ကောင်းကင်က ကျလာတဲ့ ပညာ

-လင်းရောင်တင်-

လွန်ခဲ့တဲ့ ၁-၃-၂၀၁၇ ရက်က ထွက်တဲ့ မနောမယဂျာနယ်အမှတ်(၈၀၆)မှာ ပါဝင်ခဲ့တဲ့ ဆရာကြီးမင်းသိင်္ခရေးခဲ့တဲ့ မြေကွက် အရောင်းထွက်စေရန်ဆိုတဲ့ ဆောင်းပါးကို ဖတ်ရ တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးများကို သတိရဖြစ်ပါတယ်။ ဆရာကြီးမင်းသိင်္ခပြီးတော့ ဆရာကြီး မောင်ကျောက်တိုင် ဂမ္ဘီရလောကမှာ နှမြောစရာအကောင်းဆုံးသော ဆရာကြီးများပါပဲ။ 

 

ဆရာကြီးမင်းသိင်္ခ ဆောင်းပါးရဲ့ အနှစ်သာရ အချုပ်ကိုပြောရရင်တော့ ဗေဒင်ယတြာတွေလုပ်တဲ့ နေရာမှာ ဆန်းနည်းယတြာ၊ အင်္ဂဝိဇ္ဇာနည်းနဲ့ ယတြာ စသည်ဖြင့် ရှိကြတဲ့နေရာမှာ နောင်တော် ဆရာကြီး မင်းသိင်္ခက ကောင်းကင်ကကျလာတဲ့ ယတြာဆိုပြီး နည်းသစ်လေး တင်ပြထားတာကို တွေ့ရတာပါ။ နည်းသစ်လို့ပြောရပေမယ့် တကယ်တော့ နည်းသစ် ရယ်လို့ မဟုတ်ပါဘူး။ ရှေးဂမ္ဘီရပညာရှင်ကြီးများ၊ ဝိဇ္ဇာပုဂ္ဂိုလ်ကြီးများ ကျင့်သုံးခဲ့တဲ့ နည်းပါပဲ။ 

အဲဒါကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ရင်းက ရရှိလာတဲ့ ယတြာပါပဲ။ တစ် နည်းအားဖြင့်တော့ မနောဓာတ်ယတြာပါပဲ။ ဆရာ ကြီးကတော့ အတွေးအခေါ်အယူအဆ ဆန်းသစ်သူ ပီပီ ကောင်းကင်ကကျလာတဲ့ ယတြာလို့ မှည့်ခေါ် လိုက်တာပါပဲ။ ဗုဒ္ဓါနုဿတိပွားတာများတဲ့သူ၊ မေတ္တာ ပို့တာများတဲ့သူ၊ သမာဓိအား ထူထောင်သူများမှာ အလိုအလျောက် ဖြစ်ပေါ်လာတတ်တဲ့ စိတ်ကူးစိ်တ် သန်း တစ်မျိုးပါပဲ။ 

ကောင်းမွန်တဲ့စေတနာကို အရင်းတည်ပြီး တစ်ဖက်လူကို မေတ္တာထားရာက ဖြည့်ဆည်းပေးလို တဲ့ဆန္ဒအလျောက် ပေါ်ပေါက်လာတဲ့ စိတ်ကူးစိတ်သန်းဟာ ဝိဇ္ဇာဓာတ်ရှိသူ တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါဟာ ဆရာကြီး မင်းသိင်္ခ ပြောလေ့ရှိတဲ့ ရေးလေ့ရှိတဲ့ ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် ဆိုတဲ့သြဝါဒနဲ့လည်း ဆက်နွှယ်ပါ တယ်။ 

လိုအပ်တဲ့ ဆန္ဒတစ်ခုပေါ်မှာ မူတည်ပြီး ကောင်းသော အာရုံညွတ်လိုက်တာနဲ့ အဖြေတစ်ခု  ဒါမှမဟုတ် ယတြာတစ်ခု အစီအရင်တစ်ခုဟာ ပေါ် ပေါက်လာနိုင်ပါတယ်။ မမျှော်လင့်ဘဲ ပေါ်ပေါက်လာ တဲ့ အတွေးပုံရိပ်ကို အမိဖမ်းပြီး အသုံးချနိ်ုင်ဖို့တော့ ဆရာလုပ်တဲ့သူမှာ အရည်အချင်းလိုပါတယ်။ အရေး ကြီးတာက ကိုယ်ပေါ်လာတဲ့အာရုံပေါ်မှာ ယုံကြည်ဖို့  ကိုယ်တိုင် အရင်ဆုံး လိုအပ်ပါတယ်။ 

ကိုယ်ထုတ်ဖော်ပေးလိုက်တဲ့ အာရုံပုံရိပ်ကို တော့ လက်ခံနာယူသူက ယုံယုံကြည်ကြည်ဆက် လက်ဆောင်ရွက်ဖို့လည်း လိုပါတယ်။ လက်ခံသူက ဟုတ်ပါ့မလား၊ မှန်ပါ့မလား၊ ဒီယတြာက ဘယ်လို ကြီးလဲမသိဘူး။ အဆင်ပြေပါ့မလား မသိဘူး ဆိုတဲ့    အဖျက်စိတ်ထားတွေ တဖွားဖွား ပေါ်လာမယ်ဆိုရင် တော့ အဲဒီလုပ်ဆောင်ချက်တွေဟာ မအောင်မြင်ဘဲ လွဲချော်တတ်ပါတယ်။ 

ကိုယ်တွေ့အရ ပြောရမယ်ဆိုရင်တော့ လွန် ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်လောက်က ၄၉ လမ်းမှာရှိတဲ့ သီအိုဆိုဖီလို့ခေါ်တဲ့ အသင်းတော်ကြီး တစ်ခုကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း ရောက်ခဲ့ပါ တယ်။ အဲဒီမှာ သီအိုဆိုဖီအသင်းသားတွေ စုပေါင်း ပြီးတော့ မေတ္တာပို့ကြရပါတယ်။ ဒီအသင်းကြီးကို မေတ္တာဝါဒီအသင်းကြီးရယ်လို့လည်း တချို့နားလည် ခေါ်ဝေါ်ကြပါတယ်။ 

ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရပညာတွေလေ့ လာလိုက်စားချင်တဲ့ စိတ်ရှိမယ်။ မေတ္တာပို့တာ နှစ် သက်ဝါသနာပါမယ်ဆိုရင်တော့ ဒီအသင်းထဲ ဝင်လို့ ရပါပြီ။ ဒီအသင်းကြီးက လူမျိုးဘာသာ မရွေးချယ်ပါ ဘူး။ ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ် ဘုရားကို ကိုးကွယ်သူပဲဖြစ်ဖြစ် ဒီအသင်းကိုဝင်လို့ ရပါတယ်။ အရေးကြီးတာက တစ်ဦးနဲ့တစ်ဦး တစ် ယောက်နဲ့တစ်ယောက် ဆွေမျိုးရင်းချာလို ခင် မင်ရင်းနှီးစွာနဲ့ အချင်းချင်း မေတ္တာထားကြ ဖို့ပါပဲ။ တစ်ပတ်မှာ နှစ်ရက် မေတ္တာပို့ကြ ရင်းနဲ့ ဆရာကြီးမောင်ကျောက်တိုင်က ကမ္ဘာ့ဂမ္ဘီရပညာတွေကို သင်ကြား ပို့ချပေးပါတယ်။ အရှေ့တိုင်း အနောက်တိုင်း ဂမ္ဘီရ ပညာတွေကို သူလက်လှမ်းမီသလောက် ပို့ချရာမှာ မြန်မာလို၊ အင်္ဂလိပ်လို ပို့ချတဲ့အတွက် ဗဟုသုတ အတော်များများ ရကြပါတယ်။ 

ဂမ္ဘီရပညာရပ်တွေကို စာတွေ့ပို့ချရာမှာ စိတ် ရှည်တဲ့အပြင် လက်တွေ့သင်ကြားရာမှာလည်း ဆရာ ကြီး မောင်ကျောက်တိုင်ဟာ စေတနာထားတဲ့ ဆရာ ကြီး ဖြစ်ပါတယ်။ ဒီကနေ့ထိ သူပို့ချတဲ့ပညာတွေဟာ နေရာအတော်များများ အသုံးကျနေဆဲလည်း ဖြစ်ပါ တယ်။ ကောင်းကင်က ကျလာတဲ့ပညာဆိုတာမျိုးကို အာရုံခံပြီး အသုံးချစေတဲ့နေရာမှာလည်း ဆရာကြီး အားပေးပံ့ပိုးမှုကြောင့် ပိုပြီးထိထိရောက်ရောက် ဖြစ်လာခဲ့ရပါတယ်။ 

ဂမ္ဘီရပညာမှာ အရောင်တွေ ပုံသဏ္ဌာန်တွေ အရေးကြီးတဲ့အကြောင်း၊ အဲဒီပုံရိပ်တွေကို အသုံးချ နိုင်ရင် လောကီကိစ္စတွေမှာ အထောက်အကူဖြစ် တဲ့အကြောင်းတွေကို သိရှိနားလည်ခဲ့ရပါတယ်။ အထူးသဖြင့် စိတ်ညွှတ်လိုက်လို့ ပေါ်လာတဲ့အရောင် တွေ ပုံသဏ္ဌာန်တွေရဲ့ အဓိပ္ပာယ်ကို သင်ခန်းစာနဲ့ လက်တွေ့ ဆွေးနွေးပြောဆိုရင်း တိုးတက်မှုတွေရှိခဲ့ ရပါတယ်။

အာရုံနိမိတ်တွေနဲ့ လူတွေကို ကူညီနိုင်ခဲ့တဲ့ ကိစ္စတွေ အတော်များများရှိပါတယ်။ ဆရာကြီးမောင် ကျောက်တိုင်ရဲ့ နည်းနာနိဿယတွေနဲ့ လူတွေကို အတော်ကူညီနိုင်ခဲ့ပါတယ်။ ကျန်းမာရေး၊ စီးပွားရေး တွေကို အထောက်အပံ့ပြုနိုင်ခဲ့ပါတယ်။ 

ပထမဦးဆုံး အာရုံနိမိတ်ပညာကို အသုံးချခွင့် ရခဲ့တာကတော့ မိတ်ဆွေကြီး ဦးချစ်ဆွေရဲ့ စီးပွား ရေး တောင်းခံလာမှုကို ဖြည့်ဆည်းရတဲ့ကိစ္စပါပဲ။ 

 

"ဆရာလင်းက အခုတလော အာရုံနိမိတ် တွေ အတော်ကောင်းနေတယ်လို့ ဆရာကြီးမောင် ကျောက်တိုင်က ပြောတယ်။ ခင်ဗျား ကျွန်တော့်ကို အကူအညီ တစ်ခုပေးဗျာ"

 

"ဘာအကူအညီလဲ အစ်ကိုကြီး"

 

"သြော် အိမ်က အမျိုးသမီးဗျာ ဗိုလ်ချုပ်ဈေး ထဲမှာ အထည်ဆိုင်လေး ဖွင့်ချင်လို့ပြောတယ်ဗျာ။ အဲဒါ နာမည်တော့ရွေးပြီးပြီ။ ဘယ်လို ဘယ်လိုလေး လုပ်ရရင် ကောင်းမလဲ။ ဘယ်လို အရောင် အောက် ခံထားရမယ်။ ဘာအရုပ်လေး ဆွဲရမလဲပေါ့ဗျာ။ အဲဒါ ဆရာလင်း အာရုံခံကြည့်ပေးစမ်းပါ"

 

ကိုယ့်ထက် အသက်အရွယ်လည်း ကြီး၊ အလုပ်အကိုင် ကြီးကြီးမားမားလုပ်နေတဲ့ အစ်ကိုကြီး ကလည်း ဖြစ်ပြန်ဆိုတော့ ငြင်းလို့လည်း မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ကူညီရမှာပဲဆိုပြီး ကိုယ့်ကိုယ်ကို အား တင်းပြီး အာရုံခံကြည့်ရတယ်။ တကယ်ကိုမိုးပေါ်က ကျလာသလိုပါပဲ။ 

"ကျွန်တော့်အာရုံမှာ နှာမောင်းလေးတန်း ထားတဲ့ ဆင်ပေါက်စလေးတစ်ကောင် ပေါ်တယ်ဗျ။ ပြီးတော့ အလိပ်လိပ်ထနေတဲ့ တိမ်သားတွေပေါ်မှာ။ မြေပြင်မှာ မဟုတ်ဘူး။ တိမ်သားတွေက ဖြူဖြူတွေ။ နောက်ခံကတော့ အပြာနုရောင်"

 

"သဘောပေါက်ပြီ ဆရာလင်းရေ"

 

အဲဒီလိုနဲ့ အစ်ကိုကြီး ဦးချစ်ဆွေက ကိုယ့်ရဲ့ အာရုံဓာတ်ကို ယုံကြည်ပြီး ပြောလိုက်တဲ့ အတိုင်း ပန်းချီဆရာကို အပ်တယ်။ သူ့ဇနီးရဲ့အထည်ဆိုင်မှာ    အဲဒီဆိုင်းဘုတ်ကို ချိတ်တယ်။ အဲဒီအရောင်းဆိုင်က တရိပ်ရိပ်ကို တိုးတက်တော့တာပဲ။ မကြာခင်မှာ ဦးချစ်ခင်မှာ "ဆရာလင်းအတွက်" ဆိုပြီး ပိတ်စ လက်ဆောင်တွေ ပေးတော့တာပဲ။ အဲဒီကနေစပြီး ကိုယ့်ရဲ့အာရုံကို ပိုပြီး ယုံကြည်လာတယ်။ ဆရာကြီး မင်းသိင်္ခ ပြောသလိုမျိုး မိုးပေါ်က ကျလာတဲ့ပညာနဲ့ ယတြာတွေ အသိပညာတွေ တိုးလာခဲ့ရတယ်။ ခုဆို ရင်တော့ စာဖတ်ပရိသတ်တွေထဲက လွှတ်ယုံကြည် တဲ့သူတွေက လူကိုယ်တိုင်လာလို့တစ်မျိုး၊ ဖုန်းနဲ့ တစ်ဖုံ ဆရာကြီး အာရုံခံကြည့်ပေးပါဦးဆိုတာမျိုး တွေ လုပ်လာကြတယ်။

ရာခိုင်နှုန်းပြည့် မဟုတ်ပေမယ့် အထိုက်အ လျောက်တော့ အောင်မြင်ကြတာပါပဲ။ အာရုံခံတဲ့ နေရာမှာ နေမွန်းမတည့်မီ မနက်ပိုင်းက အကောင်း ဆုံးပဲဆိုတာ တွေ့လာရတယ်။ ညနေစောင်းလာတာ နဲ့အမျှ အာရုံတွေ ညောင်းလာတော့တာကိုး။ ဘာပဲ ဖြစ်ဖြစ် ဆရာ မပြ နည်းမကျတဲ့။ ဆရာကြီးမောင် ကျောက်တိုင်တို့လို၊ ဆရာကြီးမင်းသိင်္ခတို့ကို ဂမ္ဘီရ ဆရာကြီးများ ဆုံးပါးမျက်ကွယ်ပြုသွားကြတာသိပ်ကို နှမြောတသ ယူကြုံးမရစရာ ကောင်းတယ်။ 

ပိုပြီး ယူကြုံးမရစရာ ကောင်းတာကိုတော့ ခုခေတ် ဂမ္ဘီရပညာလိုက်စားကြတဲ့ ဂမ္ဘီရဆရာများ ပါပဲ။ ကိုယ့်ရှေ့က ဆရာကြီးများရဲ့နည်းနာနိဿယ ဆိုဆုံးမချက်တွေကို နှစ်ရှည်လများခံယူမှု မရှိထား ဘဲနဲ့ စာထဲ လေထဲ တွေ့သမျှလေးတွေကို ဆောင်ရန် ရှောင်ရန် နားမလည်ဘဲနဲ့ အသုံးချ၊ ပို့ချကြလေ တော့ အချို့ အမှားတွေ့ကြရတယ်။ အနည်းဆုံးတော့ သက်ရှိထင်ရှား ဂမ္ဘီရဆရာကြီးများကို တိုင်ပင်နှီးနှော သင့်ပါတယ်။ 

ကိုယ်တွေတုန်းကတော့ ဒီဆရာကြီးတွေ အပြင် ဓမ္မသစ္စာ ဆရာအောင်၊ ဆရာကြီး ပညာဗလ၊ ဝဏ္ဏသိင်္ဂီ မင်းစိန်ခီစတဲ့ ရှေ့မှီနောက်မီ ဆရာကြီး များကိုလည်း ဆည်းကပ်နည်းယူခဲ့ရတယ်။ တခြား ဂမ္ဘီရပညာရှင်တွေရဲ့ စာအုပ်တွေကို လေ့လာခဲ့ရ တယ်။ ခုချိန်ထိ လေ့လာဆဲပါပဲ။ နောင်ကိုလည်း လေ့လာနေရဦးမှာပဲ။ 

 

ဇေယျတု သဗ္ဗမင်္ဂလံ

 လင်းရောင်တင်

(ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စနှင့် ဆွေးနွေးအကူအညီတောင်းလိုသူများ

တိုက် အမှတ် (၁၁၀၇) မြေညီထပ် ယဿဝတီ(၁၈)လမ်း တောင်ဥက္ကလာ (၁၃)ရပ်ကွက်၊ ရန်ကုန်။ ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄)

 

 

zawgyi version

 

ေကာင္းကင္က က်လာတဲ့ ပညာ

-လင္းေရာင္တင္-

**************************

လြန္ခဲ့တဲ့ ၁-၃-၂၀၁၇ ရက္က ထြက္တဲ့ မေနာမယဂ်ာနယ္အမွတ္(၈၀၆)မွာ ပါ၀င္ခဲ့တဲ့ ဆရာႀကီးမင္းသိခၤေရးခဲ့တဲ့ ေျမကြက္ အေရာင္းထြက္ေစရန္ဆိုတဲ့ ေဆာင္းပါးကို ဖတ္ရ ေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဆရာႀကီးမ်ားကို သတိရျဖစ္ပါတယ္။ ဆရာႀကီးမင္းသိခၤၿပီးေတာ့ ဆရာႀကီး ေမာင္ေက်ာက္တိုင္ ဂမၻီရေလာကမွာ ႏွေျမာစရာအေကာင္းဆံုးေသာ ဆရာႀကီးမ်ားပါပဲ။ 

ဆရာႀကီးမင္းသိခၤ ေဆာင္းပါးရဲ႕ အႏွစ္သာရ အခ်ဳပ္ကိုေျပာရရင္ေတာ့ ေဗဒင္ယၾတာေတြလုပ္တဲ့ ေနရာမွာ ဆန္းနည္းယၾတာ၊ အဂၤ၀ိဇၨာနည္းနဲ႔ ယၾတာ စသည္ျဖင့္ ရွိၾကတဲ့ေနရာမွာ ေနာင္ေတာ္ ဆရာႀကီး မင္းသိခၤက ေကာင္းကင္ကက်လာတဲ့ ယၾတာဆိုၿပီး နည္းသစ္ေလး တင္ျပထားတာကို ေတြ႕ရတာပါ။ နည္းသစ္လို႔ေျပာရေပမယ့္ တကယ္ေတာ့ နည္းသစ္ ရယ္လို႔ မဟုတ္ပါဘူး။ ေရွးဂမၻီရပညာရွင္ႀကီးမ်ား၊ ၀ိဇၨာပုဂၢိဳလ္ႀကီးမ်ား က်င့္သံုးခဲ့တဲ့ နည္းပါပဲ။ 

အဲဒါကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ တည္ေဆာက္ရင္းက ရရွိလာတဲ့ ယၾတာပါပဲ။ တစ္ နည္းအားျဖင့္ေတာ့ မေနာဓာတ္ယၾတာပါပဲ။ ဆရာ ႀကီးကေတာ့ အေတြးအေခၚအယူအဆ ဆန္းသစ္သူ ပီပီ ေကာင္းကင္ကက်လာတဲ့ ယၾတာလို႔ မွည့္ေခၚ လိုက္တာပါပဲ။ ဗုဒၶါႏုႆတိပြားတာမ်ားတဲ့သူ၊ ေမတၱာ ပို႔တာမ်ားတဲ့သူ၊ သမာဓိအား ထူေထာင္သူမ်ားမွာ အလိုအေလ်ာက္ ျဖစ္ေပၚလာတတ္တဲ့ စိတ္ကူးစိ္တ္ သန္း တစ္မ်ဳိးပါပဲ။ 

ေကာင္းမြန္တဲ့ေစတနာကို အရင္းတည္ၿပီး တစ္ဖက္လူကို ေမတၱာထားရာက ျဖည့္ဆည္းေပးလို တဲ့ဆႏၵအေလ်ာက္ ေပၚေပါက္လာတဲ့ စိတ္ကူးစိတ္သန္းဟာ ၀ိဇၨာဓာတ္ရွိသူ ေတြမွာ ျဖစ္ေပၚလာတတ္ပါတယ္။ ဒါဟာ ဆရာႀကီး မင္းသိခၤ ေျပာေလ့ရွိတဲ့ ေရးေလ့ရွိတဲ့ ဖ်တ္ခနဲေပၚ ဆတ္ခနဲလုပ္ ဆိုတဲ့ၾသ၀ါဒနဲ႔လည္း ဆက္ႏႊယ္ပါ တယ္။ 

လိုအပ္တဲ့ ဆႏၵတစ္ခုေပၚမွာ မူတည္ၿပီး ေကာင္းေသာ အာ႐ံုညြတ္လိုက္တာနဲ႔ အေျဖတစ္ခု  ဒါမွမဟုတ္ ယၾတာတစ္ခု အစီအရင္တစ္ခုဟာ ေပၚ ေပါက္လာႏိုင္ပါတယ္။ မေမွ်ာ္လင့္ဘဲ ေပၚေပါက္လာ တဲ့ အေတြးပံုရိပ္ကို အမိဖမ္းၿပီး အသံုးခ်ႏို္င္ဖို႔ေတာ့ ဆရာလုပ္တဲ့သူမွာ အရည္အခ်င္းလိုပါတယ္။ အေရး ႀကီးတာက ကိုယ္ေပၚလာတဲ့အာ႐ံုေပၚမွာ ယံုၾကည္ဖို႔  ကိုယ္တိုင္ အရင္ဆံုး လိုအပ္ပါတယ္။ 

ကိုယ္ထုတ္ေဖာ္ေပးလိုက္တဲ့ အာ႐ံုပံုရိပ္ကို ေတာ့ လက္ခံနာယူသူက ယံုယံုၾကည္ၾကည္ဆက္ လက္ေဆာင္ရြက္ဖို႔လည္း လိုပါတယ္။ လက္ခံသူက ဟုတ္ပါ့မလား၊ မွန္ပါ့မလား၊ ဒီယၾတာက ဘယ္လို ႀကီးလဲမသိဘူး။ အဆင္ေျပပါ့မလား မသိဘူး ဆိုတဲ့    အဖ်က္စိတ္ထားေတြ တဖြားဖြား ေပၚလာမယ္ဆိုရင္ ေတာ့ အဲဒီလုပ္ေဆာင္ခ်က္ေတြဟာ မေအာင္ျမင္ဘဲ လြဲေခ်ာ္တတ္ပါတယ္။ 

ကိုယ္ေတြ႕အရ ေျပာရမယ္ဆိုရင္ေတာ့ လြန္ ခဲ့တဲ့ႏွစ္ေပါင္း ႏွစ္ဆယ္ေလာက္က ၄၉ လမ္းမွာရွိတဲ့ သီအိုဆုိဖီလို႔ေခၚတဲ့ အသင္းေတာ္ႀကီး တစ္ခုကို အပတ္စဥ္ စေန တနဂၤေႏြေန႔တိုင္း ေရာက္ခဲ့ပါ တယ္။ အဲဒီမွာ သီအိုဆိုဖီအသင္းသားေတြ စုေပါင္း ၿပီးေတာ့ ေမတၱာပို႔ၾကရပါတယ္။ ဒီအသင္းႀကီးကို ေမတၱာ၀ါဒီအသင္းႀကီးရယ္လို႔လည္း တခ်ဳိ႕နားလည္ ေခၚေ၀ၚၾကပါတယ္။ 

ထူးျခားဆန္းၾကယ္တဲ့ ဂမၻီရပညာေတြေလ့ လာလိုက္စားခ်င္တဲ့ စိတ္ရွိမယ္။ ေမတၱာပို႔တာ ႏွစ္ သက္၀ါသနာပါမယ္ဆိုရင္ေတာ့ ဒီအသင္းထဲ ၀င္လို႔ ရပါၿပီ။ ဒီအသင္းႀကီးက လူမ်ဳိးဘာသာ မေရြးခ်ယ္ပါ ဘူး။ ဘယ္လူမ်ဳိး ဘယ္ဘာသာ၀င္ပဲျဖစ္ျဖစ္၊ ဘယ္ ဘုရားကို ကိုးကြယ္သူပဲျဖစ္ျဖစ္ ဒီအသင္းကို၀င္လို႔ ရပါတယ္။ အေရးႀကီးတာက တစ္ဦးနဲ႔တစ္ဦး တစ္ ေယာက္နဲ႔တစ္ေယာက္ ေဆြမ်ဳိးရင္းခ်ာလို ခင္ မင္ရင္းႏွီးစြာနဲ႔ အခ်င္းခ်င္း ေမတၱာထားၾက ဖို႔ပါပဲ။ တစ္ပတ္မွာ ႏွစ္ရက္ ေမတၱာပို႔ၾက ရင္းနဲ႔ ဆရာႀကီးေမာင္ေက်ာက္တိုင္က ကမၻာ့ဂမၻီရပညာေတြကို သင္ၾကား ပို႔ခ်ေပးပါတယ္။ အေရွ႕တိုင္း အေနာက္တိုင္း ဂမၻီရ ပညာေတြကို သူလက္လွမ္းမီသေလာက္ ပို႔ခ်ရာမွာ ျမန္မာလို၊ အဂၤလိပ္လို ပို႔ခ်တဲ့အတြက္ ဗဟုသုတ အေတာ္မ်ားမ်ား ရၾကပါတယ္။ 

ဂမၻီရပညာရပ္ေတြကို စာေတြ႕ပို႔ခ်ရာမွာ စိတ္ ရွည္တဲ့အျပင္ လက္ေတြ႕သင္ၾကားရာမွာလည္း ဆရာ ႀကီး ေမာင္ေက်ာက္တိုင္ဟာ ေစတနာထားတဲ့ ဆရာ ႀကီး ျဖစ္ပါတယ္။ ဒီကေန႔ထိ သူပို႔ခ်တဲ့ပညာေတြဟာ ေနရာအေတာ္မ်ားမ်ား အသံုးက်ေနဆဲလည္း ျဖစ္ပါ တယ္။ ေကာင္းကင္က က်လာတဲ့ပညာဆိုတာမ်ဳိးကို အာ႐ံုခံၿပီး အသံုးခ်ေစတဲ့ေနရာမွာလည္း ဆရာႀကီး အားေပးပံ့ပိုးမႈေၾကာင့္ ပိုၿပီးထိထိေရာက္ေရာက္ ျဖစ္လာခဲ့ရပါတယ္။ 

ဂမၻီရပညာမွာ အေရာင္ေတြ ပံုသဏၭာန္ေတြ အေရးႀကီးတဲ့အေၾကာင္း၊ အဲဒီပံုရိပ္ေတြကို အသံုးခ် ႏိုုင္ရင္ ေလာကီကိစၥေတြမွာ အေထာက္အကူျဖစ္ တဲ့အေၾကာင္းေတြကို သိရွိနားလည္ခဲ့ရပါတယ္။ အထူးသျဖင့္ စိတ္ညႊတ္လိုက္လို႔ ေပၚလာတဲ့အေရာင္ ေတြ ပံုသဏၭာန္ေတြရဲ႕ အဓိပၸာယ္ကို သင္ခန္းစာနဲ႔ လက္ေတြ႕ ေဆြးေႏြးေျပာဆိုရင္း တိုးတက္မႈေတြရွိခဲ့ ရပါတယ္။

အာ႐ံုနိမိတ္ေတြနဲ႔ လူေတြကို ကူညီႏိုင္ခဲ့တဲ့ ကိစၥေတြ အေတာ္မ်ားမ်ားရွိပါတယ္။ ဆရာႀကီးေမာင္ ေက်ာက္တိုင္ရဲ႕ နည္းနာနိႆယေတြနဲ႔ လူေတြကို အေတာ္ကူညီႏိုင္ခဲ့ပါတယ္။ က်န္းမာေရး၊ စီးပြားေရး ေတြကို အေထာက္အပံ့ျပဳႏိုင္ခဲ့ပါတယ္။ 

ပထမဦးဆံုး အာ႐ံုနိမိတ္ပညာကို အသံုးခ်ခြင့္ ရခဲ့တာကေတာ့ မိတ္ေဆြႀကီး ဦးခ်စ္ေဆြရဲ႕ စီးပြား ေရး ေတာင္းခံလာမႈကို ျဖည့္ဆည္းရတဲ့ကိစၥပါပဲ။ 

 

"ဆရာလင္းက အခုတေလာ အာ႐ံုနိမိတ္ ေတြ အေတာ္ေကာင္းေနတယ္လို႔ ဆရာႀကီးေမာင္ ေက်ာက္တိုင္က ေျပာတယ္။ ခင္ဗ်ား ကြၽန္ေတာ့္ကို အကူအညီ တစ္ခုေပးဗ်ာ"

 

"ဘာအကူအညီလဲ အစ္ကိုႀကီး"

 

"ေၾသာ္ အိမ္က အမ်ဳိးသမီးဗ်ာ ဗိုလ္ခ်ဳပ္ေစ်း ထဲမွာ အထည္ဆိုင္ေလး ဖြင့္ခ်င္လို႔ေျပာတယ္ဗ်ာ။ အဲဒါ နာမည္ေတာ့ေရြးၿပီးၿပီ။ ဘယ္လို ဘယ္လိုေလး လုပ္ရရင္ ေကာင္းမလဲ။ ဘယ္လို အေရာင္ ေအာက္ ခံထားရမယ္။ ဘာအ႐ုပ္ေလး ဆြဲရမလဲေပါ့ဗ်ာ။ အဲဒါ ဆရာလင္း အာ႐ံုခံၾကည့္ေပးစမ္းပါ"

 

ကိုယ့္ထက္ အသက္အရြယ္လည္း ႀကီး၊ အလုပ္အကိုင္ ႀကီးႀကီးမားမားလုပ္ေနတဲ့ အစ္ကိုႀကီး ကလည္း ျဖစ္ျပန္ဆိုေတာ့ ျငင္းလို႔လည္း မျဖစ္ဘူး။ ဘာပဲျဖစ္ျဖစ္ ကူညီရမွာပဲဆိုၿပီး ကိုယ့္ကိုယ္ကို အား တင္းၿပီး အာ႐ံုခံၾကည့္ရတယ္။ တကယ္ကိုမိုးေပၚက က်လာသလိုပါပဲ။ 

"ကြၽန္ေတာ့္အာ႐ံုမွာ ႏွာေမာင္းေလးတန္း ထားတဲ့ ဆင္ေပါက္စေလးတစ္ေကာင္ ေပၚတယ္ဗ်။ ၿပီးေတာ့ အလိပ္လိပ္ထေနတဲ့ တိမ္သားေတြေပၚမွာ။ ေျမျပင္မွာ မဟုတ္ဘူး။ တိမ္သားေတြက ျဖဴျဖဴေတြ။ ေနာက္ခံကေတာ့ အျပာႏုေရာင္"

 

"သေဘာေပါက္ၿပီ ဆရာလင္းေရ"

 

အဲဒီလိုန႔ဲ အစ္ကိုႀကီး ဦးခ်စ္ေဆြက ကိုယ့္ရဲ႕ အာ႐ံုဓာတ္ကို ယံုၾကည္ၿပီး ေျပာလိုက္တဲ့ အတိုင္း ပန္းခ်ီဆရာကို အပ္တယ္။ သူ႕ဇနီးရဲ႕အထည္ဆိုင္မွာ    အဲဒီဆိုင္းဘုတ္ကို ခ်ိတ္တယ္။ အဲဒီအေရာင္းဆိုင္က တရိပ္ရိပ္ကို တိုးတက္ေတာ့တာပဲ။ မၾကာခင္မွာ ဦးခ်စ္ခင္မွာ "ဆရာလင္းအတြက္" ဆိုၿပီး ပိတ္စ လက္ေဆာင္ေတြ ေပးေတာ့တာပဲ။ အဲဒီကေနစၿပီး ကိုယ့္ရဲ႕အာ႐ံုကို ပိုၿပီး ယံုၾကည္လာတယ္။ ဆရာႀကီး မင္းသိခၤ ေျပာသလိုမ်ဳိး မိုးေပၚက က်လာတဲ့ပညာနဲ႔ ယၾတာေတြ အသိပညာေတြ တိုးလာခဲ့ရတယ္။ ခုဆို ရင္ေတာ့ စာဖတ္ပရိသတ္ေတြထဲက လႊတ္ယံုၾကည္ တဲ့သူေတြက လူကိုယ္တိုင္လာလို႔တစ္မ်ဳိး၊ ဖုန္းနဲ႔ တစ္ဖံု ဆရာႀကီး အာ႐ံုခံၾကည့္ေပးပါဦးဆိုတာမ်ဳိး ေတြ လုပ္လာၾကတယ္။

ရာခိုင္ႏႈန္းျပည့္ မဟုတ္ေပမယ့္ အထိုက္အ ေလ်ာက္ေတာ့ ေအာင္ျမင္ၾကတာပါပဲ။ အာ႐ံုခံတဲ့ ေနရာမွာ ေနမြန္းမတည့္မီ မနက္ပိုင္းက အေကာင္း ဆံုးပဲဆိုတာ ေတြ႕လာရတယ္။ ညေနေစာင္းလာတာ နဲ႔အမွ် အာ႐ံုေတြ ေညာင္းလာေတာ့တာကိုး။ ဘာပဲ ျဖစ္ျဖစ္ ဆရာ မျပ နည္းမက်တဲ့။ ဆရာႀကီးေမာင္ ေက်ာက္တိုင္တို႔လို၊ ဆရာႀကီးမင္းသိခၤတို႔ကို ဂမၻီရ ဆရာႀကီးမ်ား ဆံုးပါးမ်က္ကြယ္ျပဳသြားၾကတာသိပ္ကို ႏွေျမာတသ ယူႀကံဳးမရစရာ ေကာင္းတယ္။ 

ပိုၿပီး ယူႀကံဳးမရစရာ ေကာင္းတာကိုေတာ့ ခုေခတ္ ဂမၻီရပညာလိုက္စားၾကတဲ့ ဂမၻီရဆရာမ်ား ပါပဲ။ ကိုယ့္ေရွ႕က ဆရာႀကီးမ်ားရဲ႕နည္းနာနိႆယ ဆိုဆံုးမခ်က္ေတြကို ႏွစ္ရွည္လမ်ားခံယူမႈ မရွိထား ဘဲနဲ႔ စာထဲ ေလထဲ ေတြ႕သမွ်ေလးေတြကို ေဆာင္ရန္ ေရွာင္ရန္ နားမလည္ဘဲနဲ႔ အသံုးခ်၊ ပို႔ခ်ၾကေလ ေတာ့ အခ်ဳိ႕ အမွားေတြ႕ၾကရတယ္။ အနည္းဆံုးေတာ့ သက္ရွိထင္ရွား ဂမၻီရဆရာႀကီးမ်ားကို တိုင္ပင္ႏွီးေႏွာ သင့္ပါတယ္။ 

ကိုယ္ေတြတုန္းကေတာ့ ဒီဆရာႀကီးေတြ အျပင္ ဓမၼသစၥာ ဆရာေအာင္၊ ဆရာႀကီး ပညာဗလ၊ ၀ဏၰသိဂႌ မင္းစိန္ခီစတဲ့ ေရွ႕မွီေနာက္မီ ဆရာႀကီး မ်ားကိုလည္း ဆည္းကပ္နည္းယူခဲ့ရတယ္။ တျခား ဂမၻီရပညာရွင္ေတြရဲ႕ စာအုပ္ေတြကို ေလ့လာခဲ့ရ တယ္။ ခုခ်ိန္ထိ ေလ့လာဆဲပါပဲ။ ေနာင္ကိုလည္း ေလ့လာေနရဦးမွာပဲ။ 

 

ေဇယ်တု သဗၺမဂၤလံ

 လင္းေရာင္တင္

(ရတနာဒီပံေရႊဖေယာင္းတိုင္ကိစၥႏွင့္ ေဆြးေႏြးအကူအညီေတာင္းလိုသူမ်ား

တိုက္ အမွတ္ (၁၁၀၇) ေျမညီထပ္ ယႆ၀တီ(၁၈)လမ္း ေတာင္ဥကၠလာ (၁၃)ရပ္ကြက္၊ ရန္ကုန္။ ဖုန္း ၀၉၄၂၀၀၁၄၆၁၄)

Share