အနောက်တိုင်း အတွေးအခေါ် ပညာရှင်ကြီး တစ်ဦးဖြစ်သူ ဖရင်ကလင်၏ အဆိုအမိန့်တချို့ကို တင်ပြလိုပေသည်။ အထူးသဖြင့် အလေ့အကျင့်နှင့် စပ်လျဉ်း၍ အခါမလပ်စေရန် သတိမူရမည့် အချက် အလက်များကြောင့်ပါပေ။ မိမိတို့အဖို့ အလုပ်တစ်ခု ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက် ချပြီးပြီ ဆိုပါက

အရေးကြီးဆုံးကဏ္ဍမှာ အလေ့အကျင့်ပဲ ဖြစ်သည်။ မိမိရည်မှန်းချက် ပေါက်မြောက် အောင် မြင်ရမည်ဟူသော စိတ်ဓာတ်ကို ခိုင်မာစွာ တည်ဆောက် လျက် မိမိကိုယ်မိမိ “အခါမလပ်” လေ့ကျင့်နေဖို့ လှုံ့ဆော်ပေးနေဖို့ပဲဖြစ်သည်။ ဖရင်ကလင်က -

“ယနေ့လုပ်ရန် လုပ်ငန်းရပ်ရှိပါက ယနေ့ပင် ပြီးပြတ်အောင်လုပ်ပါ။ အကြောင်းမူ မနက်ဖြန်၌ မည်သည့်ကိစ္စရပ်များပေါ်ပေါက်လာဦးမည်ကိုမသိနိုင် ၍ဖြစ်သည်”ဟုဆိုခဲ့သည်။ တစ်ဖန် -

“အလုပ်ခက်သော်လည်း စိတ်မပျက်ပါနှင့်၊ လက်မလျှော့ပါနှင့်၊ စွဲစွဲမြဲမြဲ ကြိုးစား၍လုပ်ပါ။ အ ကြောင်းသော်ကား စဉ်ဆက်မပြတ် တစ်စက်စက် ကျသော ရေစက်ငယ်သည် အောက်တွင်ခံထားသော အုတ်ကျောက်တို့အား နိမ့်စေ၊ ချိုင့်စေနိုင်ရုံမျှမက ကွဲအက်စေနိုင်၏။” 

ထိုနည်းတူပင် “ကြီးမားလှစွာသော သစ်ပင် ကြီးကိုလည်း တစ်ချက်ချင်း မှန်မှန် ခုတ်လှဲသည်ရှိ သော် မလွဲမသွေ လဲကျရမည်သာတည်း” ဟုဆို ထားသည်။ ထို့ပြင် -

“ဝီရိယစိုက်၍ ကြိုးပမ်းအားထုတ်ခြင်းသည် ကိစ္စရပ်များကို ပြီးမြောက်စေသည်။ စိတ်ပျက်အား လျော့ခြင်းသည် အလုပ်ကိစ္စဟူသမျှကို ကြီးလေး စေသည်”ဟု ဆိုပြန်သည်။

မှန်ပေသည်။ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယစိုက်မှုဟူသည် ကံကောင်းခြင်း၏ ရေသောက် မြစ်ပင် ဖြစ်သည်။ ဤ၌ မိမိတို့ သတိမူရမည်က ပျင်းရိခြင်းဖြစ်၏။ အကြောင်းမူ ပျင်းရိခြင်းသည် အလုပ်ကိုခက်ခဲစေပြီး ကြိုးစားအားထုတ်ခြင်းကမူ အလုပ်ကို လွယ်ကူစေသောကြောင့် ဖြစ်၏။ ထိုနည်း တူစွာ ပျင်းရိခြင်းက ဦးဆောင်သွားသည် ဆိုပါမူ ဆင်းရဲခြင်းသည် အနောက်မှ ဖြည်းဖြည်းချင်း ကပ် လျက် လိုက်ပါတတ်စမြဲ ဖြစ်ပေသည်။

မိမိတို့ကမ္ဘာလောကကြီး၌လူသေသော်လည်း နာမည်မသေသူတွေ ရှိခဲ့ကြ၏။ ကိုယ့်တိုင်းကိုယ့်နိုင်ငံ တွင်သာ မဟုတ်။ ကမ္ဘာတစ်ဝန်းကို ဖြန့်ကြက်ကာ နာမည်ကျော်ကြားခဲ့ကြ၏။ အကြောင်းမူကား အဆိုပါ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများသည် သာမန်လူများထက် မိမိတွင်ရှိသော စွမ်းအား၊ ရည်မှန်းချက်တို့ကို ထက် မြက်သွက်လက်လာအောင် အခါမလပ် လေ့ကျင့် ပျိုး ထောင်ရင်း တော်တည့်မှန်ကန်စွာ အကောင်အ ထည် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေဘဲ သမိုင်းဝင်၊ သမိုင်းတွင် ကာ အောင်မြင်မှု သရဖူကို ဆောင်းခဲ့ကြသည်  မဟုတ်ပါလော။

ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာပတ်သည် “လောက၌ မဖြစ်နိုင်ဆိုသောစကားလုံးသည် ကျွန်ုပ်၏ အဘိဓာန်၌မရှိ”ဟု ဆိုခဲ့သည်။ ဆိုခဲ့သည့်အတိုင်း လည်း ၎င်းင်းမှာ အခါမလပ် စွမ်းဆောင်ကြိုးပမ်းခဲ့ သည်။ 

အမြောက်တပ်၌ သာမန်တပ်ကြပ်ကလေး ဘဝမှသည် ပြင်သစ်နိုင်ငံ၏ အင်ပါယာ အရှင်သခင် ဧကရာဇ်ဘဝသို့ ရောက်ရှိခဲ့ပြီး ဥရောပတစ်ခွင်လုံး ပြားပြားဝပ်မျှ ၎င်းအား ကြောက်ရွံ့ဦးညွှတ်ကြရသည့် ဘဝအခြေ အနေသို့ ရောက်ရှိခဲ့ခြင်းမှာ တော်ရုံ အစွမ်းသတ္တိ၊ လုံ့လ ဥဿဟမဟုတ်ပေ။ ဆုံးဖြတ် ချက်တစ်ခုကို ချလိုက်ပြီဆိုသည်နှင့် ထိုဆုံးဖြတ်ချက် အောင်မြင်ရမည်ဟူ၍ အောင်စိတ်ကို မွေးမြူကာ အခါမလပ် အားထုတ်ခြင်း ဖြစ်ပေ၏။

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း ဆိုလျှင်လည်း ထို့အတူပါပေ။ ငယ်စဉ်က အတန်းထဲတွင် Óာဏ်ထိုင်းသူဟု သတ်မှတ်ခံခဲ့ရ၏။ အသက် ၁၅ နှစ်အရွယ်တွင် မိဘများစီးပွားပျက် သည့်အတွက် အလုပ်ထွက်လုပ်ခဲ့ရပြီး ဘဝကို ပင် ပန်းစွာ ဖြတ်သန်းခဲ့ရ၏။ သို့ပါသော်ငြား မည်သည့် အခက်အခဲ အတားအဆီးကမျှ ၎င်းင်း၏ယုံကြည်ချက် ဆန္ဒကိုမပြိုလဲစေနိုင်၏။ ၎င်းင်း၏ဆုံးဖြတ်ချက် အတိုင်း မမှိတ်မသုန် ကြိုးစားခဲ့သည့်အတွက် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဘဝသို့ရောက်ရှိခဲ့ရသည် မဟုတ်ပါ လော။

သည်တော့ အလုပ်လုပ်ရန် မွေးဖွား လာသော လူသားမှန်သမျှ လူပေါ်လူ ဇော်ဖြစ်နိုင်ဖို့အရေး အလုပ်လုပ်ရာ ဝယ်အခါမလပ်ဖို့သတိပြုသင့်ပေသည်။

 

နန္ဒမိုးကြယ်

zawgyi version

အခါမလပ္ပါေစႏွင့္

-နႏၵာမုိးၾကယ္-

*******************

 

အေနာက္တိုင္း အေတြးအေခၚ ပညာရွင္ႀကီး တစ္ဦးျဖစ္သူ ဖရင္ကလင္၏ အဆိုအမိန္႔႔တခ်ဳိ႕ကို တင္ျပလိုေပသည္။ အထူးသျဖင့္ အေလ့အက်င့္ႏွင့္ စပ္လ်ဥ္း၍ အခါမလပ္ေစရန္ သတိမူရမည့္ အခ်က္ အလက္မ်ားေၾကာင့္ပါေပ။ မိမိတို႔အဖို႔ အလုပ္တစ္ခု ကို အေကာင္အထည္ေဖာ္ရန္ ဆံုးျဖတ္ခ်က္ ခ်ၿပီးၿပီ ဆိုပါက အေရးႀကီးဆံုးက႑မွာ အေလ့အက်င့္ပဲ ျဖစ္သည္။ မိမိရည္မွန္းခ်က္ ေပါက္ေျမာက္ ေအာင္ ျမင္ရမည္ဟူေသာ စိတ္ဓာတ္ကို ခိုင္မာစြာ တည္ေဆာက္ လ်က္ မိမိကိုယ္မိမိ “အခါမလပ္” ေလ့က်င့္ေနဖို႔ လႈံ႕ေဆာ္ေပးေနဖို႔ပဲျဖစ္သည္။ ဖရင္ကလင္က -

“ယေန႔လုပ္ရန္ လုပ္ငန္းရပ္ရွိပါက ယေန႔ပင္ ၿပီးျပတ္ေအာင္လုပ္ပါ။ အေၾကာင္းမူ မနက္ျဖန္၌ မည္သည့္ကိစၥရပ္မ်ားေပၚေပါက္လာဦးမည္ကိုမသိႏိုင္ ၍ျဖစ္သည္”ဟုဆိုခဲ့သည္။ တစ္ဖန္ -

“အလုပ္ခက္ေသာ္လည္း စိတ္မပ်က္ပါႏွင့္၊ လက္မေလွ်ာ့ပါႏွင့္၊ စြဲစြဲၿမဲၿမဲ ႀကိဳးစား၍လုပ္ပါ။ အ ေၾကာင္းေသာ္ကား စဥ္ဆက္မျပတ္ တစ္စက္စက္ က်ေသာ ေရစက္ငယ္သည္ ေအာက္တြင္ခံထားေသာ အုတ္ေက်ာက္တို႔အား နိမ့္ေစ၊ ခ်ဳိင့္ေစႏိုင္႐ံုမွ်မက ကြဲအက္ေစႏိုင္၏။” 

ထိုနည္းတူပင္ “ႀကီးမားလွစြာေသာ သစ္ပင္ ႀကီးကိုလည္း တစ္ခ်က္ခ်င္း မွန္မွန္ ခုတ္လွဲသည္ရွိ ေသာ္ မလြဲမေသြ လဲက်ရမည္သာတည္း” ဟုဆို ထားသည္။ ထို႔ျပင္ -

“၀ီရိယစိုက္၍ ႀကိဳးပမ္းအားထုတ္ျခင္းသည္ ကိစၥရပ္မ်ားကို ၿပီးေျမာက္ေစသည္။ စိတ္ပ်က္အား ေလ်ာ့ျခင္းသည္ အလုပ္ကိစၥဟူသမွ်ကို ႀကီးေလး ေစသည္”ဟု ဆိုျပန္သည္။

မွန္ေပသည္။ ႀကိဳးစားအားထုတ္မႈ လံု႔လ ၀ီရိယစိုက္မႈဟူသည္ ကံေကာင္းျခင္း၏ ေရေသာက္ ျမစ္ပင္ ျဖစ္သည္။ ဤ၌ မိမိတို႔ သတိမူရမည္က ပ်င္းရိျခင္းျဖစ္၏။ အေၾကာင္းမူ ပ်င္းရိျခင္းသည္ အလုပ္ကိုခက္ခဲေစၿပီး ႀကိဳးစားအားထုတ္ျခင္းကမူ အလုပ္ကို လြယ္ကူေစေသာေၾကာင့္ ျဖစ္၏။ ထိုနည္း တူစြာ ပ်င္းရိျခင္းက ဦးေဆာင္သြားသည္ ဆိုပါမူ ဆင္းရဲျခင္းသည္ အေနာက္မွ ျဖည္းျဖည္းခ်င္း ကပ္ လ်က္ လိုက္ပါတတ္စၿမဲ ျဖစ္ေပသည္။

မိမိတို႔ကမၻာေလာကႀကီး၌လူေသေသာ္လည္း နာမည္မေသသူေတြ ရွိခဲ့ၾက၏။ ကိုယ့္တိုင္းကိုယ့္ႏိုင္ငံ တြင္သာ မဟုတ္။ ကမၻာတစ္၀န္းကို ျဖန္႔ၾကက္ကာ နာမည္ေက်ာ္ၾကားခဲ့ၾက၏။ အေၾကာင္းမူကား အဆိုပါ ကမၻာေက်ာ္ပုဂၢိဳလ္ႀကီးမ်ားသည္ သာမန္လူမ်ားထက္ မိမိတြင္ရွိေသာ စြမ္းအား၊ ရည္မွန္းခ်က္တို႔ကို ထက္ ျမက္သြက္လက္လာေအာင္ အခါမလပ္ ေလ့က်င့္ ပ်ဳိး ေထာင္ရင္း ေတာ္တည့္မွန္ကန္စြာ အေကာင္အ ထည္ ေဖာ္ေဆာင္ႏိုင္ခဲ့သည့္အတြက္ ကမၻာေက် ေသာ္လည္း ဥဒါန္းမေက်ဘဲ သမိုင္း၀င္၊ သမိုင္းတြင္ ကာ ေအာင္ျမင္မႈ သရဖူကို ေဆာင္းခဲ့ၾကသည္  မဟုတ္ပါေလာ။

ျပင္သစ္ဧကရာဇ္ နပိုလီယံဘိုနာပတ္သည္ “ေလာက၌ မျဖစ္ႏိုင္ဆိုေသာစကားလံုးသည္ ကြၽႏု္ပ္၏ အဘိဓာန္၌မရွိ”ဟု ဆိုခဲ့သည္။ ဆိုခဲ့သည့္အတိုင္း လည္း ၎င္းမွာ အခါမလပ္ စြမ္းေဆာင္ႀကိဳးပမ္းခဲ့ သည္။ 

အေျမာက္တပ္၌ သာမန္တပ္ၾကပ္ကေလး ဘ၀မွသည္ ျပင္သစ္ႏိုင္ငံ၏ အင္ပါယာ အရွင္သခင္ ဧကရာဇ္ဘ၀သို႔ ေရာက္ရွိခဲ့ၿပီး ဥေရာပတစ္ခြင္လံုး ျပားျပား၀ပ္မွ် ၎အား ေၾကာက္ရြံ႕ဦးညႊတ္ၾကရသည့္ ဘ၀အေျခ အေနသို႔ ေရာက္ရွိခဲ့ျခင္းမွာ ေတာ္႐ံု အစြမ္းသတၱိ၊ လံု႔လ ဥႆဟမဟုတ္ေပ။ ဆံုးျဖတ္ ခ်က္တစ္ခုကို ခ်လိုက္ၿပီဆိုသည္ႏွင့္ ထိုဆံုးျဖတ္ခ်က္ ေအာင္ျမင္ရမည္ဟူ၍ ေအာင္စိတ္ကို ေမြးျမဴကာ အခါမလပ္ အားထုတ္ျခင္း ျဖစ္ေပ၏။

ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီး အဲလ္ဘတ္ အိုင္စတိုင္း ဆိုလွ်င္လည္း ထို႔အတူပါေပ။ ငယ္စဥ္က အတန္းထဲတြင္ Óာဏ္ထိုင္းသူဟု သတ္မွတ္ခံခဲ့ရ၏။ အသက္ ၁၅ ႏွစ္အရြယ္တြင္ မိဘမ်ားစီးပြားပ်က္ သည့္အတြက္ အလုပ္ထြက္လုပ္ခဲ့ရၿပီး ဘ၀ကို ပင္ ပန္းစြာ ျဖတ္သန္းခဲ့ရ၏။ သို႔ပါေသာ္ျငား မည္သည့္ အခက္အခဲ အတားအဆီးကမွ် ၎င္း၏ယံုၾကည္ခ်က္ ဆႏၵကိုမၿပိဳလဲေစႏိုင္၏။ ၎င္း၏ဆံုးျဖတ္ခ်က္ အတိုင္း မမွိတ္မသုန္ ႀကိဳးစားခဲ့သည့္အတြက္ ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီး ဘ၀သို႔ေရာက္ရွိခဲ့ရသည္ မဟုတ္ပါ ေလာ။

သည္ေတာ့ အလုပ္လုပ္ရန္ ေမြးဖြား လာေသာ လူသားမွန္သမွ် လူေပၚလူ ေဇာ္ျဖစ္ႏိုင္ဖို႔အေရး အလုပ္လုပ္ရာ ၀ယ္အခါမလပ္ဖို႔သတိျပဳသင့္ေပသည္။

 

နႏၵမိုးၾကယ္

Share