အရက်သမား သိကြားမကယ်နိုင်

မောင်အေးထွန်း

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေ တဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေး၏ တူကိုအကြောင်းပြု၍ ဤ ဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။ 

ထိုအနာထပိဏ်သူဋ္ဌေး၏ တူသည် မိဘတို့ ရှာဖွေထားရှိခဲ့သော ကုဋေလေးဆယ်တန်ဖိုးရှိ ရွှေ ထည်တို့ကို သုရာ(သေရည်၊ အရက်)သောက်သုံးခဲ့ ရာ ဥစ္စာပစ္စည်းအားလုံး ကုန်ဆုံးသွားခဲ့ပါသည်။

ထို အခါ ဦးရီးတော်ဖြစ်သော အနာထပိဏ်သူဌေးထံသို့ သွား၍ အကူအညီတောင်း၏။ အနာထပိဏ်သူဌေး ကလည်းတူဖြစ်သူအား ကောင်းရောင်း၊ ကောင်း ဝယ်လုပ်စားရန် မှာကြား၍ အသပြာနှင့် ဥစ္စာပစ္စည်း တို့ကို ထုတ်ပေး၏။ ထိုဥစ္စာပစ္စည်းတို့မှာလည်း “လူမိုက်နှင့်ငွေ အတူမနေ”ဆိုသလို သောက်စားပျော် ပါးခြင်းကြောင့် ကုန်ဆုံးသွားခဲ့ပြန်သည်။

ထို့ကြောင့် ရှေးနည်းအတူ အနာထပိဏ် သူဌေးထံ သွားရောက်ခဲ့ရာ ဦးရီးတော် သူဌေးက ဆိုဆုံးမ၍ အသပြာအရင်းအနှီးကို ထုတ်ပေးပြန်၏။ “ခွေးမြီးကောက် ကျည်တောက်စွပ်”ဆိုသလို ပြော ဆိုတုန်း ခဏသာ နာခံပြီးနောက် ပျော်ပါးသောက်စား မှုမပျက်၍ ဥစ္စာပစ္စည်းကုန်းခန်းခဲ့ပြန်၏။ ထိုအခါ၌ လည်း ထုံးစံအတိုင်း အနာထပိဏ် သူဌေးထံသွား ပြန်၏။ “အဆိပ်ပင် ရေလောင်း” ဖြစ်မည်ကိုစိုး၍ ယခုအခေါက်တွင် အနာထပိဏ်သူဌေးက တူဖြစ် သူအား အသပြာနှင့် ဥစ္စာကိုမပေးဘဲ အဝတ်အထည် တို့ကိုသာ ပေးလေ၏။ တူဖြစ်သူကလည်း ထိုအဝတ် အထည်များကို ရောင်းချကာ အရက်သေစာ သောက်စားပျော်ပါးခဲ့ပါသည်။ 

စားစရာလည်းမရှိ ဝတ်စရာလည်းမရှိဖြစ်နေ သော တူသည် အနာထပိဏ်သူဌေးထံသို့ ရောက်လာ ပြန်၏။ ထိုအခါ အနာထပိဏ်သူဌေးက တူဖြစ်သူအား လုံးဝလက်သင့်မခံဘဲ အေြွခအရံများဖြင့် ဆွဲထုတ် မောင်းနှင်လိုက်ပါသည်။ တူဖြစ်သူလည်း ကိုးကွယ် အားထားရာမရှိ စားသောက်စရာမရှိဖြစ်ကာ လမ်း သွားလမ်းလာတွင် သေဆုံးသွားခဲ့ပါသည်။ ထိုသူ၏ အလောင်းကို အမြင်မတော်သူများမှ ယူငင်၍ သုသာန် တွင် စွန့်ပစ်ခဲ့ကြပါသည်။ 

တစ်နေ့တွင် အနာထပိဏ်သူဌေးသည် မြတ် စွာဘုရားရှင်အား ပူဇော်ရန် ဇေတဝန်ကျောင်းတော် သို့ ရောက်ရှိခဲ့သည်။ ဘုရားရှင်အား ရှိခိုးပူဇော်ပြီး နောက် အနာထပိဏ်သူဌေးက ဘုရားရှင်အား တူဖြစ်သူ၏ အကြောင်းစုံကို လျှောက်တင်ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်က - 

“သူဌေး ထိုသူတို့အား တင်းတိမ်ရောင့်ရဲ အောင် စွမ်းဆောင်ပေးသော်လည်း မရောင့်ရဲမတင်း တိမ်နိုင်။ ရှေးကာလက ငါဘုရားသည် ခပ်သိမ်းသော အလိုကို ပေးတတ်သော အိုးကိုပေး၍ ရောင့်ရဲစေခဲ့ သော်လည်း မရောင့်ရဲနိုင်ဖြစ်ခဲ့ဖူးသည်”

ဟုမိန့်တော်မူပါသည်။ အနာထပိဏ်သူဌေး၏ လျှောက်ထားတောင်းပန်မှုကြောင့် အတိတ်ဘဝက ဖြစ်စဉ်ကို မြတ်စွာဘုရားရှင်က အောက်ပါအတိုင်း ဟောပြတော်မူခဲ့ပါသည်။ 

လွန်လေပြီးသောအခါက ဗာရာဏသီပြည် တွင် ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ ဖခင် သူဌေးကြီး ကွယ်လွန်သောအခါ သူဌေးအရာကို ရရှိ ခဲ့ပါသည်။ အလောင်းတော်သူဌေး၏ အိမ်တွင် မြေ ၌မြှုပ်ထားသော ဥစ္စာကို ကုဋေလေးဆယ်ရှိ၏။  ဘုရားလောင်းသူဌေးတွင် တစ်ဦးတည်းသောသား တစ်ယောက်သာရှိသည်။ 

ဘုရားလောင်းသူဌေးသည် ဒါနအစရှိသော ကုသိုလ်ကောင်းမှုတို့ကို အမြဲပြုသဖြင့် သေလွန်သည့် အခါ နတ်ပြည်၌ သိကြားမင်းဖြစ်ခဲ့ပါသည်။ ထိုအခါ ဘုရားလောင်း၏ သားသည် အရပ်တကာသို့ လှည့် လည်၍ မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်လုပ်ပြီး အေြွခ အရံ အပေါင်းအသင်းများကို ခေါ်ကာ ထိုအဆောက် အအုံအတွင်း သေသောက်ကြူးပွဲ(အရက်ဝိုင်း)ပြုရန် စီစဉ်ပါသည်။ စီစဉ်ထားသည့်အတိုင်း သူဌေးသား သည် ကချေသည်များ၊ သီဆိုသူများ၊ ပျော်ပါးသူ များအား အခကြေးငွေပေး၍ သေသောက်ကြူး (အရက်သောက်)ကာ ပျော်ပါးခဲ့ပါသည်။ သူဌေးသား ၏ အရက်ဝိုင်းတွင် အမဲသားငါး စသည့် စားဖွယ်ရာ များ၊ အပျော်မိန်းမများတို့ဖြင့် သောက်စားယစ်မူး ပျော်မြူးခဲ့ကြပါသည်။ 

သူဌေးသား အရက်သမားသည် မိမိနေထိုင် ရာ အရပ်တွင်မက အခြားသော အရပ်ဒေသများသို့ လည်း လှည့်လည်သွားလာကာ သောက်စားမူးယစ် ပျော်ပါးခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့ပါသည်။ ဤသို့ဖြင့် အချိန်ကာလ အတော်ကြာသောအခါ သူဌေးသား၏ ဥစ္စာစည်းစိမ်တို့မှာ ယုတ်လျော့လာခဲ့ သည်။ ကုဋေလေးဆယ်သော ဥစ္စာနှင့် အသုံးအ ဆောင် တိုက်တာ အဆောက်အအုံ အစရှိသည်တို့မှာ ပျက်သုဉ်း၍ နွမ်းပါးသော အဝတ်တစ်ထည် ကိုယ် တစ်ခုနှင့် ဘဝပျက်ကာ အထီးကျန်ဘဝဖြင့် ရှိနေခဲ့ပါ တော့သည်။ 

ဖခင် အလောင်းတော်သိကြားသည် ဆင်ခြင် ကြည့်ရှုလေရာ သားဖြစ်သူမှာ ဆင်းရဲနွမ်းပါး၍ အ ခြေအနေမလှ ဖြစ်နေသည်ကို သိခဲ့ရပါသည်။ ထို့ ကြောင့် သားဖြစ်သူထံ ဆင်းသက်၍ ဖခင်သိကြားမင်း က -

“အမောင် ထိုအိုးကို မကွဲအောင်စောင့်ထိန်း ပါ။ ဤအိုးသည် အမောင့်အတွက် ဥစ္စာပစ္စည်းမည် ၏။ မမေ့မလျော့သော သတိဖြင့် ပြုမူပါလော့”ဟု ဆိုကာ လိုတရအိုးတစ်လုံးကို ပေးခဲ့ပြီး နတ်ပြည်သို့ ပြန်တက်သွားခဲ့ပါသည်။ ထိုအခါမှစ၍ သူဌေးသား လည်း ပျော်မြဲတိုင်းပျော်၊ သောက်မြဲတိုင်းသောက် ၍ မူးမြဲတိုင်းမူးယစ်နေခဲ့ပါသည်။ 

တစ်နေ့တွင် သူဌေးသားသည် သေရည်အ ရက်ကိုသောက်၍ မူးယစ်လာပါသည်။ သေရည်အ ရက်၏ အရှိန်ကြောင့် အမှားအမှန်ကိုမသိ၊ သတိလစ် ကာ အတူရှိနေသော လိုတရ မြေအိုးကို ကောင်းကင် သို့ မြှောက်တင်လိုက်ပါသည်။ အရှိန်ဖြင့် ပြန်ကျလာ သော မြေအိုးကိုလက်ဖြင့်ခံ၍ ဖမ်းယူသော်လည်း လွဲချော်ပြီး မြေအိုးမှာ မြေ၌ကျကာ ကွဲသွားခဲ့ပါ သည်။ ထိုအချိန်မှစ၍ ထိုသူဌေးသားလည်း မွဲပြာကျ သွားခဲ့ပါသည်။ ထို့ကြောင့် ဟောင်းနွမ်းသောအဝတ် အထည်တစ်စုံဖြင့် ခွက်လက်စွဲ၍ တောင်းစားခဲ့ရပါ သည်။ မကြာမီတွင် ထိုသူတောင်းစားသည် အများ သူငါ သွားလာလမ်းတွင် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိခဲ့ရပါတော့သည်။

တရားဒေသနာအဆုံးတွင် မြတ်စွာဘုရားရှင်က “သေသောက်ကြူးသူ(အရက်သမား)သည် အလို ရှိတိုင်း ပြည့်စေသောအိုးကို ရရှိခဲ့၍ မိမိအလိုပြည့်စေ သဖြင့် အိုးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ သို့သော် မူးယစ်လာသည့်အခါ ထို သေသောက်ကြူးသူမှာ ဟော့ရမ်းကြမ်းတမ်းခြင်း၊ မေ့လျော့ခြင်းအဖြစ်တို့ ကြောင့် အိုးကိုကွဲစေသော အဖြစ်သို့ ရောက်ရှိခဲ့၏။ မိမိအလိုကို ပြည့်စေသောအိုးကို ပျက်စီးခြင်းအဖြစ် သို့ ရောက်ရှိအောင်ပြုခဲ့သော သေသောက်ကြူးသူ (အရက်သမား)မှာလည်း ပျက်စီးခြင်းအဖြစ်သို့ရောက် ရှိခဲ့ရပေသည်”ဟု သတိသံဝေဂတရား မြွက်ကြား တော်မူခဲ့ပါသည်။ 

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ထိုစဉ်က လိုတရအိုးကို ကွဲအောင်ပြုကျင့် ခဲ့သော သေသောက်ကြူးသူ(အရက်သမား)မှာ ယခု အနာထပိဏ်သူဌေး၏တူဖြစ်ကြောင်းနှင့် ထိုစဉ်က သိကြားမင်းသည် ယခု မြတ်စွာဘုရားရှင်ဖြစ်ကြောင်း ဟောပြတော်မူခဲ့ပါသည်။ 

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ၃၈ ဖြာမင်္ဂလာတရားတော်တွင် “မဇ္ဇပါနာစသံယမော” မူးယစ်ဆေးဝါး အရက်သေစာသုံးစွဲခြင်းမှ ရှောင် ကြဉ်ခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးပင်ဖြစ်ပါ သည်။ ထိုမူးယစ်စေတတ်သော အရာအားလုံးသည်  သုံးစွဲသူအတွက် စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးစသည့် အရေးအရာ အားလုံးကိုဖျက်ဆီးသဖြင့် ပျက်စီးစေတတ်ရေး ကျန်း မာရေးစသည့် အရေးအရာအားလုံးကို ဖျက်ဆီးသ ဖြင့် ပျက်စီးစေတတ်ပါသည်။ ဖြူစင်သန့်ရှင်းသော စိတ်ဓာတ်ကို ညစ်နွမ်းစေပြီး သတိလစ်ခြင်း၊ အမှား အမှန်မသိခြင်း၊ ယုတ်စွအဆုံး စိတ်ရောဂါရ၍ ရူးသွပ် သည်အထိ ဖြစ်စေပါသည်။ ထိုကဲ့သို့ ယခုဘဝပျက် စီးဆုံးရှုံးမှုများသာမက နောင်ဘဝတွင်လည်း အပါယ် ဘုံဘဝသို့ လာရောက်စေပါသည်။ 

ယခုဇာတ်တော်လာ သင်ခန်းစာတွင် သေ သောက်ကြူးလွန်သူ(အရက်သမား)သည် စီးပွားဥစ္စာ မဲ့၍ ဘဝပါပျက်ခဲ့ရသည်။ ဘဝဟောင်းက ဖခင် သိကြားမင်းက ကယ်တင်ပါသော်လည်း အချည်း နှီးသာ ဖြစ်ခဲ့ရသည်။ ဇာတ်တော်ကို ပမာပြု ဤစာစု ဖြင့် အသိပေးချင်သည်က “အရက်သမား သိကြား မကယ်နိုင်”ဟူ၍သာ။       

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး - ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကုမ္ဘဝဂ်မှ သုရာဃဋဇာတ်တော်။

zawgyi version

အရက္သမား သိၾကားမကယ္ႏုိင္

ေမာင္ေအးထြန္း

ျမတ္စြာဘုရားရွင္သည္ သာဝတၴိျပည္ ေဇ တဝန္ေက်ာင္းေတာ္၌ သီတင္းသံုးေနေတာ္မူစဥ္ အနာထပိဏ္သူေဌး၏ တူကိုအေၾကာင္းျပဳ၍ ဤ ဇာတ္ေတာ္ကို ေဟာျပေတာ္မူခဲ့ပါသည္။ 

ထိုအနာထပိဏ္သူေ႒း၏ တူသည္ မိဘတို႔ ရွာေဖြထားရွိခဲ့ေသာ ကုေဋေလးဆယ္တန္ဖိုးရွိ ေရႊ ထည္တို႔ကို သုရာ(ေသရည္၊ အရက္)ေသာက္သံုးခဲ့ ရာ ဥစၥာပစၥည္းအားလံုး ကုန္ဆံုးသြားခဲ့ပါသည္။ ထို အခါ ဦးရီးေတာ္ျဖစ္ေသာ အနာထပိဏ္သူေဌးထံသို႔ သြား၍ အကူအညီေတာင္း၏။ အနာထပိဏ္သူေဌး ကလည္းတူျဖစ္သူအား ေကာင္းေရာင္း၊ ေကာင္း ဝယ္လုပ္စားရန္ မွာၾကား၍ အသျပာႏွင့္ ဥစၥာပစၥည္း တို႔ကို ထုတ္ေပး၏။ ထိုဥစၥာပစၥည္းတို႔မွာလည္း “လူမိုက္ႏွင့္ေငြ အတူမေန”ဆိုသလို ေသာက္စားေပ်ာ္ ပါးျခင္းေၾကာင့္ ကုန္ဆံုးသြားခဲ့ျပန္သည္။

ထို႔ေၾကာင့္ ေရွးနည္းအတူ အနာထပိဏ္ သူေဌးထံ သြားေရာက္ခဲ့ရာ ဦးရီးေတာ္ သူေဌးက ဆိုဆံုးမ၍ အသျပာအရင္းအႏွီးကို ထုတ္ေပးျပန္၏။ “ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္”ဆိုသလို ေျပာ ဆိုတုန္း ခဏသာ နာခံၿပီးေနာက္ ေပ်ာ္ပါးေသာက္စား မႈမပ်က္၍ ဥစၥာပစၥည္းကုန္းခန္းခဲ့ျပန္၏။ ထိုအခါ၌ လည္း ထံုးစံအတိုင္း အနာထပိဏ္ သူေဌးထံသြား ျပန္၏။ “အဆိပ္ပင္ ေရေလာင္း” ျဖစ္မည္ကိုစိုး၍ ယခုအေခါက္တြင္ အနာထပိဏ္သူေဌးက တူျဖစ္ သူအား အသျပာႏွင့္ ဥစၥာကိုမေပးဘဲ အဝတ္အထည္ တို႔ကိုသာ ေပးေလ၏။ တူျဖစ္သူကလည္း ထိုအဝတ္ အထည္မ်ားကို ေရာင္းခ်ကာ အရက္ေသစာ ေသာက္စားေပ်ာ္ပါးခဲ့ပါသည္။ 

စားစရာလည္းမရွိ ဝတ္စရာလည္းမရွိျဖစ္ေန ေသာ တူသည္ အနာထပိဏ္သူေဌးထံသို႔ ေရာက္လာ ျပန္၏။ ထိုအခါ အနာထပိဏ္သူေဌးက တူျဖစ္သူအား လံုးဝလက္သင့္မခံဘဲ အေျြခအရံမ်ားျဖင့္ ဆြဲထုတ္ ေမာင္းႏွင္လိုက္ပါသည္။ တူျဖစ္သူလည္း ကိုးကြယ္ အားထားရာမရွိ စားေသာက္စရာမရွိျဖစ္ကာ လမ္း သြားလမ္းလာတြင္ ေသဆံုးသြားခဲ့ပါသည္။ ထိုသူ၏ အေလာင္းကို အျမင္မေတာ္သူမ်ားမွ ယူငင္၍ သုသာန္ တြင္ စြန္႔ပစ္ခဲ့ၾကပါသည္။ 

တစ္ေန႔တြင္ အနာထပိဏ္သူေဌးသည္ ျမတ္ စြာဘုရားရွင္အား ပူေဇာ္ရန္ ေဇတဝန္ေက်ာင္းေတာ္ သို႔ ေရာက္ရွိခဲ့သည္။ ဘုရားရွင္အား ရွိခိုးပူေဇာ္ၿပီး ေနာက္ အနာထပိဏ္သူေဌးက ဘုရားရွင္အား တူျဖစ္သူ၏ အေၾကာင္းစံုကို ေလွ်ာက္တင္ပါသည္။ ထိုအခါ ျမတ္စြာဘုရားရွင္က - 

“သူေဌး ထိုသူတို႔အား တင္းတိမ္ေရာင့္ရဲ ေအာင္ စြမ္းေဆာင္ေပးေသာ္လည္း မေရာင့္ရဲမတင္း တိမ္ႏိုင္။ ေရွးကာလက ငါဘုရားသည္ ခပ္သိမ္းေသာ အလိုကို ေပးတတ္ေသာ အိုးကိုေပး၍ ေရာင့္ရဲေစခဲ့ ေသာ္လည္း မေရာင့္ရဲႏိုင္ျဖစ္ခဲ့ဖူးသည္”

ဟုမိန္႔ေတာ္မူပါသည္။ အနာထပိဏ္သူေဌး၏ ေလွ်ာက္ထားေတာင္းပန္မႈေၾကာင့္ အတိတ္ဘဝက ျဖစ္စဥ္ကို ျမတ္စြာဘုရားရွင္က ေအာက္ပါအတိုင္း ေဟာျပေတာ္မူခဲ့ပါသည္။ 

လြန္ေလၿပီးေသာအခါက ဗာရာဏသီျပည္ တြင္ ဘုရားေလာင္းသည္ သူေဌးမ်ိဳး၌ ျဖစ္၍ ဖခင္ သူေဌးႀကီး ကြယ္လြန္ေသာအခါ သူေဌးအရာကို ရရွိ ခဲ့ပါသည္။ အေလာင္းေတာ္သူေဌး၏ အိမ္တြင္ ေျမ ၌ျမႇဳပ္ထားေသာ ဥစၥာကို ကုေဋေလးဆယ္ရွိ၏။  ဘုရားေလာင္းသူေဌးတြင္ တစ္ဦးတည္းေသာသား တစ္ေယာက္သာရွိသည္။ 

ဘုရားေလာင္းသူေဌးသည္ ဒါနအစရွိေသာ ကုသိုလ္ေကာင္းမႈတို႔ကို အၿမဲျပဳသျဖင့္ ေသလြန္သည့္ အခါ နတ္ျပည္၌ သိၾကားမင္းျဖစ္ခဲ့ပါသည္။ ထိုအခါ ဘုရားေလာင္း၏ သားသည္ အရပ္တကာသို႔ လွည့္ လည္၍ မ႑ပ္ႀကီးငယ္တို႔ကို ေဆာက္လုပ္ၿပီး အေျြခ အရံ အေပါင္းအသင္းမ်ားကို ေခၚကာ ထိုအေဆာက္ အအံုအတြင္း ေသေသာက္ၾကဴးပြဲ(အရက္ဝိုင္း)ျပဳရန္ စီစဥ္ပါသည္။ စီစဥ္ထားသည့္အတိုင္း သူေဌးသား သည္ ကေခ်သည္မ်ား၊ သီဆိုသူမ်ား၊ ေပ်ာ္ပါးသူ မ်ားအား အခေၾကးေငြေပး၍ ေသေသာက္ၾကဴး (အရက္ေသာက္)ကာ ေပ်ာ္ပါးခဲ့ပါသည္။ သူေဌးသား ၏ အရက္ဝိုင္းတြင္ အမဲသားငါး စသည့္ စားဖြယ္ရာ မ်ား၊ အေပ်ာ္မိန္းမမ်ားတို႔ျဖင့္ ေသာက္စားယစ္မူး ေပ်ာ္ျမဴးခဲ့ၾကပါသည္။ 

သူေဌးသား အရက္သမားသည္ မိမိေနထိုင္ ရာ အရပ္တြင္မက အျခားေသာ အရပ္ေဒသမ်ားသို႔ လည္း လွည့္လည္သြားလာကာ ေသာက္စားမူးယစ္ ေပ်ာ္ပါးျခင္းတို႔ျဖင့္သာ အခ်ိန္ကုန္လြန္ေစခဲ့ပါသည္။ ဤသို႔ျဖင့္ အခ်ိန္ကာလ အေတာ္ၾကာေသာအခါ သူေဌးသား၏ ဥစၥာစည္းစိမ္တို႔မွာ ယုတ္ေလ်ာ့လာခဲ့ သည္။ ကုေဋေလးဆယ္ေသာ ဥစၥာႏွင့္ အသံုးအ ေဆာင္ တိုက္တာ အေဆာက္အအံု အစရွိသည္တို႔မွာ ပ်က္သုဥ္း၍ ႏြမ္းပါးေသာ အဝတ္တစ္ထည္ ကိုယ္ တစ္ခုႏွင့္ ဘဝပ်က္ကာ အထီးက်န္ဘဝျဖင့္ ရွိေနခဲ့ပါ ေတာ့သည္။ 

ဖခင္ အေလာင္းေတာ္သိၾကားသည္ ဆင္ျခင္ ၾကည့္႐ႈေလရာ သားျဖစ္သူမွာ ဆင္းရဲႏြမ္းပါး၍ အ ေျခအေနမလွ ျဖစ္ေနသည္ကို သိခဲ့ရပါသည္။ ထို႔ ေၾကာင့္ သားျဖစ္သူထံ ဆင္းသက္၍ ဖခင္သိၾကားမင္း က -

“အေမာင္ ထိုအိုးကို မကြဲေအာင္ေစာင့္ထိန္း ပါ။ ဤအိုးသည္ အေမာင့္အတြက္ ဥစၥာပစၥည္းမည္ ၏။ မေမ့မေလ်ာ့ေသာ သတိျဖင့္ ျပဳမူပါေလာ့”ဟု ဆိုကာ လိုတရအိုးတစ္လံုးကို ေပးခဲ့ၿပီး နတ္ျပည္သို႔ ျပန္တက္သြားခဲ့ပါသည္။ ထိုအခါမွစ၍ သူေဌးသား လည္း ေပ်ာ္ၿမဲတိုင္းေပ်ာ္၊ ေသာက္ၿမဲတိုင္းေသာက္ ၍ မူးၿမဲတိုင္းမူးယစ္ေနခဲ့ပါသည္။ 

တစ္ေန႔တြင္ သူေဌးသားသည္ ေသရည္အ ရက္ကိုေသာက္၍ မူးယစ္လာပါသည္။ ေသရည္အ ရက္၏ အရွိန္ေၾကာင့္ အမွားအမွန္ကိုမသိ၊ သတိလစ္ ကာ အတူရွိေနေသာ လိုတရ ေျမအိုးကို ေကာင္းကင္ သို႔ ေျမႇာက္တင္လိုက္ပါသည္။ အရွိန္ျဖင့္ ျပန္က်လာ ေသာ ေျမအိုးကိုလက္ျဖင့္ခံ၍ ဖမ္းယူေသာ္လည္း လြဲေခ်ာ္ၿပီး ေျမအိုးမွာ ေျမ၌က်ကာ ကြဲသြားခဲ့ပါ သည္။ ထိုအခ်ိန္မွစ၍ ထိုသူေဌးသားလည္း မြဲျပာက် သြားခဲ့ပါသည္။ ထို႔ေၾကာင့္ ေဟာင္းႏြမ္းေသာအဝတ္ အထည္တစ္စံုျဖင့္ ခြက္လက္စြဲ၍ ေတာင္းစားခဲ့ရပါ သည္။ မၾကာမီတြင္ ထိုသူေတာင္းစားသည္ အမ်ား သူငါ သြားလာလမ္းတြင္ ေသဆံုးျခင္းအျဖစ္သို႔ ေရာက္ရွိခဲ့ရပါေတာ့သည္။

တရားေဒသနာအဆံုးတြင္ ျမတ္စြာဘုရားရွင္က “ေသေသာက္ၾကဴးသူ(အရက္သမား)သည္ အလို ရွိတိုင္း ျပည့္ေစေသာအိုးကို ရရွိခဲ့၍ မိမိအလိုျပည့္ေစ သျဖင့္ အိုးကို ထိန္းသိမ္းေစာင့္ေရွာက္ခဲ့၏။ သို႔ေသာ္ မူးယစ္လာသည့္အခါ ထို ေသေသာက္ၾကဴးသူမွာ ေဟာ့ရမ္းၾကမ္းတမ္းျခင္း၊ ေမ့ေလ်ာ့ျခင္းအျဖစ္တို႔ ေၾကာင့္ အိုးကိုကြဲေစေသာ အျဖစ္သို႔ ေရာက္ရွိခဲ့၏။ မိမိအလိုကို ျပည့္ေစေသာအိုးကို ပ်က္စီးျခင္းအျဖစ္ သို႔ ေရာက္ရွိေအာင္ျပဳခဲ့ေသာ ေသေသာက္ၾကဴးသူ (အရက္သမား)မွာလည္း ပ်က္စီးျခင္းအျဖစ္သို႔ေရာက္ ရွိခဲ့ရေပသည္”ဟု သတိသံေဝဂတရား ျမြက္ၾကား ေတာ္မူခဲ့ပါသည္။ 

အတိတ္ဘဝျဖစ္စဥ္၏ ပစၥဳပၸန္ဇာတ္ေပါင္း ခန္းတြင္ ထိုစဥ္က လိုတရအိုးကို ကြဲေအာင္ျပဳက်င့္ ခဲ့ေသာ ေသေသာက္ၾကဴးသူ(အရက္သမား)မွာ ယခု အနာထပိဏ္သူေဌး၏တူျဖစ္ေၾကာင္းႏွင့္ ထိုစဥ္က သိၾကားမင္းသည္ ယခု ျမတ္စြာဘုရားရွင္ျဖစ္ေၾကာင္း ေဟာျပေတာ္မူခဲ့ပါသည္။ 

နိပါတ္ေတာ္လာ သင္ခန္းစာအေနျဖင့္ ၃၈ ျဖာမဂၤလာတရားေတာ္တြင္ “မဇၨပါနာစသံယေမာ” မူးယစ္ေဆးဝါး အရက္ေသစာသံုးစြဲျခင္းမွ ေရွာင္ ၾကဥ္ျခင္းသည္ ျမတ္ေသာမဂၤလာတစ္ပါးပင္ျဖစ္ပါ သည္။ ထိုမူးယစ္ေစတတ္ေသာ အရာအားလံုးသည္  သံုးစြဲသူအတြက္ စီးပြားေရး၊ ႀကီးပြားေရး၊ လူမႈေရး၊ အိမ္ေထာင္ေရး၊ က်န္းမာေရးစသည့္ အေရးအရာ အားလံုးကိုဖ်က္ဆီးသျဖင့္ ပ်က္စီးေစတတ္ေရး က်န္း မာေရးစသည့္ အေရးအရာအားလံုးကို ဖ်က္ဆီးသ ျဖင့္ ပ်က္စီးေစတတ္ပါသည္။ ျဖဴစင္သန္႔ရွင္းေသာ စိတ္ဓာတ္ကို ညစ္ႏြမ္းေစၿပီး သတိလစ္ျခင္း၊ အမွား အမွန္မသိျခင္း၊ ယုတ္စြအဆံုး စိတ္ေရာဂါရ၍ ႐ူးသြပ္ သည္အထိ ျဖစ္ေစပါသည္။ ထိုကဲ့သို႔ ယခုဘဝပ်က္ စီးဆံုး႐ံႈးမႈမ်ားသာမက ေနာင္ဘဝတြင္လည္း အပါယ္ ဘံုဘဝသို႔ လာေရာက္ေစပါသည္။ 

ယခုဇာတ္ေတာ္လာ သင္ခန္းစာတြင္ ေသ ေသာက္ၾကဴးလြန္သူ(အရက္သမား)သည္ စီးပြားဥစၥာ မဲ့၍ ဘဝပါပ်က္ခဲ့ရသည္။ ဘဝေဟာင္းက ဖခင္ သိၾကားမင္းက ကယ္တင္ပါေသာ္လည္း အခ်ည္း ႏွီးသာ ျဖစ္ခဲ့ရသည္။ ဇာတ္ေတာ္ကို ပမာျပဳ ဤစာစု ျဖင့္ အသိေပးခ်င္သည္က “အရက္သမား သိၾကား မကယ္ႏိုင္”ဟူ၍သာ။       

ေမတၲာေစတနာျဖင့္

ေမာင္ေအးထြန္း

က်မ္းကိုး - ငါးရာ့ငါးဆယ္နိပါတ္ေတာ္၊ ကုမၻဝဂ္မွ သုရာဃဋဇာတ္ေတာ္။

Share