အင်္ဂုလိမာလတဲ့ ... ဟေ့!!!

-မောင်ဉာဏ်စိန်-

*************

ယတောဟံ ဘဂိနိ အရိယာယ

ဇာတိယာ ဇာတောနာဘိဇာနာမိ၊ 

သဉ္စိစ္စပါဏံ ဇီဝိတာ ဝေါရောပေတာ

တေန သစ္စေန၊ သောတ္ထိတေ ဟောတု

သောတ္ထိ ဂမ္ဘသာ။

 

ပရိတ်ကြီး ၁၁ သုတ်ရှိသည်ကို လူအတော် များများသိကြပါသည်။ ၎င်း ၁၁ သုတ်တွင် အင်္ဂုလိမာ လသုတ်သည်လည်း အပါအဝင်ဖြစ်သည်။ အထက် ဖော်ပြပါပရိတ်တော်သည် အင်္ဂုလိမာလသုတ်တော်မှ ဖြစ်ပေသည်။ ယင်းပရိတ်တော်မှာ မြတ်စွာဘုရားက အရှင်အင်္ဂုလိမာလအား သင်ကြားပေးတော်မူခဲ့သော ပရိတ်တော်ဖြစ်လေသည်။ 

 

သာဝတ္ထိပြည် ပသေနဒီကောသလမင်းကြီး ထံ၌ အန္တကမည်သော ပုရောဟိတ်ပုဏ္ဏားကြီး တစ်ဦးရှိ၍ ၎င်းင်း၏ဇနီးဖြစ်သူ၏ အမည်မှာ မန္ထာနီ ဖြစ်ပေသည်။ အင်္ဂုလိမာလသည် ယင်းပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့၏ သားဖြစ်လေသည်။ ငယ်မည်မှာ အဟိံ သကဖြစ်လေသည်။ အရွယ်ရောက်သည့်အခါ တက္ကသိုလ်ဆရာကြီးတစ်ဦးထံတွင် ပညာသင်ကြား စေခဲ့သည်။ ဆရာက လက်ညှိုးတစ်ထောင်ပြည့် အောင် ပူဇော်ပါက အ<ကင်းအကျန် ဆရာစားမချန် ဘဲ ပညာကုန်သင်ကြားပေးမည်ဟုဆိုသဖြင့် တက္က သိုလ်ဆရာကြီးကို ပူဇော်ရန်အတွက် လက်နက်အ ပြည့်အစုံနှင့် မြို့မှထွက်ပြီး တောမှာနေလေသည်။ 

 

အနီးအနား လာသမျှလူတွေကို အတင်း လိုက်သတ်ပြီး လက်ညှိုးကို ဖြတ်ယူလေသည်။ ရရှိ သော လက်ညှိုးများကို ထိုအရပ်ဤအရပ်မှာထား သဖြင့် ကျီး ငှက်စသည်တို့ ချီယူသွားကြလေသည်။ "ဤသို့ထားသဖြင့် မသင့်ချေသေးရသမျှ လက်ညှိုး ကို ကြိုးဖြင့် သီကုံး၍ ပန်းကုံးကဲ့သို့ လည်တွင် ဆွဲထားမှ ငါ့အား ပြည့်စုံလွယ်ချိမ့်မည်" ဟု ကြံလျက် နောက်ထပ်ရသည့် လက်ညှိုးများကို ကြိုးနှင့်သီပြီး လည်ပင်းပေါ်တွင် ဆွဲထားလေသည်။ 

 

ယခုကဲ့သို့ အင်္ဂုလိမာလသည် လူများကို လိုက်လံသတ်ဖြတ်နေသည့်အတွက် ရှင်ဘုရင်ကိုယ် တိုင်ခေါင်းဆောင်ပြီး တပ်မတော်သားတွေနှင့် လိုက် ဖမ်းရန် အစီအစဉ်လုပ်ရတော့သည်။ ယင်းသို့လိုက် ဖမ်းသဖြင့် အဖမ်းခံရပါက မိမိ၏သားသည် သေ တော့မည်ကို စိုးရိမ်ပြီး အင်္ဂုလိမာလအမေသည် ၎င်း၏သားရှိရာ တောအတွင်းသို့ လိုက်သွားလေတော့ သည်။ ပုဏ္ဏားကြီးက မသွားဝံ့ဟုဆိုသဖြင့် ပုဏ္ဏားမ ကြီးက ကိုယ်တိုင်လိုက်သွားခြင်းဖြစ်ပေသည်။ မိခင် ၏မေတ္တာသည် မည်မျှကြီးမားသည်ကို ယခုခေတ် လူငယ်များ သတိပြုကြရန် ဖြစ်လေသည်။ အကျွန်ုပ်  အားသတ်လိုလည်း သတ်ပစေ သား၏သေခြင်းကို မမြင်လိုဟုဆိုကာ မိခင်ပုဏ္ဏေးမကြီးသည် သား အင်္ဂုလိမာလရှိရာ တောအရပ်သို့ ထွက်သွားလေ တော့သည်။

အင်္ဂုလိမာလကလည်း လက်ညှိ်ုးတစ်ထောင်  ပြည့်ဖို့ တစ်ချောင်းသာ လိုတော့သည့်အတွက် ယင်း နေ့တွင် မည်သူ့ကို တွေ့တွေ့သတ်မည်ဟု အဓိဋ္ဌာန် ပြုထားသည့်အတွက် မိခင်ကိုတွေ့လျှင်လည်း သတ် မည်သာဖြစ်ပေသည်။ 

ဘုရားသခင်သည် ထိုနေ့နံနက်တွင်ထ၍ လောကကိုရှုမြင်လေသော် အင်္ဂုလိမာလကို တွေ့ မြင်ရသည်။ တရားဟောလိုက်လျှင် သစ္စာလေးပါး ကို သဘောပေါက်၍ ရဟန်းဘဝသို့ ရောက်မည်။ ယင်းသို့မျှ မဟုတ်လျှင် မိခင်ကို သတ်မှုကြောင့် အနန္တရိယကံထိုက်၍ အဝိစိငရဲသို့ ကျရောက်မည်ကို မြင်တော်မူသည်။ ထို့ကြောင့် သပိတ်၊ သင်္ကန်းကို ပြင်၍ သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူသည်။ ဆွမ်း ခံရာမှတစ်ဖန် အင်္ဂုလိမာလရှိရာ တောအုပ်သို့ <က တော်မူသည်။ မိခင်ဖြစ်သူ မန္တာနီပုဏ္ဏေးမနှင့် အင်္ဂုလိမာလ အကြား စင်္ကြံ<ကတော်မူသည်။ 

အင်္ဂုလိမာလကလည်း "ဒီလမ်းကို လူလေး ငါးဆယ်စုပြီးလာတာတောင် ငါ့လက်တွင်းက မလွတ် ကြဘူး။ ဒီရဟန်းကြီးတစ်ပါးတည်း မကြောက်မရွံ့ ပဲ ရဲရဲတင်းတင်းလာနေတာဟာ သိပ်အံ့သြစရာ ကောင်းတာပဲ။ ဒီရဟန်းကြီးကို ငါသတ်တော့မယ်" ဟု ကြံပြီးဘုရားသခင်ကို သတ်ရန်လိုက်ပေသည်။ ဘုရားရှင်သည် ခပ်မှန်မှန်ပင် စင်္ကြံ<ကနေသော်လည်း ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အင်္ဂုလိမာလသည် မလိုက်နိုင်ချေ။ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အင်္ဂုလိမာလလျှောက်နေသော မြေသည် လှိုင်းတံပိုး ကဲ့သို့ နိမ့်တုံမြင့်တုံဖြစ်နေပြီး ဘုရားသခင်လျှောက် နေသော မြေပြင်သည် စည်မျက်နှာကဲ့သို့ ညီညာ လျက်ရှိသည်။ အင်္ဂုလိမာလသည် အလွန်ပင်ပန်း လျက်ရှိတော့သည်။ ထို့ကြောင့် အင်္ဂုလိမာလနှင့် ဘုရားရှင်တို့သည် အောက်ပါအတိုင်း အပြန်အလှန် ပြောဆိုကြရတော့သည်။ 

 

အင်္ဂုလိမာလ။။ အရှင်ရဟန်းရပ်ဦး။ ရပ်ဦး လော့။ 

 

ဘုရားရှင်။။ ငါကားရပ်၏။ သင်သာမ ရပ်။ 

 

အင်္ဂုလိမာလ။။ အရှင်ဘုရား သင်သည် မတန့်မနှေးသွားလျက်ကိုပင် "ငါရပ်၏။" အကျွန်ုပ် ရပ်နေသည်ကို "သင်ကားမရပ်" ဟု အဘယ် ကြောင့် ဆိုပါသနည်း။ မုသာဝါဒသည် ရဟန်းတို့၏ အလေ့အထပင်လော။ 

ထိုအခါတွင် ဘုရားရှင်က အင်္ဂုလိမာလအား အောက်ပါအတိုင်း ပြန်ကြားလိုက်လေသည်။ 

 

ဘုရားရှင်။။ အချင်းအင်္ဂုလိမာလ ငါ သည် ပါဏတိပါတစသော မကောင်းမှုဒုစရိုက်တို့၌ မလိုက်မစား ကြဉ်ရှောင်ရှားသည်ဖြစ်၍ အပါယ် လားခြင်းမရှိ သုဂတိတို့၏ အထွပ်အထိပ်ဖြစ်သော နိဗ္ဗာန်လမ်းဝ၌သာ တည်ရကား ရပ်နေသည် မည်၏။ သင်ကား ဒုစရိုက်တရားတို့ကို များစွာ ပြုလေ့ရှိသည်။ သတ္တဝါ ခပ်သိမ်းတို့အား သနား ချစ်ခင်ခြင်းမရှိသည်။ ကောင်းသော အကျင့်စာရိတ္တ မရှိသည်ဖြစ်၍စုတေ သောအခါ ငရဲ၊ ပြိတ္တာ တိရစ္ဆာန် အသူရကာယ် ဟူသော အပါယ်လေးခွင်သို့ စင်စစ် သွားအံ့သောသူ ဖြစ်ရကား။ ရပ်နားသည်မမည်။ သွားသည်ပင်ဖြစ်၏။ ထို့ကြောင့် ငါကားရပ်၏။ သင်ကားမရပ် ဟူ၍ ငါ ဆိုသတည်း။ ထိုအခါမှ အင်္ဂုလိမာလသည် လက်ထဲ က ဓားကိုလွှတ်ချပြီး ဘုရားရှင်ကို ရှိခိုးရင်း တပည့် အဖြစ် အသိအမှတ်ပြုရန် တောင်းပန်လေသည်။ ဘုရားရှင်ကလည်း အင်္ဂုလိမာလကို ဇေတဝန် ကျောင်းတော်သို့ ခေါ်သွားပြီး ရဟန်းပြုစေတော့ သည်။ အင်္ဂုလိမာလည်း ဘုရားရှင်ဆုံးမသည့်အတိုင်း တရားအားထုတ်ရာ ရဟန္တာဖြစ်သွားတော့သည်။ 

ရဟန္တာပင်ဖြစ်သော်လည်း အရှင် အင်္ဂုလိမာလ ဆွမ်းခံကြွလျှင် လောင်းလှူမည့်သူမရှိကြ။ ဤသူ သည် ငါတို့အဖကိုသတ်၏။ ငါတို့သားကိုသတ်၏။ စသည်ဖြင့် ပြောကြလျက် အိမ်တံခါးကို ပိတ်ထား ကြလေသည်။ အချို့မှာရှောင်နေကြ၍ အချို့မှာ အုတ်၊ ခဲ၊ တုတ်တို့ဖြင့်ပင် ပစ်ကြသည်။ အင်္ဂုလိမာလ မထေရ်ခမျာ ဆွမ်းတစ်ဇွန်းမျှကိုပင် မရရှိသဖြင့် ကျောင်းသို့ရောက်သောအခါ အခြားသော သံဃာ တို့က မျှတကာ သုံးဆောင်စေရသည်။ မြတ်စွာဘု ရားရှင်ကြားသိသောအခါ အရှင်အင်္ဂုလိမာလမထေရ် အားခေါ်ယူပြီး "ယခုဘဝ၌ တစ်ထောင်မျှသော လူကိုပင် သင်သတ်ခဲ့သော ပါဏာတိပါတကံ၏ ဒိဋ္ဌဓမ္မအကျိုးဆက်ပင်တည်း"ဟု ဆုံးမပြီး ဆွမ်း၊ ကွမ်းကိစ္စစသည်အတွက် အထက်ဖော်ပြပါ ပရိတ် ဂါထာတော်ကို သင်ကြားပြသပေးတော်မူလေသည်။ 

ကိုယ်ဝန်မှချမ်းသာစွာ မမွေးဖွားနိုင်သူများ အား အထက်ဖော်ပြပါ ပရိတ်တော်ဖြင့် ရွတ်ဆို၍ ကုသခဲ့ရာ ကိုယ်ဝန်သည် မိခင်လောင်းတို့သည် ချမ်း သာစွာ မွေးဖွားနိုင်ကြပေသည်။ ထိုအခါမှ ဒါယိကာ ဒါယိကာမတို့သည် "အရှင်အင်္ဂုလိမာလသည် တန်ခိုးကြီးပေစွ"ဟု ပြောဆိုကြပြီး သဒ္ဓါတရားဖြစ် ၍ လှူဒါန်းပူဇော်ကြလေသည်။ ရှေးခေတ်မြန်မာ လူမျိုးတို့သည်လည်းကောင်း ယခုသော်တွင်လည်း ကောင်း ကျေးလက်ဒေသနေ မြန်မာတို့သည်လည်း ကောင်း ကိုယ်ဝန်ဆောင်မိခင်လောင်းများ မွေးဖွား နိုင်ခြင်းမရှိသောအခါ၌ ရဟန်းသံဃာတော်များ သက်ကြီးရွယ်အိုများအား ပင့်ဖိတ်၍ အင်္ဂုလိမာလ သုတ်တော်လာ အထက်ဖော်ပြပါ ဂါထာတော်ကို ရွတ်ဖတ်လေ့ရှိကြကြောင်း ရေးသားတင်ပြအပ်ပေ သည်။ 

 

မောင်ဉာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ ဇိနတ္ထပကာသနီကျမ်း(ကျီးသဲလေးထပ် ဆရာတော်)

၂။ ငါးပါးသီလအကြောင်း မြတ်စွာဘုရားအ ကြောင်း သံဃာတော်များအကြောင်း၊ ဓမ္မအကြောင်း ဗုဒ္ဓသာသနာအရေးတော်ပုံ(ဝန်ကြီးချုပ်ဟောင်းဦးနု) 

zawgyi version

အဂၤုလိမာလတဲ့ ... ေဟ့!!!

-ေမာင္ဥာဏ္စိန္-

*************

ယေတာဟံ ဘဂိနိ အရိယာယ

ဇာတိယာ ဇာေတာနာဘိဇာနာမိ၊ 

သဥၥိစၥပါဏံ ဇီ၀ိတာ ေ၀ါေရာေပတာ

ေတန သေစၥန၊ ေသာတၴိေတ ေဟာတု

ေသာတၴိ ဂမၻသာ။

 

ပရိတ္ႀကီး ၁၁ သုတ္ရွိသည္ကို လူအေတာ္ မ်ားမ်ားသိၾကပါသည္။ ၎ ၁၁ သုတ္တြင္ အဂၤုလိမာ လသုတ္သည္လည္း အပါအ၀င္ျဖစ္သည္။ အထက္ ေဖာ္ျပပါပရိတ္ေတာ္သည္ အဂၤုလိမာလသုတ္ေတာ္မွ ျဖစ္ေပသည္။ ယင္းပရိတ္ေတာ္မွာ ျမတ္စြာဘုရားက အရွင္အဂၤုလိမာလအား သင္ၾကားေပးေတာ္မူခဲ့ေသာ ပရိတ္ေတာ္ျဖစ္ေလသည္။ 

 

သာ၀တၴိျပည္ ပေသနဒီေကာသလမင္းႀကီး ထံ၌ အႏၲကမည္ေသာ ပုေရာဟိတ္ပုဏၰားႀကီး တစ္ဦးရွိ၍ ၎င္း၏ဇနီးျဖစ္သူ၏ အမည္မွာ မႏၴာနီ ျဖစ္ေပသည္။ အဂၤုလိမာလသည္ ယင္းပုဏၰားႀကီးႏွင့္ ပုေဏၰးမတို႔၏ သားျဖစ္ေလသည္။ ငယ္မည္မွာ အဟႎ သကျဖစ္ေလသည္။ အရြယ္ေရာက္သည့္အခါ တကၠသိုလ္ဆရာႀကီးတစ္ဦးထံတြင္ ပညာသင္ၾကား ေစခဲ့သည္။ ဆရာက လက္ညႇိဳးတစ္ေထာင္ျပည့္ ေအာင္ ပူေဇာ္ပါက အ<ကင္းအက်န္ ဆရာစားမခ်န္ ဘဲ ပညာကုန္သင္ၾကားေပးမည္ဟုဆိုသျဖင့္ တကၠ သိုလ္ဆရာႀကီးကို ပူေဇာ္ရန္အတြက္ လက္နက္အ ျပည့္အစံုႏွင့္ ၿမိဳ႕မွထြက္ၿပီး ေတာမွာေနေလသည္။ 

 

အနီးအနား လာသမွ်လူေတြကို အတင္း လိုက္သတ္ၿပီး လက္ညႇိဳးကို ျဖတ္ယူေလသည္။ ရရွိ ေသာ လက္ညႇိဳးမ်ားကို ထိုအရပ္ဤအရပ္မွာထား သျဖင့္ က်ီး ငွက္စသည္တို႔ ခ်ီယူသြားၾကေလသည္။ "ဤသို႔ထားသျဖင့္ မသင့္ေခ်ေသးရသမွ် လက္ညႇဳိး ကို ႀကိဳးျဖင့္ သီကံုး၍ ပန္းကံုးကဲ့သို႔ လည္တြင္ ဆြဲထားမွ ငါ့အား ျပည့္စံုလြယ္ခ်ိမ့္မည္" ဟု ႀကံလ်က္ ေနာက္ထပ္ရသည့္ လက္ညႇဳိးမ်ားကို ႀကိဳးႏွင့္သီၿပီး လည္ပင္းေပၚတြင္ ဆြဲထားေလသည္။ 

 

ယခုကဲ့သို႔ အဂၤုလိမာလသည္ လူမ်ားကို လိုက္လံသတ္ျဖတ္ေနသည့္အတြက္ ရွင္ဘုရင္ကိုယ္ တိုင္ေခါင္းေဆာင္ၿပီး တပ္မေတာ္သားေတြႏွင့္ လိုက္ ဖမ္းရန္ အစီအစဥ္လုပ္ရေတာ့သည္။ ယင္းသို႔လိုက္ ဖမ္းသျဖင့္ အဖမ္းခံရပါက မိမိ၏သားသည္ ေသ ေတာ့မည္ကို စိုးရိမ္ၿပီး အဂၤုလိမာလအေမသည္ ၎၏သားရွိရာ ေတာအတြင္းသို႔ လိုက္သြားေလေတာ့ သည္။ ပုဏၰားႀကီးက မသြား၀ံ့ဟုဆိုသျဖင့္ ပုဏၰားမ ႀကီးက ကိုယ္တိုင္လိုက္သြားျခင္းျဖစ္ေပသည္။ မိခင္ ၏ေမတၱာသည္ မည္မွ်ႀကီးမားသည္ကို ယခုေခတ္ လူငယ္မ်ား သတိျပဳၾကရန္ ျဖစ္ေလသည္။ အကြၽႏု္ပ္  အားသတ္လိုလည္း သတ္ပေစ သား၏ေသျခင္းကို မျမင္လိုဟုဆိုကာ မိခင္ပုေဏၰးမႀကီးသည္ သား အဂၤုလိမာလရွိရာ ေတာအရပ္သို႔ ထြက္သြားေလ ေတာ့သည္။

အဂၤုလိမာလကလည္း လက္ညႇဳိ္းတစ္ေထာင္  ျပည့္ဖို႔ တစ္ေခ်ာင္းသာ လိုေတာ့သည့္အတြက္ ယင္း ေန႔တြင္ မည္သူ႕ကို ေတြ႕ေတြ႕သတ္မည္ဟု အဓိ႒ာန္ ျပဳထားသည့္အတြက္ မိခင္ကိုေတြ႕လွ်င္လည္း သတ္ မည္သာျဖစ္ေပသည္။ 

ဘုရားသခင္သည္ ထိုေန႔နံနက္တြင္ထ၍ ေလာကကို႐ႈျမင္ေလေသာ္ အဂၤုလိမာလကို ေတြ႕ ျမင္ရသည္။ တရားေဟာလိုက္လွ်င္ သစၥာေလးပါး ကို သေဘာေပါက္၍ ရဟန္းဘ၀သို႔ ေရာက္မည္။ ယင္းသို႔မွ် မဟုတ္လွ်င္ မိခင္ကို သတ္မႈေၾကာင့္ အနႏၲရိယကံထိုက္၍ အ၀ိစိငရဲသို႔ က်ေရာက္မည္ကို ျမင္ေတာ္မူသည္။ ထို႔ေၾကာင့္ သပိတ္၊ သကၤန္းကို ျပင္၍ သာ၀တၴိၿမိဳ႕သို႔ ဆြမ္းခံ၀င္ေတာ္မူသည္။ ဆြမ္း ခံရာမွတစ္ဖန္ အဂၤုလိမာလရွိရာ ေတာအုပ္သို႔ <က ေတာ္မူသည္။ မိခင္ျဖစ္သူ မႏၲာနီပုေဏၰးမႏွင့္ အဂၤုလိမာလ အၾကား စႀကႍ<ကေတာ္မူသည္။ 

အဂၤုလိမာလကလည္း "ဒီလမ္းကို လူေလး ငါးဆယ္စုၿပီးလာတာေတာင္ ငါ့လက္တြင္းက မလြတ္ ၾကဘူး။ ဒီရဟန္းႀကီးတစ္ပါးတည္း မေၾကာက္မရြံ႕ ပဲ ရဲရဲတင္းတင္းလာေနတာဟာ သိပ္အံ့ၾသစရာ ေကာင္းတာပဲ။ ဒီရဟန္းႀကီးကို ငါသတ္ေတာ့မယ္" ဟု ႀကံၿပီးဘုရားသခင္ကို သတ္ရန္လိုက္ေပသည္။ ဘုရားရွင္သည္ ခပ္မွန္မွန္ပင္ စႀကႍ<ကေနေသာ္လည္း ဘုရားရွင္၏ တန္ခိုးေတာ္ေၾကာင့္ အဂၤုလိမာလသည္ မလိုက္ႏိုင္ေခ်။ ဘုရားရွင္၏ တန္ခိုးေတာ္ေၾကာင့္ အဂၤုလိမာလေလွ်ာက္ေနေသာ ေျမသည္ လႈိင္းတံပိုး ကဲ့သို႔ နိမ့္တံုျမင့္တံုျဖစ္ေနၿပီး ဘုရားသခင္ေလွ်ာက္ ေနေသာ ေျမျပင္သည္ စည္မ်က္ႏွာကဲ့သို႔ ညီညာ လ်က္ရွိသည္။ အဂၤုလိမာလသည္ အလြန္ပင္ပန္း လ်က္ရွိေတာ့သည္။ ထို႔ေၾကာင့္ အဂၤုလိမာလႏွင့္ ဘုရားရွင္တို႔သည္ ေအာက္ပါအတိုင္း အျပန္အလွန္ ေျပာဆိုၾကရေတာ့သည္။ 

 

အဂၤုလိမာလ။။ အရွင္ရဟန္းရပ္ဦး။ ရပ္ဦး ေလာ့။ 

 

ဘုရားရွင္။။ ငါကားရပ္၏။ သင္သာမ ရပ္။ 

 

အဂၤုလိမာလ။။ အရွင္ဘုရား သင္သည္ မတန္႔မေႏွးသြားလ်က္ကိုပင္ "ငါရပ္၏။" အကြၽႏု္ပ္ ရပ္ေနသည္ကို "သင္ကားမရပ္" ဟု အဘယ္ ေၾကာင့္ ဆိုပါသနည္း။ မုသာ၀ါဒသည္ ရဟန္းတို႔၏ အေလ့အထပင္ေလာ။ 

ထုိအခါတြင္ ဘုရားရွင္က အဂၤုလိမာလအား ေအာက္ပါအတိုင္း ျပန္ၾကားလိုက္ေလသည္။ 

 

ဘုရားရွင္။။ အခ်င္းအဂၤုလိမာလ ငါ သည္ ပါဏတိပါတစေသာ မေကာင္းမႈဒုစ႐ိုက္တို႔၌ မလိုက္မစား ၾကဥ္ေရွာင္ရွားသည္ျဖစ္၍ အပါယ္ လားျခင္းမရွိ သုဂတိတို႔၏ အထြပ္အထိပ္ျဖစ္ေသာ နိဗၺာန္လမ္း၀၌သာ တည္ရကား ရပ္ေနသည္ မည္၏။ သင္ကား ဒုစ႐ိုက္တရားတို႔ကို မ်ားစြာ ျပဳေလ့ရွိသည္။ သတၱ၀ါ ခပ္သိမ္းတို႔အား သနား ခ်စ္ခင္ျခင္းမရွိသည္။ ေကာင္းေသာ အက်င့္စာရိတၱ မရွိသည္ျဖစ္၍စုေတ ေသာအခါ ငရဲ၊ ၿပိတၱာ တိရစၦာန္ အသူရကာယ္ ဟူေသာ အပါယ္ေလးခြင္သို႔ စင္စစ္ သြားအံ့ေသာသူ ျဖစ္ရကား။ ရပ္နားသည္မမည္။ သြားသည္ပင္ျဖစ္၏။ ထို႔ေၾကာင့္ ငါကားရပ္၏။ သင္ကားမရပ္ ဟူ၍ ငါ ဆိုသတည္း။ ထိုအခါမွ အဂၤုလိမာလသည္ လက္ထဲ က ဓားကိုလႊတ္ခ်ၿပီး ဘုရားရွင္ကို ရွိခိုးရင္း တပည့္ အျဖစ္ အသိအမွတ္ျပဳရန္ ေတာင္းပန္ေလသည္။ ဘုရားရွင္ကလည္း အဂၤုလိမာလကို ေဇတ၀န္ ေက်ာင္းေတာ္သို႔ ေခၚသြားၿပီး ရဟန္းျပဳေစေတာ့ သည္။ အဂၤုလိမာလည္း ဘုရားရွင္ဆံုးမသည့္အတိုင္း တရားအားထုတ္ရာ ရဟႏၲာျဖစ္သြားေတာ့သည္။ 

ရဟႏၲာပင္ျဖစ္ေသာ္လည္း အရွင္ အဂၤုလိမာလ ဆြမ္းခံၾကြလွ်င္ ေလာင္းလွဴမည့္သူမရွိၾက။ ဤသူ သည္ ငါတို႔အဖကိုသတ္၏။ ငါတို႔သားကိုသတ္၏။ စသည္ျဖင့္ ေျပာၾကလ်က္ အိမ္တံခါးကို ပိတ္ထား ၾကေလသည္။ အခ်ဳိ႕မွာေရွာင္ေနၾက၍ အခ်ဳိ႕မွာ အုတ္၊ ခဲ၊ တုတ္တို႔ျဖင့္ပင္ ပစ္ၾကသည္။ အဂၤုလိမာလ မေထရ္ခမ်ာ ဆြမ္းတစ္ဇြန္းမွ်ကိုပင္ မရရွိသျဖင့္ ေက်ာင္းသို႔ေရာက္ေသာအခါ အျခားေသာ သံဃာ တို႔က မွ်တကာ သံုးေဆာင္ေစရသည္။ ျမတ္စြာဘု ရားရွင္ၾကားသိေသာအခါ အရွင္အဂၤုလိမာလမေထရ္ အားေခၚယူၿပီး "ယခုဘ၀၌ တစ္ေထာင္မွ်ေသာ လူကိုပင္ သင္သတ္ခဲ့ေသာ ပါဏာတိပါတကံ၏ ဒိ႒ဓမၼအက်ဳိးဆက္ပင္တည္း"ဟု ဆံုးမၿပီး ဆြမ္း၊ ကြမ္းကိစၥစသည္အတြက္ အထက္ေဖာ္ျပပါ ပရိတ္ ဂါထာေတာ္ကို သင္ၾကားျပသေပးေတာ္မူေလသည္။ 

ကိုယ္၀န္မွခ်မ္းသာစြာ မေမြးဖြားႏိုင္သူမ်ား အား အထက္ေဖာ္ျပပါ ပရိတ္ေတာ္ျဖင့္ ရြတ္ဆို၍ ကုသခဲ့ရာ ကိုယ္၀န္သည္ မိခင္ေလာင္းတို႔သည္ ခ်မ္း သာစြာ ေမြးဖြားႏိုင္ၾကေပသည္။ ထိုအခါမွ ဒါယိကာ ဒါယိကာမတို႔သည္ "အရွင္အဂၤုလိမာလသည္ တန္ခိုးႀကီးေပစြ"ဟု ေျပာဆိုၾကၿပီး သဒၶါတရားျဖစ္ ၍ လွဴဒါန္းပူေဇာ္ၾကေလသည္။ ေရွးေခတ္ျမန္မာ လူမ်ဳိးတို႔သည္လည္းေကာင္း ယခုေသာ္တြင္လည္း ေကာင္း ေက်းလက္ေဒသေန ျမန္မာတို႔သည္လည္း ေကာင္း ကိုယ္၀န္ေဆာင္မိခင္ေလာင္းမ်ား ေမြးဖြား ႏိုင္ျခင္းမရွိေသာအခါ၌ ရဟန္းသံဃာေတာ္မ်ား သက္ႀကီးရြယ္အိုမ်ားအား ပင့္ဖိတ္၍ အဂၤုလိမာလ သုတ္ေတာ္လာ အထက္ေဖာ္ျပပါ ဂါထာေတာ္ကို ရြတ္ဖတ္ေလ့ရွိၾကေၾကာင္း ေရးသားတင္ျပအပ္ေပ သည္။ 

 

ေမာင္ဥာဏ္စိန္

ရည္ညႊန္းစာအုပ္မ်ား

၁။ ဇိနတၴပကာသနီက်မ္း(က်ီးသဲေလးထပ္ ဆရာေတာ္)

၂။ ငါးပါးသီလအေၾကာင္း ျမတ္စြာဘုရားအ ေၾကာင္း သံဃာေတာ္မ်ားအေၾကာင္း၊ ဓမၼအေၾကာင္း ဗုဒၶသာသနာအေရးေတာ္ပံု(၀န္ႀကီးခ်ဳပ္ေဟာင္းဦးႏု) 

Share