စန္ဒ၊ သူရိယ နေနှင့်လတို့ကို အခြေခံ၍ စီရင်ထားသော ဂါထာမန္တန်များ 

ဂါထာမန္တာန်တွေအများကြီးရှိတဲ့ထဲက 

စန္ဒ၊ သူရိယ နေနှင့်လတို့ကို အခြေခံ၍ စီရင်ထားသော ဂါထာမန္တန်များအကြောင်းကို တြိရတနာ ဆရာဇေယျာလင်းက မနောမယဂျာနယ်အမှတ် (820) မှာ ရေးသားထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဂါထာအစွမ်းနဲ့ ဘယ်လိုရွတ်ဆိုစီရင်ရမလဲဆိုတာလေးတွေပါ ပါတယ်နော်။

မြန်မာ့ဂန္ဓာရီ ဝိဇ္ဇာမယလောကီပညာရပ်တို့ တွင် နေ၊ လနှစ်ပါးတို့ကို အခြေခံ၍ စီရင်ထား သော ဂါထာမန္တန်များ များစွာရှိပါသည်။ ထိုဂါထာ မန္တန်များအနက်မှ ကျွန်ုပ်လေ့လာဆည်းပူးရရှိထား သော ဂါထာမန္တန်အချို့ကို ထုတ်နုတ်ဖော်ပြလိုက် ပါသည်။ 

 

(၁) စန္ဒ၊ သူရိယ နေနှင့်လ နှစ်ပါးဂါထာ အမှတ်-၁

--------------------------------------------------------

နဝလောကုတ္တရာ အဋ္ဌမဂ္င်္ဂါနိတိပိဋကတ္တယံ သုညံစေဝဘဝိဿတိ နေမင်း အဖ၊ လမင်း အမိ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

အထက်ပါဂါထာကို ဗုဒ္ဓအာဏာစက်တော် မြတ်ဂါထာဟုလည်း ခေါ်ကြပါသည်။ ဤဂါထာကို အမြဲရွတ်ဖတ်က ဘုန်းတန်ခိုးတေဇော်အာနုဘော် ကြီး မားတိုးတက် ဩဇာအာဏာစက် ထက်မြတ်၏။ နတ် ဗြဟ္မာတို့ ချစ်ခင်စောင့်ရှောက်၏။ အင်းအိုင်၊ ဆေး ဝါးများ စီရင်ခြင်းမပြုမီ ဤဂါထာကို ၉ခေါက်ရွတ်ပြီး  စီရင်ပါက အစီအရင်များ ပိုမိုထက်မြတ်၏။ 

 

(၂) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါးဂါထာ

-----------------------------------------

နမောဗုဒ္ဓဿ စန္ဒရောစ သူရိယော ဩဘာ သယံ၊ အဂ္ဂမဟာတေဇံ လာဘံ မေ ဘဝိဿတိ။

ဤဂါထာကို နေ၊ လနှစ်ပါး မန္တရားဟုခေါ် ပါသည်။ ဤမန္တရားကို နံနက်နေထွက်စအချိန် ညနေ နေဝင်ပြီးချိန် တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ကိုးခေါက်မှ ၁၀၈ခေါက်အထိ(နဝင်းကိုက်) ရွတ်ပွားပါက မိမိရွတ်နိုင်သလောက် လျင်မြန်စွာ အကျိုးပေး၏။ နတ်သိကြားဗြဟ္မာတို့ ချစ်ခင်စောင့် ရှောက်၏။ အိပ်မက်ထူးများပေး၏။ လာဘ်လာဘ ပေါများ၏။ ဘုန်းကျက်သရေတိုး၍ အလုပ်အကိုင် အကြံအစည်များ အောင်မြင်တိုးတက်၏။ ကူညီ စောင့်ရှောက်မည့်သူများ ပေါ်ပေါက်လာတတ်၏။ 

 

(၃) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါး ဂါထာ အမှတ်-၃

------------------------------------------------------

ငါဟဲ့ရာဇာ လမင်းအမိ၊ နေမင်းအဖ၊ ကျွန်ုပ်  ဦးခေါင်းမှာ မားမားရပ်၍ အကျွန်ုပ်အား သွားလေ ရော စောင့်ရှောက်ကူညီပါ။ စန္ဒာသူရိန်၊ သူရိ်န်စန္ဒာ ငါ့အမေကလ၊ ငါ့အဖေက နေ၊ သွားလေရာမှာ ငါ့ မျက်နှာ နေနှင့်လ။ ဗုဒ္ဓအာဏာဟဲ့ရာဇာနဲ့ ခုနစ်ရက် သားသမီးအပေါင်းတို့ ငါလာပြီ။ နင်တို့ဦးနှိမ်ချစောင့် ရှောက်ကူညီပါ။

ဤဂါထာကို နေနတ်သား၊ လနတ်သားဂါ ထာဟုခေါ်ပြီး ရွှေသိဒ္ဓိအောင် အပ်ချည်မျှင်ဆရာ တော်အရှင်ဝိမလဝံသချီးမြှင့်လေ့ရှိသော ဂါထာဖြစ် သည်။ အမြဲရွတ်က မျက်နှာပွင့်လန်း၏။ ရာဇ၊ သဗ္ဗ  ဣတ္ထိသျှိုပြီး၏။ လူ၊ နတ်တို့ချစ်ခင်စောင့်ရှောက်၏။ 

 

(၄) စန္ဒ၊ သူရိယနေနှင့်လနှစ်ပါးဂါထာ အမှတ်-၄

-----------------------------------------------------

ဒက္ခိဏ၊ ဒက္ခိစ၊ သူရိယော၊ ဝါမအက္ခိစ စန္ဒိမာ၊ ဗုဒ္ဓစက္ခုစနိဒါနော။ 

သဗ္ဗညော အဟံဝန္ဒာမိ သဗ္ဗဒါ။

(ဂါထာမူကွဲအချို့လည်း ရှိပါသေးသည်)

သူရိယော-နေမင်းသည်၊ ဒက္ခိဏက္ခိစ-မြတ် စွာဘုရား၏ လက်ယာဘက်မျက်စိဖြစ်ပါ၏။ စန္ဒိမာ- လမင်းသည် ဝါမအက္ခိစ-လက်ဝဲမျက်စိဖြစ်ပါ၏။ (နောက်တစ်နည်းကား)ဒက္ခိဏက္ခိစ-မြတ်စွာဘုရား၏ လက်ယာဘက်မျက်စိသည်ကား၊ သူရိယော-နေမင်း ဖြစ်၏(နေမင်းနှင့်တူ၏)ဝါမအက္ခိစ-လက်ဝဲဘက် မျက်စိသည်ကား၊ စန္ဒိမာ-လမင်းဖြစ်၏။(လမင်းနှင့် တူ၏။) ဗုဒ္ဓစက္ခုစ-ဗုဒ္ဓမြတ်ဘုရား၏ စက္ခုသည်ကား နိဒါနော-အားလုံးကို သိမြင်ခြင်း၏အကြောင်းဖြစ်ပေ ၏။ သဗ္ဗညော-နေနှင့်တူသော လက်ယာမျက်စိ၊ လနှင့်တူသော လက်ဝဲမျက်စိ ဗုဒ္ဓစက္ခု-ဘုရားမျက်စိ တော်ဖြင့် အရာအားလုံးကို သိမြင်တော်မူတတ်သော မြတ်စွာဘုရားကို သဗ္ဗဒါ-အခါခပ်သိမ်း၊ အဟံ- အကျွန်ုပ်သည်၊ ဝန္ဒာမိ-ရှိခိုးပါ၏။ 

ဤဂါထာကား နေ၊ လနှစ်ပါးနှင့် ပတ်သက် ၍စီရင်ထားသော ဓနုဖြူခင်မကန်ဆရာတော်ကြီး၏ မျက်စိရေကြည်ခတ်ရန် ချီးမြှင့်ပေးသော ဂါထာဖြစ် ပါသည်။ မျက်နှာသစ်ချိန်၊ ရေချိုးချိန်များ၌ ဤဂါထာ ဖြင့် ရွတ်ဆိုပွားများပြီး ဘုရားရှင်ကို စိတ်ကရည်စူး၊  ပူဇော်လျက် မျက်စဉ်းခတ်ပေး၊ မျက်နှာသစ်ပေးက  မျက်စိရောဂါဝေဒနာများ သက်သာပျောက်ကင်း ချမ်း သာစေသည်ဟုဆိုပါသည်။ ယုံကြည်စွာ ပြုလုပ်သင့် ကြပါသည်။ 

 

(၅) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါးဂါထာ အမှတ်-၅

----------------------------------------------------

အမရွံ ဟရီဟရီ၊ ဆရီ မုခံ ပံဂဂျံ၊ တြေပိ ဋကတ်၊ ဟရီဟရီ ဘာဟိန္ဒြို၊ မဟိန္ဒြို၊ ဗျကျန္ဒြို၊ နရကျန္ဒြို၊ ဗေဒါဓာရာဂြဟာ၊ သျှူရာဂဂျတြာစိန္တာ မုနိ၊ ဆမရွံ ဟရီဟရီ၊ ကြုဗ္ဗန္တုံ၊ မေ ဂျယံ မံဂလံ။ 

အမရွံ ဟရီ ဟရီ-မသေရာအမှန်မြတ်နိဗ္ဗာန် ကို ဧကန်ထုတ်ချောက်ရောက်အောင် ပို့ထနိုင်သော၊ ဆရီမုခံပံဂဂျံ-မြတ်စွာဘုရား၏ အသရေရှိသော ခံတွင်းတည်းဟူသော ကြာတိုက်မှဖြစ်ထသော၊ တြေပိဋကတ်-သုံးပုံသော ပိဋကတ်တော်ကို၊ ဟရီ ဟရီ-စောင့်ရှောက်အစဉ် အကြင်သူရဿတီနတ်ဒေ ဝီသည်လည်းကောင်း၊ ဘာဟိန္ဒြို-ကောင်းကင်ကို စောင့်ရှောက်သော နတ်မင်းသည်လည်းကောင်း၊ မာဟိန္ဒြို-မြေပြင်ကို စောင့်ရှောက်သော နတ်မင်းသည် လည်းကောင်း၊ ဗျကျန္ဒြို-လဗိမာန်ကိုစောင့်ရှောက် သော လနတ်သားသည်လည်းကောင်း၊ နရကျန္ဒြို- နေဗိမာန်ကိုစောင့်ရှောက်သော နေနတ်သားသည် လည်းကောင်း၊ ဗေဒါဓာရာ-ဗေဒင်လေးပုံကို စောင့် ရှောက်ကြကုန်သော၊ ဂြဟာ-ရှစ်လုံးသော ဂြိုဟ်မင်း တို့သည်လည်းကောင်း၊ သျှူရာဂဂျာတြာ-သိကြား မင်းစီးသော ဧရာဝဏ်ဆင်ကြီးသည်လည်းကောင်း၊ စိန္တာမုနိ-နတ်တို့ကိုအစိုးရသော သိကြားမင်းကြီး သည်လည်းကောင်း(ဝါ)ယခုရွတ်ဆိုနေသော စိန္တာမ ဏိမန္တန်ကြီးသည်လည်းကောင်း၊ ဆမရွံ ဟရီ ဟရီ ထွန်တုံးလယ်မြေ၌ ကမ္ဘာပတ်လုံးတည်သော ကမ္ဘာ စောင့်နတ်မင်းကြီးသည်လည်းကောင်း၊ တေဆမိဌာ နေ-ဤအရပ်ဤဒေသ၌၊ ဒေဝဗေဒါ-စောင့်ရှောက် နေထိုင်ကုန်သော နတ်မင်းကြီးအပေါင်းတို့သည်၊ မေ-အကျွန်ုပ်အား ဂျယမံဂလံ-အောင်ဆဲ အောင် လတ္တံ့ဖြစ်သော မင်္ဂလာကျက်သရေအပေါင်းတို့ကို ကြုဗ္ဗန္တုံ-လျင်စွာထုတ်ချောက်အပြီးရောက်အောင် ချီးမြောက်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။ 

အထက်ပါမန္တန်ကြီးမှာ စိန္တာမဏိမန္တန်ကြီးဟု ခေါ်တွင်ကြပါသည်။ ထိုမန္တန်တွင် ဗျကျန္ဒြို-လနတ် သား၊ နရကျန္ဒြို-နေနတ်သားဟူ၍ နေ၊ လနှစ်ပါး ကို ထည့်သွင်းတိုင်တည်ထားကြောင်း တွေ့ရပါမည်။ ထို့ကြောင့်ဤမန္တန်ကြီးကို စန္ဒ၊ သူရိယနေနှင့်လ ဂါထာအမှတ်(၅)အဖြစ် ဖော်ပြခဲ့ရခြင်းဖြစ်ပါသည်။ ဤမန္တန်ကြီးကား ဆောင်ယူရွတ်ပွားသူတို့အား ဘုန်း ကျက်သရေအပေါင်းနှင့် ပြည့်စုံစေသည်။ မျက်နှာ ပွင့်လန်းစေသည်။ နတ်တို့ချစ်ခင်စောင့်ရှောက်စေ သည်။ မင်္ဂလာကျက်သရေတိုးစေသော မန္တန်ကြီးဖြစ် သဖြင့် အချို့ဘိသိတ်ဆရာများ အလှူမင်္ဂလာပွဲများ၌ ရွတ်ဆိုကြလေ့ရှိ၏။ အချို့က ဆေးဝါး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့အစီအရင်များ စီရင်ဆောင်ရွက်  ပြီးသောအခါ ရွတ်လေ့ရှိကြသည်။ ဤမန္တန်ကြီးမှာ သက္ကတဘာသာ အသံထွက်ဖြင့် ရေးသားသော မန္တန်ဖြစ်သဖြင့် စာလုံးပေါင်းအသံထွက်မူကွဲများ လည်းရှိကြပါသည်။ ဌာန်၊ ကရိုဏ်းကျကျပီပြင်စွာ ရွတ်တတ်ပါက အလွန်နားထောင်၍လည်း ကောင်း သောမန္တန်ကြီးဖြစ်ပါသည်။ 

( နေရာများတွင် ဥုံ/ေဩာင်းခံ၍လည်း ရွတ် ဆိုနိုင်ပါသည်။)

 

(၆) စန္ဒ၊ သူရိယ နေနှင့်လ ဂါထာအမှတ်-၆

--------------------------------------------------

ဩဃလိမ္မာ၊ ဆရာမှန်ထား၊ သိကြားပေး သည့်မန္တရား၊ မိသူဇာ၊ ဆရာမှန်ထား၊ သိကြားပေး သည့် မန္တရား၊ နေမင်းထက်ပေ၊ လမင်းပယ်လေ၊ တိမ်မင်းဆိုက်ဆရာဆိုက်။ 

ဤဂါထာဖြင့် ပန်းကို ၃၇ အုပ်မန်းပြီးပန်ထား၊ ဆောင်ထားပါက ပီယသျှိုကောင်း၏။ ကုန်တိုက် ကောင်း၏(ဈေးရောင်းကောင်းစေသည်)ဟု ဆိုပါ သည်။ 

 

(၇) စန္ဒ သူရိယ နေနှင့်လ ဂါထာအမှတ်-၇

----------------------------------------------

လေးကျွန်းမျက်နှာ၊ လေးမျက်နှာလည်း ရှင် နေမင်းလည်း ငါ့အဖ၊ ရှင်လမင်းလည်း ငါ့အမိ၊ သွားလေရာရာ ငါ့မျက်နှာ။ 

ကရုဏာမင်းကြီး၊ အမိ ငါ့ကို တည်ဘိလော့ ခွတ်ထွတ် ရှင်နေမင်း၊ ခွတ်ထွတ် ရှင်လမင်း၊ နေမင်း ချမ်းသာ၊ လပမာဖြင့်၊ ရှင်လူမေတ္တာပွင့်-ဆရာပွင့် လင်းဆရာလင်း။

ကန်တော့ပွဲတစ်ပွဲပြင်၊ ပန်းသုံးမျိုး၊ မီးတစ် တိုင်၊ ကွမ်းတစ်ယာ၊ လက်ဖက်တစ်ထုပ်၊ ငွေငါးမတ်၊ ရွှေတစ်မတ်၊ ကန်တော့ပွဲတွင် ထည့်ပြီးလျှင် ရေမွှေး အကောင်းစားတစ်လုံးကို အဖုံးဖွင့်၍ အထက်ပါဂါထာ ဖြင့် ၁၀၈ အုပ်စုတ်ပြီးသိမ်းထားပါ။ အလိုရှိသောအခါ  နဖူး၊ ဆံစ၊ လက်ကိုင်ပဝါတို့တွင် ထိုရေမွှေးဖြင့် ဆွတ်ဖျန်း၍သွားပါလေက နတ်၊ လူ၊ ဗြဟ္မာ ထိုသုံး ဖြာတို့သည် အနံ့ကိုရှူမိခါမျှဖြင့် ရင်ဝယ်သားကဲ့သို့ ချစ်ခင်သနား၏။ ရာဇ၊ ဣတ္ထိ၊ သဗ္ဗသျှိုသုံးပါး အပြီး တိုင်၏။ ကျက်သရေမင်္ဂလာတိုး၍ ကောင်းကျိုးချမ်း သာတိုးစေ၏။ ယုံကြည်စွာစီရင်ဆောင်ယူသင့်ပါ သည်။

 

တြိရတနာဆရာဇေယျာလင်း

zawgyi version

 

စႏၵ၊ သူရိယ ေနႏွင့္လတို႔ကို အေျခခံ၍ စီရင္ထားေသာ ဂါထာမႏၱန္မ်ား 

=====================================

ဂါထာမႏၱာန္ေတြအမ်ားႀကီးရွိတဲ့ထဲက 

စႏၵ၊ သူရိယ ေနႏွင့္လတို႔ကို အေျခခံ၍ စီရင္ထားေသာ ဂါထာမႏၱန္မ်ားအေၾကာင္းကို ႀတိရတနာ ဆရာေဇယ်ာလင္းက မေနာမယဂ်ာနယ္အမွတ္ (820) မွာ ေရးသားထားတာေလးကုိ တင္ဆက္ေပးလုိက္ပါတယ္။ ဂါထာအစြမ္းနဲ႔ ဘယ္လုိရြတ္ဆုိစီရင္ရမလဲဆုိတာေလးေတြပါ ပါတယ္ေနာ္။

***********************

ျမန္မာ့ဂႏၶာရီ ဝိဇၨာမယေလာကီပညာရပ္တို႔ တြင္ ေန၊ လႏွစ္ပါးတို႔ကို အေျခခံ၍ စီရင္ထား ေသာ ဂါထာမႏၱန္မ်ား မ်ားစြာရွိပါသည္။ ထိုဂါထာ မႏၱန္မ်ားအနက္မွ ကြ်ႏု္ပ္ေလ့လာဆည္းပူးရရွိထား ေသာ ဂါထာမႏၱန္အခ်ိဳ႕ကို ထုတ္ႏုတ္ေဖာ္ျပလိုက္ ပါသည္။ 

 

(၁) စႏၵ၊ သူရိယ ေနႏွင့္လ ႏွစ္ပါးဂါထာ အမွတ္-၁

--------------------------------------------------------

နဝေလာကုတၲရာ အ႒မဂၢၤါနိတိပိဋကတၲယံ သုညံေစဝဘဝိႆတိ ေနမင္း အဖ၊ လမင္း အမိ၊ ဗုဒၶံသရဏံ ဂစၦာမိ၊ ဓမၼံ သရဏံ ဂစၦာမိ၊ သံဃံ သရဏံ ဂစၦာမိ။

အထက္ပါဂါထာကို ဗုဒၶအာဏာစက္ေတာ္ ျမတ္ဂါထာဟုလည္း ေခၚၾကပါသည္။ ဤဂါထာကို အၿမဲရြတ္ဖတ္က ဘုန္းတန္ခိုးေတေဇာ္အာႏုေဘာ္ ႀကီး မားတိုးတက္ ဩဇာအာဏာစက္ ထက္ျမတ္၏။ နတ္ ျဗဟၼာတို႔ ခ်စ္ခင္ေစာင့္ေရွာက္၏။ အင္းအိုင္၊ ေဆး ဝါးမ်ား စီရင္ျခင္းမျပဳမီ ဤဂါထာကို ၉ေခါက္ရြတ္ၿပီး  စီရင္ပါက အစီအရင္မ်ား ပိုမိုထက္ျမတ္၏။ 

 

(၂) စႏၵ၊ သူရိယ ေနႏွင့္လႏွစ္ပါးဂါထာ

-----------------------------------------

နေမာဗုဒၶႆ စႏၵေရာစ သူရိေယာ ဩဘာ သယံ၊ အဂၢမဟာေတဇံ လာဘံ ေမ ဘဝိႆတိ။

ဤဂါထာကို ေန၊ လႏွစ္ပါး မႏၱရားဟုေခၚ ပါသည္။ ဤမႏၱရားကို နံနက္ေနထြက္စအခ်ိန္ ညေန ေနဝင္ၿပီးခ်ိန္ တစ္ေန႔ႏွစ္ႀကိမ္ႏႈန္းျဖင့္ တစ္ႀကိမ္လွ်င္ အနည္းဆံုး ကိုးေခါက္မွ ၁၀၈ေခါက္အထိ(နဝင္းကိုက္) ရြတ္ပြားပါက မိမိရြတ္ႏိုင္သေလာက္ လ်င္ျမန္စြာ အက်ိဳးေပး၏။ နတ္သိၾကားျဗဟၼာတို႔ ခ်စ္ခင္ေစာင့္ ေရွာက္၏။ အိပ္မက္ထူးမ်ားေပး၏။ လာဘ္လာဘ ေပါမ်ား၏။ ဘုန္းက်က္သေရတိုး၍ အလုပ္အကိုင္ အႀကံအစည္မ်ား ေအာင္ျမင္တိုးတက္၏။ ကူညီ ေစာင့္ေရွာက္မည့္သူမ်ား ေပၚေပါက္လာတတ္၏။ 

 

(၃) စႏၵ၊ သူရိယ ေနႏွင့္လႏွစ္ပါး ဂါထာ အမွတ္-၃

------------------------------------------------------

ငါဟဲ့ရာဇာ လမင္းအမိ၊ ေနမင္းအဖ၊ ကြ်ႏု္ပ္  ဦးေခါင္းမွာ မားမားရပ္၍ အကြ်ႏု္ပ္အား သြားေလ ေရာ ေစာင့္ေရွာက္ကူညီပါ။ စႏၵာသူရိန္၊ သူရိ္န္စႏၵာ ငါ့အေမကလ၊ ငါ့အေဖက ေန၊ သြားေလရာမွာ ငါ့ မ်က္ႏွာ ေနႏွင့္လ။ ဗုဒၶအာဏာဟဲ့ရာဇာနဲ႔ ခုနစ္ရက္ သားသမီးအေပါင္းတို႔ ငါလာၿပီ။ နင္တို႔ဦးႏွိမ္ခ်ေစာင့္ ေရွာက္ကူညီပါ။

ဤဂါထာကို ေနနတ္သား၊ လနတ္သားဂါ ထာဟုေခၚၿပီး ေရႊသိဒၶိေအာင္ အပ္ခ်ည္မွ်င္ဆရာ ေတာ္အရွင္ဝိမလဝံသခ်ီးျမႇင့္ေလ့ရွိေသာ ဂါထာျဖစ္ သည္။ အၿမဲရြတ္က မ်က္ႏွာပြင့္လန္း၏။ ရာဇ၊ သဗၺ  ဣတၴိသွ်ိဳၿပီး၏။ လူ၊ နတ္တို႔ခ်စ္ခင္ေစာင့္ေရွာက္၏။ 

 

(၄) စႏၵ၊ သူရိယေနႏွင့္လႏွစ္ပါးဂါထာ အမွတ္-၄

-----------------------------------------------------

ဒကၡိဏ၊ ဒကၡိစ၊ သူရိေယာ၊ ဝါမအကၡိစ စႏၵိမာ၊ ဗုဒၶစကၡဳစနိဒါေနာ။ 

သဗၺေညာ အဟံဝႏၵာမိ သဗၺဒါ။

(ဂါထာမူကြဲအခ်ိဳ႕လည္း ရွိပါေသးသည္)

သူရိေယာ-ေနမင္းသည္၊ ဒကၡိဏကၡိစ-ျမတ္ စြာဘုရား၏ လက္ယာဘက္မ်က္စိျဖစ္ပါ၏။ စႏၵိမာ- လမင္းသည္ ဝါမအကၡိစ-လက္ဝဲမ်က္စိျဖစ္ပါ၏။ (ေနာက္တစ္နည္းကား)ဒကၡိဏကၡိစ-ျမတ္စြာဘုရား၏ လက္ယာဘက္မ်က္စိသည္ကား၊ သူရိေယာ-ေနမင္း ျဖစ္၏(ေနမင္းႏွင့္တူ၏)ဝါမအကၡိစ-လက္ဝဲဘက္ မ်က္စိသည္ကား၊ စႏၵိမာ-လမင္းျဖစ္၏။(လမင္းႏွင့္ တူ၏။) ဗုဒၶစကၡဳစ-ဗုဒၶျမတ္ဘုရား၏ စကၡဳသည္ကား နိဒါေနာ-အားလံုးကို သိျမင္ျခင္း၏အေၾကာင္းျဖစ္ေပ ၏။ သဗၺေညာ-ေနႏွင့္တူေသာ လက္ယာမ်က္စိ၊ လႏွင့္တူေသာ လက္ဝဲမ်က္စိ ဗုဒၶစကၡဳ-ဘုရားမ်က္စိ ေတာ္ျဖင့္ အရာအားလံုးကို သိျမင္ေတာ္မူတတ္ေသာ ျမတ္စြာဘုရားကို သဗၺဒါ-အခါခပ္သိမ္း၊ အဟံ- အကြ်ႏု္ပ္သည္၊ ဝႏၵာမိ-ရွိခိုးပါ၏။ 

ဤဂါထာကား ေန၊ လႏွစ္ပါးႏွင့္ ပတ္သက္ ၍စီရင္ထားေသာ ဓႏုျဖဴခင္မကန္ဆရာေတာ္ႀကီး၏ မ်က္စိေရၾကည္ခတ္ရန္ ခ်ီးျမႇင့္ေပးေသာ ဂါထာျဖစ္ ပါသည္။ မ်က္ႏွာသစ္ခ်ိန္၊ ေရခ်ိဳးခ်ိန္မ်ား၌ ဤဂါထာ ျဖင့္ ရြတ္ဆိုပြားမ်ားၿပီး ဘုရားရွင္ကို စိတ္ကရည္စူး၊  ပူေဇာ္လ်က္ မ်က္စဥ္းခတ္ေပး၊ မ်က္ႏွာသစ္ေပးက  မ်က္စိေရာဂါေဝဒနာမ်ား သက္သာေပ်ာက္ကင္း ခ်မ္း သာေစသည္ဟုဆိုပါသည္။ ယံုၾကည္စြာ ျပဳလုပ္သင့္ ၾကပါသည္။ 

 

(၅) စႏၵ၊ သူရိယ ေနႏွင့္လႏွစ္ပါးဂါထာ အမွတ္-၅

----------------------------------------------------

အမရြံ ဟရီဟရီ၊ ဆရီ မုခံ ပံဂဂ်ံ၊ ေၾတပိ ဋကတ္၊ ဟရီဟရီ ဘာဟိၿႏၵိဳ၊ မဟိၿႏၵိဳ၊ ဗ်က်ၿႏၵိဳ၊ နရက်ၿႏၵိဳ၊ ေဗဒါဓာရာျဂဟာ၊ သွ်ဴရာဂဂ်ၾတာစိႏၱာ မုနိ၊ ဆမရြံ ဟရီဟရီ၊ ၾကဳဗၺႏၱံဳ၊ ေမ ဂ်ယံ မံဂလံ။ 

အမရြံ ဟရီ ဟရီ-မေသရာအမွန္ျမတ္နိဗၺာန္ ကို ဧကန္ထုတ္ေခ်ာက္ေရာက္ေအာင္ ပို႔ထႏိုင္ေသာ၊ ဆရီမုခံပံဂဂ်ံ-ျမတ္စြာဘုရား၏ အသေရရွိေသာ ခံတြင္းတည္းဟူေသာ ၾကာတိုက္မွျဖစ္ထေသာ၊ ေၾတပိဋကတ္-သံုးပံုေသာ ပိဋကတ္ေတာ္ကို၊ ဟရီ ဟရီ-ေစာင့္ေရွာက္အစဥ္ အၾကင္သူရႆတီနတ္ေဒ ဝီသည္လည္းေကာင္း၊ ဘာဟိၿႏၵိဳ-ေကာင္းကင္ကို ေစာင့္ေရွာက္ေသာ နတ္မင္းသည္လည္းေကာင္း၊ မာဟိၿႏၵိဳ-ေျမျပင္ကို ေစာင့္ေရွာက္ေသာ နတ္မင္းသည္ လည္းေကာင္း၊ ဗ်က်ၿႏၵိဳ-လဗိမာန္ကိုေစာင့္ေရွာက္ ေသာ လနတ္သားသည္လည္းေကာင္း၊ နရက်ၿႏၵိဳ- ေနဗိမာန္ကိုေစာင့္ေရွာက္ေသာ ေနနတ္သားသည္ လည္းေကာင္း၊ ေဗဒါဓာရာ-ေဗဒင္ေလးပံုကို ေစာင့္ ေရွာက္ၾကကုန္ေသာ၊ ျဂဟာ-ရွစ္လံုးေသာ ၿဂိဳဟ္မင္း တို႔သည္လည္းေကာင္း၊ သွ်ဴရာဂဂ်ာၾတာ-သိၾကား မင္းစီးေသာ ဧရာဝဏ္ဆင္ႀကီးသည္လည္းေကာင္း၊ စိႏၱာမုနိ-နတ္တို႔ကိုအစိုးရေသာ သိၾကားမင္းႀကီး သည္လည္းေကာင္း(ဝါ)ယခုရြတ္ဆိုေနေသာ စိႏၱာမ ဏိမႏၱန္ႀကီးသည္လည္းေကာင္း၊ ဆမရြံ ဟရီ ဟရီ ထြန္တံုးလယ္ေျမ၌ ကမၻာပတ္လံုးတည္ေသာ ကမၻာ ေစာင့္နတ္မင္းႀကီးသည္လည္းေကာင္း၊ ေတဆမိဌာ ေန-ဤအရပ္ဤေဒသ၌၊ ေဒဝေဗဒါ-ေစာင့္ေရွာက္ ေနထိုင္ကုန္ေသာ နတ္မင္းႀကီးအေပါင္းတို႔သည္၊ ေမ-အကြ်ႏု္ပ္အား ဂ်ယမံဂလံ-ေအာင္ဆဲ ေအာင္ လတၲံ႕ျဖစ္ေသာ မဂၤလာက်က္သေရအေပါင္းတို႔ကို ၾကဳဗၺႏၱံဳ-လ်င္စြာထုတ္ေခ်ာက္အၿပီးေရာက္ေအာင္ ခ်ီးေျမာက္ေဆာင္ရြက္ႏိုင္ၾကပါေစကုန္သတည္း။ 

အထက္ပါမႏၱန္ႀကီးမွာ စိႏၱာမဏိမႏၱန္ႀကီးဟု ေခၚတြင္ၾကပါသည္။ ထိုမႏၱန္တြင္ ဗ်က်ၿႏၵိဳ-လနတ္ သား၊ နရက်ၿႏၵိဳ-ေနနတ္သားဟူ၍ ေန၊ လႏွစ္ပါး ကို ထည့္သြင္းတိုင္တည္ထားေၾကာင္း ေတြ႕ရပါမည္။ ထို႔ေၾကာင့္ဤမႏၱန္ႀကီးကို စႏၵ၊ သူရိယေနႏွင့္လ ဂါထာအမွတ္(၅)အျဖစ္ ေဖာ္ျပခဲ့ရျခင္းျဖစ္ပါသည္။ ဤမႏၱန္ႀကီးကား ေဆာင္ယူရြတ္ပြားသူတို႔အား ဘုန္း က်က္သေရအေပါင္းႏွင့္ ျပည့္စံုေစသည္။ မ်က္ႏွာ ပြင့္လန္းေစသည္။ နတ္တို႔ခ်စ္ခင္ေစာင့္ေရွာက္ေစ သည္။ မဂၤလာက်က္သေရတိုးေစေသာ မႏၱန္ႀကီးျဖစ္ သျဖင့္ အခ်ိဳ႕ဘိသိတ္ဆရာမ်ား အလွဴမဂၤလာပြဲမ်ား၌ ရြတ္ဆိုၾကေလ့ရွိ၏။ အခ်ိဳ႕က ေဆးဝါး၊ မႏၱရား၊ အင္းအိုင္၊ လက္ဖြဲ႕အစီအရင္မ်ား စီရင္ေဆာင္ရြက္  ၿပီးေသာအခါ ရြတ္ေလ့ရွိၾကသည္။ ဤမႏၱန္ႀကီးမွာ သကၠတဘာသာ အသံထြက္ျဖင့္ ေရးသားေသာ မႏၱန္ျဖစ္သျဖင့္ စာလံုးေပါင္းအသံထြက္မူကြဲမ်ား လည္းရွိၾကပါသည္။ ဌာန္၊ က႐ိုဏ္းက်က်ပီျပင္စြာ ရြတ္တတ္ပါက အလြန္နားေထာင္၍လည္း ေကာင္း ေသာမႏၱန္ႀကီးျဖစ္ပါသည္။ 

( ေနရာမ်ားတြင္ ဥံဳ/ေဩာင္းခံ၍လည္း ရြတ္ ဆိုႏိုင္ပါသည္။)

 

(၆) စႏၵ၊ သူရိယ ေနႏွင့္လ ဂါထာအမွတ္-၆

--------------------------------------------------

ဩဃလိမၼာ၊ ဆရာမွန္ထား၊ သိၾကားေပး သည့္မႏၱရား၊ မိသူဇာ၊ ဆရာမွန္ထား၊ သိၾကားေပး သည့္ မႏၱရား၊ ေနမင္းထက္ေပ၊ လမင္းပယ္ေလ၊ တိမ္မင္းဆိုက္ဆရာဆိုက္။ 

ဤဂါထာျဖင့္ ပန္းကို ၃၇ အုပ္မန္းၿပီးပန္ထား၊ ေဆာင္ထားပါက ပီယသွ်ိဳေကာင္း၏။ ကုန္တိုက္ ေကာင္း၏(ေဈးေရာင္းေကာင္းေစသည္)ဟု ဆိုပါ သည္။ 

 

(၇) စႏၵ သူရိယ ေနႏွင့္လ ဂါထာအမွတ္-၇

----------------------------------------------

ေလးကြ်န္းမ်က္ႏွာ၊ ေလးမ်က္ႏွာလည္း ရွင္ ေနမင္းလည္း ငါ့အဖ၊ ရွင္လမင္းလည္း ငါ့အမိ၊ သြားေလရာရာ ငါ့မ်က္ႏွာ။ 

က႐ုဏာမင္းႀကီး၊ အမိ ငါ့ကို တည္ဘိေလာ့ ခြတ္ထြတ္ ရွင္ေနမင္း၊ ခြတ္ထြတ္ ရွင္လမင္း၊ ေနမင္း ခ်မ္းသာ၊ လပမာျဖင့္၊ ရွင္လူေမတၲာပြင့္-ဆရာပြင့္ လင္းဆရာလင္း။

ကန္ေတာ့ပြဲတစ္ပြဲျပင္၊ ပန္းသံုးမ်ိဳး၊ မီးတစ္ တိုင္၊ ကြမ္းတစ္ယာ၊ လက္ဖက္တစ္ထုပ္၊ ေငြငါးမတ္၊ ေရႊတစ္မတ္၊ ကန္ေတာ့ပြဲတြင္ ထည့္ၿပီးလွ်င္ ေရေမႊး အေကာင္းစားတစ္လံုးကို အဖံုးဖြင့္၍ အထက္ပါဂါထာ ျဖင့္ ၁၀၈ အုပ္စုတ္ၿပီးသိမ္းထားပါ။ အလိုရွိေသာအခါ  နဖူး၊ ဆံစ၊ လက္ကိုင္ပဝါတို႔တြင္ ထိုေရေမႊးျဖင့္ ဆြတ္ဖ်န္း၍သြားပါေလက နတ္၊ လူ၊ ျဗဟၼာ ထိုသံုး ျဖာတို႔သည္ အနံ႔ကို႐ွဴမိခါမွ်ျဖင့္ ရင္ဝယ္သားကဲ့သို႔ ခ်စ္ခင္သနား၏။ ရာဇ၊ ဣတၴိ၊ သဗၺသွ်ိဳသံုးပါး အၿပီး တိုင္၏။ က်က္သေရမဂၤလာတိုး၍ ေကာင္းက်ိဳးခ်မ္း သာတိုးေစ၏။ ယံုၾကည္စြာစီရင္ေဆာင္ယူသင့္ပါ သည္။

 

ႀတိရတနာဆရာေဇယ်ာလင္း

Share