ရင်းနှီးလာရပြီဖြစ်သော သေခြင်းတရား

-ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)-

********************

အခုတလော တိုက်တိုက်ဆိုင်ဆိုင် ဘုရားစင် ပေါ်မှာ ကိုးကွယ်စရာတွေ များများလာတဲ့ မိတ်ဆွေ နှစ်ယောက်နဲ့ ကျွန်မ စကားပြောဖြစ်ပါတယ်။

 

ပထမတစ်ယောက် ပြောတာက ဒီလိုပါ။ အစောပိုင်းကတော့ ဘုရားစင်ပေါ်မှာ ဘုရားရုပ်ပွား တော်သာထားပြီး ကိုးကွယ်တဲ့ပါတယ်တဲ့။ ပန်းအိုးက လည်း ဘုရားပန်းအိုပဲ ရှိတာပေါ့လေ။ သောက်တော် ရေချမ်းတော့လည်း ကပ်တာပေါ့။

နောက်တော့ ဇနီးသည်က ရဟန္တာရုပ်ပွား တော်များပါ ထားချင်တယ်လို့ဆိုတော့လေ။ အဲလေ၊ သံဃာရတနာပါ ပြည့်စုံသွားတာပေါ့ဆိုပြီး သူက လက်ခံခဲ့ပါတယ်တဲ့။ နောက်တော့ ရဟန္တာကို ရည်စူး တဲ့ ရုပ်ပွားတော်များသာမက တန်ခိုးကြီးတဲ့ ဆရာ တော်များရဲ့ ပုံများပါ ကိုးကွယ်လာခဲ့ပြန်ပါတယ်တဲ့။

နောက်ပိုင်းမှာ အသိမိတ်ဆွေများနဲ့ စပ်မိပြီး ဘိုးတော်တစ်ပါးရဲ့ ရုပ်ပွားတော်ပါ ဘုရားစင်ပေါ် ရောက်လာပါရောတဲ့။

အိန္ဒိယနဲ့စပ်တဲ့ ဘိုးတော်၊ ပြီးတော့ စိနနဲ့ စပ်တဲ့ ဘိုးတော်ရော မယ်တော်ပါ ဘုရားစင်ပေါ် တက်လာကြပြန်ပါသတဲ့။ နောက် ဟိန္ဒူမယ်တော်ပုံ ကိုလည်း အကြောင်းအားလျော်စွာ ရလာပြန်တော့ သူပါ ဘုရားစင်ပေါ် ရောက်လာပြန်တော့တာပါပဲတဲ့။

အဲဒီလို ဘုရားစင်ပေါ်မှာ ပုဂ္ဂိုလ်က စုံသွား တော့ မိတ်ဆွေရဲ့ဇနီးဟာ ဆွမ်းပွဲ၊ ပန်းအိုး၊ ရေချမ်း စသည်များကို လိုလေသေးမရှိအောင် တင်ပြန်ပါ သတဲ့။ စိနဘိုးတော်နဲ့ မယ်တော်များကတော့ လက် ဖက်ရည်ကြမ်းတင်ရပါသတဲ့။

ပြီးတော့ အခုခေတ် လူကြိုက်များလှတဲ့ ဘာ သာရေးကိုအကြောင်းပြုပြီး ထုတ်ဝေတဲ့စာအုပ်များကို ဝယ်ယူဖတ်ရှုပြန်ပါသတဲ့။ မိတ်ဆွေရဲ့ဇနီးသာမက သူ့သူငယ်ချင်းများကပါ အဲဒီစာအုပ်များကို ဖတ်ချင် ကြလို့ တစ်လကို ၁၅ အုပ်လောက် ဝယ်ပေးနေရ တယ်လို့ ဆိုပါတယ်။

ဆရာ့ဇနီးဟာ အဲဒီစာအုပ်များထဲမှာပါတဲ့ ဂါထာများကိုလည်း ကျက်ပြီး ရွတ်ဖတ်ပါသတဲ့။ ထီကိုလည်း ဂဏန်းတွေရွေးပြီး ထိုးပါသတဲ့။ ဟို အသား ဒီအသားကိုလည်း မစားဘဲ ရှောင်ပါသတဲ့။ ရှောင်တာက သူ့ဘာသာသူ သတ္တဝါတွေကို မေတ္တာ ထားပြီး ရှောင်တာမဟုတ်ပါဘူး။ ဘုရားစင်ပေါ်ကို ရောက်လာတဲ့ ပုဂ္ဂိုလ်များက မကြိုက်လို့ဆိုပြီး ရှောင် ရတာပါတဲ့။

အဲဒီလို ဘာသာရေး (မိတ်ဆွေပြောတဲ့ အတိုင်း ပြောတာပါ) ဘက်ကို ပိုပြီးညွတ်လာမှ ဇနီးသည်ဟာ လောဘလည်း ပိုကြီးပြီး ဒေါသလည်း ပိုပြီး ကြီးလာပါသတဲ့။

နောက်မိတ်ဆွေတစ်ယောက်ကတော့ ပထမ သူ့အဖေရဲ့ အကြောင်းကို ပြောပြပါတယ်။အောက် ပြည်အောက်ရွာကနေပြီး အညာဘက်ကို နာမည် ကျော် ဘုန်းတော်ကြီးကျောင်းများမှာ ရဟန်းဝတ်နဲ့ ပညာသင်ခဲ့တဲ့ သူ့အဖေဟာ အောက်ဘက်ကို ပြန် လာတဲ့အခါ အိမ်မှာ ဘာနတ်မှ မကိုးကွယ်ရဘူး။ ရတနာသုံးပါးကိုသာ ကိုးကွယ်ရမယ်လို့ ယတိပြတ် ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူ့လက်ထက်ကျတော့ သူဟာ သူ့ ဇနီးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာနဲ့ ဘာကိုပဲ ကိုးကွယ်ကိုးကွယ် မတားမြစ်ခဲ့ပါဘူးတဲ့။

အဲဒီတော့ ပထမမိတ်ဆွေရဲ့ဘုရားစင်ထက် သူ့ဘုရားစင်က ပိုစုံတယ်လို့များ ပြောရမလား မသိပါဘူး။ ရိုးရာနတ်များကို သူနဲ့ သူနဲ့ဆိုင်တဲ့ အသုံး အဆောင်များနဲ့ ပသထားတာ တစ်နေ့တခြား စုံလာ ပါသတဲ့။ ပထမမိတ်ဆွေ ပြောခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ အခု ဒုတိယမိတ်ဆွေပြောတော့လည်း ပါလာပြန်တာပါပဲ။ ဇနီးများက သူတို့ခင်ပွန်းများ ရာထူးတက်တာ၊ နိုင်ငံခြား သွားရတာ အစရှိတဲ့ တိုးတက်မှုများကို သူတို့နဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်များက မစ လို့သာ ဖြစ်တာလို့ ယဆကြပါသတဲ့။

ကျွန်မစိတ်အထင်တော့ ဇနီးသည်များကို အကြောင်းပြုပြီးသာ ပြောနေပေမယ့် မိတ်ဆွေကြီး များကိုယ်တိုင်ကလည်း (မဟုတ်သော်ရှိ)လို့ မတွက်ဘဲ ဟုတ်သော်ရှိ ဟုတ်သော်ရှိလို့တွက်ပြီး သူတို့ ပါရမီ ဖြည့်နေကြတယ်လို့ ထင်ပါတယ်။

ကိုးကွယ်ယုံကြည်မှုဆိုတာကလည်း ပုဂ္ဂိုလ် ရေးကိစ္စဖြစ်တဲ့အတွက် ပြောရခက်သားကလား။ အခုခေတ်မှာ ရင်ဆိုင်ရတဲ့ ပြဿနာကလည်း များ တယ်ဆိုတာ ငြင်းမယ့်သူမရှိ လက်ခံကြမယ့်အချက် ဖြစ်ပါတယ်။ အဲဒီတော့ သက်သာရာ သက်သာ ကြောင်း ကြံဆရင်း ကိုးကွယ်မှုတွေ မှားတတ်ပါ တယ်။ ပြီးတော့ အချို့သော အကိုးကွယ်ခံပုဂ္ဂိုလ် များကလည်း စားလာတာ အံတို နေပြီဆိုတော့ ပရိယာယ်ကောင်း ပါတယ်။ လူပြိန်းဆိုရင် ဟိန်း လိုက် ဟောက်လိုက်၊ ပညာတတ် ခေတ်လူငယ်ဆိုရင် အားနာ အောင် အပျော့ဆွဲကလေးနဲ့ ဆွဲ လိုက်။ ကျွန်မတို့ တစ်ခါကြုံဖူး တာကဖြင့် အယူမဟုတ်ဘဲ အပေးတွေချည်း အားနာအောင် ဆွဲ ဆောင်လိုက်တာ။ လာဘ်လာဘ ကို မက်မောကြတာ မဟုတ်ဘူး၊ ဘဝ ဆုတောင်းများကြောင့် ပါရမီဖြည့်နေကြတာလို့တောင် ကျွန်မတို့ ထင်လာခဲ့မိကြပါတယ်။

အပြင်ဘက်ကနေ ဘယ် လောက်ပဲ သဘော ကျနေပေ မယ့် စိတ်ရဲ့ အတွင်းဘက် အနက် ရှိုင်း ဆုံးတစ်နေရာကတော့ ဟုတ် မှဟုတ်ပါ့မလား၊ နေပုံထိုင်ပုံက တစ်မျိုး၊ လာဘ်ခေါ်ပုံက တစ်မျိုး နဲ့ နေလာလိုက်တာ နောက်တော့ ရုတ်တရက် ခွာယူရတဲ့အထိ လူလည်ကြီးတွေ ဖြစ် နေတာကို တွေ့လိုက်ရပါတယ်။

ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကြီးများမှာ ကိုးကွယ်သူ တွေ ပျောက်ကွယ်သွားတယ်၊ နည်းသွားတယ် လို့များ မထင်ပါလေနဲ့။ အခုခေတ်မှာ စိုးရိမ်စရာ ကောင်းတဲ့ ပြဿနာများကို ကိုင်တွယ်ရင်း အသက် မွေးဝမ်းကျောင်းပြုနေသူက များပါတယ်။ အဲဒီတော့ တန်ခိုးတွေ၊ မမြင်ရတဲ့ အထက်ပုဂ္ဂိုလ်တွေ၊ ဘဝ ဟောင်းက ဥစ္စာစောင့် အထုံအဆက်တွေ အကြောင်း ကို ဝံ့ဝံ့စားစား ယုံလောက်အောင် ပြောကြ ဟော တတ်ကြသူများအနေနဲ့ စားလို့ကုန်နိုင်ဖွယ်ရာ မရှိသေးပါဘူး။

ကျွန်မတို့ဟာ မြတ်စွာဘုရားရဲ့ သာသနာ တော်အတွင်းမှာ လူဖြစ်လာရသူများလည်း ဖြစ်ပါ တယ်။ ထေရဝါဒဆိုတဲ့ လက်တွေ့ကျင့်ကြံကြိုးကုတ် အားထုတ်မှုကို အသားပေးတဲ့ ဗုဒ္ဓဝါဒကိုလည်း လက်ခံကျင့်သုံးနေကြလို့ တိုးတက်အောင် ကြံ ဆောင်နေကြလို့ နိုင်ငံရပ်ခြားက အင်မတန် စူးစမ်း တတ်တဲ့၊ သဘာဝမကျရင် ယုံဖို့ဝန်လေးတတ်ကြတဲ့၊ လက်တွေ့စမ်းသပ်လေ့ရှိကြတဲ့သူများ တစ်နေ့တခြား လာရောက်ပြီး တချို့များဆိုရင် လူဝတ်ကြောင်ကို စွန့်ပြီး သာသနာ့ဘောင်ထဲကို ဝင်ကြတဲ့အထိ တိုး တက်နေကြပြီဖြစ်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ ဗုဒ္ဓဝါဒီ အမည်ခံ ထားပြီးမှ ဗုဒ္ဓဟောပြော ဆုံးမတော်မူခဲ့တဲ့ တရား တော်နဲ့ အနှစ်သာရအားဖြင့် ပြောင်ပြောင်ကြီး ဆန့် ကျင်နေတဲ့ အလုပ်များကို ဘာကြောင့်များ ဒီလောက် လုပ်နေကြပါလိမ့်လို့ ကျွန်မ တွေးမိပါတယ်။

မြတ်စွာဘုရား တရားတော်မှာ အဘက်ဘက် က လိုလေသေးမရှိအောင် ဆုံးမသွန်သင်ထားတာ များကို လေ့လာလေလေ တွေ့ရှိရလေလေပါပဲ။ အထူးသဖြင့် ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ လုပ်ငန်း သုံးရပ်စလုံးကို အထိုက်အလျောက် ကျင့်ကြံပြီးရင် အမှားကြီး မှားမသွားအောင် မိမိကိုယ်ကို မိမိတို့ ထိန်းနိုင်လာကြမယ် ဖြစ်ပါတယ်။

ဘုရားတပည့်သား ဆိုရင်တော့ လက်တွေ့ ကျင့်ကြံအားထုတ်ကြရမယ် ဆိုတာကို နှလုံးသွင်း ထားသင့်ပါတယ်။ ကျွန်မ သိပ္ပံပညာနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးထားတာ ရှိပါတယ်။ သိပ္ပံ ပညာရှင်ဖြစ်ဖို့ရာအတွက် အချက်သုံးချက်နဲ့ ပြည့်စုံ ရပါမယ်တဲ့။

ပထမအချက်ကတော့ စူးစမ်းလေ့လာခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နားလည်ခြင်း ဖြစ်ပါတယ်။ တတိယအချက်ကတော့ လက်တွေ့ လုပ်ဆောင် စမ်းသပ်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓက တရားတော်များကို ငါဘုရားဟော ကြားတဲ့အတိုင်း ယုံပါလို့ မိန့်တော်မမူခဲ့တဲ့အပြင် စူးစမ်းလေ့လာပြီးမှ ယုံဖို့တောင် ကာလာမသုတ် တော်မှာ တိုက်တွန်း ဟောကြားတော်မူခဲ့ဖူးပါတယ်။ အဲဒီလို စူးစမ်းပြီးမှ မှန်တယ်လို့ ယုံကြည်လာတဲ့အခါ (နားလည်လာတဲ့အခါ) မှာလည်း ယုံပြီးရင်၊ နားလည် ပြီးရင် ကိစ္စပြီးတယ်လို့ မထင်ကြစေလိုပါဘူး။ လက်တွေ့လုပ်ဆောင်စမ်းသပ်ခြင်း (ကျင့်ကြံ အား ထုတ်ခြင်း) ပြုကြရမယ်ဖြစ်ပါတယ်။ အဲသည်လို ပြုတဲ့အခါမှာလည်း မြတ်စွာဘုရား ဟောကြားတော် မူထားတဲ့ တရားကိုယ်များနဲ့တော့ ကင်းကွာလို့ မဖြစ် ပါဘူး။ ပြန်လည်ချိန်ထိုးကြည့်ရပါမယ်။ နို့မဟုတ်ရင် အယူမှားကြီးနဲ့ ဆက်သွားမှာစိုးရပါတယ်။ အဲဒါ ကြောင့် ဆရာတော်ကြီးများဟာ ပဋိပတ်အလုပ်မှာ ပရိယတ်ကို ချန်မထားသလို ပရိယတ်အလုပ်မှာ ပဋိပတ်ကို ချန်မထားဘဲ တွဲပြီးလုပ်ဆောင်တော်မူ ကြတာပါပဲ။

ကျွန်မက ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်တဲ့ ပြဿနာများအကြောင်းကို ရွှေတောင်ကုန်း သာသနာ့ ရိပ်သာဆရာတော်ကြီး ဥူးပဏ္ဍိတာဘိဝံသကို အခါ အားလျော်စွာ လျှောက်ထားလေ့ရှိပါတယ်။

အခုတလော ဗုဒ္ဓဝါဒီ ထေရဝါဒီအမည်ခံပြီး ဘုရားဟောနဲ့မညီသော အမှုများကို လုပ်ဆောင်နေ ကြသူများနဲ့ပတ်သက်ပြီး ကျွန်မ လျှောက်ထားမိ ပါတယ်။

အဲဒီတော့ ဆရာတော်ကြီးက ဒီပဲယင်း ဆရာတော်ကြီး မိန့်တော်မူဖူးတဲ့စကား ရှိပါတယ်တဲ့။ အဲဒီစကားကတော့ "သိက သိ၊ မသိ သိ၏။ မသိက သိ၊ မသိ မသိ" တဲ့။

ဒီစကားကလည်း ပဉ္စဝဂ္ဂီ ငါးပါးတို့အနက် အငယ်ဆုံး မထေရ်ဖြစ်တော်မူတဲ့ ဝပ္ပထေရ် ကျူး ရင့်ခဲ့တဲ့ဂါထာကို မြန်မာလို တိုတိုနဲ့ ထိမိစွာပြန်ဆိုထား တာပါပဲ။

အရှင်ဝပ္ပက "သမ္မာဒိဋ္ဌိဉာဏ်ဖြင့် မဖောက် မပြန် သိမြင်သူ အရိယာ ပုဂ္ဂိုလ်သည် မဖောက်မပြန် အမှန်သိမြင်သူ အရိယာပုဂ္ဂိုလ်ကို (ပညာမျက်စိဖြင့်) အဟုတ်အမှန် သိမြင်နိုင်၏။ မဖောက်မပြန် အမှန် မသိ မြင်နိုင်သူ (ပုထုဇဉ်ပုဂ္ဂိုလ်) ကိုလည်း (ပညာ မျက်စိဖြင့်) အဟုတ်အမှန် သိမြင်နိုင်၏။ (ပညာ မျက်စိ) ကင်း၍ မဖောက်မပြန် အမှန်မသိမြင်နိုင်သူ ဗာလပုထုဇဉ် ပုဂ္ဂိုလ်သည် မဖောက်မပြန် အမှန်မသိ မြင်နိုင်သူ ပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်းကောင်း၊ မဖောက် မပြန် အမှန်သိမြင်သူ အရိယာပုဂ္ဂိုလ်ကိုလည်းကောင်း (မိမိပညာမျက်စိ)ဖြင့် မသိမမြင်နိုင်။ ဤသို့လျှင် ဝပ္ပ မထေရ်သည် ရွတ်ဆို၏}} (သတ်ပုံမူရင်းအတိုင်း)

(ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် ခုဒ္ဒကနိ ကာယ်ဝင် သုတ္တန်ပိဋကတ် ထေရဂါထာ ပါဠိတော် နှင့် ထေရီဂါထာပါဠိတော် မြန်မာပြန် သတ္တမဝဂ်ဝပ္ပ ထေရဂါထာထာ စာ- ၁၅)

ကျွန်မတို့ဟာ ဗုဒ္ဓဝါဒကို တကယ်တမ်း လက်ခံတယ်လို့ဆိုရင် ဗုဒ္ဓ ဆိုဆုံးမတဲ့အတိုင်း နေထိုင် ကျင့်ကြံရပါလိမ့်မယ်။ အကျိုးထူးဟာ သူ့သဘောကို သူဆောင်လာမှာပါပဲ။ ဗုဒ္ဓက "အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်သာ ကိုးကွယ်ရာ"လို့ မိန့်တော် မူခဲ့ပါတယ်။ ဆိုလိုတာက မြတ်စွာဘုရားက မကောင်း မှု ကောင်းမှုကို ခွဲခြားညွှန်ပြတော်မူခဲ့တာကို မိမိက ကောင်းသောအမှုကို ဘုရားအဆုံးအမနဲ့အညီ ရွေး ချယ်လုပ်ဆောင်မှသာ ကောင်းကျိုးရမယ်ဖြစ်ပါ တယ်။

ဘယ်ပုဂ္ဂိုလ်ကမှ မကောင်းသောအမှုကို ပြု နေတဲ့သူကို ကောင်းတာ ဖြစ်အောင် လုပ်မပေး နိုင်ပါဘူး။ ထို့အတူပါပဲ။ ကောင်းသောအမှုကို အမြဲ တစေ မမေ့မလျော့ ပြုနေကြသူများကိုလည်း ဘယ် သူကမှ ဒုက္ခပေးနိုင်ကြမယ်မဟုတ်ပါဘူး။ ကောင်းမှု က အလိုလို စောင့်ရှောက်သွားမယ်ဆိုတာကို ယုံနိုင် ပါတယ်။

အရေးကြီးတာက ဆရာကောင်း သမား ကောင်း ထင်ထင်ရှားရှား ရှိနေတာကို ပစ်ပယ်ပြီး တွေ့ကရာပုဂ္ဂိုလ်ကို အကိုးကွယ်မမှားကြဖို့က အရေး ကြီးပါတယ်။ မိမိ ကိုးကွယ်မယ့်သူဟာ အမှန်ကို သိသလား၊ မသိဘူးလားဆိုတဲ့ အချက်ကို ဘုရား၊ တရား၊ သံဃာရဲ့အဆုံးအမကို ခံယူထားလို့ အသိ ကောင်း အသိမှန်ရှိနေတဲ့သူဟာ ခွဲခြားပြီး သိနိုင်ပါ တယ်။ အရေးကြီးတာကတော့ ပညာမျက်စိနဲ့ ကြည့် တတ်ကြဖို့ပါပဲ။

အထူးအရေးကြီးတာကတော့ ဗုဒ္ဓဝါဒီများဟာ ကံနဲ့ ကံရဲ့အကျိုးကို ယုံဖို့ပါပဲ။ ဒီနေရာမှာ ကျွန်မက ဆရာကြီးလုပ်နေတာ မဟုတ်ပါဘူး။ များသော အားဖြင့် ကံတက်အောင် လုပ်ပေးမယ်၊ ကံဖော် ပေးမယ်ဆိုတဲ့ အသုံးအနှုန်းတွေ အခုခေတ်မှာ အကြားရများနေလို့ ပြောမိတဲ့စကားဖြစ်ပါတယ်။ ကံဖော်ဖို့ ကံတက်အောင်လုပ်ဖို့ဆိုတာက မိမိအတွက် အခြားလူက လုပ်ပေးလို့ မရပါဘူး။ မိမိဘာသာမိမိ ကောင်းတာကို သဒ္ဓါစစ်၊ သဒ္ဓါမှန်နဲ့ လုပ်နေရင် အတိတ်က ကံကောင်းတွေကို အလိုလိုဖော်ပြီးသား ဖြစ်လာမှာပါပဲ။ အခု လောလောဆယ်မှာလည်း ကံ တွေတက်လာမှာပါပဲ။ ကုသိုလ်ကံကောင်းတွေ တက် လာမှာကို ပြောတာဖြစ်ပါတယ်။

အဲဒီအသိဟာလည်း ကံကို မမှိတ်မသုန် ယုံကြည်ပြီး ကောင်းမှုသယ်ပိုး ကောင်းအောင်ကြိုး နေတဲ့သူများဟာ ကောင်းကျိုးကိုယ်၌တည်လာတဲ့ သာဓကတွေမြင်ရင်း သိလာနိုင်ပါတယ်။ မိမိတို့ ကိုယ်မှာလည်း ကြိုးစားရင်း ကောင်းကျိုးတွေ တည် လာတာကို ဝမ်းမြောက်ဝမ်းသာ သိလာနိုင်ပါတယ်။

 

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

zawgyi version

ရင္းႏွီးလာရၿပီျဖစ္ေသာ ေသျခင္းတရား

-ေဒါက္တာမတင္၀င္း(ပညာေရးတကၠသုိလ္)-

********************

အခုတေလာ တိုက္တိုက္ဆိုင္ဆိုင္ ဘုရားစင္ ေပၚမွာ ကိုးကြယ္စရာေတြ မ်ားမ်ားလာတဲ့ မိတ္ေဆြ ႏွစ္ေယာက္နဲ႔ ကြၽန္မ စကားေျပာျဖစ္ပါတယ္။

ပထမတစ္ေယာက္ ေျပာတာက ဒီလိုပါ။ အေစာပိုင္းကေတာ့ ဘုရားစင္ေပၚမွာ ဘုရား႐ုပ္ပြား ေတာ္သာထားၿပီး ကိုးကြယ္တဲ့ပါတယ္တဲ့။ ပန္းအိုးက လည္း ဘုရားပန္းအိုပဲ ရွိတာေပါ့ေလ။ ေသာက္ေတာ္ ေရခ်မ္းေတာ့လည္း ကပ္တာေပါ့။

ေနာက္ေတာ့ ဇနီးသည္က ရဟႏၲာ႐ုပ္ပြား ေတာ္မ်ားပါ ထားခ်င္တယ္လို႔ဆိုေတာ့ေလ။ အဲေလ၊ သံဃာရတနာပါ ျပည့္စံုသြားတာေပါ့ဆိုၿပီး သူက လက္ခံခဲ့ပါတယ္တဲ့။ ေနာက္ေတာ့ ရဟႏၲာကို ရည္စူး တဲ့ ႐ုပ္ပြားေတာ္မ်ားသာမက တန္ခိုးႀကီးတဲ့ ဆရာ ေတာ္မ်ားရဲ႕ ပံုမ်ားပါ ကိုးကြယ္လာခဲ့ျပန္ပါတယ္တဲ့။

ေနာက္ပိုင္းမွာ အသိမိတ္ေဆြမ်ားနဲ႔ စပ္မိၿပီး ဘိုးေတာ္တစ္ပါးရဲ႕ ႐ုပ္ပြားေတာ္ပါ ဘုရားစင္ေပၚ ေရာက္လာပါေရာတဲ့။

အိႏၵိယနဲ႕စပ္တဲ့ ဘိုးေတာ္၊ ၿပီးေတာ့ စိနနဲ႔ စပ္တဲ့ ဘိုးေတာ္ေရာ မယ္ေတာ္ပါ ဘုရားစင္ေပၚ တက္လာၾကျပန္ပါသတဲ့။ ေနာက္ ဟိႏၵဴမယ္ေတာ္ပံု ကိုလည္း အေၾကာင္းအားေလ်ာ္စြာ ရလာျပန္ေတာ့ သူပါ ဘုရားစင္ေပၚ ေရာက္လာျပန္ေတာ့တာပါပဲတဲ့။

အဲဒီလို ဘုရားစင္ေပၚမွာ ပုဂၢိဳလ္က စံုသြား ေတာ့ မိတ္ေဆြရဲ႕ဇနီးဟာ ဆြမ္းပြဲ၊ ပန္းအိုး၊ ေရခ်မ္း စသည္မ်ားကို လိုေလေသးမရွိေအာင္ တင္ျပန္ပါ သတဲ့။ စိနဘိုးေတာ္နဲ႔ မယ္ေတာ္မ်ားကေတာ့ လက္ ဖက္ရည္ၾကမ္းတင္ရပါသတဲ့။

ၿပီးေတာ့ အခုေခတ္ လူႀကိဳက္မ်ားလွတဲ့ ဘာ သာေရးကိုအေၾကာင္းျပဳၿပီး ထုတ္ေ၀တဲ့စာအုပ္မ်ားကို ၀ယ္ယူဖတ္႐ႈျပန္ပါသတဲ့။ မိတ္ေဆြရဲ႕ဇနီးသာမက သူ႕သူငယ္ခ်င္းမ်ားကပါ အဲဒီစာအုပ္မ်ားကို ဖတ္ခ်င္ ၾကလို႔ တစ္လကို ၁၅ အုပ္ေလာက္ ၀ယ္ေပးေနရ တယ္လို႔ ဆိုပါတယ္။

ဆရာ့ဇနီးဟာ အဲဒီစာအုပ္မ်ားထဲမွာပါတဲ့ ဂါထာမ်ားကိုလည္း က်က္ၿပီး ရြတ္ဖတ္ပါသတဲ့။ ထီကိုလည္း ဂဏန္းေတြေရြးၿပီး ထိုးပါသတဲ့။ ဟို အသား ဒီအသားကိုလည္း မစားဘဲ ေရွာင္ပါသတဲ့။ ေရွာင္တာက သူ႕ဘာသာသူ သတၱ၀ါေတြကို ေမတၱာ ထားၿပီး ေရွာင္တာမဟုတ္ပါဘူး။ ဘုရားစင္ေပၚကို ေရာက္လာတဲ့ ပုဂၢိဳလ္မ်ားက မႀကိဳက္လို႔ဆိုၿပီး ေရွာင္ ရတာပါတဲ့။

အဲဒီလို ဘာသာေရး (မိတ္ေဆြေျပာတဲ့ အတိုင္း ေျပာတာပါ) ဘက္ကို ပိုၿပီးညြတ္လာမွ ဇနီးသည္ဟာ ေလာဘလည္း ပိုႀကီးၿပီး ေဒါသလည္း ပိုၿပီး ႀကီးလာပါသတဲ့။

ေနာက္မိတ္ေဆြတစ္ေယာက္ကေတာ့ ပထမ သူ႕အေဖရဲ႕ အေၾကာင္းကို ေျပာျပပါတယ္။ေအာက္ ျပည္ေအာက္ရြာကေနၿပီး အညာဘက္ကို နာမည္ ေက်ာ္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွာ ရဟန္း၀တ္နဲ႔ ပညာသင္ခဲ့တဲ့ သူ႕အေဖဟာ ေအာက္ဘက္ကို ျပန္ လာတဲ့အခါ အိမ္မွာ ဘာနတ္မွ မကိုးကြယ္ရဘူး။ ရတနာသံုးပါးကိုသာ ကိုးကြယ္ရမယ္လို႔ ယတိျပတ္ ေျပာခဲ့ပါတယ္။

ဒါေပမဲ့ သူ႕လက္ထက္က်ေတာ့ သူဟာ သူ႕ ဇနီးကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္တာနဲ႔ ဘာကိုပဲ ကိုးကြယ္ကိုးကြယ္ မတားျမစ္ခဲ့ပါဘူးတဲ့။

အဲဒီေတာ့ ပထမမိတ္ေဆြရဲ႕ဘုရားစင္ထက္ သူ႕ဘုရားစင္က ပိုစံုတယ္လို႔မ်ား ေျပာရမလား မသိပါဘူး။ ႐ိုးရာနတ္မ်ားကို သူနဲ႔ သူနဲ႔ဆိုင္တဲ့ အသံုး အေဆာင္မ်ားနဲ႔ ပသထားတာ တစ္ေန႔တျခား စံုလာ ပါသတဲ့။ ပထမမိတ္ေဆြ ေျပာခဲ့တဲ့အထဲမွာလည္း ပါပါတယ္။ အခု ဒုတိယမိတ္ေဆြေျပာေတာ့လည္း ပါလာျပန္တာပါပဲ။ ဇနီးမ်ားက သူတို႔ခင္ပြန္းမ်ား ရာထူးတက္တာ၊ ႏိုင္ငံျခား သြားရတာ အစရွိတဲ့ တိုးတက္မႈမ်ားကို သူတို႔နဲ႔ဆိုင္တဲ့ ပုဂၢိဳလ္မ်ားက မစ လို႔သာ ျဖစ္တာလို႔ ယဆၾကပါသတဲ့။

ကြၽန္မစိတ္အထင္ေတာ့ ဇနီးသည္မ်ားကို အေၾကာင္းျပဳၿပီးသာ ေျပာေနေပမယ့္ မိတ္ေဆြႀကီး မ်ားကိုယ္တိုင္ကလည္း (မဟုတ္ေသာ္ရွိ)လို႔ မတြက္ဘဲ ဟုတ္ေသာ္ရွိ ဟုတ္ေသာ္ရွိလို႔တြက္ၿပီး သူတို႔ ပါရမီ ျဖည့္ေနၾကတယ္လို႔ ထင္ပါတယ္။

ကိုးကြယ္ယံုၾကည္မႈဆိုတာကလည္း ပုဂၢိဳလ္ ေရးကိစၥျဖစ္တဲ့အတြက္ ေျပာရခက္သားကလား။ အခုေခတ္မွာ ရင္ဆိုင္ရတဲ့ ျပႆနာကလည္း မ်ား တယ္ဆိုတာ ျငင္းမယ့္သူမရွိ လက္ခံၾကမယ့္အခ်က္ ျဖစ္ပါတယ္။ အဲဒီေတာ့ သက္သာရာ သက္သာ ေၾကာင္း ႀကံဆရင္း ကိုးကြယ္မႈေတြ မွားတတ္ပါ တယ္။ ၿပီးေတာ့ အခ်ဳိ႕ေသာ အကိုးကြယ္ခံပုဂၢိဳလ္ မ်ားကလည္း စားလာတာ အံတို ေနၿပီဆိုေတာ့ ပရိယာယ္ေကာင္း ပါတယ္။ လူၿပိန္းဆိုရင္ ဟိန္း လိုက္ ေဟာက္လိုက္၊ ပညာတတ္ ေခတ္လူငယ္ဆိုရင္ အားနာ ေအာင္ အေပ်ာ့ဆြဲကေလးနဲ႔ ဆြဲ လိုက္။ ကြၽန္မတို႔ တစ္ခါႀကံဳဖူး တာကျဖင့္ အယူမဟုတ္ဘဲ အေပးေတြခ်ည္း အားနာေအာင္ ဆြဲ ေဆာင္လိုက္တာ။ လာဘ္လာဘ ကို မက္ေမာၾကတာ မဟုတ္ဘူး၊ ဘ၀ ဆုေတာင္းမ်ားေၾကာင့္ ပါရမီျဖည့္ေနၾကတာလို႔ေတာင္ ကြၽန္မတို႔ ထင္လာခဲ့မိၾကပါတယ္။

အျပင္ဘက္ကေန ဘယ္ ေလာက္ပဲ သေဘာ က်ေနေပ မယ့္ စိတ္ရဲ႕ အတြင္းဘက္ အနက္ ႐ိႈင္း ဆံုးတစ္ေနရာကေတာ့ ဟုတ္ မွဟုတ္ပါ့မလား၊ ေနပံုထိုင္ပံုက တစ္မ်ဳိး၊ လာဘ္ေခၚပံုက တစ္မ်ဳိး နဲ႔ ေနလာလိုက္တာ ေနာက္ေတာ့ ႐ုတ္တရက္ ခြာယူရတဲ့အထိ လူလည္ႀကီးေတြ ျဖစ္ ေနတာကို ေတြ႕လိုက္ရပါတယ္။

ဒါေပမဲ့ အဲဒီပုဂၢိဳလ္ႀကီးမ်ားမွာ ကိုးကြယ္သူ ေတြ ေပ်ာက္ကြယ္သြားတယ္၊ နည္းသြားတယ္ လို႔မ်ား မထင္ပါေလနဲ႔။ အခုေခတ္မွာ စိုးရိမ္စရာ ေကာင္းတဲ့ ျပႆနာမ်ားကို ကိုင္တြယ္ရင္း အသက္ ေမြး၀မ္းေက်ာင္းျပဳေနသူက မ်ားပါတယ္။ အဲဒီေတာ့ တန္ခိုးေတြ၊ မျမင္ရတဲ့ အထက္ပုဂၢိဳလ္ေတြ၊ ဘ၀ ေဟာင္းက ဥစၥာေစာင့္ အထံုအဆက္ေတြ အေၾကာင္း ကို ၀ံ့၀ံ့စားစား ယံုေလာက္ေအာင္ ေျပာၾက ေဟာ တတ္ၾကသူမ်ားအေနနဲ႔ စားလို႔ကုန္ႏိုင္ဖြယ္ရာ မရွိေသးပါဘူး။

ကြၽန္မတို႔ဟာ ျမတ္စြာဘုရားရဲ႕ သာသနာ ေတာ္အတြင္းမွာ လူျဖစ္လာရသူမ်ားလည္း ျဖစ္ပါ တယ္။ ေထရ၀ါဒဆိုတဲ့ လက္ေတြ႕က်င့္ႀကံႀကိဳးကုတ္ အားထုတ္မႈကို အသားေပးတဲ့ ဗုဒၶ၀ါဒကိုလည္း လက္ခံက်င့္သံုးေနၾကလို႔ တိုးတက္ေအာင္ ႀကံ ေဆာင္ေနၾကလို႔ ႏိုင္ငံရပ္ျခားက အင္မတန္ စူးစမ္း တတ္တဲ့၊ သဘာ၀မက်ရင္ ယံုဖို႔၀န္ေလးတတ္ၾကတဲ့၊ လက္ေတြ႕စမ္းသပ္ေလ့ရွိၾကတဲ့သူမ်ား တစ္ေန႔တျခား လာေရာက္ၿပီး တခ်ဳိ႕မ်ားဆိုရင္ လူ၀တ္ေၾကာင္ကို စြန္႔ၿပီး သာသနာ့ေဘာင္ထဲကို ၀င္ၾကတဲ့အထိ တိုး တက္ေနၾကၿပီျဖစ္ပါတယ္။

အဲဒီလို အေျခအေနမ်ဳိးမွာ ဗုဒၶ၀ါဒီ အမည္ခံ ထားၿပီးမွ ဗုဒၶေဟာေျပာ ဆံုးမေတာ္မူခဲ့တဲ့ တရား ေတာ္နဲ႔ အႏွစ္သာရအားျဖင့္ ေျပာင္ေျပာင္ႀကီး ဆန္႔ က်င္ေနတဲ့ အလုပ္မ်ားကို ဘာေၾကာင့္မ်ား ဒီေလာက္ လုပ္ေနၾကပါလိမ့္လို႔ ကြၽန္မ ေတြးမိပါတယ္။

ျမတ္စြာဘုရား တရားေတာ္မွာ အဘက္ဘက္ က လိုေလေသးမရွိေအာင္ ဆံုးမသြန္သင္ထားတာ မ်ားကို ေလ့လာေလေလ ေတြ႕ရွိရေလေလပါပဲ။ အထူးသျဖင့္ ဒါန၊ သီလ၊ ဘာ၀နာဆိုတဲ့ လုပ္ငန္း သံုးရပ္စလံုးကို အထိုက္အေလ်ာက္ က်င့္ႀကံၿပီးရင္ အမွားႀကီး မွားမသြားေအာင္ မိမိကိုယ္ကို မိမိတို႔ ထိန္းႏိုင္လာၾကမယ္ ျဖစ္ပါတယ္။

ဘုရားတပည့္သား ဆိုရင္ေတာ့ လက္ေတြ႕ က်င့္ႀကံအားထုတ္ၾကရမယ္ ဆိုတာကို ႏွလံုးသြင္း ထားသင့္ပါတယ္။ ကြၽန္မ သိပၸံပညာနဲ႔ ပတ္သက္တဲ့ စာအုပ္တစ္အုပ္မွာ ဖတ္ဖူးထားတာ ရွိပါတယ္။ သိပၸံ ပညာရွင္ျဖစ္ဖို႔ရာအတြက္ အခ်က္သံုးခ်က္နဲ႔ ျပည့္စံု ရပါမယ္တဲ့။

ပထမအခ်က္ကေတာ့ စူးစမ္းေလ့လာျခင္း ျဖစ္ပါတယ္။ ဒုတိယအခ်က္ကေတာ့ နားလည္ျခင္း ျဖစ္ပါတယ္။ တတိယအခ်က္ကေတာ့ လက္ေတြ႕ လုပ္ေဆာင္ စမ္းသပ္ျခင္းျဖစ္ပါတယ္။

ဗုဒၶက တရားေတာ္မ်ားကို ငါဘုရားေဟာ ၾကားတဲ့အတိုင္း ယံုပါလို႔ မိန္႔ေတာ္မမူခဲ့တဲ့အျပင္ စူးစမ္းေလ့လာၿပီးမွ ယံုဖို႔ေတာင္ ကာလာမသုတ္ ေတာ္မွာ တိုက္တြန္း ေဟာၾကားေတာ္မူခဲ့ဖူးပါတယ္။ အဲဒီလို စူးစမ္းၿပီးမွ မွန္တယ္လို႔ ယံုၾကည္လာတဲ့အခါ (နားလည္လာတဲ့အခါ) မွာလည္း ယံုၿပီးရင္၊ နားလည္ ၿပီးရင္ ကိစၥၿပီးတယ္လို႔ မထင္ၾကေစလိုပါဘူး။ လက္ေတြ႕လုပ္ေဆာင္စမ္းသပ္ျခင္း (က်င့္ႀကံ အား ထုတ္ျခင္း) ျပဳၾကရမယ္ျဖစ္ပါတယ္။ အဲသည္လို ျပဳတဲ့အခါမွာလည္း ျမတ္စြာဘုရား ေဟာၾကားေတာ္ မူထားတဲ့ တရားကိုယ္မ်ားနဲ႔ေတာ့ ကင္းကြာလို႔ မျဖစ္ ပါဘူး။ ျပန္လည္ခ်ိန္ထိုးၾကည့္ရပါမယ္။ ႏို႔မဟုတ္ရင္ အယူမွားႀကီးနဲ႔ ဆက္သြားမွာစိုးရပါတယ္။ အဲဒါ ေၾကာင့္ ဆရာေတာ္ႀကီးမ်ားဟာ ပဋိပတ္အလုပ္မွာ ပရိယတ္ကို ခ်န္မထားသလို ပရိယတ္အလုပ္မွာ ပဋိပတ္ကို ခ်န္မထားဘဲ တြဲၿပီးလုပ္ေဆာင္ေတာ္မူ ၾကတာပါပဲ။

ကြၽန္မက ကိုးကြယ္ယံုၾကည္မႈနဲ႔ပတ္သက္တဲ့ ျပႆနာမ်ားအေၾကာင္းကို ေရႊေတာင္ကုန္း သာသနာ့ ရိပ္သာဆရာေတာ္ႀကီး ဥဴးပ႑ိတာဘိ၀ံသကို အခါ အားေလ်ာ္စြာ ေလွ်ာက္ထားေလ့ရွိပါတယ္။

အခုတေလာ ဗုဒၶ၀ါဒီ ေထရ၀ါဒီအမည္ခံၿပီး ဘုရားေဟာနဲ႔မညီေသာ အမႈမ်ားကို လုပ္ေဆာင္ေန ၾကသူမ်ားနဲ႔ပတ္သက္ၿပီး ကြၽန္မ ေလွ်ာက္ထားမိ ပါတယ္။

အဲဒီေတာ့ ဆရာေတာ္ႀကီးက ဒီပဲယင္း ဆရာေတာ္ႀကီး မိန္႔ေတာ္မူဖူးတဲ့စကား ရွိပါတယ္တဲ့။ အဲဒီစကားကေတာ့ "သိက သိ၊ မသိ သိ၏။ မသိက သိ၊ မသိ မသိ" တဲ့။

ဒီစကားကလည္း ပဥၥ၀ဂၢီ ငါးပါးတို႔အနက္ အငယ္ဆံုး မေထရ္ျဖစ္ေတာ္မူတဲ့ ၀ပၸေထရ္ က်ဴး ရင့္ခဲ့တဲ့ဂါထာကို ျမန္မာလို တိုတိုနဲ႔ ထိမိစြာျပန္ဆိုထား တာပါပဲ။

အရွင္၀ပၸက "သမၼာဒိ႒ိဉာဏ္ျဖင့္ မေဖာက္ မျပန္ သိျမင္သူ အရိယာ ပုဂၢိဳလ္သည္ မေဖာက္မျပန္ အမွန္သိျမင္သူ အရိယာပုဂၢိဳလ္ကို (ပညာမ်က္စိျဖင့္) အဟုတ္အမွန္ သိျမင္ႏိုင္၏။ မေဖာက္မျပန္ အမွန္ မသိ ျမင္ႏိုင္သူ (ပုထုဇဥ္ပုဂၢိဳလ္) ကိုလည္း (ပညာ မ်က္စိျဖင့္) အဟုတ္အမွန္ သိျမင္ႏိုင္၏။ (ပညာ မ်က္စိ) ကင္း၍ မေဖာက္မျပန္ အမွန္မသိျမင္ႏိုင္သူ ဗာလပုထုဇဥ္ ပုဂၢိဳလ္သည္ မေဖာက္မျပန္ အမွန္မသိ ျမင္ႏိုင္သူ ပုထုဇဥ္ပုဂၢိဳလ္ကိုလည္းေကာင္း၊ မေဖာက္ မျပန္ အမွန္သိျမင္သူ အရိယာပုဂၢိဳလ္ကိုလည္းေကာင္း (မိမိပညာမ်က္စိ)ျဖင့္ မသိမျမင္ႏိုင္။ ဤသို႔လွ်င္ ၀ပၸ မေထရ္သည္ ရြတ္ဆို၏}} (သတ္ပံုမူရင္းအတုိင္း)

(ဆ႒သံဂါယနာတင္ ပိဋကတ္ေတာ္ ခုဒၵကနိ ကာယ္၀င္ သုတၱန္ပိဋကတ္ ေထရဂါထာ ပါဠိေတာ္ ႏွင့္ ေထရီဂါထာပါဠိေတာ္ ျမန္မာျပန္ သတၱမ၀ဂ္၀ပၸ ေထရဂါထာထာ စာ- ၁၅)

ကြၽန္မတို႔ဟာ ဗုဒၶ၀ါဒကို တကယ္တမ္း လက္ခံတယ္လို႔ဆိုရင္ ဗုဒၶ ဆိုဆံုးမတဲ့အတိုင္း ေနထိုင္ က်င့္ႀကံရပါလိမ့္မယ္။ အက်ဳိးထူးဟာ သူ႕သေဘာကို သူေဆာင္လာမွာပါပဲ။ ဗုဒၶက "အတၱာဟိ အတၱေနာ နာေထာ၊ မိမိကိုယ္သာ ကိုးကြယ္ရာ"လို႔ မိန္႔ေတာ္ မူခဲ့ပါတယ္။ ဆိုလိုတာက ျမတ္စြာဘုရားက မေကာင္း မႈ ေကာင္းမႈကို ခြဲျခားညႊန္ျပေတာ္မူခဲ့တာကို မိမိက ေကာင္းေသာအမႈကို ဘုရားအဆံုးအမနဲ႔အညီ ေရြး ခ်ယ္လုပ္ေဆာင္မွသာ ေကာင္းက်ဳိးရမယ္ျဖစ္ပါ တယ္။

ဘယ္ပုဂၢိဳလ္ကမွ မေကာင္းေသာအမႈကို ျပဳ ေနတဲ့သူကို ေကာင္းတာ ျဖစ္ေအာင္ လုပ္မေပး ႏိုင္ပါဘူး။ ထို႔အတူပါပဲ။ ေကာင္းေသာအမႈကို အၿမဲ တေစ မေမ့မေလ်ာ့ ျပဳေနၾကသူမ်ားကိုလည္း ဘယ္ သူကမွ ဒုကၡေပးႏိုင္ၾကမယ္မဟုတ္ပါဘူး။ ေကာင္းမႈ က အလိုလို ေစာင့္ေရွာက္သြားမယ္ဆိုတာကို ယံုႏိုင္ ပါတယ္။

အေရးႀကီးတာက ဆရာေကာင္း သမား ေကာင္း ထင္ထင္ရွားရွား ရွိေနတာကို ပစ္ပယ္ၿပီး ေတြ႕ကရာပုဂၢိဳလ္ကို အကိုးကြယ္မမွားၾကဖို႔က အေရး ႀကီးပါတယ္။ မိမိ ကိုးကြယ္မယ့္သူဟာ အမွန္ကို သိသလား၊ မသိဘူးလားဆိုတဲ့ အခ်က္ကို ဘုရား၊ တရား၊ သံဃာရဲ႕အဆံုးအမကို ခံယူထားလို႔ အသိ ေကာင္း အသိမွန္ရွိေနတဲ့သူဟာ ခြဲျခားၿပီး သိႏိုင္ပါ တယ္။ အေရးႀကီးတာကေတာ့ ပညာမ်က္စိနဲ႔ ၾကည့္ တတ္ၾကဖို႔ပါပဲ။

အထူးအေရးႀကီးတာကေတာ့ ဗုဒၶ၀ါဒီမ်ားဟာ ကံနဲ႔ ကံရဲ႕အက်ဳိးကို ယံုဖို႔ပါပဲ။ ဒီေနရာမွာ ကြၽန္မက ဆရာႀကီးလုပ္ေနတာ မဟုတ္ပါဘူး။ မ်ားေသာ အားျဖင့္ ကံတက္ေအာင္ လုပ္ေပးမယ္၊ ကံေဖာ္ ေပးမယ္ဆိုတဲ့ အသံုးအႏႈန္းေတြ အခုေခတ္မွာ အၾကားရမ်ားေနလို႔ ေျပာမိတဲ့စကားျဖစ္ပါတယ္။ ကံေဖာ္ဖို႔ ကံတက္ေအာင္လုပ္ဖို႔ဆိုတာက မိမိအတြက္ အျခားလူက လုပ္ေပးလို႔ မရပါဘူး။ မိမိဘာသာမိမိ ေကာင္းတာကို သဒၶါစစ္၊ သဒၶါမွန္နဲ႔ လုပ္ေနရင္ အတိတ္က ကံေကာင္းေတြကို အလိုလိုေဖာ္ၿပီးသား ျဖစ္လာမွာပါပဲ။ အခု ေလာေလာဆယ္မွာလည္း ကံ ေတြတက္လာမွာပါပဲ။ ကုသိုလ္ကံေကာင္းေတြ တက္ လာမွာကို ေျပာတာျဖစ္ပါတယ္။

အဲဒီအသိဟာလည္း ကံကို မမွိတ္မသုန္ ယံုၾကည္ၿပီး ေကာင္းမႈသယ္ပိုး ေကာင္းေအာင္ႀကိဳး ေနတဲ့သူမ်ားဟာ ေကာင္းက်ဳိးကိုယ္၌တည္လာတဲ့ သာဓကေတြျမင္ရင္း သိလာႏိုင္ပါတယ္။ မိမိတို႔ ကိုယ္မွာလည္း ႀကိဳးစားရင္း ေကာင္းက်ဳိးေတြ တည္ လာတာကို ၀မ္းေျမာက္၀မ္းသာ သိလာႏိုင္ပါတယ္။

 

ေဒါက္တာမတင္၀င္း(ပညာေရးတကၠသိုလ္)

 

Share