စမ ဟူသည်

-မင်းသဏ်းဝင်း-

 စမ 

---

သုပညာနဂရ ဆိန္ဒမင်းလက်ထက် သာသနာ သက္ကရာဇ် ၆၂၉ ခု အတိုသက္ကရာဇ် ၈ ခုတွင် ဥတ္တမ သီရီမထေရ် စီရင်သည်ဟုဆိုသော ကပ္ပာလင်္ကာရ ကျမ်းအလိုအားဖြင့် မြန်မာအက္ခရာတို့တွင် စာဖို၊ စာမဟူ၍ အက္ခရာနှစ်မျိုးရှိသည်ဟု ဆို၏။

ဂဠုန် ငှက်ဟု အမှတ်သညာပြုကြသော နေမင်းက ညွှန်း ဆိုသည့် အက္ခရာများသည် စာဖိုအက္ခရာဖြစ်၍ ကရဝိက်ငှက်ဟု အမှတ်သညာပြုကြသော လမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာမအက္ခရာဖြစ် သည်။ စာဖိုကို 'စဖို' ဟူ၍လည်းကောင်း၊ စာမကို 'စမ' ဟူ၍လည်းကောင်း အသံထွက်လေ့ ရေးလေ့ ရှိသည်။

 

စာဖို(စဖို) 

---------

နေမင်းသည်သတ္တဝါတို့ အကျိုးငှာ မူလ အက္ခရာ တစ်လုံး၊ ဘူတအက္ခရာနှစ်လုံးကို တစ်နေ့ လျှင် သုံးကြိမ်ပြသည်။ (မူလအက္ခရာဆိုသည်မှာ အရင်းအမြစ်ဖြစ်သော အက္ခရာဖြစ်၍၊ ဘူတအက္ခရာ ကား မူလအက္ခရာမှ ပြန့်ပွားသော အက္ခရာဖြစ်သည်)

 

နေမင်းပြသည့်မူလအက္ခရာမှာ နေဝန်း၏ ပကတိပုံသဏ္ဌာန်ဖြစ်သော 'ဝ'အက္ခရာဖြစ်၏။ နေ ထွက်သည့် အချိန်တွင်မူ 'ဝ' တစ်ခြမ်းဖြစ်သော 'ဂ' ပုံကိုသာ မြင်ရ၏။ နေဝင်ချိန်တွင်လည်း ထိုနည်းတူ 'ဂ' အက္ခရာပုံကိုပင် မြင်ရ၏။ ထို့ကြောင့် 'ဂ'အက္ခရာ နှစ်လုံးမှာ နေမင်းပြသော ဘူတအက္ခရာနှစ်လုံး ဖြစ်၏။

ယင်းအက္ခရာနှစ်လုံးအနက် တစ်လုံးက ထွက် အက္ခရာဖြစ်၍ ကျန်တစ်လုံးမှာ ဝင်အက္ခရာဖြစ်၏။ ယင်းအက္ခရာများမှ ပြန့်ပွားသော အက္ခရာတို့သည် စဖိုအက္ခရာ ဖြစ်၏။ ထို့ကြောင့် "နေထွက်'ဂ'ငယ်၊ နေ့လယ်'ဝ'ပင်၊ နေဝင်'ဂ'ဖြစ်ပြန်၊ သုံးတန်အက္ခရာ၊ နေမှလာ၊ မှတ်ပါစဖိုဂိုဏ"ဟူ၍ဆိုလေ၏။

 

စာမ(စမ)

-----------

စမအက္ခရာများတွင် မူလစမ အက္ခရာ၊ ဓာတ် စမအက္ခရာဟူ၍ နှစ်မျိုးရှိသည်။ မူလစမအက္ခရာ တို့သည် ကယသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ ဟူသော သိဒ္ဓိလေးပါးကို ပြီးစေနိုင်၏။

 

မူလစမ 

---------

လမင်းသည် မူလအက္ခရာ တစ်လုံး၊ ဘူတ အက္ခရာလေးလုံး ပေါင်းငါးလုံးကို တစ်နေ့လျှင် ငါး ကြိမ်ပြသည်။ လဆန်း သုံးရက်၊ လေးရက်တို့တွင် လ၏သဏ္ဌာန်သည် 'ဂ' အက္ခရာ နှင့်တူ၏။ ယင်း 'ဂ'အက္ခရာသည်ပင် လမင်းပြသော ဘူတအက္ခရာ တစ်လုံးဖြစ်၏။ လဆန်းရှစ်ရက်ခန့် ရောက်သောအခါ 'ဓ'အက္ခရာပုံကိုတွေ့ရသည်။ လပြည့်နေ့တွင်ကား လ၏အဝန်းကို အကုန် အစင်တွေ့ရသဖြင့် 'ဝ' အက္ခရာ သဏ္ဌာန်ဖြစ်၏။ လဆုတ် ရှစ်ရက်တွင် လသည် 'ဗ'အက္ခရာနှင့်တူ၍ လကွယ်ခါနီးတွင်မူ 'ပ' အက္ခရာ သဏ္ဌာန်တွေ့မြင်ရ၏။ ယင်းသို့အားဖြင့် လမင်းပြသော အက္ခရာများမှာ 'ဝ' အက္ခရာဟူသော မူလအက္ခရာတစ်လုံးနှင့် ဂ၊ ဓ၊ ပ၊ ဗ ဟူသော ဘူတ အက္ခရာ လေးလုံးဖြစ်၏။

ယင်းအက္ခရာငါးလုံးပေါ်လာပုံကိုတစ်နည်းပြောကြ သေး၏။ လယ်ကိုင်းဘုန်းတော်ကြီး ဦးဝဂသဗ္ဗောဓိ၏ အလိုအရ လဆန်း၌ 'ဂ' အက္ခရာ၊ လပြည့်ခါနီးတွင် 'ဗ' အက္ခရာ၊ လပြည့်လျှင် 'ဝ'အက္ခရာပြ၍၊ လပြည့် ကျော်တွင် လဆန်းကဲ့သို့ 'ဂ'နှင့် 'ဗ'ပင်ပြသည် ဟူ၏။

 

လမင်းပြသည့် ဂ၊ ဓ၊ ပ၊ ဗ ဟူသော အက္ခရာ ငါးလုံးတွင် အစအက္ခရာနှစ်လုံး ဖြစ်သော (ဂ၊ ဓ)နှင့် အဆုံးအက္ခရာနှစ်လုံးဖြစ်သော (ဂ၊ ဓ)နှင့် အဆုံး အက္ခရာနှစ်လုံးဖြစ်သော (ပ၊ ဗ)တို့ သဘောချင်း တူညီသည်ဟုဆို၏။ အကြောင်းကား 'ဂ' ကို ပက် လက် လှန်လျှင် 'ပ' ၊ 'ဗ' ကို မှောက်လိုက်လျှင် 'ဓ' ဖြစ်သောကြောင့်ပင်ဖြစ်၏။ ယင်းတူညီသော အက္ခရာ လေးလုံးမှ 'ဂ'နှင့် 'ဗ'  အက္ခရာနှစ်လုံး ပယ်လျှင် (ပ၊ဝ၊ဓ)ဟူ၍ အက္ခရာသုံးလုံးကျန်၏။

အထက်တွင် နေမင်းမှ ဂ၊ ဝ၊ ဂ အက္ခရာ သုံးလုံးရကြောင်းဆိုခဲ့ပြီ။ ထိုသုံးလုံးမှ 'ဂ'နှင့် 'ဂ'ကို ပေါင်းစပ်လိုက်လျှင် 'က'ကိုရသည်။ ထိုနေမင်းမှ အက္ခရာကို လမင်းမှအက္ခရာနှင့် ပေါင်းလိုက်ပြန်လျှင် က၊ ဝ၊ ပ၊ ဝ၊ ဓ ဟူသော အက္ခရာငါးလုံးရပြန်သည်။

အထက်ပါငါးလုံးတွင် ဘူတအက္ခရာများ ဖြစ် ကြသော က၊ ပ၊ ဓ အက္ခရာသုံးလုံးကို အောက် အထက်လှန်လိုက်လျှင် က၊ ပ၊ ဓ၊ ယ၊ ဂ၊ ဗ ဟူ သော အက္ခရာခြောက်လုံးရ၏။ မူလအက္ခရာ 'ဝ' နှစ် လုံးပေါင်းလျှင် ရှစ်လုံးရ၏။ ယင်းအက္ခရာရှစ်လုံးကို အထက်တစ်တန်း အောက်တစ်တန်း အောက်ပါ အတိုင်း စီ၍ထားရသည်။

 

က၊ ပ၊ ဓ၊ ဝ

ယ၊ ဂ၊ ဗ၊ ဝ

ယင်းအက္ခရာရှစ်လုံးသည် ဂဏန်းအရေ အတွက်အားဖြင့် ၃၃ ဖြစ်လျှင် မှန်သည်ဟု အဆိုရှိ၏။ နံသင့်ကောက်၍ ပေါင်းလျှင်၃၃ရသည်။

က၊ ပ၊ ဓ၊ ဝ ၂+ ၅+ ၇+ ၄ =၁၈

ယ၊ ဂ၊ ဗ၊ ဝ ၄+ ၂+ ၅+ ၄ = ၁၅

၁၈+ ၁၅ = ၃၃

ထို့ကြောင့် က၊ ပ၊ ဓ၊ ဝ၊ ယ၊ ဂ၊ ဗ၊ ဝဟူသော အက္ခရာရှစ်လုံးသည်အတုမရှိ အကျိုးကို ပေးစွမ်းနိုင်သည့် လေးလုံးသောစမတို့ကို ကောက်ယူ ရာကောက်ယူကြောင်းဖြစ်သော အခြေခံအက္ခရာ များ ဖြစ်၏။   

 

မင်းသဏ်းဝင်း

 

zawgyi version

စမ ဟူသည္

-မင္းသဏ္း၀င္း-

=============

 

စမ 

---

သုပညာနဂရ ဆိႏၵမင္းလက္ထက္ သာသနာ သကၠရာဇ္ ၆၂၉ ခု အတိုသကၠရာဇ္ ၈ ခုတြင္ ဥတၱမ သီရီမေထရ္ စီရင္သည္ဟုဆိုေသာ ကပၸာလကၤာရ က်မ္းအလိုအားျဖင့္ ျမန္မာအကၡရာတို႔တြင္ စာဖို၊ စာမဟူ၍ အကၡရာႏွစ္မ်ဳိးရွိသည္ဟု ဆို၏။ ဂဠဳန္ ငွက္ဟု အမွတ္သညာျပဳၾကေသာ ေနမင္းက ညႊန္း ဆိုသည့္ အကၡရာမ်ားသည္ စာဖိုအကၡရာျဖစ္၍ ကရ၀ိက္ငွက္ဟု အမွတ္သညာျပဳၾကေသာ လမင္းက ညႊန္းဆိုသည့္ အကၡရာမ်ားသည္ စာမအကၡရာျဖစ္ သည္။ စာဖိုကို 'စဖို' ဟူ၍လည္းေကာင္း၊ စာမကို 'စမ' ဟူ၍လည္းေကာင္း အသံထြက္ေလ့ ေရးေလ့ ရွိသည္။

 

စာဖို(စဖို) 

---------

ေနမင္းသည္သတၱ၀ါတို႔ အက်ဳိးငွာ မူလ အကၡရာ တစ္လံုး၊ ဘူတအကၡရာႏွစ္လံုးကို တစ္ေန႔ လွ်င္ သံုးႀကိမ္ျပသည္။ (မူလအကၡရာဆိုသည္မွာ အရင္းအျမစ္ျဖစ္ေသာ အကၡရာျဖစ္၍၊ ဘူတအကၡရာ ကား မူလအကၡရာမွ ျပန္႔ပြားေသာ အကၡရာျဖစ္သည္)

 

ေနမင္းျပသည့္မူလအကၡရာမွာ ေန၀န္း၏ ပကတိပံုသဏၭာန္ျဖစ္ေသာ '၀'အကၡရာျဖစ္၏။ ေန ထြက္သည့္ အခ်ိန္တြင္မူ '၀' တစ္ျခမ္းျဖစ္ေသာ 'ဂ' ပံုကိုသာ ျမင္ရ၏။ ေန၀င္ခ်ိန္တြင္လည္း ထိုနည္းတူ 'ဂ' အကၡရာပံုကိုပင္ ျမင္ရ၏။ ထို႔ေၾကာင့္ 'ဂ'အကၡရာ ႏွစ္လံုးမွာ ေနမင္းျပေသာ ဘူတအကၡရာႏွစ္လံုး ျဖစ္၏။

ယင္းအကၡရာႏွစ္လံုးအနက္ တစ္လံုးက ထြက္ အကၡရာျဖစ္၍ က်န္တစ္လံုးမွာ ၀င္အကၡရာျဖစ္၏။ ယင္းအကၡရာမ်ားမွ ျပန္႔ပြားေသာ အကၡရာတို႔သည္ စဖိုအကၡရာ ျဖစ္၏။ ထို႔ေၾကာင့္ "ေနထြက္'ဂ'ငယ္၊ ေန႔လယ္'၀'ပင္၊ ေန၀င္'ဂ'ျဖစ္ျပန္၊ သံုးတန္အကၡရာ၊ ေနမွလာ၊ မွတ္ပါစဖိုဂိုဏ"ဟူ၍ဆိုေလ၏။

 

စာမ(စမ)

-----------

စမအကၡရာမ်ားတြင္ မူလစမ အကၡရာ၊ ဓာတ္ စမအကၡရာဟူ၍ ႏွစ္မ်ဳိးရွိသည္။ မူလစမအကၡရာ တို႔သည္ ကယသိဒၶိ၊ သုခသိဒၶိ၊ ပီယသိဒၶိ၊ ဓနသိဒၶိ ဟူေသာ သိဒၶိေလးပါးကို ၿပီးေစႏိုင္၏။

 

မူလစမ 

---------

လမင္းသည္ မူလအကၡရာ တစ္လံုး၊ ဘူတ အကၡရာေလးလံုး ေပါင္းငါးလံုးကို တစ္ေန႔လွ်င္ ငါး ႀကိမ္ျပသည္။ လဆန္း သံုးရက္၊ ေလးရက္တို႔တြင္ လ၏သဏၭာန္သည္ 'ဂ' အကၡရာ ႏွင့္တူ၏။ ယင္း 'ဂ'အကၡရာသည္ပင္ လမင္းျပေသာ ဘူတအကၡရာ တစ္လံုးျဖစ္၏။ လဆန္းရွစ္ရက္ခန္႔ ေရာက္ေသာအခါ 'ဓ'အကၡရာပံုကိုေတြ႕ရသည္။ လျပည့္ေန႕တြင္ကား လ၏အ၀န္းကို အကုန္ အစင္ေတြ႕ရသျဖင့္ '၀' အကၡရာ သဏၭာန္ျဖစ္၏။ လဆုတ္ ရွစ္ရက္တြင္ လသည္ 'ဗ'အကၡရာႏွင့္တူ၍ လကြယ္ခါနီးတြင္မူ 'ပ' အကၡရာ သဏၭာန္ေတြ႕ျမင္ရ၏။ ယင္းသို႔အားျဖင့္ လမင္းျပေသာ အကၡရာမ်ားမွာ '၀' အကၡရာဟူေသာ မူလအကၡရာတစ္လံုးႏွင့္ ဂ၊ ဓ၊ ပ၊ ဗ ဟူေသာ ဘူတ အကၡရာ ေလးလံုးျဖစ္၏။

ယင္းအကၡရာငါးလံုးေပၚလာပံုကိုတစ္နည္းေျပာၾက ေသး၏။ လယ္ကိုင္းဘုန္းေတာ္ႀကီး ဦး၀ဂသေဗၺာဓိ၏ အလိုအရ လဆန္း၌ 'ဂ' အကၡရာ၊ လျပည့္ခါနီးတြင္ 'ဗ' အကၡရာ၊ လျပည့္လွ်င္ '၀'အကၡရာျပ၍၊ လျပည့္ ေက်ာ္တြင္ လဆန္းကဲ့သို႔ 'ဂ'ႏွင့္ 'ဗ'ပင္ျပသည္ ဟူ၏။

 

လမင္းျပသည့္ ဂ၊ ဓ၊ ပ၊ ဗ ဟူေသာ အကၡရာ ငါးလံုးတြင္ အစအကၡရာႏွစ္လံုး ျဖစ္ေသာ (ဂ၊ ဓ)ႏွင့္ အဆံုးအကၡရာႏွစ္လံုးျဖစ္ေသာ (ဂ၊ ဓ)ႏွင့္ အဆံုး အကၡရာႏွစ္လံုးျဖစ္ေသာ (ပ၊ ဗ)တို႔ သေဘာခ်င္း တူညီသည္ဟုဆို၏။ အေၾကာင္းကား 'ဂ' ကို ပက္ လက္ လွန္လွ်င္ 'ပ' ၊ 'ဗ' ကို ေမွာက္လိုက္လွ်င္ 'ဓ' ျဖစ္ေသာေၾကာင့္ပင္ျဖစ္၏။ ယင္းတူညီေသာ အကၡရာ ေလးလံုးမွ 'ဂ'ႏွင့္ 'ဗ'  အကၡရာႏွစ္လံုး ပယ္လွ်င္ (ပ၊၀၊ဓ)ဟူ၍ အကၡရာသံုးလံုးက်န္၏။

အထက္တြင္ ေနမင္းမွ ဂ၊ ၀၊ ဂ အကၡရာ သံုးလံုးရေၾကာင္းဆိုခဲ့ၿပီ။ ထိုသံုးလံုးမွ 'ဂ'ႏွင့္ 'ဂ'ကို ေပါင္းစပ္လိုက္လွ်င္ 'က'ကိုရသည္။ ထိုေနမင္းမွ အကၡရာကို လမင္းမွအကၡရာႏွင့္ ေပါင္းလိုက္ျပန္လွ်င္ က၊ ၀၊ ပ၊ ၀၊ ဓ ဟူေသာ အကၡရာငါးလံုးရျပန္သည္။

အထက္ပါငါးလံုးတြင္ ဘူတအကၡရာမ်ား ျဖစ္ ၾကေသာ က၊ ပ၊ ဓ အကၡရာသံုးလံုးကို ေအာက္ အထက္လွန္လိုက္လွ်င္ က၊ ပ၊ ဓ၊ ယ၊ ဂ၊ ဗ ဟူ ေသာ အကၡရာေျခာက္လံုးရ၏။ မူလအကၡရာ '၀' ႏွစ္ လံုးေပါင္းလွ်င္ ရွစ္လံုးရ၏။ ယင္းအကၡရာရွစ္လံုးကို အထက္တစ္တန္း ေအာက္တစ္တန္း ေအာက္ပါ အတိုင္း စီ၍ထားရသည္။

က၊ ပ၊ ဓ၊ ၀

ယ၊ ဂ၊ ဗ၊ ၀

ယင္းအကၡရာရွစ္လံုးသည္ ဂဏန္းအေရ အတြက္အားျဖင့္ ၃၃ ျဖစ္လွ်င္ မွန္သည္ဟု အဆိုရွိ၏။ နံသင့္ေကာက္၍ ေပါင္းလွ်င္၃၃ရသည္။

က၊ ပ၊ ဓ၊ ၀ ၂+ ၅+ ၇+ ၄ =၁၈

ယ၊ ဂ၊ ဗ၊ ၀ ၄+ ၂+ ၅+ ၄ = ၁၅

၁၈+ ၁၅ = ၃၃

ထို႔ေၾကာင့္ က၊ ပ၊ ဓ၊ ၀၊ ယ၊ ဂ၊ ဗ၊ ၀ဟူေသာ အကၡရာရွစ္လံုးသည္အတုမရွိ အက်ဳိးကို ေပးစြမ္းႏိုင္သည့္ ေလးလံုးေသာစမတို႔ကို ေကာက္ယူ ရာေကာက္ယူေၾကာင္းျဖစ္ေသာ အေျခခံအကၡရာ မ်ား ျဖစ္၏။   

 

မင္းသဏ္း၀င္း

Share