ကျိုက္ကမော့တောင်ပေါ်က အစောင့်များ

-စိန္တာမယဆရာပိုင်-

****************

ကျွန်ုပ်ရဲ့ ပယောဂကုသမှုသက်တမ်း ကြာ ရှည်လာတာနဲ့အမျှ လာရောက်ကြတဲ့လူနာတွေရဲ့ ခံစားမှုတွေ၊ အတိုက်အခိုက်ပုံစံတွေ မျိုးစုံပုံကလည်း    အလွန်များလှပါတယ်။ အထူးသဖြင့် သူတို့ခံစား နေကြရတဲ့ ပယောဂအတိုက်တွေမှာ သူများတိုက် လို့ခံရတာလည်းရှိသလို

 

(ကျွန်ုပ် မကြာခဏရေးသည့် အတိုင်း)ကိုယ့်အတိုက် ကိုယ်မိနေကြတာလည်း ရှိနေ ကြပါတယ်။ အဲဒီပြဿနာက ပိုများနေတယ်လို့ တောင်ထင်မိပါတယ်။ 

ဖြစ်နေတာက ခုနစ်ရက်သားသမီးတွေကြား မှာ အောက်လမ်းကို အောက်လမ်းမှန်းမသိတဲ့ ပြဿ နာပါပဲ။ 

လူဆိုတာ ထူးဆန်းရင် သဘောကျတယ်။ မမြင်ဖူးတာကို မြင်ကြည့်ချင်တယ်။ မျက်လှည့်ပြ သလိုပြတာကို သိဒ္ဓိလို့ထင်နေကြတယ်။ တချို့က လည်း လူအထင်ကြီးအောင် လုပ်ပြီး ပရိသတ်စိတ် ဝင်စားအောင် ဖမ်းစားပြီးမှ သူတို့လုပ်ချင်တာလုပ်ကြ တာပါ။ ဒါပေမဲ့ အဲဒီလိုလုပ်ကြတာကိုလည်း ခုနစ် ရက်သားသမီးခမျာ မသိလို့တစ်မျိုး၊ သိလျက်နဲ့ (ကြောက်လို့)တစ်မျိုး လိုက်ပါနေကြရပါတယ်။ 

အဲဒီအခက်အခဲတွေကြောင့် အောက်လမ်း ကို အောက်လမ်းမှန်းမသိဘဲ လုပ်မိကိုင်မိလို့ အခက် တွေ့နေရသူတွေ အများကြီးရှိပါတယ်။ 

တစ်နေ့ ကျွန်ုပ်မိတ်ဆွေ ပန်းချီဆရာတစ် ယောက် အိမ်ကိုရောက်သွားပါတယ်။ သူကလူအေး တစ်ယောက်ဖြစ်ပြီး ပန်းချီဆွဲခြင်း အတတ်ပညာနဲ့ မိသားစုဘဝကို ထိန်းနေသူပါ။ ကျွန်ုပ်ရောက်သွားတာ ကြောင့် လင်မယားနှစ်ယောက်စလုံး တော်တော် ပျော်သွားကြပုံရပါတယ်။ မိန်းမက ဈေးသွားရင်း သူတို့အိမ်မှာ ထမင်းစားဖို့ ပြောသွားပါသေးတယ်။ 

ကျွန်ုပ်က ]]အင်း စားတာပေါ့ဗျာ}}လို့ အဆင် ပြေအောင်ပြောလိုက်ပေမယ့် သူများအိမ်မှာ ထမင်း စားလေ့ မရှိပါဘူး။

မိန်းမဈေးသွားချိန်မှာ မိတ်ဆွေနဲ့ကျွန်ုပ် စကားလက်ဆုံကြခဲ့ပါတယ်။ ပန်းချီအကြောင်း၊ ဝတ္ထု အကြောင်း စသဖြင့် ထွေရာလေးပါး ပြောနေကြရင်း က စကားစပ်တစ်ခုတည်ပြီး သူတို့အိမ်ကို ဆရာ တစ်ယောက် ရောက်လာတဲ့အကြောင်း ရောက်သွား ပါတယ်။ 

 

"ဟာ ...အဲဒီဆရာတော်တော်စွမ်းတယ်ဗျ။ ကျွန်တော်က သိပ်ယုံတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်တော့်နဲ့ကိုယ်ထိလက်ရောက်မို့ မယုံလို့လည်း မဖြစ်တော့ဘူး။ တကယ်ပါဗျာ၊ တော်တော်အံ့သြဖို့ ကောင်းတာ"

 

"အင်း ခင်ဗျားဒီလောက် ပြောနေပုံထောက် ရင်တော့ တော်တော့်ကို ပညာစွမ်းပြခဲ့ပုံရတယ် ပြော ပြပါဦး"

 

"သူရောက်လာတာ မိန်းမအမျိုးတွေနဲ့ ပတ် သက်ပြီးရောက်လာတာ အိမ်ပေါ်ရောက်တယ်ဆို သူ ဘုရား ကန်တော့တယ်။ ကျွန်တော်ကတော့ သူ့ကို မသိမသာ အကဲခတ်နေတာပေါ့။ ဘုရားကန်တော့ပြီး တာနဲ့ တန်းပြောလိုက်တာက"

 

"ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးက ကျုပ်ကိုမယုံ ဘူးဖြစ်နေတယ်။ အင်း မယုံတာလည်း အပြစ်မပြော သာပါဘူးလေ။ ဒီခေတ်ဒီအခါက အလိမ်အညာတွေ ကလည်း ပေါနေတာကိုးဗျ။ မယုံလည်း ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အိမ်မှာ အတိုက်အခိုက်တွေ ရှိနေ တာတော့ အိမ်ထောင်ဦးစီးကိုယ်တိုင် သွားဖော် ထုတ်ရင် ပိုကောင်းမယ်"

 

သူလည်း အဲဒီလိုပြောလိုက်ရော မိန်းမက ကျွန်တော့်ကိုလှမ်းခေါ်ပြီး ဆရာ့ရှေ့မှာ ထိုင်ခိုင်းတယ်   အားနာနာနဲ့ ထိုင်လိုက်တယ်ဆိုပါတော့ဗျာ။ ကျွန်တော် လည်း ထိုင်လိုက်ရော သူ့လွယ်အိတ်ထဲက ဆန်ဝါဝါ နည်းနည်းကို ယူထုတ်လိုက်ပြီး ...

 

"ကဲ အိမ်ထောင်ဦးစီးက ဟောဒီဆန်မန်းကို ယူသွား နောက်ဖေးက ဘာပင်အောက်မှာဖြစ်ဖြစ်   ကျင်းကလေး တစ်မိုက်လောက်တူးပြီး အဲဒီဆန်ကို  ကျင်းထဲထည့်ခဲ့" လို့ လှမ်းပေးတာနဲ့ ယူပြီး နောက် ဖေးသွား သရက်ပင်အောက်မှာ ကျင်းတစ်ကျင်းတာ ဝန်ကျေတူးပြီး ဆန်ဝါဝါကို ကျင်းထဲထည့်ခဲ့တာပေါ့။   ပြန်ရောက်လို့ သူ့ရှေ့လည်း ထိုင်လိုက်ရော - 

"ခင်ဗျားအမျိုးသမီးက ခင်ဗျားက ပန်းချီ ဆရာလို့ ပြောတယ်။ ဒါဆိုရင်တော့ ကြေးစည်ပုံ ဆွဲ တတ်မှာပေါ့"

 

"ဆွဲတတ်ပါတယ် ဆရာ"

 

"အဆင်သင့်လိုက်လေဗျာ ခင်ဗျားစာရွက် တစ်ရွက်၊ ဆော့ပင်တစ်ချောင်းယူလိုက်၊ ပြီးရင် စာ ရွက်ပေါ်မှာ ကြေးစည်ပုံဆွဲ"လို့ပြောလိုက်တော့ ကျွန် တော်လည်း စာရွက်ယူ သူပြောတဲ့အတိုင်း ကြေးစည် ပုံဆွဲလိုက်တာပေါ့။ ပြီးတော့ စာရွက်ကိုမီးရှို့ခိုင်းတာ ကြောင့် ရှို့လိုက်တယ်။ နောက် အဲဒီပြာကို လက်နှစ် ဖက်နဲ့ချေပြီး ကြမ်းပေါ် ပစ်ချခိုင်းလိုက်ပါတယ်။ အရမ်းကိုထူးဆန်းတာက ကြေးစည်ကလေးတစ်ခု ဒေါင်ခနဲ ပြုတ်ကျလာပါတယ်။ ကျွန်တော် မအံ့သြဘဲ မနေနိုင်တော့ဘူးဗျာ။ ကဲ ...ခင်ဗျားဆိုရင်တော့ မအံ့သြဘူးလား။ ဒီမှာတင် မပြီးသေးဘူး။ နောက် ထပ် ငါးကြင်းပုံထပ်ဆွဲခိုင်း ပြီးခုနလိုပဲ လုပ်ခိုင်း လို့ လုပ်လိုက်တော့ ရွှေချထားတဲ့ ငါးကြင်းလေး ကျလာပါလေရော။ ကဲ ဘယ်လောက် အံ့သြစရာ ကောင်းလဲ"

သူပြောသမျှကို နားထောင်ပြီး ကျွန်ုပ်က ပြုံးနေလိုက်ပါတယ်။ ပြီးမှ 

"ခင်ဗျားသွားမြှုပ်ထားတဲ့ ဆန်မန်းတွေ သွားဖော်တော့ အင်းတို့ အရုပ်ကလေး တွေတို့ မတွေ့ရဘူးလား"လို့ ပြန်မေးလိုက်တော့ သူ မျက်လုံးပြူးသွားပါတယ်။

"ဟာ ဟုတ်တယ်၊ ခင်ဗျားပြောတာ မှန်ပါ တယ်ဗျာ။ ခင်ဗျားဘယ်လိုလုပ်သိလဲဗျ၊ အဲဒီကျင်းထဲ က ခုနပြောတဲ့ဟာတွေရမယ်လို့ ခင်ဗျားဘယ်လိုသိ လဲ" လို့ မေးလာပါတယ်။ 

"ဒီအကွက်ကို ကြိုသိနေလို့ပေါ့ဗျာ"

 

"ဘာလဲ ဘာလို့ကြိုသိနေတာလဲ ပြောပြ စမ်းပါဗျာ။ ခင်ဗျားရော အဲဒီလိုလုပ်တတ်လား"

 

"မလုပ်တတ်ပါဘူးဗျာ၊ ဒါမှော်နည်းဗျ။ မှော် ဆရာတွေမှ ဒီလိုမျက်လှည့်ဆန်တာတွေ လုပ်ပြ တတ်တာ။ ခင်ဗျားကို သူလုပ်ပြသွားတာတွေအားလုံး မှော်နည်းနဲ့ မျက်လှည့်ပြသွားတာပဲ"

 

အထက်ပါ ဖြစ်စဉ် ဖြစ်ခဲ့တာ နှစ် ၂၀ နီးပါး လောက်ရှိပြီထင်ပါတယ်။ သူတို့ခင်မျာ ရှေ့မှာထူး ဆန်းတာတွေ လုပ်ပြလိုက်တာကြောင့် ဆရာကို အရမ်း အထင်ကြီးသွားပါတယ်။ သူ့မိန်းမဆိုရင် အဲဒီ ဆရာ သေဆိုသေ ရှင်ဆိုရင်ရှင်ဘဝမျိုးတောင် ရောက်ခဲ့ရပါတယ်။ 

 

ဒါဘာကြောင့်လဲဆိုတော့ မှော်ဆရာကို မှော် ပညာမှန်း မသိလိုက်လို့ပဲဖြစ်ပါတယ်။ ကျွန်ုပ်ပယောဂ နဲ့ဆိုင်တဲ့ ဆောင်းပါးတွေ ရေးနေရခြင်းရဲ့ အဓိက အချက်တစ်ခုက ခုနစ်ရက်သားသမီးတွေ အလိမ် မခံရစေချင်လို့ပါပဲ။ 

ကျွန်ုပ် ပယောဂကုသက် ၃၆ နှစ်ကျော်ခဲ့ပါ ပြီ။ ကျွန်ုပ်ရဲ့ ကုသမှုနှုန်းနဲ့ လူသိန်းဂဏန်းကုသကယ် တင်ခဲ့ပြီးပါပြီ။ သက်တမ်းတစ်လျှောက်မှာ ကုသခဲ့ သမျှ ပယောဂ ဖြစ်စဉ်တွေမှာ များသောအားဖြင့် ဓာတ်ပုံနဲ့လုပ်ခြင်း၊ နာမည်နဲ့လုပ်ခြင်း၊ မွေးနံနဲ့လုပ် ခြင်းတွေသာ တွေ့ကြုံနေရပါတယ်။ အထူးသဖြင့် တော့မြန်မာနိုင်ငံမှာ အရုပ်နဲ့လုပ်တဲ့နည်း ရှားပါ တယ်။ ကောက်ရိုးရုပ်နဲ့ အတိုက်လုပ်ပါတယ်လို့ ပြောသွားသူဟာ လက်ချိုးရေတွက်လို့ရပါတယ်။ အရုပ်နဲ့လုပ်တဲ့နည်း ရှားပါးရခြင်းကလည်း အကြောင်း ရှိပါတယ်။ 

အရုပ်တစ်ခုမှာ လူတစ်ယောက်ရဲ့ နာမ်သွင်း ပြီး ခိုင်းစေခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်း၊ သူ တစ်ပါးအကျိုးမဲ့အောင်လုပ်ခြင်းတွေ လုပ်တော့မယ် ဆိုရင် လုပ်ခံရမယ့် သူရဲ့ ဆံပင်၊ ခြေသည်း၊ လက် သည်း၊ အဝတ်ဟောင်း၊ သွေးစသည်တို့ လိုအပ်ပါ တယ်။ ဒါတွေနဲ့ စီရင်ကြပါတယ်။ မြန်မာပြည်မှာ တော့ အလွန်အသုံးနည်းတဲ့ပညာရပ်ပါ။ 

ဟိုတလောက ကြားလိုက်ရတဲ့ သင်တန်း ကျောင်းတစ်ခုမှာ ဒီအရုပ်မှော်ပညာကို မြန်မာပြည် တင်သွင်းဖို့ ကြံစည်အားထုတ်ခဲ့ကြပါတယ်။ ဒီပညာ သာ မြန်မာပြည်တွင်း ပျံ့နှံ့ခဲ့ရင် ခုနစ်ရက်သားသမီး တွေအတွက် တော်တော်ဒုက္ခများသွားနိုင်ပါတယ်။ မဖြစ်မြောက်တာကိုပဲ ကျေးဇူးတင်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် မိမိကိုယ်တိုင် တတ်ချင်လို့ သင်ယူမယ့် ပညာပဲဖြစ်ဖြစ် သူတစ်ပါးသင်ယူတဲ့ ပညာပဲဖြစ်ဖြစ် ဘယ်ပညာမဆို ကိုယ့်ကို(သို့) သူ တစ်ပါးကို အဆိုးဖြစ်စေမှာလား။ အကောင်းဖြစ်စေမှာ လားဆိုတာ ဦးဆုံးရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ အဲဒီလို သိမှသာလျှင် သူ့အကျိုးကိုယ့်အကျိုး မဆုတ် ယုတ် မပျက်စီးနိုင်မှာဖြစ်ပါတယ်။ 

ဒါကြောင့် အောက်လမ်းကို အောက်လမ်းမှန်း သိပါစေလို့ အကြံပြုလိုက်ပါရစေ။ 

(စိန္တာမယဆရာပိုင်ရဲ့ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်တဲ့ သာသနာ့အမွေခံတဲ့ပွဲ ရဟန်းခံရှင်ပြု သာ သနာပြုတဲ့ပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လမှာ အစဉ် အလာမပျက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ် ဆိုရင် ငါးကြိမ်မြောက်ဖြစ်သွားပါပြီ။ ဒါကြောင့် စာဖတ်သူနဲ့တကွ သာသနာပြုလိုသူတိုင်းက ရဟန်း တစ်ပါးကို ကျပ်ငါးသောင်း၊ ကိုရင်တစ်ပါးကို ကျပ် လေးသောင်းနှုန်းနဲ့ ထည့်ဝင်လှူဒါန်းသာသနာပြု နိုင်ဖို့ နှိုးဆော် အသိပေးလိုက်ရပါတယ်) 

 

ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေး မှကင်းဝေးနိုင်ကြပါစေ။ 

 

 စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

zawgyi version

က်ိဳကၠေမာ့ေတာင္ေပၚက အေစာင့္မ်ား

-စိႏၱာမယဆရာပုိင္-

****************

ကြၽႏု္ပ္ရဲ႕ ပေယာဂကုသမႈသက္တမ္း ၾကာ ရွည္လာတာနဲ႔အမွ် လာေရာက္ၾကတဲ့လူနာေတြရဲ႕ ခံစားမႈေတြ၊ အတိုက္အခိုက္ပံုစံေတြ မ်ဳိးစံုပံုကလည္း    အလြန္မ်ားလွပါတယ္။ အထူးသျဖင့္ သူတို႔ခံစား ေနၾကရတဲ့ ပေယာဂအတိုက္ေတြမွာ သူမ်ားတိုက္ လို႔ခံရတာလည္းရွိသလို (ကြၽႏု္ပ္ မၾကာခဏေရးသည့္ အတိုင္း)ကိုယ့္အတိုက္ ကိုယ္မိေနၾကတာလည္း ရွိေန ၾကပါတယ္။ အဲဒီျပႆနာက ပိုမ်ားေနတယ္လို႔ ေတာင္ထင္မိပါတယ္။ 

ျဖစ္ေနတာက ခုနစ္ရက္သားသမီးေတြၾကား မွာ ေအာက္လမ္းကုိ ေအာက္လမ္းမွန္းမသိတဲ့ ျပႆ နာပါပဲ။ 

လူဆိုတာ ထူးဆန္းရင္ သေဘာက်တယ္။ မျမင္ဖူးတာကို ျမင္ၾကည့္ခ်င္တယ္။ မ်က္လွည့္ျပ သလိုျပတာကို သိဒၶိလို႔ထင္ေနၾကတယ္။ တခ်ဳိ႕က လည္း လူအထင္ႀကီးေအာင္ လုပ္ၿပီး ပရိသတ္စိတ္ ၀င္စားေအာင္ ဖမ္းစားၿပီးမွ သူတို႔လုပ္ခ်င္တာလုပ္ၾက တာပါ။ ဒါေပမဲ့ အဲဒီလိုလုပ္ၾကတာကိုလည္း ခုနစ္ ရက္သားသမီးခမ်ာ မသိလို႔တစ္မ်ဳိး၊ သိလ်က္နဲ႔ (ေၾကာက္လို႔)တစ္မ်ဳိး လိုက္ပါေနၾကရပါတယ္။ 

အဲဒီအခက္အခဲေတြေၾကာင့္ ေအာက္လမ္း ကို ေအာက္လမ္းမွန္းမသိဘဲ လုပ္မိကိုင္မိလို႔ အခက္ ေတြ႕ေနရသူေတြ အမ်ားႀကီးရွိပါတယ္။ 

တစ္ေန႔ ကြၽႏု္ပ္မိတ္ေဆြ ပန္းခ်ီဆရာတစ္ ေယာက္ အိမ္ကိုေရာက္သြားပါတယ္။ သူကလူေအး တစ္ေယာက္ျဖစ္ၿပီး ပန္းခ်ီဆြဲျခင္း အတတ္ပညာနဲ႔ မိသားစုဘ၀ကို ထိန္းေနသူပါ။ ကြၽႏု္ပ္ေရာက္သြားတာ ေၾကာင့္ လင္မယားႏွစ္ေယာက္စလံုး ေတာ္ေတာ္ ေပ်ာ္သြားၾကပံုရပါတယ္။ မိန္းမက ေစ်းသြားရင္း သူတု႔ိအိမ္မွာ ထမင္းစားဖို႔ ေျပာသြားပါေသးတယ္။ 

ကြၽႏု္ပ္က ]]အင္း စားတာေပါ့ဗ်ာ}}လို႔ အဆင္ ေျပေအာင္ေျပာလိုက္ေပမယ့္ သူမ်ားအိမ္မွာ ထမင္း စားေလ့ မရွိပါဘူး။

မိန္းမေစ်းသြားခ်ိန္မွာ မိတ္ေဆြနဲ႔ကြၽႏု္ပ္ စကားလက္ဆံုၾကခဲ့ပါတယ္။ ပန္းခ်ီအေၾကာင္း၊ ၀တၴဳ အေၾကာင္း စသျဖင့္ ေထြရာေလးပါး ေျပာေနၾကရင္း က စကားစပ္တစ္ခုတည္ၿပီး သူတို႔အိမ္ကို ဆရာ တစ္ေယာက္ ေရာက္လာတဲ့အေၾကာင္း ေရာက္သြား ပါတယ္။ 

 

"ဟာ ...အဲဒီဆရာေတာ္ေတာ္စြမ္းတယ္ဗ်။ ကြၽန္ေတာ္က သိပ္ယံုတာ မဟုတ္ဘူးေလ။ ဒါေပမဲ့ ကြၽန္ေတာ့္နဲ႔ကိုယ္ထိလက္ေရာက္မို႔ မယံုလို႔လည္း မျဖစ္ေတာ့ဘူး။ တကယ္ပါဗ်ာ၊ ေတာ္ေတာ္အံ့ၾသဖို႔ ေကာင္းတာ"

 

"အင္း ခင္ဗ်ားဒီေလာက္ ေျပာေနပံုေထာက္ ရင္ေတာ့ ေတာ္ေတာ့္ကို ပညာစြမ္းျပခဲ့ပံုရတယ္ ေျပာ ျပပါဦး"

 

"သူေရာက္လာတာ မိန္းမအမ်ဳိးေတြနဲ႔ ပတ္ သက္ၿပီးေရာက္လာတာ အိမ္ေပၚေရာက္တယ္ဆို သူ ဘုရား ကန္ေတာ့တယ္။ ကြၽန္ေတာ္ကေတာ့ သူ႕ကို မသိမသာ အကဲခတ္ေနတာေပါ့။ ဘုရားကန္ေတာ့ၿပီး တာနဲ႔ တန္းေျပာလိုက္တာက"

 

"ဒီအိမ္ရဲ႕ အိမ္ေထာင္ဦးစီးက က်ဳပ္ကိုမယံု ဘူးျဖစ္ေနတယ္။ အင္း မယံုတာလည္း အျပစ္မေျပာ သာပါဘူးေလ။ ဒီေခတ္ဒီအခါက အလိမ္အညာေတြ ကလည္း ေပါေနတာကိုးဗ်။ မယံုလည္း ရပါတယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔အိမ္မွာ အတိုက္အခိုက္ေတြ ရွိေန တာေတာ့ အိမ္ေထာင္ဦးစီးကိုယ္တိုင္ သြားေဖာ္ ထုတ္ရင္ ပိုေကာင္းမယ္"

 

သူလည္း အဲဒီလိုေျပာလိုက္ေရာ မိန္းမက ကြၽန္ေတာ့္ကိုလွမ္းေခၚၿပီး ဆရာ့ေရွ႕မွာ ထိုင္ခိုင္းတယ္   အားနာနာနဲ႔ ထုိင္လိုက္တယ္ဆိုပါေတာ့ဗ်ာ။ ကြၽန္ေတာ္ လည္း ထိုင္လိုက္ေရာ သူ႕လြယ္အိတ္ထဲက ဆန္၀ါ၀ါ နည္းနည္းကိုု ယူထုတ္လိုက္ၿပီး ...

 

"ကဲ အိမ္ေထာင္ဦးစီးက ေဟာဒီဆန္မန္းကို ယူသြား ေနာက္ေဖးက ဘာပင္ေအာက္မွာျဖစ္ျဖစ္   က်င္းကေလး တစ္မိုက္ေလာက္တူးၿပီး အဲဒီဆန္ကို  က်င္းထဲထည့္ခဲ့" လု႔ိ လွမ္းေပးတာနဲ႔ ယူၿပီး ေနာက္ ေဖးသြား သရက္ပင္ေအာက္မွာ က်င္းတစ္က်င္းတာ ၀န္ေက်တူးၿပီး ဆန္၀ါ၀ါကို က်င္းထဲထည့္ခဲ့တာေပါ့။   ျပန္ေရာက္လို႔ သူ႕ေရွ႕လည္း ထိုင္လိုက္ေရာ - 

"ခင္ဗ်ားအမ်ဳိးသမီးက ခင္ဗ်ားက ပန္းခ်ီ ဆရာလုိ႔ ေျပာတယ္။ ဒါဆိုရင္ေတာ့ ေၾကးစည္ပံု ဆြဲ တတ္မွာေပါ့"

 

"ဆြဲတတ္ပါတယ္ ဆရာ"

 

"အဆင္သင့္လိုက္ေလဗ်ာ ခင္ဗ်ားစာရြက္ တစ္ရြက္၊ ေဆာ့ပင္တစ္ေခ်ာင္းယူလိုက္၊ ၿပီးရင္ စာ ရြက္ေပၚမွာ ေၾကးစည္ပံုဆြဲ"လို႔ေျပာလိုက္ေတာ့ ကြၽန္ ေတာ္လည္း စာရြက္ယူ သူေျပာတဲ့အတိုင္း ေၾကးစည္ ပံုဆြဲလိုက္တာေပါ့။ ၿပီးေတာ့ စာရြက္ကိုမီး႐ႈိ႕ခိုင္းတာ ေၾကာင့္ ႐ႈိ႕လိုက္တယ္။ ေနာက္ အဲဒီျပာကို လက္ႏွစ္ ဖက္နဲ႔ေခ်ၿပီး ၾကမ္းေပၚ ပစ္ခ်ခိုင္းလိုက္ပါတယ္။ အရမ္းကိုထူးဆန္းတာက ေၾကးစည္ကေလးတစ္ခု ေဒါင္ခနဲ ျပဳတ္က်လာပါတယ္။ ကြၽန္ေတာ္ မအံ့ၾသဘဲ မေနႏိုင္ေတာ့ဘူးဗ်ာ။ ကဲ ...ခင္ဗ်ားဆိုရင္ေတာ့ မအံ့ၾသဘူးလား။ ဒီမွာတင္ မၿပီးေသးဘူး။ ေနာက္ ထပ္ ငါးၾကင္းပံုထပ္ဆြဲခိုင္း ၿပီးခုနလိုပဲ လုပ္ခိုင္း လို႔ လုပ္လိုက္ေတာ့ ေရႊခ်ထားတဲ့ ငါးၾကင္းေလး က်လာပါေလေရာ။ ကဲ ဘယ္ေလာက္ အံ့ၾသစရာ ေကာင္းလဲ"

သူေျပာသမွ်ကို နားေထာင္ၿပီး ကြၽႏု္ပ္က ၿပံဳးေနလုိက္ပါတယ္။ ၿပီးမွ 

"ခင္ဗ်ားသြားျမႇဳပ္ထားတဲ့ ဆန္မန္းေတြ သြားေဖာ္ေတာ့ အင္းတို႔ အ႐ုပ္ကေလး ေတြတို႔ မေတြ႕ရဘူးလား"လို႔ ျပန္ေမးလုိက္ေတာ့ သူ မ်က္လံုးျပဴးသြားပါတယ္။

"ဟာ ဟုတ္တယ္၊ ခင္ဗ်ားေျပာတာ မွန္ပါ တယ္ဗ်ာ။ ခင္ဗ်ားဘယ္လိုလုပ္သိလဲဗ်၊ အဲဒီက်င္းထဲ က ခုနေျပာတဲ့ဟာေတြရမယ္လို႔ ခင္ဗ်ားဘယ္လိုသိ လဲ" လို႔ ေမးလာပါတယ္။ 

"ဒီအကြက္ကို ႀကိဳသိေနလို႔ေပါ့ဗ်ာ"

 

"ဘာလဲ ဘာလို႔ႀကိဳသိေနတာလဲ ေျပာျပ စမ္းပါဗ်ာ။ ခင္ဗ်ားေရာ အဲဒီလိုလုပ္တတ္လား"

 

"မလုပ္တတ္ပါဘူးဗ်ာ၊ ဒါေမွာ္နည္းဗ်။ ေမွာ္ ဆရာေတြမွ ဒီလုိမ်က္လွည့္ဆန္တာေတြ လုပ္ျပ တတ္တာ။ ခင္ဗ်ားကို သူလုပ္ျပသြားတာေတြအားလံုး ေမွာ္နည္းနဲ႔ မ်က္လွည့္ျပသြားတာပဲ"

 

အထက္ပါ ျဖစ္စဥ္ ျဖစ္ခဲ့တာ ႏွစ္ ၂၀ နီးပါး ေလာက္ရွိၿပီထင္ပါတယ္။ သူတို႔ခင္မ်ာ ေရွ႕မွာထူး ဆန္းတာေတြ လုပ္ျပလိုက္တာေၾကာင့္ ဆရာကို အရမ္း အထင္ႀကီးသြားပါတယ္။ သူ႕မိန္းမဆိုရင္ အဲဒီ ဆရာ ေသဆိုေသ ရွင္ဆိုရင္ရွင္ဘ၀မ်ဳိးေတာင္ ေရာက္ခဲ့ရပါတယ္။ 

 

ဒါဘာေၾကာင့္လဲဆိုေတာ့ ေမွာ္ဆရာကို ေမွာ္ ပညာမွန္း မသိလိုက္လို႔ပဲျဖစ္ပါတယ္။ ကြၽႏု္ပ္ပေယာဂ နဲ႔ဆိုင္တဲ့ ေဆာင္းပါးေတြ ေရးေနရျခင္းရဲ႕ အဓိက အခ်က္တစ္ခုက ခုနစ္ရက္သားသမီးေတြ အလိမ္ မခံရေစခ်င္လို႔ပါပဲ။ 

ကြၽႏု္ပ္ ပေယာဂကုသက္ ၃၆ ႏွစ္ေက်ာ္ခဲ့ပါ ၿပီ။ ကြၽႏု္ပ္ရဲ႕ ကုသမႈႏႈန္းနဲ႔ လူသိန္းဂဏန္းကုသကယ္ တင္ခဲ့ၿပီးပါၿပီ။ သက္တမ္းတစ္ေလွ်ာက္မွာ ကုသခဲ့ သမွ် ပေယာဂ ျဖစ္စဥ္ေတြမွာ မ်ားေသာအားျဖင့္ ဓာတ္ပံုနဲ႔လုပ္ျခင္း၊ နာမည္နဲ႔လုပ္ျခင္း၊ ေမြးနံနဲ႔လုပ္ ျခင္းေတြသာ ေတြ႕ႀကံဳေနရပါတယ္။ အထူးသျဖင့္ ေတာ့ျမန္မာႏိုင္ငံမွာ အ႐ုပ္နဲ႔လုပ္တဲ့နည္း ရွားပါ တယ္။ ေကာက္႐ိုး႐ုပ္နဲ႔ အတိုက္လုပ္ပါတယ္လို႔ ေျပာသြားသူဟာ လက္ခ်ဳိးေရတြက္လို႔ရပါတယ္။ အ႐ုပ္နဲ႔လုပ္တဲ့နည္း ရွားပါးရျခင္းကလည္း အေၾကာင္း ရွိပါတယ္။ 

အ႐ုပ္တစ္ခုမွာ လူတစ္ေယာက္ရဲ႕ နာမ္သြင္း ၿပီး ခိုင္းေစျခင္း၊ နာက်င္ေအာင္ျပဳလုပ္ျခင္း၊ သူ တစ္ပါးအက်ဳိးမဲ့ေအာင္လုပ္ျခင္းေတြ လုပ္ေတာ့မယ္ ဆိုရင္ လုပ္ခံရမယ့္ သူရဲ႕ ဆံပင္၊ ေျခသည္း၊ လက္ သည္း၊ အ၀တ္ေဟာင္း၊ ေသြးစသည္တို႔ လိုအပ္ပါ တယ္။ ဒါေတြနဲ႔ စီရင္ၾကပါတယ္။ ျမန္မာျပည္မွာ ေတာ့ အလြန္အသံုးနည္းတဲ့ပညာရပ္ပါ။ 

ဟိုတေလာက ၾကားလိုက္ရတဲ့ သင္တန္း ေက်ာင္းတစ္ခုမွာ ဒီအ႐ုပ္ေမွာ္ပညာကို ျမန္မာျပည္ တင္သြင္းဖို႔ ႀကံစည္အားထုတ္ခဲ့ၾကပါတယ္။ ဒီပညာ သာ ျမန္မာျပည္တြင္း ပ်ံ႕ႏွံ႔ခဲ့ရင္ ခုနစ္ရက္သားသမီး ေတြအတြက္ ေတာ္ေတာ္ဒုကၡမ်ားသြားႏိုင္ပါတယ္။ မျဖစ္ေျမာက္တာကိုပဲ ေက်းဇူးတင္ပါတယ္။ 

ဘာပဲျဖစ္ျဖစ္ မိမိကိုယ္တိုင္ တတ္ခ်င္လို႔ သင္ယူမယ့္ ပညာပဲျဖစ္ျဖစ္ သူတစ္ပါးသင္ယူတဲ့ ပညာပဲျဖစ္ျဖစ္ ဘယ္ပညာမဆို ကိုယ့္ကို(သို႔) သူ တစ္ပါးကို အဆုိးျဖစ္ေစမွာလား။ အေကာင္းျဖစ္ေစမွာ လားဆိုတာ ဦးဆံုးရွင္းရွင္းလင္းလင္း သိဖို႔လိုပါတယ္။ အဲဒီလို သိမွသာလွ်င္ သူ႕အက်ဳိးကိုယ့္အက်ဳိး မဆုတ္ ယုတ္ မပ်က္စီးႏိုင္မွာျဖစ္ပါတယ္။ 

ဒါေၾကာင့္ ေအာက္လမ္းကို ေအာက္လမ္းမွန္း သိပါေစလို႔ အႀကံျပဳလိုက္ပါရေစ။ 

(စိႏၲာမယဆရာပိုင္ရဲ႕ ႏွစ္စဥ္က်င္းပျပဳလုပ္ၿမဲ ျဖစ္တဲ့ သာသနာ့အေမြခံတဲ့ပြဲ ရဟန္းခံရွင္ျပဳ သာ သနာျပဳတဲ့ပြဲကို ၂၀၁၇ ခုႏွစ္၊ မတ္လမွာ အစဥ္ အလာမပ်က္ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီႏွစ္ ဆိုရင္ ငါးႀကိမ္ေျမာက္ျဖစ္သြားပါၿပီ။ ဒါေၾကာင့္ စာဖတ္သူနဲ႔တကြ သာသနာျပဳလိုသူတိုင္းက ရဟန္း တစ္ပါးကို က်ပ္ငါးေသာင္း၊ ကိုရင္တစ္ပါးကို က်ပ္ ေလးေသာင္းႏႈန္းနဲ႔ ထည့္၀င္လွဴဒါန္းသာသနာျပဳ ႏိုင္ဖို႔ ႏႈိးေဆာ္ အသိေပးလိုက္ရပါတယ္) 

 

ခုနစ္ရက္သားသမီးမ်ား ပေယာဂစက္ေဘး မွကင္းေ၀းႏိုင္ၾကပါေစ။ 

 

 စိႏၲာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇

Share