ကြည် လှိုက်လှိုက်လှဲလှဲ ပြော ရမယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်နေရမယ်။ ကောင်း တဲ့နိမိတ်ရတဲ့အတွက် ဝမ်းသာရမယ်။ 

“အမလေး ပိုးဟပ်ပျံတာများမုန်းပါတယ်။ ရွံလဲရွံတယ် ကိုယ့်ပေါ်က နားရင် ဒေါသဖြစ်တယ်”

တချို့က စကားကောင်းပြောနေသလား စကားဆိုးပြောနေသလားနားမလည်ဘူး နိမိတ် ကောင်းဖတ်တာကို မယုံမကြည်နဲ့ ရယ်စရာမောစရာ လုပ်ပစ်တာမျိုးလည်းရှိသေးတယ်။ အဲဒါကြောင့် ထောင်တန်တဲ့စကားရယ်ရင်ပေါ့တယ်လို့ ရှေလူကြီး သူမများပြောခဲ့ကြတာ ဒါကြောင့်ကောင်းတဲ့ နိမိတ် စကားပြောနေရင်ပြောတဲ့အတိုင်းဖြစ်ပါစေလို့ ဆု တောင်းရတယ်။ 

နောက်တစ်ခု ငွေဝင်စေတဲ့နိမိတ်ကတော့ ရပ်ထဲရွာထဲမြို့ထဲမှာ အသုဘချလာတဲ့အခါ ကြုံကြ တယ်မဟုတ်လား အဲဒီအခါ ကားနဲ့ပဲလာလာ ထမ်း ပြီးပဲ ချလာလာ ကိုယ့်ရဲ့ဘယ်ဘက်(လက်ဝဲဘက်က) ဖြတ်ပြီးချသွားရင်လာဘ်ဝင်တယ်(ငွေဝင်တတ်တယ်) လို့ ရှေးလူကြီးတွေယူဆခဲ့ကြတယ်။ ကိုယ်လေ့လာ ကြည့်တော့လဲဟုတ်နေတာ တွေ့ရတယ်။ အဲဒီနေ့ မှာ ဒါမှမဟုတ်နောက်တစ်နေ့မှာ ငွေအနည်းနဲ့အများ ဝင်တော့တာပါပဲ။ 

မကြာသေးခင် သုံးလေးရက်တုန်းကတောင် မှ အဲသလိုကြုံရသေးတယ်။ ကိုယ့်မရီးအတော်လေး နေမကောင်းလို့သွားကြည့်တာ ထောက်ပံ့နိုင်သ လောက်သွားထောက်ပံ့တာ တက္ကစီကားနဲ့သွားကြ တယ်။ အိမ်သူလည်းပါတယ်။ အပြန်ကျတော့ လမ်း မှာ အသုဘချလာတဲ့ကားက ကိုယ်တို့ကားရဲ့ ဘယ် ဘက်(လက်ဝဲဘက်)ကနေဖြတ်သွားတယ်။ 

“လာဘ်ဟဲ့ လာဘ်ဟဲ့”

ဆိုပြီးအိမ်သူကသူ့ပိုက်ဆံအိတ်ကိုတဘုတ် ဘုတ်ပုတ်တယ်။ ပြီးတော့ကျန်တဲ့လူတွေကိုလည်း လှမ်းပြောတယ်။ 

“ပိုက်ဆံအိတ်တွေပုတ်ကြလေ”ဆိုပြီးတော့ အသုဘကားဘယ်ကဖြတ်သွားရင် ပိုက်ဆံရတဲ့ အကြောင်းရှင်းပြတယ်။

အဲဒီအခါ တက္ကစီဒရိုက်ဘာက ကိုယ့်ကိုလှမ်း မေးတယ်။ “အဲဒါဟုတ်သလားဆရာကြီး”ဆိုပြီး တော့ပေါ့ ကိုယ်က “ဟုတ်တယ်သား တို့မြန်မာတွေ ရဲ့ရှေးကတည်းက အယူအဆရှိခဲ့တာပေါ့ကွာ ကိုယ် သတိထားကြည့်တော့လည်း ဟုတ်နေတာတွေ့ရ တယ်။ မင်းလဲပိုက်ဆွအိတ်ကိုပုတ်ပေါ့ကွာ”

 လို့ ပြန်ပြောလိုက်ရတယ်။ ဆိုခဲ့သလိုပဲ နောက်နေ့မှာ ငွေဝင်တော့တာပဲ။ အဲဒါကြောင့် ရှေး ထုံးလည်းမပယ်နဲ့လို့ပြောတာ။ ဒီလိုကြုံရင်ဒီလိုဖြစ် တတ်တယ်ဆိုတဲ့ရှေးစကားတော်တော်များများဟာ မှန်လေ့ရှိပါတယ်။ ပြီးတော့အိပ်မက်မက်တဲ့အခါမှာ လည်း မစင်တွေပေတယ်။ မစင်တွေလူးရတယ်လို့ အိပ်မက်မက်ရင် ငွေတွေဝင်တတ်ပါတယ်။ ပြီးတော့ တဝေါဝေါစီးကျနေတဲ့ ရေတံခွန်တွေဖြစ်ရရင် ရေလျှံ တဲ့နွားနို့လျှံတဲ့ခွက်တွေဖြစ်ရရင်လည်း ပိုက်ဆံဝင် တတ်ပါတယ်။ အထူးသဖြင့် စနေနေ့မနက်အာရုံ (နေထွက်စမှာ) မက်တဲ့အိပ်မက်တွေဟာ မှန်တတ် ပါတယ်။ 

 

ငွေဝင်နိမိတ်တွေများများရပြီး ငွေတွေများ များဝင်နိုင်ကြပါစေ။ လှူနိုင်ကြပါစေ။ 

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

ကိစ္စမျိုးစုံအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စတခြားကိစ္စတွေအတွက် ဆွေးနွေး ရန် တိုက်(၁၁၀၇) ယဿဝတီ ၁၈လမ်း၊ တောင်ဥက္က လာ (၁၃)ရပ်ကွက် ရန်ကုန်။ 

နေ့စဉ်မနက်ကိုးနာရီမှ သုံးနာရီအတွင်း။

ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄

 

zawgyi version

ေငြ၀င္မည့္နိမိတ္

-လင္းေရာင္တင္-

****************

လူရဲ႕သည္းေျခႀကိဳက္ဟာေငြပါ။ ေငြမရွိရင္ လဲလူေတြဟာေလာကႀကီးမွာရပ္တည္ေနထိုင္ဖို႔ ခက္ခဲလွပါတယ္။ ေငြရွိမွလဲ၊ စားဝတ္ေနေရးပညာ ေရးကေနက်န္းမာေရးအဆံုးေျပေျပလည္လည္ျဖစ္ႏိုင္ မွာပါ။ ဒီအတြက္လူေတြဟာေငြကို ရွာၾကရတယ္။ စိတ္ေကာင္းရွိတဲ့လူမ်ားက သမၼာအာဇီဝလို႔ေခၚတဲ့ မွန္မွန္ကန္ကန္ရွာေဖြၿပီး၊ အသက္ေမြးၾကတယ္။ ဒီလိုမဟုတ္ပဲ၊ စိတ္ေကာင္းမရွိတဲ့သူမ်ား(စိတ္ယုတ္မာ ရွိတဲ့သူမ်ား)က်ေတာ့မသမၼာတဲ့နည္းနဲ႕ရွာေဖြၿပီးအ သက္ေမြးၾကတယ္။ (ခိုးဆိုးလုႏိႈက္)အဲဒီအျပင္ဝိသမ ေလာဘနဲ႔ေလာသတႀကီးနဲ႔ လူအခ်င္းခ်င္းဂုတ္ေသြး စုတ္ၾကတယ္။ အာဏာအရင္းတည္ၿပီး၊ မေတာ္ မတရားသိမ္းပိုက္လာၾကတယ္၊ ဓားျပအႀကီးစားေတြ ျဖစ္လာၾကတယ္။

ထားေတာ့ေငြဆိုတဲ့အရာဝတၳဳကို မလိုခ်င္တဲ့ လူရယ္လို႔မရွိပါဘူး။ တရားမွ်တစြာလိုခ်င္သူနဲ႔မတရား လိုခ်င္သူပဲကြာတာပါ။ လံုးဝမလိုခ်င္ေတာ့ပါဘူး ဆိုတဲ့လူဟာဘုရား၊ ရဟႏၱာ၊ ပေစၥကဗုဒၶါေတြပဲရွိမွာ ပါ။ ပုထုဇဥ္လူသားအေနနဲ႔ေတာ့ ေငြကိုမလိုခ်င္တဲ့သူ မရွိႏိုင္ပါဘူး။ စားဝတ္ေနေရး၊ သာေရး၊ နာေရးေတြ ရွိေနၾကတဲ့အတြက္၊ ေငြဟာ]သူ႕အိုးနဲ႔သူ႕ဆန္}တန္ သေလာက္ေတာ့လိုေနၾကတာပါပဲ။ က်ားႀကီးရင္   ေျခရာႀကီးသတဲ့။ သူ႕အထြာနဲ႔သူေတာ့ သူ႔အတိုင္း အတာနဲ႔သူေတာ့ရွိေနၾကတာပါပဲ။

ဒီေတာ့ေငြဝင္မယ္ဆိုတဲ့သတင္းၾကားရရင္ၾကား ရတဲ့သူဟာေပ်ာ္ပါတယ္။ တကယ္မဝင္ေသးဘူး။ ဝင္ေတာ့မယ္ဆိုတဲ့ နိမိတ္ေတြ အိပ္မက္ေတြရရင္ ေပ်ာ္ေတာ့တာပါပဲ။

ကိုယ့္ဆီေငြဝင္လာေတာ့မယ္ဆိုရင္ နိမိတ္ျပ ေလ့ရွိပါတယ္။ ေငြဝင္တဲ့ကိစၥမွမဟုတ္ပါဘူး။ တျခား ကိစၥေတြျဖစ္တဲ့ ဧည့္လာမယ့္နိမိတ္ေတြ၊ စကားမ်ား မယ့္နိမိတ္၊ အစားေကာင္းစားရမယ့္ နိမိတ္ေတြ လည္း ျပေလ့ရွိတာပါပဲ။ ဒါေပမဲ့ နိမိတ္ေတြျပေနတာကို လူတိုင္းသတိမထားမိၾကပါဘူး။ သတိထား မိၾကသူနည္းပါတယ္။ သတိထားမိတယ္ဆို ရင္လည္း ...

“အင္းနိမိတ္ေတာ့နိမိတ္ပဲ ...၊ ဘာနိမိတ္ လဲမသိဘူး ...”

အဲသလိုေတြးမိၾကတဲ့သူေတြမ်ားပါတယ္။ နိမိတ္ဖတ္ႏိုင္တယ္ဆိုတဲ့ ပုဂၢိဳလ္ဟာ ပါရမီထူးသူရင္ လည္းျဖစ္ရတယ္။ ဒါမွမဟုတ္ဗဟုသုတျြကယ္ဝသူ ရင္လည္း ျဖစ္တတ္တယ္။ ဟုတ္ၿပီ ပါရမီလည္းရွိ ပါရဲ႕ ဗဟုသုတလည္းျြကယ္ပါရဲ႕ ဒါေပမယ့္သူတစ္ပါး ကို ကူညီခ်င္တဲ့သူမဟုတ္ရင္လည္း စကားနည္းရန္စဲ ဆိုသလို ေျပာျပကူညီေပးဖို႔ အခြင့္အေရးႀကံဳေပမယ့္ မသိသလို ခပ္မဆိတ္ေနတတ္ၾကသူေတြလည္း ရွိပါ တယ္။ တခ်ိဳ႕ပညာရွိမ်ားက်ေတာ့ မေမးရင္ဘာမွပင္ မေျပာတတ္ၾကေပမယ့္ သူတို႔ကိုေမးၿပီဆိုရင္ေတာ့ စည္ႀကီးကိုတီးလိုက္သလို ရွည္ရွည္ေဝးေဝးပတ္ပတ္ နပ္နပ္ရွင္းျပတတ္တဲ့ပညာရွိမ်ားလည္း ေလာကႀကီး မွာရွိေနတတ္ပါတယ္။ လူၾကည့္ၿပီးေမးတတ္ဖို႔သာ လိုရင္းပါ။ 

ဒါေၾကာင့္နိမိတ္တစ္ခုခုရရင္ အိပ္မက္ထူးထူး ျခားျခားမက္ရင္ ဗဟုသုတစံုလင္သူ(စိတ္ေကာင္းရွိ သူ) ေတြကိုေမးျမန္းေဆြးေႏြးသင့္ပါတယ္။ သို႔ေသာ္ အရိပ္အကဲၾကည့္ၿပီးမွ ေမးျမန္းဖို႔ေတာ့လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တခ်ိဳ႕နိမိတ္ေတြဟာ ေကာင္း ပါတယ္။ ဒါေပမယ့္နိမိတ္ဖတ္ေျပာၾကားသူကမ ေကာင္းနိမိတ္အျဖစ္ဖတ္ၿပီးေျပာလိုက္တဲ့အခါ ဣ႒လို႔ ေခၚတဲ့နိမိတ္ေကာင္းဟာ အနိ႒လို႔ေခၚတဲ့မေကာင္း တဲ့နိမိတ္ေတြျဖစ္သြားၿပီး မေကာင္းတဲ့စိတ္ေတြ စြဲ လန္းသြားတတ္ပါတယ္။ မေကာင္းတဲ့အထင္အျမင္ ေတြေၾကာင့္ မေကာင္းတဲ့ကိစၥရပ္ေတြ ႀကံဳေတြ႕ရ တတ္ပါတယ္။ 

တကယ့္ပညာေက်ာ္ အဓိပတိႀကီးမ်ားက် ေတာ့လည္း အနိ႒ာ႐ံုလို႔ထင္ရတဲ့ မေကာင္းတဲ့နိမိတ္ ကိုေတာင္ေကာင္းေစခ်င္တဲ့ေစတနာေဇာျပ႒ာန္းၿပီး ဣ႒ာ႐ံူအျဖစ္ေဟာကိန္းထုတ္ခဲ့တာေၾကာင့္ စိတ္ ခ်မ္းသာခဲ့ရတာေတြလည္းရွိပါတယ္။ ဥပမာအားျဖင့္ အယူေတာ္မဂၤလာပညာရွိဟာ ရွင္ဘုရင့္နန္းေတာ္ ေဆာင္ေခါင္မိုးမွာ လင္းတႀကီးလာနားတဲ့အခါ တျခား ပညာရွင္မ်ားက ဒါဟာမေကာင္းတဲ့အတိတ္နိမိတ္ပဲ ဆိုၿပီးဖြင့္ဆိုၾကတယ္။ ဒါေပမယ့္အယူေတာ္မဂၤလာ ပညာရွိႀကီးကေတာ့ ဒီနိမိတ္ကိုၾကည့္ၿပီး ေကာင္းတဲ့ နိမိတ္အျဖစ္ေကာက္ယူခဲ့တယ္။ 

“ေျမာက္ဘက္အရပ္ေဒသက သမီးကညာ ဆက္သလာလိမ့္မယ္”လို႔ နိမိတ္ေကာက္ယူေဟာ ေျပာတယ္။ မၾကာခင္မွာဘဲ အယူေတာ္မဂၤလာဆရာ ႀကီးဦးႏိုးရဲ႕အယူအဆ နိမိတ္ေကာက္ပံုမွန္ကန္ ေၾကာင္း သိလာၾကရတယ္။ ဒီေဆာင္းပါးမွာ ေျပာ လိုရင္းကေတာ့ နိမိတ္ဆိုတာရွိတယ္။ လူေတြကို ကမၻာေလာကႀကီးက ႀကိဳတင္အသိေပးေနတယ္။ လူတိုင္းမသိေပမယ့္ ေလ့လာမွတ္သားသူမ်ားက ေတာ့ နိမိတ္ကိုဖတ္ႏိုင္ၾကေၾကာင္းဆိုလိုတာပါ။ 

“အိမ္မွာ ပိုးဟပ္ေတြပ်ံလိုက္တာ ဖလူးဖလူး နဲ႔ အမ်ားႀကီးပဲ ပ်ံရင္းနဲ႔ လူေပၚလာလာနားလိုက္ ေသးတယ္။ ယားက်ိယားက်ိနဲ႔ မနည္းေမာင္းရတယ္။ ပ်ံေနတာမရပ္ဘူး။ အၾကာႀကီးပဲ”

အဲသလို ေျပာသံၾကားဖူးတယ္။ ေျပာေလ့ရွိ ၾကတယ္။ ကိုယ္တိုင္လဲ ပိုးဟပ္ေတြထထပ်ံတာ ႀကံဳ ဖူးတာပါပဲ။ အဲဒါဆိုရင္ဝမ္းသာေပေတာ့ ေငြမ်ားမ်ား ဝင္ေတာ့မယ္။ ကံသိပ္ေကာင္းရင္ထီေပါက္ေတာ့ မယ္။ အမ်ားႀကီးမဝင္ဘူးဆိုရင္ေတာင္ အတိုင္းအ တာတစ္ခုအထိ ေသခ်ာေပါက္ဝင္လာေတာ့ အမွန္ ပဲ။ 

ဒါေၾကာင့္ ပိုးဟပ္ေတြပ်ံရင္ လူေပၚနားရင္ စိတ္မညစ္ပါနဲ႔ စိတ္မဆိုးပါနဲ႔ “ဟဲ့ ေငြေတြဝင္ေတာ့ မယ္ ေငြေတြဝင္ေတာ့မယ္ ပိုးဟပ္ေတြပ်ံတယ္။ ပ်ံ သာပ်ံပါေရႊပိုးဟပ္ကေလးေတြ ရက္မ်ားမ်ားပ်ံစမ္း ပါ။ ေငြမ်ားမ်ားဝင္ေအာင္”ဆိုၿပီး ေျပာရတယ္။ ဝမ္း သာအားရ ယံုယံုၾကည္ၾကည္ လိႈက္လိႈက္လွဲလွဲ ေျပာ ရမယ္။ စိတ္ထဲမွာလည္း ေပ်ာ္ရႊင္ေနရမယ္။ ေကာင္း တဲ့နိမိတ္ရတဲ့အတြက္ ဝမ္းသာရမယ္။ 

“အမေလး ပိုးဟပ္ပ်ံတာမ်ားမုန္းပါတယ္။ ရြံလဲရြံတယ္ ကိုယ့္ေပၚက နားရင္ ေဒါသျဖစ္တယ္”

တခ်ိဳ႕က စကားေကာင္းေျပာေနသလား စကားဆိုးေျပာေနသလားနားမလည္ဘူး နိမိတ္ ေကာင္းဖတ္တာကို မယံုမၾကည္နဲ႔ ရယ္စရာေမာစရာ လုပ္ပစ္တာမ်ိဳးလည္းရွိေသးတယ္။ အဲဒါေၾကာင့္ ေထာင္တန္တဲ့စကားရယ္ရင္ေပါ့တယ္လို႔ ေရွလူႀကီး သူမမ်ားေျပာခဲ့ၾကတာ ဒါေၾကာင့္ေကာင္းတဲ့ နိမိတ္ စကားေျပာေနရင္ေျပာတဲ့အတိုင္းျဖစ္ပါေစလို႔ ဆု ေတာင္းရတယ္။ 

ေနာက္တစ္ခု ေငြဝင္ေစတဲ့နိမိတ္ကေတာ့ ရပ္ထဲရြာထဲၿမိဳ႕ထဲမွာ အသုဘခ်လာတဲ့အခါ ႀကံဳၾက တယ္မဟုတ္လား အဲဒီအခါ ကားနဲ႔ပဲလာလာ ထမ္း ၿပီးပဲ ခ်လာလာ ကိုယ့္ရဲ႕ဘယ္ဘက္(လက္ဝဲဘက္က) ျဖတ္ၿပီးခ်သြားရင္လာဘ္ဝင္တယ္(ေငြဝင္တတ္တယ္) လို႔ ေရွးလူႀကီးေတြယူဆခဲ့ၾကတယ္။ ကိုယ္ေလ့လာ ၾကည့္ေတာ့လဲဟုတ္ေနတာ ေတြ႕ရတယ္။ အဲဒီေန႔ မွာ ဒါမွမဟုတ္ေနာက္တစ္ေန႔မွာ ေငြအနည္းနဲ႔အမ်ား ဝင္ေတာ့တာပါပဲ။ 

မၾကာေသးခင္ သံုးေလးရက္တုန္းကေတာင္ မွ အဲသလိုႀကံဳရေသးတယ္။ ကိုယ့္မရီးအေတာ္ေလး ေနမေကာင္းလို႔သြားၾကည့္တာ ေထာက္ပံ့ႏိုင္သ ေလာက္သြားေထာက္ပံ့တာ တကၠစီကားနဲ႔သြားၾက တယ္။ အိမ္သူလည္းပါတယ္။ အျပန္က်ေတာ့ လမ္း မွာ အသုဘခ်လာတဲ့ကားက ကိုယ္တို႔ကားရဲ႕ ဘယ္ ဘက္(လက္ဝဲဘက္)ကေနျဖတ္သြားတယ္။ 

“လာဘ္ဟဲ့ လာဘ္ဟဲ့”

ဆိုၿပီးအိမ္သူကသူ႕ပိုက္ဆံအိတ္ကိုတဘုတ္ ဘုတ္ပုတ္တယ္။ ၿပီးေတာ့က်န္တဲ့လူေတြကိုလည္း လွမ္းေျပာတယ္။ 

“ပိုက္ဆံအိတ္ေတြပုတ္ၾကေလ”ဆိုၿပီးေတာ့ အသုဘကားဘယ္ကျဖတ္သြားရင္ ပိုက္ဆံရတဲ့ အေၾကာင္းရွင္းျပတယ္။

အဲဒီအခါ တကၠစီဒ႐ိုက္ဘာက ကိုယ့္ကိုလွမ္း ေမးတယ္။ “အဲဒါဟုတ္သလားဆရာႀကီး”ဆိုၿပီး ေတာ့ေပါ့ ကိုယ္က “ဟုတ္တယ္သား တို႔ျမန္မာေတြ ရဲ႕ေရွးကတည္းက အယူအဆရွိခဲ့တာေပါ့ကြာ ကိုယ္ သတိထားၾကည့္ေတာ့လည္း ဟုတ္ေနတာေတြ႕ရ တယ္။ မင္းလဲပိုက္ဆြအိတ္ကိုပုတ္ေပါ့ကြာ”

 လို႔ ျပန္ေျပာလိုက္ရတယ္။ ဆိုခဲ့သလိုပဲ ေနာက္ေန႔မွာ ေငြဝင္ေတာ့တာပဲ။ အဲဒါေၾကာင့္ ေရွး ထံုးလည္းမပယ္နဲ႔လို႔ေျပာတာ။ ဒီလိုႀကံဳရင္ဒီလိုျဖစ္ တတ္တယ္ဆိုတဲ့ေရွးစကားေတာ္ေတာ္မ်ားမ်ားဟာ မွန္ေလ့ရွိပါတယ္။ ၿပီးေတာ့အိပ္မက္မက္တဲ့အခါမွာ လည္း မစင္ေတြေပတယ္။ မစင္ေတြလူးရတယ္လို႔ အိပ္မက္မက္ရင္ ေငြေတြဝင္တတ္ပါတယ္။ ၿပီးေတာ့ တေဝါေဝါစီးက်ေနတဲ့ ေရတံခြန္ေတြျဖစ္ရရင္ ေရလွ်ံ တဲ့ႏြားႏို႔လွ်ံတဲ့ခြက္ေတြျဖစ္ရရင္လည္း ပိုက္ဆံဝင္ တတ္ပါတယ္။ အထူးသျဖင့္ စေနေန႔မနက္အာ႐ံု (ေနထြက္စမွာ) မက္တဲ့အိပ္မက္ေတြဟာ မွန္တတ္ ပါတယ္။ 

 

ေငြဝင္နိမိတ္ေတြမ်ားမ်ားရၿပီး ေငြေတြမ်ား မ်ားဝင္ႏိုင္ၾကပါေစ။ လွဴႏိုင္ၾကပါေစ။ 

 

ေဇယ်တုသဗၺမဂၤလံ

လင္းေရာင္တင္

ကိစၥမ်ိဳးစံုေအာင္ျမင္ေစတဲ့ ရတနာဒီပံ ေရႊ ဖေယာင္းတိုင္ကိစၥတျခားကိစၥေတြအတြက္ ေဆြးေႏြး ရန္ တိုက္(၁၁၀၇) ယႆဝတီ ၁၈လမ္း၊ ေတာင္ဥကၠ လာ (၁၃)ရပ္ကြက္ ရန္ကုန္။ 

ေန႔စဥ္မနက္ကိုးနာရီမွ သံုးနာရီအတြင္း။

ဖုန္း ဝ၉၄၂၀ဝ၁၄၆၁၄

Share