မြင့်မြတ်တော်ဝင် ပညာရှင်

-သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်-

*****************

 

တက်ခြင်း၊ ကျခြင်း၊ မြင့်ခြင်း၊ နိမ့်ခြင်း၊ ထင်ရှားခြင်း၊ တိမ်မြုပ်ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း သဘောတရားတို့ကား ဘယ်သူမပြု မိမိမှုဟုဆိုက မှားအံ့မထင်ပါ။ လည်လွန်းလျင် ပျက်စီးတတ်ပြီး ရိုးသားလွန်းပြန်တော့လည်း အရည်အချင်းနှင့် အချိုးညီသော အောင်မြင်မှုကို မရနိုင်။

 

ထို သဘောတရားအားလုံးမှာ အကျွန်ုပ် ကိုယ်တွေ့ပင်ဖြစ်ပါ၏။ ကျွန်ုပ်ကို အများက အဘယ ဂါမဏိ အမတ်ဟု သိကြ၏။ အကျွန်ုပ်ကား ဗာရာ ဏသီပြည့်ရှင် ဘုရင်ဇနသန္ဓမင်းကြီး၏ အမတ်ကြီး ဟောင်းတစ်ဦးဖြစ်၏။ အကျွန်ုပ်တို့၏ မင်းကြီးသည် တိုင်းသူပြည်သားတို့အား မင်းတို့ ကျင့်အပ်သော သဿမေဓ၊ ပုရိသမေဓ၊ ဝါစာပေယျ၊ သမ္မပါသ ဟူသော သင်္ဂဟတရား လေးပါးအပြင် ပေးကမ်း ချီးမြင့်ခြင်း၊ ချိုသာစွာပြောကြားတတ်ခြင်း၊ တိုင်းသူ ပြည်သားတို့အတွက် အကျိုးရှိအောင် ပြုပေးခြင်း၊ အဆင့်အတန်း မခွဲခြားဘဲ ဆက်ဆံတတ်ခြင်း ဟူ သော လူတိုင်းကျင့် သင့်သည့် သင်္ဂဟဝတ္ထုတို့ဖြင့် ထောက်ပံ့တတ်သောကြောင့် ဇနသန္ဓဟူသော အမည်ကို ရရှိထား သောမင်းကောင်းမင်းမြတ် တစ်ပါးဖြစ်၏။ 

တိုင်းသူပြည်သားတို့ အကျိုးစီးပွားကို ဆောင် တော်မူတတ်၏။ အခြားသူများရထား ဆယ်စင်းဖြင့် ပြုရမည့်ကိစ္စကို ရထား တစ်စင်း တည်းဖြင့် အောင် မြင်အောင် ပြုနိုင်၏။ ထိုသို့ ထူးခြားသော စွမ်းဆောင် ရှင်ပုဂ္ဂိုလ်ထူးဖြစ်၍လည်း ဒသရထဟူသော အမည် ကို ရပြန်သည်။

ထိုမင်းနန်းစံမင်းပျိုမင်းလွင်ဘဝကပင် အကျွန်ုပ် အား အမတ်ရာထူးကို သနားတော်မူခဲ့သဖြင့် အကျွန်ုပ် သည် ဝမ်းသာအားရစွာဖြင့် အရှင် ကျေးဇူးတော် သိရှိပြီး သစ္စာစောင့်သိကာ အမှုတော်ကို ဦးဆွေး ဆံမြည် ထမ်းဆောင်တော်မူခဲ့ပါသည်။

အကျွန်ုပ်ရေမြေ့ရှင်၏ အမှုတော်ကို ထမ်း၍ မျှ အားမရမီ ဇရာတော်ရင့်ညောင်းလှပြီဖြစ်သော ဇနသန္ဓနှင့် ဒသရထဘွဲ့ အမည်ရတော်မူသော မင်း တရားကြီးသည် လူ့ပြည်ငြီး၍ နတ်ထီးပျော်တော်မူ ခဲ့ရှာပါသည်။ အကျွန်ုပ်အဖို့ကား ရွှေတောင်ကြီးပြို သကဲ့သို့ ဖြစ်ခဲ့ရလေသည်။ အသည်းနှလုံးသားများ ကို အပြင်သို့ ဆွဲထုတ်လိုက်သည့်ပမာ နွမ်းလျစွာ ဟာ၍ ကျန်ရစ်ခဲ့ရတော့၏။ အရှင်မင်းကြီးထံမှ မေတ္တာဓာတ်ကို မရတော့၍ စိတ်ရောကိုယ်ပါ အား အပျက်ကြီးပျက်ရတော့၏။ အကျွန်ုပ်သာမက တိုင်း သူပြည်သားများပါ ယူကျုံးမရ ငိုပွဲဆင်၍နေကြရ၏။ မင်းကြီး၌ သားတော်ကြီးများ မရှိ၊ ရှိနေသော သား တော်မှာ သက်တော် ခုနစ်နှစ်သာရှိသေး၍ ငယ်လွန်း လှသည်။ ထီးလိုမင်းလိုဖြစ်မှ ဖြစ်ပါလေစ၊ ထိုမင်း သားငယ်၌လည်း အများနှင့်မတူ တစ်မူထူးခြား သော အချက်ရှိနေ၏။ 

၎င်းမှာ ထိုမင်းသား၏ မျက်နှာသည် ကောင်း စွာ ပွတ်ထားသည့် မှန်ကဲ့သို့ စင်ကြယ်သန့်ရှင်းလှ၏။ အလွန်တင့်တယ်၏။ ထို့ကြောင့်ပင် မင်းသားငယ်ကို အာဒါသမုခ (မှန်မျက်နှာ) မင်းသားဟု ထင်ရှား၏။ ထိုမင်းသား အသက်ခုနစ်နှစ် အတွင်း၌ပင် ဗေဒင် သုံးပုံနှင့်တကွ အတတ်ပညာ အမျိုးအစားပေါင်း များစွာကို တတ်မြောက်ခဲ့၏။ 

တိုင်းပြည်ဟူသည် အုပ်ချုပ်သူမင်းနှင့် မကင်း စကောင်း၊  ထီးမွေနန်းမွေဟူသည် ဘုန်းကံရှိသူမှ ဆက်ခံထိုက်၏။ 

ပညာရှိမှ တိုင်းပြည်ပြည်သားတို့ အကျိုး စီးပွားဖြစ်စေမည့် နည်းလမ်းကို သိမည်။ ဘုန်းကံ ရှိသူမှ သိသည်။ ကျော်ကြား အောင်မြင်အောင် ဆောင်ရွက်အကောင်အထည်ဖော်နိုင်မည်။ ပညာရှိမှ အကျိုးစီးပွားဖြစ်ကြောင်းကို သိမည်။ ဘုန်းကံရှိမှ အကျိုး စီးပွားဖြစ်ထွန်းမည်။ သို့ဖြစ်၍ ထိုနှစ်ပါးအရေး ကြီးလှရာ မင်းသားငယ်လေး၌ ထိုတရားများများ ပြည့်မှ ပြည့်စုံလေစ၊ အကျွန်ုပ်များစွာ  ရင်လေးမိ တော့၏။ 

တစ်နေ့ ဝန်ကြီးမှူးကြီး မတ်ကြီးများ စည်း ဝေးကြပြီး မင်းသားငယ်လေးသည် ဇာတိဝံသ အလျောက် တတ်မြောက်သင့်သော  ပညာများကို သင်ကြားတတ်မြောက်ထားပါသော်လည်း နန်းမွေရ ထိုက်သော အမှားအမှန်ကို ဝေဖန်နိုင်သည့် ကိုယ်ပိုင် ဉာဏ် ပညာရှိမရှိ စမ်းသပ်ကြရန် တိုင်ပင်ကြရာ လေးစားလောက်သည့် ထင်ရှား ကျော်ကြားလှသော သုခမိန်ကြီးက ဤသို့ အကြံပြု၏။ 

“ဝန်မင်း အမတ်မင်းအပေါင်းတို့ အကျွန်ုပ် ဆန္ဒကတော့ မျောက်တစ်ကောင်ကိုပြပြီး ပညာစမ်း စေချင်ပါတယ်”ဟု တင်ပြလာရာ အားလုံးက “ကောင်း လှပါတယ် သုခမိန်ကြီး၊ အမြန်သာစီစဉ်ကြပါစို့” ဟု သဘောတူညီခဲ့ကြ၏။

တစ်နေ့၌ မြို့တော်ကို တန်ဆာဆင်စေပြီး တရားရုံးတော်ကိုလည်း မွမ်းမံပြင်ဆင်ကာ ပလ္လင်ကို ခင်းကြ၏။ မင်းသားရှိရာသို့သွားပြီး “အရှင်မင်းကြီး တရားရုံးတော်သို့ ြွကတော်မူရန် အချိန်သင့်ပါပြီ ဘုရား”ဟု သံတော်ဦးတင်ကြ၏။ မင်းသားသည် “ကောင်းပြီ”ဟု ဆိုကာ အခြံအရံများစွာဖြင့်သွားကာ ပလ္လင်ထက်၌ စံနေတော်မူ၏။ 

မင်းသားစံနေတော်မူချိန်၌ အမတ်များသည် ခြေနှစ်ချောင်းတို့ဖြင့် သွားတတ်သည့် မျောက် တစ်ကောင်ကို အိမ်မြေကို သိသော ဆရာအသွင် ဖန်တီးကာ ခေါ်ဆောင်၍ “အရှင်မင်းမြတ်... ဒီ ယောကျာ်းဟာ ခမည်းတော်မင်းတရားကြီး လက် ထက်တော်က အိမ်ရာမြေကို သိတဲ့ ဆရာပါ ဘုရား၊ အလွန်ကျွမ်းကျင်ပါတယ်၊ မြေရဲ့အတွင်း ခုနစ်တောင် မှာရှိတဲ့ အရပ်မှာလည်း အကျိုးအပြစ်ကို သိပါတယ်၊ မင်းဆွေမင်းမျိုးတို့ရဲ့ အိမ်တော်နေရာများကို ဒီဆရာပဲ ပြသသတ်မှတ်ပေးပါတယ်။ အရှင်မင်းမြတ် ဒီဆရာ ကို ချီးမြောက်တော်မူပြီး ရာထူးဌာနန္တရ သနား တော်မူပါ”ဟု သံတော်ဦးတင်ကြ၏။ မျောက်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ “ဒီသတ္တဝါဟာ လူ မဟုတ်ဘူး၊ မျောက်ပဲ”ဟုသိကာ မျောက်ဆိုတာ လူတွေပြုလုပ်ထားတာကို ဖျက်ဆီးတတ်ကြတယ်။ မပြုရသေးတာ ပြုဖို့၊ စီရင်ဖို့ မသိကြဘူး”ဟု ကြံပြီး အမတ်တို့အား “အမတ်တို့ ‘ဒီမျောက်ဟာ အိမ် တွေကို စီရင်ပြုလုပ်ဖို့ မတတ်ကျွမ်းပါဘူး၊ မျောက် ဟာ လျှပ်ပေါ်လော်လီတယ်၊ တွန့်ရှုံ့နေတဲ့ မျက်နှာ ရှိတယ်။ ပြုထားသမျှကို ဖျက်ဆီးကောင်း ဖျက်ဆီး လိမ့်မယ်၊ ဒီမျောက်ဟာ ဒီလိုပြုတိုင်း ပြုတိုင်း ဖျက်ဆီး တတ်တဲ့သဘော ရှိတယ်”ဟု ပြောဆို၏။ 

ထိုအခါ အမတ်များက “ဗျာဒိတ်တော် မြတ်အတိုင်းပါဘုရား”ဟု ဆိုကာ မျောက်ကိုပယ် လိုက်၏။ တစ်ရက်နှစ်ရက် လွန်မြောက်သောအခါ တစ်ဖန်ထိုမျောက်ကိုပင် တန်ဆာဆင်၍ တရားရုံး တော်သို့ ခေါ်ဆောင်ကာ “အရှင်မင်းမြတ်  ဒီသူဟာ ခမည်းတော်မင်းတရားကြီး လက်ထက်တော်က တရားသူကြီးပါ ဘုရား၊ တရားဆုံးဖြတ်ရာမှာ အလွန် တော်ပါတယ်။ ဒီသူကို ချီးမြှောက်တော်မူပြီး တရား ဆုံးဖြတ်ခိုင်းသင့်ကြောင်းပါ ဘုရား”ဟု သံတော်ဦး တင်ကြပြန်၏။ 

မင်းသားသည် ထိုမျောက်ကို ကြည့်ကာ “ပညာရှိတဲ့သူရဲ့ အမွေးဟာ ဒီလိုမဟုတ်ဘူး၊ ဒီ သတ္တဝါဟာ ပညာမရှိတဲ့ မျောက်ပဲ၊ ဘယ်လိုလုပ် တရားကိုဆုံးဖြတ်နိုင်မှာလဲ” ဟု သိပြီး “အမတ်တို့ ...ဒီအမွေးဟာ ပညာရှိတဲ့သူရဲ့ အမွေးမဟုတ်ဘူး၊ ဒီသတ္တဝါဟာ စိတ်သက်သာရာရအောင် လုပ်ပေး နိုင်တဲ့ သတ္တဝါမဟုတ်ဘူး၊ သားတိရစ္ဆာန်ထဲကပဲ၊ ငါ့ခမည်းတော် ဇနသန္ဓမင်းက ဆုံးမဖူးတယ်၊ ဒီ မျောက်ဟာ ဘယ်လိုအဆုံးအဖြတ်ကိုမျှ မသိဘူး”

ဤသို့ပြောဆိုသော စကားကို မှူးမတ်များ ကြားသောအခါ “ဗျာဒိတ်တော်မြတ်အတိုင်းပါ ဘုရား”ဟု ဆိုကာ ထိုမျောက်ကို ဖယ်ရှားလိုက်၏။ နောက်မကြာမီ ထိုမျောက်ကိုပင် တန်ဆာဆင်ကာ တရားရုံးတော်သို့ခေါ်ပြီး “အရှင်မင်းမြတ်... ဒီယောကျာ်းဟာ ခမည်းတော်လက်ထက်တော်က မိဘတွေကို လုပ်ကျွေးတဲ့ ရုံးမှာကြီးတဲ့သူကို ရိုသေ တတ်တဲ့သူပါ ဘုရား၊ ဒီသူကို ချီးမြှောက်တော်မူသင့် ပါတယ်”ဟု သံတော်ဦးတင်ကြ၏။ မင်းသားသည် ထိုမျောက်ကိုကြည့်ကာ “မျောက်ဆိုတာလော်လီတဲ့စိတ် ရှိတယ်၊ သူပြောသလို မစွမ်းဆောင်နိုင်ပါဘူး”ဟု ကြံဆပြီး -

“အမတ်တို့ ဒီလိုသူမျိုးဟာ ကိုယ့်ရဲ့မိဘ အစ်ကို မောင်နှမကို မမွေးမြူနိုင်ဘူးလို့ ငါ့ခမည်း တော် ဒသရထမင်းကြီးက ငါ့ကိုဆုံးမထား တယ်”ဟု မိန့်တော်မူရာအမတ်များက “ဗျာဒိတ်တော်မြတ် အတိုင်းပါဘုရား” ဟုဆိုကာမျောက်ကိုဖယ်ရှားလိုက် ကြ၏။

ထို့နောက် အကျွန်ုပ်အပါအဝင်ဝန်ကြီး မှူးကြီးမတ်ကြီးများ တစ်ညီတညာတည်း ဆုံးဖြတ် လိုက်သည်မှာ ... “ဒီမင်းသားဟာ ပညာရှိတယ်၊ မင်းပြုဖို့ စွမ်းဆောင်နိုင်လိမ့်မယ်”ဟူ၍ ဖြစ်၏။

ထို့နောက် အာဒါသမုခမင်းသားကို မင်း အဖြစ် အဘိသိက်သွန်း၍ “အာဒါသမုခမင်း၏ အာဏာတော်”ဟု မြို့တော်၌ စည်လည်စေကြ၏။ ထိုအခါမှစ၍ အာဒါသမုခမင်းသည် တရားသဖြင့် မင်းပြုတော်မူ၏။ ထိုမင်းပျို၏ ပညာရှိကြောင်း သတင်းကား ဇမ္ဗူဒိပ်တစ်ကျွန်းလုံးနှံ့၍ သွားခဲ့၏။

အကျွန်ုပ်ဂါမဏိစန္ဒသည် မိမိအရှင့်သား တော် နန်းမွေထိုက်တန်စွာရ၍ ထီးနန်းစိုးစံနေ သည်ကို များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ မင်းပျိုမင်းလွင်၏ အသရေတော်ကို ဖူးမြော်၍လည်း မဝနိုင်ပါ။ 

သို့သော် အဖိုးကြီးဖြစ်နေသော အကျွန်ုပ် က အလွန်ငယ်လှသော မင်းပျိုမင်းလွင်လေး၏ ခြေတော်ရင်း၌ ခစားရမည်ကို မည်သို့မျှ မပျော်နိုင် အောင်ဖြစ်မိ၏။ ရွယ်တူခြင်းဖြစ်မူ ဖြစ်သင့်ပါသေး၏။ 

သို့ဖြစ်၍ နေပြည်တော်မှ သုံးယူဇနာဝေး ကွာသော တောရွာတစ်ခုသို့ သွားရောက်နေထိုင်ကာ လယ်လုပ်၍ အသက်မွေး ရန် ဆုံးဖြတ်လိုက်ပါ တော့၏။ အစပထမ၌မူ အကျွန်ုပ်၏မိသားစုက တားပါသေး၏။ သို့သော် တစ်သက်လုံး အကျွန်ုပ်အား မှီခိုလာသူတို့ ဖြစ်၍ အကျွန်ုပ်ကို သနားစာနာကြပြီး အကျွန်ုပ်၏ဆန္ဒကို လိုက်လျောရန် မိသားစုအားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတော့၏။

အကျွန်ုပ် တောရွာလေးသို့ ရောက်ရှိပြီး မြေကြီးလက်ဆုပ် လယ်လုပ်၍နေစဉ် ပြဿနာများ တစ်ခုပြီးတစ်ခု တက်လာတော့၏။ အကျွန်ုပ်က ပြဿနာရှိရာသို့သွား၍ ပြဿနာနှင့် တွေ့ရသည် ဆိုလျှင် ဖြေသာပါ၏။ ယခုမူ ပြဿနာများက ကျွန်ုပ်ထံသို့ တစ်ခုပြီးတစ်ခု အားမနာတမ်း ရောက် လာကြချင်းပင်ဖြစ်၏။ ဦးဦးဖျားဖျား တက်လာသော ပြဿနာကား ...

ကျွန်ုပ်၌ လယ်သာလုပ်လိုသော်လည်း နွား တစ်ကောင်မျှ မရှိပါ။ မိုးဦးကျ ထွန်ချိန်ယက်ချိန် ရောက် လာပြီဖြစ်၍ ကျွန်ုပ် မိတ်ဆွေထံမှ နွား တစ်ရှဉ်းငှားကာ တစ်နေ့လုံးထွန်ယက်ပြီး နွားများကို မြက်ကျွေး၏။ ညနေ နေဝင်ဖျိုးဖျ ထမင်းစားချိန် ရောက်သောအခါ နွားများကို အပ်ရန် နွားရှင်အိမ်သို့ သွားခဲ့၏။ 

ထမင်းစားဆဲ နွားရှင်လင်မယား နှစ်ယောက် အနက် လင်သားဖြစ်သူက ကျွန်ုပ်ကိုမြင်သောအခါ ထမင်းခွက်ကို ချီမ၍ ထမင်းဖြင့် ဖိတ်မံ၏။ မယား ဖြစ်သူက ထမင်းခွက်ကို ဘေးသို့ဖယ်၏။ ထိုအပြု အမူများကို ကျွန်ုပ် မြင်ရသောအခါ ကျွန်ုပ်အား ထမင်းစားဖိတ်မည်ကိုအားနာ၍ နွားများကို နှုတ်ဖြင့် မအပ်နှံဘဲ နွားခြံ၌ထားကာ ပြန်ခဲ့၏။ 

နောက်နေ့နံနက်၌ နွားများ နွားခြံဝယ် မရှိ တော့။ ယမန်နေ့ညက သူခိုးများက နွားခြံကို ဖောက်ကာ ခိုးသွားခဲ့ပြီဖြစ်၏။ ထိုသို့အဖြစ် မှန်ကို နွားရှင်ကသိပါလျက် ကျွန်ုပ်ထံမှ အလျော်ရလို၍ သူ့နွားများကို တောင်း၏။ ကျွန်ုပ်က “မနေ့ညက ခင်ဗျား နွားတွေ နွားခြံထဲ ဝင်သွားတယ် မဟုတ် လား”ဟု မေးရာ နွားရှင်က “ခင်ဗျား၊ ကျွန်တော့နွား တွေကို အပ်ခဲ့လို့လား”ဟု ပြန်မေး၏။ ကျွန်ုပ်က “အေး မအပ်ခဲ့မိဘူး”ဟု အမှန်အတိုင်းပြောလိုက်ရာ ထိုသူက “ဒါ ခင်ဗျားကိုခေါ်တဲ့ မင်းတမန်ပဲ၊ လာခဲ့” ဟုဆိုကာ အတင်းခေါ်တော့၏။ 

ထိုဇနပုဒ်၌ ကျောက်စရစ်၊ အိုးခြမ်းကွဲ တစ် ခုခုကို ပစ်ချပြီး “သင့်ကို ခေါ်တဲ့ မင်းတမန်ပဲ၊ လာခဲ့” ဟူ၍ ပြောဆိုခဲ့သော် မသွားသောသူအား အာဏာတော်ဖီဆန်မှုဖြင့် ရာဇဒဏ်သင့်နိုင်၏။ ထို့ကြောင့် အကျွန်ုပ်သည် မင်းမိန့်ဟူသော စကားကို ကြားရသည်နှင့် ထွက်၍ လိုက်ခဲ့ရတော့၏။ 

 

ဒုတိယမြောက်တက်လာသော ပြဿနာကား

ကျွန်ုပ်သည် နွားရှင်နှင့်အတူ နေပြည်တော် သို့အသွား မိတ်ဆွေတစ်ဦးနေထိုင်သော ရွာကြီး တစ်ရွာသို့အရောက် အလွန်ဆာ လောင်မွတ်သိပ်၍ နေတော့၏။ နွားရှင်တရားလိုအား “ကျွန်တော် ထမင်းစားပြီး ပြန်လာတဲ့အထိ ဒီနားကစောင့်နေပါ” ဟု ပြောကာ မိတ်ဆွေ၏ အိမ်ထဲသို့ဝင်ခဲ့၏။ မိတ်ဆွေအမျိုးသားကား အိမ်မှာမရှိ သူ၏ ဇနီးကိုသာ မြင်၏။ သူ၏ဇနီးက “အရှင် ...ထမင်းချက်ပြီးသား မရှိလို့ ခဏစောင့်ပါ၊ အခုပဲ ချက်ပေးပါ့မယ်”ဟု ဆိုကာ လှေကားဖြင့် ကျီကိုအတက် မြေကြီးပေါ်သို့ ပြုတ်ကျတော့၏။ 

အကျမတော်လေသော ထိုအမျိုးသမီး၏ ခုနစ်လရှိသော ကိုယ်ဝန်သည် ပျက်ကျလေတော့၏။ ထိုအခိုက်မှာပင် ထိုအမျိုးသမီး၏ ခင်ပွန်းရောက် လာပြီး ကျွန်ုပ်ကိုမြင်သောအခါ “ခင်ဗျား ... ကျွန်တော့်မိန်းမကို ရိုက်နှက်တဲ့အတွက် ကိုယ်ဝန်ပျက် ကျရတယ်၊ ဒါဟာ ခင်ဗျားကိုခေါ်တဲ့ မင်းတမန်ပဲ၊ လာခဲ့”ဟုဆိုကာ ကျွန်ုပ်ခေါ်၍ နေပြည်တော်သို့ သွားတော့၏။

ထိုအချိန်ကစပြီး တရားလိုနှစ်ယောက်က နှစ် ထပ်ကွမ်း တရားခံ ကျွန်ုပ်အား အလယ်၌ထားကာ နေပြည်တော်သို့ ခေါ်ဆောင်သွားတော့၏။ 

တတိယမြောက် တက်လာသော ပြဿနာ ကား ...

(ဆက်လက်ဖော်ပြပါမည်)

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

zawgyi version

 

ျမင့္ျမတ္ေတာ္၀င္ ပညာရွင္

-သဒၶမၼမ႑ိဳင္ဆရာေတာ္-

*****************

 

တက္ျခင္း၊ က်ျခင္း၊ ျမင့္ျခင္း၊ နိမ္႔ျခင္း၊ ထင္ရွားျခင္း၊ တိမ္ျမဳပ္ျခင္း၊ ခ်မ္းသာျခင္း၊ ဆင္းရဲျခင္း သေဘာတရားတို႔ကား ဘယ္သူမျပဳ မိမိမႈဟုဆိုက မွားအံ႔မထင္ပါ။ လည္လြန္းလ်င္ ပ်က္စီးတတ္ၿပီး ႐ိုးသားလြန္းျပန္ေတာ့လည္း အရည္အခ်င္းႏွင့္ အခ်ိဳးညီေသာ ေအာင္ျမင္မႈကို မရႏိုင္။

ထို သေဘာတရားအားလံုးမွာ အကြ်ႏု္ပ္ ကိုယ္ေတြ႕ပင္ျဖစ္ပါ၏။ ကြ်ႏု္ပ္ကို အမ်ားက အဘယ ဂါမဏိ အမတ္ဟု သိၾက၏။ အကြ်ႏု္ပ္ကား ဗာရာ ဏသီျပည့္ရွင္ ဘုရင္ဇနသႏၶမင္းႀကီး၏ အမတ္ႀကီး ေဟာင္းတစ္ဦးျဖစ္၏။ အကြ်ႏု္ပ္တို႔၏ မင္းႀကီးသည္ တိုင္းသူျပည္သားတို႔အား မင္းတို႔ က်င့္အပ္ေသာ သႆေမဓ၊ ပုရိသေမဓ၊ ဝါစာေပယ်၊ သမၼပါသ ဟူေသာ သဂၤဟတရား ေလးပါးအျပင္ ေပးကမ္း ခ်ီးျမင့္ျခင္း၊ ခ်ိဳသာစြာေျပာၾကားတတ္ျခင္း၊ တိုင္းသူ ျပည္သားတို႔အတြက္ အက်ိဳးရွိေအာင္ ျပဳေပးျခင္း၊ အဆင့္အတန္း မခြဲျခားဘဲ ဆက္ဆံတတ္ျခင္း ဟူ ေသာ လူတိုင္းက်င့္ သင့္သည့္ သဂၤဟဝတၳဳတို႔ျဖင့္ ေထာက္ပံ႔တတ္ေသာေၾကာင့္ ဇနသႏၶဟူေသာ အမည္ကို ရရွိထား ေသာမင္းေကာင္းမင္းျမတ္ တစ္ပါးျဖစ္၏။ 

တိုင္းသူျပည္သားတို႔ အက်ိဳးစီးပြားကို ေဆာင္ ေတာ္မူတတ္၏။ အျခားသူမ်ားရထား ဆယ္စင္းျဖင့္ ျပဳရမည့္ကိစၥကို ရထား တစ္စင္း တည္းျဖင့္ ေအာင္ ျမင္ေအာင္ ျပဳႏိုင္၏။ ထိုသို႔ ထူးျခားေသာ စြမ္းေဆာင္ ရွင္ပုဂၢိဳလ္ထူးျဖစ္၍လည္း ဒသရထဟူေသာ အမည္ ကို ရျပန္သည္။

ထိုမင္းနန္းစံမင္းပ်ိဳမင္းလြင္ဘဝကပင္ အကြ်ႏု္ပ္ အား အမတ္ရာထူးကို သနားေတာ္မူခဲ့သျဖင့္ အကြ်ႏု္ပ္ သည္ ဝမ္းသာအားရစြာျဖင့္ အရွင္ ေက်းဇူးေတာ္ သိရွိၿပီး သစၥာေစာင့္သိကာ အမႈေတာ္ကို ဦးေဆြး ဆံျမည္ ထမ္းေဆာင္ေတာ္မူခဲ့ပါသည္။

အကြ်ႏု္ပ္ေရေျမ႕ရွင္၏ အမႈေတာ္ကို ထမ္း၍ မွ် အားမရမီ ဇရာေတာ္ရင့္ေညာင္းလွၿပီျဖစ္ေသာ ဇနသႏၶႏွင့္ ဒသရထဘြဲ႕ အမည္ရေတာ္မူေသာ မင္း တရားႀကီးသည္ လူ႔ျပည္ၿငီး၍ နတ္ထီးေပ်ာ္ေတာ္မူ ခဲ့ရွာပါသည္။ အကြ်ႏု္ပ္အဖို႔ကား ေရႊေတာင္ႀကီးၿပိဳ သကဲ့သို႔ ျဖစ္ခဲ့ရေလသည္။ အသည္းႏွလံုးသားမ်ား ကို အျပင္သို႔ ဆြဲထုတ္လိုက္သည့္ပမာ ႏြမ္းလ်စြာ ဟာ၍ က်န္ရစ္ခဲ့ရေတာ့၏။ အရွင္မင္းႀကီးထံမွ ေမတၲာဓာတ္ကို မရေတာ့၍ စိတ္ေရာကိုယ္ပါ အား အပ်က္ႀကီးပ်က္ရေတာ့၏။ အကြ်ႏု္ပ္သာမက တိုင္း သူျပည္သားမ်ားပါ ယူက်ံဳးမရ ငိုပြဲဆင္၍ေနၾကရ၏။ မင္းႀကီး၌ သားေတာ္ႀကီးမ်ား မရွိ၊ ရွိေနေသာ သား ေတာ္မွာ သက္ေတာ္ ခုနစ္ႏွစ္သာရွိေသး၍ ငယ္လြန္း လွသည္။ ထီးလိုမင္းလိုျဖစ္မွ ျဖစ္ပါေလစ၊ ထိုမင္း သားငယ္၌လည္း အမ်ားႏွင့္မတူ တစ္မူထူးျခား ေသာ အခ်က္ရွိေန၏။ 

ゞင္းမွာ ထိုမင္းသား၏ မ်က္ႏွာသည္ ေကာင္း စြာ ပြတ္ထားသည့္ မွန္ကဲ့သို႔ စင္ၾကယ္သန္႔ရွင္းလွ၏။ အလြန္တင့္တယ္၏။ ထို႔ေၾကာင့္ပင္ မင္းသားငယ္ကို အာဒါသမုခ (မွန္မ်က္ႏွာ) မင္းသားဟု ထင္ရွား၏။ ထိုမင္းသား အသက္ခုနစ္ႏွစ္ အတြင္း၌ပင္ ေဗဒင္ သံုးပံုႏွင့္တကြ အတတ္ပညာ အမ်ိဳးအစားေပါင္း မ်ားစြာကို တတ္ေျမာက္ခဲ့၏။ 

တိုင္းျပည္ဟူသည္ အုပ္ခ်ဳပ္သူမင္းႏွင့္ မကင္း စေကာင္း၊  ထီးေမြနန္းေမြဟူသည္ ဘုန္းကံရွိသူမွ ဆက္ခံထိုက္၏။ 

ပညာရွိမွ တိုင္းျပည္ျပည္သားတို႔ အက်ိဳး စီးပြားျဖစ္ေစမည့္ နည္းလမ္းကို သိမည္။ ဘုန္းကံ ရွိသူမွ သိသည္။ ေက်ာ္ၾကား ေအာင္ျမင္ေအာင္ ေဆာင္ရြက္အေကာင္အထည္ေဖာ္ႏိုင္မည္။ ပညာရွိမွ အက်ိဳးစီးပြားျဖစ္ေၾကာင္းကို သိမည္။ ဘုန္းကံရွိမွ အက်ိဳး စီးပြားျဖစ္ထြန္းမည္။ သို႔ျဖစ္၍ ထိုႏွစ္ပါးအေရး ႀကီးလွရာ မင္းသားငယ္ေလး၌ ထိုတရားမ်ားမ်ား ျပည့္မွ ျပည့္စံုေလစ၊ အကြ်ႏု္ပ္မ်ားစြာ  ရင္ေလးမိ ေတာ့၏။ 

တစ္ေန႔ ဝန္ႀကီးမွဴးႀကီး မတ္ႀကီးမ်ား စည္း ေဝးၾကၿပီး မင္းသားငယ္ေလးသည္ ဇာတိဝံသ အေလ်ာက္ တတ္ေျမာက္သင့္ေသာ  ပညာမ်ားကို သင္ၾကားတတ္ေျမာက္ထားပါေသာ္လည္း နန္းေမြရ ထိုက္ေသာ အမွားအမွန္ကို ေဝဖန္ႏိုင္သည့္ ကိုယ္ပိုင္ ဥာဏ္ ပညာရွိမရွိ စမ္းသပ္ၾကရန္ တိုင္ပင္ၾကရာ ေလးစားေလာက္သည့္ ထင္ရွား ေက်ာ္ၾကားလွေသာ သုခမိန္ႀကီးက ဤသို႔ အႀကံျပဳ၏။ 

“ဝန္မင္း အမတ္မင္းအေပါင္းတို႔ အကြ်ႏု္ပ္ ဆႏၵကေတာ့ ေမ်ာက္တစ္ေကာင္ကိုျပၿပီး ပညာစမ္း ေစခ်င္ပါတယ္”ဟု တင္ျပလာရာ အားလံုးက “ေကာင္း လွပါတယ္ သုခမိန္ႀကီး၊ အျမန္သာစီစဥ္ၾကပါစို႔” ဟု သေဘာတူညီခဲ့ၾက၏။

တစ္ေန႔၌ ၿမိဳ႔ေတာ္ကို တန္ဆာဆင္ေစၿပီး တရား႐ံုးေတာ္ကိုလည္း မြမ္းမံျပင္ဆင္ကာ ပလႅင္ကို ခင္းၾက၏။ မင္းသားရွိရာသို႔သြားၿပီး “အရွင္မင္းႀကီး တရား႐ံုးေတာ္သို႔ ျြကေတာ္မူရန္ အခ်ိန္သင့္ပါၿပီ ဘုရား”ဟု သံေတာ္ဦးတင္ၾက၏။ မင္းသားသည္ “ေကာင္းၿပီ”ဟု ဆိုကာ အၿခံအရံမ်ားစြာျဖင့္သြားကာ ပလႅင္ထက္၌ စံေနေတာ္မူ၏။ 

မင္းသားစံေနေတာ္မူခ်ိန္၌ အမတ္မ်ားသည္ ေျခႏွစ္ေခ်ာင္းတို႔ျဖင့္ သြားတတ္သည့္ ေမ်ာက္ တစ္ေကာင္ကို အိမ္ေျမကို သိေသာ ဆရာအသြင္ ဖန္တီးကာ ေခၚေဆာင္၍ “အရွင္မင္းျမတ္... ဒီ ေယာက်ာ္းဟာ ခမည္းေတာ္မင္းတရားႀကီး လက္ ထက္ေတာ္က အိမ္ရာေျမကို သိတဲ႔ ဆရာပါ ဘုရား၊ အလြန္ကြ်မ္းက်င္ပါတယ္၊ ေျမရဲ႕အတြင္း ခုနစ္ေတာင္ မွာရွိတဲ႔ အရပ္မွာလည္း အက်ိဳးအျပစ္ကို သိပါတယ္၊ မင္းေဆြမင္းမ်ိဳးတို႔ရဲ႕ အိမ္ေတာ္ေနရာမ်ားကို ဒီဆရာပဲ ျပသသတ္မွတ္ေပးပါတယ္။ အရွင္မင္းျမတ္ ဒီဆရာ ကို ခ်ီးေျမာက္ေတာ္မူၿပီး ရာထူးဌာနႏၱရ သနား ေတာ္မူပါ”ဟု သံေတာ္ဦးတင္ၾက၏။ ေမ်ာက္ကို ေၿခဆံုးေခါင္းဆံုးၾကည့္ကာ “ဒီသတၲဝါဟာ လူ မဟုတ္ဘူး၊ ေမ်ာက္ပဲ”ဟုသိကာ ေမ်ာက္ဆိုတာ လူေတြျပဳလုပ္ထားတာကို ဖ်က္ဆီးတတ္ၾကတယ္။ မျပဳရေသးတာ ျပဳဖို႔၊ စီရင္ဖို႔ မသိၾကဘူး”ဟု ႀကံၿပီး အမတ္တို႔အား “အမတ္တို႔ ‘ဒီေမ်ာက္ဟာ အိမ္ ေတြကို စီရင္ျပဳလုပ္ဖို႔ မတတ္ကြ်မ္းပါဘူး၊ ေမ်ာက္ ဟာ လွ်ပ္ေပၚေလာ္လီတယ္၊ တြန္႔႐ံႈ႕ေနတဲ႔ မ်က္ႏွာ ရွိတယ္။ ျပဳထားသမွ်ကို ဖ်က္ဆီးေကာင္း ဖ်က္ဆီး လိမ့္မယ္၊ ဒီေမ်ာက္ဟာ ဒီလိုျပဳတိုင္း ျပဳတိုင္း ဖ်က္ဆီး တတ္တဲ့သေဘာ ရွိတယ္”ဟု ေျပာဆို၏။ 

ထိုအခါ အမတ္မ်ားက “ဗ်ာဒိတ္ေတာ္ ျမတ္အတိုင္းပါဘုရား”ဟု ဆိုကာ ေမ်ာက္ကိုပယ္ လိုက္၏။ တစ္ရက္ႏွစ္ရက္ လြန္ေျမာက္ေသာအခါ တစ္ဖန္ထိုေမ်ာက္ကိုပင္ တန္ဆာဆင္၍ တရား႐ံုး ေတာ္သို႔ ေခၚေဆာင္ကာ “အရွင္မင္းျမတ္  ဒီသူဟာ ခမည္းေတာ္မင္းတရားႀကီး လက္ထက္ေတာ္က တရားသူႀကီးပါ ဘုရား၊ တရားဆံုးျဖတ္ရာမွာ အလြန္ ေတာ္ပါတယ္။ ဒီသူကို ခ်ီးေျမႇာက္ေတာ္မူၿပီး တရား ဆံုးျဖတ္ခိုင္းသင့္ေၾကာင္းပါ ဘုရား”ဟု သံေတာ္ဦး တင္ၾကျပန္၏။ 

မင္းသားသည္ ထိုေမ်ာက္ကို ၾကည့္ကာ “ပညာရွိတဲ႔သူရဲ႕ အေမြးဟာ ဒီလိုမဟုတ္ဘူး၊ ဒီ သတၲဝါဟာ ပညာမရွိတဲ႔ ေမ်ာက္ပဲ၊ ဘယ္လိုလုပ္ တရားကိုဆံုးျဖတ္ႏိုင္မွာလဲ” ဟု သိၿပီး “အမတ္တို႔ ...ဒီအေမြးဟာ ပညာရွိတဲ႔သူရဲ႕ အေမြးမဟုတ္ဘူး၊ ဒီသတၲဝါဟာ စိတ္သက္သာရာရေအာင္ လုပ္ေပး ႏိုင္တဲ႔ သတၲဝါမဟုတ္ဘူး၊ သားတိရစၦာန္ထဲကပဲ၊ ငါ႔ခမည္းေတာ္ ဇနသႏၶမင္းက ဆံုးမဖူးတယ္၊ ဒီ ေမ်ာက္ဟာ ဘယ္လိုအဆံုးအျဖတ္ကိုမွ် မသိဘူး”

ဤသို႔ေျပာဆိုေသာ စကားကို မွဴးမတ္မ်ား ၾကားေသာအခါ “ဗ်ာဒိတ္ေတာ္ျမတ္အတိုင္းပါ ဘုရား”ဟု ဆိုကာ ထိုေမ်ာက္ကို ဖယ္ရွားလိုက္၏။ ေနာက္မၾကာမီ ထိုေမ်ာက္ကိုပင္ တန္ဆာဆင္ကာ တရား႐ံုးေတာ္သို႔ေခၚၿပီး “အရွင္မင္းျမတ္... ဒီေယာက်ာ္းဟာ ခမည္းေတာ္လက္ထက္ေတာ္က မိဘေတြကို လုပ္ေကြ်းတဲ႔ ႐ံုးမွာႀကီးတဲ႔သူကို ႐ိုေသ တတ္တဲ႔သူပါ ဘုရား၊ ဒီသူကို ခ်ီးေျမႇာက္ေတာ္မူသင့္ ပါတယ္”ဟု သံေတာ္ဦးတင္ၾက၏။ မင္းသားသည္ ထိုေမ်ာက္ကိုၾကည့္ကာ “ေမ်ာက္ဆိုတာေလာ္လီတဲ႔စိတ္ ရွိတယ္၊ သူေျပာသလို မစြမ္းေဆာင္ႏိုင္ပါဘူး”ဟု ႀကံဆၿပီး -

“အမတ္တို႔ ဒီလိုသူမ်ိဳးဟာ ကိုယ့္ရဲ႕မိဘ အစ္ကို ေမာင္ႏွမကို မေမြးျမဴႏိုင္ဘူးလို႔ ငါ႔ခမည္း ေတာ္ ဒသရထမင္းႀကီးက ငါ႔ကိုဆံုးမထား တယ္”ဟု မိန္႔ေတာ္မူရာအမတ္မ်ားက “ဗ်ာဒိတ္ေတာ္ျမတ္ အတိုင္းပါဘုရား” ဟုဆိုကာေမ်ာက္ကိုဖယ္ရွားလိုက္ ၾက၏။

ထို႔ေနာက္ အကြ်ႏု္ပ္အပါအဝင္ဝန္ႀကီး မွဴးႀကီးမတ္ႀကီးမ်ား တစ္ညီတညာတည္း ဆံုးျဖတ္ လိုက္သည္မွာ ... “ဒီမင္းသားဟာ ပညာရွိတယ္၊ မင္းျပဳဖို႔ စြမ္းေဆာင္ႏိုင္လိမ္႔မယ္”ဟူ၍ ျဖစ္၏။

ထို႔ေနာက္ အာဒါသမုခမင္းသားကို မင္း အျဖစ္ အဘိသိက္သြန္း၍ “အာဒါသမုခမင္း၏ အာဏာေတာ္”ဟု ၿမိဳ႕ေတာ္၌ စည္လည္ေစၾက၏။ ထိုအခါမွစ၍ အာဒါသမုခမင္းသည္ တရားသျဖင့္ မင္းျပဳေတာ္မူ၏။ ထိုမင္းပ်ိဳ၏ ပညာရွိေၾကာင္း သတင္းကား ဇမၺဴဒိပ္တစ္ကြ်န္းလံုးႏွံ႔၍ သြားခဲ႔၏။

အကြ်ႏု္ပ္ဂါမဏိစႏၵသည္ မိမိအရွင့္သား ေတာ္ နန္းေမြထိုက္တန္စြာရ၍ ထီးနန္းစိုးစံေန သည္ကို မ်ားစြာဝမ္းေျမာက္ဝမ္းသာ ျဖစ္မိပါသည္။ မင္းပ်ိဳမင္းလြင္၏ အသေရေတာ္ကို ဖူးေျမာ္၍လည္း မဝႏိုင္ပါ။ 

သို႔ေသာ္ အဖိုးႀကီးျဖစ္ေနေသာ အကြ်ႏု္ပ္ က အလြန္ငယ္လွေသာ မင္းပ်ိဳမင္းလြင္ေလး၏ ေျခေတာ္ရင္း၌ ခစားရမည္ကို မည္သို႔မွ် မေပ်ာ္ႏိုင္ ေအာင္ျဖစ္မိ၏။ ရြယ္တူျခင္းျဖစ္မူ ျဖစ္သင့္ပါေသး၏။ 

သို႔ျဖစ္၍ ေနျပည္ေတာ္မွ သံုးယူဇနာေဝး ကြာေသာ ေတာရြာတစ္ခုသို႔ သြားေရာက္ေနထိုင္ကာ လယ္လုပ္၍ အသက္ေမြး ရန္ ဆံုးျဖတ္လိုက္ပါ ေတာ့၏။ အစပထမ၌မူ အကြ်ႏု္ပ္၏မိသားစုက တားပါေသး၏။ သို႔ေသာ္ တစ္သက္လံုး အကြ်ႏု္ပ္အား မွီခိုလာသူတို႔ ျဖစ္၍ အကြ်ႏု္ပ္ကို သနားစာနာၾကၿပီး အကြ်ႏု္ပ္၏ဆႏၵကို လိုက္ေလ်ာရန္ မိသားစုအားလံုး တညီတညြတ္တည္း ဆံုးျဖတ္လိုက္ၾကေတာ့၏။

အကြ်ႏု္ပ္ ေတာရြာေလးသို႔ ေရာက္ရွိၿပီး ေျမႀကီးလက္ဆုပ္ လယ္လုပ္၍ေနစဥ္ ျပႆနာမ်ား တစ္ခုၿပီးတစ္ခု တက္လာေတာ့၏။ အကြ်ႏု္ပ္က ျပႆနာရွိရာသို႔သြား၍ ျပႆနာႏွင့္ ေတြ႕ရသည္ ဆိုလွ်င္ ေျဖသာပါ၏။ ယခုမူ ျပႆနာမ်ားက ကြ်ႏု္ပ္ထံသို႔ တစ္ခုၿပီးတစ္ခု အားမနာတမ္း ေရာက္ လာၾကခ်င္းပင္ျဖစ္၏။ ဦးဦးဖ်ားဖ်ား တက္လာေသာ ျပႆနာကား ...

ကြ်ႏု္ပ္၌ လယ္သာလုပ္လိုေသာ္လည္း ႏြား တစ္ေကာင္မွ် မရွိပါ။ မိုးဦးက် ထြန္ခ်ိန္ယက္ခ်ိန္ ေရာက္ လာၿပီျဖစ္၍ ကြ်ႏု္ပ္ မိတ္ေဆြထံမွ ႏြား တစ္ရွဥ္းငွားကာ တစ္ေန႔လံုးထြန္ယက္ၿပီး ႏြားမ်ားကို ျမက္ေကြ်း၏။ ညေန ေနဝင္ဖ်ိဳးဖ် ထမင္းစားခ်ိန္ ေရာက္ေသာအခါ ႏြားမ်ားကို အပ္ရန္ ႏြားရွင္အိမ္သို႔ သြားခဲ႔၏။ 

ထမင္းစားဆဲ ႏြားရွင္လင္မယား ႏွစ္ေယာက္ အနက္ လင္သားျဖစ္သူက ကြ်ႏု္ပ္ကိုျမင္ေသာအခါ ထမင္းခြက္ကို ခ်ီမ၍ ထမင္းျဖင့္ ဖိတ္မံ၏။ မယား ျဖစ္သူက ထမင္းခြက္ကို ေဘးသို႔ဖယ္၏။ ထိုအျပဳ အမူမ်ားကို ကြ်ႏု္ပ္ ျမင္ရေသာအခါ ကြ်ႏု္ပ္အား ထမင္းစားဖိတ္မည္ကိုအားနာ၍ ႏြားမ်ားကို ႏႈတ္ျဖင့္ မအပ္ႏွံဘဲ ႏြားၿခံ၌ထားကာ ျပန္ခဲ့၏။ 

ေနာက္ေန႔နံနက္၌ ႏြားမ်ား ႏြားၿခံဝယ္ မရွိ ေတာ့။ ယမန္ေန႔ညက သူခိုးမ်ားက ႏြားၿခံကို ေဖာက္ကာ ခိုးသြားခဲ႔ၿပီျဖစ္၏။ ထိုသို႔အျဖစ္ မွန္ကို ႏြားရွင္ကသိပါလ်က္ ကြ်ႏု္ပ္ထံမွ အေလ်ာ္ရလို၍ သူ႔ႏြားမ်ားကို ေတာင္း၏။ ကြ်ႏု္ပ္က “မေန႔ညက ခင္ဗ်ား ႏြားေတြ ႏြားၿခံထဲ ဝင္သြားတယ္ မဟုတ္ လား”ဟု ေမးရာ ႏြားရွင္က “ခင္ဗ်ား၊ ကြ်န္ေတာ့ႏြား ေတြကို အပ္ခဲ႔လို႔လား”ဟု ျပန္ေမး၏။ ကြ်ႏု္ပ္က “ေအး မအပ္ခဲ့မိဘူး”ဟု အမွန္အတိုင္းေျပာလိုက္ရာ ထိုသူက “ဒါ ခင္ဗ်ားကိုေခၚတဲ႔ မင္းတမန္ပဲ၊ လာခဲ႔” ဟုဆိုကာ အတင္းေခၚေတာ့၏။ 

ထိုဇနပုဒ္၌ ေက်ာက္စရစ္၊ အိုးျခမ္းကြဲ တစ္ ခုခုကို ပစ္ခ်ၿပီး “သင့္ကို ေခၚတဲ့ မင္းတမန္ပဲ၊ လာခဲ႔” ဟူ၍ ေျပာဆိုခဲ႔ေသာ္ မသြားေသာသူအား အာဏာေတာ္ဖီဆန္မႈျဖင့္ ရာဇဒဏ္သင့္ႏိုင္၏။ ထို႔ေၾကာင့္ အကြ်ႏု္ပ္သည္ မင္းမိန္႔ဟူေသာ စကားကို ၾကားရသည္ႏွင့္ ထြက္၍ လိုက္ခဲ႔ရေတာ့၏။ 

 

ဒုတိယေျမာက္တက္လာေသာ ျပႆနာကား

ကြ်ႏု္ပ္သည္ ႏြားရွင္ႏွင့္အတူ ေနျပည္ေတာ္ သို႔အသြား မိတ္ေဆြတစ္ဦးေနထိုင္ေသာ ရြာႀကီး တစ္ရြာသို႔အေရာက္ အလြန္ဆာ ေလာင္မြတ္သိပ္၍ ေနေတာ့၏။ ႏြားရွင္တရားလိုအား “ကြ်န္ေတာ္ ထမင္းစားၿပီး ျပန္လာတဲ႔အထိ ဒီနားကေစာင့္ေနပါ” ဟု ေျပာကာ မိတ္ေဆြ၏ အိမ္ထဲသို႔ဝင္ခဲ႔၏။ မိတ္ေဆြအမ်ိဳးသားကား အိမ္မွာမရွိ သူ၏ ဇနီးကိုသာ ျမင္၏။ သူ၏ဇနီးက “အရွင္ ...ထမင္းခ်က္ၿပီးသား မရွိလို႔ ခဏေစာင့္ပါ၊ အခုပဲ ခ်က္ေပးပါ႔မယ္”ဟု ဆိုကာ ေလွကားျဖင့္ က်ီကိုအတက္ ေျမႀကီးေပၚသို႔ ျပဳတ္က်ေတာ့၏။ 

အက်မေတာ္ေလေသာ ထိုအမ်ိဳးသမီး၏ ခုနစ္လရွိေသာ ကိုယ္ဝန္သည္ ပ်က္က်ေလေတာ့၏။ ထိုအခိုက္မွာပင္ ထိုအမ်ိဳးသမီး၏ ခင္ပြန္းေရာက္ လာၿပီး ကြ်ႏု္ပ္ကိုျမင္ေသာအခါ “ခင္ဗ်ား ... ကြ်န္ေတာ့္မိန္းမကို ႐ိုက္ႏွက္တဲ႔အတြက္ ကိုယ္ဝန္ပ်က္ က်ရတယ္၊ ဒါဟာ ခင္ဗ်ားကိုေခၚတဲ႔ မင္းတမန္ပဲ၊ လာခဲ႔”ဟုဆိုကာ ကြ်ႏု္ပ္ေခၚ၍ ေနျပည္ေတာ္သို႔ သြားေတာ့၏။

ထိုအခ်ိန္ကစၿပီး တရားလိုႏွစ္ေယာက္က ႏွစ္ ထပ္ကြမ္း တရားခံ ကြ်ႏု္ပ္အား အလယ္၌ထားကာ ေနျပည္ေတာ္သို႔ ေခၚေဆာင္သြားေတာ့၏။ 

တတိယေျမာက္ တက္လာေသာ ျပႆနာ ကား ...

(ဆက္လက္ေဖာ္ျပပါမည္)

စိရံ တိ႒တု သဒၶေမၼာ

သဒၶမၼမ႑ိဳင္ဆရာေတာ္

 

 

Share