သူတော်အယောင် ကြောင်သီတင်းသုံး ကြွက်ကိုမြင်သော် ချစ်ခင်ရယ်ပြုံးပြုံး -မောင်ဉာဏ်စိန်-

 ဤခေါင်းစဉ်ဖြင့် ဖတ်စာကို အလယ်တန်း မြန်မာစကားပြေ ကောက်နုတ်ချက်တွင် ဖတ်ရှုခဲ့ရဖူး လေသည်။ အလယ်တန်း မြန်မာစကားပြေကောက် နုတ်ကို ရွေးချယ်စီစဉ်သူမှာ မြန်မာစာပါမောက္ခ ဦးအေးမောင်(ပန်တော်ဆက်တက္ကသိုလ်မောင်သန့်စင်) ဖြစ်၍

ပုရာဏ်ဓမ္မဂန်ဖတ်စာမှ ကောက်နုတ်ဖော်ပြ ခဲ့ခြင်းဖြစ်ပေသည်။ အသက်ကြီးလာသောအခါ မူရင်း စာအုပ်ကို ရှာဖွေဖတ်ရှုခဲ့ရာ ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ် ကျမ်းဟု ဖတ်ရှုခဲ့ရပြီး ရန်ကုန်မြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်မှာ ၁၉၅၆ ခုနှစ်တွင် ပုံနှိပ်ဖြန့်ချိ ခဲ့ခြင်း ဖြစ်လေသည်။ ကျွန်တော် သတ္တမတန်းတွင် ရောက်ရှိစဉ် ၁၉၅၉-၆၀ ခုနှစ်တွင် စတင်၍ဖတ်ရှုခဲ့ရ ပြီးနောက် ယခုအခါ နှစ်ပေါင်း ၅၇ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သော်လည်း အမှတ်တရ ရှိဆဲပင်ဖြစ်သည်။ မူရင်း ကျမ်းပြုဆရာတော်မှ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော် အရှင်မုနိန္ဒာဘိဓဇ ဖြစ်လေသည်။ 

ရှေးသရောအခါက ကြောင်ဖြူတစ်ကောင် သည် ဗုဒ္ဓံသရဏံပင်ရင်းတွင် ကျင်းဖွဲ့၍နေရာ ကြွက် များစွာ လာကြသည်ကို မြင်ရ၏။ ဤကြွက်ကို ငါ စားလျှင်တစ်ကောင်ကိုသာမိ၍ အများကို မမိချေရာ။ ကြာမြင့်စွာစားရအောင် ချင်းတို့အား ဥပါယ်တံမျဉ် ပြုအံ့ဟု ကြံပြီးလျှင် ဗုဒ္ဓံသရဏံသီး၏အစေ့ကို ၁၀၈ လုံးပြည့်ပုတီးပြု၍ လည်တွင် ဝတ်ဆင်ထားသည်။ ထိုနေရာအနီး၌ မျက်စိကို မှိတ်တုံဖွင့်တုံပြု၍ နေ၏။ မည်သည့်ကြွက်တစ်ကောင်ကိုမျှ လိုက်၍မခုတ်ချေ။ 

ထိုအခါ ကြွက်များကလည်း အောက်ပါအ တိုင်း တိုင်ပင်ကြသည်။ 

“ဤကြောင်ကား ငါတို့ကို မခုတ်မစား။ တစ်ပါးကြောင်နှင့်မတူ။ သူတော်ကောင်းဖြစ်မည် ထင်သည်” ဤသို့တိုင်ပင်ပြီးနောက် ကြောင်ကြီးကို ကပ်၍ မေးကြသည်။ 

“အရှင်ကြောင်ကြီး ...သင်မူကား အဘယ် အရပ်၌ နေသနည်း။ အဘယ်အစာကိုစားသနည်း”

ကြောင်ကြီးကလည်း အောက်ပါအတိုင်းဖြေ ကြားလေသည်။

“ချစ်သားတို့ ...ငါကား ဗုဒ္ဓံသရဏံပင်၏ အောက်၌ သီလဆောက်တည်၍နေသည်မှာ ရှည် ကြာလှပြီ။ မိဘရပ်ရွာကား သမုဒ္ဓရာနားတွင်ရှိ၏။ ငါးနံ့၊ ကြွက်နံ့တို့ဖြင့် ညှီလှသောကြောင့် ဤဌာန သို့လာ၍ ငါနေသည်။ ငါမူကား သူ၏အသက်ကို လည်း မသတ်၊ သူ့အသားကိုလည်းမစား၊ သစ်မြစ် သစ်သီးကိုသာစား၍ နေသောကြောင့် ငါ့ကိုသီတင်း သုံးဟု ဆိုကြကုန်၏။ သင်တို့ ကောင်းကျိုး မကောင်း ကျိုးကို နာကြလိုမူ ငါဟောအံ့”

ထိုစကားကိုကြားသော် ဘုရားလောင်းကြွက် မင်းသည် ဦးဆောင်၍ ကြောင်ဖြူ၏ စကားကိုနာကြ ကုန်သည်။ ကြောင်ကလည်း အောက်ပါအတိုင်း ဟောကြားလေသည်။ 

“ကြွက်အပေါင်းတို့ ရှေးသူတော်ကောင်းတို့ ၏ စကားဟောင်းကား -

၁။ သူမကောင်းနှင့် မပေါင်းဖော်ရာ

၂။ စကားသစ္စာ၊ မှန်လှစွာ၍ သိက္ခာရှိသော   သူတော်ကောင်းနှင့်သာ ပေါင်းဖက်နေ၏။ 

၃။ ဝန်ရှာတတ်လျက် ကိုယ့်ထက်ယုတ်သော  လူနှင့်လည်း မတူမနေရာ။ 

၄။ ကိုယ့်ထက်မြတ်သောသူကို မှီကပ်ရာ၏။ 

၅။ သူတော်ကောင်းကို ပေါင်းဖက်မှ အသက် ရှည်စွာ ချမ်းသာရသည်။ 

ကြွက်တို့ကလည်း ကြောင်၏စကားကို ယုံ သဖြင့် ခစားကြသည်။ ထိုအခါ ကြောင်က တစ်နေ့ တစ်ကောင်စီ နောက်ကျသူကို ယူ၍စား၏။ နေ့ရက် ကြာလေသော် ကြွက်တို့သည် တစ်နေ့ထက်တစ်နေ့ လျော့နည်းလာ၍ အောက်ပါအတိုင်း စဉ်းစားတိုင်ပင် ကြကုန်သည်။ 

“အချင်းတို့ ငါတို့အဖော်တွင် ယမန်နေ့က မြင်သောကြွက်ကို ယနေ့မမြင်ရ။ ငါတို့ဆရာကြောင် သည် သူတော်ကောင်းမဟုတ်။ နှုတ်ထွက်နှင့် ကိုယ် ကျင့်မတန် ဧကန်ကောက်ကျစ်သူတည်း။ ကြာကြာ ပေါင်းလျှင် ကြွက်အပေါင်းကုန်လိမ့်မည်”

ကြွက်များ၏ အစည်းအဝေးတွင် အပြန်အ လှန်ဆွေးနွေး ငြင်းခုံကြလေသည်။ ကြွက်တစ်ကောင် က အောက်ပါအတိုင်း ဝင်ရောက်ဆွေးနွေးသည်။ 

“အရေးမရှိသော် နွား၏အဟန် အရေးရှိ သော် ကျား၏သဏ္ဌာန်ကျင့်ကြံသူကား အလွန်များ ၏။ ကြောင်မစားမူ ကြွက်နည်းပါး၍ မသွားရာ”

အခြားကြွက်တစ်ကောင်ကလည်း ရှေးသူ ဟောင်းတို့၏ လမ်းကြောင်းစကားကို ကြားဖူးသည်။ “လက်သည်းရှည်သူကိုလည်း အကျွမ်းမဝင်ရာ။ ငါ တို့သည် လက်သည်းရှည်သူ ဤကြောင်ဖြူကို အကျွမ်းဝင်မိချေသည်။ စူးစမ်းဆင်ခြင်ကြဦးအံ့”ဟု  ဆိုလိုက်လေသည်။ 

ကြွက်များအထဲမှ ကြွက်တစ်ကောင်ကိုသာ ကြောင်ဖြူ၏အနီးသို့ စမ်းသပ်စေလွှတ်လေရာ ကြောင်လည်း လျင်မြန်စွာ ခုတ်၍စားလိုက်လေသည်။ ဘုရားလောင်းဖြစ်သော အခြားကြွက်တစ်ကောင်ကို စေလွှတ်၍ လျှို့ဝှက်စုံစမ်းစေသောအခါ ကြောင်၏ အနီးအပါး၌ ပထမလွှတ်လိုက်သော ကြွက်တို့၏ အမွှေး၊ အသွေး အသားတို့ကိုလည်းကောင်း၊ ယခင် က လျှော့နည်းသွားသော <ကက်တို့၏ အမွှေး၊ အသွေး အသားတို့ကိုလည်းကောင်း တွေ့မြင်ရလေ တော့သည်။ 

ထပ်မံ၍ စုံစမ်းသော ကြွက်၏အမည်မှာ ဥပါလိဖြစ်သည်။ ဥပါလိကြွက်သည် ၎င်းင်းမြင်တွေ့ရ သမျှကို အခြားသော ကြွက်အပေါင်းတို့အား ပြောပြ ပြီး ၎င်းကိုယ်တိုင်ခေါင်းဆောင်၍ ဝေးလွန်သော တောနက်တစ်ခုသို့ ပြောင်းရွှေ့သွားကြလေတော့ သည်။ 

ထို့ကြောင့် အမျိုးမကောင်းသူကို မျိုးရိုးနဲ့သူ ကို အကျင့်ဖြူသည်ဟု ပြောသော်လည်း မယုံသင့် ကြကြောင်း “သူတော်အယောင် ကြောင်သီတင်းသုံး၊ ကြွက်ကို မြင်သော် ချစ်ခင်ရယ်ပြုံးပြုံး”ဟူသော စကားကို နှလုံးမူသင့်ကြကြောင်း ရှေးပညာရှိတို့၏ ဆိုစကားများကို ရေးသားတင်ပြအပ်ပေသည်။

မောင်ဉာဏ်စိန်

ကျမ်းကိုးစာရင်း။   ။

ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း (ရွှေတောင် မြို့၊ ကျီးသဲလေးထပ်ဆရာတော်)

အလယ်တန်း၊ မြန်မာစကားပြေ ကောက် နုတ်ချက် (ပါမောက္ခဦးအေးမောင်)

 

zawgyi version

သူေတာ္အေယာင္ ေၾကာင္သီတင္းသံုး

ၾကြက္ကုိျမင္ေသာ္ ခ်စ္ခင္ရယ္ျပံဳးျပံဳး

-ေမာင္ဥာဏ္စိန္-

 

ဤေခါင္းစဥ္ျဖင့္ ဖတ္စာကို အလယ္တန္း ျမန္မာစကားေျပ ေကာက္ႏုတ္ခ်က္တြင္ ဖတ္႐ႈခဲ့ရဖူး ေလသည္။ အလယ္တန္း ျမန္မာစကားေျပေကာက္ ႏုတ္ကို ေရြးခ်ယ္စီစဥ္သူမွာ ျမန္မာစာပါေမာကၡ ဦးေအးေမာင္(ပန္ေတာ္ဆက္တကၠသိုလ္ေမာင္သန္႔စင္) ျဖစ္၍ ပုရာဏ္ဓမၼဂန္ဖတ္စာမွ ေကာက္ႏုတ္ေဖာ္ျပ ခဲ့ျခင္းျဖစ္ေပသည္။ အသက္ႀကီးလာေသာအခါ မူရင္း စာအုပ္ကို ရွာေဖြဖတ္႐ႈခဲ့ရာ ဓမၼဂန္ဖတ္စာႏွင့္ ပုရာဏ္ က်မ္းဟု ဖတ္႐ႈခဲ့ရၿပီး ရန္ကုန္ၿမိဳ႕ ဟံသာ၀တီ ပိဋကတ္ပံုႏွိပ္တိုက္မွာ ၁၉၅၆ ခုႏွစ္တြင္ ပံုႏွိပ္ျဖန္႔ခ်ိ ခဲ့ျခင္း ျဖစ္ေလသည္။ ကြၽန္ေတာ္ သတၱမတန္းတြင္ ေရာက္ရွိစဥ္ ၁၉၅၉-၆၀ ခုႏွစ္တြင္ စတင္၍ဖတ္႐ႈခဲ့ရ ၿပီးေနာက္ ယခုအခါ ႏွစ္ေပါင္း ၅၇ ႏွစ္မွ် ၾကာခဲ့ၿပီ ျဖစ္ေသာ္လည္း အမွတ္တရ ရွိဆဲပင္ျဖစ္သည္။ မူရင္း က်မ္းျပဳဆရာေတာ္မွ ေရႊေတာင္ၿမိဳ႕ က်ီးသဲေလးထပ္ ဆရာေတာ္ အရွင္မုနိႏၵာဘိဓဇ ျဖစ္ေလသည္။ 

ေရွးသေရာအခါက ေၾကာင္ျဖဴတစ္ေကာင္ သည္ ဗုဒၶံသရဏံပင္ရင္းတြင္ က်င္းဖြဲ႕၍ေနရာ ၾကြက္ မ်ားစြာ လာၾကသည္ကို ျမင္ရ၏။ ဤၾကြက္ကို ငါ စားလွ်င္တစ္ေကာင္ကိုသာမိ၍ အမ်ားကို မမိေခ်ရာ။ ၾကာျမင့္စြာစားရေအာင္ ခ်င္းတို႔အား ဥပါယ္တံမ်ဥ္ ျပဳအံ့ဟု ႀကံၿပီးလွ်င္ ဗုဒၶံသရဏံသီး၏အေစ့ကို ၁၀၈ လံုးျပည့္ပုတီးျပဳ၍ လည္တြင္ ၀တ္ဆင္ထားသည္။ ထိုေနရာအနီး၌ မ်က္စိကို မွိတ္တံုဖြင့္တံုျပဳ၍ ေန၏။ မည္သည့္ၾကြက္တစ္ေကာင္ကိုမွ် လိုက္၍မခုတ္ေခ်။ 

ထိုအခါ ၾကြက္မ်ားကလည္း ေအာက္ပါအ တိုင္း တိုင္ပင္ၾကသည္။ 

“ဤေၾကာင္ကား ငါတို႔ကို မခုတ္မစား။ တစ္ပါးေၾကာင္ႏွင့္မတူ။ သူေတာ္ေကာင္းျဖစ္မည္ ထင္သည္” ဤသို႔တိုင္ပင္ၿပီးေနာက္ ေၾကာင္ႀကီးကို ကပ္၍ ေမးၾကသည္။ 

“အရွင္ေၾကာင္ႀကီး ...သင္မူကား အဘယ္ အရပ္၌ ေနသနည္း။ အဘယ္အစာကိုစားသနည္း”

ေၾကာင္ႀကီးကလည္း ေအာက္ပါအတိုင္းေျဖ ၾကားေလသည္။

“ခ်စ္သားတို႔ ...ငါကား ဗုဒၶံသရဏံပင္၏ ေအာက္၌ သီလေဆာက္တည္၍ေနသည္မွာ ရွည္ ၾကာလွၿပီ။ မိဘရပ္ရြာကား သမုဒၶရာနားတြင္ရွိ၏။ ငါးနံ႔၊ ၾကြက္နံ႔တို႔ျဖင့္ ညႇီလွေသာေၾကာင့္ ဤဌာန သို႔လာ၍ ငါေနသည္။ ငါမူကား သူ၏အသက္ကို လည္း မသတ္၊ သူ႔အသားကိုလည္းမစား၊ သစ္ျမစ္ သစ္သီးကိုသာစား၍ ေနေသာေၾကာင့္ ငါ့ကိုသီတင္း သံုးဟု ဆိုၾကကုန္၏။ သင္တို႔ ေကာင္းက်ဳိး မေကာင္း က်ဳိးကို နာၾကလိုမူ ငါေဟာအံ့”

ထိုစကားကိုၾကားေသာ္ ဘုရားေလာင္းၾကြက္ မင္းသည္ ဦးေဆာင္၍ ေၾကာင္ျဖဴ၏ စကားကိုနာၾက ကုန္သည္။ ေၾကာင္ကလည္း ေအာက္ပါအတိုင္း ေဟာၾကားေလသည္။ 

“ၾကြက္အေပါင္းတို႔ ေရွးသူေတာ္ေကာင္းတို႔ ၏ စကားေဟာင္းကား -

၁။ သူမေကာင္းႏွင့္ မေပါင္းေဖာ္ရာ

၂။ စကားသစၥာ၊ မွန္လွစြာ၍ သိကၡာရွိေသာ   သူေတာ္ေကာင္းႏွင့္သာ ေပါင္းဖက္ေန၏။ 

၃။ ၀န္ရွာတတ္လ်က္ ကိုယ့္ထက္ယုတ္ေသာ  လူႏွင့္လည္း မတူမေနရာ။ 

၄။ ကိုယ့္ထက္ျမတ္ေသာသူကို မွီကပ္ရာ၏။ 

၅။ သူေတာ္ေကာင္းကို ေပါင္းဖက္မွ အသက္ ရွည္စြာ ခ်မ္းသာရသည္။ 

ၾကြက္တို႔ကလည္း ေၾကာင္၏စကားကို ယံု သျဖင့္ ခစားၾကသည္။ ထိုအခါ ေၾကာင္က တစ္ေန႔ တစ္ေကာင္စီ ေနာက္က်သူကို ယူ၍စား၏။ ေန႔ရက္ ၾကာေလေသာ္ ၾကြက္တို႔သည္ တစ္ေန႔ထက္တစ္ေန႔ ေလ်ာ့နည္းလာ၍ ေအာက္ပါအတိုင္း စဥ္းစားတိုင္ပင္ ၾကကုန္သည္။ 

“အခ်င္းတို႔ ငါတို႔အေဖာ္တြင္ ယမန္ေန႔က ျမင္ေသာၾကြက္ကုိ ယေန႔မျမင္ရ။ ငါတို႔ဆရာေၾကာင္ သည္ သူေတာ္ေကာင္းမဟုတ္။ ႏႈတ္ထြက္ႏွင့္ ကိုယ္ က်င့္မတန္ ဧကန္ေကာက္က်စ္သူတည္း။ ၾကာၾကာ ေပါင္းလွ်င္ ၾကြက္အေပါင္းကုန္လိမ့္မည္”

ၾကြက္မ်ား၏ အစည္းအေ၀းတြင္ အျပန္အ လွန္ေဆြးေႏြး ျငင္းခံုၾကေလသည္။ ၾကြက္တစ္ေကာင္ က ေအာက္ပါအတိုုင္း ၀င္ေရာက္ေဆြးေႏြးသည္။ 

“အေရးမရွိေသာ္ ႏြား၏အဟန္ အေရးရွိ ေသာ္ က်ား၏သဏၭာန္က်င့္ႀကံသူကား အလြန္မ်ား ၏။ ေၾကာင္မစားမူ ၾကြက္နည္းပါး၍ မသြားရာ”

အျခားၾကြက္တစ္ေကာင္ကလည္း ေရွးသူ ေဟာင္းတို႔၏ လမ္းေၾကာင္းစကားကို ၾကားဖူးသည္။ “လက္သည္းရွည္သူကိုလည္း အကြၽမ္းမ၀င္ရာ။ ငါ တို႔သည္ လက္သည္းရွည္သူ ဤေၾကာင္ျဖဴကို အကြၽမ္း၀င္မိေခ်သည္။ စူးစမ္းဆင္ျခင္ၾကဦးအံ့”ဟု  ဆိုလိုက္ေလသည္။ 

ၾကြက္မ်ားအထဲမွ ၾကြက္တစ္ေကာင္ကိုသာ ေၾကာင္ျဖဴ၏အနီးသို႔ စမ္းသပ္ေစလႊတ္ေလရာ ေၾကာင္လည္း လ်င္ျမန္စြာ ခုတ္၍စားလိုက္ေလသည္။ ဘုရားေလာင္းျဖစ္ေသာ အျခားၾကြက္တစ္ေကာင္ကို ေစလႊတ္၍ လွ်ဳိ႕၀ွက္စံုစမ္းေစေသာအခါ ေၾကာင္၏ အနီးအပါး၌ ပထမလႊတ္လိုက္ေသာ ၾကြက္တို႔၏ အေမႊး၊ အေသြး အသားတို႔ကိုလည္းေကာင္း၊ ယခင္ က ေလွ်ာ့နည္းသြားေသာ <ကက္တို႔၏ အေမႊး၊ အေသြး အသားတို႔ကိုလည္းေကာင္း ေတြ႕ျမင္ရေလ ေတာ့သည္။ 

ထပ္မံ၍ စံုစမ္းေသာ ၾကြက္၏အမည္မွာ ဥပါလိျဖစ္သည္။ ဥပါလိၾကြက္သည္ ၎င္းျမင္ေတြ႕ရ သမွ်ကို အျခားေသာ ၾကြက္အေပါင္းတို႔အား ေျပာျပ ၿပီး ၎ကိုယ္တိုင္ေခါင္းေဆာင္၍ ေ၀းလြန္ေသာ ေတာနက္တစ္ခုသို႔ ေျပာင္းေရႊ႕သြားၾကေလေတာ့ သည္။ 

ထို႔ေၾကာင့္ အမ်ဳိးမေကာင္းသူကို မ်ဳိး႐ိုးနဲ႔သူ ကို အက်င့္ျဖဴသည္ဟု ေျပာေသာ္လည္း မယံုသင့္ ၾကေၾကာင္း “သူေတာ္အေယာင္ ေၾကာင္သီတင္းသံုး၊ ၾကြက္ကို ျမင္ေသာ္ ခ်စ္ခင္ရယ္ၿပံဳးၿပံဳး”ဟူေသာ စကားကို ႏွလံုးမူသင့္ၾကေၾကာင္း ေရွးပညာရွိတို႔၏ ဆိုစကားမ်ားကို ေရးသားတင္ျပအပ္ေပသည္။

ေမာင္ဥာဏ္စိန္

က်မ္းကိုးစာရင္း။   ။

ဓမၼဂန္ဖတ္စာႏွင့္ ပုရာဏ္က်မ္း (ေရႊေတာင္ ၿမိဳ႕၊ က်ီးသဲေလးထပ္ဆရာေတာ္)

အလယ္တန္း၊ ျမန္မာစကားေျပ ေကာက္ ႏုတ္ခ်က္ (ပါေမာကၡဦးေအးေမာင္)

 

Share