ဆရာကြီးမယား စုန်းမ

ကျော်သန်း(တိုင်းရင်းဆေး)

ရှေးရှေးတုန်းက ပြောစဉ်အရ ခုနစ်အိမ်မှာ စုန်းမတစ်ယောက်ရှိတယ်ဟူ၍ ရှေးလူကြီးသူမတို့ရဲ့ ပြောစကားအရသိရတယ်။ အချို့က ရွာတည်ရာ၌ စုန်းမ မပါရင် ရွာတည်လို့မရဘူးဟူ၍လည်း ပြောဆို ကြတယ်။ ဟုတ်မဟုတ်ကတော့ မည်သူမျှ တိတိ ကျကျ ပြောရန် ခက်ခဲပါလိမ့်မယ်။  

တစ်နေ့တွင် မြောက်ဒဂုံ (၃၃)ရပ်ကွက် မစိုး ရိမ်ကျောင်းတိုက်သို့ ယောဒေသမှ ပရိယတ္တိကျမ်း ဂန်သင်ကြားနေတဲ့ ဦးပဥ္ဇင်းတစ်ပါးဟာ

မြောက်ဒဂုံ ၃၂ ရပ်ကွက်အိမ်သို့ မကြာခဏ <ကရောက်ပြီး ဖုန်း လာဆက်ပါတယ်။ အိမ်ရှင်ဒကာကြီးနဲ့ စကားစမြည် ပြော၍ အေးဖျော်ကပ်လေ့ရှိတယ်။ တဖြည်းဖြည်း ဦးပဥ္ဇင်းနဲ့ ရင်းနှီးကျွမ်းဝင်သွားပါတယ်။ 

“သည်အခါ အရှင်ဘုရား တပည့်တော်ကြား ဖူးနားဝရှိတဲ့ စကားတစ်ခုရှိပါတယ်။ အဲဒီစကားကို အရှင်ဘုရား ကြားဖူးနားဝရှိပါက တပည့်တော်ကိုု အမိန့်ရှိပါဦး ဘုရား”

“ဒကာကြီး ဘာတွေလျှောက်ထားချင်လို့လဲ    ရှင်းစမ်းပါဦး”

“ခုနစ်အိမ် စုန်းမတစ်ယောက်ရှိတယ်လို့ ကြားဖူးပါတယ်။ အချို့က ရွာတည်ရင် စုန်းမ မပါက ရွာတည်လို့ မရဘူးဆိုကြပါတယ်။ ဟုတ်ပါသလား။ ဘုရားတပည့်တော်အနေနဲ့ အဲဒီဆိုရိုးစကားကို ဘိုးစဉ် ဘောင်ဆက် လက်ထက်ကပင် ဆင်းသက်လာ ကြောင်း ကြားသိခဲ့ရဖူးပါတယ်”

“ဒကာကြီး ရှေးလူကြီးတွေရဲ့ ဆိုရိုးစကား တွေက အများကြီးရှိတယ်။ တစ်ခုကိုပြောပြမယ်။ ဥပမာ ခုနစ်အိမ်မှာ စုန်းမတစ်ယောက်ရှိတယ်။ စုန်းမ မပါရင် ရွာတည်လို့မရဘူးဆိုတဲ့ စကားတွေဟာ ဘယ်က ဘယ်လိုပေါ်ပေါက်လာမှန်းလဲ မသိဘူး။ ပြောပြရမှာ အတော်ခက်တယ်။ စုန်းမ၊ အောက် လမ်း၊ အထက်လမ်း၊ အစိမ်းသရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေဟာ ရှိနေကြတယ်ဆိုတာကို ဦးပဥ္ဇင်းတို့ ဒကာကြီးတို့ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတယ်။ 

ဦးပဥ္ဇင်းနဲ့ ဒကာကြီးတို့ ရှေးဟောင်းဖြစ် အောက်မေ့ဖွယ်အကြောင်းအရာတို့ကို ဆွေးနွေးပြော ဆိုနေကြတယ်။ 

“အရှင်ဘုရားတပည့်တော် ပခုက္ကူမှာ အစိုး ရ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယော ဒေသ၊ ဂန့်ဂေါ၊ ထီးလင်းတို့ကို ရောက်ဖူးခဲ့တယ်။ ယောဒေသ၌ ဆေးဆရာသွားပင့်ရာတွင် ဆရာကြီး က မင်းတို့ လူနာအိမ်ကို ငါတို့ပြောထားခဲ့ပါ။ ငါနောက်က လိုက်လာခဲ့မယ်။ မင်းတို့ရှေ့ကသွားကြ ပါဟု ပြောလွှတ်လိုက်တယ်။ ဆရာကြီးက အရင် ရောက် နေပြီးလူနာကို ဆေးဝါးကုသပြီး၍ လူနာက ထထိုင်နေတယ်။ ဆရာလာပင့်သူတွေ ရောက်လာ ကြတဲ့အခါ ဆရာကြီး သူတို့ အရင်ရောက်နေရာ အံ့အားသင့်နေကြတယ်။ အဲဒီလိုယောဒေသမှ ဆရာ တွေ စွမ်းပကားမှာ ပြောမကုန်နိုင်ကြားခဲ့ရဖူးပါတယ်။ အဲဒီလောက်ထိ အစွမ်းထက်မြက်ကြပါသလား ဘုရား”

“ဒကာကြီး လက်လှည့်မျက်လှည့်၊ နဝလှည့်  ပဥ္စလက်ဟူ၍ လောကီပညာမှာ အများကြီးရှိတယ်။ စုန်းမများ အိမ်မိုးထားတဲ့ တံစက်မြိတ်ချိုးပြီး ရေအင် တုံထဲထည့်လိုက်ပါက ငါးကလေး ဖြစ်သွားဆိုတာ ကြားဖူးမှာပေါ့။ ဆေးဆရာကြီးတွေမှာလည်း သူ့ နည်းနဲ့သူ ရှိကြမှာပေါ့”

“မှန်ပါ့ သဘောပေါက်ပါပြီ ဘုရား”

ဦးပဥ္ဇင်းက ပါးစပ် အာခြောက်သွားဟန်နဲ့တူ တယ်။ အနားရှိ အအေးဖန်ခွက်ကောက်၍ သောက် လိုက်တယ်။ 

ဆရာကြီး ဦးကျော်မြခေါင်ဟာ ဗိန္ဓော၊ ပယောဂ၊ အောက်လမ်း၊ အထက်လမ်းစွယ်စုံ ပြည့်စုံ သူတစ်ဦး ဖြစ်တယ်။ တစ်နယ်လုံးရှိ တပည့်တပန်း များဟာ သူ့တပည့်ချည်း ဖြစ်ကြတယ်။

ဆရာကြီးဟာ မကောင်းဆိုးဝါးဖြစ်တဲ့ တစ် နယ်လုံးရှိ စုန်းမများကို ရှင်းလင်းသုတ်သင်ခဲ့တာ ပရိစ္ဆေဒကြာခဲ့ပြီ ဖြစ်တယ်။ ဒါကြောင့် တစ်နေ့တွင် သူ့တပည့်မောင်တက်သူကို ခေါ်၍ တောထဲတစ်နေ ရာသို့ သွားရောက်ကြတယ်။ 

“မောင်တက်တူ ... ထင်းခြောက်တွေ လူ တစ်ရပ် နီးပါးခန့် ရှာဖွေစုဆောင်းပါကွ”

“ဟုတ်ကဲ့ ဆရာကြီး”

မောင်တက်လူက ထင်းခြောက်တွေရှာဖွေ၍ တစ်နေရာထဲတွင် စုဆောင်းရာ တစ်နာရီခန့်အကြာ မှာ လူတစ်ယောက်ခန့်မြင့်တဲ့ ထင်းခြောက်ပုံကြီး ရရှိခဲ့တယ်။ 

“ဆရာကြီး ထင်းခြောက်ပုံကြီးရပါပြီ ဆရာ ကြီး”

“အဲ ထင်းခြောက်ပုံကို မီးနဲ့ရှို့လိုက်ကွာ”

“ဟုတ်ကဲ့ ဆရာကြီး”

မီးပုံအရှိန်ရလာတဲ့အခါ ဆရာကြီးဦးကျော် မြခေါင်ဟာ စုန်းလာဂါထာမန်း၍ မြေကြီးကို ဖနောင့် နဲ့ သုံးကြိမ်ဆောင့်လိုက်တဲ့အခါ စုန်းမတစ်ယောက် ပြေးလာပြီး မီးပုံထဲသို့ ခုန်ချလိုက်တယ်။ အဲဒီနောက် တစ်ယောက်စီ နာရီဝက်အတွင်းရောက်လာပြီး မီးပုံ ထဲကို အသီးသီးခုန်ချသွားကြတယ်။ 

ခုနစ်ယောက်မြောက် ပြေးလာသူ စုန်းမက ဆရာကြီးဦးကျော်ခေါင်ရဲ့ ဇနီးဖြစ်နေတယ်။ မောင် တက်လူက ဆရာကြီးကတော်ဖြစ်ကြောင်းကို ဆရာ ကြီးအား ပြောပြလိုက်တယ်။ 

“ဆရာကြီး အခုပြေးလာတဲ့မိန်းမက ဆရာ ကတော် ဖြစ်နေတယ်”

ဆရာကြီးက အိမ်ထဲရှိဣစ္ဆာသယဆေးသုံး လုံးနှိုက်ယူလိုက်ပြီး မောင်တက်လူကို ပေးလိုက်တယ်။

“ငါမီးပုံထဲ ခုန်ချလိုက်မယ်။ မင်းလက်ထဲရှိ ဆေးသုံးလုံးကို တစ်လုံးပြီးတစ်လုံး ပစ်ပေါက်ပါ”

“ဟုတ်ကဲ့ ဆရာကြီး”

အဲဒီနောက် ဆရာကြီးဦးကျော်မြခေါင်ဟာ မီးပုံထဲခုန်ချလိုက်ပြီး မောင်တက်တူကလည်း ဆေး သုံးလုံးကို တစ်လုံးပြီးတစ်လုံး ပစ်ပေါက်လိုက်တယ်။ မီးပုံကြီးကလည်း ဟုန်းခနဲအသံမြည်ပြီး မီးလုံးကြီး အပေါ်သို့ မြင့်တက်ကာ တောက်လောက်၍ သူ့အလို လို မီးငြိမ်းသွားတယ်။ ဆရာကြီးကတော်ကလည်း မီးပုံအနားသို့ ရောက်လာတယ်။ 

ဆရာကြီးကတော် ဒေါ်နန်းကျော့ဟာ သူ့ ယောကျ်ားဆရာကြီး မီးပုံထဲခုန်ချသွားသဖြင့် ၀မ်း နည်းပက်လက်ဖြစ်ကာ မီးပုံအနားထိုင်၍ မျက်ရည် စက်လက်နဲ့ ဟီးထိုင်ငိုပွဲဆင်နေပါတော့တယ်။ ဆရာ ကြီးဦးကျော်မြခေါင်ကလည်း မသေပါဘူး။ ဇနီး မောင်နှံနှစ်ယောက်အတူ ပြန်သွားကြတယ်လို့ ဆို ပါတယ်။ 

 

ကျော်သန်း(တိုင်းရင်းဆေး)

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဆရာဦးကျော်သန်း(တိုင်းရင်းဆေး)၏စာမူပါ အကြောင်းအရာများမှာ ကိုယ်တွေ့ဖြစ်ရပ်မှန်များ မဟုတ်သော်လည်း ရှေးလူကြီးသူမများ၏အဆိုအမိန့် များကို တင်ပြထားခြင်းဖြစ်သဖြင့် စာဖတ်သူများ ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။ 

ရွာတစ်ရွာတွင် ခုနစ်အိမ် စုန်းမတစ်ယောက် ရှိတယ်ဆိုသော ဆိုရိုးစကား၊ စုန်းမ မပါက ရွာတည် လို့မရဟူသော စကားများမှာ ရှေးလူကြီးသူမများ ပြော ကြားခဲ့ကြသည့် စကားများဖြစ်သည်။ 

ယခုအခါ ထိုစကားများကို အမှန်ယူ၍မရ တော့ပါ။ ကာလရွေ့လျောလာသည်က တစ်ကြောင်း၊ ခေတ်ကာလပြောင်းလဲလာသည်က တစ်ကြောင်း ကြောင့် လူကြီးသူမတို့ စကားပျက်ပြယ်သွားခဲ့ပြီဟု ယူဆရပေ သည်။ စင်စစ်တွင် စုန်းကဝေ မြေဖုတ်ဘီလူး စသော မကောင်းဆိုးဝါးများသည် အောက်လမ်း ပညာရပ်နှင့် ဆက်နွှယ်သော ပုဂ္ဂိုလ်များသာ ဖြစ် သည်။ တကယ်ရှိသည် မရှိသည်ကိုအငြင်းမပွားလို ပေ။ ထိုပုဂ္ဂိုလ်များသည် လူတို့အား ကောင်းကျိုးပေး နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်ပါ။ 

ထို့ကြောင့် ဘုရား တရားသံဃာတည်းဟူသော ရတနာသုံးပါးကို ဦးထိပ်ထားသူ ယုံကြည်ကိုးစားသူများ အနေဖြင့် ဂရုစိုက် စရာမလိုသလို ကြောက်စရာလည်း မလိုအပ်ပါ။ အကုသိုလ်အလုပ်ကိုရှောင်ရှား၍ ကုသိုလ် ကောင်းမှုကို ပေးဝေခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်လျှင် မကောင်းဆိုးဝါးများအနေဖြင့် ဖမ်းစားခြင်း ပြုစားခြင်း စသော ဘေးအန္တရာယ်များမှ ကင်းဝေးမည်သာ ဖြစ် ကြောင်း ဆိုချင်ပါသည်။                                                                                                           

ဒိဗ္ဗာန်(ဂမ္ဘီရ)

 

zawgyi version

ဆရာႀကီးမယား စုန္းမ

ေက်ာ္သန္း(တိုင္းရင္းေဆး)

ေရွးေရွးတုန္းက ေျပာစဥ္အရ ခုနစ္အိမ္မွာ စုန္းမတစ္ေယာက္ရွိတယ္ဟူ၍ ေရွးလူႀကီးသူမတို႔ရဲ႕ ေျပာစကားအရသိရတယ္။ အခ်ဳိ႕က ရြာတည္ရာ၌ စုန္းမ မပါရင္ ရြာတည္လို႔မရဘူးဟူ၍လည္း ေျပာဆို ၾကတယ္။ ဟုတ္မဟုတ္ကေတာ့ မည္သူမွ် တိတိ က်က် ေျပာရန္ ခက္ခဲပါလိမ့္မယ္။ 

တစ္ေန႔တြင္ ေျမာက္ဒဂံု (၃၃)ရပ္ကြက္ မစိုး ရိမ္ေက်ာင္းတိုက္သို႔ ေယာေဒသမွ ပရိယတၱိက်မ္း ဂန္သင္ၾကားေနတဲ့ ဦးပဥၨင္းတစ္ပါးဟာ ေျမာက္ဒဂံု ၃၂ ရပ္ကြက္အိမ္သို႔ မၾကာခဏ <ကေရာက္ၿပီး ဖုန္း လာဆက္ပါတယ္။ အိမ္ရွင္ဒကာႀကီးနဲ႔ စကားစျမည္ ေျပာ၍ ေအးေဖ်ာ္ကပ္ေလ့ရွိတယ္။ တျဖည္းျဖည္း ဦးပဥၨင္းနဲ႔ ရင္းႏွီးကြၽမ္း၀င္သြားပါတယ္။ 

“သည္အခါ အရွင္ဘုရား တပည့္ေတာ္ၾကား ဖူးနား၀ရွိတဲ့ စကားတစ္ခုရွိပါတယ္။ အဲဒီစကားကို အရွင္ဘုရား ၾကားဖူးနား၀ရွိပါက တပည့္ေတာ္ကိုု အမိန္႔ရွိပါဦး ဘုရား”

“ဒကာႀကီး ဘာေတြေလွ်ာက္ထားခ်င္လို႔လဲ    ရွင္းစမ္းပါဦး”

“ခုနစ္အိမ္ စုန္းမတစ္ေယာက္ရွိတယ္လို႔ ၾကားဖူးပါတယ္။ အခ်ဳိ႕က ရြာတည္ရင္ စုန္းမ မပါက ရြာတည္လို႔ မရဘူးဆိုၾကပါတယ္။ ဟုတ္ပါသလား။ ဘုရားတပည့္ေတာ္အေနနဲ႔ အဲဒီဆို႐ိုးစကားကို ဘိုးစဥ္ ေဘာင္ဆက္ လက္ထက္ကပင္ ဆင္းသက္လာ ေၾကာင္း ၾကားသိခဲ့ရဖူးပါတယ္”

“ဒကာႀကီး ေရွးလူႀကီးေတြရဲ႕ ဆို႐ိုးစကား ေတြက အမ်ားႀကီးရွိတယ္။ တစ္ခုကိုေျပာျပမယ္။ ဥပမာ ခုနစ္အိမ္မွာ စုန္းမတစ္ေယာက္ရွိတယ္။ စုန္းမ မပါရင္ ရြာတည္လို႔မရဘူးဆိုတဲ့ စကားေတြဟာ ဘယ္က ဘယ္လိုေပၚေပါက္လာမွန္းလဲ မသိဘူး။ ေျပာျပရမွာ အေတာ္ခက္တယ္။ စုန္းမ၊ ေအာက္ လမ္း၊ အထက္လမ္း၊ အစိမ္းသရဲ၊ တေစၦ၊ ဖုတ္၊ ၿပိတၱာေတြဟာ ရွိေနၾကတယ္ဆိုတာကို ဦးပဥၨင္းတို႔ ဒကာႀကီးတို႔ ဗုဒၶဘာသာ၀င္ေတြယံုၾကည္ၾကတယ္။ 

ဦးပဥၨင္းနဲ႔ ဒကာႀကီးတို႔ ေရွးေဟာင္းျဖစ္ ေအာက္ေမ့ဖြယ္အေၾကာင္းအရာတို႔ကို ေဆြးေႏြးေျပာ ဆိုေနၾကတယ္။ 

“အရွင္ဘုရားတပည့္ေတာ္ ပခုကၠဴမွာ အစိုး ရ ၀န္ထမ္းအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့စဥ္က ေယာ ေဒသ၊ ဂန္႔ေဂါ၊ ထီးလင္းတို႔ကို ေရာက္ဖူးခဲ့တယ္။ ေယာေဒသ၌ ေဆးဆရာသြားပင့္ရာတြင္ ဆရာႀကီး က မင္းတို႔ လူနာအိမ္ကို ငါတို႔ေျပာထားခဲ့ပါ။ ငါေနာက္က လိုက္လာခဲ့မယ္။ မင္းတို႔ေရွ႕ကသြားၾက ပါဟု ေျပာလႊတ္လိုက္တယ္။ ဆရာႀကီးက အရင္ ေရာက္ ေနၿပီးလူနာကို ေဆး၀ါးကုသၿပီး၍ လူနာက ထထိုင္ေနတယ္။ ဆရာလာပင့္သူေတြ ေရာက္လာ ၾကတဲ့အခါ ဆရာႀကီး သူတို႔ အရင္ေရာက္ေနရာ အံ့အားသင့္ေနၾကတယ္။ အဲဒီလိုေယာေဒသမွ ဆရာ ေတြ စြမ္းပကားမွာ ေျပာမကုန္ႏိုင္ၾကားခဲ့ရဖူးပါတယ္။ အဲဒီေလာက္ထိ အစြမ္းထက္ျမက္ၾကပါသလား ဘုရား”

“ဒကာႀကီး လက္လွည့္မ်က္လွည့္၊ န၀လွည့္  ပဥၥလက္ဟူ၍ ေလာကီပညာမွာ အမ်ားႀကီးရွိတယ္။ စုန္းမမ်ား အိမ္မိုးထားတဲ့ တံစက္ၿမိတ္ခ်ဳိးၿပီး ေရအင္ တံုထဲထည့္လုိက္ပါက ငါးကေလး ျဖစ္သြားဆိုတာ ၾကားဖူးမွာေပါ့။ ေဆးဆရာႀကီးေတြမွာလည္း သူ႕ နည္းနဲ႔သူ ရွိၾကမွာေပါ့”

“မွန္ပါ့ သေဘာေပါက္ပါၿပီ ဘုရား”

ဦးပဥၨင္းက ပါးစပ္ အာေျခာက္သြားဟန္နဲ႔တူ တယ္။ အနားရွိ အေအးဖန္ခြက္ေကာက္၍ ေသာက္ လိုက္တယ္။ 

ဆရာႀကီး ဦးေက်ာ္ျမေခါင္ဟာ ဗိေႏၶာ၊ ပေယာဂ၊ ေအာက္လမ္း၊ အထက္လမ္းစြယ္စံု ျပည့္စံု သူတစ္ဦး ျဖစ္တယ္။ တစ္နယ္လံုးရွိ တပည့္တပန္း မ်ားဟာ သူ႕တပည့္ခ်ည္း ျဖစ္ၾကတယ္။

ဆရာႀကီးဟာ မေကာင္းဆိုး၀ါးျဖစ္တဲ့ တစ္ နယ္လံုးရွိ စုန္းမမ်ားကို ရွင္းလင္းသုတ္သင္ခဲ့တာ ပရိေစၦဒၾကာခဲ့ၿပီ ျဖစ္တယ္။ ဒါေၾကာင့္ တစ္ေန႔တြင္ သူ႕တပည့္ေမာင္တက္သူကို ေခၚ၍ ေတာထဲတစ္ေန ရာသို႔ သြားေရာက္ၾကတယ္။ 

“ေမာင္တက္တူ ... ထင္းေျခာက္ေတြ လူ တစ္ရပ္ နီးပါးခန္႔ ရွာေဖြစုေဆာင္းပါကြ”

“ဟုတ္ကဲ့ ဆရာႀကီး”

ေမာင္တက္လူက ထင္းေျခာက္ေတြရွာေဖြ၍ တစ္ေနရာထဲတြင္ စုေဆာင္းရာ တစ္နာရီခန္႔အၾကာ မွာ လူတစ္ေယာက္ခန္႔ျမင့္တဲ့ ထင္းေျခာက္ပံုႀကီး ရရွိခဲ့တယ္။ 

“ဆရာႀကီး ထင္းေျခာက္ပံုႀကီးရပါၿပီ ဆရာ ႀကီး”

“အဲ ထင္းေျခာက္ပံုကို မီးနဲ႔႐ႈိ႕လိုက္ကြာ”

“ဟုတ္ကဲ့ ဆရာႀကီး”

မီးပံုအရွိန္ရလာတဲ့အခါ ဆရာႀကီးဦးေက်ာ္ ျမေခါင္ဟာ စုန္းလာဂါထာမန္း၍ ေျမႀကီးကုိ ဖေနာင့္ နဲ႔ သံုးႀကိမ္ေဆာင့္လိုက္တဲ့အခါ စုန္းမတစ္ေယာက္ ေျပးလာၿပီး မီးပံုထဲသို႔ ခုန္ခ်လိုက္တယ္။ အဲဒီေနာက္ တစ္ေယာက္စီ နာရီ၀က္အတြင္းေရာက္လာၿပီး မီးပံု ထဲကို အသီးသီးခုန္ခ်သြားၾကတယ္။ 

ခုနစ္ေယာက္ေျမာက္ ေျပးလာသူ စုန္းမက ဆရာႀကီးဦးေက်ာ္ေခါင္ရဲ႕ ဇနီးျဖစ္ေနတယ္။ ေမာင္ တက္လူက ဆရာႀကီးကေတာ္ျဖစ္ေၾကာင္းကို ဆရာ ႀကီးအား ေျပာျပလိုက္တယ္။ 

“ဆရာႀကီး အခုေျပးလာတဲ့မိန္းမက ဆရာ ကေတာ္ ျဖစ္ေနတယ္”

ဆရာႀကီးက အိမ္ထဲရွိဣစၦာသယေဆးသံုး လံုးႏႈိက္ယူလိုက္ၿပီး ေမာင္တက္လူကို ေပးလိုက္တယ္။

“ငါမီးပံုထဲ ခုန္ခ်လိုက္မယ္။ မင္းလက္ထဲရွိ ေဆးသံုးလံုးကို တစ္လံုးၿပီးတစ္လံုး ပစ္ေပါက္ပါ”

“ဟုတ္ကဲ့ ဆရာႀကီး”

အဲဒီေနာက္ ဆရာႀကီးဦးေက်ာ္ျမေခါင္ဟာ မီးပံုထဲခုန္ခ်လိုက္ၿပီး ေမာင္တက္တူကလည္း ေဆး သံုးလံုးကို တစ္လံုးၿပီးတစ္လံုး ပစ္ေပါက္လိုက္တယ္။ မီးပံုႀကီးကလည္း ဟုန္းခနဲအသံျမည္ၿပီး မီးလံုးႀကီး အေပၚသို႔ ျမင့္တက္ကာ ေတာက္ေလာက္၍ သူ႕အလို လို မီးၿငိမ္းသြားတယ္။ ဆရာႀကီးကေတာ္ကလည္း မီးပံုအနားသုိ႔ ေရာက္လာတယ္။ 

ဆရာႀကီးကေတာ္ ေဒၚနန္းေက်ာ့ဟာ သူ႕ ေယာက်္ားဆရာႀကီး မီးပံုထဲခုန္ခ်သြားသျဖင့္ ၀မ္း နည္းပက္လက္ျဖစ္ကာ မီးပံုအနားထိုင္၍ မ်က္ရည္ စက္လက္နဲ႔ ဟီးထိုင္ငိုပြဲဆင္ေနပါေတာ့တယ္။ ဆရာ ႀကီးဦးေက်ာ္ျမေခါင္ကလည္း မေသပါဘူး။ ဇနီး ေမာင္ႏွံႏွစ္ေယာက္အတူ ျပန္သြားၾကတယ္လို႔ ဆို ပါတယ္။ 

 

ေက်ာ္သန္း(တိုင္းရင္းေဆး)

 

မေနာမယ၀ိုင္းေတာ္ သား ဆရာဒိဗၺာန္(ဂမီၻရ)၏ ျပန္လည္သံုးသပ္ တင္ျပခ်က္ . .

ဆရာဦးေက်ာ္သန္း(တိုင္းရင္းေဆး)၏စာမူပါ အေၾကာင္းအရာမ်ားမွာ ကိုယ္ေတြ႕ျဖစ္ရပ္မွန္မ်ား မဟုတ္ေသာ္လည္း ေရွးလူႀကီးသူမမ်ား၏အဆိုအမိန္႔ မ်ားကို တင္ျပထားျခင္းျဖစ္သျဖင့္ စာဖတ္သူမ်ား ဗဟုသုတရရွိေစရန္ ေဖာ္ျပေပးလိုက္ပါသည္။ 

ရြာတစ္ရြာတြင္ ခုနစ္အိမ္ စုန္းမတစ္ေယာက္ ရွိတယ္ဆိုေသာ ဆို႐ိုးစကား၊ စုန္းမ မပါက ရြာတည္ လို႔မရဟူေသာ စကားမ်ားမွာ ေရွးလူႀကီးသူမမ်ား ေျပာ ၾကားခဲ့ၾကသည့္ စကားမ်ားျဖစ္သည္။ 

ယခုအခါ ထိုစကားမ်ားကို အမွန္ယူ၍မရ ေတာ့ပါ။ ကာလေရြ႕ေလ်ာလာသည္က တစ္ေၾကာင္း၊ ေခတ္ကာလေျပာင္းလဲလာသည္က တစ္ေၾကာင္း ေၾကာင့္ လူႀကီးသူမတို႔ စကားပ်က္ျပယ္သြားခဲ့ၿပီဟု ယူဆရေပ သည္။ စင္စစ္တြင္ စုန္းကေ၀ ေျမဖုတ္ဘီလူး စေသာ မေကာင္းဆိုး၀ါးမ်ားသည္ ေအာက္လမ္း ပညာရပ္ႏွင့္ ဆက္ႏႊယ္ေသာ ပုဂၢိဳလ္မ်ားသာ ျဖစ္ သည္။ တကယ္ရွိသည္ မရွိသည္ကိုအျငင္းမပြားလို ေပ။ ထိုပုဂၢိဳလ္မ်ားသည္ လူတို႔အား ေကာင္းက်ဳိးေပး ႏိုင္သည့္ ပုဂၢိဳလ္မ်ား မဟုတ္ပါ။ 

ထို႔ေၾကာင့္ ဘုရား တရားသံဃာတည္းဟူေသာ ရတနာသံုးပါးကို ဦးထိပ္ထားသူ ယံုၾကည္ကိုးစားသူမ်ား အေနျဖင့္ ဂ႐ုစိုက္ စရာမလိုသလို ေၾကာက္စရာလည္း မလိုအပ္ပါ။ အကုသိုလ္အလုပ္ကိုေရွာင္ရွား၍ ကုသိုလ္ ေကာင္းမႈကို ေပးေ၀ျခင္းျဖင့္ မိမိကုိယ္ကို ကာကြယ္လွ်င္ မေကာင္းဆိုး၀ါးမ်ားအေနျဖင့္ ဖမ္းစားျခင္း ျပဳစားျခင္း စေသာ ေဘးအႏၲရာယ္မ်ားမွ ကင္းေ၀းမည္သာ ျဖစ္ ေၾကာင္း ဆိုခ်င္ပါသည္။                                                                                                           

ဒိဗၺာန္(ဂမၻီရ)

Share