ရုတ်တရက်ဖြစ်တဲ့အကြောက်တရားကြောင့်

စိန္တာမယဆရာပိုင်

ရောက်လာတာက မိသားစုသုံးယောက်ပါ။ မိဘနှစ်ပါးနဲ့ သားဖြစ်သူတို့ဖြစ်ကြပြီး မိဘနှစ်ပါး မျက်နှာပေါ်မှာ သားအတွက် ပူပင်သောက ရောက် နေကြတာကို သိသာစွာမြင်တွေ့နေရပါတယ်။

“ဘာဖြစ်လို့လဲ ပြောပါဦး”

ထုံးစံအတိုင်း သူတို့ဖြစ်စဉ်ကို လေ့လာလို တဲ့အတွက် မေးလိုက်ခြင်းဖြစ်ပါတယ်။ သူတို့ပြောပြ တာကတော့ -

 

“ပြောပြရရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်က စပါတယ် ဆရာ ... သားကို သူ့ ဦးလေးက သံလျင်ဘက်ခေါ်လို့လိုက်သွားရင်း ဟို ဘက်ကမ်းရောက်တော့ သားက သူ့ဦးလေးကားကို မောင်းကြည့်တယ်။ ကားမောင်းသင်ထားပေမယ့် မကျွမ်းကျင်သေးတာကြောင့် အောင်ချမ်းသာနားမှာ ကားတစ်စီးကို ကျော်တက်ရင်းက ဟိုဘက်ကလာတဲ့ ကားနဲ့ တိုက်မိပြီး တစ်ဖက်ကား တော်တော်နာ သွားတယ် ...လူတွေလည်းဒဏ်ရာရကြ ... ကား လည်း ပျက်စီးသွားပါတယ် ...ငွေလည်းလျော်က အမှုလည်း ရင်ဆိုင်လိုက်ရတယ်။ အဲဒိအချိန်ကတည်း က သား ပုံစံပြောင်းသွားတာပါ ...စကားလည်း သိပ်မပြော မှိုင်းတိုင်းတိုင်းနဲ့ ဖြစ်သွားပါတယ် ... အလုပ်လျှောက်ထားတာရလို့ အလုပ်ဆင်းရတော့ လည်း စိတ်မပါသလို၊ မနက်ပိုင်းဆင်းပြီး မွန်းမလွဲ ခင် ပြန်ရောက်လာတယ် ...အိမ်ထောင်ကျပေမယ့် သူ့အိမ်ထောင်ဘက်နဲ့ကလည်း ကွဲတယ် ... သူ့ပုံစံ ကြောင့် ကျွန်တော်တို့ကတော့ သူ့ကိုသိုက်ကလာ တာများလား ...သိုက်ကမကျေနပ်လို့ တစ်ခုခု လုပ်ထားတာများလားလို့ တွေးမိပါတယ် ဆရာ”

“တခြားမှာရော သိုက်အတွက်တို့ဘာတို့ ကုသမှုလုပ်ခဲ့ဖူးသေးလား ...”

“မလုပ်ခဲ့ပါဘူး ဆရာ ...ဒါပေမဲ့ သူ့ကို သိုက်ကလာတယ်လို့ ဆရာမကြီးတစ်ယောက် ကတော့ ပြောဖူးပါတယ် ...”

“ဘယ်လိုပြောတာလဲ ...”

“သူ့ကိုကြည့်ပြီးပြောတာပါ ဆရာ ... အလှူခံနေတာကို ကျွန်တော်တို့လှူလိုက်တော့ သူ့ကို သိုက်ဆက်လို့ ပြောလိုက်တာပါပဲ ...”

အမှန်တော့ သိုက်ဆက်ဆိုတာကို ခုလို လွယ် လွယ်ပြောနိုင်တဲ့သူ အများအပြားရှိပါတယ်။ ဗေဒင် ဆရာတချို့လည်း သူတို့အကျင့်တရားတွေ မှန်ကန် လို့ သိုက်ဆက်ကိုကြည့်ရုံနဲ့ ပြောနိုင်ကြပါတယ် ...။ဒါပေမဲ့ စနစ်တကျ ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို သိတဲ့သူကတော့ နည်းပါတယ်။

ဒါကြောင့် သိုက်ဆက်လို့သိရင် သွားမဆွ လိုက်သင့်ပါဘူး။ ချော့ပေါင်းခြင်းအားဖြင့် ကိုယ့်လူ အတွက် အဆင်ပြေစေပါလိမ့်မယ်။ ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်ရင် သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ မဆုံး နိုင်တဲ့ တိုက်ပွဲတွေဖြစ်ရပြီး ကိုယ့်လူ့အတွက် (နောက် ဆုံးမှာ) အသက်ကိုရန်ရှာတဲ့အထိ ဖြစ်တတ်ပါတယ်။

“အင်း ကောင်းပြီလေ ... ကျွန်တော် စစ် ဆေးကြည့်လိုက်ပါ့မယ် ...သိုက်ဆိုတာလည်း သိုက်အလျောက်ပေါ့ ...မဟုတ်တော့လည်း ဘာ ဖြစ်မလဲ ကြည့်လုပ်ရမှာပေါ့ ...”

ကျွနု်ပ် စစ်ဆေးကြည့်လိုက်တော့ သိုက် ဆက် မှန်နေပေမယ့် အဓိကဖြစ်နေတာက သိုက် ကြောင့်မဟုတ်ပါဘူး။ သိုက်ဆိုတာ မိခင်ဖြစ်သူက ကလေးလိုချင်လို့တောင်းထားတဲ့အတွက် ရွှေတိဂုံ ဘိုးဘိုးကြီးက(သိုက်ထဲကယူပြီး)ပေးလိုက်တာပါ။ ဒါ ကြောင့် သိုက်ဆက်လို့ပြောနိုင်ပေမယ့် သိုက်နဲ့ ဆိုင် သာဆိုင်မပိုင်ဘဲ တကယ်လုပ်ပေးရမှာကတော့ တောင်း ထားတဲ့အတွက် ရွှေတိဂုံအင်္ဂါထောင့်က ဗြဟ္မာသား ပိုက်(သားတောင်းရုပ်)မှာ ပြန်ပြပြီးတော့ ရွှေတိဂုံ ဘိုးဘိုးကြီးကို ကန်တော့ပွဲတစ်ပွဲလောက်ဒါနပြုပြီး မိမိကိုယ်ကို အပ်လိုက်ဖို့ဖြစ်ပါတယ်။

နောက်ထပ်ရှိလိုက်တာက ကားတိုက်မှု ဖြစ် တဲ့နေရာမှာ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်မှု ကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးက အနားမှာရှိနေတဲ့ နာမ်လောကသား တစ်ယောက်ယောက်က သူ့ကိုယ် ထဲမှာ ဝင်ရောက်နှောင့်ယှက်နေခြင်းပါပဲ။ ဒါကြောင့် အဲဒီနှောင့်ယှက်မှုကိုတော့ ခေါ်သွင်းပြီး ထုတ်ပေး လိုက်ပါတယ်။ 

သူ့ကို ငါးရက်အတွင်း ကောင်းရပါမယ်လို့ ကတိပေးတာကြောင့် ငါးရက် စောင့်ကြည့်ဖို့ ပြော လိုက်ပါတယ်။ 

လူတွေမှာ ရုတ်တရက် အထိတ်တလန့် ဖြစ်ခိုက် အနီးမှာရှိနေတတ်တဲ့ အကောင်တစ်ကောင် ကောင် (မြေဖုတ်ဘီလူး၊ သရဲ) စတာတွေက အပြေး အလွှား ဝင်ရောက်လာတတ်ပါတယ်။ ဒါကြောင့် ရှေ့လူကြီးများက ချော်လဲရင် ရေလောင်းတာတို့ ဖနောင့်ပေါက်တာတို့ လုပ်ခိုင်းခြင်းဖြစ်ဟန်တူပါ တယ်။ ရေလောင်း၊ ဖနောင့်ပေါက်ခြင်းအားဖြင့် ချော် လဲသူကိုယ်ထဲကို ဝင်ရောက် နှောင့်ယှက်မယ့် အကောင်အတွက် တန့်သွားစေမယ်လို့ယူဆမိပါ တယ်။

လူ့စိတ်မှာ ပုံမှန်ရှိနေရာကနေ ကြောက်သွား ချိန်ဟာ အားအငယ်ဆုံး အချိန်ဖြစ်မယ်ထင်ပါတယ်။ အဲဒီလို အားအငယ်ဆုံးအချိန်မှာမှ ကိုယ်တွင်းကို နှောင့်ယှက်မယ့်သူ ဝင်ရောက်လာနိုင်တာဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ဒီလိုပြဿနာမျိုးတွေကို ချော် လဲသူ၊ သစ်ပင်ပေါ်က ကျသူတွေမှာလည်း တွေ့ခဲ့ရ ဖူးပါတယ်။

ဖြစ်စဉ်၊ နေရာ၊ အချိန်၊ အခြေအနေတွေက မတူညီတတ်ကြတာကြောင့် ခံစားကြရပုံခြင်းလည်း မတူတတ်ကြပါဘူး။ ဒီကလေးကတော့ စိတ်ပိုင်း ဆိုင်ရာကို အဓိကထားပြီး တိုက်ခိုက်ထားခြင်း ခံနေ ရပါတယ်။ အရူးတစ်ယောက်လို သွက်သွက်ခါနေ တာ မဟုတ်ပေမယ်လို့ အလုပ်အကိုင်၊ အပြောအဆို အနေအထိုင်တွေမှာ ပုံမှန်မဟုတ်တော့ပါဘူး။ သူ့ မိဘများပြောလို့ သိရတာက စိတ်ကျန်းမာရေးမှာပြပြီး ဆေးသောက်နေတာ နှစ်ချီနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဆေးမတိုးသလိုဖြစ်နေလို့ ကျွနု်ပ်ဆီ ရောက် လာခြင်းပါ။

သစ်ပင်ပေါ်ကကျပြီး မြေဘုတ်ဘီလူး နှောင့် ထားခံရသူတစ်ယောက် ကျွနု်ပ်ဆီ ရောက်လာဖူးပါ တယ်။ သူကတော့ တော်တော်လေးမြင့်တဲ့ အုန်းပင် ပေါ်က ကျခဲ့ရတာပါ။ ကံကောင်းချင်တော့ အသက် မသေခဲ့ပါဘူး။ ဆေးရုံရောက်သွားပြီး ကုသမှုခံယူခဲ့ ရာမှာ စတီးထည့်တာတို့ ဘာတို့ လုပ်ခဲ့ပြီးပါပြီ။ ဆေးရုံပေါ်မှာ သုံးလလောက် တက်နေခဲ့ရပြီး ခုပြန် ဆင်းလာခဲ့တာလည်း လချီရှိပါပြီ။ 

လူနာက လမ်းလျှောက်လို့လည်းရတယ်။ သွားရ လာရလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ခြေဖမိုးနဲ့ ခြေသလုံးတို့မှာ ယောင်နေတာကြောင့် လေးလံနေပါတယ်။ အဖြေရှာကြည့်တဲ့အခါ အုန်း ပင်ပေါ်ကကျစဉ် မြေဘုတ်ဘီလူးဝင်ကပ်လိုက်တာပါ။ ဒါကြောင့် သူ့ခြေထောက် ယောင်နေရတာမို့ ကျွနု်ပ် မြေဘုတ်ခေါ်ထုတ်ပေးလိုက်ပါတယ်။

သိပ်မကြာခင်မှာ သူ့ခြေထောက်တွေ အယောင်ကျသွားပြီး ပုံမှန်ပြန်ဖြစ်သွားကြောင်း သိ လိုက်ရပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ချော်လဲတာ၊ ပြုတ်ကျတာ၊ ဖင်ထိုင်လျက်ကျတာ၊ တစ်ကိုယ်လုံးမြေပေါ်ကျတာ၊ ရုတ်တရက် ထိတ်လန့်စရာတစ်ခုခုကြောင့် ကြောက် ရွံ့မှုတစ်ခုခု ခံစားလိုက်ရရင် အထူးသတိထားပြီး ကြောက်ရွံ့မှုကို ရင်ဆိုင်နိုင်အောင် ကြိုးစားသင့်ပါ တယ်။ မဖြစ်မနေ ခံစားလိုက်ရရင်လည်း ဖြစ်တဲ့ နေရာမှာ ရေလောင်းတာ၊ ဖနောင့်ပေါက်တာ၊ ထမင်း ဖြူ သုံးဆုပ်လောက် သွားပစ်တာမျိုး သွားလုပ်သင့် ပါတယ်။ ဒါတောင်မှ အဆင်မပြေရင်တော့ ဆရာ တစ်ယောက်ယောက်နဲ့ မြေဘုတ်ဘီလူးကို ထုတ်ရ ပါမယ်။

ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ ...

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

zawgyi version

႐ုတ္တရက္ျဖစ္တဲ့အေၾကာက္တရားေၾကာင့္

စိႏၱာမယဆရာပုိင္

 

ေရာက္လာတာက မိသားစုသံုးေယာက္ပါ။ မိဘႏွစ္ပါးနဲ႔ သားျဖစ္သူတို႔ျဖစ္ၾကၿပီး မိဘႏွစ္ပါး မ်က္ႏွာေပၚမွာ သားအတြက္ ပူပင္ေသာက ေရာက္ ေနၾကတာကို သိသာစြာျမင္ေတြ႕ေနရပါတယ္။

“ဘာျဖစ္လို႔လဲ ေျပာပါဦး”

ထံုးစံအတိုင္း သူတို႔ျဖစ္စဥ္ကို ေလ့လာလို တဲ့အတြက္ ေမးလိုက္ျခင္းျဖစ္ပါတယ္။ သူတို႔ေျပာျပ တာကေတာ့ -

“ေျပာျပရရင္ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ ေလာက္က စပါတယ္ ဆရာ ... သားကို သူ႕ ဦးေလးက သံလ်င္ဘက္ေခၚလို႔လိုက္သြားရင္း ဟို ဘက္ကမ္းေရာက္ေတာ့ သားက သူ႕ဦးေလးကားကို ေမာင္းၾကည့္တယ္။ ကားေမာင္းသင္ထားေပမယ့္ မကြ်မ္းက်င္ေသးတာေၾကာင့္ ေအာင္ခ်မ္းသာနားမွာ ကားတစ္စီးကို ေက်ာ္တက္ရင္းက ဟိုဘက္ကလာတဲ့ ကားနဲ႔ တိုက္မိၿပီး တစ္ဖက္ကား ေတာ္ေတာ္နာ သြားတယ္ ...လူေတြလည္းဒဏ္ရာရၾက ... ကား လည္း ပ်က္စီးသြားပါတယ္ ...ေငြလည္းေလ်ာ္က အမႈလည္း ရင္ဆိုင္လိုက္ရတယ္။ အဲဒိအခ်ိန္ကတည္း က သား ပံုစံေျပာင္းသြားတာပါ ...စကားလည္း သိပ္မေျပာ မိႈင္းတိုင္းတိုင္းနဲ႔ ျဖစ္သြားပါတယ္ ... အလုပ္ေလွ်ာက္ထားတာရလို႔ အလုပ္ဆင္းရေတာ့ လည္း စိတ္မပါသလို၊ မနက္ပိုင္းဆင္းၿပီး မြန္းမလြဲ ခင္ ျပန္ေရာက္လာတယ္ ...အိမ္ေထာင္က်ေပမယ့္ သူ႔အိမ္ေထာင္ဘက္နဲ႔ကလည္း ကြဲတယ္ ... သူ႕ပံုစံ ေၾကာင့္ ကြ်န္ေတာ္တို႔ကေတာ့ သူ႕ကိုသိုက္ကလာ တာမ်ားလား ...သိုက္ကမေက်နပ္လို႔ တစ္ခုခု လုပ္ထားတာမ်ားလားလို႔ ေတြးမိပါတယ္ ဆရာ”

“တျခားမွာေရာ သိုက္အတြက္တို႔ဘာတို႔ ကုသမႈလုပ္ခဲ့ဖူးေသးလား ...”

“မလုပ္ခဲ့ပါဘူး ဆရာ ...ဒါေပမဲ့ သူ႕ကို သိုက္ကလာတယ္လို႔ ဆရာမႀကီးတစ္ေယာက္ ကေတာ့ ေျပာဖူးပါတယ္ ...”

“ဘယ္လိုေျပာတာလဲ ...”

“သူ႕ကိုၾကည့္ၿပီးေျပာတာပါ ဆရာ ... အလွဴခံေနတာကို ကြ်န္ေတာ္တို႔လွဴလိုက္ေတာ့ သူ႕ကို သိုက္ဆက္လို႔ ေျပာလိုက္တာပါပဲ ...”

အမွန္ေတာ့ သိုက္ဆက္ဆိုတာကို ခုလို လြယ္ လြယ္ေျပာႏိုင္တဲ့သူ အမ်ားအျပားရွိပါတယ္။ ေဗဒင္ ဆရာတခ်ိဳ႕လည္း သူတို႔အက်င့္တရားေတြ မွန္ကန္ လို႔ သိုက္ဆက္ကိုၾကည့္႐ံုနဲ႔ ေျပာႏိုင္ၾကပါတယ္ ...။ဒါေပမဲ့ စနစ္တက် ဘယ္လိုလုပ္ေပးရမယ္ဆိုတာကို သိတဲ့သူကေတာ့ နည္းပါတယ္။

ဒါေၾကာင့္ သိုက္ဆက္လို႔သိရင္ သြားမဆြ လိုက္သင့္ပါဘူး။ ေခ်ာ့ေပါင္းျခင္းအားျဖင့္ ကိုယ့္လူ အတြက္ အဆင္ေျပေစပါလိမ့္မယ္။ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္လိုက္ရင္ သူတစ္ျပန္ကိုယ္တစ္ျပန္နဲ႔ မဆံုး ႏိုင္တဲ့ တိုက္ပြဲေတြျဖစ္ရၿပီး ကိုယ့္လူ႕အတြက္ (ေနာက္ ဆံုးမွာ) အသက္ကိုရန္ရွာတဲ့အထိ ျဖစ္တတ္ပါတယ္။

“အင္း ေကာင္းၿပီေလ ... ကြ်န္ေတာ္ စစ္ ေဆးၾကည့္လိုက္ပါ့မယ္ ...သိုက္ဆိုတာလည္း သိုက္အေလ်ာက္ေပါ့ ...မဟုတ္ေတာ့လည္း ဘာ ျဖစ္မလဲ ၾကည့္လုပ္ရမွာေပါ့ ...”

ကြ်ႏု္ပ္ စစ္ေဆးၾကည့္လိုက္ေတာ့ သိုက္ ဆက္ မွန္ေနေပမယ့္ အဓိကျဖစ္ေနတာက သိုက္ ေၾကာင့္မဟုတ္ပါဘူး။ သိုက္ဆိုတာ မိခင္ျဖစ္သူက ကေလးလိုခ်င္လို႔ေတာင္းထားတဲ့အတြက္ ေရႊတိဂံု ဘိုးဘိုးႀကီးက(သိုက္ထဲကယူၿပီး)ေပးလိုက္တာပါ။ ဒါ ေၾကာင့္ သိုက္ဆက္လို႔ေျပာႏိုင္ေပမယ့္ သိုက္နဲ႔ ဆိုင္ သာဆိုင္မပိုင္ဘဲ တကယ္လုပ္ေပးရမွာကေတာ့ ေတာင္း ထားတဲ့အတြက္ ေရႊတိဂံုအဂၤါေထာင့္က ျဗဟၼာသား ပိုက္(သားေတာင္း႐ုပ္)မွာ ျပန္ျပၿပီးေတာ့ ေရႊတိဂံု ဘိုးဘိုးႀကီးကို ကန္ေတာ့ပြဲတစ္ပြဲေလာက္ဒါနျပဳၿပီး မိမိကိုယ္ကို အပ္လိုက္ဖို႔ျဖစ္ပါတယ္။

ေနာက္ထပ္ရွိလိုက္တာက ကားတိုက္မႈ ျဖစ္ တဲ့ေနရာမွာ ႐ုတ္တရက္ ေၾကာက္ရြံ႕ထိတ္လန္႔မႈ ေၾကာင့္ ျဖစ္လာရတဲ့ ဆိုးက်ိဳးက အနားမွာရွိေနတဲ့ နာမ္ေလာကသား တစ္ေယာက္ေယာက္က သူ႕ကိုယ္ ထဲမွာ ဝင္ေရာက္ေႏွာင့္ယွက္ေနျခင္းပါပဲ။ ဒါေၾကာင့္ အဲဒီေႏွာင့္ယွက္မႈကိုေတာ့ ေခၚသြင္းၿပီး ထုတ္ေပး လိုက္ပါတယ္။ 

သူ႕ကို ငါးရက္အတြင္း ေကာင္းရပါမယ္လို႔ ကတိေပးတာေၾကာင့္ ငါးရက္ ေစာင့္ၾကည့္ဖို႔ ေျပာ လိုက္ပါတယ္။ 

လူေတြမွာ ႐ုတ္တရက္ အထိတ္တလန္႔ ျဖစ္ခိုက္ အနီးမွာရွိေနတတ္တဲ့ အေကာင္တစ္ေကာင္ ေကာင္ (ေျမဖုတ္ဘီလူး၊ သရဲ) စတာေတြက အေျပး အလႊား ဝင္ေရာက္လာတတ္ပါတယ္။ ဒါေၾကာင့္ ေရွ႕လူႀကီးမ်ားက ေခ်ာ္လဲရင္ ေရေလာင္းတာတို႔ ဖေနာင့္ေပါက္တာတို႔ လုပ္ခိုင္းျခင္းျဖစ္ဟန္တူပါ တယ္။ ေရေလာင္း၊ ဖေနာင့္ေပါက္ျခင္းအားျဖင့္ ေခ်ာ္ လဲသူကိုယ္ထဲကို ဝင္ေရာက္ ေႏွာင့္ယွက္မယ့္ အေကာင္အတြက္ တန္႔သြားေစမယ္လို႔ယူဆမိပါ တယ္။

လူ႕စိတ္မွာ ပံုမွန္ရွိေနရာကေန ေၾကာက္သြား ခ်ိန္ဟာ အားအငယ္ဆံုး အခ်ိန္ျဖစ္မယ္ထင္ပါတယ္။ အဲဒီလို အားအငယ္ဆံုးအခ်ိန္မွာမွ ကိုယ္တြင္းကို ေႏွာင့္ယွက္မယ့္သူ ဝင္ေရာက္လာႏိုင္တာျဖစ္ေၾကာင္း သိရွိလိုက္ရပါတယ္။ ဒီလိုျပႆနာမ်ိဳးေတြကို ေခ်ာ္ လဲသူ၊ သစ္ပင္ေပၚက က်သူေတြမွာလည္း ေတြ႔ခဲ့ရ ဖူးပါတယ္။

ျဖစ္စဥ္၊ ေနရာ၊ အခ်ိန္၊ အေျခအေနေတြက မတူညီတတ္ၾကတာေၾကာင့္ ခံစားၾကရပံုျခင္းလည္း မတူတတ္ၾကပါဘူး။ ဒီကေလးကေတာ့ စိတ္ပိုင္း ဆိုင္ရာကို အဓိကထားၿပီး တိုက္ခိုက္ထားျခင္း ခံေန ရပါတယ္။ အ႐ူးတစ္ေယာက္လို သြက္သြက္ခါေန တာ မဟုတ္ေပမယ္လို႔ အလုပ္အကိုင္၊ အေျပာအဆို အေနအထိုင္ေတြမွာ ပံုမွန္မဟုတ္ေတာ့ပါဘူး။ သူ႔ မိဘမ်ားေျပာလို႔ သိရတာက စိတ္က်န္းမာေရးမွာျပၿပီး ေဆးေသာက္ေနတာ ႏွစ္ခ်ီေနၿပီလို႔ သိရပါတယ္။ ဒါေပမဲ့ ေဆးမတိုးသလိုျဖစ္ေနလို႔ ကြ်ႏု္ပ္ဆီ ေရာက္ လာျခင္းပါ။

သစ္ပင္ေပၚကက်ၿပီး ေျမဘုတ္ဘီလူး ေႏွာင့္ ထားခံရသူတစ္ေယာက္ ကြ်ႏု္ပ္ဆီ ေရာက္လာဖူးပါ တယ္။ သူကေတာ့ ေတာ္ေတာ္ေလးျမင့္တဲ့ အုန္းပင္ ေပၚက က်ခဲ့ရတာပါ။ ကံေကာင္းခ်င္ေတာ့ အသက္ မေသခဲ့ပါဘူး။ ေဆး႐ံုေရာက္သြားၿပီး ကုသမႈခံယူခဲ့ ရာမွာ စတီးထည့္တာတို႔ ဘာတို႔ လုပ္ခဲ့ၿပီးပါၿပီ။ ေဆးရံုေပၚမွာ သံုးလေလာက္ တက္ေနခဲ့ရၿပီး ခုျပန္ ဆင္းလာခဲ့တာလည္း လခ်ီရွိပါၿပီ။ 

လူနာက လမ္းေလွ်ာက္လို႔လည္းရတယ္။ သြားရ လာရလည္း အဆင္ေျပတယ္။ ဒါေပမဲ့ ေျခဖမိုးနဲ႔ ေျခသလံုးတို႔မွာ ေယာင္ေနတာေၾကာင့္ ေလးလံေနပါတယ္။ အေျဖရွာၾကည့္တဲ့အခါ အုန္း ပင္ေပၚကက်စဥ္ ေျမဘုတ္ဘီလူးဝင္ကပ္လိုက္တာပါ။ ဒါေၾကာင့္ သူ႕ေျခေထာက္ ေယာင္ေနရတာမို႔ ကြ်ႏု္ပ္ ေျမဘုတ္ေခၚထုတ္ေပးလိုက္ပါတယ္။

သိပ္မၾကာခင္မွာ သူ႕ေျခေထာက္ေတြ အေယာင္က်သြားၿပီး ပံုမွန္ျပန္ျဖစ္သြားေၾကာင္း သိ လိုက္ရပါတယ္။

ဘယ္သူပဲျဖစ္ျဖစ္ ေခ်ာ္လဲတာ၊ ျပဳတ္က်တာ၊ ဖင္ထိုင္လ်က္က်တာ၊ တစ္ကိုယ္လံုးေျမေပၚက်တာ၊ ႐ုတ္တရက္ ထိတ္လန္႔စရာတစ္ခုခုေၾကာင့္ ေၾကာက္ ရြံ႕မႈတစ္ခုခု ခံစားလိုက္ရရင္ အထူးသတိထားၿပီး ေၾကာက္ရြံ႕မႈကို ရင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားသင့္ပါ တယ္။ မျဖစ္မေန ခံစားလိုက္ရရင္လည္း ျဖစ္တဲ့ ေနရာမွာ ေရေလာင္းတာ၊ ဖေနာင့္ေပါက္တာ၊ ထမင္း ျဖဴ သံုးဆုပ္ေလာက္ သြားပစ္တာမ်ိဳး သြားလုပ္သင့္ ပါတယ္။ ဒါေတာင္မွ အဆင္မေျပရင္ေတာ့ ဆရာ တစ္ေယာက္ေယာက္နဲ႔ ေျမဘုတ္ဘီလူးကို ထုတ္ရ ပါမယ္။

ခုနစ္ရက္သားသမီးမ်ား ပေယာဂစက္ေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ...

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Share