ပန္နက်အစီအရင်-စောရဲထူး(လှိုင်)-

ခေတ်အခါကြီးက ဘယ်လိုပဲတိုးတက် တိုးတက် ရှေးထုံးစဉ်လာတွေကတော့ ရှိနေကြဦးမှာပါပဲ။ 

ယခုခေတ်အခါမှာ အဆောက်အအုံတွေ၊ အိမ်တွေ ဆောက်ကြတဲ့အခါ ဟိုးအရင် နှစ် ၂၀၊ နှစ် ၃၀ ကနဲ့စာရင် အရမ်းကွာခြားသွားပါပြီ။ 

 

သစ်သားတိုင်တွေ တန်းတွေနေရာမှာ ကွန်ကရစ်တိုင်တွေ၊ သံတွေ ဝင်လာ နေပါပြီ။ အမိုးဆိုရင်လည်း သွပ်ပြားတွေက လိုချင်တဲ့အတိုင်းအတာ အဆင်သင့်ပါပဲ။ 

ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အိမ်အမိုးမိုးပြီဆိုရင် ရပ်ကွက်ထဲမှာ တစ် အိမ်နဲ့တစ်အိမ် အပြန်အလှန်ကူညီလုပ်အားပေးပြီး ဝိုင်းမိုးခဲ့ကြရတာလေ ...။ 

ခေတ်အခါ မည်သို့ပင်တိုးတက်စေကာမူ အဆောက်အအုံတစ်ခုခု ဆောက်တဲ့ အခါ ပန္နက်ကတော့ ရိုက်ရစမြဲပါပဲ။ 

ပန္နက်ရိုက်ဖို့အကြောင်းများ ကြုံလာခဲ့ပြီဆိုရင် ရှေးထုံးစဉ်လာကိုလိုက်နာပြီး အသုံးတည့်နိုင်ကြဖို့ ဗဟုသုတလေးတစ်ခု ဝေမျှလိုက်ရပါတယ်။ 

 

တနင်္ဂနွေသားသမီး အိမ်ဆောက်တဲ့အခါ ကြာသပတေးနဲ့ သောကြာသားသမီးတွေက ပန္နက်ကြိုးကိုကိုင်ပြီး တနင်္လာသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

တနင်္လာသားသမီး အိမ်ဆောက်တဲ့အခါ သောကြာနဲ့ စနေသားသမီးတွေက ပန္နက်ကြိုးကိုကိုင်ပြီး အင်္ဂါသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

အင်္ဂါသားသမီး အိမ်ဆောက်တဲ့အခါ စနေနဲ့ တနင်္ဂနွေသားသမီးတွေက ပန္နက်ကြိုးကိုကိုင်ပြီး ဗုဒ္ဓဟူးသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

ဗုဒ္ဓဟူးသားသမီး အိမ်ဆောက်တဲ့အခါ တနင်္ဂနွေနဲ့ တနင်္လာသားသမီးတွေက ပန္နက်ကြိုးကို ကိုင်ပြီး ကြာသပတေးသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

ကြာသပတေးသားသမီး အိမ်ဆောက်တဲ့အခါ တနင်္လာနဲ့ အင်္ဂါသားသမီး တွေက ပန္နက်ကြိုးကိုကိုင်ပြီး သောကြာသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

သောကြာသားသမီး အိမ်ဆောက်တဲ့အခါ အင်္ဂါနဲ့ ဗုဒ္ဓဟူးသားသမီးတွေက ပန္နက်ကြိုးကိုကိုင်ပြီး စနေသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

စနေသားသမီး အိမ်ဆောက်တဲ့အခါ ဗုဒ္ဓဟူးနဲ့ ကြာသပတေးသားသမီးတွေက ပန္နက်ကြိုးကို ကိုင်ပြီး တနင်္ဂနွေသားသမီးကို ပန္နက်ရိုက်ခိုင်းရပါတယ်။ 

 

စောရဲထူး(လှိုင်)

 

zawgyi version

 

ပႏၷက္အစီအရင္

-ေစာရဲထူး(လႈိင္)-

=========

ေခတ္အခါႀကီးက ဘယ္လိုပဲတုိးတက္ တုိးတက္ ေရွးထံုးစဥ္လာေတြကေတာ့ ရွိေနၾကဦးမွာပါပဲ။ 

ယခုေခတ္အခါမွာ အေဆာက္အအုံေတြ၊ အိမ္ေတြ ေဆာက္ၾကတဲ့အခါ ဟုိးအရင္ ႏွစ္ ၂၀၊ ႏွစ္ ၃၀ ကနဲ႔စာရင္ အရမ္းကြာျခားသြားပါၿပီ။ 

သစ္သားတုိင္ေတြ တန္းေတြေနရာမွာ ကြန္ကရစ္တုိင္ေတြ၊ သံေတြ ၀င္လာ ေနပါၿပီ။ အမုိးဆုိရင္လည္း သြပ္ျပားေတြက လိုခ်င္တဲ့အတုိင္းအတာ အဆင္သင့္ပါပဲ။ 

ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းကေတာ့ အိမ္အမုိးမုိးၿပီဆုိရင္ ရပ္ကြက္ထဲမွာ တစ္ အိမ္နဲ႔တစ္အိမ္ အျပန္အလွန္ကူညီလုပ္အားေပးၿပီး ၀ုိင္းမုိးခဲ့ၾကရတာေလ ...။ 

ေခတ္အခါ မည္သုိ႔ပင္တုိးတက္ေစကာမူ အေဆာက္အအုံတစ္ခုခု ေဆာက္တဲ့ အခါ ပႏၷက္ကေတာ့ ႐ိုက္ရစၿမဲပါပဲ။ 

ပႏၷက္႐ိုက္ဖို႔အေၾကာင္းမ်ား ႀကံဳလာခဲ့ၿပီဆုိရင္ ေရွးထံုးစဥ္လာကုိလုိက္နာၿပီး အသံုးတည့္ႏိုင္ၾကဖို႔ ဗဟုသုတေလးတစ္ခု ေ၀မွ်လိုက္ရပါတယ္။ 

 

တနဂၤေႏြသားသမီး အိမ္ေဆာက္တဲ့အခါ ၾကာသပေတးနဲ႔ ေသာၾကာသားသမီးေတြက ပႏၷက္ႀကိဳးကုိကုိင္ၿပီး တနလၤာသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

တနလၤာသားသမီး အိမ္ေဆာက္တဲ့အခါ ေသာၾကာနဲ႔ စေနသားသမီးေတြက ပႏၷက္ႀကိဳးကုိကုိင္ၿပီး အဂၤါသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

အဂၤါသားသမီး အိမ္ေဆာက္တဲ့အခါ စေနနဲ႔ တနဂၤေႏြသားသမီးေတြက ပႏၷက္ႀကိဳးကုိကုိင္ၿပီး ဗုဒၶဟူးသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

ဗုဒၶဟူးသားသမီး အိမ္ေဆာက္တဲ့အခါ တနဂၤေႏြနဲ႔ တနလၤာသားသမီးေတြက ပႏၷက္ႀကိဳးကုိ ကုိင္ၿပီး ၾကာသပေတးသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

ၾကာသပေတးသားသမီး အိမ္ေဆာက္တဲ့အခါ တနလၤာနဲ႔ အဂၤါသားသမီး ေတြက ပႏၷက္ႀကိဳးကုိကုိင္ၿပီး ေသာၾကာသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

ေသာၾကာသားသမီး အိမ္ေဆာက္တဲ့အခါ အဂၤါနဲ႔ ဗုဒၶဟူးသားသမီးေတြက ပႏၷက္ႀကိဳးကုိကုိင္ၿပီး စေနသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

စေနသားသမီး အိမ္ေဆာက္တဲ့အခါ ဗုဒၶဟူးနဲ႔ ၾကာသပေတးသားသမီးေတြက ပႏၷက္ႀကိဳးကုိ ကုိင္ၿပီး တနဂၤေႏြသားသမီးကုိ ပႏၷက္႐ိုက္ခုိင္းရပါတယ္။ 

 

ေစာရဲထူး(လႈိင္)

 

Share