ပုပ္ပါးမယ်တော်ကြီး မယ်ဝဏ္ဏနှင့် ဆွေးနွေးခြင်း

-ဆရာဝင်း(သာကီနွယ်)-

၂၉-၇-၂၀၁၄ ရက် နေ့လယ်က ပြုံးပန်း တစ်ရာ စာပေတိုက်ပိုင်ရှင် ဦးညွန့်ဝေ ကျွန်တော့်ဆီ  ထိုင်းဆရာတော်တစ်ပါး ရေးသားတဲ့ ထိုင်းမင်းသမီး ဆုပန်ကလျာအကြောင်း ဘာသာပြန်စာအုပ်ကလေး တစ်အုပ် လာပေးပါတယ်။ ဦးညွန့်ဝေက တချို့သော ထိုင်းလူမျိုးတွေ ရန်ကုန် ကျိုက္ကလော့ဘုရားမှာရှိတဲ့ ထိုင်းမင်းသမီး ဆုပန်ကလျာကို လာရောက်ဂါရဝပြု ကြသလို ပုပ္ပားတောင်မယ်တော်ကြီးကိုလည်း

သွား ရောက်ဂါရဝပြုကြတဲ့အကြောင်း၊ ဘယ်လိုပတ်သက် မှုရှိလို့ ပုပ္ပားမယ်တော်ကြီးကို သွားရောက်ဂါရဝပြု ကြတာလဲလို့ မေးပါတယ်။ ကျွန်တော်က ပုပ္ပားမယ် တော်ကြီး မယ်ဝဏ္ဏနဲ့ သမိုင်းကြောင်းအရ ပတ်သက် မှုတော့ မရှိပါဘူး။ ပုပ္ပားသွားတယ်ဆိုတာ ဟုတ်ရဲ့ လားမေးတော့ ဟုတ်ပါတယ်။ သေချာပါတယ်လို့ ဦးညွန့်ဝေက ပြောပါတယ်။

ဒီလိုဆို ပုပ္ပားမယ်တော်ကြီးကို ပင့်ပြီး မေး ကြည့်တာပေါ့လို့ ကျွန်တော် ပုပ္ပားမယ်တော်ကြီးကို ပင့်လိုက်ပါတယ်။ အရပ်ထောင်ထောင်မောင်း မောင်း၊ မျက်နှာဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ချိတ်ထမီ ထိုင်မသိမ်းအကျႌ၊ ဦးခေါင်းအထက်ပိုင်းမှာ ဘီလူး ခေါင်းပုံ ခေါင်းဆောင်းလေး ဆောင်းထားတဲ့ ခန့် ညားလှပတဲ့ အမျိုးသမီးကြီးတစ်ဦး ကျွန်တော့်ရှေ့ ရောက်လာပါတယ်။

ကျွနု်ပ် ။  ။ ပုပ္ပားမယ်တော်ကြီး ...တချို့ ထိုင်းလူမျိုးတွေ မြန်မာနိုင်ငံကိုလာတဲ့အခါ ရန်ကုန် ကျိုက္ကလော့ဘုရားက ထိုင်းမင်းသမီးဆုပန်ကလျာ အပြင် မယ်တော်ကြီးဆီကိုပါ လာရောက်ဂါရဝပြု ကြတယ်ဆိုတာ ဟုတ်ပါသလား။

မယ်ဝဏ္ဏ ။  ။ ဟုတ်ပါတယ်။

ကျွနု်ပ် ။  ။ မယ်တော်ကြီးနဲ့ ဘယ်လိုပတ် သက်မှု ရှိလို့ပါလဲ။

မယ်ဝဏ္ဏ ။  ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၇၉၀) ကျော်က ဂန္ဓဗတ်နတ်မင်းကြီးက ထိုင်းနိုင်ငံကို နှစ် ပေါင်း(၅၀)စောင့်ရှောက်ရန် တာဝန်ပေး၍ သွားရောက် စောင့်ရှောက်ခဲ့ရပါတယ်။ အဲဒီအကြောင်းကို သိတဲ့ လူတွေက လာကြတာပါ။

ကျွနု်ပ် ။  ။ ထိုင်းနိုင်ငံကို ဘယ်ပုဂ္ဂိုလ်တွေ စောင့်ရှောက်ပါသလဲ။

မယ်ဝဏ္ဏ ။  ။ ထိုင်းနိုင်ငံကို နတ်ကြီး(၉)ပါး ဘီလူးကြီး(၉)ပါး၊ နဂါးကြီး(၉)ကောင် စောင့်ရှောက် ပါတယ်။

ကျွနု်ပ် ။  ။ ထိုင်းနိုင်ငံကို စောင့်ရှောက် တဲ့ ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံကိုစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေထက် ပိုပြီးတန်ခိုးကြီးပါသလား။

မယ်ဝဏ္ဏ ။  ။ မြန်မာနိုင်ငံကိုစောင့်ရှောက် တဲ့ နတ်ကြီးတွေထက် ပိုတန်ခိုးမကြီးပါဘူး။ မြန်မာ နိုင်ငံကို ပုပ္ပားတောင်မှာရှိတဲ့ နိုင်ငံတော်စောင့် နတ် ကြီး(၅)ပါး၊ စစ်ကိုင်းတောင်မှာရှိတဲ့ နတ်ကြီးတစ်ပါး၊ အာကသထဲက ရွှေရောင်နတ်ကြီးတစ်ပါး စောင့် ရှောက်နေပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကို စောင့် ရှောက်တဲ့နတ်ကြီးတွေက ပိုပြီးတန်ခိုးကြီးပါတယ်။

ကျွနု်ပ် ။  ။ ကျွန်တော်တို့နိုင်ငံကို စောင့် ရှောက်တဲ့နတ်ကြီးတွေက ပိုပြီးတန်ခိုးကြီးတယ်ဆို လျှင် ဘယ်လိုကြောင့် အင်္ဂလိပ်ရဲ့လက်အောက် နှစ် ပေါင်း(၁၀ဝ)ကျော် ကျရောက်ရတာလဲ။ လွတ်လပ် ရေးရပြီးတော့လည်း နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်း စစ်ဖြစ်ပြီး ယခုတိုင် ပြည်သူတွေဒုက္ခရောက်ရတာ ပဲ။ နိုင်ငံကလည်း ဆင်းရဲနေတုန်းပဲ။

မယ်ဝဏ္ဏ ။  ။ မြန်မာတို့က ဘာသာရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့အကုသိုလ်အမှုကြီးနှစ်ခုကို ကျူးလွန်ခဲ့ကြတယ်။ အဲဒါကြောင့် ဒုက္ခရောက်နေကြ ရတာ ဖြစ်တယ်။

ကျွနု်ပ် ။  ။ ဘယ်လို အကုသိုလ်အမှုကြီးတွေကို ကျူး လွန်ခဲ့ကြတာလဲ။

မယ်ဝဏ္ဏ ။  ။ ပုဂံ အနော်ရထာမင်းလက်ထက်မှာ အရည် ကြီးရဟန်း အပါး(၁၀ဝ)ကျော် အသတ်ခံခဲ့ရတယ်။ အဲဒီ အရည်ကြီးရဟန်းတွေထဲမှာ အကျင့်သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေ အများကြီးပါသွားတယ်။

ကျွနု်ပ် ။  ။ အရည်းကြီးရဟန်းတော်တွေ က ရေငုတ်၊ မီးလှုံ၊ တုံးခုန်၊ ဇယ်ခုတ်ဆိုတဲ့ ကျင့်စဉ် တွေအပြင် မိန်းမပျိုလေးတွေနဲ့ပတ်သက်လို့ ပန်း ဦးလွှတ်တယ်လို့လည်း ကြားသိရတယ်။ အဲဒါ မဟုတ်ဘူးလား။

မယ်ဝဏ္ဏ ။  ။ အရည်းကြီးရဟန်းတွေက ရေငုတ်တယ်။ မီးလှုံတယ်။ ဇယ်ခတ်တယ်ဆိုတာ မှန်ပါတယ်။ တုံးခုန်တယ်ဆိုတာ မဟုတ်ပါဘူး။ ပြီး တော့ မိန်းမပျိုလေးတွေ ပန်းဦးလွှတ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အဲဒီရဟန်းတွေကို သတ်တာ ဟာ အကုသိုလ်အလွန်ကြီးပါတယ်။ နောက်တစ်ချက် က ပင်းယခေတ် သိုလ်ဟန်ဘွားလက်ထက်မှာ သံဃာတော်တွေကို ဆွမ်းစားပင့်ပြီး လုပ်ကြံသတ် ဖြတ်တယ်။ အဲဒီမှာလည်း ရဟန်းသံဃာတော်တွေ အများအပြား ပျံလွန်တော်မူကြရတယ်။ အဲဒီ အကုသိုလ်အမှုကြီးနှစ်မှုကြောင့် ယခုလို တိုင်းတစ် ပါးလက်အောက်ကျရောက်ရတာ၊ ပြည်တွင်းစစ်မီး မငြိမ်းနိုင်တာ၊ ဆင်းရဲမွဲတေ ဒုက္ခရောက်ရတာ ဖြစ် တယ်။ ဒါပေမဲ့ နောက်သုံးနှစ်လောက်နေလျှင်တော့ မြန်မာပြည် အကောင်းဘက်ကာလ ရောက်တော့ မှာပါ။

ကျွနု်ပ် ။  ။ မြန်မာပြည် အကောင်းဘက် ရောက်တော့မှာက မယ်တော်ကြီးကိုယ်တိုင် သိတာ လား။ ဒါမှမဟုတ် အခြားပုဂ္ဂိုလ်တစ်ပါးပါးက ပြော လို့သိတာလား။

မယ်ဝဏ္ဏ ။  ။ ရွှေတိဂုံစေတီတော် တနင်္ဂ နွေထောင့် ခေါင်းလောင်းကြီးတန်ဆောင်းမှာ သီတင်းသုံးတဲ့ ရွှေတိဂုံစေတီတော်ကိုစောင့်တဲ့ တန်ခိုးကြီးနတ်ကြီးတစ်ပါးက ပြောလို့ သိရတာပါ။

ကျွနု်ပ် ။  ။ မယ်ဝဏ္ဏ တကောင်းနေပြည် တော်မှာ မိဖုရားကြီးဖြစ်ခဲ့တယ်ဆိုတာ မှန်ပါသလား။

မယ်ဝဏ္ဏ ။  ။ ဟုတ်ပါတယ်။

ကျွနု်ပ် ။  ။ မယ်ဝဏ္ဏရဲ့မောင် ပန်းပဲလုပ်တဲ့ မောင်တင့်တယ်က အားခွန်ဗလ အလွန်ကောင်း တယ်။ အဲဒီမှာ ဘုရင်က သူ့ရဲ့အရိပ်အရာကို လုမှာ စိုးရိမ်တဲ့အတွက် မောင်တင့်တယ်ကိုဖမ်းဖို့ ကြိုးစား တယ်။ မောင်တင့်တယ်က ထွက်ပြေးတယ်။ အဲဒီ အခါမှာ ဘုရင်က မယ်ဝဏ္ဏကို မိဖုရားမြှောက်တယ်။ မိဖုရားမြှောက်ပြီးတဲ့အခါ ယောက်ဖတော်သူ မောင် တင့်တယ်ကို ချီးမြှင့်မြှောက်စားမယ်ဆိုပြီး မိဖုရားကို အခေါ်ခိုင်းတယ်။

မိဖုရားက တကယ်မြှောက်စားမည်ထင်ပြီး မောင်ကို ပုန်းအောင်းနေရာက ပြန်ခေါ်တယ်။ မောင် တင့်တယ်ကလည်း ဘုရင့်ပရိယာယ်ကို မသိဘဲ ယုံ ကြည်ပြီး လိုက်လာတယ်။ အဲဒီအခါမှာ ဘုရင်က မောင်တင့်တယ်ကိုဖမ်းပြီး သတ်ပစ်တယ်။ မိဖုရား ဖြစ်တဲ့ မယ်ဝဏ္ဏက သူ့ကြောင့် မောင်ဖြစ်သူ အသတ်ခံရတယ်ဆိုပြီး ရင်ကွဲနာကျ ကွယ်လွန်ရ တယ်။ 

မောင်တင့်တယ် တရုတ်စကားပင်မှာ ကြိုး နဲ့ချည်နှောင်ပြီး အသတ်ခံရတယ်။ ကွယ်လွန်တော့ လည်း နတ်ဖြစ်ပြီး တရုတ်စကားပင်ကြီးမှာပဲ နေ တယ်။ အနီးအနားက လူတွေကို ခြောက်လှန့်တယ်။ အဲဒီလို မောင်တင့်တယ်နတ်က ခြောက်လှန့်တဲ့ အကြောင်း ဘုရင်ကြီးကြားတဲ့အခါ တရုတ်စကား ပင်ကြီးကို ခုတ်လှဲပြီး ဧရာဝတီမြစ်ထဲ မျှောလိုက် တယ်။ တရုတ်စကားပင်ကြီးက ဧရာဝတီမြစ်ထဲ မျှောပါလာရာက ပုဂံမှာရောက်တော့ သောင်တင်နေ တယ်။ အဲဒီကနေပြီး မောင်တင့်တယ်နတ်က ပုပ္ပား တောင်မှာနေတယ် သိရတယ်။ မယ်ဝဏ္ဏကလည်း ရင်ကွဲနာကျပြီး ကွယ်လွန်တဲ့အခါ ဘီလူးမဖြစ်ပြီး မောင်ဖြစ်သူနေတဲ့ ပုပ္ပားတောင်မှာ လာရောက်နေ ထိုင်တယ်။ အဲဒီဇာတ်လမ်းက တကယ်ပဲရှိခဲ့တာ လား။

မယ်ဝဏ္ဏ ။  ။ မှန်ပါတယ်။ အဲဒီအဖြစ် အပျက်က တကယ်ဖြစ်ခဲ့တာပါ။

ကျွနု်ပ် ။  ။ မယ်ဝဏ္ဏ တကောင်းမှာ မိဖု ရားဖြစ်ခဲ့တယ်ဆိုတော့ မောင်ပေါက်ကျိုင်း နဂါးနိုင် မင်းဆိုတာ ရှိခဲ့ပါသလား။ ရှိခဲ့လျှင် ဘယ်အချိန်က ပေါ်ပေါက်ခဲ့တာပဲလဲ။

မယ်ဝဏ္ဏ ။  ။ မောင်ပေါက်ကျိုင်း နဂါးနိုင် မင်းဆိုတာ ရှိခဲ့ပါတယ်။ ကျွန်မတို့ရှေ့(၅)ဆက်က မင်းဖြစ်ခဲ့ပါတယ်။

ကျွနု်ပ် ။  ။ တကောင်းဘုရင့်မိဖုရားက နဂါးနဲ့တိတ်တခိုးပေါင်းသင်းနေတယ်။ ဘုရင်ကိုလည်း နဂါးက သတ်တယ်။ အဲဒီလို ဘုရင်တွေ တစ်ပါးပြီး တစ်ပါး အသတ်ခံရတော့ မောင်ပေါက်ကျိုင်း မင်းဖြစ် လာတော့ သူ့ရဲ့သလွန်တော်ပေါ်မှာ ငှက်ပျောတုံးကြီး ကို ဘုရင်ကြီးစက်တော်ခေါ်နေဟန် ပြုလုပ်ပြီး မောင် ပေါက်ကျိုင်းက တစ်နေရာက ချောင်းမြောင်းနေရာ အချိန်တန်တော့ နဂါးကြီးက မောင်ပေါက်ကျိုင်း အမှတ်နဲ့ သတ်ရာ မောင်ပေါက်ကျိုင်းက ရုတ်တရက် နဂါးကြီးကို သံလျက်နဲ့ ခုတ်သတ်ရာက နဂါးနိုင်မင်း ဖြစ်လာတယ် မှတ်သားရဖူးပါတယ်။ အဲဒါ မှန်ပါ သလား။

မယ်ဝဏ္ဏ ။  ။ အဲဒီလိုပဲ မှတ်သားရပါတယ်။

ကျွနု်ပ် ။  ။ ဒီလိုဆို နဂါးက လူယောင်ဖန် ဆင်းပြီး မိဖုရားနဲ့ပေါင်းသင်းတာလား။

မယ်ဝဏ္ဏ ။  ။ လူယောင်ဖန်ဆင်းပြီး ပေါင်း သင်းတယ်လို့ သိရပါတယ်။

(ကန့်ဘလူမြို့နယ် ယခုရွာနာမည် ဇင်းရွာ သည် တကောင်းမြို့ရဲ့အနောက်ဘက် (၁၀)မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။ ရှေးခေတ်အခေါ်အဝေါ် နဂါးဆင်းမြို့လို့ ခေါ်ပါတယ်။ တကောင်းမြို့ ပဥ္စာလ် မင်းသမီးအပိုင်စားရတဲ့ မြို့(၅)မြို့ထဲမှာ ပါဝင်ပါတယ်။ နဂါးကြီးက တကောင်းကနေ ဆင်းလာလို့ နဂါးဆင်း မြို့လို့ ခေါ်ပါတယ်။ နောက်ကာလရွေ့လျောပြီး တိမ် ကောလာရာက ဇင်းရွာရယ်လို့ အမည်တွင်လာခဲ့ ကြောင်း သိရပါတယ်။ ဇင်းရွာရဲ့အနောက်ဘက် (၁၀) မိုင်ကွာမှာ နဂါးပေါ်ရွာရယ်လို့ ရှိပါသေးတယ်။ အဲဒီ နဂါးကြီး တကောင်းကနေ ပြန်လာတဲ့အခါ နဂါးကြီး ပေါ်လာလို့ နဂါးပေါ်ရွာလို့ ခေါ်တဲ့အကြောင်း သိရ ပါတယ်။ ယခုလည်း နဂါးဖော်ရွာလို့ပဲ ခေါ်ကြပါ တယ်။

ကျွနု်ပ် ။  ။ ပုဂံပြည် အနော်ရထာမင်းကြီး လက်ထက်မှာ ဘုရင်ကြီးရဲ့ သူရဲကောင်းကိုဗျတ္တ နေ့စဉ် ပုပ္ပားကို ဘုရင်ကြီးပန်းတော်ဆက်ရန် ပန်းလာ ခူးတယ်။ ပုပ္ပားတောင်မှာ မယ်ဝဏ္ဏနဲ့ ကိုဗျတ္တတို့ တွေ့ဆုံပြီး ချစ်ကြိုက်ပေါင်းသင်းကြတယ်။ သား နှစ်ယောက်  ရွှေဖျဉ်းညီနောင်ကို မွေးတယ်သိရ တယ်။ အဲဒီတုန်းက မယ်ဝဏ္ဏက ဘီလူးမအသွင်နဲ့ ကိုဗျတ္တကို ချစ်ခင် ပေါင်းသင်းတာလား။ ဒါမှမဟုတ် လူယောင်ဆောင်ပြီး ပေါင်းသင်းတာလား။

မယ်ဝဏ္ဏ ။  ။ လူယောင်ဆောင်ပြီး ပေါင်း သင်းတာပါ။

ကျွနု်ပ် ။  ။ လူယောင်ဆောင်ပေါင်းသင်း တော့ လူယောင်ဆောင်တာ ဘယ်လောက်ကြာ အောင် လူယောင်ဆောင်နိုင်ပါသလဲ။

မယ်ဝဏ္ဏ ။  ။ (၅)နှစ်ကြာသည်အထိ လူ ယောင်ဆောင်နိုင်ပါတယ်။

ကျွနု်ပ် ။  ။ နောက်တစ်ကြိမ် လူယောင် ဆောင်နိုင်ဖို့ ဘီလူးအဖြစ် ဘယ်လောက်ကြာအောင် ပြန်သွားရပါသလဲ။

မယ်ဝဏ္ဏ ။  ။ ဘီလူးအဖြစ် သုံးရက်နေပြီး လျှင် ထပ်မံပြီး လူယောင်ဆောင်နိုင်ပါတယ်။

ကျွနု်ပ် ။  ။ ကိုဗျတ္တ မယ်ဝဏ္ဏနဲ့ပျော်ပါးနေ လို့ ဘုရင်ကိုပန်းဆက်တာ နောက်ကျတဲ့အတွက် အသတ်ခံရတယ်ဆိုတာ ဟုတ်ပါသလား။

မယ်ဝဏ္ဏ ။  ။ ဟုတ်ပါတယ်။

ကျွနု်ပ် ။  ။ အဲဒီအခါမှာ သားနှစ်ယောက် ကို ဘယ်သူဆက်ပြီးစောင့်ရှောက်ပါသလဲ။

မယ်ဝဏ္ဏ ။  ။ ဘုရင့်အထိမ်းတော်ကြီးတွေ က ဆက်ပြီးထိမ်းသိမ်းစောင့်ရှောက်ပါတယ်။

ကျွနု်ပ် ။  ။ ပုပ္ပားမယ်တော်ကြီး အခြား ဘာများ ပြောချင်တာရှိပါသေးလဲ။

မယ်ဝဏ္ဏ ။  ။ ပြောချင်တာ နှစ်ချက်ရှိပါ တယ်။ ပုပ္ပားတောင်မကြီးရော တောင်ကလပ်ပါ ကျွန်မပိုင်ပါတယ်။ ပုပ္ပားတောင်ကလပ် ဘိုးမင်းခေါင် ထွက်ပွဲ လာကြသူတွေ၊ ကျွန်မတောင်ကလပ်လာ ပြီး ကျွန်မကို အရိုအသေမပေးတဲ့သူတွေကို ပြော ချင်ပါတယ်။ နောက်နောင် ကျွန်မတောင်ကလပ် လာပြီး ကျွန်မကို အရိုအသေမပေးလျှင် ဝမ်းလျှော အောင်ပြုလုပ်ရပါမည်။

နောက်တစ်ချက်က နောက်သုံးနှစ်နေလျှင် ပုပ္ပားတောင်နဲ့ ကျောက်ပတောင်းမြို့အကြား နေရာ ဒေသမှာ လူနေအိမ်ခြေတွေ များစွာလာရောက်နေ ထိုင်ကြပါလိမ့်မယ်။ သတ္တုတူးဖော်တဲ့လုပ်ငန်းနဲ့ ပတ် သက်ပြီး ရောက်လာကြပါလိမ့်မယ်။

ပုပ္ပားမယ်တော်ကြီးလည်း ပြန်ြွကသွားပါပြီ။ မယ်တော်ကြီးက သူ့တောင်တော်လာပြီး သူ့ကို အရို အသေမပေးလို့ ပြောတဲ့ကိစ္စ အလေးအနက်ထား သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က အမေရိကားမှာနေတဲ့ ဒေါ်ဒေစီခေါ်တဲ့ မြန်မာအမျိုးသမီးကြီးတစ်ယောက် ကျွန်တော့်ဆီရောက်လာပါတယ်။ မြန်မာပြည်ရောက် တိုင်း ကျွန်တော့်ဆီဝင်နေကြပါ။ သူက ပုတီးစိပ် တာ၊ လှူတာတန်းတာ ဝါသနာပါပါတယ်။ ဝိဇ္ဇာကြီး ဘိုးမင်းခေါင်ကိုလည်း ကိုးကွယ်ပါတယ်။ သူ ပုပ္ပား တောင်ကလပ်တက်ပြီး ဘိုးမင်းခေါင်ကို ကတော့ပွဲ ကပ်လှူပါတယ်။ အဲဒီလိုကတော့ ပွဲကပ်လှူပြီး တောင်ကလပ်ပေါ်တက်တဲ့အခါ မျောက်က သူ့ဦး ခေါင်းပေါ် နှစ်ကြိမ်ခုန်အုပ်လို့ လန့်တဲ့အကြောင်း ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော်လည်း ပုပ္ပား တောင်ကလပ်ကို ကျွန်တော်တစ်ဦးတည်း နှစ်ကြိမ် သားသမီးတွေ မြေးတွေနဲ့တစ်ကြိမ် တက်ဖူးပါတယ်။ ကလေးတစ်ဦးရဲ့လက်ထဲက မြေပဲလှော်ထုပ်ကို လု သွားတာ ခံရတယ်။ လူဦးခေါင်းပေါ် မျောက်တစ် ကောင်လုံးခုန်အုပ်တာ နှစ်ကြိမ်တောင်ခံရတယ်ဆို တော့ ထူးဆန်းနေတယ်။ အဲဒါကြောင့် ရိုးရိုးသားသား ဖြစ်တာ ဟုတ်မဟုတ် ကျွန်တော့်ပုဂ္ဂိုလ်ကို မေး ကြည့်တော့ ပုပ္ပားမယ်တော်ကြီးက နှောင့်ယှက်တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါနဲ့ ကျွန်တော် ပုပ္ပား မယ်တော်ကြီးကိုပင့်ပြီး မေးကြည့်တော့ သူနှောင့် ယှက်တာ မှန်ကြောင်း ပြောပါတယ်။ သူ့တောင်ပေါ် လာပြီး ဘိုးမင်းခေါင်ကြတော့ ကန်တော့ပွဲနဲ့ကပ်လှူ တယ်။ သူ့ကျတော့ လုံးဝအရိုအသေမပြုတဲ့အတွက် ယခုကဲ့သို့ နှောင့်ယှက်တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ဒေါ်ဒေစီကိုမေးကြည့်တော့ သူက ဟုတ်ပါ တယ်။ မယ်တော်ကြီးအဆောင်နားက ဖြတ်သွားပြီး ဘာမျှ အရိုအသေပြုတာ၊ မေတ္တာပို့ အမျှဝေတာ မလုပ်ခဲ့တဲ့အကြောင်း ပြောပါတယ်။ မယ်တော်ကြီး က သူ့တောင်ပေါ်တက်ပြီးသူ့ကိုဂရုမစိုက်တဲ့အတွက် ယခုလို နှောင့်ယှက်တာဖြစ်ကြောင်း ပြောရပါတယ်။

၁-၈-၂၀၁၄ ရက် ညနေ(၅)နာရီမှာ ပုပ္ပား မယ်တော်ကြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ မယ်တော်ကြီးက ပုပ္ပားတောင်ကလပ်တွင် အချင်း (၁၅)ပေ၊ အရှည်ပေ (၃၀ဝ)ခန့်ရှိတဲ့ အနက်ရောင် နတ်ေြွမကြီးတစ်ကောင် ရောက်နေကြောင်း၊ ဒီနတ် ေြွမကြီးကို ကြောက်တဲ့အတွက် နတ်တွေ၊ ဝိဇ္ဇာတွေ၊ ဇော်ဂျီတွေ ထွက်ပြေးကြတဲ့အကြောင်း၊ ေြွမကြီးက ညနေ(၃)နာရီက ရောက်လာတဲ့အကြောင်း၊ ယခု တောင်ကလပ်ထိပ်က ဘုရားရင်ပြင်မှာ ရောက်နေ တဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်က တောင် ပေါ်ကလူတွေကို ဒုက္ခမပေးဘူးလားမေးတော့ လူ တွေကိုတော့ ဒုက္ခမပေးတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်ဘာများ ဆောင်ရွက်ပေးရပါမည်လဲ မေး တော့ မယ်တော်ကြီးက အသိပေးတာပါလိူ့ ပြောပါ တယ်။ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေတဲ့ တန်ခိုးရှင်ကြီးကို မေးကြည့်တော့ နတ်ေြွမကြီးက နောက်(၃)ရက်နေမှ ပြန်မည် ပြောပါတယ်။ မယ် တော်ကြီးလည်း စိတ်ရှုပ်သွားပြီး ပုပ္ပားတောင် မပြန် သေးဘဲ ရွှေတိဂုံတွင် ဘုရားဖူးရင်း သုံးရက်နေမည့် အကြောင်း ပြောပြီး ပြန်ြွကသွားပါတယ်။

လူတွေသာ ဒုက္ခအမျိုးမျိုး၊ စိတ်မချမ်းသာ စရာ အမျိုးမျိုးနဲ့ ကြံုတွေ့နေရသည်မဟုတ်ဘဲ နတ် တွေမှာလည်း သူ့ဒုက္ခနဲ့သူတော့ ရှိနေကြတာပါပဲ။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)

zawgyi version

 

ပုပၸါးမယ္ေတာ္ႀကီး မယ္၀ဏၰႏွင့္ ေဆြးေႏြးျခင္း

-ဆရာ၀င္း(သာကီႏြယ္)-

***************

၂၉-၇-၂၀၁၄ ရက္ ေန႔လယ္က ၿပံဳးပန္း တစ္ရာ စာေပတိုက္ပိုင္ရွင္ ဦးညြန္႔ေဝ ကြ်န္ေတာ့္ဆီ  ထိုင္းဆရာေတာ္တစ္ပါး ေရးသားတဲ့ ထိုင္းမင္းသမီး ဆုပန္ကလ်ာအေၾကာင္း ဘာသာျပန္စာအုပ္ကေလး တစ္အုပ္ လာေပးပါတယ္။ ဦးညြန္႔ေဝက တခ်ိဳ႕ေသာ ထိုင္းလူမ်ိဳးေတြ ရန္ကုန္ က်ိဳကၠေလာ့ဘုရားမွာရွိတဲ့ ထိုင္းမင္းသမီး ဆုပန္ကလ်ာကို လာေရာက္ဂါရဝျပဳ ၾကသလို ပုပၸားေတာင္မယ္ေတာ္ႀကီးကိုလည္း သြား ေရာက္ဂါရဝျပဳၾကတဲ့အေၾကာင္း၊ ဘယ္လိုပတ္သက္ မႈရွိလို႔ ပုပၸားမယ္ေတာ္ႀကီးကို သြားေရာက္ဂါရဝျပဳ ၾကတာလဲလို႔ ေမးပါတယ္။ ကြ်န္ေတာ္က ပုပၸားမယ္ ေတာ္ႀကီး မယ္ဝဏၰနဲ႔ သမိုင္းေၾကာင္းအရ ပတ္သက္ မႈေတာ့ မရွိပါဘူး။ ပုပၸားသြားတယ္ဆိုတာ ဟုတ္ရဲ႕ လားေမးေတာ့ ဟုတ္ပါတယ္။ ေသခ်ာပါတယ္လို႔ ဦးညြန္႔ေဝက ေျပာပါတယ္။

ဒီလိုဆို ပုပၸားမယ္ေတာ္ႀကီးကို ပင့္ၿပီး ေမး ၾကည့္တာေပါ့လို႔ ကြ်န္ေတာ္ ပုပၸားမယ္ေတာ္ႀကီးကို ပင့္လိုက္ပါတယ္။ အရပ္ေထာင္ေထာင္ေမာင္း ေမာင္း၊ မ်က္ႏွာဝိုင္းဝိုင္း၊ အသားျဖဴျဖဴ၊ ခ်ိတ္ထမီ ထိုင္မသိမ္းအက်ႌ၊ ဦးေခါင္းအထက္ပိုင္းမွာ ဘီလူး ေခါင္းပံု ေခါင္းေဆာင္းေလး ေဆာင္းထားတဲ့ ခန္႔ ညားလွပတဲ့ အမ်ိဳးသမီးႀကီးတစ္ဦး ကြ်န္ေတာ့္ေရွ႕ ေရာက္လာပါတယ္။

ကြ်ႏု္ပ္ ။  ။ ပုပၸားမယ္ေတာ္ႀကီး ...တခ်ိဳ႕ ထိုင္းလူမ်ိဳးေတြ ျမန္မာႏိုင္ငံကိုလာတဲ့အခါ ရန္ကုန္ က်ိဳကၠေလာ့ဘုရားက ထိုင္းမင္းသမီးဆုပန္ကလ်ာ အျပင္ မယ္ေတာ္ႀကီးဆီကိုပါ လာေရာက္ဂါရဝျပဳ ၾကတယ္ဆိုတာ ဟုတ္ပါသလား။

မယ္ဝဏၰ ။  ။ ဟုတ္ပါတယ္။

ကြ်ႏု္ပ္ ။  ။ မယ္ေတာ္ႀကီးနဲ႔ ဘယ္လိုပတ္ သက္မႈ ရွိလို႔ပါလဲ။

မယ္ဝဏၰ ။  ။ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၇၉၀) ေက်ာ္က ဂႏၶဗတ္နတ္မင္းႀကီးက ထိုင္းႏိုင္ငံကို ႏွစ္ ေပါင္း(၅၀)ေစာင့္ေရွာက္ရန္ တာဝန္ေပး၍ သြားေရာက္ ေစာင့္ေရွာက္ခဲ့ရပါတယ္။ အဲဒီအေၾကာင္းကို သိတဲ့ လူေတြက လာၾကတာပါ။

ကြ်ႏု္ပ္ ။  ။ ထိုင္းႏိုင္ငံကို ဘယ္ပုဂၢိဳလ္ေတြ ေစာင့္ေရွာက္ပါသလဲ။

မယ္ဝဏၰ ။  ။ ထိုင္းႏိုင္ငံကို နတ္ႀကီး(၉)ပါး ဘီလူးႀကီး(၉)ပါး၊ နဂါးႀကီး(၉)ေကာင္ ေစာင့္ေရွာက္ ပါတယ္။

ကြ်ႏု္ပ္ ။  ။ ထိုင္းႏိုင္ငံကို ေစာင့္ေရွာက္ တဲ့ ပုဂၢိဳလ္ေတြက ျမန္မာႏိုင္ငံကိုေစာင့္ေရွာက္တဲ့ ပုဂၢိဳလ္ေတြထက္ ပိုၿပီးတန္ခိုးႀကီးပါသလား။

မယ္ဝဏၰ ။  ။ ျမန္မာႏိုင္ငံကိုေစာင့္ေရွာက္ တဲ့ နတ္ႀကီးေတြထက္ ပိုတန္ခိုးမႀကီးပါဘူး။ ျမန္မာ ႏိုင္ငံကို ပုပၸားေတာင္မွာရွိတဲ့ ႏိုင္ငံေတာ္ေစာင့္ နတ္ ႀကီး(၅)ပါး၊ စစ္ကိုင္းေတာင္မွာရွိတဲ့ နတ္ႀကီးတစ္ပါး၊ အာကသထဲက ေရႊေရာင္နတ္ႀကီးတစ္ပါး ေစာင့္ ေရွာက္ေနပါတယ္။ ကြ်န္မတို႔ျမန္မာႏိုင္ငံကို ေစာင့္ ေရွာက္တဲ့နတ္ႀကီးေတြက ပိုၿပီးတန္ခိုးႀကီးပါတယ္။

ကြ်ႏု္ပ္ ။  ။ ကြ်န္ေတာ္တို႔ႏိုင္ငံကို ေစာင့္ ေရွာက္တဲ့နတ္ႀကီးေတြက ပိုၿပီးတန္ခိုးႀကီးတယ္ဆို လွ်င္ ဘယ္လိုေၾကာင့္ အဂၤလိပ္ရဲ႕လက္ေအာက္ ႏွစ္ ေပါင္း(၁၀ဝ)ေက်ာ္ က်ေရာက္ရတာလဲ။ လြတ္လပ္ ေရးရၿပီးေတာ့လည္း ႏွစ္ေပါင္း(၆၀)ေက်ာ္ ျပည္တြင္း စစ္ျဖစ္ၿပီး ယခုတိုင္ ျပည္သူေတြဒုကၡေရာက္ရတာ ပဲ။ ႏိုင္ငံကလည္း ဆင္းရဲေနတုန္းပဲ။

မယ္ဝဏၰ ။  ။ ျမန္မာတို႔က ဘာသာေရးနဲ႔ ပတ္သက္ၿပီး ႀကီးမားတဲ့အကုသိုလ္အမႈႀကီးႏွစ္ခုကို က်ဴးလြန္ခဲ့ၾကတယ္။ အဲဒါေၾကာင့္ ဒုကၡေရာက္ေနၾက ရတာ ျဖစ္တယ္။

ကြ်ႏု္ပ္ ။  ။ ဘယ္လို အကုသိုလ္အမႈႀကီးေတြကို က်ဴး လြန္ခဲ့ၾကတာလဲ။

မယ္ဝဏၰ ။  ။ ပုဂံ အေနာ္ရထာမင္းလက္ထက္မွာ အရည္ ႀကီးရဟန္း အပါး(၁၀ဝ)ေက်ာ္ အသတ္ခံခဲ့ရတယ္။ အဲဒီ အရည္ႀကီးရဟန္းေတြထဲမွာ အက်င့္သီလနဲ႔ ျပည့္စံုတဲ့ ရဟန္းေတာ္ေတြ အမ်ားႀကီးပါသြားတယ္။

ကြ်ႏု္ပ္ ။  ။ အရည္းႀကီးရဟန္းေတာ္ေတြ က ေရငုတ္၊ မီးလံႈ၊ တံုးခုန္၊ ဇယ္ခုတ္ဆိုတဲ့ က်င့္စဥ္ ေတြအျပင္ မိန္းမပ်ိဳေလးေတြနဲ႔ပတ္သက္လို႔ ပန္း ဦးလႊတ္တယ္လို႔လည္း ၾကားသိရတယ္။ အဲဒါ မဟုတ္ဘူးလား။

မယ္ဝဏၰ ။  ။ အရည္းႀကီးရဟန္းေတြက ေရငုတ္တယ္။ မီးလံႈတယ္။ ဇယ္ခတ္တယ္ဆိုတာ မွန္ပါတယ္။ တံုးခုန္တယ္ဆိုတာ မဟုတ္ပါဘူး။ ၿပီး ေတာ့ မိန္းမပ်ိဳေလးေတြ ပန္းဦးလႊတ္တယ္ဆိုတာ လံုးဝမဟုတ္ပါဘူး။ အဲဒီရဟန္းေတြကို သတ္တာ ဟာ အကုသိုလ္အလြန္ႀကီးပါတယ္။ ေနာက္တစ္ခ်က္ က ပင္းယေခတ္ သိုလ္ဟန္ဘြားလက္ထက္မွာ သံဃာေတာ္ေတြကို ဆြမ္းစားပင့္ၿပီး လုပ္ႀကံသတ္ ျဖတ္တယ္။ အဲဒီမွာလည္း ရဟန္းသံဃာေတာ္ေတြ အမ်ားအျပား ပ်ံလြန္ေတာ္မူၾကရတယ္။ အဲဒီ အကုသိုလ္အမႈႀကီးႏွစ္မႈေၾကာင့္ ယခုလို တိုင္းတစ္ ပါးလက္ေအာက္က်ေရာက္ရတာ၊ ျပည္တြင္းစစ္မီး မၿငိမ္းႏိုင္တာ၊ ဆင္းရဲမြဲေတ ဒုကၡေရာက္ရတာ ျဖစ္ တယ္။ ဒါေပမဲ့ ေနာက္သံုးႏွစ္ေလာက္ေနလွ်င္ေတာ့ ျမန္မာျပည္ အေကာင္းဘက္ကာလ ေရာက္ေတာ့ မွာပါ။

ကြ်ႏု္ပ္ ။  ။ ျမန္မာျပည္ အေကာင္းဘက္ ေရာက္ေတာ့မွာက မယ္ေတာ္ႀကီးကိုယ္တိုင္ သိတာ လား။ ဒါမွမဟုတ္ အျခားပုဂၢိဳလ္တစ္ပါးပါးက ေျပာ လို႔သိတာလား။

မယ္ဝဏၰ ။  ။ ေရႊတိဂံုေစတီေတာ္ တနဂၤ ေႏြေထာင့္ ေခါင္းေလာင္းႀကီးတန္ေဆာင္းမွာ သီတင္းသံုးတဲ့ ေရႊတိဂံုေစတီေတာ္ကိုေစာင့္တဲ့ တန္ခိုးႀကီးနတ္ႀကီးတစ္ပါးက ေျပာလို႔ သိရတာပါ။

ကြ်ႏု္ပ္ ။  ။ မယ္ဝဏၰ တေကာင္းေနျပည္ ေတာ္မွာ မိဖုရားႀကီးျဖစ္ခဲ့တယ္ဆိုတာ မွန္ပါသလား။

မယ္ဝဏၰ ။  ။ ဟုတ္ပါတယ္။

ကြ်ႏု္ပ္ ။  ။ မယ္ဝဏၰရဲ႕ေမာင္ ပန္းပဲလုပ္တဲ့ ေမာင္တင့္တယ္က အားခြန္ဗလ အလြန္ေကာင္း တယ္။ အဲဒီမွာ ဘုရင္က သူ႕ရဲ႕အရိပ္အရာကို လုမွာ စိုးရိမ္တဲ့အတြက္ ေမာင္တင့္တယ္ကိုဖမ္းဖို႔ ႀကိဳးစား တယ္။ ေမာင္တင့္တယ္က ထြက္ေျပးတယ္။ အဲဒီ အခါမွာ ဘုရင္က မယ္ဝဏၰကို မိဖုရားေျမႇာက္တယ္။ မိဖုရားေျမႇာက္ၿပီးတဲ့အခါ ေယာက္ဖေတာ္သူ ေမာင္ တင့္တယ္ကို ခ်ီးျမႇင့္ေျမႇာက္စားမယ္ဆိုၿပီး မိဖုရားကို အေခၚခိုင္းတယ္။

မိဖုရားက တကယ္ေျမႇာက္စားမည္ထင္ၿပီး ေမာင္ကို ပုန္းေအာင္းေနရာက ျပန္ေခၚတယ္။ ေမာင္ တင့္တယ္ကလည္း ဘုရင့္ပရိယာယ္ကို မသိဘဲ ယံု ၾကည္ၿပီး လိုက္လာတယ္။ အဲဒီအခါမွာ ဘုရင္က ေမာင္တင့္တယ္ကိုဖမ္းၿပီး သတ္ပစ္တယ္။ မိဖုရား ျဖစ္တဲ့ မယ္ဝဏၰက သူ႕ေၾကာင့္ ေမာင္ျဖစ္သူ အသတ္ခံရတယ္ဆိုၿပီး ရင္ကြဲနာက် ကြယ္လြန္ရ တယ္။ 

ေမာင္တင့္တယ္ တ႐ုတ္စကားပင္မွာ ႀကိဳး နဲ႔ခ်ည္ေႏွာင္ၿပီး အသတ္ခံရတယ္။ ကြယ္လြန္ေတာ့ လည္း နတ္ျဖစ္ၿပီး တ႐ုတ္စကားပင္ႀကီးမွာပဲ ေန တယ္။ အနီးအနားက လူေတြကို ေျခာက္လွန္႔တယ္။ အဲဒီလို ေမာင္တင့္တယ္နတ္က ေျခာက္လွန္႔တဲ့ အေၾကာင္း ဘုရင္ႀကီးၾကားတဲ့အခါ တ႐ုတ္စကား ပင္ႀကီးကို ခုတ္လွဲၿပီး ဧရာဝတီျမစ္ထဲ ေမွ်ာလိုက္ တယ္။ တ႐ုတ္စကားပင္ႀကီးက ဧရာဝတီျမစ္ထဲ ေမွ်ာပါလာရာက ပုဂံမွာေရာက္ေတာ့ ေသာင္တင္ေန တယ္။ အဲဒီကေနၿပီး ေမာင္တင့္တယ္နတ္က ပုပၸား ေတာင္မွာေနတယ္ သိရတယ္။ မယ္ဝဏၰကလည္း ရင္ကြဲနာက်ၿပီး ကြယ္လြန္တဲ့အခါ ဘီလူးမျဖစ္ၿပီး ေမာင္ျဖစ္သူေနတဲ့ ပုပၸားေတာင္မွာ လာေရာက္ေန ထိုင္တယ္။ အဲဒီဇာတ္လမ္းက တကယ္ပဲရွိခဲ့တာ လား။

မယ္ဝဏၰ ။  ။ မွန္ပါတယ္။ အဲဒီအျဖစ္ အပ်က္က တကယ္ျဖစ္ခဲ့တာပါ။

ကြ်ႏု္ပ္ ။  ။ မယ္ဝဏၰ တေကာင္းမွာ မိဖု ရားျဖစ္ခဲ့တယ္ဆိုေတာ့ ေမာင္ေပါက္က်ိဳင္း နဂါးႏိုင္ မင္းဆိုတာ ရွိခဲ့ပါသလား။ ရွိခဲ့လွ်င္ ဘယ္အခ်ိန္က ေပၚေပါက္ခဲ့တာပဲလဲ။

မယ္ဝဏၰ ။  ။ ေမာင္ေပါက္က်ိဳင္း နဂါးႏိုင္ မင္းဆိုတာ ရွိခဲ့ပါတယ္။ ကြ်န္မတို႔ေရွ႕(၅)ဆက္က မင္းျဖစ္ခဲ့ပါတယ္။

ကြ်ႏု္ပ္ ။  ။ တေကာင္းဘုရင့္မိဖုရားက နဂါးနဲ႔တိတ္တခိုးေပါင္းသင္းေနတယ္။ ဘုရင္ကိုလည္း နဂါးက သတ္တယ္။ အဲဒီလို ဘုရင္ေတြ တစ္ပါးၿပီး တစ္ပါး အသတ္ခံရေတာ့ ေမာင္ေပါက္က်ိဳင္း မင္းျဖစ္ လာေတာ့ သူ႕ရဲ႕သလြန္ေတာ္ေပၚမွာ ငွက္ေပ်ာတံုးႀကီး ကို ဘုရင္ႀကီးစက္ေတာ္ေခၚေနဟန္ ျပဳလုပ္ၿပီး ေမာင္ ေပါက္က်ိဳင္းက တစ္ေနရာက ေခ်ာင္းေျမာင္းေနရာ အခ်ိန္တန္ေတာ့ နဂါးႀကီးက ေမာင္ေပါက္က်ိဳင္း အမွတ္နဲ႔ သတ္ရာ ေမာင္ေပါက္က်ိဳင္းက ႐ုတ္တရက္ နဂါးႀကီးကို သံလ်က္နဲ႔ ခုတ္သတ္ရာက နဂါးႏိုင္မင္း ျဖစ္လာတယ္ မွတ္သားရဖူးပါတယ္။ အဲဒါ မွန္ပါ သလား။

မယ္ဝဏၰ ။  ။ အဲဒီလိုပဲ မွတ္သားရပါတယ္။

ကြ်ႏု္ပ္ ။  ။ ဒီလိုဆို နဂါးက လူေယာင္ဖန္ ဆင္းၿပီး မိဖုရားနဲ႔ေပါင္းသင္းတာလား။

မယ္ဝဏၰ ။  ။ လူေယာင္ဖန္ဆင္းၿပီး ေပါင္း သင္းတယ္လို႔ သိရပါတယ္။

(ကန္႔ဘလူၿမိဳ႕နယ္ ယခုရြာနာမည္ ဇင္းရြာ သည္ တေကာင္းၿမိဳ႕ရဲ႕အေနာက္ဘက္ (၁၀)မိုင္ခန္႔ အကြာမွာ တည္ရွိပါတယ္။ ေရွးေခတ္အေခၚအေဝၚ နဂါးဆင္းၿမိဳ႕လို႔ ေခၚပါတယ္။ တေကာင္းၿမိဳ႕ ပဥၥာလ္ မင္းသမီးအပိုင္စားရတဲ့ ၿမိဳ႕(၅)ၿမိဳ႕ထဲမွာ ပါဝင္ပါတယ္။ နဂါးႀကီးက တေကာင္းကေန ဆင္းလာလို႔ နဂါးဆင္း ၿမိဳ႕လို႔ ေခၚပါတယ္။ ေနာက္ကာလေရြ႕ေလ်ာၿပီး တိမ္ ေကာလာရာက ဇင္းရြာရယ္လို႔ အမည္တြင္လာခဲ့ ေၾကာင္း သိရပါတယ္။ ဇင္းရြာရဲ႕အေနာက္ဘက္ (၁၀) မိုင္ကြာမွာ နဂါးေပၚရြာရယ္လို႔ ရွိပါေသးတယ္။ အဲဒီ နဂါးႀကီး တေကာင္းကေန ျပန္လာတဲ့အခါ နဂါးႀကီး ေပၚလာလို႔ နဂါးေပၚရြာလို႔ ေခၚတဲ့အေၾကာင္း သိရ ပါတယ္။ ယခုလည္း နဂါးေဖာ္ရြာလို႔ပဲ ေခၚၾကပါ တယ္။

ကြ်ႏု္ပ္ ။  ။ ပုဂံျပည္ အေနာ္ရထာမင္းႀကီး လက္ထက္မွာ ဘုရင္ႀကီးရဲ႕ သူရဲေကာင္းကိုဗ်တၲ ေန႔စဥ္ ပုပၸားကို ဘုရင္ႀကီးပန္းေတာ္ဆက္ရန္ ပန္းလာ ခူးတယ္။ ပုပၸားေတာင္မွာ မယ္ဝဏၰနဲ႔ ကိုဗ်တၲတို႔ ေတြ႕ဆံုၿပီး ခ်စ္ႀကိဳက္ေပါင္းသင္းၾကတယ္။ သား ႏွစ္ေယာက္  ေရႊဖ်ဥ္းညီေနာင္ကို ေမြးတယ္သိရ တယ္။ အဲဒီတုန္းက မယ္ဝဏၰက ဘီလူးမအသြင္နဲ႔ ကိုဗ်တၲကို ခ်စ္ခင္ ေပါင္းသင္းတာလား။ ဒါမွမဟုတ္ လူေယာင္ေဆာင္ၿပီး ေပါင္းသင္းတာလား။

မယ္ဝဏၰ ။  ။ လူေယာင္ေဆာင္ၿပီး ေပါင္း သင္းတာပါ။

ကြ်ႏု္ပ္ ။  ။ လူေယာင္ေဆာင္ေပါင္းသင္း ေတာ့ လူေယာင္ေဆာင္တာ ဘယ္ေလာက္ၾကာ ေအာင္ လူေယာင္ေဆာင္ႏိုင္ပါသလဲ။

မယ္ဝဏၰ ။  ။ (၅)ႏွစ္ၾကာသည္အထိ လူ ေယာင္ေဆာင္ႏိုင္ပါတယ္။

ကြ်ႏု္ပ္ ။  ။ ေနာက္တစ္ႀကိမ္ လူေယာင္ ေဆာင္ႏိုင္ဖို႔ ဘီလူးအျဖစ္ ဘယ္ေလာက္ၾကာေအာင္ ျပန္သြားရပါသလဲ။

မယ္ဝဏၰ ။  ။ ဘီလူးအျဖစ္ သံုးရက္ေနၿပီး လွ်င္ ထပ္မံၿပီး လူေယာင္ေဆာင္ႏိုင္ပါတယ္။

ကြ်ႏု္ပ္ ။  ။ ကိုဗ်တၲ မယ္ဝဏၰနဲ႔ေပ်ာ္ပါးေန လို႔ ဘုရင္ကိုပန္းဆက္တာ ေနာက္က်တဲ့အတြက္ အသတ္ခံရတယ္ဆိုတာ ဟုတ္ပါသလား။

မယ္ဝဏၰ ။  ။ ဟုတ္ပါတယ္။

ကြ်ႏု္ပ္ ။  ။ အဲဒီအခါမွာ သားႏွစ္ေယာက္ ကို ဘယ္သူဆက္ၿပီးေစာင့္ေရွာက္ပါသလဲ။

မယ္ဝဏၰ ။  ။ ဘုရင့္အထိမ္းေတာ္ႀကီးေတြ က ဆက္ၿပီးထိမ္းသိမ္းေစာင့္ေရွာက္ပါတယ္။

ကြ်ႏု္ပ္ ။  ။ ပုပၸားမယ္ေတာ္ႀကီး အျခား ဘာမ်ား ေျပာခ်င္တာရွိပါေသးလဲ။

မယ္ဝဏၰ ။  ။ ေျပာခ်င္တာ ႏွစ္ခ်က္ရွိပါ တယ္။ ပုပၸားေတာင္မႀကီးေရာ ေတာင္ကလပ္ပါ ကြ်န္မပိုင္ပါတယ္။ ပုပၸားေတာင္ကလပ္ ဘိုးမင္းေခါင္ ထြက္ပြဲ လာၾကသူေတြ၊ ကြ်န္မေတာင္ကလပ္လာ ၿပီး ကြ်န္မကို အ႐ိုအေသမေပးတဲ့သူေတြကို ေျပာ ခ်င္ပါတယ္။ ေနာက္ေနာင္ ကြ်န္မေတာင္ကလပ္ လာၿပီး ကြ်န္မကို အ႐ိုအေသမေပးလွ်င္ ဝမ္းေလွ်ာ ေအာင္ျပဳလုပ္ရပါမည္။

ေနာက္တစ္ခ်က္က ေနာက္သံုးႏွစ္ေနလွ်င္ ပုပၸားေတာင္နဲ႔ ေက်ာက္ပေတာင္းၿမိဳ႕အၾကား ေနရာ ေဒသမွာ လူေနအိမ္ေျခေတြ မ်ားစြာလာေရာက္ေန ထိုင္ၾကပါလိမ့္မယ္။ သတၲဳတူးေဖာ္တဲ့လုပ္ငန္းနဲ႔ ပတ္ သက္ၿပီး ေရာက္လာၾကပါလိမ့္မယ္။

ပုပၸားမယ္ေတာ္ႀကီးလည္း ျပန္ျြကသြားပါၿပီ။ မယ္ေတာ္ႀကီးက သူ႕ေတာင္ေတာ္လာၿပီး သူ႕ကို အ႐ို အေသမေပးလို႔ ေျပာတဲ့ကိစၥ အေလးအနက္ထား သင့္တယ္လို႔ ကြ်န္ေတာ္ယူဆပါတယ္။ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္က အေမရိကားမွာေနတဲ့ ေဒၚေဒစီေခၚတဲ့ ျမန္မာအမ်ိဳးသမီးႀကီးတစ္ေယာက္ ကြ်န္ေတာ့္ဆီေရာက္လာပါတယ္။ ျမန္မာျပည္ေရာက္ တိုင္း ကြ်န္ေတာ့္ဆီဝင္ေနၾကပါ။ သူက ပုတီးစိပ္ တာ၊ လွဴတာတန္းတာ ဝါသနာပါပါတယ္။ ဝိဇၨာႀကီး ဘိုးမင္းေခါင္ကိုလည္း ကိုးကြယ္ပါတယ္။ သူ ပုပၸား ေတာင္ကလပ္တက္ၿပီး ဘိုးမင္းေခါင္ကို ကေတာ့ပြဲ ကပ္လွဴပါတယ္။ အဲဒီလိုကေတာ့ ပြဲကပ္လွဴၿပီး ေတာင္ကလပ္ေပၚတက္တဲ့အခါ ေမ်ာက္က သူ႕ဦး ေခါင္းေပၚ ႏွစ္ႀကိမ္ခုန္အုပ္လို႔ လန္႔တဲ့အေၾကာင္း ကြ်န္ေတာ့္ကို ေျပာပါတယ္။ ကြ်န္ေတာ္လည္း ပုပၸား ေတာင္ကလပ္ကို ကြ်န္ေတာ္တစ္ဦးတည္း ႏွစ္ႀကိမ္ သားသမီးေတြ ေျမးေတြနဲ႔တစ္ႀကိမ္ တက္ဖူးပါတယ္။ ကေလးတစ္ဦးရဲ႕လက္ထဲက ေျမပဲေလွာ္ထုပ္ကို လု သြားတာ ခံရတယ္။ လူဦးေခါင္းေပၚ ေမ်ာက္တစ္ ေကာင္လံုးခုန္အုပ္တာ ႏွစ္ႀကိမ္ေတာင္ခံရတယ္ဆို ေတာ့ ထူးဆန္းေနတယ္။ အဲဒါေၾကာင့္ ႐ိုး႐ိုးသားသား ျဖစ္တာ ဟုတ္မဟုတ္ ကြ်န္ေတာ့္ပုဂၢိဳလ္ကို ေမး ၾကည့္ေတာ့ ပုပၸားမယ္ေတာ္ႀကီးက ေႏွာင့္ယွက္တာ ျဖစ္ေၾကာင္း သိရပါတယ္။ ဒါနဲ႔ ကြ်န္ေတာ္ ပုပၸား မယ္ေတာ္ႀကီးကိုပင့္ၿပီး ေမးၾကည့္ေတာ့ သူေႏွာင့္ ယွက္တာ မွန္ေၾကာင္း ေျပာပါတယ္။ သူ႕ေတာင္ေပၚ လာၿပီး ဘိုးမင္းေခါင္ၾကေတာ့ ကန္ေတာ့ပြဲနဲ႔ကပ္လွဴ တယ္။ သူ႕က်ေတာ့ လံုးဝအ႐ိုအေသမျပဳတဲ့အတြက္ ယခုကဲ့သို႔ ေႏွာင့္ယွက္တဲ့အေၾကာင္း ေျပာပါတယ္။ ဒါနဲ႔ ေဒၚေဒစီကိုေမးၾကည့္ေတာ့ သူက ဟုတ္ပါ တယ္။ မယ္ေတာ္ႀကီးအေဆာင္နားက ျဖတ္သြားၿပီး ဘာမွ် အ႐ိုအေသျပဳတာ၊ ေမတၲာပို႔ အမွ်ေဝတာ မလုပ္ခဲ့တဲ့အေၾကာင္း ေျပာပါတယ္။ မယ္ေတာ္ႀကီး က သူ႕ေတာင္ေပၚတက္ၿပီးသူ႕ကိုဂ႐ုမစိုက္တဲ့အတြက္ ယခုလို ေႏွာင့္ယွက္တာျဖစ္ေၾကာင္း ေျပာရပါတယ္။

၁-၈-၂၀၁၄ ရက္ ညေန(၅)နာရီမွာ ပုပၸား မယ္ေတာ္ႀကီး ကြ်န္ေတာ့္ဆီ ေရာက္လာပါတယ္။ မယ္ေတာ္ႀကီးက ပုပၸားေတာင္ကလပ္တြင္ အခ်င္း (၁၅)ေပ၊ အရွည္ေပ (၃၀ဝ)ခန္႔ရွိတဲ့ အနက္ေရာင္ နတ္ေျြမႀကီးတစ္ေကာင္ ေရာက္ေနေၾကာင္း၊ ဒီနတ္ ေျြမႀကီးကို ေၾကာက္တဲ့အတြက္ နတ္ေတြ၊ ဝိဇၨာေတြ၊ ေဇာ္ဂ်ီေတြ ထြက္ေျပးၾကတဲ့အေၾကာင္း၊ ေျြမႀကီးက ညေန(၃)နာရီက ေရာက္လာတဲ့အေၾကာင္း၊ ယခု ေတာင္ကလပ္ထိပ္က ဘုရားရင္ျပင္မွာ ေရာက္ေန တဲ့အေၾကာင္း ေျပာပါတယ္။ ကြ်န္ေတာ္က ေတာင္ ေပၚကလူေတြကို ဒုကၡမေပးဘူးလားေမးေတာ့ လူ ေတြကိုေတာ့ ဒုကၡမေပးတဲ့အေၾကာင္း ေျပာပါတယ္။ ကြ်န္ေတာ္ဘာမ်ား ေဆာင္ရြက္ေပးရပါမည္လဲ ေမး ေတာ့ မယ္ေတာ္ႀကီးက အသိေပးတာပါလိူ႕ ေျပာပါ တယ္။ ကြ်န္ေတာ့္ကို ေဗဒင္ကူညီေဟာေပးေနတဲ့ တန္ခိုးရွင္ႀကီးကို ေမးၾကည့္ေတာ့ နတ္ေျြမႀကီးက ေနာက္(၃)ရက္ေနမွ ျပန္မည္ ေျပာပါတယ္။ မယ္ ေတာ္ႀကီးလည္း စိတ္႐ႈပ္သြားၿပီး ပုပၸားေတာင္ မျပန္ ေသးဘဲ ေရႊတိဂံုတြင္ ဘုရားဖူးရင္း သံုးရက္ေနမည့္ အေၾကာင္း ေျပာၿပီး ျပန္ျြကသြားပါတယ္။

လူေတြသာ ဒုကၡအမ်ိဳးမ်ိဳး၊ စိတ္မခ်မ္းသာ စရာ အမ်ိဳးမ်ိဳးနဲ႔ ႀကံဳေတြ႕ေနရသည္မဟုတ္ဘဲ နတ္ ေတြမွာလည္း သူ႕ဒုကၡနဲ႔သူေတာ့ ရွိေနၾကတာပါပဲ။

သတၲဝါမ်ား က်န္းမာခ်မ္းသာၾကပါေစ

ဆရာဝင္း(သာကီႏြယ္)

Share