သိုက်ကြိုးဖြတ်ခဲ့စဉ်က

--အဏ္ဏဝါလှိုင်း--

“ညီလေး ...”

“ပြောအစ်ကို ...”

“မင်းပျင်းရင် အကိုကျောင်းဆရာ လုပ်တဲ့ ရွာကို လိုက်လည်ပါ့လား ...”

“ဖေဖေ သားလိုက်သွားရမှာလား ...”

“မင်းပျင်းနေရင်လည်း မင်းအစ်ကိုခေါ်ရာ လိုက်သွားလိုက်ပါ ...”

 

“ဟုတ်ကဲ့ ဖေဖေ ...”

“ညီလေး ရွာကိုပြန်လာလို့ အစ်ကို ဝမ်းသာ နေတာ၊ အစ်ကိုကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ စကားပြောချိန်မရဘူး။ ဒါ့ကြောင့် ညီအစ်ကို နှစ် ယောက် စကားတွေပြောရအောင်လို့ အစ်ကိုနဲ့ လိုက် ခဲ့ဖို့ ခေါ်ရတာ ...”

“ဟုတ်ကဲ့ အစ်ကို ညီလေးလိုက်ခဲ့ပါ့မယ်”

စိုးဝင်းသည် မိဘများရှိရာ သီးပင်ရွာသို့ အလည်ရောက်လာ၏။ မိဘနှစ်ပါးကို ကန်တော့ပြီး မိမိဘဝတွင် တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို ဖောက်သည်ချနေလေ၏။ မိဘတွေ တောင်သူ လုပ် ငန်းခွင်သို့ လိုက်သွားပြီး ကူညီလုပ်ပေး၏။ မိဘများ က သူ၏သားကိုကြည့်ပြီး လိမ္မာသော သားလေး၊ အလိုက်သိသော သားလေး၊ မိဘကျေးဇူးကို သိ တတ်သောသားလေးမို့ အချစ်ပိုနေလေသည်။ အစ် ကိုလတ် “လေးမြင့်...”မှာ မူလတန်းကျောင်းဆရာ ဖြစ်၏။ သီးပင်ရွာနှင့် လေးမိုင်ခန့်ဝေးသော ကံသာရွာ မူလ တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေ၏။ ညီဖြစ်သူ မိတ္ထီလာမှ အလည်လာသည်ဟု သတင်း ကြားသဖြင့် သီးပင်ရွာသို့ ပြန်ရောက်လာခြင်းဖြစ်၏။

ယခုလည်း ညီဖြစ်သူ စိုးဝင်းကိုခေါ်ပြီး သူ့ တာဝန်ကျရာ ကံသာရွာသို့ ခေါ်သွားလေသည်။ တောလမ်းဖြစ်၍ စက်ဘီးနှင့်သွားရသည်။ စီးလို့ရ သည့်နေရာတွင် စက်ဘီးစီးကြ၏။ စီးလို့မရသော နေရာတွင် စက်ဘီးတွန်းရလေသည်။ မကြာမီ ကံသာ ရွာသို့ ရောက်လေသည်။

“ငါတို့ ဆရာလေး ပြန်လာတယ်ဟေး၊ ဧည့် သည်လည်း ပါတယ်ဟေ့ ...”

ရွာအဝင်တွင် ကံသာရွာသား ဦးတိုးမောင်နှင့် တွေ့၍ နှုတ်ဆက်နေခြင်းဖြစ်သည်။

“ဟုတ်တယ် ဦးတိုးမောင် ... ဒါ ကျွန်တော့် ညီလေးပဲ ...၊ သူက မိတ္ထီလာ ဆည်မြောင်းဌာနမှာ အလုပ်လုပ်တယ် ...၊ ဌာနခွင့်နဲ့ ပြန်လာလို့ တွေ့ရ တာ ...”

“အေး အေး ငါတို့ရွာလာလည်တာ ဝမ်းသာ တယ်ဟေ့၊ ညကြရင် ငါ့အိမ် ရေနွေးကြမ်း သောက် လာခဲ့ကြဦး ...”

“ဟုတ်ကဲ့ ဦးလေး ...”

ဦးတိုးမောင်ကို နှုတ်ဆက်ပြီး ရွာထဲဝင်လာ သည်။ ရွာအလယ်လောက်တွင် အစ်ကိုကျောင်း ဆရာ နေထိုင်သည့်အိမ်သို့ ရောက်ပါသည်။ အိမ်ရှင် အမည်မှာ ဒေါ်အေးရင်ဖြစ်ပါသည်။

“အဒေါ် ကျွန်တော့် ညီလေးပါ ...”

“ဆရာ့ညီလေးကို ဒီမှာ စားတာ၊ နေတာ၊ အိပ်တာ အားမနာဖို့ ပြောပေးပါ ...၊ ကျွန်မတို့ တော သူတောင်သားတွေက ဧည့်မျှော်နေတာ ...၊ ဧည့်သည်စားတာ သောက်တာကိုကြည့်ပြီး ပျော်နေ တာပါ ...”

“ဟုတ်ကဲ့ အန်တီအေးရင် ကျွန်တော်တို့က လည်း ရွာသားတွေ တောသားတွေဆိုတော့ ဘာမှ ပြောစရာမလိုပါဘူး ...”

“အေး အေး ဧည့်သည်လို မနေနဲ့ ...၊ အားမနာနဲ့နော် ...”

“ဟုတ်ကဲ့ အဒေါ် ...”

“ညီလေး လာ အိမ်ပေါ်တက်ရအောင်”

ကိုစိုးဝင်းသည် တစ်ခါမှ မရောက်ဖူးသော ကံသာရွာသို့ ရောက်လာခဲ့၏။ ရွာကို လေ့လာ ကြည့် သောအခါ အိမ်ကြီးအိမ်ကောင်းများဖြင့် တည် ဆောက်ထား၏။ ကျွန်းတိုင်ကြီးများဖြင့် အိမ်အမြင့် ဆောက်ပြီး အောက်ထပ်မှာ နွားတွေထား၏။ အပေါ် ထပ်မှာ လူနေ၏။ နွားများအတွက် အစာကျွေးရန် နွားစားကျင်းခွက်တစ်ခုရှိ၏။ နွားချေးပုံကို စနစ်တကျ စုပုံထား၏။ နွားချေးနံ့၊ သေးနံ့၊ ဆိတ်ချေးနံ့တို့မှာ ကိုစိုးဝင်း နှာခေါင်းကို လာရောက်နှုတ်ဆက်သဖြင့် လက်ဖြင့် နှာခေါင်းပိတ်ချင်သလို ဖြစ်လာ၏။ ရွာ သားများကတော့ ဒီအနံ့တွေကြားမှာ နေထိုင်ကြ သူများမို့ ရိုးနေပါတော့သည်။

အိမ်အပေါ်ထပ်တွင် ဘုရားစင်နှင့် ခေါင်း ရင်းခန်းရှိသည်။ ညီအစ်ကိုနှစ်ယောက် အိပ်ရန် ပြင်ဆင်ပေး၏။ အလယ်ခန်းတွင် အိမ်ရှင်များအိပ် ကြသည်။ အတွင်းနှစ်ခန်းမှာ တစ်ခန်းက ထမင်းချက် ခန်းဖြစ်ပြီး အကာနှင့် အိပ်ခန်းတစ်ခန်းမှာ စတိုခန်း ဖြစ်ဟန်တူသည်။

“ကဲ ဧည့်သည်တို့ ထမင်းစားရအောင်”

“ဟုတ်ကဲ့ ...”

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နှင့် အိမ် ရှင်တို့ လက်စုံစားကြလေသည်။ ရေနွေးကြမ်းနှင့် လက်ဖက်သုပ်မှာ များစွာ စားလိုကောင်းလေသည်။

ကျွန်ုပ်သည် တစ်ခါမှ မရောက်ဘူး မအိပ် ဘူးသော အိပ်ရာသစ်မို့ အိပ်မပျော်ခဲ့ပါ။ ဘုရားရှိခိုးပြီး ပုတီးစိပ်နေ၏။ နေ့စဉ် ဂုဏ်တော်ကိုးပါးကို မစိပ် ရလျှင် အိပ်မပျော်ခဲ့ပါ။ ယခုလည်း ပုတီးစိပ်ပြီး မှေး၍ အိပ်ပျော်သွား၏။

အိပ်ပျော်သွားပြီး လန့်နိုးနေပြန်သည်။ အိမ် အောက်သို့ဆင်းပြီး အပေါ့သွား၏။ အိမ်ပေါ်သို့ ပြန်တက်လာပြီး အိပ်ယာသို့ဝင်ကွေးနေလိုက်သည်။ မျက်လုံးကိုဖွင့်ပြီး မီးဖိုခန်းသို့ ကြည့်လိုက်သောအခါ အင်္ကျီအဖြူရောင် ထမီအနီရောင်နှင့် အဘွားအို တစ်ယောက် မီးဖိုနားတွင် မီးလှုံနေသည်။ မီးဖိုက မီးကို အဆက်မပြတ် မီးလောင်အောင် ထင်းတွေ ထပ်ထည့်နေသည်။ မကြာမီ မတ်တပ်ရပ်ပြီး အိပ် ခန်းထဲသို့ဝင်သွား ၏။ မကြာမီ ပြန် ထွက်လာပြီး နံနက် ဆွမ်းချက်ရန် ပြင်ဆင် နေသည်ကိုတွေ့ရ၏။ ကျွန်ုပ်လည်း ဧည့်သည်မို့ ဘာမှ ဆက်မကြည့်တော့ဘဲ ခေါင်းခြုံ၍ အိပ်လိုက် ပါသည်။

မိုးစင်စင်လင်းမှအိပ်ရာနိုးလေသည်။ မျက်နှာ သစ်ပြီး နံနက်စောစာကို စားကြ၏။ နံနက်စာ စားပြီး ကျောင်းဆရာ အစ်ကိုဖြစ်သူနှင့် မူလတန်းကျောင်း ပို့လိုက်သွား၏။

“အစ်ကို ...”

“ဘာလဲ ညီလေး ...”

“ဒေါ်အေးရင် အိမ်မှာ ညက အဘွားကြီး တစ်ယောက် မီးလှုံနေတာတွေ့လိုက်တယ်။ ဒီနေ့ မနက်တော့ ဒီအဘွားကြီး မတွေ့ရဘူး ...”

“ဟေ့ ပုံသဏ္ဌာန်ကို ပြောပါဦး ...”

“ပိန်ပိန်ရှည်ရှည်ပါ။ ဆံပင်က ပါးပါး၊ နားမှာ ရွှေနားကပ်ကြီးက အကြီးကြီး ပန်ထားတယ်။ အင်္ကျီ က အဖြူ၊ ထမီက အနီရောင်ပါ ...”

“အေး မင်းညက တွေ့လိုက်တာ ဒေါ်အေး ရင် အမေပဲ ...”

“ဒါဆို အခုဘယ်မှာလဲ ...”

“သေပြီး ဒီအိမ်ပေါ်မှာဘဲ သေသွားတာ။ ရက်လည်တာ မကြာသေးဘူး ...”

“ဒါဆိုရင် ညက တွေ့တာက နာနာဘာဝ ပေါ့ ...”

“ဟုတ်တယ်၊ ညီလေး ဘယ်လိုလုပ်မြင် လည်း ...၊ ဒီမျက်စိနဲ့ မြင်တာလား အာရုံနဲ့ မြင်တာ လား ...”

“ဒီပကတိ မျက်စိနဲ့ မြင်တာပါ ...”

“ငါ့ ညီမှာ အဆောင်တစ်ခုခုရှိရမယ် ...၊ ပြောပြပါဦး ...၊ ဘာအဆောင်ရှိလဲ ...”

“ညီလေးက ဆရာဂိုဏ်းတက်ထားတာပါ။ ဘယ်/ညာ လက်ရုံးတွေ ကျောပြင်တွေမှာလည်း အစောင့်တွေ အပ်ထားတာ၊ ခြေထောက်မှာတော့ ဂုမ္ဘာန်တွေ အပ်ထားတာ ...”

“ဟာ ငါ ထင်မထားဘူး ...”

“အင်းတွေဆေးတွေ သောက်ရသေးတယ်”

“ငါ့ ညီက ဆရာကြီးပဲ ...၊ သီလတော့ ဘယ်လိုစောင့်ထိန်းရသလဲ ...”

“သီလက အရက်လုံးဝမသောက်ရဘူး ...၊ သူများ သားမယား လုံးဝမကျူးလွန်ရဘူး ...”

“ဒီသီလနှစ်ပါးပဲ စောင့်ရတာလား ...”

“ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းရ တာပါ။ ငါးပါးသီလထဲမှာမှ ဒီနှစ်ပါးကိုတော့ အသက် နဲ့ရင်းပြီး စောင့်ခိုင်းတာ ...”

“သြော် ဆရာဖြစ်ဖို့ အဆင့်ဘယ်နှစ်ဆင့် ရှိလဲ ...”

“အဆင့်(၄)ဆင့်ရှိတယ် အစ်ကို ...”

“အေးကွာ ကိုယ့်မှာ အစောင့်ရှိတာတော့ ကောင်းတာပေါ့ ...”

“ဟုတ်ကဲ့ ...”

အစ်ကိုဖြစ်သူက ကျွန်တော့်ကို အထင်ကြီး နေလေသည်။ အစိမ်း၊ သူရဲ၊ နာနာဘာဝတွေကို မြင်၇တာကို အံ့သြနေလေသည်။ အိမ်ပြန်ရောက် သောအခါ အဒေါ်အေးရင်ကို ဖွင့်ပြောလေသည်။

“အဒေါ် အေးရင် ...”

“ကျောင်းဆရာလေး ပြောလေ ...”

“ညက ကျွန်တော့်ညီလေးက အဒေါ့်အမေ ကို မြင်ရတယ်လို့ပြောတယ် ...”

“ဟေ သားလေး ပြန်ပြောပြပါဦး၊ အဒေါ် သိချင်လို့ ...”

“အဒေါ်ကြီးက မျက်နှာမှာ သနပ်ခါးလိမ်း ထားတယ်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပဲ၊ အင်္ကျီက အဖြူရောင်၊ လုံခြည်က အနီရောင်၊ ညက မီးဖိုနားမှာ မီးလှုံနေတာ၊ နောက် အိပ်ခန်းထဲ ဝင်ပြီး ဆွမ်းချက် ဖို့ ပြင်နေတာတွေ့ရတယ် ...”

“အို အမေမှ အမေ အစစ်ပဲ၊ သူ ဒီအိမ်မှာ သေသွားတာ၊ အမေသေစဉ်က ဝတ်တဲ့ အင်္ကျီ လုံ ချည်တွေပဲ၊ အမေ မကျွတ်သေးဘူးဘဲ၊ ဘုန်းကြီး ငါးပါးပင့်ပြီး ဆွမ်းကျွေးလုပ်ဦးမယ်။ အမေ့ကိုလည်း အမျှပေးဦးမယ် ...”

ဒေါ်အေးရင်နှင့် မိသားစုအားလုံးက ကျွန် တော့်ကို အထင်ကြီးနေကြ၏။ ရွာဓလေ့အရ ကျွန်ုပ် ၏ သတင်းသည် တောကြီးလောင်သကဲ့သို့ တစ်မု ဟုတ်ချင်း ပျံ့နှံ့သွားလေသည်။

“ဒေါ်အေးရင် အိမ်လာတဲ့ ကျောင်းဆရာရဲ့ ညီလေး ညက ဒေါ်အေးရင် အမေကို တွေ့လိုက် တယ်တဲ့ ...”

“ကျောင်းဆရာ ...”

“ဟုတ်ကဲ့ ရှိပါတယ် ...”

“ဧည့်သည်လည်းပါတယ်ဆိုတော့ အိမ် လည်လာဖို့ လာဖိတ်တာပါ ...”

“ဟုတ်ကဲ့ ကိုငွေမောင်း ...”

“ပုဂ္ဂိုလ်ရေးအရ ကျောင်းဆရာကို ညီ အစ်ကို လို ရင်းနှီးတော့ ရေနွေးကြမ်းသောက်ရအောင် လာ ခေါ်တာပါ ...”

“ဟုတ်ပါပြီ အခုပဲလိုက်ခဲ့ ပါ့မယ် ညီလေးရေ ... ...”

“ဟုတ်ကဲ့ အစ်ကို ...”

“ငါတို့သွားကြရအောင်”

ကျွန်တော့် အစ်ကိုခေါ်ရာ သို့ လိုက်သွား၏။ ကျေးရွာဖြစ်၍ နွားလှည်းမောင်းသော လှည်းဘီး ခြေရာများထင်၍ ကျန်ခဲ့၏။ လှည်း ဘီးခြေရာနှစ်ခုကြားမှလမ်းလျှောက် ရလေသည်။ ညနေမိုးချုပ်ဖြစ်၍ ရေနံဆီမီးခွက်များနှင့် မီးထွန်းညှိ ထားကြလေသည်။ မကြာမီ နှစ် ထပ်အိမ်ကြီးတစ်လုံးသို့ ရောက် လာ၏။ ဦးငွေမောင်းကရှေ့မှ ဦး ဆောင်၍ ခေါ်သွားပါသည်။

“လာလာ ဒါ ကျွန်တော့် အိမ် ...”

“ဟုတ်ကဲ့ ...”

ကျွန်းလှေကားထစ်များဖြင့် အိမ်အပေါ်ထပ်သို့တစ်ထစ်ချင်းတက်လှမ်းလာရာ မကြာမီ အိမ်ပေါ်သို့ရောက်လာပါသည်။ ကျွန်တော် လည်း အိမ်ဝိုင်းထဲဝင်လာပြီး ခေါင်းကြီးသွားသဖြင့် ထူးတော့ထူးနေပြီဟု သတိထားမိလေသည်။ လှေ ကားပေါ် တက်သွားသောအခါ ဒုတိယံပိ ခေါင်းကြီး သွား ပြန်ပါသည်။ ဟုတ်ပြီ ဒီအိမ်မှာ တစ်ခုခုတော့ ထူးထူးခြားခြား ရှိနေမည်ဟု တပ်အပ်သေချာစွာ ပြောနိုင်ပါသည်။     

ဒီအချိန်မှာ မြစ်ထဲမှာ ခေါင်းဆေးမင်္ဂလာ ကျင်းပနေတဲ့ ဗာရာဏီသီမင်းကြီးက ကြားတယ်။ “ငါက စစ်ပွဲအောင်လို့ တိုက်ပွဲမှာ ပါဝင်ကြတဲ့ စစ် သည်ရဲမက်တွေနဲ့ ‘အောင်ပွဲ’ကျင်းပဖို့ ကြိုတင် ပြင်ဆင်နေတာ။ ငါတောင် ‘အောင်ပြီ’လို့ မဟစ် ြွေကးရသေးဘူး၊ အခု လုလင်တစ်ယောက်က ဝမ်း ခေါင်းသံကြီးနဲ့ ‘အောင်ပြီ’လို့ ဟစ်အော်နေတာ အံ့ဩစရာပဲ၊ အခုအော်တဲ့သူကို ရှေ့တော်မှောက် ခေါ်ခဲ့ကြလို့ အမိန့်ပေးတယ်။ ဒါနဲ့ မှူးကြီး မတ်ကြီး တွေက ပေါက်ပြားလုလင်ကို သွားခေါ်ပြီး ဘုရင့် ရှေ့တော်မှောက် ခစားရတာပေါ့။

ဘုရင်ကြီးက ခုနက အောင်ပြီလို့ အော်တာ မောင်မင်းလားလို့မေးတော့ -

‘ဟုတ်ပါတယ် ဘုရား’

“မောင်မင်း ဘာလို့အောင်ပြီလို့အော်တာလဲ။ ငါကိုယ်တော်မြတ်ကို သံတော်ဦးတင်စမ်းပါဦး”

“မှန်လှပါ၊ တပည့်တော်ရင်ထဲမှာ စွဲနေတဲ့ အကုသိုလ်၊ ဥပါဒါန်ကို အပြီးတိုင် စွန့်လွှတ်နိုင်လို့ ‘အောင်ပြီ’လို့ ဟစ်ကြွေးရခြင်းပါ ဘုရားလို့ လျှောက် ထားတာ။ ပေါက်ပြားကို စွဲလမ်းလွန်းလို့ ခြောက် ကြိမ်တိုင်တိုင် လူထွက်ခဲ့ရပုံ၊ ယခု ပေါက်ပြားကို မစွဲတော့ကြောင်း၊ သူစွဲလမ်းနေသော ဥပါဒါန်ကို သူ့ရင်ထဲက အပြီးတိုင် မောင်းထုတ်ပစ်နိုင်ကြောင်း၊ ထို့ကြောင့် အောင်ပြီလို့ အော်ဟစ်ခဲ့ရပုံကို လျှောက် ထားတာပေါ့။ ဘုရင်ကြီးက ဒီလုလင်ကို ချီးမွမ်း တယ်။ ငါက အပြင် ရန်သူပဲ အောင်နိုင်အောင် တိုက်နိုင်တာ၊ ဒီလုလင်က အတွင်းရန်သူကို အောင် နိုင်အောင် တိုက်နိုင်တာ၊ ငါ့ထက်သာတယ်ဆိုပြီး ဘုရားရှင်ထံ လိုက်ပို့ပြီး ပစ္စည်း လေးပါးနဲ့ ထောက်ပံ့ တယ်။

လောကမှာ အပြင်ရန်သူသာ မြင်ရတယ်၊ အပြင်ရန်သူဟာ နိုင်အောင်တိုက်နိုင်ကြတာ၊ အတွင်း ရန်သူကို ရင်ဆိုင်ရရင် ငိုကြ ယိုကြ ပူဆွေးကြနဲ့ တရားနဲ့ မဖြေဆည်နိုင်ကြဘူး”

“ဒကာကြီး”

“ဘုရား”

“ဒကာကြီး အဖြစ်ကလည်း ပေါက်ပြားကို စွဲလမ်းနေတဲ့ သူနဲ့ဘာထူးလဲ”

“မှန်ပါ တပည့်တော် သဘောပေါက်ပါပြီ ဘုရား”

“ဒကာကြီးက ငါ့တို့လင်မယား အတူနေ ခဲ့တဲ့အိမ်၊ ငါတို့ဘဝရဲ့ မှတ်မှတရရ ဒီအိမ်လေး၊ ဒီအိမ်ပေါ်မှာပဲ ဒကာမကြီးဆုံးသွားတာ၊ ဒီအိမ်လေး မှာ ဒကာကြီးအတွက် အမှတ်ရစရာတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ဒီအိမ်ပေါ်မှာ ဒကာကြီး စွဲနေတာ မဟုတ်လား”

“ဟုတ်ပါတယ်ဘုရား ...တပည့်တော် ဒီ အတိုင်း ဖြစ်နေတာပါဘုရား”

“ဒကာကြီး ဒီပစ္စည်းကို စွဲပြီး သေသွားရင် ဘာဖြစ်မယ်ထင်လဲ”

“တပည့်တော် မသိပါဘုရား”

“ဒီ အိမ်မှာ ကပ်နေတဲ့ အိမ်မြောင်တို့ တောက်တဲ့တို့ ဖြစ်တတ်တယ် ...၊ ကြောက်စရာ မကောင်းဘူးလား”

“ကောင်းပါတယ် ဘုရား”

“ဒကာကြီးက လူဖြစ်လို့ တရား နာလို့ ရတယ်။ ဝိပဿနာ ဘာဝနာကိုလည်း ပွားလို့ရတယ်။ တကယ်လို့သာ အိမ်မြှောင်ဖြစ်ရင် တရားဟောလို့ ရပါဦးမလား”

“မကြားနိုင်တော့ပါ ဘုရား”

“ဒကာကြီး ရင်ထဲမှာ စွဲနေတဲ့ ဥပါဒါန်ကို ဖျောက်ပစ်ဖို့ မလိုဘူးလား”

“လိုပါတယ်ဘုရား”

“ပေါက်ပြားကိုစွဲတဲ့ ဒကာလို ဒကာကြီး ရင်ထဲမှာ စွဲနေတဲ့ ကိလေသာ၊ တဏှာ၊ ဥပါဒါန် ကို ရင်ထဲက မောင်းထုတ်ပစ်လိုက်ပါ။ အပြီးတိုင် စွန့်လွှတ်လိုက်ပါ”

“တပည့်တော် တရားနာရတာ အလွန် တန်ဖိုး ရှိပါတယ်ဘုရား၊ အရှင်ဘုရားကိုလည်း ကျေးဇူးတင်ပါတယ်၊ တပည့်တော်ရင်ထဲမှာ စွဲနေတဲ့ ဒီအိမ်အစွဲကို တပည့်တော် စွန့်လွှတ်ပစ်လိုက်ပါပြီ ဘုရား”

“ဒါ ဒိဋ္ဌိကို အသိနဲ့ ကွာတယ်လို့ မှတ်ရမယ်။ အပြီးကွာဘို့ တရားဆက်ဟောရဦးမယ်၊ ဒကာကြီး မှာ တရားရှိတာပဲ။ တရားအခံရှိတဲ့လူမို့ တရား ဟောရတာ လွယ်တယ်။ ဟောလိုက်တာနဲ့ သဘော ပေါက်တယ်။ ဦးဇင်းကြွလာတော့ ဒကာကြီး ဘာ တွေလုပ်နေသလဲ”

“တပည့်တော် ဝါးကပ်ယက်နေတာပါ ဘုရား။ ဝါးချောင်းလေးတွေ အလကားမဖြစ်အောင် ဝါးကပ် ယက်နေတာပါဘုရား”

“ဝါးချောင်းလေးတွေက အခုလို ယက်လိုက် တော့ ဝါးကပ်ဖြစ်သွားတယ်။ ဝါးကပ်ဖြစ်ရင်လည်း  ကာလို့ရတယ်။ လူတွေအတွက် အသုံးတည့်တယ်။ ဒီဝါးကပ်က ဆွေးလို့ရှိရင်လည်း ထင်းအဖြစ် အသုံး ကျသေးတယ်။ ဒကာကြီးအခု အိုလာပြီ။ အိုလာတော့ ဘာမှ အသုံးမတည့်တော့ဘူး။ လူငယ်တွေကလည်း အဘိုးအိုကြီးပဲဆိုပြီး ဝိုင်းပယ်ထားကြတယ်။ လူ့ အသိုင်းအဝိုင်းကလည်း ဒကာကြီးကို စွန့်လွှတ်ထား ကြပြီလေ။ ဒကာကြီးက အိုမင်းနေတော့ ရွာမှု ကိစ္စ တွေ၊ သာရေး၊ နာရေးတွေ မဖိတ်တော့ဘူး မဟုတ် လား။”

“လူအိုဆိုတော့ အရေးမလုပ်တော့ပါဘူး ဘုရား”

“အိုလာရင် မစွမ်းဆောင်နိုင်ဘူး၊ အိုမင်း မစွမ်းဖြစ်ရင် သေရမယ့် လူအိုကြီးပဲ၊ မသေခင် တာဝန်အရ ကျွေးမယ်၊ စောင့်ရှောက်မယ်၊ ဒီ လောက်ပဲ ပတ်သက်တော့တာ”

“အရှင်ဘုရား တရာဟောတာ တပည့်တော် ရင်ထဲကို ထိတယ် ဘုရား”

“ဒကာကြီး ယက်နေတဲ့ဝါးကပ်နဲ့ ဒကာ ကြီးနဲ့ ဘယ်သူက တန်ဖိုးရှိသလဲ”

“ဝါးကပ်က တပည့်တော်ထက် တန်ဖိုး ရှိပါ တယ် ဘုရား”

“ဒါကြောင့် ဘုရားကဟောတာ သဗ္ဗေ သင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရ ဒုက္ခ၊ သဗ္ဗေဓမ္မာ အနတ္တလို့ ဟောတာ၊ ဒကာကြီး ဒီ “အနိစ္စ ဒုက္ခ အနတ္တ”ဆိုတဲ့ လက္ခဏာရေး သုံးပါးကို သိနေတာ ကြာပြီနော်”

“ဒီလက္ခဏာရေးသုံးပါးကို သိနေတာတော့ ကြာပါပြီဘုရား၊ အပေါ်ယံကျောပဲသိတာ။ အခု တပည့်တော်သိတာက ရင်ထဲက လာတဲ့အသိနဲ့ သိပါပြီ ဘုရား”

“သာဓု သာဓု သာဓု ဒကာကြီးက တရား လိုက်စားတော့ တရားဟောရတာ နားလည်လွယ် ပါတယ်။ မိမိခန္ဓာကိုယ်ကြီးကို သံဝေဂယူပြီး ဝိပဿနာ ဘာဝနာ ရှုရမှာ”

“ဘယ်လို ရှုမှတ်ရမှာလဲ ဘုရား”

“ဝိပဿနာတရားမှာ အခြေခံတရား နှစ် ပါးရှိတယ်၊ အရှုခံတရားရယ်၊ အရှုဉာဏ်တရားရယ် ဆိုပြီး ရှိတယ်။ ဒကာကြီး သေသေချောချာ နာပါ။ ဒကာကြီးသေရင် ပါသွားမယ့်တရားဖြစ်လို့ ဒီဘဝ တွင်မက တစ်သံသရာလုံး သုံးလို့ရတယ် တန်ဖိုး ရှိတဲ့ တရားကို ဟောတော့မှာ”

“ဟောပါဘုရား ...တပည့်တော် နားနဲ့ ကိုက်ညီမယ့် တရား၊ လွယ်လွယ်နဲ့သိမယ့် တရားကို ပေးပါ ဘုရား”

“ဝိပဿနာ ဘာဝနာ တရားဆိုပြီး ကြီး ကြီးကျယ်ကျယ် ထင်နေဦးမယ်။ ဘာမှမဟုတ်ဘူး လွယ်လွယ်လေး”

“တင်ပါ့ ဘုရား”

“ဦးဇင်းက လွယ်လွယ်လေးဟော့ပါမယ်။ ဒကာကြီးသိတဲ့ ဝေါဟာရနဲ့ ဟောပေးပါ့မယ်၊ အဓိက သိရမှာက အရှုခံတရားကို သိရမယ်”

“တင်ပါ့”

“အရှုခံတရားဆိုတာ ဒီလိုပါ ဒကာကြီး၊ ဒီဘက်ကို ကြည့်ပါဦး၊ ဒါဘာလဲ”

“ကွမ်းအစ်ပါ ဘုရား”

“ကွမ်းအစ်ကို ဒကာကြီးမြင်တယ်နော်”

“ကွမ်းအစ်က အရှုခံတရားပဲ ဒကာကြီး၊ ရှုမှတ်တဲ့သူ၊ ကွမ်းအစ်လို့သိတာက အရှုÓာဏ် တရားပဲ၊  ဒီတရား နှစ်စုံကိုသိရင် ဒကာကြီး တရား ရပြီ”

“အရှင်ဘုရား ဒီလောက်တော့ တပည့်တော် သိပါတယ် ဘုရား”

“အေး အရှုခံဆိုတဲ့ ကွမ်းအစ်ရယ် အရှု Óာဏ်ဆိုတဲ့ ဒကာကြီးရယ် ဘယ်နှစ်ခုရှိလဲ”

“နှစ်ခုရှိပါတယ် ဘုရား”

“သူတို့တရားနှစ်ပါးက တခြားစီ ကွဲကွဲပြား ပြားနေကြတာ။ မိမိခန္ဓာကို ရှုမှတ်ရင်လည်း ဒီလို တခြားစီ ကွဲနေမှတရားရတာ”

“ရှင်းပါတယ် ဘုရား”

“အရှုခံဆိုတဲ့ ကွမ်းအစ်ကို ရှုရင်တော့ တရားမရနိုင်ဘူး၊ ကွမ်းအစ်နေရာမှာ ခန္ဓာကို အစားထိုးပြီး ရှုရမှာ”

“တင်ပါ အရှုခံတရားက ခန္ဓာပေါ့ဘုရား”

“ဟုတ်တယ် ခန္ဓာက အရှုခံတရားပဲ၊ ဘယ် သူ့ခန္ဓာလဲ”

“မသိပါ ဘုရား”

“တခြားသူရဲ့ ခန္ဓာကို ရှုရမှာမဟုတ်ဘူး။ ဒကာကြီးရဲ့ခန္ဓာကို ဒကာကြီးကိုယ်တိုင် ရှုရမှာ”

“ခန္ဓာကို ရှုမှတ်ရမှာဆိုတော့ ဘာကို ပြော တာလဲ”

“ခန္ဓာဆိုတာက တခြားမဟုတ်ဘူး ဒကာကြီး (စိတ်က သိçသိနေတာ) ခန္ဓာပါပဲ၊ ပူတာ ခန္ဓာ၊ အေးတာ ခန္ဓာ၊ နွေးတာ ခန္ဓာ၊ အောင့်တာ ခန္ဓာ၊ ကိုက်တာ ခန္ဓာ၊ ဆာတာ ခန္ဓာ၊ စားတာ ခန္ဓာ၊ စဉ်းစားတာ ခန္ဓာ၊ ဝမ်းသာတာ ခန္ဓာ၊ ဝမ်းနည်းတာ ခန္ဓာ၊ လှူချင်တာ ခန္ဓာ၊ ထချင်တာ ခန္ဓာ၊ ထိုင်ချင်တာ ခန္ဓာ၊ လွမ်းနေတာ ခန္ဓာ၊ အိပ်ချင်တာ ခန္ဓာ၊ လှုပ်ရှားမှု မှန်သမျှ စိတ်က သိနေတာ၊ မှန်သမျှ ခန္ဓာလို့ ခေါ်တယ် ဒကာကြီး”

“အရှင်ဘုရား ဟောတဲ့ ခန္ဓာက လွယ်လွယ် လေးပဲ၊ ဒါတော့ တပည့်တော်သိတာပေါ့”

“လွယ်လွယ်လေးနဲ့ သိတဲ့တရားကို ဟော နေတာ၊ ဒကာကြီးအတွက် သီးသန့် ဟောနေတာ၊ ဒါဆိုရင် အရှုခံတရားဆိုတာ ခန္ဓာဆိုတာ သိပြီနော်”

“သိပါပြီ ဘုရား”

“ဒီဖောက်ပြန် ဖြစ်/ပျက်နေတဲ့ ခန္ဓာကို အရှုခံလို့ခေါ်တယ်။ ကွမ်းအစ်ကို မြင်အောင် ကြည့် သလို ခန္ဓာကို နောက်က လိုက်ကြည့်ရမှာ၊ စိတ်က သိ၊ သိနေတာလေးက အရှုဉာဏ်လို့ ခေါ်တယ်”

“သိနေတာလေးက အရှုဉာဏ်ဆိုတော့ တရားက လွယ်တယ်နော်”

“အရှင်းဆုံးပြောရရင် ရှေ့စိတ်ကို နောက် စိတ်က သိနေတာ ဝိပဿနာပဲ”

“တင်ပါ့ဘုရား တပည့်တော် မသေမီ ရှု မှတ်မယ် ဘုရား”

“ဒကာကြီး ပစ္စုပ္ပန်တည့်တည့်မှာပေါ်တဲ့ ခန္ဓာ ကို သိနေရမယ်။ အောင့်ရင်အောင့်တယ်လို့ သိရ မယ်။ ထချင်ရင် ထချင်တယ်၊ ထရင် ထတယ်လို့ သိနေရမယ်။ ပူရင်လည်း ပူတယ်၊ အေးတယ်လို့ သိသိနေတာ ဝိပဿနာပဲ ဒကာကြီး”

“တပည့်တော် အားရှိပြီ ဘုရား၊ ဒါ လောက်တော့လုပ်နိုင်တယ် ဘုရား”

“ခန္ဓာကပြတာကို နောက်ကရှုမှတ်နေရင် ဘာဖြစ်မလဲဆိုတော့ ခန္ဓာက အများကြီး တစ်ခုပြီး တစ်ခု မရိုးအောင်ပြလိမ့်မယ်။ ဘာပေါ်လာလာ၊ ဘာပြပြ၊ လိုက်ပြီးသိနေရမယ်။ ဒီလို ရှုမှတ်ရင်းနဲ့ ရှုတဲ့သူနဲ့ အရှုÓာဏ်နဲ့ ခန္ဓာနဲ့က တစ်ထပ်တည်း ကျပြီး မှတ်တဲ့စိတ်၊ သိတဲ့စိတ်တွေ ပျောက်ပြီး စိတ်ထွက်သွားတတ်တယ်။ မျောပါသွားတတ်တယ်။ စိတ်လွင့်နေတတ်တယ်။ နောက်သတိရမှ ငါတရား မှတ်နေတာပဲလို့ အသိဝင်လာပြီးမှ အိပ်ရာက လန့်နိုးသလိုဖြစ်တတ်တယ်”

“တင်ပါ့”

“ဒီတော့ သိတယ် သိတယ်လို့ မှတ်ရမယ်။ ရှေ့စိတ်ကို နောက်စိတ်က မှတ်နေတာ။ ဝိပဿနာ ပဲ၊ ကြာကြာမှတ်တော့၊ မှတ်စိတ်တွေက အာရုံ တစ်ခုထဲမှာ စုနေလိမ့်မယ်။ ခန္ဓာဆိုတာ ရှာမရ အောင် ရှားနေလိမ့်မယ်။ အသက်ရှူတာတောင် ရှူမှန်းမသိအောင် ငြိမ်နေလိမ့်မယ်”

“တင်ပါ့ ဘုရား”

“သိနေတဲ့ မှတ်စိတ်ကတော့ ကျန်နေသေး တယ်။ သိနေတာကိုပဲ သိတယ်၊ သိတယ်လို့ မှတ် လိုက်ရင် ခန္ဓာက ပေါ်လာပါလိမ့်မယ်။ ခန္ဓာကို ရှုမှတ်နေတာကို ဒီလိုလေ့ကျင့်ယူရမှာ”

“တင်ပါ့ ဘုရား”

“ခန္ဓာကို ရှုမှတ်ရင် သမာဓိ တွေ့ရပြီး၊ တရားရှုမှတ်ရတာ ကောင်းတယ်၊ ငြိမ်းတယ်၊ ချမ်းသာတယ်လို့ လာတွေ့လိမ့်မယ်၊ ချမ်းသာရင် လည်း ချမ်းသာတယ်လို့မှတ်၊ အေးချမ်းရင်လည်း အေးချမ်းတယ်လို့ မှတ်ရမှာ၊ ခန္ဓာကို ဒကာကြီး သေသေချာချာ မြင်အောင်ရှုမှတ်ရမှာ”

“တင်ပါ့ ဘုရား”

“ခန္ဓာက ရှုမှတ်နေရင် အရှုမခံဘူး။ ခဏ ခဏ ပြောင်းတယ်။ ပျက်စီးသွားတာကို ပြလိမ့်မယ်။ ပျက်ရင်လည်း ပျက်တယ်လို့ မှတ်ရမယ်။ ဒကာ ကြီး နားလည်သလား”

“တင်ပါ့ ဘုရား”

“ဒကာကြီး လက်တွေ့လုပ်ကြည့်ရင်းနဲ့ ဦးဇင်းပြောတဲ့ တရားတွေ တစ်ခုပြီး တစ်ခု ပေါ်လာ လိမ့်မယ်၊ ဘာပေါ်လာလာ သိတယ်၊ သိတယ် ဆိုပြီး မှတ်နေပါ”

“နောက် ဘာဖြစ်မှာလဲ ဘုရား”

“ခန္ဓာကို ရှုဖန်များရင် ခန္ဓာရဲ့ ဖြစ်/ပျက်ကို မြင်ရတာပဲ ဒကာကြီး၊ ဖြစ်/ပျက် မြင်ရင် ဒကာကြီး လက်ခမောင်းခတ်တော့။ ငါ သေပျော်ပြီလို့ ကြုံးဝါး လိုက်တော့”

“တင်ပါ့ ဘုရား”

“ဖြစ်/ပျက် မြင်ရင် ဒကာကြီးသိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါးနဲ့ ထပ်ကြည့်၊ လက္ခဏာ သုံးပါးနဲ့ တိုက်ကြည့်လိုက်က ဘုရားဟောတဲ့ တရား တကယ်မှန်တယ် ဆိုတာ ကိုယ်တွေ့ သိလိမ့်မယ်။ ဒီအချိန်မှာ ဒကာကြီး ခန္ဓာမှာ တရားကိန်းနေပြီ၊ ဒကာကြီးသေရင် အပါယ် မလားတော့ဘူး”

“တပည့်တော် အားရှိလိုက်တာ၊ ဒီတရားမျိုး မနာဖူးဘူး ဘုရား”

“ကဲ တရားရှည်ရှည်ဟောရင် ဒကာကြီး မမှတ်မိမှာစိုးလို့ ဒီလောက်ပဲဟောမယ်၊ တရားကို အနှစ်ချုပ်ရင် (၁) အရှုခံတရား၊ (၂) အရှုဉာဏ်တရား နှစ်ပါးပဲ ရှိတယ်။ နားလည်တယ်နော်”

“နားလည်ပါတယ် ဘုရား”

“အရှုခံဆိုတာ ခန္ဓာကိုပြောတာ၊ ဘယ်သူ့ ခန္ဓာလဲဆိုတော့ ကိုယ့်ခန္ဓာ၊ ကိုယ့်ခန္ဓာကို ကိုယ်တိုင် ရှုမှတ်တာ၊ ကိုယ်တိုင်ကြည့်တာ၊ ဒါ ဝိပဿနာလို့ ခေါ်တာ၊ ရှင်းပြီနော်”

“တင်ပါ့ ဘုရား”

“ရှေ့ခန္ဓာ ရှေ့စိတ်ကို နောက်စိတ်က သိ နေတာ၊ ရှုမှတ်ရမှာလို့ ဟောတာ၊ ရှေ့စိတ် အရှုခံနဲ့ သိတဲ့ အရှုÓာဏ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ရှုမှတ်ရမှာ။ ဒီလိုခန္ဓာကို ရှုမှတ်ရင်းနဲ့ ခန္ဓာရဲ့ ဖြစ်/ပျက်ကို မြင် လိမ့်မယ်။ ခန္ဓာရဲ့ ဖြစ်/ပျက် မြင်အောင်ရှုမှတ်ပါလို့ ဦးဇင်းဟာခဲ့တာ ဒီလောက်နဲ့ တရားနားမယ်”

“သာဓု သာဓု သာဓု”

ဦးအောင်ဆင်သည် အိမ်အပျက်ကြီးကို သေ သေချာချာကြည့်ပြီး ငါ ဒီအိမ်ကြီးကို စွဲနေတာ ငါ သိပြီ။ ခုချိန်က စပြီး ဒီစွဲနေတဲ့အစွဲကို စွန့်လွှတ် လိုက်ပြီဟု ဆုံးဖြတ်ချက်ချမှတ်လိုက်၏။ ငိုခြင်း၊ ပူဆွေးခြင်း မရှိတော့ဘဲ သူ့အိမ်အသစ်သို့ ပြောင်း ရွှေ့၍ နေထိုင်ပါတော့သည်။ ဦးဇင်းမောင်ဝင်း ဟော ကြားသော တရားကို စဉ်းစားရင်း ငါသေရင် ပါသွား မယ့်တရားကို အခုအချိန်ကစပြီး ရှုမှတ်တော့မယ် လို့ ဆုံးဖြတ်ချက်ချမှတ်ပါတော့သည်။

ဦးအောင်ဆင်သည် ဝိပဿနာ ရှုမှတ်ပွား များခြင်းဖြင့် ဒိဋ္ဌိကို အပွားÓာဏ်ဖြင့် ပယ်နေခြင်း ဖြစ်ပါသည်။ အကယ်၍ သောတပတ္တိမဂ်သို့ ဆိုက် ရောက်ပါက ဒိဋ္ဌိကို အပြီးတိုင် ပယ်သတ်ပြီး ဖြစ် ပါလိမ့်မယ်။ ဦးအောင်ဆင်၏ အိမ်လေးမှပေးသော တရားအား ပွားများခြင်းဖြင့် တစ်မဂ် တစ်ဖိုလ် တည်နိုင်ကြပါစေဟု ...။   

    

အဏ္ဏဝါလှိုင်း

zawgyi version

 

သုိက္ႀကိဳးျဖတ္ခဲ့စဥ္က

--အဏၰ၀ါလႈိင္း--

------------------------------

 

“ညီေလး ...”

“ေျပာအစ္ကို ...”

“မင္းပ်င္းရင္ အကိုေက်ာင္းဆရာ လုပ္တဲ့ ရြာကို လိုက္လည္ပါ့လား ...”

“ေဖေဖ သားလိုက္သြားရမွာလား ...”

“မင္းပ်င္းေနရင္လည္း မင္းအစ္ကိုေခၚရာ လိုက္သြားလိုက္ပါ ...”

“ဟုတ္ကဲ့ ေဖေဖ ...”

“ညီေလး ရြာကိုျပန္လာလို႕ အစ္ကို ၀မ္းသာ ေနတာ၊ အစ္ကိုကလည္း အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ စကားေျပာခ်ိန္မရဘူး။ ဒါ့ေၾကာင့္ ညီအစ္ကို ႏွစ္ ေယာက္ စကားေတြေျပာရေအာင္လို႔ အစ္ကိုနဲ႔ လိုက္ ခဲ့ဖို႔ ေခၚရတာ ...”

“ဟုတ္ကဲ့ အစ္ကို ညီေလးလိုက္ခဲ့ပါ့မယ္”

စိုး၀င္းသည္ မိဘမ်ားရွိရာ သီးပင္ရြာသို႔ အလည္ေရာက္လာ၏။ မိဘႏွစ္ပါးကို ကန္ေတာ့ၿပီး မိမိဘ၀တြင္ ေတြ႕ႀကံဳခဲ့ေသာ အျဖစ္အပ်က္မ်ားကို ေဖာက္သည္ခ်ေနေလ၏။ မိဘေတြ ေတာင္သူ လုပ္ ငန္းခြင္သို႕ လိုက္သြားၿပီး ကူညီလုပ္ေပး၏။ မိဘမ်ား က သူ၏သားကိုၾကည့္ၿပီး လိမၼာေသာ သားေလး၊ အလိုက္သိေသာ သားေလး၊ မိဘေက်းဇူးကို သိ တတ္ေသာသားေလးမို႕ အခ်စ္ပိုေနေလသည္။ အစ္ ကိုလတ္ “ေလးျမင့္...”မွာ မူလတန္းေက်ာင္းဆရာ ျဖစ္၏။ သီးပင္ရြာႏွင့္ ေလးမိုင္ခန္႔ေ၀းေသာ ကံသာရြာ မူလ တန္းေက်ာင္းတြင္ တာ၀န္ထမ္းေဆာင္ေန၏။ ညီျဖစ္သူ မိတၳီလာမွ အလည္လာသည္ဟု သတင္း ၾကားသျဖင့္ သီးပင္ရြာသို႔ ျပန္ေရာက္လာျခင္းျဖစ္၏။

ယခုလည္း ညီျဖစ္သူ စိုး၀င္းကိုေခၚၿပီး သူ႕ တာ၀န္က်ရာ ကံသာရြာသို႔ ေခၚသြားေလသည္။ ေတာလမ္းျဖစ္၍ စက္ဘီးႏွင့္သြားရသည္။ စီးလို႔ရ သည့္ေနရာတြင္ စက္ဘီးစီးၾက၏။ စီးလို႕မရေသာ ေနရာတြင္ စက္ဘီးတြန္းရေလသည္။ မၾကာမီ ကံသာ ရြာသို႕ ေရာက္ေလသည္။

“ငါတုိ႕ ဆရာေလး ျပန္လာတယ္ေဟး၊ ဧည့္ သည္လည္း ပါတယ္ေဟ့ ...”

ရြာအ၀င္တြင္ ကံသာရြာသား ဦးတိုးေမာင္ႏွင့္ ေတြ႕၍ ႏႈတ္ဆက္ေနျခင္းျဖစ္သည္။

“ဟုတ္တယ္ ဦးတိုးေမာင္ ... ဒါ ကြၽန္ေတာ့္ ညီေလးပဲ ...၊ သူက မိတၳီလာ ဆည္ေျမာင္းဌာနမွာ အလုပ္လုပ္တယ္ ...၊ ဌာနခြင့္နဲ႔ ျပန္လာလို႕ ေတြ႕ရ တာ ...”

“ေအး ေအး ငါတို႕ရြာလာလည္တာ ၀မ္းသာ တယ္ေဟ့၊ ညၾကရင္ ငါ့အိမ္ ေရေႏြးၾကမ္း ေသာက္ လာခဲ့ၾကဦး ...”

“ဟုတ္ကဲ့ ဦးေလး ...”

ဦးတိုးေမာင္ကို ႏႈတ္ဆက္ၿပီး ရြာထဲ၀င္လာ သည္။ ရြာအလယ္ေလာက္တြင္ အစ္ကိုေက်ာင္း ဆရာ ေနထုိင္သည့္အိမ္သို႔ ေရာက္ပါသည္။ အိမ္ရွင္ အမည္မွာ ေဒၚေအးရင္ျဖစ္ပါသည္။

“အေဒၚ ကြၽန္ေတာ့္ ညီေလးပါ ...”

“ဆရာ့ညီေလးကို ဒီမွာ စားတာ၊ ေနတာ၊ အိပ္တာ အားမနာဖို႕ ေျပာေပးပါ ...၊ ကြၽန္မတို႕ ေတာ သူေတာင္သားေတြက ဧည့္ေမွ်ာ္ေနတာ ...၊ ဧည့္သည္စားတာ ေသာက္တာကိုၾကည့္ၿပီး ေပ်ာ္ေန တာပါ ...”

“ဟုတ္ကဲ့ အန္တီေအးရင္ ကြၽန္ေတာ္တို႕က လည္း ရြာသားေတြ ေတာသားေတြဆိုေတာ့ ဘာမွ ေျပာစရာမလိုပါဘူး ...”

“ေအး ေအး ဧည့္သည္လို မေနနဲ႔ ...၊ အားမနာနဲ႕ေနာ္ ...”

“ဟုတ္ကဲ့ အေဒၚ ...”

“ညီေလး လာ အိမ္ေပၚတက္ရေအာင္”

ကိုစိုး၀င္းသည္ တစ္ခါမွ မေရာက္ဖူးေသာ ကံသာရြာသို႕ ေရာက္လာခဲ့၏။ ရြာကို ေလ့လာ ၾကည့္ ေသာအခါ အိမ္ႀကီးအိမ္ေကာင္းမ်ားျဖင့္ တည္ ေဆာက္ထား၏။ ကြၽန္းတိုင္ႀကီးမ်ားျဖင့္ အိမ္အျမင့္ ေဆာက္ၿပီး ေအာက္ထပ္မွာ ႏြားေတြထား၏။ အေပၚ ထပ္မွာ လူေန၏။ ႏြားမ်ားအတြက္ အစာေကြၽးရန္ ႏြားစားက်င္းခြက္တစ္ခုရွိ၏။ ႏြားေခ်းပံုကို စနစ္တက် စုပံုထား၏။ ႏြားေခ်းနံ႕၊ ေသးနံ႕၊ ဆိတ္ေခ်းနံ႔တို႕မွာ ကိုစိုး၀င္း ႏွာေခါင္းကို လာေရာက္ႏႈတ္ဆက္သျဖင့္ လက္ျဖင့္ ႏွာေခါင္းပိတ္ခ်င္သလို ျဖစ္လာ၏။ ရြာ သားမ်ားကေတာ့ ဒီအနံ႔ေတြၾကားမွာ ေနထုိင္ၾက သူမ်ားမို႔ ႐ိုးေနပါေတာ့သည္။

အိမ္အေပၚထပ္တြင္ ဘုရားစင္ႏွင့္ ေခါင္း ရင္းခန္းရွိသည္။ ညီအစ္ကိုႏွစ္ေယာက္ အိပ္ရန္ ျပင္ဆင္ေပး၏။ အလယ္ခန္းတြင္ အိမ္ရွင္မ်ားအိပ္ ၾကသည္။ အတြင္းႏွစ္ခန္းမွာ တစ္ခန္းက ထမင္းခ်က္ ခန္းျဖစ္ၿပီး အကာႏွင့္ အိပ္ခန္းတစ္ခန္းမွာ စတိုခန္း ျဖစ္ဟန္တူသည္။

“ကဲ ဧည့္သည္တို႕ ထမင္းစားရေအာင္”

“ဟုတ္ကဲ့ ...”

ကြၽန္ေတာ္တို႔ ညီအစ္ကိုႏွစ္ေယာက္ႏွင့္ အိမ္ ရွင္တို႔ လက္စံုစားၾကေလသည္။ ေရေႏြးၾကမ္းႏွင့္ လက္ဖက္သုပ္မွာ မ်ားစြာ စားလိုေကာင္းေလသည္။

ကြၽႏ္ုပ္သည္ တစ္ခါမွ မေရာက္ဘူး မအိပ္ ဘူးေသာ အိပ္ရာသစ္မို႕ အိပ္မေပ်ာ္ခဲ့ပါ။ ဘုရားရွိခိုးၿပီး ပုတီးစိပ္ေန၏။ ေန႔စဥ္ ဂုဏ္ေတာ္ကုိးပါးကို မစိပ္ ရလွ်င္ အိပ္မေပ်ာ္ခဲ့ပါ။ ယခုလည္း ပုတီးစိပ္ၿပီး ေမွး၍ အိပ္ေပ်ာ္သြား၏။

အိပ္ေပ်ာ္သြားၿပီး လန္႕ႏိုးေနျပန္သည္။ အိမ္ ေအာက္သို႔ဆင္းၿပီး အေပါ့သြား၏။ အိမ္ေပၚသို႕ ျပန္တက္လာၿပီး အိပ္ယာသို႕၀င္ေကြးေနလိုက္သည္။ မ်က္လံုးကိုဖြင့္ၿပီး မီးဖိုခန္းသို႔ ၾကည့္လိုက္ေသာအခါ အက်ႌအျဖဴေရာင္ ထမီအနီေရာင္ႏွင့္ အဘြားအို တစ္ေယာက္ မီးဖိုနားတြင္ မီးလႈံေနသည္။ မီးဖိုက မီးကို အဆက္မျပတ္ မီးေလာင္ေအာင္ ထင္းေတြ ထပ္ထည့္ေနသည္။ မၾကာမီ မတ္တပ္ရပ္ၿပီး အိပ္ ခန္းထဲသို႔၀င္သြား ၏။ မၾကာမီ ျပန္ ထြက္လာၿပီး နံနက္ ဆြမ္းခ်က္ရန္ ျပင္ဆင္ ေနသည္ကိုေတြ႕ရ၏။ ကြၽႏ္ုပ္လည္း ဧည့္သည္မို႔ ဘာမွ ဆက္မၾကည့္ေတာ့ဘဲ ေခါင္းၿခံဳ၍ အိပ္လိုက္ ပါသည္။

မိုးစင္စင္လင္းမွအိပ္ရာႏိုးေလသည္။ မ်က္ႏွာ သစ္ၿပီး နံနက္ေစာစာကို စားၾက၏။ နံနက္စာ စားၿပီး ေက်ာင္းဆရာ အစ္ကိုျဖစ္သူႏွင့္ မူလတန္းေက်ာင္း ပို႔လိုက္သြား၏။

“အစ္ကို ...”

“ဘာလဲ ညီေလး ...”

“ေဒၚေအးရင္ အိမ္မွာ ညက အဘြားႀကီး တစ္ေယာက္ မီးလႈံေနတာေတြ႕လုိက္တယ္။ ဒီေန႕ မနက္ေတာ့ ဒီအဘြားႀကီး မေတြ႕ရဘူး ...”

“ေဟ့ ပံုသဏၭာန္ကို ေျပာပါဦး ...”

“ပိန္ပိန္ရွည္ရွည္ပါ။ ဆံပင္က ပါးပါး၊ နားမွာ ေရႊနားကပ္ႀကီးက အႀကီးႀကီး ပန္ထားတယ္။ အက်ႌ က အျဖဴ၊ ထမီက အနီေရာင္ပါ ...”

“ေအး မင္းညက ေတြ႕လိုက္တာ ေဒၚေအး ရင္ အေမပဲ ...”

“ဒါဆို အခုဘယ္မွာလဲ ...”

“ေသၿပီး ဒီအိမ္ေပၚမွာဘဲ ေသသြားတာ။ ရက္လည္တာ မၾကာေသးဘူး ...”

“ဒါဆိုရင္ ညက ေတြ႕တာက နာနာဘာ၀ ေပါ့ ...”

“ဟုတ္တယ္၊ ညီေလး ဘယ္လိုလုပ္ျမင္ လည္း ...၊ ဒီမ်က္စိနဲ႕ ျမင္တာလား အာ႐ံုနဲ႔ ျမင္တာ လား ...”

“ဒီပကတိ မ်က္စိနဲ႕ ျမင္တာပါ ...”

“ငါ့ ညီမွာ အေဆာင္တစ္ခုခုရွိရမယ္ ...၊ ေျပာျပပါဦး ...၊ ဘာအေဆာင္ရွိလဲ ...”

“ညီေလးက ဆရာဂိုဏ္းတက္ထားတာပါ။ ဘယ္/ညာ လက္႐ံုးေတြ ေက်ာျပင္ေတြမွာလည္း အေစာင့္ေတြ အပ္ထားတာ၊ ေျခေထာက္မွာေတာ့ ဂုမၻာန္ေတြ အပ္ထားတာ ...”

“ဟာ ငါ ထင္မထားဘူး ...”

“အင္းေတြေဆးေတြ ေသာက္ရေသးတယ္”

“ငါ့ ညီက ဆရာႀကီးပဲ ...၊ သီလေတာ့ ဘယ္လိုေစာင့္ထိန္းရသလဲ ...”

“သီလက အရက္လံုး၀မေသာက္ရဘူး ...၊ သူမ်ား သားမယား လံုး၀မက်ဴးလြန္ရဘူး ...”

“ဒီသီလႏွစ္ပါးပဲ ေစာင့္ရတာလား ...”

“ငါးပါးသီလကို လံုၿခံဳေအာင္ ေစာင့္ထိန္းရ တာပါ။ ငါးပါးသီလထဲမွာမွ ဒီႏွစ္ပါးကိုေတာ့ အသက္ နဲ႔ရင္းၿပီး ေစာင့္ခိုင္းတာ ...”

“ေၾသာ္ ဆရာျဖစ္ဖို႕ အဆင့္ဘယ္ႏွစ္ဆင့္ ရွိလဲ ...”

“အဆင့္(၄)ဆင့္ရွိတယ္ အစ္ကို ...”

“ေအးကြာ ကိုယ့္မွာ အေစာင့္ရွိတာေတာ့ ေကာင္းတာေပါ့ ...”

“ဟုတ္ကဲ့ ...”

အစ္ကိုျဖစ္သူက ကြၽန္ေတာ့္ကို အထင္ႀကီး ေနေလသည္။ အစိမ္း၊ သူရဲ၊ နာနာဘာ၀ေတြကို ျမင္၇တာကို အံ့ၾသေနေလသည္။ အိမ္ျပန္ေရာက္ ေသာအခါ အေဒၚေအးရင္ကို ဖြင့္ေျပာေလသည္။

“အေဒၚ ေအးရင္ ...”

“ေက်ာင္းဆရာေလး ေျပာေလ ...”

“ညက ကြၽန္ေတာ့္ညီေလးက အေဒၚ့အေမ ကို ျမင္ရတယ္လို႕ေျပာတယ္ ...”

“ေဟ သားေလး ျပန္ေျပာျပပါဦး၊ အေဒၚ သိခ်င္လို႕ ...”

“အေဒၚႀကီးက မ်က္ႏွာမွာ သနပ္ခါးလိမ္း ထားတယ္။ အရပ္ရွည္ရွည္၊ ပိန္ပိန္ပါးပါးပဲ၊ အက်ႌက အျဖဴေရာင္၊ လံုျခည္က အနီေရာင္၊ ညက မီးဖိုနားမွာ မီးလႈံေနတာ၊ ေနာက္ အိပ္ခန္းထဲ ၀င္ၿပီး ဆြမ္းခ်က္ ဖို႕ ျပင္ေနတာေတြ႕ရတယ္ ...”

“အို အေမမွ အေမ အစစ္ပဲ၊ သူ ဒီအိမ္မွာ ေသသြားတာ၊ အေမေသစဥ္က ၀တ္တဲ့ အက်ႌ လံု ခ်ည္ေတြပဲ၊ အေမ မကြၽတ္ေသးဘူးဘဲ၊ ဘုန္းႀကီး ငါးပါးပင့္ၿပီး ဆြမ္းေကြၽးလုပ္ဦးမယ္။ အေမ့ကိုလည္း အမွ်ေပးဦးမယ္ ...”

ေဒၚေအးရင္ႏွင့္ မိသားစုအားလံုးက ကြၽန္ ေတာ့္ကို အထင္ႀကီးေနၾက၏။ ရြာဓေလ့အရ ကြၽႏ္ုပ္ ၏ သတင္းသည္ ေတာႀကီးေလာင္သကဲ့သို႔ တစ္မု ဟုတ္ခ်င္း ပ်ံ႕ႏွံ႕သြားေလသည္။

“ေဒၚေအးရင္ အိမ္လာတဲ့ ေက်ာင္းဆရာရဲ႕ ညီေလး ညက ေဒၚေအးရင္ အေမကို ေတြ႕လိုက္ တယ္တဲ့ ...”

“ေက်ာင္းဆရာ ...”

“ဟုတ္ကဲ့ ရွိပါတယ္ ...”

“ဧည့္သည္လည္းပါတယ္ဆိုေတာ့ အိမ္ လည္လာဖို႕ လာဖိတ္တာပါ ...”

“ဟုတ္ကဲ့ ကိုေငြေမာင္း ...”

“ပုဂၢိဳလ္ေရးအရ ေက်ာင္းဆရာကို ညီ အစ္ကို လို ရင္းႏွီးေတာ့ ေရေႏြးၾကမ္းေသာက္ရေအာင္ လာ ေခၚတာပါ ...”

“ဟုတ္ပါၿပီ အခုပဲလိုက္ခဲ့ ပါ့မယ္ ညီေလးေရ ... ...”

“ဟုတ္ကဲ့ အစ္ကို ...”

“ငါတို႔သြားၾကရေအာင္”

ကြၽန္ေတာ့္ အစ္ကိုေခၚရာ သို႔ လိုက္သြား၏။ ေက်းရြာျဖစ္၍ ႏြားလွည္းေမာင္းေသာ လွည္းဘီး ေျခရာမ်ားထင္၍ က်န္ခဲ့၏။ လွည္း ဘီးေျခရာႏွစ္ခုၾကားမွလမ္းေလွ်ာက္ ရေလသည္။ ညေနမိုးခ်ဳပ္ျဖစ္၍ ေရနံဆီမီးခြက္မ်ားႏွင့္ မီးထြန္းညႇိ ထားၾကေလသည္။ မၾကာမီ ႏွစ္ ထပ္အိမ္ႀကီးတစ္လံုးသို႕ ေရာက္ လာ၏။ ဦးေငြေမာင္းကေရွ႕မွ ဦး ေဆာင္၍ ေခၚသြားပါသည္။

“လာလာ ဒါ ကြၽန္ေတာ့္ အိမ္ ...”

“ဟုတ္ကဲ့ ...”

ကြၽန္းေလွကားထစ္မ်ားျဖင့္ အိမ္အေပၚထပ္သို႔တစ္ထစ္ခ်င္းတက္လွမ္းလာရာ မၾကာမီ အိမ္ေပၚသို႔ေရာက္လာပါသည္။ ကြၽန္ေတာ္ လည္း အိမ္၀ိုင္းထဲ၀င္လာၿပီး ေခါင္းႀကီးသြားသျဖင့္ ထူးေတာ့ထူးေနၿပီဟု သတိထားမိေလသည္။ ေလွ ကားေပၚ တက္သြားေသာအခါ ဒုတိယံပိ ေခါင္းႀကီး သြား ျပန္ပါသည္။ ဟုတ္ၿပီ ဒီအိမ္မွာ တစ္ခုခုေတာ့ ထူးထူးျခားျခား ရွိေနမည္ဟု တပ္အပ္ေသခ်ာစြာ ေျပာႏိုင္ပါသည္။     

ဒီအခ်ိန္မွာ ျမစ္ထဲမွာ ေခါင္းေဆးမဂၤလာ က်င္းပေနတဲ့ ဗာရာဏီသီမင္းႀကီးက ၾကားတယ္။ “ငါက စစ္ပြဲေအာင္လို႔ တိုက္ပြဲမွာ ပါဝင္ၾကတဲ့ စစ္ သည္ရဲမက္ေတြနဲ႕ ‘ေအာင္ပြဲ’က်င္းပဖို႔ ႀကိဳတင္ ျပင္ဆင္ေနတာ။ ငါေတာင္ ‘ေအာင္ၿပီ’လို႔ မဟစ္ ေျြကးရေသးဘူး၊ အခု လုလင္တစ္ေယာက္က ဝမ္း ေခါင္းသံႀကီးနဲ႔ ‘ေအာင္ၿပီ’လို႔ ဟစ္ေအာ္ေနတာ အံ့ဩစရာပဲ၊ အခုေအာ္တဲ့သူကို ေရွ႕ေတာ္ေမွာက္ ေခၚခဲ့ၾကလို႕ အမိန္႕ေပးတယ္။ ဒါနဲ႕ မွဴးႀကီး မတ္ႀကီး ေတြက ေပါက္ျပားလုလင္ကို သြားေခၚၿပီး ဘုရင့္ ေရွ႕ေတာ္ေမွာက္ ခစားရတာေပါ့။

ဘုရင္ႀကီးက ခုနက ေအာင္ၿပီလို႕ ေအာ္တာ ေမာင္မင္းလားလို႕ေမးေတာ့ -

‘ဟုတ္ပါတယ္ ဘုရား’

“ေမာင္မင္း ဘာလို႕ေအာင္ၿပီလို႕ေအာ္တာလဲ။ ငါကိုယ္ေတာ္ျမတ္ကို သံေတာ္ဦးတင္စမ္းပါဦး”

“မွန္လွပါ၊ တပည့္ေတာ္ရင္ထဲမွာ စြဲေနတဲ့ အကုသိုလ္၊ ဥပါဒါန္ကို အၿပီးတိုင္ စြန္႕လႊတ္ႏိုင္လို႕ ‘ေအာင္ၿပီ’လို႕ ဟစ္ေၾကြးရျခင္းပါ ဘုရားလို႕ ေလွ်ာက္ ထားတာ။ ေပါက္ျပားကို စြဲလမ္းလြန္းလို႔ ေျခာက္ ႀကိမ္တိုင္တိုင္ လူထြက္ခဲ့ရပံု၊ ယခု ေပါက္ျပားကို မစြဲေတာ့ေၾကာင္း၊ သူစြဲလမ္းေနေသာ ဥပါဒါန္ကို သူ႕ရင္ထဲက အၿပီးတိုင္ ေမာင္းထုတ္ပစ္ႏိုင္ေၾကာင္း၊ ထို႕ေၾကာင့္ ေအာင္ၿပီလို႕ ေအာ္ဟစ္ခဲ့ရပံုကို ေလွ်ာက္ ထားတာေပါ့။ ဘုရင္ႀကီးက ဒီလုလင္ကို ခ်ီးမြမ္း တယ္။ ငါက အျပင္ ရန္သူပဲ ေအာင္ႏိုင္ေအာင္ တိုက္ႏိုင္တာ၊ ဒီလုလင္က အတြင္းရန္သူကို ေအာင္ ႏိုင္ေအာင္ တိုက္ႏိုင္တာ၊ ငါ့ထက္သာတယ္ဆိုၿပီး ဘုရားရွင္ထံ လိုက္ပို႕ၿပီး ပစၥည္း ေလးပါးနဲ႕ ေထာက္ပံ့ တယ္။

ေလာကမွာ အျပင္ရန္သူသာ ျမင္ရတယ္၊ အျပင္ရန္သူဟာ ႏိုင္ေအာင္တိုက္ႏိုင္ၾကတာ၊ အတြင္း ရန္သူကို ရင္ဆိုင္ရရင္ ငိုၾက ယိုၾက ပူေဆြးၾကနဲ႕ တရားနဲ႕ မေျဖဆည္ႏိုင္ၾကဘူး”

“ဒကာႀကီး”

“ဘုရား”

“ဒကာႀကီး အျဖစ္ကလည္း ေပါက္ျပားကို စြဲလမ္းေနတဲ့ သူနဲ႕ဘာထူးလဲ”

“မွန္ပါ တပည့္ေတာ္ သေဘာေပါက္ပါၿပီ ဘုရား”

“ဒကာႀကီးက ငါ့တို႕လင္မယား အတူေန ခဲ့တဲ့အိမ္၊ ငါတို႕ဘဝရဲ႕ မွတ္မွတရရ ဒီအိမ္ေလး၊ ဒီအိမ္ေပၚမွာပဲ ဒကာမႀကီးဆံုးသြားတာ၊ ဒီအိမ္ေလး မွာ ဒကာႀကီးအတြက္ အမွတ္ရစရာေတြ အမ်ားႀကီး ျဖစ္ေပၚခဲ့တယ္။ ဒါေၾကာင့္ ဒီအိမ္ေပၚမွာ ဒကာႀကီး စြဲေနတာ မဟုတ္လား”

“ဟုတ္ပါတယ္ဘုရား ...တပည့္ေတာ္ ဒီ အတိုင္း ျဖစ္ေနတာပါဘုရား”

“ဒကာႀကီး ဒီပစၥည္းကို စြဲၿပီး ေသသြားရင္ ဘာျဖစ္မယ္ထင္လဲ”

“တပည့္ေတာ္ မသိပါဘုရား”

“ဒီ အိမ္မွာ ကပ္ေနတဲ့ အိမ္ေျမာင္တို႔ ေတာက္တဲ့တို႔ ျဖစ္တတ္တယ္ ...၊ ေၾကာက္စရာ မေကာင္းဘူးလား”

“ေကာင္းပါတယ္ ဘုရား”

“ဒကာႀကီးက လူျဖစ္လို႔ တရား နာလို႔ ရတယ္။ ဝိပႆနာ ဘာဝနာကိုလည္း ပြားလို႕ရတယ္။ တကယ္လို႔သာ အိမ္ေျမႇာင္ျဖစ္ရင္ တရားေဟာလို႔ ရပါဦးမလား”

“မၾကားႏိုင္ေတာ့ပါ ဘုရား”

“ဒကာႀကီး ရင္ထဲမွာ စြဲေနတဲ့ ဥပါဒါန္ကို ေဖ်ာက္ပစ္ဖို႕ မလိုဘူးလား”

“လိုပါတယ္ဘုရား”

“ေပါက္ျပားကိုစြဲတဲ့ ဒကာလို ဒကာႀကီး ရင္ထဲမွာ စြဲေနတဲ့ ကိေလသာ၊ တဏွာ၊ ဥပါဒါန္ ကို ရင္ထဲက ေမာင္းထုတ္ပစ္လိုက္ပါ။ အၿပီးတိုင္ စြန္႕လႊတ္လိုက္ပါ”

“တပည့္ေတာ္ တရားနာရတာ အလြန္ တန္ဖိုး ရွိပါတယ္ဘုရား၊ အရွင္ဘုရားကိုလည္း ေက်းဇူးတင္ပါတယ္၊ တပည့္ေတာ္ရင္ထဲမွာ စြဲေနတဲ့ ဒီအိမ္အစြဲကို တပည့္ေတာ္ စြန္႕လႊတ္ပစ္လိုက္ပါၿပီ ဘုရား”

“ဒါ ဒိ႒ိကို အသိနဲ႕ ကြာတယ္လို႔ မွတ္ရမယ္။ အၿပီးကြာဘို႕ တရားဆက္ေဟာရဦးမယ္၊ ဒကာႀကီး မွာ တရားရွိတာပဲ။ တရားအခံရွိတဲ့လူမို႕ တရား ေဟာရတာ လြယ္တယ္။ ေဟာလိုက္တာနဲ႕ သေဘာ ေပါက္တယ္။ ဦးဇင္းၾကြလာေတာ့ ဒကာႀကီး ဘာ ေတြလုပ္ေနသလဲ”

“တပည့္ေတာ္ ဝါးကပ္ယက္ေနတာပါ ဘုရား။ ဝါးေခ်ာင္းေလးေတြ အလကားမျဖစ္ေအာင္ ဝါးကပ္ ယက္ေနတာပါဘုရား”

“ဝါးေခ်ာင္းေလးေတြက အခုလို ယက္လိုက္ ေတာ့ ဝါးကပ္ျဖစ္သြားတယ္။ ဝါးကပ္ျဖစ္ရင္လည္း  ကာလို႕ရတယ္။ လူေတြအတြက္ အသံုးတည့္တယ္။ ဒီဝါးကပ္က ေဆြးလို႕ရွိရင္လည္း ထင္းအျဖစ္ အသံုး က်ေသးတယ္။ ဒကာႀကီးအခု အိုလာၿပီ။ အိုလာေတာ့ ဘာမွ အသံုးမတည့္ေတာ့ဘူး။ လူငယ္ေတြကလည္း အဘိုးအိုႀကီးပဲဆိုၿပီး ဝိုင္းပယ္ထားၾကတယ္။ လူ႕ အသိုင္းအဝိုင္းကလည္း ဒကာႀကီးကို စြန္႕လႊတ္ထား ၾကၿပီေလ။ ဒကာႀကီးက အိုမင္းေနေတာ့ ရြာမႈ ကိစၥ ေတြ၊ သာေရး၊ နာေရးေတြ မဖိတ္ေတာ့ဘူး မဟုတ္ လား။”

“လူအိုဆိုေတာ့ အေရးမလုပ္ေတာ့ပါဘူး ဘုရား”

“အိုလာရင္ မစြမ္းေဆာင္ႏိုင္ဘူး၊ အိုမင္း မစြမ္းျဖစ္ရင္ ေသရမယ့္ လူအိုႀကီးပဲ၊ မေသခင္ တာဝန္အရ ေကြ်းမယ္၊ ေစာင့္ေရွာက္မယ္၊ ဒီ ေလာက္ပဲ ပတ္သက္ေတာ့တာ”

“အရွင္ဘုရား တရာေဟာတာ တပည့္ေတာ္ ရင္ထဲကို ထိတယ္ ဘုရား”

“ဒကာႀကီး ယက္ေနတဲ့ဝါးကပ္နဲ႕ ဒကာ ႀကီးနဲ႕ ဘယ္သူက တန္ဖိုးရွိသလဲ”

“ဝါးကပ္က တပည့္ေတာ္ထက္ တန္ဖိုး ရွိပါ တယ္ ဘုရား”

“ဒါေၾကာင့္ ဘုရားကေဟာတာ သေဗၺ သခၤါရ အနိစၥ၊ သေဗၺသခၤါရ ဒုကၡ၊ သေဗၺဓမၼာ အနတၲလို႕ ေဟာတာ၊ ဒကာႀကီး ဒီ “အနိစၥ ဒုကၡ အနတၲ”ဆိုတဲ့ လကၡဏာေရး သံုးပါးကို သိေနတာ ၾကာၿပီေနာ္”

“ဒီလကၡဏာေရးသံုးပါးကို သိေနတာေတာ့ ၾကာပါၿပီဘုရား၊ အေပၚယံေက်ာပဲသိတာ။ အခု တပည့္ေတာ္သိတာက ရင္ထဲက လာတဲ့အသိနဲ႕ သိပါၿပီ ဘုရား”

“သာဓု သာဓု သာဓု ဒကာႀကီးက တရား လိုက္စားေတာ့ တရားေဟာရတာ နားလည္လြယ္ ပါတယ္။ မိမိခႏၶာကိုယ္ႀကီးကို သံေဝဂယူၿပီး ဝိပႆနာ ဘာဝနာ ႐ႈရမွာ”

“ဘယ္လို ႐ႈမွတ္ရမွာလဲ ဘုရား”

“ဝိပႆနာတရားမွာ အေျခခံတရား ႏွစ္ ပါးရွိတယ္၊ အ႐ႈခံတရားရယ္၊ အ႐ႈဥာဏ္တရားရယ္ ဆိုၿပီး ရွိတယ္။ ဒကာႀကီး ေသေသေခ်ာခ်ာ နာပါ။ ဒကာႀကီးေသရင္ ပါသြားမယ့္တရားျဖစ္လို႕ ဒီဘဝ တြင္မက တစ္သံသရာလံုး သံုးလို႕ရတယ္ တန္ဖိုး ရွိတဲ့ တရားကို ေဟာေတာ့မွာ”

“ေဟာပါဘုရား ...တပည့္ေတာ္ နားနဲ႕ ကိုက္ညီမယ့္ တရား၊ လြယ္လြယ္နဲ႕သိမယ့္ တရားကို ေပးပါ ဘုရား”

“ဝိပႆနာ ဘာဝနာ တရားဆိုၿပီး ႀကီး ႀကီးက်ယ္က်ယ္ ထင္ေနဦးမယ္။ ဘာမွမဟုတ္ဘူး လြယ္လြယ္ေလး”

“တင္ပါ့ ဘုရား”

“ဦးဇင္းက လြယ္လြယ္ေလးေဟာ့ပါမယ္။ ဒကာႀကီးသိတဲ့ ေဝါဟာရနဲ႕ ေဟာေပးပါ့မယ္၊ အဓိက သိရမွာက အ႐ႈခံတရားကို သိရမယ္”

“တင္ပါ့”

“အ႐ႈခံတရားဆိုတာ ဒီလိုပါ ဒကာႀကီး၊ ဒီဘက္ကို ၾကည့္ပါဦး၊ ဒါဘာလဲ”

“ကြမ္းအစ္ပါ ဘုရား”

“ကြမ္းအစ္ကို ဒကာႀကီးျမင္တယ္ေနာ္”

“ကြမ္းအစ္က အ႐ႈခံတရားပဲ ဒကာႀကီး၊ ႐ႈမွတ္တဲ့သူ၊ ကြမ္းအစ္လို႕သိတာက အ႐ႈÓာဏ္ တရားပဲ၊  ဒီတရား ႏွစ္စံုကိုသိရင္ ဒကာႀကီး တရား ရၿပီ”

“အရွင္ဘုရား ဒီေလာက္ေတာ့ တပည့္ေတာ္ သိပါတယ္ ဘုရား”

“ေအး အ႐ႈခံဆိုတဲ့ ကြမ္းအစ္ရယ္ အ႐ႈ Óာဏ္ဆိုတဲ့ ဒကာႀကီးရယ္ ဘယ္ႏွစ္ခုရွိလဲ”

“ႏွစ္ခုရွိပါတယ္ ဘုရား”

“သူတို႕တရားႏွစ္ပါးက တျခားစီ ကြဲကြဲျပား ျပားေနၾကတာ။ မိမိခႏၶာကို ႐ႈမွတ္ရင္လည္း ဒီလို တျခားစီ ကြဲေနမွတရားရတာ”

“ရွင္းပါတယ္ ဘုရား”

“အ႐ႈခံဆိုတဲ့ ကြမ္းအစ္ကို ႐ႈရင္ေတာ့ တရားမရႏိုင္ဘူး၊ ကြမ္းအစ္ေနရာမွာ ခႏၶာကို အစားထိုးၿပီး ႐ႈရမွာ”

“တင္ပါ အ႐ႈခံတရားက ခႏၶာေပါ့ဘုရား”

“ဟုတ္တယ္ ခႏၶာက အ႐ႈခံတရားပဲ၊ ဘယ္ သူ႕ခႏၶာလဲ”

“မသိပါ ဘုရား”

“တျခားသူရဲ႕ ခႏၶာကို ႐ႈရမွာမဟုတ္ဘူး။ ဒကာႀကီးရဲ႕ခႏၶာကို ဒကာႀကီးကိုယ္တိုင္ ႐ႈရမွာ”

“ခႏၶာကို ႐ႈမွတ္ရမွာဆိုေတာ့ ဘာကို ေျပာ တာလဲ”

“ခႏၶာဆိုတာက တျခားမဟုတ္ဘူး ဒကာႀကီး (စိတ္က သိçသိေနတာ) ခႏၶာပါပဲ၊ ပူတာ ခႏၶာ၊ ေအးတာ ခႏၶာ၊ ေႏြးတာ ခႏၶာ၊ ေအာင့္တာ ခႏၶာ၊ ကိုက္တာ ခႏၶာ၊ ဆာတာ ခႏၶာ၊ စားတာ ခႏၶာ၊ စဥ္းစားတာ ခႏၶာ၊ ဝမ္းသာတာ ခႏၶာ၊ ဝမ္းနည္းတာ ခႏၶာ၊ လွဴခ်င္တာ ခႏၶာ၊ ထခ်င္တာ ခႏၶာ၊ ထိုင္ခ်င္တာ ခႏၶာ၊ လြမ္းေနတာ ခႏၶာ၊ အိပ္ခ်င္တာ ခႏၶာ၊ လႈပ္ရွားမႈ မွန္သမွ် စိတ္က သိေနတာ၊ မွန္သမွ် ခႏၶာလို႕ ေခၚတယ္ ဒကာႀကီး”

“အရွင္ဘုရား ေဟာတဲ့ ခႏၶာက လြယ္လြယ္ ေလးပဲ၊ ဒါေတာ့ တပည့္ေတာ္သိတာေပါ့”

“လြယ္လြယ္ေလးနဲ႕ သိတဲ့တရားကို ေဟာ ေနတာ၊ ဒကာႀကီးအတြက္ သီးသန္႕ ေဟာေနတာ၊ ဒါဆိုရင္ အ႐ႈခံတရားဆိုတာ ခႏၶာဆိုတာ သိၿပီေနာ္”

“သိပါၿပီ ဘုရား”

“ဒီေဖာက္ျပန္ ျဖစ္/ပ်က္ေနတဲ့ ခႏၶာကို အ႐ႈခံလို႕ေခၚတယ္။ ကြမ္းအစ္ကို ျမင္ေအာင္ ၾကည့္ သလို ခႏၶာကို ေနာက္က လိုက္ၾကည့္ရမွာ၊ စိတ္က သိ၊ သိေနတာေလးက အ႐ႈဥာဏ္လို႕ ေခၚတယ္”

“သိေနတာေလးက အ႐ႈဥာဏ္ဆိုေတာ့ တရားက လြယ္တယ္ေနာ္”

“အရွင္းဆံုးေျပာရရင္ ေရွ႕စိတ္ကို ေနာက္ စိတ္က သိေနတာ ဝိပႆနာပဲ”

“တင္ပါ့ဘုရား တပည့္ေတာ္ မေသမီ ႐ႈ မွတ္မယ္ ဘုရား”

“ဒကာႀကီး ပစၥဳပၸန္တည့္တည့္မွာေပၚတဲ့ ခႏၶာ ကို သိေနရမယ္။ ေအာင့္ရင္ေအာင့္တယ္လို႕ သိရ မယ္။ ထခ်င္ရင္ ထခ်င္တယ္၊ ထရင္ ထတယ္လို႕ သိေနရမယ္။ ပူရင္လည္း ပူတယ္၊ ေအးတယ္လို႕ သိသိေနတာ ဝိပႆနာပဲ ဒကာႀကီး”

“တပည့္ေတာ္ အားရွိၿပီ ဘုရား၊ ဒါ ေလာက္ေတာ့လုပ္ႏိုင္တယ္ ဘုရား”

“ခႏၶာကျပတာကို ေနာက္က႐ႈမွတ္ေနရင္ ဘာျဖစ္မလဲဆိုေတာ့ ခႏၶာက အမ်ားႀကီး တစ္ခုၿပီး တစ္ခု မ႐ိုးေအာင္ျပလိမ့္မယ္။ ဘာေပၚလာလာ၊ ဘာျပျပ၊ လိုက္ၿပီးသိေနရမယ္။ ဒီလို ႐ႈမွတ္ရင္းနဲ႕ ႐ႈတဲ့သူနဲ႕ အ႐ႈÓာဏ္နဲ႕ ခႏၶာနဲ႕က တစ္ထပ္တည္း က်ၿပီး မွတ္တဲ့စိတ္၊ သိတဲ့စိတ္ေတြ ေပ်ာက္ၿပီး စိတ္ထြက္သြားတတ္တယ္။ ေမ်ာပါသြားတတ္တယ္။ စိတ္လြင့္ေနတတ္တယ္။ ေနာက္သတိရမွ ငါတရား မွတ္ေနတာပဲလို႕ အသိဝင္လာၿပီးမွ အိပ္ရာက လန္႕ႏိုးသလိုျဖစ္တတ္တယ္”

“တင္ပါ့”

“ဒီေတာ့ သိတယ္ သိတယ္လို႕ မွတ္ရမယ္။ ေရွ႕စိတ္ကို ေနာက္စိတ္က မွတ္ေနတာ။ ဝိပႆနာ ပဲ၊ ၾကာၾကာမွတ္ေတာ့၊ မွတ္စိတ္ေတြက အာ႐ံု တစ္ခုထဲမွာ စုေနလိမ့္မယ္။ ခႏၶာဆိုတာ ရွာမရ ေအာင္ ရွားေနလိမ့္မယ္။ အသက္႐ွဴတာေတာင္ ႐ွဴမွန္းမသိေအာင္ ၿငိမ္ေနလိမ့္မယ္”

“တင္ပါ့ ဘုရား”

“သိေနတဲ့ မွတ္စိတ္ကေတာ့ က်န္ေနေသး တယ္။ သိေနတာကိုပဲ သိတယ္၊ သိတယ္လို႕ မွတ္ လိုက္ရင္ ခႏၶာက ေပၚလာပါလိမ့္မယ္။ ခႏၶာကို ႐ႈမွတ္ေနတာကို ဒီလိုေလ့က်င့္ယူရမွာ”

“တင္ပါ့ ဘုရား”

“ခႏၶာကို ႐ႈမွတ္ရင္ သမာဓိ ေတြ႕ရၿပီး၊ တရား႐ႈမွတ္ရတာ ေကာင္းတယ္၊ ၿငိမ္းတယ္၊ ခ်မ္းသာတယ္လို႕ လာေတြ႕လိမ့္မယ္၊ ခ်မ္းသာရင္ လည္း ခ်မ္းသာတယ္လို႕မွတ္၊ ေအးခ်မ္းရင္လည္း ေအးခ်မ္းတယ္လို႕ မွတ္ရမွာ၊ ခႏၶာကို ဒကာႀကီး ေသေသခ်ာခ်ာ ျမင္ေအာင္႐ႈမွတ္ရမွာ”

“တင္ပါ့ ဘုရား”

“ခႏၶာက ႐ႈမွတ္ေနရင္ အ႐ႈမခံဘူး။ ခဏ ခဏ ေျပာင္းတယ္။ ပ်က္စီးသြားတာကို ျပလိမ့္မယ္။ ပ်က္ရင္လည္း ပ်က္တယ္လို႕ မွတ္ရမယ္။ ဒကာ ႀကီး နားလည္သလား”

“တင္ပါ့ ဘုရား”

“ဒကာႀကီး လက္ေတြ႕လုပ္ၾကည့္ရင္းနဲ႕ ဦးဇင္းေျပာတဲ့ တရားေတြ တစ္ခုၿပီး တစ္ခု ေပၚလာ လိမ့္မယ္၊ ဘာေပၚလာလာ သိတယ္၊ သိတယ္ ဆိုၿပီး မွတ္ေနပါ”

“ေနာက္ ဘာျဖစ္မွာလဲ ဘုရား”

“ခႏၶာကို ႐ႈဖန္မ်ားရင္ ခႏၶာရဲ႕ ျဖစ္/ပ်က္ကို ျမင္ရတာပဲ ဒကာႀကီး၊ ျဖစ္/ပ်က္ ျမင္ရင္ ဒကာႀကီး လက္ခေမာင္းခတ္ေတာ့။ ငါ ေသေပ်ာ္ၿပီလို႕ ႀကံဳးဝါး လိုက္ေတာ့”

“တင္ပါ့ ဘုရား”

“ျဖစ္/ပ်က္ ျမင္ရင္ ဒကာႀကီးသိတဲ့ အနိစၥ၊ ဒုကၡ၊ အနတၲ ဆိုတဲ့ လကၡဏာသံုးပါးနဲ႕ ထပ္ၾကည့္၊ လကၡဏာ သံုးပါးနဲ႕ တိုက္ၾကည့္လိုက္က ဘုရားေဟာတဲ့ တရား တကယ္မွန္တယ္ ဆိုတာ ကိုယ္ေတြ႕ သိလိမ့္မယ္။ ဒီအခ်ိန္မွာ ဒကာႀကီး ခႏၶာမွာ တရားကိန္းေနၿပီ၊ ဒကာႀကီးေသရင္ အပါယ္ မလားေတာ့ဘူး”

“တပည့္ေတာ္ အားရွိလိုက္တာ၊ ဒီတရားမ်ိဳး မနာဖူးဘူး ဘုရား”

“ကဲ တရားရွည္ရွည္ေဟာရင္ ဒကာႀကီး မမွတ္မိမွာစိုးလို႕ ဒီေလာက္ပဲေဟာမယ္၊ တရားကို အႏွစ္ခ်ဳပ္ရင္ (၁) အ႐ႈခံတရား၊ (၂) အ႐ႈဥာဏ္တရား ႏွစ္ပါးပဲ ရွိတယ္။ နားလည္တယ္ေနာ္”

“နားလည္ပါတယ္ ဘုရား”

“အ႐ႈခံဆိုတာ ခႏၶာကိုေျပာတာ၊ ဘယ္သူ႕ ခႏၶာလဲဆိုေတာ့ ကိုယ့္ခႏၶာ၊ ကိုယ့္ခႏၶာကို ကိုယ္တိုင္ ႐ႈမွတ္တာ၊ ကိုယ္တိုင္ၾကည့္တာ၊ ဒါ ဝိပႆနာလို႕ ေခၚတာ၊ ရွင္းၿပီေနာ္”

“တင္ပါ့ ဘုရား”

“ေရွ႕ခႏၶာ ေရွ႕စိတ္ကို ေနာက္စိတ္က သိ ေနတာ၊ ႐ႈမွတ္ရမွာလို႕ ေဟာတာ၊ ေရွ႕စိတ္ အ႐ႈခံနဲ႕ သိတဲ့ အ႐ႈÓာဏ္နဲ႕ ပစၥဳပၸန္တည့္တည့္မွာ ႐ႈမွတ္ရမွာ။ ဒီလိုခႏၶာကို ႐ႈမွတ္ရင္းနဲ႕ ခႏၶာရဲ႕ ျဖစ္/ပ်က္ကို ျမင္ လိမ့္မယ္။ ခႏၶာရဲ႕ ျဖစ္/ပ်က္ ျမင္ေအာင္႐ႈမွတ္ပါလို႕ ဦးဇင္းဟာခဲ့တာ ဒီေလာက္နဲ႕ တရားနားမယ္”

“သာဓု သာဓု သာဓု”

ဦးေအာင္ဆင္သည္ အိမ္အပ်က္ႀကီးကို ေသ ေသခ်ာခ်ာၾကည့္ၿပီး ငါ ဒီအိမ္ႀကီးကို စြဲေနတာ ငါ သိၿပီ။ ခုခ်ိန္က စၿပီး ဒီစြဲေနတဲ့အစြဲကို စြန္႕လႊတ္ လိုက္ၿပီဟု ဆံုးျဖတ္ခ်က္ခ်မွတ္လိုက္၏။ ငိုျခင္း၊ ပူေဆြးျခင္း မရွိေတာ့ဘဲ သူ႕အိမ္အသစ္သို႕ ေျပာင္း ေရႊ႕၍ ေနထိုင္ပါေတာ့သည္။ ဦးဇင္းေမာင္ဝင္း ေဟာ ၾကားေသာ တရားကို စဥ္းစားရင္း ငါေသရင္ ပါသြား မယ့္တရားကို အခုအခ်ိန္ကစၿပီး ႐ႈမွတ္ေတာ့မယ္ လို႕ ဆံုးျဖတ္ခ်က္ခ်မွတ္ပါေတာ့သည္။

ဦးေအာင္ဆင္သည္ ဝိပႆနာ ႐ႈမွတ္ပြား မ်ားျခင္းျဖင့္ ဒိ႒ိကို အပြားÓာဏ္ျဖင့္ ပယ္ေနျခင္း ျဖစ္ပါသည္။ အကယ္၍ ေသာတပတၲိမဂ္သို႕ ဆိုက္ ေရာက္ပါက ဒိ႒ိကို အၿပီးတိုင္ ပယ္သတ္ၿပီး ျဖစ္ ပါလိမ့္မယ္။ ဦးေအာင္ဆင္၏ အိမ္ေလးမွေပးေသာ တရားအား ပြားမ်ားျခင္းျဖင့္ တစ္မဂ္ တစ္ဖိုလ္ တည္ႏိုင္ၾကပါေစဟု ...။   

    

အဏၰ၀ါလႈိင္း

 

Share