၀ိဇ္ဇာပြောင်နှင့် လက်ညှိုးညွှန်ရာ ရေဖြစ်စေ ...

-ကျော်ပြောင်-

 

ဝိဇ္ဇာပြောင် ဝိဇ္ဇာပြောင်ဟူ၍ ဟိုးကြီးနှစ်ကျော် ဟိုးအလတ်စား သုံးကျော် နာမည်ကြီး သော ဧရာမအကျွန်ုပ်သည် ရွက်ခြောက် ဝေစည်ဟု ဆိုအပ်သည့် တကယ့်တောအုပ်ကြီးအ တွင်း၌ တစ်ကိုယ်တည်း ခိုမှီးလျက်ရှိရာမှ မရောက် တာကြာပြီဖြစ်သော မဟာဘာဆိုတုံးမြို့ကလေးဆီ သို့ ခြေစကြာလှည့်ပြန်ခဲ့လေ၏။ 

 

တစ်ခေါက်တွင်ကား မည်သို့မည်ပုံ စိတ်ရူး ပေါက်သည်မသိ။ အကျွန်ုပ်၏ တူတော်မောင်တူတော် မ၊ မြေးတော်ထီး မြေးတော်မများ အပါအဝင်ဆယ် ကျော်သက်ကောင်ကလေး ကောင်မလေးများသည် ကန်တော့ဖွယ်ပစ္စည်းအစုံအလင်ဖြင့် အုပ်လိုက်သင်း လိုက် <ကချီတော်မူလာကြလေ၏။ 

"အောင်မယ် ကျားသားမိုးကြိုး ယုန်သား ဘော်ကြွပ် လူကြီးသူမကို တယ်ပြီးသိတတ်နေကြ ပါကလား ဟရို့"ဟု အကျွန်ုပ်က တအံ့တသြ နှစ်အံ့ လေးသြ ရေရွတ်လိုက်လေလျှင် တစ်ယောက်သော ငတိလေးက -

 

"လူကြီးသူမတွေ ကလေးသူထီးတွေကို သိ တတ်တာမဟုတ်ဘူး။ စာမေးပွဲနီးလို့ အဘရဲ့။ စာမေး ပွဲနီးလို့"ဟူ၍ခွန်းတုံ့ပြန်တော်မူလေတော့၏။ 

 

"စာမေးပွဲနီးတော့ ငါကဘာလုပ်ပေးရမှာတဲ့ တုံး၊ အတ္တာဟိ အတ္တနောနာဋ္ဌော ဆိုတဲ့အတိုင်း ကိုယ့် အာခေါင်ကိုထိုး အဲလေ ကိုယ့်အားကိုလည်း ကိုး ကြဦးမှပေါ့ဟဲ့"

 

"သူများတကာတွေ ဟော့စပေါ့ဂုဏော အနန္တော အနီးကပ် သရဏံဂစ္ဆာမိ၊ ဖိုတိုစတက်ဂုဏံ အဟံဝန္ဒာမိ လုပ်ကြနေတဲ့ချိန်မှာ သမီးတို့က အဲဒါမျိုး တွေကို အားမပေးချင်လို့ အဘဆီကို လာပြီးအားကိုးတာပါ အဘရယ်"

 

"အိမ်း ငါးဆယ်ရာနှုန်း ခက်တော့တာပဲလ ကွယ်၊ ဘယ်ကိစ္စမဆိုကိုယ်သာလျှင် ပဓာနတဲ့။ ကိုယ် ကောင်းဖို့လိုတယ်" ဟု အကျွန်ုပ်က မြည်တွန် တောက်တီးလိုက်လေလျှင် တစ်ကောင်သော ချာတိတ်က -

 

"ကိုယ်ကောင်းတယ်ဆိုတာ ဘော်ဒီကောင်း တာ ဘော်ဒီအချိုးအစားမိုက်တာကို ပြောတာလား အဘ" ဟု ဝင်နှောက်သဖြင့် ၎င်းင်း၏ငယ်ထိပ်အား အနီးရှိ ကွမ်းညှပ်ဖြင့် ခေါက်လိုက်ရလေ၏။ 

 

"တယ် ငါလေ အဲဒါကလေးတွေ ပြောရမှာ မဟုတ်ဘူး။ နောက်လေးငါးဆယ်နှစ်ရှိမှပြော။ အခု မင်းတို့ခေါင်းထဲမှာ ထည့်ထားရမှာက စာမေးပွဲအောင် ဖို့ပဲ မဟုတ်လားကွ"

 

"ဟုတ်လိုက်သမှ အဘရယ် ဟုတ် ဟုတ်နဲ့ တောင် မြည်နေသေးတယယ်။ ဒါကြောင့်လည်း အဘဆီကို လာပြီအားကိုးတာပေါ့"

 

"ဟုတ်တယ်အဘ ဟုတ်တယ် ဟိုကောင်မ လေးတွေဆိုရင် အဘနဲ့မတွေ့ရသေးလို့ဆိုပြီး အလုပ် ဝင်ခွင့် အင်တာဗျူးဝင်မဖြေဘူးလေ။ ဟိုကောင် လည်း ဘာထူးလို့လဲ ဟိုတလောက သူတို့စာမေးပွဲ တွေ ဖြေချိန်မှာ အဘဆီက ယတြာမပါဘဲနဲ့တော့ မဖြေဘူး ဆိုပြီး တစ်နှစ်အောက်ခံလိုက်တယ်"

 

"အိမ်း တယ်ခက်ကြတာပါလားဟရို့ ကျောင်းပြေးတုန်းကတော့ ဒီအဘကြီးဆီက နေ့ ကောင်းရက်သာ လာရွေးကြပါလား။ ကောင်မလေး ကို ရည်းစားစာ လိုက်ပေးတုန်းကရော ဒီအဘကြီး ဆီမှာ အချိန် ကောင်းအခါကောင်းလေး လာတောင်း ဖူးလို့လား။ ဒီစာမေးပွဲကိစ္စကျမှ ငါ့ကိုလာပြီး အမှုတွဲ ကြတာပေါ့ လေဟုတ်စ" ဟု အကျွန်ုပ်က ခပ်ငေါက် ငေါက်ပြောလိုက်၏။ ထိုအခါ ချာတိတ်မလေးတစ် ယောက်က -

 

"ဒီလိုတော့ အထင်မလွဲပါနဲ့အဘရယ် သမီး တို့ကလည်း စာကျက်သင့်သလောက်ကတော့ ကျက် ကြတာပါပဲ။ ဒါပေမဲ့ စိုးရိမ်လို့ပါ" ဟုပြောလိုက်လျှင် အကျွန်ုပ်သည် ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း

 

"ဒါက ဒိီလိုရှိတယ် ကလေးမရဲ့။ စာရဖို့ကိစ္စ က ဝိဇ္ဇာလည်း အားမကိုးနဲ့ အဝိဇ္ဇာလည်း အားမကိုး နဲ့ ယတြာချေဖို့လည်း မကြိုးစားနဲ့ အသပြာငွေနဲ့ လည်းမကြိုးစားနဲ့ အကပ်ရှိပေမယ့်လည်း စာတွေ ကို ကိုယ်က မှတ်မိမှဖြစ်မှာကလားဟဲ့။ လောကီ ပညာဆိုတာက ကံတရားကို အားဖြည့်ပေးတာ မထင်မှတ်တဲ့။ အနှောင့်အယှက်တွေမကြုံရအောင် ရုတ်တရက် နာမကျန်းတာ ထိခိုက်မိတာ မဖြစ် အောင် ကိုယ့်ရဲ့ ကံဇာတာမြှင့်တက်ပြီး ကိုယ်လုပ် နေတဲ့အလုပ် ချောချောမွေ့မွေ့ အဆင်ပြေပြေဖြစ် အောင်လောက်ပဲ ပံ့ပိုးနိုင်တာ။ စာမေးပွဲတင် မဟုတ် ပါဘူး ဘာအလုပ်ပဲ ဖြစ်ဖြစ် ကံရယ် ဉာဏ်ရယ် ဝီရိယရယ် သုံးပါးညီညွတ် အားရှိမှ အောင်မြင်နိုင် တာကလား။ လောကီ ပညာက ကံကိုတော့ ဂလူး ကို့စ် သွင်းပေးလို့ရတယ်။ Óာဏ်နဲ့ ဝီရိယကိစ္စကတော့ ဗေဒင်ဆရာကိစ္စ ဝိဇ္ဇာကိစ္စမဟုတ်ဘူးလေ။ နောက် တစ်ခုက ဝိဇ္ဇာတွေ ကျင့်ကြံအားထုတ်သူတွေမှာ တန်ခိုးသိဒ္ဓိရှိသလို ကျန်တဲ့လူတွေမှာလည်း သူ့ အထိုက်အလျောက်နဲ့သူ သိဒ္ဓိတွေရှိနေကြတာပဲ" ဟု အကျွန်ုပ်က ပြောလိုက်လျှင် ၎င်းင်းတို့က ကျွန်တော် တို့မှာ ဘာသိဒ္ဓိရှိလို့လဲ။ ကျွန်မတို့မှာ ဘာသိဒ္ဓိ ရှိလို့လဲ" ဟု အငမ်းမရ မေးလိုက်ကြတော့၏။ 

 

"ဝိဇ္ဇာတစ်ယောက်ဟာ ရေကိုအလိုရှိတဲ့အခါ လက်ညှိုးညွှန်ရာ ရေဖြစ်စေတယ်ဆိုပါစို့" ဟု အကျွန်ုပ်က ပြောလိုက်လျှင် အနှီချာတိတ်လေးများ က "ကျွန်တော်တို့ကရော ကျွန်မတို့ကရော" ဟု အလောတကြီး မေးလိုက်ကြပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က -

 

"မင်းတို့အနေနဲ့လက်ညှိုးညွှန်ရာကို ရေမဖြစ် နိုင်ဘူးဆိုရင် ဘာခက်တာလိုက်လို့ကွယ်၊ ရေရှိရာကို လက်ညှိုးညွှန်လိုက်ကြရုံပါပဲ" ဟု ရင်ခေါင်းထဲမှ လာသော အသံကြီးဖြင့် ပြောလိုက်မိပါလေတော့သ တည်း။             

 

ယောနိသော မနသီကာယ

သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းတော်မူနိုင်ကြပါကုန်

 

ကျော်ပြောင်

 

 

Zawgyi Version

 

၀ိဇၨာေျပာင္ႏွင့္ လက္ညႇိဳးညႊန္ရာ ေရျဖစ္ေစ ...

-ေက်ာ္ေျပာင္-

**********************

 

၀ိဇၨာေျပာင္ ၀ိဇၨာေျပာင္ဟူ၍ ဟိုးႀကီးႏွစ္ေက်ာ္ ဟိုးအလတ္စား သံုးေက်ာ္ နာမည္ႀကီး ေသာ ဧရာမအကြၽႏု္ပ္သည္ ရြက္ေျခာက္ ေ၀စည္ဟု ဆိုအပ္သည့္ တကယ့္ေတာအုပ္ႀကီးအ တြင္း၌ တစ္ကိုယ္တည္း ခိုမွီးလ်က္ရွိရာမွ မေရာက္ တာၾကာၿပီျဖစ္ေသာ မဟာဘာဆိုတံုးၿမိဳ႕ကေလးဆီ သို႔ ေျခစၾကာလွည့္ျပန္ခဲ့ေလ၏။ 

 

တစ္ေခါက္တြင္ကား မည္သို႔မည္ပံု စိတ္႐ူး ေပါက္သည္မသိ။ အကြၽႏု္ပ္၏ တူေတာ္ေမာင္တူေတာ္ မ၊ ေျမးေတာ္ထီး ေျမးေတာ္မမ်ား အပါအ၀င္ဆယ္ ေက်ာ္သက္ေကာင္ကေလး ေကာာင္မေလးမ်ားသည္ ကန္ေတာ့ဖြယ္ပစၥည္းအစံုအလင္ျဖင့္ အုပ္လိုက္သင္း လိုက္ <ကခ်ီေတာ္မူလာၾကေလ၏။ 

"ေအာင္မယ္ က်ားသားမိုးႀကိဳး ယုန္သား ေဘာ္ၾကြပ္ လူႀကီးသူမကို တယ္ၿပီးသိတတ္ေနၾက ပါကလား ဟ႐ို႕"ဟု အကြၽႏု္ပ္က တအံ့တၾသ ႏွစ္အံ့ ေလးၾသ ေရရြတ္လိုက္ေလလွ်င္ တစ္ေယာက္ေသာ ငတိေလးက -

 

"လူႀကီးသူမေတြ ကေလးသူထီးေတြကို သိ တတ္တာမဟုတ္ဘူး။ စာေမးပြဲနီးလို႔ အဘရဲ႕။ စာေမး ပြဲနီးလို႔"ဟူ၍ခြန္းတံု႔ျပန္ေတာ္မူေလေတာ့၏။ 

 

"စာေမးပြဲနီးေတာ့ ငါကဘာလုပ္ေပးရမွာတဲ့ တံုး၊ အတၱာဟိ အတၱေနာနာေ႒ာ ဆိုတဲ့အတုိင္း ကိုယ့္ အာေခါင္ကိုထိုး အဲေလ ကိုယ့္အားကိုလည္း ကိုး ၾကဦးမွေပါ့ဟဲ့"

 

"သူမ်ားတကာေတြ ေဟာ့စေပါ့ဂုေဏာ အနေႏၲာ အနီးကပ္ သရဏံဂစၦာမိ၊ ဖိုတိိုစတက္ဂုဏံ အဟံ၀ႏၵာမိ လုပ္ၾကေနတဲ့ခ်ိန္မွာ သမီးတို႔က အဲဒါမ်ဳိး ေတြကုိ အားမေပးခ်င္လို႔ အဘဆီကို လာၿပီးအားကိုးတာပါ အဘရယ္"

 

"အိမ္း ငါးဆယ္ရာႏႈန္း ခက္ေတာ့တာပဲလ ကြယ္၊ ဘယ္ကိစၥမဆိုကိုယ္သာလွ်င္ ပဓာနတဲ့။ ကုိယ္ ေကာင္းဖို႔လိုတယ္" ဟု အကြၽႏု္ပ္က ျမည္တြန္ ေတာက္တီးလိုက္ေလလွ်င္ တစ္ေကာင္ေသာ ခ်ာတိတ္က -

 

"ကိုယ္ေကာင္းတယ္ဆိုတာ ေဘာ္ဒီေကာင္း တာ ေဘာ္ဒီအခ်ဳိးအစားမိုက္တာကို ေျပာတာလား အဘ" ဟု ၀င္ေႏွာက္သျဖင့္ ၎င္း၏ငယ္ထိပ္အား အနီးရွိ ကြမ္းညႇပ္ျဖင့္ ေခါက္လိုက္ရေလ၏။ 

 

"တယ္ ငါေလ အဲဒါကေလးေတြ ေျပာရမွာ မဟုတ္ဘူး။ ေနာက္ေလးငါးဆယ္ႏွစ္ရွိမွေျပာ။ အခု မင္းတို႔ေခါင္းထဲမွာ ထည့္ထားရမွာက စာေမးပြဲေအာင္ ဖို႔ပဲ မဟုတ္လားကြ"

 

"ဟုတ္လိုက္သမွ အဘရယ္ ဟုတ္ ဟုတ္နဲ႔ ေတာင္ ျမည္ေနေသးတယယ္။ ဒါေၾကာင့္လည္း အဘဆီကို လာၿပီအားကိုးတာေပါ့"

 

"ဟုတ္တယ္အဘ ဟုတ္တယ္ ဟိုေကာင္မ ေလးေတြဆိုရင္ အဘနဲ႔မေတြ႕ရေသးလို႔ဆိုၿပီး အလုပ္ ၀င္ခြင့္ အင္တာဗ်ဴး၀င္မေျဖဘူးေလ။ ဟုိေကာင္ လည္း ဘာထူးလို႔လဲ ဟိုတေလာက သူတို႔စာေမးပြဲ ေတြ ေျဖခ်ိန္မွာ အဘဆီက ယၾတာမပါဘဲနဲ႔ေတာ့ မေျဖဘူး ဆိုၿပီး တစ္ႏွစ္ေအာက္ခံလိုက္တယ္"

 

"အိမ္း တယ္ခက္ၾကတာပါလားဟ႐ို႕ ေက်ာင္းေျပးတုန္းကေတာ့ ဒီအဘႀကီးဆီက ေန႔ ေကာင္းရက္သာ လာေရြးၾကပါလား။ ေကာင္မေလး ကို ရည္းစားစာ လိုက္ေပးတုန္းကေရာ ဒီအဘႀကီး ဆီမွာ အခ်ိန္ ေကာင္းအခါေကာင္းေလး လာေတာင္း ဖူးလို႔လား။ ဒီစာေမးပြဲကိစၥက်မွ ငါ့ကိုလာၿပီး အမႈတြဲ ၾကတာေပါ့ ေလဟုတ္စ" ဟု အကြၽႏု္ပ္က ခပ္ေငါက္ ေငါက္ေျပာလိုက္၏။ ထိုအခါ ခ်ာတိတ္မေလးတစ္ ေယာက္က -

 

"ဒီလိုေတာ့ အထင္မလြဲပါနဲ႔အဘရယ္ သမီး တို႔ကလည္း စာက်က္သင့္သေလာက္ကေတာ့ က်က္ ၾကတာပါပဲ။ ဒါေပမဲ့ စိုးရိမ္လို႔ပါ" ဟုေျပာလိုက္လွ်င္ အကြၽႏု္ပ္သည္ ဟက္ဟက္ပက္ပက္ ရယ္လိုက္ရင္း

 

"ဒါက ဒီိလိုရွိတယ္ ကေလးမရဲ႕။ စာရဖို႔ကိစၥ က ၀ိဇၨာလည္း အားမကိုးနဲ႔ အ၀ိဇၨာလည္း အားမကိုး နဲ႔ ယၾတာေခ်ဖို႔လည္း မႀကိဳးစားနဲ႔ အသျပာေငြနဲ႔ လည္းမႀကိဳးစားနဲ႔ အကပ္ရွိေပမယ့္လည္း စာေတြ ကို ကိုယ္က မွတ္မိမွျဖစ္မွာကလားဟဲ့။ ေလာကီ ပညာဆိုတာက ကံတရားကို အားျဖည့္ေပးတာ မထင္မွတ္တဲ့။ အေႏွာင့္အယွက္ေတြမႀကံဳရေအာင္ ႐ုတ္တရက္ နာမက်န္းတာ ထိခိုက္မိတာ မျဖစ္ ေအာင္ ကိုယ့္ရဲ႕ ကံဇာတာျမႇင့္တက္ၿပီး ကိုယ္လုပ္ ေနတဲ့အလုပ္ ေခ်ာေခ်ာေမြ႕ေမြ႕ အဆင္ေျပေျပျဖစ္ ေအာင္ေလာက္ပဲ ပ့ံပိုးႏိုင္တာ။ စာေမးပြဲတင္ မဟုတ္ ပါဘူး ဘာအလုပ္ပဲ ျဖစ္ျဖစ္ ကံရယ္ ဥာဏ္ရယ္ ၀ီရိယရယ္ သုံးပါးညီညြတ္ အားရွိမွ ေအာင္ျမင္ႏိုင္ တာကလား။ ေလာကီ ပညာက ကံကိုေတာ့ ဂလူး ကို႔စ္ သြင္းေပးလို႔ရတယ္။ Óာဏ္နဲ႔ ၀ီရိယကိစၥကေတာ့ ေဗဒင္ဆရာကိစၥ ၀ိဇၨာကိစၥမဟုတ္ဘူးေလ။ ေနာက္ တစ္ခုက ၀ိဇၨာေတြ က်င့္ႀကံအားထုတ္သူေတြမွာ တန္ခိုးသိဒၶိရွိသလို က်န္တဲ့လူေတြမွာလည္း သူ႕ အထုိက္အေလ်ာက္နဲ႔သူ သိဒၶိေတြရွိေနၾကတာပဲ" ဟု အကြၽႏု္ပ္က ေျပာလိုက္လွ်င္ ၎င္းတို႔က ကြၽန္ေတာ္ တို႔မွာ ဘာသိဒၶိရွိလို႔လဲ။ ကြၽန္မတို႔မွာ ဘာသိဒၶိ ရွိလို႔လဲ" ဟု အငမ္းမရ ေမးလိုက္ၾကေတာ့၏။ 

 

"၀ိဇၨာတစ္ေယာက္ဟာ ေရကိုအလိုရွိတဲ့အခါ လက္ညႇဳိးညႊန္ရာ ေရျဖစ္ေစတယ္ဆိုပါစို႔" ဟု အကြၽႏု္ပ္က ေျပာလိုက္လွ်င္ အႏွီခ်ာတိတ္ေလးမ်ား က "ကြၽန္ေတာ္တို႔ကေရာ ကြၽန္မတို႔ကေရာ" ဟု အေလာတႀကီး ေမးလိုက္ၾကျပန္ေလ၏။ ထို႔ေၾကာင့္ ကြၽႏု္ပ္က -

 

"မင္းတို႔အေနနဲ႔လက္ညႇဳိးညႊန္ရာကို ေရမျဖစ္ ႏိုင္ဘူးဆိုရင္ ဘာခက္တာလိုက္လို႔ကြယ္၊ ေရရွိရာကို လက္ညႇဳိးညႊန္လုိက္ၾက႐ံုပါပဲ" ဟု ရင္ေခါင္းထဲမွ လာေသာ အသံႀကီးျဖင့္ ေျပာလုိက္မိပါေလေတာ့သ တည္း။             

 

ေယာနိေသာ မနသီကာယ

သင့္တင့္ေလွ်ာက္ပတ္စြာ ႏွလံုးသြင္းေတာ္မူႏိုင္ၾကပါကုန္

 

ေက်ာ္ေျပာင္

 

Share