ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ အမြင်အကြားရစေသော ဂါထာတော်

-လင်းရောင်တင်-

ဝိဇ္ဇာလမ်းစဉ် လျှောက်လှမ်းချင်သူတချို့က “အကြားအမြင်ရချင်ပါတယ်ဆရာ၊ အကြားအမြင် ရနိုင်မယ့် ကျင့်စဉ်နည်းလမ်းလေးများရှိရင် မစပါ။

ကျွန်တော်တို့ ကျွန်မတို့ကို ပြောပြပေးပါ”

အဲသလိုမေးမြန်းနည်းလမ်းတောင်းခံလာကြ သူများရှိပါတယ်။ ဝိဇ္ဇာပုဂ္ဂိုလ်ကြီးများရဲ့ စကားကို ငှားပြီးပြောရမယ်ဆိုရင်တော့ -

“နည်းကားမခက် လုပ်ပုံခက်၏”တဲ့။ ကျင့် စဉ်နည်းလမ်းတွေဆိုတာကတော့ ဟိုဝိဇ္ဇာတစ်မျိုး ပြော၊ ဒီဝိဇ္ဇာတစ်မျိုးမိန့်ကြားနဲ့ နည်းလမ်းအသွယ် သွယ် ရှိပါတယ်။ ရွှေတိဂုံစေတီရင်ပြင်တောင်ပေါ်ကို ရောက်အောင် အရှေ့အနောက် တောင်မြောက် မုခ် ကြီး လေးမုခ်က တက်ရင်ရောက်သလိုပဲ အခြား သော ခြေသွားလမ်း၊ ဖြတ်လမ်းကလေးတွေလည်း ရှိနေကြတာပါပဲ။ 

ဒါကြောင့်လည်း သိဒ္ဓိအထွေထွေကို လှည့် ယူရတဲ့ကျင့်စဉ်တွေဟာ နည်းလမ်းမျိုးစုံရှိနေကြတာ ပါ။ ဒီအထဲက ဘယ်နည်းလမ်းက အကောင်းဆုံးရယ် လို့ ပြောဖို့ရာတော့ ခက်ခဲလှပါတယ်။ ဥပမာ ကိုယ့် ရဲ့မိခင်ကြီးဆိုရင် ပုတီးကျင့်စဉ်နဲ့ နှစ်ပေါက်အောင် ကျင့်ကြံလိုက်တော့ အကြားဓာတ် အမြင်ဓာတ်တွေရ ခဲ့တာပါပဲ။ အံ့ဩရလောက်အောင် ထူးခြားဖြစ်စဉ် တွေ ဖြစ်ခဲ့ရတာပါ။ 

အချို့သော ပုဂ္ဂိုလ်များကတော့ ပုတီးနဲ့ မဟုတ်ဘဲ အခြား သစ်မြစ်သစ်ခေါက်တွေ(ရုက္ခမူ ဆေးတွေသုံးပြီး)အကြားအမြင်ကိစ္စတွေဆောင်ရွက်ကြ တာတွေလည်း ရှိပါတယ်။ တချို့ကတော့လည်း အင်း နဲ့ ဆောင်ရွက်ကြတယ်။ အချို့ကြတော့လည်း အဂ္ဂိရတ်နဲ့ ဆောင်ရွက်ကြတယ်။ နည်းအမျိုးမျိုးပါပဲ။ 

ဒီနည်းတွေထဲက ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခုရစေ တဲ့ အကြားအမြင်ရ ဂါထာတော်နဲ့ ပုတီးစိပ်တဲ့ကျင့် စဉ်ဟာ အတော်လေး ကောင်းမွန်တဲ့ကျင့်စဉ်တစ်ခု ပါပဲ။ ဒီကျင့်စဉ်ကျင့်တော့မယ်ဆိုရင် လိုက်နာရမယ့် တစ်ချက်ကတော့ အဓိဋ္ဌာန်ဝင်တော့မယ် ဆိုတာနဲ့ ကန်တော့ပွဲ ထိုးရပါမယ်။ ထူးထူးဆန်းဆန်း မဟုတ် ပါဘူး။ ဘယ်လိုထိုးရမယ်ဘယ်လိုမထိုးရဘူးရယ်လို့ လည်း ဥပဒေသ သတ်မှတ်ထားတာ မရှိပါဘူး။ 

အနန္တငါးပါးပွဲလို ငှက်ပျောသုံးဖီး အုန်းတစ် လုံးနဲ့ ပွဲပြင်ရင်ရပါပြီ။ နေ့နဲ့အချိန်ကို ရွေးရမယ်ဆို ရင်တော့ ကိုယ့်မွေးနေ့ရဲ့ မနက် ၉ နာရီမှ စဝင်ရင် ရပါပြီ။ အဲဒါကတော့ နဝင်းချိန်ဖြစ်တဲ့အတွက်အ ကောင်းဆုံးပါပဲ။ 

အဓိဋ္ဌာန်ဝင်တဲ့ အချိန်တွေမှာ ဝတ်ဖြူစင် ကြယ် မဟုတ်ရင်တောင် ဖြူစင်ကြည်လင်တဲ့အဝတ် အစားမျိုး ဝတ်သင့်ပါတယ်။ ကြောင်ကြောင်ကျားကျား အဆင်မျိုးတွေ မဝတ်သင့်ပါဘူး။ နဂိုကတည်းက ယောဂီရောင်ကို နှစ်သက်လို့ ဝတ်ပြီးအဓိဋ္ဌာန်ဝင်မယ် ဆိုရင်လည်း တစ်နည်းအားဖြင့် ကောင်းတာပါပဲ။ အရေးကြီးဆုံးကတော့ အနံ့အသက်ကင်းမဲ့တဲ့ လျှော် ဖွတ် သန့်စင်ထားတဲ့ အဝတ်ကို ဝတ်သင့်ပါတယ်။ 

မနက်ဘက် အဓိဋ္ဌာန်ဝင်မယ်ဆိုရင် အမွှေး တိုင် ကိုးတိုင်ထွန်းပါ။ ညနေဘက်မှာ (ညဘက်မှာ) အဓိဋ္ဌာန်စဝင်မယ့်သူများကျတော့ ဖယောင်း ကိုးတိုင် ပါ ထွန်းရင် ပိုကောင်းပါတယ်။ ပုတီးစိပ်ပြီးအမျှဝေတဲ့ အခါ ကြေးစည်ထု အမျှဝေနိုင်ရင် ပိုကောင်းပါတယ်။ (ဒါမှလည်း အကြားနဲ့အမြင်ဓာတ်တွေကို အားဖြည့် ပေးရာ ပိုရောက်တာပေါ့)

ထုံးစံအတိုင်း အဓိဋ္ဌာန်ပုတီးမစိပ်ခင် ဘုရား ရှင်ထံမှာ ငါးပါးသီလခံယူပါ။ မေတ္တသုတ်ရရင်ရွတ် ပါ။ (မရရင် စာအုပ်ကြည့်ရွတ်လည်း ရပါတယ်။ မေတ္တ သုတ်တော်ကို ပုတီးမစိပ်ခင် ဘာဖြစ်လို့ အရင်ရွတ်ခိုင်းရသလဲဆိုတော့ အနီးအနား ပတ်ဝန်း ကျင်မှာရှိတဲ့ မြင်အပ် မမြင်အပ် ပရလောကပုဂ္ဂိုလ် တွေအတွက် မိတ်ဆွေဖွဲ့ခိုင်းလိုက်တာပါပဲ။ အချို့က အဓိဋ္ဌာန်ဝင်တာကို သဘောကျကူညီချင်ကြပေမယ့် တချို့ကလည်း ရွတ်တာဖတ်တာ ပုတီးစိပ်တာတွေ ကို မနှစ်သက်နိုင်ကြတဲ့ မိစ္ဆာတွေလည်း ရှိနေကြ တယ်။ 

ချစ်တဲ့သူဖြစ်ဖြစ်၊ မုန်းတဲ့သူဖြစ်ဖြစ် ကိုယ့်ကို ရန်လိုမုန်းထားမရှိအောင်၊ ကိုယ်ဝင်မယ့် အဓိဋ္ဌာန်ကို ဖျက်လိုဖျက်ဆီးမလုပ်ရအောင် မေတ္တသုတ်နဲ့ အရံအ တားလုပ်လိုက်တဲ့သဘောပါပဲ။ မိတ်ဆွေဖွဲ့လိုက်တဲ့ သဘောပါပဲ။ အမှန်ကတော့ ကြီးပွားတိုးတက် အောင် မြင်လိုသူတွေ(အကြားဓာတ်အမြင်ဓာတ်ရလိုသူတွေ) အနေနဲ့ ဣဒ္ဓိပါတ်တရား လေးပါးကို နားလည်လိုက် နာ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ 

ဒါကို တစ်နည်းအားဖြင့် ကြီးပွားတိုးတက် တန်ခိုးကြီးမှုရဲ့ အခြေခံတရား လေးပါးလို့လည်း အလွယ်တကူ ခေါ်ကြပါသေးတယ်။ အဲဒီအခြေခံ တရား လေးပါးကတော့ -

(၁) ဆန္ဒိဒ္ဓိပါတ် = အလိုဆန္ဒတရား

(၂) ဝီရိယိဒ္ဓိပါတ် = အားထုတ်ကြိုးစားမှု

(၃) စိတ္တိဒ္ဓိပါတ် = ကြံစည်စိတ်ကူးမှု

(၄) ဝီမံသိဒ္ဓိပါတ် = စုံစမ်းဆင်ခြင်မှု ဆိုပြီး တော့ အခြေခံတရား လေးပါးရှိနေတာပါ။ ဒီလေးပါး ကို ဆောင်မထားဘဲနဲ့တော့ အဓိဋ္ဌာန်မအောင်နိုင်ပါ ဘူး။ အကြားဓာတ် အမြင်ဓာတ် မရနိုင်ပါဘူး။ ဒီလေးပါးနဲ့ ပြည့်စုံဖို့တော့လိုပါတယ်။ 

အကြားဓာတ်အမြင်ဓာတ် ရချင်တဲ့ဆန္ဒရှိ ရမယ်။ လိုချင်တဲ့ဆန္ဒဦးဆောင်ရမယ်။ တက်တကြွ်က ြွက မပျင်းမရိ ဝီရိယရှိစွာနဲ့ ကျင့်ဆောင်ရမယ်။ ဘယ်လိုကနေ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေလည်းရှိရမယ်။ ဒီလိုလုပ်ရင်ဖြစ် နိုင်သလား၊ အကြောင်းယုတ္တိရှိသလား ဆိုတဲ့စုံစမ်း ဆင်ခြင်မှုတွေလည်း ရှိနေရမယ်။ အဲဒီအချက်တွေ ပြည့်စုံပြီဆိုရင်တော့ ဒီဂါထာကို တစ်ပုဒ်ရွတ် တစ် လုံး ချနဲ့ အနည်းဆုံး ပုတီး ကိုးပတ်စစိပ်ပါ။ ကိုးပတ် ကို ကိုးရက်တိတိ စိပ်ပါ။  

ပြီးရင် ၁၈ ပတ်နဲ့ ၁၈ ရက်ပြည့်အောင်စိပ်ပါ။ ပြီးရင် ၂၇ ပတ်နဲ့ ၂၇ ရက်။ ၃၆ ပတ်နဲ့ ၃၆ ရက် ၄၅ ပတ်နဲ့ ၄၅ ရက် စသည်ဖြင့် နဝင်းကျေ ပုတီးစိပ် သွားပါ။ ဆန္ဒမစောပါနဲ့။ တစ်ကြိမ်နဲ့မပြီးမြောက် သေးရင် နှစ်ကြိမ်သုံးကြိမ် ဆက်ကျင့်ဖို့လည်း သတ္တိ မွေးထားပါ။ 

 

ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ

အမြင်အကြားရစေတတ်သော ဂါထာတော်

 

“ဣဒ္ဓိဝိဓ ပရစိတ္တ၊ ဝိဇာနနာ ပုဗ္ဗေနိဝါသာ နုဿတိ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ အာသဝက္ခယ ဉာဏ် အဟံမမ၊ ဒိဋ္ဌဓမ္မ ဝေဒနိယတံ ဣဟွတ် ဣဟွတ်”

ဒီဂါထာကို အစအဆုံးရွတ်ဆိုပြီးမှ ပုတီးတစ် လုံးချရမှာ ဖြစ်ပါတယ်။ ၁၀၈ လုံးပုတီးလုံးနဲ့ စိပ်ရ မှာလည်း ဖြစ်ပါတယ်။ 

 

ဂါထာတော်ရဲ့ အနက်အဓိပ္ပာယ်

ဆင်ထောင်သောင်း၊ မြင်းထောင်သောင်း ဆီမီးရောင်ရော၊ လျှပ်ရောင်ရော၊ တစ်တောလုံး ဆိတ်ငြိမ်သံ၊ ဈာနြွ်ကနေတဲ့ လကို သုံးသပ်နိုင်ခြင်း တည်းဟူသော ဣဒ္ဓိဝိဓအဘိညာဉ်သည်လည်း ကောင်း၊ ပရစိတ္တ ဝိဇာနနာ-ဝိဇ္ဇာဓိုရ်အတတ်တို့ကို ပါရဂူမြောက် လမ်းတစ်ဖက်ပေါက် ကူးမြောက် အောင်မြင်၍ ပရစိတ္တ-လူမျိုး ၁၀၁ ပါးတို့၏ စိတ် အစဉ်ကို သိနိုင်သော  ပရစိတ္တဝိဇာနနာ အဘိညာဉ် သည်လည်းကောင်း ပုဗ္ဗေ နိဝါသနုဿတိ အစဉ် မပြတ် ရှေးဘဝလေးဆယ်၊ နောက်ဘဝလေးဆယ် အမျိုးအမည် အဆင်းသဏ္ဌာန် အရွယ်အစား ဖြစ် ရာဂတိ၊ ဘုံဇာတိတို့ကို မြင်နိုင်စွမ်းသော ပုဗ္ဗေ နိဝါသနုဿတိ၊ အဘိညာဉ်သည်လည်းကောင်း၊ ဒိဗ္ဗ စက္ခု နတ်မျက်စိတစ်ထောင်ကဲ့သို့ ထိုထို စကြဝဠာ ဖီလာထုတ်ခြင်း အကြွင်းအကျန်မရှိ မြင် နိုင်စွမ်း သော ဒိဗ္ဗစက္ခုအဘိဉာဏ်သည်လည်းကောင်း ဒိဗ္ဗ သောတ ထိုထိုအရပ်တို့က ပြောသမျှသော စကား အလုံးစုံတို့ကို ကြားနိုင်စွမ်းသော ဒိဗ္ဗသောတ အဘိ ညာဉ်သည်လည်းကောင်း၊ အာသဝက္ခယÓာ ဏံကာ မာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတည်း ဟူသော အသဝေါတရား လေးပါး ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃတည်း ဟူသော ဩဃတရားလေးပါးတို့၏ ချုပ်ငြိမ်းရာ အသင်္ခတခါတ်  ပြုပြင်ခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်စေနိုင်သော  လောကုတ္တရာအာသဝက္ခယအဘိဉာဏ်လည်းကောင်း အဟံ-ခန္ဓာ ငါးဝသမူဟကို ငါဟုထင်မှတ် ပညတ် ကြလျက်၊ မမ-ရွတ်ဖတ်သရဇ္ဈာယ်အပ်သော-ကျွန်ုပ် ၏ ဒိဋ္ဌဓမ္မဝေဒနိယကံ-ယခုလောက ပစ္စုပ္ပန်မျက် မှောက်၌ လောလောလတ်လတ်၊ ထပ်ခါထပ်ခါ ဣဟွတ် ဣဟွတ်မရပ်မဆိုင်း အနန္တအတိုင်းမသိ သော အကျိုးထူးအကျိုးမြတ်၊ အကောင်းဥဿုံ အလုံးစုံတို့ကို မြွကင်းမကျန် အမှန် ပေးဝေကုန် သတည်း။ 

(နေ့စဉ်ပုတီးစိပ်ပြီးရွတ်) အကြားအမြင်ဓာတ် ရကြပါစေ။ 

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄

zawgyi version

 

ဒိဗၺစကၡဳ၊ ဒိဗၺေသာတ အျမင္အၾကားရေစေသာ ဂါထာေတာ္

-လင္းေရာင္တင္-

၀ိဇၨာလမ္းစဥ္ ေလွ်ာက္လွမ္းခ်င္သူတခ်ိဳ႕က “အၾကားအျမင္ရခ်င္ပါတယ္ဆရာ၊ အၾကားအျမင္ ရႏိုင္မယ့္ က်င့္စဥ္နည္းလမ္းေလးမ်ားရွိရင္ မစပါ။ ကြ်န္ေတာ္တို႔ ကြ်န္မတို႔ကို ေျပာျပေပးပါ”

အဲသလိုေမးျမန္းနည္းလမ္းေတာင္းခံလာၾက သူမ်ားရွိပါတယ္။ ဝိဇၨာပုဂၢိဳလ္ႀကီးမ်ားရဲ႕ စကားကို ငွားၿပီးေျပာရမယ္ဆိုရင္ေတာ့ -

“နည္းကားမခက္ လုပ္ပံုခက္၏”တဲ့။ က်င့္ စဥ္နည္းလမ္းေတြဆိုတာကေတာ့ ဟိုဝိဇၨာတစ္မ်ိဳး ေျပာ၊ ဒီဝိဇၨာတစ္မ်ိဳးမိန္႔ၾကားနဲ႔ နည္းလမ္းအသြယ္ သြယ္ ရွိပါတယ္။ ေရႊတိဂံုေစတီရင္ျပင္ေတာင္ေပၚကို ေရာက္ေအာင္ အေရွ႕အေနာက္ ေတာင္ေျမာက္ မုခ္ ႀကီး ေလးမုခ္က တက္ရင္ေရာက္သလိုပဲ အျခား ေသာ ေျခသြားလမ္း၊ ျဖတ္လမ္းကေလးေတြလည္း ရွိေနၾကတာပါပဲ။ 

ဒါေၾကာင့္လည္း သိဒၶိအေထြေထြကို လွည့္ ယူရတဲ့က်င့္စဥ္ေတြဟာ နည္းလမ္းမ်ိဳးစံုရွိေနၾကတာ ပါ။ ဒီအထဲက ဘယ္နည္းလမ္းက အေကာင္းဆံုးရယ္ လို႔ ေျပာဖို႔ရာေတာ့ ခက္ခဲလွပါတယ္။ ဥပမာ ကိုယ့္ ရဲ႕မိခင္ႀကီးဆိုရင္ ပုတီးက်င့္စဥ္နဲ႔ ႏွစ္ေပါက္ေအာင္ က်င့္ႀကံလိုက္ေတာ့ အၾကားဓာတ္ အျမင္ဓာတ္ေတြရ ခဲ့တာပါပဲ။ အံ့ဩရေလာက္ေအာင္ ထူးျခားျဖစ္စဥ္ ေတြ ျဖစ္ခဲ့ရတာပါ။ 

အခ်ိဳ႕ေသာ ပုဂၢိဳလ္မ်ားကေတာ့ ပုတီးနဲ႔ မဟုတ္ဘဲ အျခား သစ္ျမစ္သစ္ေခါက္ေတြ(႐ုကၡမူ ေဆးေတြသံုးၿပီး)အၾကားအျမင္ကိစၥေတြေဆာင္ရြက္ၾက တာေတြလည္း ရွိပါတယ္။ တခ်ိဳ႕ကေတာ့လည္း အင္း နဲ႔ ေဆာင္ရြက္ၾကတယ္။ အခ်ိဳ႕ၾကေတာ့လည္း အဂၢိရတ္နဲ႔ ေဆာင္ရြက္ၾကတယ္။ နည္းအမ်ိဳးမ်ိဳးပါပဲ။ 

ဒီနည္းေတြထဲက ဒိဗၺေသာတ၊ ဒိဗၺစကၡဳရေစ တဲ့ အၾကားအျမင္ရ ဂါထာေတာ္နဲ႔ ပုတီးစိပ္တဲ့က်င့္ စဥ္ဟာ အေတာ္ေလး ေကာင္းမြန္တဲ့က်င့္စဥ္တစ္ခု ပါပဲ။ ဒီက်င့္စဥ္က်င့္ေတာ့မယ္ဆိုရင္ လိုက္နာရမယ့္ တစ္ခ်က္ကေတာ့ အဓိ႒ာန္ဝင္ေတာ့မယ္ ဆိုတာနဲ႔ ကန္ေတာ့ပြဲ ထိုးရပါမယ္။ ထူးထူးဆန္းဆန္း မဟုတ္ ပါဘူး။ ဘယ္လိုထိုးရမယ္ဘယ္လိုမထိုးရဘူးရယ္လို႔ လည္း ဥပေဒသ သတ္မွတ္ထားတာ မရွိပါဘူး။ 

အနႏၱငါးပါးပြဲလို ငွက္ေပ်ာသံုးဖီး အုန္းတစ္ လံုးနဲ႔ ပြဲျပင္ရင္ရပါၿပီ။ ေန႔နဲ႔အခ်ိန္ကို ေရြးရမယ္ဆို ရင္ေတာ့ ကိုယ့္ေမြးေန႔ရဲ႕ မနက္ ၉ နာရီမွ စဝင္ရင္ ရပါၿပီ။ အဲဒါကေတာ့ နဝင္းခ်ိန္ျဖစ္တဲ့အတြက္အ ေကာင္းဆံုးပါပဲ။ 

အဓိ႒ာန္ဝင္တဲ့ အခ်ိန္ေတြမွာ ဝတ္ျဖဴစင္ ၾကယ္ မဟုတ္ရင္ေတာင္ ျဖဴစင္ၾကည္လင္တဲ့အဝတ္ အစားမ်ိဳး ဝတ္သင့္ပါတယ္။ ေၾကာင္ေၾကာင္က်ားက်ား အဆင္မ်ိဳးေတြ မဝတ္သင့္ပါဘူး။ နဂိုကတည္းက ေယာဂီေရာင္ကို ႏွစ္သက္လို႔ ဝတ္ၿပီးအဓိ႒ာန္ဝင္မယ္ ဆိုရင္လည္း တစ္နည္းအားျဖင့္ ေကာင္းတာပါပဲ။ အေရးႀကီးဆံုးကေတာ့ အနံ႔အသက္ကင္းမဲ့တဲ့ ေလွ်ာ္ ဖြတ္ သန္႔စင္ထားတဲ့ အဝတ္ကို ဝတ္သင့္ပါတယ္။ 

မနက္ဘက္ အဓိ႒ာန္ဝင္မယ္ဆိုရင္ အေမႊး တိုင္ ကိုးတိုင္ထြန္းပါ။ ညေနဘက္မွာ (ညဘက္မွာ) အဓိ႒ာန္စဝင္မယ့္သူမ်ားက်ေတာ့ ဖေယာင္း ကိုးတိုင္ ပါ ထြန္းရင္ ပိုေကာင္းပါတယ္။ ပုတီးစိပ္ၿပီးအမွ်ေဝတဲ့ အခါ ေၾကးစည္ထု အမွ်ေဝႏိုင္ရင္ ပိုေကာင္းပါတယ္။ (ဒါမွလည္း အၾကားနဲ႔အျမင္ဓာတ္ေတြကို အားျဖည့္ ေပးရာ ပိုေရာက္တာေပါ့)

ထံုးစံအတိုင္း အဓိ႒ာန္ပုတီးမစိပ္ခင္ ဘုရား ရွင္ထံမွာ ငါးပါးသီလခံယူပါ။ ေမတၲသုတ္ရရင္ရြတ္ ပါ။ (မရရင္ စာအုပ္ၾကည့္ရြတ္လည္း ရပါတယ္။ ေမတၲ သုတ္ေတာ္ကို ပုတီးမစိပ္ခင္ ဘာျဖစ္လို႔ အရင္ရြတ္ခိုင္းရသလဲဆိုေတာ့ အနီးအနား ပတ္ဝန္း က်င္မွာရွိတဲ့ ျမင္အပ္ မျမင္အပ္ ပရေလာကပုဂၢိဳလ္ ေတြအတြက္ မိတ္ေဆြဖြဲ႕ခိုင္းလိုက္တာပါပဲ။ အခ်ိဳ႕က အဓိ႒ာန္ဝင္တာကို သေဘာက်ကူညီခ်င္ၾကေပမယ့္ တခ်ိဳ႕ကလည္း ရြတ္တာဖတ္တာ ပုတီးစိပ္တာေတြ ကို မႏွစ္သက္ႏိုင္ၾကတဲ့ မိစၦာေတြလည္း ရွိေနၾက တယ္။ 

ခ်စ္တဲ့သူျဖစ္ျဖစ္၊ မုန္းတဲ့သူျဖစ္ျဖစ္ ကိုယ့္ကို ရန္လိုမုန္းထားမရွိေအာင္၊ ကိုယ္ဝင္မယ့္ အဓိ႒ာန္ကို ဖ်က္လိုဖ်က္ဆီးမလုပ္ရေအာင္ ေမတၲသုတ္နဲ႔ အရံအ တားလုပ္လိုက္တဲ့သေဘာပါပဲ။ မိတ္ေဆြဖြဲ႕လိုက္တဲ့ သေဘာပါပဲ။ အမွန္ကေတာ့ ႀကီးပြားတိုးတက္ ေအာင္ ျမင္လိုသူေတြ(အၾကားဓာတ္အျမင္ဓာတ္ရလိုသူေတြ) အေနနဲ႔ ဣဒၶိပါတ္တရား ေလးပါးကို နားလည္လိုက္ နာ ေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္။ 

ဒါကို တစ္နည္းအားျဖင့္ ႀကီးပြားတိုးတက္ တန္ခိုးႀကီးမႈရဲ႕ အေျခခံတရား ေလးပါးလို႔လည္း အလြယ္တကူ ေခၚၾကပါေသးတယ္။ အဲဒီအေျခခံ တရား ေလးပါးကေတာ့ -

(၁) ဆႏၵိဒၶိပါတ္ = အလိုဆႏၵတရား

(၂) ဝီရိယိဒၶိပါတ္ = အားထုတ္ႀကိဳးစားမႈ

(၃) စိတၲိဒၶိပါတ္ = ႀကံစည္စိတ္ကူးမႈ

(၄) ဝီမံသိဒၶိပါတ္ = စံုစမ္းဆင္ျခင္မႈ ဆိုၿပီး ေတာ့ အေျခခံတရား ေလးပါးရွိေနတာပါ။ ဒီေလးပါး ကို ေဆာင္မထားဘဲနဲ႔ေတာ့ အဓိ႒ာန္မေအာင္ႏိုင္ပါ ဘူး။ အၾကားဓာတ္ အျမင္ဓာတ္ မရႏိုင္ပါဘူး။ ဒီေလးပါးနဲ႔ ျပည့္စံုဖို႔ေတာ့လိုပါတယ္။ 

အၾကားဓာတ္အျမင္ဓာတ္ ရခ်င္တဲ့ဆႏၵရွိ ရမယ္။ လိုခ်င္တဲ့ဆႏၵဦးေဆာင္ရမယ္။ တက္တက္ျြက ျြက မပ်င္းမရိ ဝီရိယရွိစြာနဲ႔ က်င့္ေဆာင္ရမယ္။ ဘယ္လိုကေန ဘယ္လို ေဆာင္ရြက္ရမယ္ဆိုတဲ့ ႀကံစည္စိတ္ကူးမႈေတြလည္းရွိရမယ္။ ဒီလိုလုပ္ရင္ျဖစ္ ႏိုင္သလား၊ အေၾကာင္းယုတၲိရွိသလား ဆိုတဲ့စံုစမ္း ဆင္ျခင္မႈေတြလည္း ရွိေနရမယ္။ အဲဒီအခ်က္ေတြ ျပည့္စံုၿပီဆိုရင္ေတာ့ ဒီဂါထာကို တစ္ပုဒ္ရြတ္ တစ္ လံုး ခ်နဲ႔ အနည္းဆံုး ပုတီး ကိုးပတ္စစိပ္ပါ။ ကိုးပတ္ ကို ကိုးရက္တိတိ စိပ္ပါ။  

ၿပီးရင္ ၁၈ ပတ္နဲ႔ ၁၈ ရက္ျပည့္ေအာင္စိပ္ပါ။ ၿပီးရင္ ၂၇ ပတ္နဲ႔ ၂၇ ရက္။ ၃၆ ပတ္နဲ႔ ၃၆ ရက္ ၄၅ ပတ္နဲ႔ ၄၅ ရက္ စသည္ျဖင့္ နဝင္းေက် ပုတီးစိပ္ သြားပါ။ ဆႏၵမေစာပါနဲ႔။ တစ္ႀကိမ္နဲ႔မၿပီးေျမာက္ ေသးရင္ ႏွစ္ႀကိမ္သံုးႀကိမ္ ဆက္က်င့္ဖို႔လည္း သတၲိ ေမြးထားပါ။ 

 

ဒိဗၺစကၡဳ၊ ဒိဗၺေသာတ

အျမင္အၾကားရေစတတ္ေသာ ဂါထာေတာ္

 

“ဣဒၶိဝိဓ ပရစိတၲ၊ ဝိဇာနနာ ပုေဗၺနိဝါသာ ႏုႆတိ ဒိဗၺစကၡဳ၊ ဒိဗၺေသာတ၊ အာသဝကၡယ ဥာဏ္ အဟံမမ၊ ဒိ႒ဓမၼ ေဝဒနိယတံ ဣဟြတ္ ဣဟြတ္”

ဒီဂါထာကို အစအဆံုးရြတ္ဆိုၿပီးမွ ပုတီးတစ္ လံုးခ်ရမွာ ျဖစ္ပါတယ္။ ၁၀၈ လံုးပုတီးလံုးနဲ႔ စိပ္ရ မွာလည္း ျဖစ္ပါတယ္။ 

 

ဂါထာေတာ္ရဲ႕ အနက္အဓိပၸာယ္

ဆင္ေထာင္ေသာင္း၊ ျမင္းေထာင္ေသာင္း ဆီမီးေရာင္ေရာ၊ လွ်ပ္ေရာင္ေရာ၊ တစ္ေတာလံုး ဆိတ္ၿငိမ္သံ၊ ဈာန္ျြကေနတဲ့ လကို သံုးသပ္ႏိုင္ျခင္း တည္းဟူေသာ ဣဒၶိဝိဓအဘိညာဥ္သည္လည္း ေကာင္း၊ ပရစိတၲ ဝိဇာနနာ-ဝိဇၨာဓိုရ္အတတ္တို႔ကို ပါရဂူေျမာက္ လမ္းတစ္ဖက္ေပါက္ ကူးေျမာက္ ေအာင္ျမင္၍ ပရစိတၲ-လူမ်ိဳး ၁၀၁ ပါးတို႔၏ စိတ္ အစဥ္ကို သိႏိုင္ေသာ  ပရစိတၲဝိဇာနနာ အဘိညာဥ္ သည္လည္းေကာင္း ပုေဗၺ နိဝါသႏုႆတိ အစဥ္ မျပတ္ ေရွးဘဝေလးဆယ္၊ ေနာက္ဘဝေလးဆယ္ အမ်ိဳးအမည္ အဆင္းသဏၭာန္ အရြယ္အစား ျဖစ္ ရာဂတိ၊ ဘံုဇာတိတို႔ကို ျမင္ႏိုင္စြမ္းေသာ ပုေဗၺ နိဝါသႏုႆတိ၊ အဘိညာဥ္သည္လည္းေကာင္း၊ ဒိဗၺ စကၡဳ နတ္မ်က္စိတစ္ေထာင္ကဲ့သို႔ ထိုထို စၾကဝဠာ ဖီလာထုတ္ျခင္း အၾကြင္းအက်န္မရွိ ျမင္ ႏိုင္စြမ္း ေသာ ဒိဗၺစကၡဳအဘိဥာဏ္သည္လည္းေကာင္း ဒိဗၺ ေသာတ ထိုထိုအရပ္တို႔က ေျပာသမွ်ေသာ စကား အလံုးစံုတို႔ကို ၾကားႏိုင္စြမ္းေသာ ဒိဗၺေသာတ အဘိ ညာဥ္သည္လည္းေကာင္း၊ အာသဝကၡယÓာ ဏံကာ မာသဝ၊ ဘဝါသဝ၊ ဒိ႒ာသဝ၊ အဝိဇၨာသဝတည္း ဟူေသာ အသေဝါတရား ေလးပါး ကာေမာဃ၊ ဘေဝါဃ၊ ဒိေ႒ာဃ၊ အဝိေဇၨာဃတည္း ဟူေသာ ဩဃတရားေလးပါးတို႔၏ ခ်ဳပ္ၿငိမ္းရာ အသခၤတခါတ္  ျပဳျပင္ျခင္းကင္းေသာ နိဗၺာန္သို႔ ေရာက္ေစႏိုင္ေသာ  ေလာကုတၲရာအာသဝကၡယအဘိဥာဏ္လည္းေကာင္း အဟံ-ခႏၶာ ငါးဝသမူဟကို ငါဟုထင္မွတ္ ပညတ္ ၾကလ်က္၊ မမ-ရြတ္ဖတ္သရဇၥ်ာယ္အပ္ေသာ-ကြ်ႏု္ပ္ ၏ ဒိ႒ဓမၼေဝဒနိယကံ-ယခုေလာက ပစၥဳပၸန္မ်က္ ေမွာက္၌ ေလာေလာလတ္လတ္၊ ထပ္ခါထပ္ခါ ဣဟြတ္ ဣဟြတ္မရပ္မဆိုင္း အနႏၱအတိုင္းမသိ ေသာ အက်ိဳးထူးအက်ိဳးျမတ္၊ အေကာင္းဥႆံု အလံုးစံုတို႔ကို မျြကင္းမက်န္ အမွန္ ေပးေဝကုန္ သတည္း။ 

(ေန႔စဥ္ပုတီးစိပ္ၿပီးရြတ္) အၾကားအျမင္ဓာတ္ ရၾကပါေစ။ 

 

ေဇယ်တုသဗၺမဂၤလံ

လင္းေရာင္တင္

အရာရာ ေအာင္ျမင္ေစတဲ့ ရတနာဒီပံ ေရႊ ဖေယာင္းတိုင္ကိစၥ တျခားကိစၥမ်ားအတြက္ လာေရာက္ ေဆြးေႏြးလိုပါက တိုက္အမွတ္ ၁၁၀၇၊ ယႆဝတီ ၁၈ လမ္း၊ ေတာင္ဥကၠလာ ၁၃ ရပ္ကြက္၊ ရန္ကုန္ၿမိဳ႕။ ဖုန္း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄

Share