အိမ်ထောင်ဖက်ကောင်း ရွေးချယ်စေကြောင်း

ဇေယျာနွယ်

ဤလောကတွင် အိမ်ထောင်ပြုကြပြီးသည့်  နောက် အဆင်ပြေချမ်းမြေ့သော မိသားစုများရှိသလို စလယ်ဝင် ဖင်မမည်းခင်က ကွဲကြလေသည်ဆိုသော အိမ်ထောင်ဖက်များလည်း ရှိကြလေသည်။ 

 

ရှေးဖူးစာကံ အရင်းခံသလို ဤဘဝတွင် လောကီပညာအရ အိမ်ထောင်ဖက်ရွေးသင့်သူ၊ ရှောင်သင့်သူတို့ကိုလည်း ရှေးဆရာတို့က တွက်စစ် လမ်းညွှန်ခဲ့ကြလေသည်။ 

မြန်မာတို့၏ အစဉ်အလာအရ အိမ်ထောင် ဖက်ပြုသင့်သော မိတ်ဖက်နေ့များကို ဥသာ-စိန်ပန်း -ဒါန်းလှ-ကိုရှာ ဟု တိုက်စစ်ကြသည်။ ထိုမိတ်ဖက် များမှာ အိမ်ထောင်မိတ်များ ဖြစ်ကြလေသည်။ 

 

တနင်္ဂနွေနှင့် သောကြာ၊ 

အင်္ဂါနှင့် ကြာသပတေး၊

စနေနှင့် ဗုဒ္ဓဟူး၊

တနင်္လာနှင့် ရာဟုတို့ ဖြစ်ကြပါသည်။

 

အောင်ပ-ကုလား-ဆွေသား-တော်ရင်း စ သော အပြင်မိတ်(ရိုးရိုးမိတ်)များမှာလည်း အိမ်ထောင် ဖက်အဖြစ် ရွေးချယ်နိုင်သည်ဟု ဆုံးဖြတ်ကြပါသည်။ 

 

တနင်္ဂနွေနှင့် ကြာသပတေး၊

တနင်္လာနှင့် ဗုဒ္ဓဟူး၊

အင်္ဂါနှင့် သောကြာ၊

စနေနှင့် ရာဟု တို့ ဖြစ်ကြပါသည်။ 

 

ရန်ဖက်များကိုမူ ဓမ္မာ-သောက-အင်းဝ- ရာဇာ (အိမ်ထောင်ရန်/အတွင်းရန်) နှင့် ဦးညို-ခေမာ-သုတ-ဝေရီ (ရိုးရိုးရန်/အပြင်ရန်) ဟု မှတ် သားကြပြီး အိမ်ထောင်ဖက်ရန် မသင့်ဟု ဆုံးဖြတ် ကြပါသည်။ 

၄င်းတို့မှာ -

 

စနေနှင့် ကြာသပတေး၊

သောကြာနှင့် တနင်္လာ၊

တနင်္ဂနွေနှင့် ဗုဒ္ဓဟူး၊

ရာဟုနှင့် အင်္ဂါ တို့ ဖြစ်ကြပါသည်။

 

တနင်္ဂနွေနှင့် အင်္ဂါ၊

တနင်္လာနှင့် ကြာသပတေး၊

သောကြာနှင့် စနေ၊

ဗုဒ္ဓဟူးနှင့် ရာဟု တို့ ဖြစ်ကြပါသည်။

 

ထိုသို့လျှင် နေ့နံချင်းမတူသော အတွဲများအတွက် ရန်ဖက်မိတ်ဖက်များကို တွက်စစ်လေ့ရှိသလို နေ့နံတူတူချင်း အိမ်ထောင်ဖက်လျှင်လည်း ပေါ် ပေါက်လာနိုင်သော ကောင်းကျိုးဆိုးပြစ်များကို ရှေး ဆရာတို့က နောင်လာနောက်သားတို့အတွက် ထား ရစ်ခဲ့ပါသေးသည်။ 

 

အိုးအင်ဖက်က ကောင်းတတ်စွ ဟူသည့် အတိုင်း တနင်္ဂနွေချင်း အိမ်ထောင်ပြုလျှင် ကောင်း ပါသည်။ 

 

ကြာကြာချောချော စပါးပေါ ဟူသည့်အ တိုင်း တနင်္လာချင်း အိမ်ထောင်ပြုလျှင် စပါးဆန်ရေ စီးပွားဥစ္စာ ပေါများပါမည်။

 

စောစောရှောင်လေ မယားသေ ဟူသည့်အ တိုင်း အင်္ဂါချင်း အိမ်ထောင်ပြုလျှင် ကျန်းမာရေး ထိခိုက်တတ်ပါသည်။

 

ဝါဝါဝင်းဝင်း ပူရှိန်ပြင်း ဟူသည့်အတိုင်း ဗုဒ္ဓဟူးချင်း အိမ်ထောင်ပြုလျှင် အိမ်ထောင်ရေး ပူ ဆူတတ်ပါသည်။

 

သာသာဖက်က ကောင်းလေစွ ဟူသည့်အ တိုင်း သောကြာချင်း အိမ်ထောင်ပြုလျှင် သာယာ ချမ်းမြေ့ပါမည်။

 

ထထထူထူ အိုးသို့ဆူ ဟူသည့်အတိုင်း စနေချင်း အိမ်ထောင်ပြုလျှင် အိမ်ထောင်ရေး ပူပူ ဆူဆူ ရှိတတ်ပါသည်။

 

ထို့အပြင် ရှေးမြန်မာတို့သည် နက္ခတ်ချင်း တည့်မတည့်ကိုလည်း တွက်စစ်တတ်ပေသေးသည်။ 

 

မြန်မာသက္ကရာဇ်ကိုတည်ပြီး ၃ ဖြင့် စားရပါ သည်။ 

 

၁ ကြွင်းလျှင် နတ်နက္ခတ်၊

၂ ကြွင်းလျှင် လူနက္ခတ်၊

၃ ကြွင်းလျှင် ဘီလူးနက္ခတ်၊

 

လူ+လူ ပေါင်းဖက်လျှင် တစ်ဦးနှင့်တစ်ဦး အချစ်ပိုကြလိမ့်မည်။ 

 

လူ+နတ် ပေါင်းဖက်လျှင် တစ်ဦးနှင့်တစ်ဦး စာနာဖေးမ၍ အေးမြလိမ့်မည်။

 

လူ+ဘီလူး ပေါင်းဖက်လျှင် နားလည်မှု မကြာမကြာ လွဲမှားတတ်ကြလိမ့်မည်။

 

နတ်+နတ် ပေါင်းဖက်လျှင် အိုအောင်မင်း အောင် အိမ်ထောင်ဖက် ရှည်ကြာခိုင်မြဲလိမ့်မည်။

 

နတ်+ဘီလူး ပေါင်းဖက်လျှင် စီးပွား အထူး တိုးတက်မည်။

 

ဘီလူး+ဘီလူး ပေါင်းဖက်လျှင် ကောင်းလိုက် ဆိုးလိုက် ဖြစ်နေမည်။

 

ဤသည်တို့သည်ကား မြန်မာတို့၏ အစဉ် အလာ လူကြီးသူမတို့ တိုက်စစ်လေ့ရှိသော အိမ် ထောင်ဖက်ရွေးနည်းများ ဖြစ်ပေတော့သတည်း။ 

 

ဇေယျာနွယ်

 

zawgyi version

အိမ္ေထာင္ဖက္ေကာင္း ေရြးခ်ယ္ေစေၾကာင္း

ေဇယ်ာႏြယ္

 

ဤေလာကတြင္ အိမ္ေထာင္ျပဳၾကၿပီးသည့္  ေနာက္ အဆင္ေျပခ်မ္းေျမ႕ေသာ မိသားစုမ်ားရွိသလို စလယ္ဝင္ ဖင္မမည္းခင္က ကြဲၾကေလသည္ဆိုေသာ အိမ္ေထာင္ဖက္မ်ားလည္း ရွိၾကေလသည္။ 

ေရွးဖူးစာကံ အရင္းခံသလို ဤဘဝတြင္ ေလာကီပညာအရ အိမ္ေထာင္ဖက္ေရြးသင့္သူ၊ ေရွာင္သင့္သူတို႔ကိုလည္း ေရွးဆရာတို႔က တြက္စစ္ လမ္းညႊန္ခဲ့ၾကေလသည္။ 

ျမန္မာတို႔၏ အစဥ္အလာအရ အိမ္ေထာင္ ဖက္ျပဳသင့္ေသာ မိတ္ဖက္ေန႔မ်ားကို ဥသာ-စိန္ပန္း -ဒါန္းလွ-ကိုရွာ ဟု တိုက္စစ္ၾကသည္။ ထိုမိတ္ဖက္ မ်ားမွာ အိမ္ေထာင္မိတ္မ်ား ျဖစ္ၾကေလသည္။ 

 

တနဂၤေႏြႏွင့္ ေသာၾကာ၊ 

အဂၤါႏွင့္ ၾကာသပေတး၊

စေနႏွင့္ ဗုဒၶဟူး၊

တနလၤာႏွင့္ ရာဟုတို႔ ျဖစ္ၾကပါသည္။

 

ေအာင္ပ-ကုလား-ေဆြသား-ေတာ္ရင္း စ ေသာ အျပင္မိတ္(႐ိုး႐ိုးမိတ္)မ်ားမွာလည္း အိမ္ေထာင္ ဖက္အျဖစ္ ေရြးခ်ယ္ႏိုင္သည္ဟု ဆံုးျဖတ္ၾကပါသည္။ 

 

တနဂၤေႏြႏွင့္ ၾကာသပေတး၊

တနလၤာႏွင့္ ဗုဒၶဟူး၊

အဂၤါႏွင့္ ေသာၾကာ၊

စေနႏွင့္ ရာဟု တို႔ ျဖစ္ၾကပါသည္။ 

 

ရန္ဖက္မ်ားကိုမူ ဓမၼာ-ေသာက-အင္းဝ- ရာဇာ (အိမ္ေထာင္ရန္/အတြင္းရန္) ႏွင့္ ဦးညိဳ-ေခမာ-သုတ-ေဝရီ (႐ိုး႐ိုးရန္/အျပင္ရန္) ဟု မွတ္ သားၾကၿပီး အိမ္ေထာင္ဖက္ရန္ မသင့္ဟု ဆံုးျဖတ္ ၾကပါသည္။ 

၄င္းတို႔မွာ -

 

စေနႏွင့္ ၾကာသပေတး၊

ေသာၾကာႏွင့္ တနလၤာ၊

တနဂၤေႏြႏွင့္ ဗုဒၶဟူး၊

ရာဟုႏွင့္ အဂၤါ တို႔ ျဖစ္ၾကပါသည္။

 

တနဂၤေႏြႏွင့္ အဂၤါ၊

တနလၤာႏွင့္ ၾကာသပေတး၊

ေသာၾကာႏွင့္ စေန၊

ဗုဒၶဟူးႏွင့္ ရာဟု တို႔ ျဖစ္ၾကပါသည္။

 

ထိုသို႔လွ်င္ ေန႔နံခ်င္းမတူေသာ အတြဲမ်ားအတြက္ ရန္ဖက္မိတ္ဖက္မ်ားကို တြက္စစ္ေလ့ရွိသလို ေန႔နံတူတူခ်င္း အိမ္ေထာင္ဖက္လွ်င္လည္း ေပၚ ေပါက္လာႏိုင္ေသာ ေကာင္းက်ိဳးဆိုးျပစ္မ်ားကို ေရွး ဆရာတို႔က ေနာင္လာေနာက္သားတို႔အတြက္ ထား ရစ္ခဲ့ပါေသးသည္။ 

 

အိုးအင္ဖက္က ေကာင္းတတ္စြ ဟူသည့္ အတိုင္း တနဂၤေႏြခ်င္း အိမ္ေထာင္ျပဳလွ်င္ ေကာင္း ပါသည္။ 

 

ၾကာၾကာေခ်ာေခ်ာ စပါးေပါ ဟူသည့္အ တိုင္း တနလၤာခ်င္း အိမ္ေထာင္ျပဳလွ်င္ စပါးဆန္ေရ စီးပြားဥစၥာ ေပါမ်ားပါမည္။

 

ေစာေစာေရွာင္ေလ မယားေသ ဟူသည့္အ တိုင္း အဂၤါခ်င္း အိမ္ေထာင္ျပဳလွ်င္ က်န္းမာေရး ထိခိုက္တတ္ပါသည္။

 

ဝါဝါဝင္းဝင္း ပူရွိန္ျပင္း ဟူသည့္အတိုင္း ဗုဒၶဟူးခ်င္း အိမ္ေထာင္ျပဳလွ်င္ အိမ္ေထာင္ေရး ပူ ဆူတတ္ပါသည္။

 

သာသာဖက္က ေကာင္းေလစြ ဟူသည့္အ တိုင္း ေသာၾကာခ်င္း အိမ္ေထာင္ျပဳလွ်င္ သာယာ ခ်မ္းေျမ႕ပါမည္။

 

ထထထူထူ အိုးသို႔ဆူ ဟူသည့္အတိုင္း စေနခ်င္း အိမ္ေထာင္ျပဳလွ်င္ အိမ္ေထာင္ေရး ပူပူ ဆူဆူ ရွိတတ္ပါသည္။

 

ထို႔အျပင္ ေရွးျမန္မာတို႔သည္ နကၡတ္ခ်င္း တည့္မတည့္ကိုလည္း တြက္စစ္တတ္ေပေသးသည္။ 

 

ျမန္မာသကၠရာဇ္ကိုတည္ၿပီး ၃ ျဖင့္ စားရပါ သည္။ 

 

၁ ၾကြင္းလွ်င္ နတ္နကၡတ္၊

၂ ျကြင္းလွ်င္ လူနကၡတ္၊

၃ ျကြင္းလွ်င္ ဘီလူးနကၡတ္၊

 

လူ+လူ ေပါင္းဖက္လွ်င္ တစ္ဦးႏွင့္တစ္ဦး အခ်စ္ပိုၾကလိမ့္မည္။ 

 

လူ+နတ္ ေပါင္းဖက္လွ်င္ တစ္ဦးႏွင့္တစ္ဦး စာနာေဖးမ၍ ေအးျမလိမ့္မည္။

 

လူ+ဘီလူး ေပါင္းဖက္လွ်င္ နားလည္မႈ မၾကာမၾကာ လြဲမွားတတ္ၾကလိမ့္မည္။

 

နတ္+နတ္ ေပါင္းဖက္လွ်င္ အိုေအာင္မင္း ေအာင္ အိမ္ေထာင္ဖက္ ရွည္ၾကာခိုင္ၿမဲလိမ့္မည္။

 

နတ္+ဘီလူး ေပါင္းဖက္လွ်င္ စီးပြား အထူး တိုးတက္မည္။

 

ဘီလူး+ဘီလူး ေပါင္းဖက္လွ်င္ ေကာင္းလိုက္ ဆိုးလိုက္ ျဖစ္ေနမည္။

 

ဤသည္တို႔သည္ကား ျမန္မာတို႔၏ အစဥ္ အလာ လူႀကီးသူမတို႔ တိုက္စစ္ေလ့ရွိေသာ အိမ္ ေထာင္ဖက္ေရြးနည္းမ်ား ျဖစ္ေပေတာ့သတည္း။ 

 

ေဇယ်ာႏြယ္

Share