ဆိုက်ကယ်သရဲ

မောင်မောင်ဝင်းတင်(ရွှေပင်မြေ)

ကျွန်တော်ကြုံခဲ့သမျှသော ဂမ္ဘီရဆန်သော အရာအားလုံးတို့သည် တကယ့်ဖြစ်ရပ်မှန်များသာ ဖြစ်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ပါရမီခြင်း ပဋ္ဌာန်းဆက်ခြင်း၊ ဆုတောင်းခြင်း၊ ကံကံ၏အ ကြောင်းအကျိုးဆက်ခြင်းများမှာ မတူညီနိုင်ကြပါ။ ထို့ကြောင့်

ကျွန်တော်တွေ့သမျှ ကြုံသမျှ အတွေ့ အကြုံအားလုံးတို့သည် အမှတ်တမဲ့တွေ့ကြုံစဉ်ကာလ အတွင်း သူလိုကိုယ်လို ပုံသဏ္ဍာန်အနေအထားများ ကြောင့်စိတ်ထဲတွင်ကြောက်စရာမရှိပါ။ အကြောင်း အကျိုးအား သေချာစွာ သိလာရပါမှ တစိမ့်စိမ့်နှင့် ကျောချမ်းစရာ ကြောက်စရာများဖြစ်လာရပါသည်။ 

ယခုလည်း ကြည့်ပါဦးဗျာ ကျွန်တော်နေတာ က ဥသျှစ်ပင်မြို့မှာ ကျွန်တော့်တပည့်နေတာက ဇရပ်လှတိုက်နယ် ဇရပ်လှရွယမှာ သူ့ရွာနဲ့သူက တော့ဆရာမောင်ခင်ထွန်းဆိုရင် မသိသူခပ်ရှားရှား ရယ်ပါ။ တစ်ဖက်ကစိုက်ပျိုးရေးသမား၊ တစ်ဖက်က လဲစိုက်ပျိုးရေးနဲ့ နည်းပညာတွေရှာဖွေရင်း ကျွဲကူး ရေပါဆိုတဲ့ မြန်မာစကားအရ ငါးဆယ်ပေး၊ အုတ်ဖို ရွာနီးချုပ်စပ်က သစ်သီးဝလံတွေကို ဆိုင်ကယ်နဲ့ တနင့်တပိုးတင်လာပြီးရွာမှာ တဆင့်ပြန်ရောင်းစား တယ်။ အခုလဲ ကျွန်တော့်တပည့်ကျော်ကြီး မင်းလွင် ဦး(ပြည်)၏ ဖက်ရှင်ဆံသတွင် အမှတ်မထင်တွေ့ လိုက်ရသောကြောင့် ကျွန်တော့်၏စိတ်ထဲတွင် တအံ့ တဩဖြစ်နေခိုက်၊ ဆရာမောင်ခင်ထွန်းဆိုသူက ဆရာ ရွာကိုတစ်ခါထဲ လိုက်နိုင်ရင်လိုက်ခဲ့ပါလား ဆရာဟု ဖော်ရွေစွာ ခေါ်လာသောကြောင့် ကျွန် တော်သည်လည်းထိုဇရပ်လှရွာသို့ မရောက်ဖြစ်သည် မှာ ကြာနေပြီဖြစ်သောကြောင့် 

“အေး အဲဒါဆိုရင်လိုက်မယ်။ ခဏစောင့် ဆေးလွယ်အိတ်ပြန်ယူလိုက်ဦးမယ်”ဟု ပြောပြီးအိမ် သို့ပြန်လာခဲ့လေသည်။ 

ထိုနေ့ညနေခင်းမှောင်ရီပျိုးစ အချိန်မှ ဆရာ တပည့်နှစ်ယောက် ဥသျှစ်ပင်မြို့မှစထွက်ဖြစ်ခဲ့ကြ လေသည်။ မြို့အစွန်ဘက်နားရောက်လာသည်နှင့် ဆိုင်ကယ်မီးများဖွင့်၍မောင်းရလေတော့သည်။ ကျွဲ ရဲရွာသို့ရောက်သည်နှင့် ဆရာမောင်ခင်ထွန်းဆိုသူက     တစ်ခုခုဈေးဆင်းဝယ်နေသည်။ ကျွန်တော်က ရှေ့ မှဖြေးဖြေးချင်းမောင်းသွားနှင့်သည်။ တလုပ္ပင်ရွာ အထွက်အညစ်အကြေးနှင့် အမှိုက်များစွန့်ကာ မီးရှို့ ထားသော နေရာသို့ရောက်သည်နှင့် ကျွန်တော် သည် ဆိုင်ကယ်အားစက်ရှိန်သတ်၍ရပ်လိုက်လေ သည်။ ထို့နောက်အပေါ့အပါးသွားရန် ပြင်ဆင်နေ ခိုက် ဆိုင်ကယ်တစ်စီးသည် ကျွန်တော်၏ ဆိုင်ကယ် ဘေးနားလာရပ်ပြီးလျှင် ဆရာဘာလုပ်နေတာလဲ ဟု မေးလာသောကြောင့် ကျွန်တော်လဲ “အပေါ့သွားဦးမယ်မောင်းနှင့် ငါနောက်က အမှီလိုက်လာခဲ့မယ်” ဟု ပြောပြီး အပေါ့သွားနေရင်း စဉ်းစားနေမိသည်။ ဒီလောက်ဝိတ်ကြီးနဲ့ငါ့တပည့် မောင်ခင်ထွန်းဆိုင် ကယ်မောင်းကြမ်းလှချီလား ကျွမ်းလှချီလား ဟု တွေး တောနေစဉ် ထိုကဲ့သို့သော ကုန်ဝိတ်ကြီးနှင့် ဆိုင် ကယ်တစ်စီးကျွန်တော့်ဆိုင်ကယ်ဘေးနားသို့ ထပ် ရောက်လာပြန်သည်။ ရောက်လာသည်နှင့် “ဆရာ ဘာလုပ်နေတာလဲ”ဟု မေးလာသောကြောင့် ကျွန် တော့်မှာလဲ အံ့အားသင့်စွာဖြင့် “ဪသာ်အေးအေး မောင်းမောင်းငါနောက်ကမောင်းလာခဲ့မယ်”ဟု ပြန်   ၍ပြောလိုက်ရသော်ငြား စိတ်ထဲတွင် သံသယမကင်း ဖြစ်နေမိသည်။ ပထမဆိုင်ကယ်တစ်စီးကလဲ မောင်ခင်ထွန်းဒုတိယဆိုင်ကယ်တစ်စီးရောက်လာ တော့လဲ မောင်ခင်ထွန်းပဲ ကျွန်တော့်ကိုမေးလာ တဲ့မေးခွန်းချင်းကလဲ အတူတူပဲ ဆိုင်ကယ်ဝိတ်နဲ့လူပုံ စံချင်းကလဲ အတူတူပဲ ထို့ကြောင့် ကျွန်တော်သည်   ဆိုင်ကယ်မောင်းလာရင်း ကျောထဲစိမ့်လာသော ကြောင့် စက်ဖြတ်အမိန့်တော်ပြန်ခြင်း၊ ဗုဒ္ဓဂုဏ်တော် ပွားများခြင်း၊ မေတ္တာပို့အမျှတမ်းပေးဝေခြင်းများဖြင့် သတိကြီးစွာနှင့်ပင် ဆိုင်ကယ်အားမောင်းနှင်၍ လိုက် လာမိခဲ့လေတော့သည်။ ယခုတစ်ပတ်ဇရပ်လှရွာသို့ လိုက်လာခဲ့ရသော ခရီးစဉ်သည် ပို၍ပင်ဝေးနေသည် ဟုထင်ရလေသည်။ မောင်ခင်ထွန်းတို့မိသားစုနေ ထိုင်ရာစိုက်ပျိုးရေးခြံထဲရှိ အိမ်ဂေဟာသို့ ရောက်ခါ မှပင် စိတ်အေးရလေတော့သည်။ သို့သော်မောင်ခင် ထွန်းက 

“ဆရာ ကျွန်တော်တို့ရှေးက မောင်းသွား နေတဲ့ ဆိုင်ကယ်က သွေးရိုးသားရိုးမဟုတ်ဘူးဆရာ    ကျွန်တော်လဲ တအားကုန်မောင်းပြီးလိုက်တာ မှီ တော့မလို မှီတော့မလိုနဲ့မြင်းပြန်ကျတောင်အဆင်း ကြတော့ လုံးဝမတွေ့ရတော့ဘူးပုံစံကြည့်ရတာ ကျွန် တော်နဲ့ တစ်ပုံစံထဲပဲ ဆိ်ုင်ကယ်သရဲနဲ့တူပါတယ်” ဟုပြောလာသောကြောင့် ကျွန်တော့်ရင်ထဲတွင် ဒိတ် ခနဲဖြစ်သွားမိလေတော့၏။ 

မောင်မောင်ဝင်းတင်

(ရွှေပင်မြေ)

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

 

ဆရာမောင်မောင်ဝင်းတင် (ရွှေပင်မြေ) ၏ ဆိုင်ကယ်သရဲစာမူမှာ တမူထူးခြားသည့်သရဲအကြောင်း ရေးသားထားသည့် စာမူဖြစ်သည်။ နေဝင် ရီတရောအချိန် ညမှောင်ခါစ အချိန်စသည့်အချိန် များမှာ သရဲတဘက်၊ မကောင်းဆိုးဝါး၊ နာနာဘာဝများမြူးတူးသည့် အချိန်များဖြစ်သည်။ ၎င်းတို့သည် နေ့အခါ လူတို့သွား လာလုပ်ကိုင်လှုပ်ရှား နေချိန်တွင် ငြိမ်သက်နေကြသူများ ဖြစ်သည်။ 

လူတို့နှင့် ထိမိခိုက်မိလျှင်လူတို့၏ ဘုန်းကံရှိန် စော်အား မခံနိုင်သည့် ဝိÓာဉ်များရှိသည်ဟု ကြားဖူးသည်။ ထို့ကြောင့် နေ့ဘက်တွင် မိမိတို့မှီတင်းနေထိုင်သည့် အရပ်နေရာတွင် မရွေ့လျားပဲ ငြိမ်သက်နေကြရသည်ဟု ကြားဖူးနားဝရှိပေသည်။ 

ထို့ကြောင့်တစ်နေ့တာ ကုန်ဆုံးခါနီးနေဝင် ရီတရောအချိန်(ဝါ) နွားရိုင်းသွင်းချိန်တွင် မကောင်း ဆိုးဝါးများငြိမ်သက်နေရာမှာ စတင်လှုပ်ရှားကြခြင်း ဖြစ်သည်။ ယခုဆရာမောင်မောင်ဝင်းတင်(ရွှေ့ပင် မြေ)ကြုံရသော ဆိုင်ကယ်သရဲမှာ ထိုအချိန်မျိုး၌ ကြုံရခြင်းဖြစ်သည်။ ဆရာ အပေါ့အပါးသွားနေ ချိန်ဆရာ့တပည့်အသွင်ယူ၍ ဆရာ့ကိုခြောက်လှန့်  ခြင်းဖြစ်၏။ ဆရာသာ သရဲဟုမထင်ဘဲ တပည့်ဖြစ် သူဟူ၍အထင်ရှိခဲ့သောကြောင့်ရုတ်တရတ်ကြောက် ရွံ့တုန်လှုပ်ခြင်းမဖြစ်ခြင်းဖြစ်သည်။ နောက် ဆရာ ဆိုင်ကယ်စီးလာရင်း စေ့စေ့တွေးသောအခါမှသာ    သင်္ကာမကင်းဖြစ်ပြီးလျှင် ကျောထဲမှ စိမ့်၍ကြောက် စိတ်ဝင်ခဲ့ခြင်းဖြစ်ဟန်ရှိလေသည်။ ဆရာကသတိ ထားမိသည်နှင့် ဗုဒ္ဓဂုဏ်တော်များပွားများခြင်း၊ မေတ္တာပို့အမျှဝေခြင်းများပြုလုပ်လိုက်သဖြင့် ဤမျှ နှင့် ပြီးသွားသည်ဟု ယူဆမိလေသည်။ 

 

ဒိဗ္ဗာန်(ဂမ္ဘီရ)

Zawgyi Version

ဆုိက္ကယ္သရဲ

ေမာင္ေမာင္၀င္းတင္(ေရႊပင္ေျမ)

 

ကြ်န္ေတာ္ႀကံဳခဲ့သမွ်ေသာ ဂမၻီရဆန္ေသာ အရာအားလံုးတို႔သည္ တကယ့္ျဖစ္ရပ္မွန္မ်ားသာ ျဖစ္ပါသည္။ သို႔ေသာ္လူတစ္ဦးႏွင့္ တစ္ဦး ပါရမီျခင္း ပ႒ာန္းဆက္ျခင္း၊ ဆုေတာင္းျခင္း၊ ကံကံ၏အ ေၾကာင္းအက်ိဳးဆက္ျခင္းမ်ားမွာ မတူညီႏိုင္ၾကပါ။ ထို႔ေၾကာင့္ ကြ်န္ေတာ္ေတြ႕သမွ် ႀကံဳသမွ် အေတြ႕ အႀကံဳအားလံုးတို႔သည္ အမွတ္တမဲ့ေတြ႕ႀကံဳစဥ္ကာလ အတြင္း သူလိုကိုယ္လို ပံုသ႑ာန္အေနအထားမ်ား ေၾကာင့္စိတ္ထဲတြင္ေၾကာက္စရာမရွိပါ။ အေၾကာင္း အက်ိဳးအား ေသခ်ာစြာ သိလာရပါမွ တစိမ့္စိမ့္ႏွင့္ ေက်ာခ်မ္းစရာ ေၾကာက္စရာမ်ားျဖစ္လာရပါသည္။ 

ယခုလည္း ၾကည့္ပါဦးဗ်ာ ကြ်န္ေတာ္ေနတာ က ဥသွ်စ္ပင္ၿမိဳ႕မွာ ကြ်န္ေတာ့္တပည့္ေနတာက ဇရပ္လွတိုက္နယ္ ဇရပ္လွရြယမွာ သူ႕ရြာနဲ႔သူက ေတာ့ဆရာေမာင္ခင္ထြန္းဆိုရင္ မသိသူခပ္ရွားရွား ရယ္ပါ။ တစ္ဖက္ကစိုက္ပ်ိဳးေရးသမား၊ တစ္ဖက္က လဲစိုက္ပ်ိဳးေရးနဲ႔ နည္းပညာေတြရွာေဖြရင္း ကြ်ဲကူး ေရပါဆိုတဲ့ ျမန္မာစကားအရ ငါးဆယ္ေပး၊ အုတ္ဖို ရြာနီးခ်ဳပ္စပ္က သစ္သီးဝလံေတြကို ဆိုင္ကယ္နဲ႔ တနင့္တပိုးတင္လာၿပီးရြာမွာ တဆင့္ျပန္ေရာင္းစား တယ္။ အခုလဲ ကြ်န္ေတာ့္တပည့္ေက်ာ္ႀကီး မင္းလြင္ ဦး(ျပည္)၏ ဖက္ရွင္ဆံသတြင္ အမွတ္မထင္ေတြ႕ လိုက္ရေသာေၾကာင့္ ကြ်န္ေတာ့္၏စိတ္ထဲတြင္ တအံ့ တဩျဖစ္ေနခိုက္၊ ဆရာေမာင္ခင္ထြန္းဆိုသူက ဆရာ ရြာကိုတစ္ခါထဲ လိုက္ႏိုင္ရင္လိုက္ခဲ့ပါလား ဆရာဟု ေဖာ္ေရြစြာ ေခၚလာေသာေၾကာင့္ ကြ်န္ ေတာ္သည္လည္းထိုဇရပ္လွရြာသို႔ မေရာက္ျဖစ္သည္ မွာ ၾကာေနၿပီျဖစ္ေသာေၾကာင့္ 

“ေအး အဲဒါဆိုရင္လိုက္မယ္။ ခဏေစာင့္ ေဆးလြယ္အိတ္ျပန္ယူလိုက္ဦးမယ္”ဟု ေျပာၿပီးအိမ္ သို႔ျပန္လာခဲ့ေလသည္။ 

ထိုေန႔ညေနခင္းေမွာင္ရီပ်ိဳးစ အခ်ိန္မွ ဆရာ တပည့္ႏွစ္ေယာက္ ဥသွ်စ္ပင္ၿမိဳ႕မွစထြက္ျဖစ္ခဲ့ၾက ေလသည္။ ၿမိဳ႕အစြန္ဘက္နားေရာက္လာသည္ႏွင့္ ဆိုင္ကယ္မီးမ်ားဖြင့္၍ေမာင္းရေလေတာ့သည္။ ကြ်ဲ ရဲရြာသို႔ေရာက္သည္ႏွင့္ ဆရာေမာင္ခင္ထြန္းဆိုသူက     တစ္ခုခုေဈးဆင္းဝယ္ေနသည္။ ကြ်န္ေတာ္က ေရွ႕ မွေျဖးေျဖးခ်င္းေမာင္းသြားႏွင့္သည္။ တလုပၸင္ရြာ အထြက္အညစ္အေၾကးႏွင့္ အမိႈက္မ်ားစြန္႔ကာ မီး႐ိႈ႕ ထားေသာ ေနရာသို႔ေရာက္သည္ႏွင့္ ကြ်န္ေတာ္ သည္ ဆိုင္ကယ္အားစက္ရွိန္သတ္၍ရပ္လိုက္ေလ သည္။ ထို႔ေနာက္အေပါ့အပါးသြားရန္ ျပင္ဆင္ေန ခိုက္ ဆိုင္ကယ္တစ္စီးသည္ ကြ်န္ေတာ္၏ ဆိုင္ကယ္ ေဘးနားလာရပ္ၿပီးလွ်င္ ဆရာဘာလုပ္ေနတာလဲ ဟု ေမးလာေသာေၾကာင့္ ကြ်န္ေတာ္လဲ “အေပါ့သြားဦးမယ္ေမာင္းႏွင့္ ငါေနာက္က အမွီလိုက္လာခဲ့မယ္” ဟု ေျပာၿပီး အေပါ့သြားေနရင္း စဥ္းစားေနမိသည္။ ဒီေလာက္ဝိတ္ႀကီးနဲ႔ငါ့တပည့္ ေမာင္ခင္ထြန္းဆိုင္ ကယ္ေမာင္းၾကမ္းလွခ်ီလား ကြ်မ္းလွခ်ီလား ဟု ေတြး ေတာေနစဥ္ ထိုကဲ့သို႔ေသာ ကုန္ဝိတ္ႀကီးနွင့္ ဆိုင္ ကယ္တစ္စီးကြ်န္ေတာ့္ဆိုင္ကယ္ေဘးနားသို႔ ထပ္ ေရာက္လာျပန္သည္။ ေရာက္လာသည္ႏွင့္ “ဆရာ ဘာလုပ္ေနတာလဲ”ဟု ေမးလာေသာေၾကာင့္ ကြ်န္ ေတာ့္မွာလဲ အံ့အားသင့္စြာျဖင့္ “ဪသာ္ေအးေအး ေမာင္းေမာင္းငါေနာက္ကေမာင္းလာခဲ့မယ္”ဟု ျပန္   ၍ေျပာလိုက္ရေသာ္ျငား စိတ္ထဲတြင္ သံသယမကင္း ျဖစ္ေနမိသည္။ ပထမဆိုင္ကယ္တစ္စီးကလဲ ေမာင္ခင္ထြန္းဒုတိယဆိုင္ကယ္တစ္စီးေရာက္လာ ေတာ့လဲ ေမာင္ခင္ထြန္းပဲ ကြ်န္ေတာ့္ကိုေမးလာ တဲ့ေမးခြန္းခ်င္းကလဲ အတူတူပဲ ဆိုင္ကယ္ဝိတ္နဲ႔လူပံု စံခ်င္းကလဲ အတူတူပဲ ထို႔ေၾကာင့္ ကြ်န္ေတာ္သည္   ဆိုင္ကယ္ေမာင္းလာရင္း ေက်ာထဲစိမ့္လာေသာ ေၾကာင့္ စက္ျဖတ္အမိန္႔ေတာ္ျပန္ျခင္း၊ ဗုဒၶဂုဏ္ေတာ္ ပြားမ်ားျခင္း၊ ေမတၲာပို႔အမွ်တမ္းေပးေဝျခင္းမ်ားျဖင့္ သတိႀကီးစြာႏွင့္ပင္ ဆိုင္ကယ္အားေမာင္းႏွင္၍ လိုက္ လာမိခဲ့ေလေတာ့သည္။ ယခုတစ္ပတ္ဇရပ္လွရြာသို႔ လိုက္လာခဲ့ရေသာ ခရီးစဥ္သည္ ပို၍ပင္ေဝးေနသည္ ဟုထင္ရေလသည္။ ေမာင္ခင္ထြန္းတို႔မိသားစုေန ထိုင္ရာစိုက္ပ်ိဳးေရးၿခံထဲရွိ အိမ္ေဂဟာသို႔ ေရာက္ခါ မွပင္ စိတ္ေအးရေလေတာ့သည္။ သို႔ေသာ္ေမာင္ခင္ ထြန္းက 

“ဆရာ ကြ်န္ေတာ္တို႔ေရွးက ေမာင္းသြား ေနတဲ့ ဆိုင္ကယ္က ေသြး႐ိုးသား႐ိုးမဟုတ္ဘူးဆရာ    ကြ်န္ေတာ္လဲ တအားကုန္ေမာင္းၿပီးလိုက္တာ မွီ ေတာ့မလို မွီေတာ့မလိုနဲ႔ျမင္းျပန္က်ေတာင္အဆင္း ၾကေတာ့ လံုးဝမေတြ႕ရေတာ့ဘူးပံုစံၾကည့္ရတာ ကြ်န္ ေတာ္နဲ႔ တစ္ပံုစံထဲပဲ ဆို္င္ကယ္သရဲနဲ႔တူပါတယ္” ဟုေျပာလာေသာေၾကာင့္ ကြ်န္ေတာ့္ရင္ထဲတြင္ ဒိတ္ ခနဲျဖစ္သြားမိေလေတာ့၏။ 

ေမာင္ေမာင္ဝင္းတင္

(ေရႊပင္ေျမ)

 

မေနာမယဝိုင္းေတာ္ သား ဆရာဒိဗၺာန္(ဂမီၻရ)၏ ျပန္လည္သံုးသပ္ တင္ျပခ်က္ . . 

 

ဆရာေမာင္ေမာင္ဝင္းတင္ (ေရႊပင္ေျမ) ၏ ဆိုင္ကယ္သရဲစာမူမွာ တမူထူးျခားသည့္သရဲအေၾကာင္း ေရးသားထားသည့္ စာမူျဖစ္သည္။ ေနဝင္ ရီတေရာအခ်ိန္ ညေမွာင္ခါစ အခ်ိန္စသည့္အခ်ိန္ မ်ားမွာ သရဲတဘက္၊ မေကာင္းဆိုးဝါး၊ နာနာဘာဝမ်ားျမဴးတူးသည့္ အခ်ိန္မ်ားျဖစ္သည္။ ゞင္းတို႔သည္ ေန႔အခါ လူတို႔သြား လာလုပ္ကိုင္လႈပ္ရွား ေနခ်ိန္တြင္ ၿငိမ္သက္ေနၾကသူမ်ား ျဖစ္သည္။ 

လူတို႔ႏွင့္ ထိမိခိုက္မိလွ်င္လူတို႔၏ ဘုန္းကံရွိန္ ေစာ္အား မခံႏိုင္သည့္ ဝိÓာဥ္မ်ားရွိသည္ဟု ၾကားဖူးသည္။ ထို႔ေၾကာင့္ ေန႔ဘက္တြင္ မိမိတို႔မွီတင္းေနထိုင္သည့္ အရပ္ေနရာတြင္ မေရြ႕လ်ားပဲ ၿငိမ္သက္ေနၾကရသည္ဟု ၾကားဖူးနားဝရွိေပသည္။ 

ထို႔ေၾကာင့္တစ္ေန႔တာ ကုန္ဆံုးခါနီးေနဝင္ ရီတေရာအခ်ိန္(ဝါ) ႏြား႐ိုင္းသြင္းခ်ိန္တြင္ မေကာင္း ဆိုးဝါးမ်ားၿငိမ္သက္ေနရာမွာ စတင္လႈပ္ရွားၾကျခင္း ျဖစ္သည္။ ယခုဆရာေမာင္ေမာင္ဝင္းတင္(ေရႊ႔ပင္ ေျမ)ႀကံဳရေသာ ဆိုင္ကယ္သရဲမွာ ထိုအခ်ိန္မ်ိဳး၌ ႀကံဳရျခင္းျဖစ္သည္။ ဆရာ အေပါ့အပါးသြားေန ခ်ိန္ဆရာ့တပည့္အသြင္ယူ၍ ဆရာ့ကိုေျခာက္လွန္႔  ျခင္းျဖစ္၏။ ဆရာသာ သရဲဟုမထင္ဘဲ တပည့္ျဖစ္ သူဟူ၍အထင္ရွိခဲ့ေသာေၾကာင့္႐ုတ္တရတ္ေၾကာက္ ရြံ႕တုန္လႈပ္ျခင္းမျဖစ္ျခင္းျဖစ္သည္။ ေနာက္ ဆရာ ဆိုင္ကယ္စီးလာရင္း ေစ့ေစ့ေတြးေသာအခါမွသာ    သကၤာမကင္းျဖစ္ၿပီးလွ်င္ ေက်ာထဲမွ စိမ့္၍ေၾကာက္ စိတ္ဝင္ခဲ့ျခင္းျဖစ္ဟန္ရွိေလသည္။ ဆရာကသတိ ထားမိသည္ႏွင့္ ဗုဒၶဂုဏ္ေတာ္မ်ားပြားမ်ားျခင္း၊ ေမတၲာပို႔အမွ်ေဝျခင္းမ်ားျပဳလုပ္လိုက္သျဖင့္ ဤမွ် ႏွင့္ ၿပီးသြားသည္ဟု ယူဆမိေလသည္။ 

 

ဒိဗၺာန္(ဂမၻီရ)

 

Share