ဆရာတိုက် နှစ်ထပ်ကွမ်း

-စိန္တာမယဆရာပိုင်-

*************

တစ်နေ့ ကျွန်ုပ်ဆီကို သွားနဲ့ခံတွင်း မကောင်း တဲ့လူနာတစ်ယောက် ရောက်လာပါတယ်။ 

သူ့အပြောကတော့ သွားကြောင့် ဆေးရုံ သုံးကြိမ်တက်ပြီးကြောင်း၊ ကင်ဆာထင်လို့ အသားစ စစ်ဆေးကြောင်းများ ပြောပြပြီးတော်တော် စိတ်ဓာတ် ကျနေပုံရပါတယ်။ နောက်ဆုံး ဘယ်သွားပြီး ဘယ် မှာ ပြရမှန်းမသိတော့တာကြောင့်

ကျွန်ုပ်ဆီ ရောက် လာခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒါကြောင့် ကျွန်ုပ်လည်း ထုံးစံအတိုင်း ပယောဂ ရှိမရှိ စစ်ဆေးလိုက်ပါတယ်။

သူမကိုယ်ထဲမှာ အောက်လမ်းစက် တွေ့ပါ တယ်။ အောက်လမ်းကိုတွေ့ဖို့ ခေါ်သွင်းလိုက် တယ်ဆိုရင် ခါတိုင်းလို ခပ်မြန်မြန်ရောက်မလာဘဲ တော်တော် အချိန်ယူလိုက်ရပါတယ်။ ရောက်လာ တော့လည်း တော်တော် လေသံမာကြောနေတာ ကြောင့်ရယ်၊ နောက်ဘုရားရှိခိုးခိုင်းတာ မရှိခိုးတာ ကြောင့်ရယ် တော်ရုံအဆင့်မဟုတ်ကြောင်း သတိ ထားမိလိုက်ပါတယ်။

"မင်းက ဘာလို့ဘုရားမရှိခိုးတာလဲ"

"ရှိခိုးလို့မဖြစ်လို့ပါ ..."

 

ဒီလောက်ဆိုရင် သူဘာကြောင့် ဘုရား မကန်တော့တယ်ဆိုတာ ကျွန်ုပ်သိလိုက်ပါပြီ။ သူ့ ပညာကြိုးကိုမေးတော့ ငါးကြိုးလို့ ပြောပါတယ်။ မဖြစ်နိုင်မှန်းသိလို့ သက်ဆိုင်ရာကို ပညာပေးခိုင်း လိုက်တော့မှ သူ့ပညာ (၁၈)ကြိုးဆိုတာ အမှန်သိ လိုက်ရပါတယ်။

 

"မင်း ဘာကြောင့်လုပ်ရတာလဲ"

 

"သူများခိုင်းလို့ပါ ..."

 

"ကောင်းပြီလေ မင်းပညာစက်တွေကို သိမ်းပေး"

 

ပြောစကားနားမထောင်ပါ။ ပညာစက် မသိမ်းဘဲ ဝေ့လည်ကြောင်ပါတ်လုပ်နေပါတယ်။

 

"မင်းကိုငါ ပညာစက်သိမ်းခိုင်းနေတယ်လေ"

 

"ကျွန်တော် ပညာစက်မသိမ်းတတ်ပါဘူး"

 

တော်တော်လွန်သွားပြီဆိုတာ ကျွန်ုပ် သိ လိုက်ပါတယ်။ ဒီပညာအဆင့်လောက်တတ်နေတဲ့ အောက်လမ်း ဆရာတစ်ယောက်က သူလုပ်ထား တဲ့ပညာစက် မသိမ်းတတ်ဘူးဆိုတာ ဘယ်လိုနည်း နဲ့မှ မဖြစ်နိုင်ပါဘူး။

 

"မင်းက ငါ့ပညာကို စမ်းကြည့်လိုက်တာ နေမယ် ...ဟုတ်လား"

 

ကျွန်ုပ်လည်း အဖဆရာတော်ကြီးများကို တိုင်တည်လိုက်ပြီး အောက်လမ်းဆရာကို အဖေ ကြီးလက်ထဲ အပ်လိုက်ပါတယ်။ သူ ခွေခွေကလေး ဖြစ်သွားပြီး လူးလိမ့်ခံနေရပါတယ်။ ခံနိုင်သလောက် ခံပါစေဆိုပြီး ခဏပစ်ထားလိုက်တော့မှ -

 

"သိမ်းပါ့မယ် ဆရာ ...ရပ်ပါတော့ ... အဘရယ်ကြောက်ပါတယ် ... ကျွန်တော် ပညာ တွေသိမ်းပါ့မယ်"

 

တောင်းပန်လာတဲ့အတွက် ကျွန်ုပ်လည်း အဖေကြီးကိုတောင်းပန်ပြီး သူ့ကိုပြန်ထိုင်ခိုင်းလိုက် ပါတယ်။

 

"ထိုင်လိုက် ပညာစက်တွေသိမ်း"

 

သူထိုင်လိုက်ပေမယ့် ကျွန်ုပ်ကို မကျေမနပ် ကြည့်လိုက်တာ ကျွန်ုပ်ကလည်း တွေ့ဖြစ်အောင် တွေ့လိုက်ပါသေးတယ်။

 

"ဟေ့ကောင် မင်းကငါ့ကိုဘာကြည့်တာလဲ"

 

"ကျွန်တော် လုပ်လာတဲ့ ပွဲပေါင်းများပါပြီ ...ကျွန်တော်ပညာသုံးရင် ရှာနိုင်တဲ့ ဆရာ တော် တော် ရှားပါတယ် ...ဆရာက ဘာလို့ အလွယ် တကူ ရှာတွေ့သွားရတာလဲလို့ ကြည့်လိုက်တာပါ"

 

"အင်းလေ ဘာလို့ရှာတွေ့သွားတယ်ဆိုတာ မင်းလည်း ကြည့်ရင်မြင်နိုင်တာပဲ ကြည့်လိုက်ပေါ့"

 

သူက ကြည့်နေသလိုလို ... ဟိုလိုလို ဒီလို လို လုပ်နေတာကြောင့် ...

"မင်း ပညာစက်သိမ်းဖို့ အချိန်ဆွဲနေတာလား" လို့ ခပ်မာမာပြောလိုက်တော့မှ ကမန်းကတန်း ပညာစက်သိမ်းလိုက်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ် လည်း ပွဲပေါင်းများစွာ ကုသလာခဲ့ပေမယ့် သတိ တစ်ချက်လွတ်ပြီး သူ့ပညာစက်ကုန်ပြီလို့ ယူဆ တာကြောင့် သူ့ကိုသစ္စာဆိုခိုင်းပြီး ပြန်လွှတ်လိုက် ပါတယ်။ ဒါမျိုးက ခါတိုင်းလည်းလုပ်နေကြမို့ သူ့ကို ပြန်လွှတ်လိုက်ပြီး လူနာအတွက်လည်း စက်ဖြတ် ရေမန်း၊ တန်ပြန်ဖယောင်းတိုင်တွေ ပေးပြီး ပြန်လွှတ် လိုက်ပါတယ်။

ညကျတော့ ကျွန်ုပ်တပည့်ကဖုန်းဆက်ပြီး သူဗိုက်တွေ အောင့်လာကြောင်း၊ အိမ်သာတက်နေရ ကြောင်းပြောပါတယ်။ ဒါကြောင့် တန်ပြန် ဖယောင်း တိုင်ထွန်းခိုင်းလို့ ထွန်းလိုက်ပြီးမှ သက်သာသွား ပါတော့တယ်။ စိတ်ထဲမှာတော့ နေ့လယ်က အောက် လမ်းဆရာကို သံသယတစ်ချက် ဖြစ်လိုက်ပါတယ်။

နောက်နေ့မနက် တပည့်ရောက်လာပါတယ်။ သူ့အခြေအနေမေးတော့ သိပ်မဆိုးတော့ကြောင်း ပြောတာနဲ့ ပယောဂကုသမှုကိုစတင်ဖို့ ရောက်နေ တဲ့ ဧည့်သည်ကို စတင်စစ်ဆေးလိုက်ပါတယ်။ မှတ်မှတ်ရရ အဲဒိနေ့ကတနင်္ဂနွေပါ။ ပုံမှန်ဆိုရင် ဧည့်သည် (၂၀)ကျော်လောက်လာနေကြ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒိနေ့က ဧည့်သည် ငါးယောက် လောက်ပဲလာတာကြောင့် ထူးခြားဖြစ်စဉ်ပဲဆိုပြီး တပည့်ဖြစ်သူ ညက ဗိုက်အောင့်တဲ့ကိစ္စကို ပြန်စစ် ဆေးလိုက်ပါတယ်။

ကျွန်ုပ်ကို ပုဂ္ဂိုလ်တွေက နှိုးဆော်လိုက် သလိုပါပဲ။ စစ်ဆေးကြည့်လိုက်တော့ ကျွန်ုပ် တပည့် ညကဖြစ်ခဲ့တာ သွေးရိုးသားရိုးမဟုတ်ဘဲ အောက် လမ်းဆရာ လက်ချက်ဆိုတာ သိလိုက်ရပါတယ်။ ကျွန်ုပ် ပြန်ခေါ်သွင်းလိုက်ပြီး -

 

"ကဲ မင်းကဟုတ်ချီဟုတ်ရဲ့နဲ့ ငါ့ကို တောင်း ပန်ပြီး ထပ်ချလိုက်တာပေါ့ ...ဟုတ်လား"

 

"မကျေနပ်လို့ပါ"

 

"ဘာကိုမကျေနပ်တာလဲ ပြောစမ်းပါဦး"

 

"ကျွန်တော် အပွဲပွဲနွဲခဲ့သမျှ ဒီပွဲမှာမှ မိသွား ရတာကို မကျေနပ်တာပါ"

 

"ဒါကြောင့် မင်းက ငါ့တပည့်ကိုဆော် ငါ့ကို ကြတော့ လူကိုဆော်လို့မရလို့ ဧည့်သည် မလာ နိုင်အောင် ပိတ်ထားလိုက်တာပေါ့ ဟုတ်လား"

 

"ဆရာ ဘယ်လိုလုပ်သိနေတာလဲ"

 

"ဖြစ်စဉ်က ရှင်းနေတာပဲလေ ... ငါ့ကို ဘာလဲလို့ မေးလိုက်တဲ့မင်းအတွက် သိအောင်ပြ ရမှာပေါ့"

 

ကျွန်ုပ်လည်း အာခံတဲ့ အောက်လမ်းပညာ သည်တွေကိုသာ တိုက်လေ့ရှိတဲ့ စမများထဲက တန်ပြန်စမ အဆင့်(၁)ရေးပြီး တိုက်လိုက်ပါတယ်။

နောက်ထပ်ပြီး ငါးဆူတန်ပြန်စမ ထပ်တိုက် လိုက်ပါတယ်။ အောက်လမ်းဆရာခမျာ တော်တော် လေး ခံနေရပုံပါပဲ။ ဒီလောက်နဲ့မှတ်မှာမဟုတ်တဲ့ အတွက် သက်ဆိုင်ရာများကို အပြင်းဆုံးဆုံးမပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ သူ မခံမရပ်နိုင်အောင် ဖြစ်နေပါပြီ။ အဲဒိအစမှအဆုံး နောက်တစ်ခေါက် ထပ်ပြီး ဆုံးမစေပြန်ပါတယ်။ သုံးကြိမ်လောက် ဆော် လိုက်တော့ တော်တော်ခံစားသွားရပြီး နောက် မလုပ်တော့ပါဘူးလို့ ကတိပေးတာနဲ့ ကျွန်ုပ် စိတ် လျှော့လိုက်ကာ သူ့ကိုပညာစက်ပြန်သိမ်းခိုင်းပြီး ကတိကဝတ် ပြုခိုင်းတော့ မနက်ဖြန်ကစလို့ ဧည့် သည် နှစ်ဆတိုးလာစေရပါမယ်လို့ကတိပေး၊ နောက် မလုပ်တော့ပါဘူးလို့ သစ္စာဆိုပြီး ပြန်လွှတ်လိုက်ပါ တော့တယ်။

ဒီအောက်လမ်းဆရာကိစ္စပြီးပြီလို့ထင်ခဲ့မိ ပါတယ်။ ဒါကြောင့် တနင်္လာနေ့အတွက် ပြင်ဆင်မှု တွေနဲ့ လူများမှာပဲလို့တွေးလိုက်မိတယ်။

လုံးဝမှားသွားပါတယ်။ နောက်နေ့မှာ ပိုဆိုး သွားပြီး ဧည့်သည်နှစ်ယောက်ပဲ လာပါတယ်။

ဒုတိယအကြိမ် အောက်လမ်းတိုက်မှာ ဆက် ဖတ်လိုက်ပါ။

ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ ...     

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

zawgyi version

 

ဆရာတုိက္ ႏွစ္ထပ္ကြမ္း

-စိႏၱာမယဆရာပုိင္-

*************

 

တစ္ေန႔ ကြၽႏ္ုပ္ဆီကို သြားနဲ႔ခံတြင္း မေကာင္း တဲ့လူနာတစ္ေယာက္ ေရာက္လာပါတယ္။ 

သူ႔အေျပာကေတာ့ သြားေၾကာင့္ ေဆး႐ံု သံုးႀကိမ္တက္ၿပီးေၾကာင္း၊ ကင္ဆာထင္လို႔ အသားစ စစ္ေဆးေၾကာင္းမ်ား ေျပာျပၿပီးေတာ္ေတာ္ စိတ္ဓာတ္ က်ေနပံုရပါတယ္။ ေနာက္ဆံုး ဘယ္သြားၿပီး ဘယ္ မွာ ျပရမွန္းမသိေတာ့တာေၾကာင့္ ကြၽႏ္ုပ္ဆီ ေရာက္ လာျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

ဒါေၾကာင့္ ကြၽႏ္ုပ္လည္း ထံုးစံအတိုင္း ပေယာဂ ရွိမရွိ စစ္ေဆးလိုက္ပါတယ္။

သူမကိုယ္ထဲမွာ ေအာက္လမ္းစက္ ေတြ႔ပါ တယ္။ ေအာက္လမ္းကိုေတြ႕ဖို႔ ေခၚသြင္းလိုက္ တယ္ဆိုရင္ ခါတိုင္းလို ခပ္ျမန္ျမန္ေရာက္မလာဘဲ ေတာ္ေတာ္ အခ်ိန္ယူလိုက္ရပါတယ္။ ေရာက္လာ ေတာ့လည္း ေတာ္ေတာ္ ေလသံမာေၾကာေနတာ ေၾကာင့္ရယ္၊ ေနာက္ဘုရားရွိခိုးခိုင္းတာ မရွိခိုးတာ ေၾကာင့္ရယ္ ေတာ္ရံုအဆင့္မဟုတ္ေၾကာင္း သတိ ထားမိလိုက္ပါတယ္။

"မင္းက ဘာလို႔ဘုရားမရွိခိုးတာလဲ"

"ရွိခိုးလို႔မျဖစ္လို႔ပါ ..."

 

ဒီေလာက္ဆိုရင္ သူဘာေၾကာင့္ ဘုရား မကန္ေတာ့တယ္ဆိုတာ ကြၽႏ္ုပ္သိလိုက္ပါၿပီ။ သူ႕ ပညာႀကိဳးကိုေမးေတာ့ ငါးႀကိဳးလို႔ ေျပာပါတယ္။ မျဖစ္ႏိုင္မွန္းသိလို႔ သက္ဆိုင္ရာကို ပညာေပးခိုင္း လိုက္ေတာ့မွ သူ႔ပညာ (၁၈)ႀကိဳးဆိုတာ အမွန္သိ လိုက္ရပါတယ္။

 

"မင္း ဘာေၾကာင့္လုပ္ရတာလဲ"

 

"သူမ်ားခိုင္းလို႔ပါ ..."

 

"ေကာင္းၿပီေလ မင္းပညာစက္ေတြကို သိမ္းေပး"

 

ေျပာစကားနားမေထာင္ပါ။ ပညာစက္ မသိမ္းဘဲ ေ၀့လည္ေၾကာင္ပါတ္လုပ္ေနပါတယ္။

 

"မင္းကိုငါ ပညာစက္သိမ္းခိုင္းေနတယ္ေလ"

 

"ကြၽန္ေတာ္ ပညာစက္မသိမ္းတတ္ပါဘူး"

 

ေတာ္ေတာ္လြန္သြားၿပီဆိုတာ ကြၽႏ္ုပ္ သိ လိုက္ပါတယ္။ ဒီပညာအဆင့္ေလာက္တတ္ေနတဲ့ ေအာက္လမ္း ဆရာတစ္ေယာက္က သူလုပ္ထား တဲ့ပညာစက္ မသိမ္းတတ္ဘူးဆိုတာ ဘယ္လိုနည္း နဲ႔မွ မျဖစ္ႏိုင္ပါဘူး။

 

"မင္းက ငါ့ပညာကို စမ္းၾကည့္လိုက္တာ ေနမယ္ ...ဟုတ္လား"

 

ကြၽႏ္ုပ္လည္း အဖဆရာေတာ္ႀကီးမ်ားကို တိုင္တည္လိုက္ၿပီး ေအာက္လမ္းဆရာကို အေဖ ႀကီးလက္ထဲ အပ္လိုက္ပါတယ္။ သူ ေခြေခြကေလး ျဖစ္သြားၿပီး လူးလိမ့္ခံေနရပါတယ္။ ခံႏိုင္သေလာက္ ခံပါေစဆိုၿပီး ခဏပစ္ထားလိုက္ေတာ့မွ -

 

"သိမ္းပါ့မယ္ ဆရာ ...ရပ္ပါေတာ့ ... အဘရယ္ေၾကာက္ပါတယ္ ... ကြၽန္ေတာ္ ပညာ ေတြသိမ္းပါ့မယ္"

 

ေတာင္းပန္လာတဲ့အတြက္ ကြၽႏ္ုပ္လည္း အေဖႀကီးကိုေတာင္းပန္ၿပီး သူ႕ကိုျပန္ထိုင္ခိုင္းလိုက္ ပါတယ္။

 

"ထိုင္လိုက္ ပညာစက္ေတြသိမ္း"

 

သူထိုင္လိုက္ေပမယ့္ ကြၽႏ္ုပ္ကို မေက်မနပ္ ၾကည့္လိုက္တာ ကြၽႏ္ုပ္ကလည္း ေတြ႕ျဖစ္ေအာင္ ေတြ႕လိုက္ပါေသးတယ္။

 

"ေဟ့ေကာင္ မင္းကငါ့ကိုဘာၾကည့္တာလဲ"

 

"ကြၽန္ေတာ္ လုပ္လာတဲ့ ပြဲေပါင္းမ်ားပါၿပီ ...ကြၽန္ေတာ္ပညာသံုးရင္ ရွာႏိုင္တဲ့ ဆရာ ေတာ္ ေတာ္ ရွားပါတယ္ ...ဆရာက ဘာလို႔ အလြယ္ တကူ ရွာေတြ႕သြားရတာလဲလို႔ ၾကည့္လိုက္တာပါ"

 

"အင္းေလ ဘာလို႔ရွာေတြ႕သြားတယ္ဆိုတာ မင္းလည္း ၾကည့္ရင္ျမင္ႏိုင္တာပဲ ၾကည့္လိုက္ေပါ့"

 

သူက ၾကည့္ေနသလိုလို ... ဟိုလိုလို ဒီလို လို လုပ္ေနတာေၾကာင့္ ...

"မင္း ပညာစက္သိမ္းဖို႔ အခ်ိန္ဆြဲေနတာလား" လို႔ ခပ္မာမာေျပာလိုက္ေတာ့မွ ကမန္းကတန္း ပညာစက္သိမ္းလိုက္ပါတယ္။ ဒီေနရာမွာ ကြၽႏ္ုပ္ လည္း ပြဲေပါင္းမ်ားစြာ ကုသလာခဲ့ေပမယ့္ သတိ တစ္ခ်က္လြတ္ၿပီး သူ႕ပညာစက္ကုန္ၿပီလို႔ ယူဆ တာေၾကာင့္ သူ႔ကိုသစၥာဆိုခိုင္းၿပီး ျပန္လႊတ္လိုက္ ပါတယ္။ ဒါမ်ဳိးက ခါတိုင္းလည္းလုပ္ေနၾကမို႔ သူ႕ကို ျပန္လႊတ္လိုက္ၿပီး လူနာအတြက္လည္း စက္ျဖတ္ ေရမန္း၊ တန္ျပန္ဖေယာင္းတိုင္ေတြ ေပးၿပီး ျပန္လႊတ္ လိုက္ပါတယ္။

ညက်ေတာ့ ကြၽႏ္ုပ္တပည့္ကဖုန္းဆက္ၿပီး သူဗိုက္ေတြ ေအာင့္လာေၾကာင္း၊ အိမ္သာတက္ေနရ ေၾကာင္းေျပာပါတယ္။ ဒါေၾကာင့္ တန္ျပန္ ဖေယာင္း တိုင္ထြန္းခိုင္းလို႔ ထြန္းလိုက္ၿပီးမွ သက္သာသြား ပါေတာ့တယ္။ စိတ္ထဲမွာေတာ့ ေန႔လယ္က ေအာက္ လမ္းဆရာကို သံသယတစ္ခ်က္ ျဖစ္လိုက္ပါတယ္။

ေနာက္ေန႔မနက္ တပည့္ေရာက္လာပါတယ္။ သူ႕အေျခအေနေမးေတာ့ သိပ္မဆိုးေတာ့ေၾကာင္း ေျပာတာနဲ႔ ပေယာဂကုသမႈကိုစတင္ဖို႔ ေရာက္ေန တဲ့ ဧည့္သည္ကို စတင္စစ္ေဆးလိုက္ပါတယ္။ မွတ္မွတ္ရရ အဲဒိေန႔ကတနဂၤေႏြပါ။ ပံုမွန္ဆိုရင္ ဧည့္သည္ (၂၀)ေက်ာ္ေလာက္လာေနၾက ျဖစ္ပါ တယ္။ ဒါေပမဲ့ အဲဒိေန႔က ဧည့္သည္ ငါးေယာက္ ေလာက္ပဲလာတာေၾကာင့္ ထူးျခားျဖစ္စဥ္ပဲဆိုၿပီး တပည့္ျဖစ္သူ ညက ဗိုက္ေအာင့္တဲ့ကိစၥကို ျပန္စစ္ ေဆးလိုက္ပါတယ္။

ကြၽႏ္ုပ္ကို ပုဂၢဳိလ္ေတြက ႏိႈးေဆာ္လိုက္ သလိုပါပဲ။ စစ္ေဆးၾကည့္လိုက္ေတာ့ ကြၽႏ္ုပ္ တပည့္ ညကျဖစ္ခဲ့တာ ေသြးရိုးသားရိုးမဟုတ္ဘဲ ေအာက္ လမ္းဆရာ လက္ခ်က္ဆိုတာ သိလိုက္ရပါတယ္။ ကြၽႏ္ုပ္ ျပန္ေခၚသြင္းလိုက္ၿပီး -

 

"ကဲ မင္းကဟုတ္ခ်ီဟုတ္ရဲ႕နဲ႔ ငါ့ကို ေတာင္း ပန္ၿပီး ထပ္ခ်လိုက္တာေပါ့ ...ဟုတ္လား"

 

"မေက်နပ္လို႔ပါ"

 

"ဘာကိုမေက်နပ္တာလဲ ေျပာစမ္းပါဦး"

 

"ကြၽန္ေတာ္ အပြဲပြဲႏြဲခဲ့သမွ် ဒီပြဲမွာမွ မိသြား ရတာကို မေက်နပ္တာပါ"

 

"ဒါေၾကာင့္ မင္းက ငါ့တပည့္ကိုေဆာ္ ငါ့ကို ၾကေတာ့ လူကိုေဆာ္လို႔မရလို႔ ဧည့္သည္ မလာ ႏိုင္ေအာင္ ပိတ္ထားလိုက္တာေပါ့ ဟုတ္လား"

 

"ဆရာ ဘယ္လိုလုပ္သိေနတာလဲ"

 

"ျဖစ္စဥ္က ရွင္းေနတာပဲေလ ... ငါ့ကို ဘာလဲလို႔ ေမးလိုက္တဲ့မင္းအတြက္ သိေအာင္ျပ ရမွာေပါ့"

 

ကြၽႏ္ုပ္လည္း အာခံတဲ့ ေအာက္လမ္းပညာ သည္ေတြကိုသာ တိုက္ေလ့ရွိတဲ့ စမမ်ားထဲက တန္ျပန္စမ အဆင့္(၁)ေရးၿပီး တိုက္လိုက္ပါတယ္။

ေနာက္ထပ္ၿပီး ငါးဆူတန္ျပန္စမ ထပ္တိုက္ လိုက္ပါတယ္။ ေအာက္လမ္းဆရာခမ်ာ ေတာ္ေတာ္ ေလး ခံေနရပံုပါပဲ။ ဒီေလာက္နဲ႔မွတ္မွာမဟုတ္တဲ့ အတြက္ သက္ဆိုင္ရာမ်ားကို အျပင္းဆံုးဆံုးမေပးဖို႔ အမိန္႔ေပးလိုက္ပါတယ္။ သူ မခံမရပ္ႏိုင္ေအာင္ ျဖစ္ေနပါၿပီ။ အဲဒိအစမွအဆံုး ေနာက္တစ္ေခါက္ ထပ္ၿပီး ဆံုးမေစျပန္ပါတယ္။ သံုးႀကိမ္ေလာက္ ေဆာ္ လိုက္ေတာ့ ေတာ္ေတာ္ခံစားသြားရၿပီး ေနာက္ မလုပ္ေတာ့ပါဘူးလို႔ ကတိေပးတာနဲ႔ ကြၽႏ္ုပ္ စိတ္ ေလွ်ာ့လိုက္ကာ သူ႔ကိုပညာစက္ျပန္သိမ္းခိုင္းၿပီး ကတိက၀တ္ ျပဳခိုင္းေတာ့ မနက္ျဖန္ကစလို႔ ဧည့္ သည္ ႏွစ္ဆတိုးလာေစရပါမယ္လို႔ကတိေပး၊ ေနာက္ မလုပ္ေတာ့ပါဘူးလို႔ သစၥာဆိုၿပီး ျပန္လႊတ္လိုက္ပါ ေတာ့တယ္။

ဒီေအာက္လမ္းဆရာကိစၥၿပီးၿပီလို႔ထင္ခဲ့မိ ပါတယ္။ ဒါေၾကာင့္ တနလၤာေန႔အတြက္ ျပင္ဆင္မႈ ေတြနဲ႔ လူမ်ားမွာပဲလို႔ေတြးလိုက္မိတယ္။

လံုး၀မွားသြားပါတယ္။ ေနာက္ေန႔မွာ ပိုဆိုး သြားၿပီး ဧည့္သည္ႏွစ္ေယာက္ပဲ လာပါတယ္။

ဒုတိယအႀကိမ္ ေအာက္လမ္းတိုက္မွာ ဆက္ ဖတ္လိုက္ပါ။

ခုနစ္ရက္သားသမီးမ်ား ပေယာဂစက္ေဘးမွ ကင္းေ၀းႏိုင္ၾကပါေစ ...     

 

စိႏၲာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇

Share