သမန်းကျား -ဆရာဝင်း(သာကီနွယ်)-

 

လူစင်စစ်က ကျားဖြစ်သွားတယ်ဆိုလျှင် ယုံ ကြည်မည့်သူ အလွန်ပင်ရှားမည်ထင်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ် ၅၀ လောက်က

အဲဒီ ခေတ်ကာလက နာမည်ကြီး မဂ္ဂဇင်းကြီးတွေဖြစ်တဲ့ မြဝတီ၊ ရှုမဝ၊ ငွေတာရီမဂ္ဂဇင်းကြီးများမှာ ဆောင်း ပါးတချို့ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ သမန်းကျား အကြောင်း တစ်စိတ်တစ်ဒေသ ရေးတာလောက်ပဲ မှတ်မိပါတယ်။ စာရေးဆရာတစ်ဦးကတော့ သမန်း ကျားနဲ့ပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ပင် ရေး သားခဲ့တာ တွေ့ရပါတယ်။ စာရေးဆရာနာမည်တော့ မမှတ်မိတော့ပါဘူး။

 

ဦးမောင်ကြီးဆိုတဲ့ အထက်မြန်မာပြည် ရေ ကြောင်းထိန်းသိမ်းရေး တိုင်းမန်နေဂျာတစ်ဦးက တာ ဝန်နဲ့ အထက်ချင်းတွင်း ထမန်သီရွာကြီးမှာ တစ်ည အိပ်ခဲ့ကြောင်း၊ ရွာလူကြီးအကူအညီနဲ့ လူကနေ ကျား ဖြစ်တယ်ဆိုတဲ့ အဘွားအိုတစ်ယောက်နဲ့တွေ့ခဲ့တဲ့ အကြောင်း၊ အဘွားအိုက အသက်အရွယ်ကြီး၍ အဲဒီ လို ကျားအဖြစ်ပြောင်းတာ မပြုလုပ်တော့တဲ့ အကြောင်း ပြောတာကို ကျွန်တော် သိခဲ့ရပါတယ်။ 

ကျွန်တော် ခပ်ငယ်ငယ် အသက် ၁၅ နှစ် လောက်က ကျွန်တော်တို့ရွာကို ကျားရှာတဲ့အဖွဲ့ ရောက်လာကြောင်း၊ သူတို့ရှာတဲ့ကျားက လူကနေ ကျားဘဝပြောင်းသူ အချိန်တန်၍ ပြန်မရောက်လာတဲ့ အတွက် နယ်ကျွံပြီး ရောက်သွားသည်အထင်နဲ့ လာ ရှာကြတဲ့အကြောင်း ကျွန်တော့်ဆွေမျိုး သက်ကြီး ပိုင်းပုဂ္ဂိုလ်တချို့ပြောတာ မှတ်သားခဲ့ဖူးပါတယ်။

 

ဒါနဲ့ သမန်းကျားအကြောင်း သိချင်တာနဲ့ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေတဲ့ မဟာ အနန္တတန်ခိုးရှင်ကြီး "မာန်ဟန်သား"ကို မေးကြည့် ပါတယ်။ တန်ခိုးရှင်ကြီး မာန်ဟန်သားက သူမသိ ကြောင်း ပြောပါတယ်။ ဒါနဲ့ အထက်ချင်းတွင်း ဟုမ္မလင်းမြို့နယ် ထမန်သီဒေသက ကွင်းပိုင်နတ် ကြီး သိနိုင်မည်ထင်၍ ပင့်လိုက်ပါတယ်။ အဝါရောင် ဝတ်ရုံဝတ်ထားပြီး နှုတ်ခမ်းမွေးခပ်ကြဲကြဲ၊ ကတုံးနှင့် အသက် ၇၅ နှစ်အရွယ် အဘိုးအိုတစ်ဦး <ကလာပါ တယ်။ သူ့နာမည်မေးကြည့်တော့ နာမည်မရှိကြောင်း သူ့ရဲ့သက်တမ်းက နှစ်ပေါင်း ၃၀ဝ၀ ရှိပြီဖြစ်ကြောင်း သူ့ရဲ့ကွင်းပိုင်နယ်မြေက ထမန်သီကျေးရွာကြီးရဲ့ မြစ် အရှေ့ဘက်ကမ်း လေးတိုင်၊ အနောက်ဘက်ကမ်း ခြောက်တိုင်၊ မြစ်အထက်နဲ့အောက် ငါးတိုင်စီ ဒေသ အတွင်းပိုင်ကြောင်း ပြောပါတယ်။ (နှစ်မိုင်- တစ် တိုင်)

ကျွန်ုပ် ။  ။ ကွင်းပိုင်နတ်ကြီးခင်ဗျား ...၊ ယခုလို ကြွလာတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နတ်ကြီးက “သမန်းကျား”အကြောင်း သိနိုင် မလား၊ တစ်ချိန်က နတ်ကြီးရဲ့ဒေသတစ်ဝိုက်မှာ ရှိခဲ့တယ်လို့ ကျွန်တော်မှတ်သားမိလို့ ယခုလို မေးရခြင်း ဖြစ်ပါတယ်။

 

နတ်ကြီး ။  ။ သမန်းကျားအကြောင်း အကုန်သိပါတယ်။

 

ကျွန်ုပ် ။  ။ ဒီလိုဆိုရင် သမန်းကျား အကြောင်း သိသလောက် ပြောပြပေးပါလား။

 

နတ်ကြီး ။  ။ သမန်းကျားက လူကဖြစ် တယ်လို့ ပြောကြတာဟုတ်ပါတယ်။ လူကနေ ကျား ဖြစ်တာ ပုံစံသုံးမျိုးရှိပါတယ်။

 

- လူက ရုပ်ခန္ဓာသဏ္ဌာန်မပြောင်းဘဲ စိတ် ကပဲ ကျားစိတ်ပေါက်ပြီးသွားတဲ့ ကျားမျိုး၊ သူ ကျား စိတ်ပေါက်တာက နှစ်နာရီခန့်ပဲ ကြာပါတယ်၊

 

- လူ့ခန္ဓာကိုယ်တစ်ခုလုံးရော စိတ်ရော ကျားပုံသဏ္ဌာန်၊ ကျားဘဝရောက်သွားတဲ့ ကျား မျိုး၊ သူက ကျားဘဝမှာ ခုနစ်ရက်နေလို့ရတယ်၊

 

- ခန္ဓာကိုယ်ရော စိတ်ရော ကျားဘဝ ပြောင်းသွားရာမှာ သုံးနာရီခန့်သာ ပြောင်းလို့ရတဲ့ ကျားမျိုးဆိုပြီး ရှိပါတယ်၊

 

ကျွန်ုပ် ။  ။ လူက ဘယ်လိုကျားစိတ်ပေါက် သွားတာလဲ။

 

နတ်ကြီး ။  ။ လူက သားကောင်ရလိုတဲ့ အခါ ဥပမာ - ချေတို့ သမင်တို့ ရလိုတဲ့အခါ ကျား စိတ်ဝင်နိုင်တဲ့သူ၊ ကျားစိတ်ဝင်လိုတဲ့သူက ရွာအပြင် တောထဲကို ဆွေမျိုးဖြစ်စေ ရင်းနှီးတဲ့သူငယ်ချင်းကို ဖြစ်စေ ခေါ်သွားရတယ်၊ တောထဲ လူသူကင်းရှင်းတဲ့ အခါ မတ်တပ်ရပ် လက်အုပ်ချီပြီး စိတ်ကို ကျားဖြစ် ချင်တဲ့စိတ် စုစည်းပြီး အာရုံပြုပါတယ်။ ဆယ်မိနစ် ခန့်ကြာတဲ့အခါ စိတ်တွေဝေ၀ါးပြီး ခန္ဓာကိုယ်တစ်ခု လုံး တုန်လာပါတယ်။ အသားတွေ မျက်နှာတွေ နီလာပြီး မျက်စိလည်းနီလာတယ်။ နောက် ဝတ်ထား တဲ့အဝတ်တွေကို ချွတ်ပစ်တယ်။ ကိုယ်လုံးတည်းဖြစ် သွားတဲ့အခါ ကျွမ်းသုံးခါလောက်ပစ်တယ်။ အဲဒီ နောက် တောထဲကိုဝင်သွားတယ်။ တောထဲမှာ တော ကောင်လိုက်ရှာတယ်။ အဖော်ပါသွားတဲ့သူက သူ ချွတ်ထားခဲ့တဲ့ အင်္ကျီ၊ လုံချည်တွေ ယူထားရတယ်။ အဖော်လိုက်သွားတဲ့သူက ကျားဖြစ်ဖို့ အာရုံပြု စိတ် စူးစိုက်နေတဲ့အချိန်မှာ နီးရာသစ်ပင်ပေါ်တက်နေရ တယ်။ ကျားက တောထဲတော်တော်ဝေးဝေးရောက် သွားမှ သူရဲ့အဝတ်အစားတွေ ကောက်ယူပြီး သစ်ပင် ပေါ်ပြန်တက်ပြီး စောင့်နေရတယ်။ အချိန်နှစ်နာရီ ကြာလို့ ကျားဝင်စားသူပြန်လာတဲ့အခါ သစ်ပင်ပေါ်က နေသူက နာမည်အော်ခေါ်ပြီး အသံပြုရတယ်။ သူက သစ်ပင်ပေါ် မော့ကြည့်တဲ့အခါ သူ့ရဲ့အဝတ်အစား တွေကို လှုပ်ယမ်းပြရတယ်။ အဲဒီအခါမှာ သူက မြေ ကြီးပေါ် လှဲအိပ်လိုက်တယ်။ ခဏနေတော့ သူ့ရဲ့စိတ် က လူ့ရဲ့စိတ် ပြန်ဝင်လာတယ်။ သူ လူ့စိတ်ပြန် ပြောင်းသွားတာကို သူ့ရဲ့ အမူအရာက မူလအမူ အရာအတိုင်း ပြန်ပြောင်းသွားပြီး သစ်ပင်ပေါ်ကလူကို သစ်ပင်ခြေရင်း လက်ညှိုးထိုးပြပြီး ဆင်းခဲ့ဖို့အမူအရာ နဲ့ ပြပါတယ်။ အဲဒီအခါမှာ အပင်ပေါ်ကလူက ဆင်း လာပြီး အဝတ်အစား လှမ်းပေးပါတယ်။ သူက အဝတ်အစားတွေ ပြန်ဝတ်ပြီး ၁၅ မိနစ်ခန့် ငြိမ်နေပါ တယ်။ ၁၅ မိနစ်ကြာတော့မှ စကားစပြောပါတယ်။

 

ကျွန်ုပ် ။  ။ သူက သားကောင်တွေဘာတွေ ချီလာသလား။

 

နတ်ကြီး ။  ။ ချီလာပါတယ်။ သူက ပါးစပ်နဲ့ကိုက်ပြီး ယူလာတာပါ။

 

ကျွန်ုပ် ။  ။ ဘယ်လိုအကောင်မျိုးတွေကို ချီလာတာလဲ။

 

နတ်ကြီး ။  ။ သူ့ပါးစပ်နဲ့ကိုက်ပြီး သယ် လာနိုင်တဲ့ ချေတို့ ဒရယ်တို့ကဲ့သို့သော သားကောင် ကို ချီလာတာပါ။

 

ကျွန်ုပ် ။  ။ သူက တောထဲသွားတဲ့အခါ ခန္ဓာကိုယ်မှာ ဆူးတွေ သစ်ခက်တွေနဲ့ငြိလို့ ဒဏ်ရာ တွေဘာတွေ အပြန်မှာ ပါမလာဘူးလား။

 

နတ်ကြီး ။  ။ ပါလာပါတယ်။

 

ကျွန်ုပ် ။  ။ သူက ကျားစိတ်နဲ့ တောထဲ သားကောင်ရှာတဲ့ကိစ္စတွေ လူစိတ်ပြန်ဝင်လာတော့ တောထဲ သားကောင်ရှာတဲ့အကြောင်းတွေ မှတ်မိ သေးသလား။

 

နတ်ကြီး ။  ။ လုံးဝမမှတ်မိတော့ပါဘူး။

 

ကျွန်ုပ် ။  ။ လူ့ခန္ဓာကိုယ်တစ်ခုလုံး ကျား ဘဝ၊ ကျားစိတ် ပြောင်းသွားတဲ့ သမန်းကျား အကြောင်း ပြောပါဦး။

 

နတ်ကြီး ။  ။ အဲဒီလူတွေက တစ်နှစ်ကို နှစ်ကြိမ် ကျားဘဝပြောင်းရတယ်။ မပြောင်းဘဲကို မနေနိုင်ဘူး။

 

ကျွန်ုပ် ။  ။ ဒီလိုဆို သူတို့က ဘယ်လိုကာ လမျိုးတွေမှာ ကျားဘဝပြောင်းတတ်ကြတာပါလဲ။

 

နတ်ကြီး ။  ။ နေအလွန်ပူတဲ့ ကဆုန်လမှာ တစ်ကြိမ် အလွန်အေးတဲ့ ပြာသိုလမှာတစ်ကြိမ် ပြောင်းတတ်ကြပါတယ်။ တစ်ခါပြောင်းလျှင် ခုနစ် ရက်လောက် ပြောင်းတတ်ကြပါတယ်။

 

ကျွန်ုပ် ။  ။ ဘယ်လိုစိတ်ခံစားပြီး ဘယ်လို ပြောင်းတတ်ကြတာပါလဲ။

 

နတ်ကြီး ။  ။ ကျားဘဝပြောင်းချင်တဲ့အခါ ခေါင်းမူးသလိုလို ဖြစ်လာတယ်။ အဲဒီနောက် အသား တွေနီ၊ မျက်လုံးတွေပါ နီလာပြီး လျှာကထွက်လာ တယ်။ အဲဒီနောက် ခန္ဓာကိုယ်က အဝတ်တွေချွတ် ပစ်လိုက်တယ်။ အဲဒီနောက် ကျွမ်းသုံးလေးပတ် လောက်ပစ်လိုက်တယ်။ အဲဒီနောက် ခန္ဓာကိုယ်က အဝါရောင်နဲ့အနက်ရောင် အစင်းတွေပေါ်လာတယ်။ အဲဒီနောက် မြီးညှောင့်ရိုးနေရာက လေးပေခန့်အရှည် ကျားမြီးပေါ်လာတယ်။

 

ကျွန်ုပ် ။  ။ အမွေးတွေပါ လူခန္ဓာကိုယ်က ထွက်လာသလား။

 

နတ်ကြီး ။  ။ ကျားကဲ့သို့ အမွေးတွေပါ ထွက်လာပါတယ်။ လူက ခန္ဓာကိုယ်ကိုနောက်ကျွမ်း လေးကြိမ်ပစ်ပြီးတဲ့အချိန်ကစပြီး ရှေ့လက်နှစ်ဖက်က လေးဖက်ထောက် လိုက်ပါတယ်။

 

ကျွန်ုပ် ။  ။ ကျားရဲ့ခန္ဓာကိုယ်က ကျားကြီး တွေလောက်ကြီးသလား။

 

နတ်ကြီး ။  ။ ကျားခန္ဓာကိုယ်လောက်တော့ မကြီးပါဘူး။ သူ့ရဲ့မူလခန္ဓာကိုယ်လောက်နဲ့ပဲ ကျား ဘဝပြောင်းသွားတာပါ။

 

ကျွန်ုပ် ။  ။ အဲဒီလူက ကျားဘဝကူးပြောင်းချင်တဲ့စိတ်ဖြစ်တဲ့အခါ သူ့အိမ်မှာဖြစ်တာလား၊ လူသူ ဝေးတဲ့တောထဲမှာ ဖြစ်တာလား။

 

နတ်ကြီး ။  ။ ရွာထဲမှာ ဖြစ်လေ့ဖြစ်ထမရှိပါ ဘူး။ တောထဲမှာ ဗျိုင်းချေးပင်ကပွင့်တဲ့ အဖြူရောင် အပွင့်လေးတွေရဲ့ ခပ်ရိုင်းရိုင်းမွှေးတဲ့အနံ့ ရှူမိတဲ့အခါ ကျားဘဝပြောင်းလိုတဲ့ စိတ်တွေဖြစ်ပေါ်ပြီး ကျားဘဝ ပြောင်းသွားတာပါ။

 

ကျွန်ုပ် ။  ။ ဒီလို ကျားဘဝပြောင်းတဲ့အခါ အဖော်အကူအညီ လိုပါသလား။

 

နတ်ကြီး ။  ။ အဖော်ရဲ့အကူအညီ မလိုပါ ဘူး။ သူတစ်ဦးတည်း ဆောင်ရွက်တာပါ။ သူရဲ့ အဝတ်အစားကလည်း ဒီအတိုင်းပစ်ထားခဲ့တာပါ။ သူ့ ရဲ့အဝတ်အစား တောထဲမှာတွေ့ရင်လည်း ဘယ်သူမှ မယူရဲပါဘူး။ ယူပြန်ရင်လည်း အဲဒီ သူ့အဝတ်အစား နောက် ကျားကလိုက်လာမှာဖြစ်တဲ့အတွက် မတော် တဆတွေ့ရင်တောင် မယူဝံ့ကြပါဘူး။

 

ကျွန်ုပ် ။  ။ တောထဲမှာ ခုနစ်ရက်လောက် ကြာတဲ့အခါ ကျားစိတ်က လူ့စိတ် အလိုလိုပြန်ပေါ် လာပါတယ်။ အဲဒီအခါမှာ လာလမ်းအတိုင်း ပြန်လာ ပါတယ်။ သူ့အဝတ်အစားကိုမြင်လိုက်တော့ သူ့ခန္ဓာ ကိုယ်က ကျားသဏ္ဌာန်တွေ တဖြည်းဖြည်းပျောက်ပြီး လူပြန်ဖြစ်လာပါတယ်။ အမြီးလည်း တဖြည်းဖြည်း ပျောက်သွားပါတယ်။ လူ့စိတ် ပြည့်ပြည့်ဝ၀ပြောင်း ဖို့ ရှေ့ကျွမ်းသုံးပတ်လောက် ပစ်ရပါတယ်။

 

ကျွန်ုပ် ။  ။ သူတောထဲကပြန်လာတော့ သားကောင်တွေ ချီလာသေးသလား။

 

နတ်ကြီး ။  ။ သားကောင်တွေချီပြီး ယူလာ တာ မရှိပါဘူး။

 

ကျွန်ုပ် ။  ။ သူ ကျားဘဝပြောင်းသွာတာ သိပါသလား။

 

နတ်ကြီး ။  ။ သူ ကျားဘဝပြောင်းချင်ခါစ မှာတော့ ကျားဘဝပြောင်းမည်ဆိုတာ သိပါတယ်။ လူ့ဘဝပြန်ရောက်လာတော့ သူ ကျားဘဝဘယ်သွား ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ မသိပါဘူး။

 

ကျွန်ုပ် ။  ။ လူ့ခန္ဓာကိုယ်တစ်ခုလုံး ကျား ဘဝပြောင်းသွာရာမှာ သုံးနာရီခန့်သာ ပြောင်းလို့ရ တဲ့ သမန်းကျားအကြောင်း ပြောပါဦး။

 

နတ်ကြီး ။  ။ သူ ကျားဘဝပြောင်းလိုတဲ့ အခါ ဖြစ်တဲ့ပုံစံက တစ်မူထူဆန်းတယ်။ သူရဲ့ခန္ဓာ ကိုယ်က အပြာရောင်ပြောင်းသွားတယ်။ မနက် ၅ နာရီလောက်မှာ အရောင်းပြောင်းတယ်။ အဲဒီအချိန် မှာ သူက တောထဲထွက်လာတယ်။ တောထဲရောက် တဲ့အခါ သစ်ပင်ကြီးတစ်ပင်ကို ၁၅ မိနစ်ခန့် ပတ်ပြီး ပြေးနေရတယ်။ အဲဒီနောက် အင်္ကျီ၊ လုံချည်တွေ ချွတ်ပစ်တယ်။ ပြီးတော့ လက်က လေးဖက်ထောက် လိုက်တယ်။ အဲဒီနောက် အနက်ရောင်ကျားနက်ကြီး ဖြစ်လာတယ်။ အမွေးအမှင်တွေက အနက်ရောင်တွေ ပေါ်လာတယ်။ သုံးပေခန့်ရှိတဲ့ အမြီးကလည်း မီး ညောင့်ရိုးကနေ ထွက်လာတယ်။ အဲဒီနောက် တော ထဲကို တစ်ဟုန်ထိုးပြေးဝင်သွားတယ်။ သုံးနာရီခန့် ကြာတဲ့အခါ တောထဲက ပြန်ထွက်လာတယ်။ အပြန် မှာ မူလသစ်ပင်ကြီးကိုပဲ ပြန်ပတ်တယ်။ ကိုးပတ် ပြန်ပတ်တယ်။ ခပ်မှန်မှန်ပဲ ပြန်ပတ်ပါတယ်။ ကိုး ပတ်ပြည့်တဲ့အခါ မြေကြီးပေါ်လှဲပြီး ဆယ်ပတ် လောက် လှိမ့်လိုက်တယ်။ မြေကြီးပေါ်လှိမ့်ရင်း ခန္ဓာကိုယ်က အနက်ရောင်အမွေးအမှင်တွေပျောက်၊ အမြီးလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး လူပြန်ဖြစ်လာပါတယ်။ အသားအရည်လည်း အပြာ ရောင်ကနေ မူလအသားအရောင်ပြောင်းသွားပါ တယ်။ အဲဒီနောက် အဝတ်အစားပြန်ဝတ်ပြီး ရွာ ပြန်လာပါတယ်။

 

ကျွန်ုပ် ။  ။ သမန်းကျားမှာ ယောကျာ်းကပဲ ဖြစ်တာလား၊ မိန်းမကဖြစ်တဲ့ သမန်းကျားရှိပါသလား။

 

နတ်ကြီး ။  ။ ယောကျာ်းရော မိန်းမရော ဖြစ်ပါတယ်။

 

ကျွန်ုပ် ။  ။ သမန်းကျားက တစ်ယောက် နဲ့တစ်ယောက် လက်ဆင့်ကမ်း သင်ပေးလို့ဖြစ်တဲ့ အတတ်ပညာပါလား။ ဒါမှမဟုတ် မွေးရာပါသန္ဓေ အစွမ်းသတ္တိနဲ့ ကျားဘဝပြောင်းတာပါလား။

 

နတ်ကြီး ။  ။ လက်ဆင့်ကမ်း သင်ပေးလို့ မရပါဘူး။ မွေးရာပါသန္ဓေအစွမ်းသတ္တိတစ်မျိုး ဖြစ်ပါ တယ်။

 

ကျွန်ုပ် ။  ။ ဒါက ဘယ်လိုနေရာဒေသတွေ မှာ ဖြစ်တတ်ပါသလဲ။ မြန်မာနိုင်ငံမှာ ဘယ်ဒေသ တွေမှာ ရှိပါသလဲ။ ယခုရော သမန်းကျားဆိုတာ ရှိ ပါသေးသလား။

 

နတ်ကြီး ။  ။ နေရာဒေသရယ်လို့ သတ် မှတ်ချက်မရှိပါဘူး။ မြန်မာနိုင်ငံမှာ အထက်ချင်းတွင်း ဒေသ၊ ရခိုင်ရိုးမ၊ အလယ်ပိုင်းဒေသတွေမှာ ရှေးက ရှိခဲ့ဖူးပါတယ်။ ယခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က တိမ်ကောပပျောက်သွားပါ တယ်။

 

ကျွန်ုပ် ။  ။ အခြားနိုင်ငံတွေမှာ သမန်းကျား လို လူကဖြစ်တဲ့ဖြစ်စဉ်တွေ ရှိပါသလား။

 

နတ်ကြီး ။  ။ သမန်းကျားလို လူကဖြစ်တာ တော့မရှိပါဘူး။ လူက မြေခွေးဖြစ်တာ၊ လူကနေ မျောက်ဖြစ်တာ ရှိပါတယ်။ လူကနေ မြေခွေးဖြစ်  တာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ ရှိခဲ့ပါ တယ်။ လွန်ခဲ့တဲ့နှစ် ၈၀ လောက်ကပဲ တိမ်ကော ပျောက်ကွယ်သွားပါပြီ။ လူကနေ မျောက်ဖြစ်တာက တော့ တောင်အမေရိကတိုက်မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်လည်း လွန်ခဲ့တဲ့နှစ် ၈၀ လောက်က တိမ် ကော ပျောက်ကွယ်သွားပါပြီ။

 

မနက်လေးနာရီမှာ ကျွန်ုပ်နဲ့ ကွင်းပိုင်နတ်ကြီး နဲ့ ဆွေးနွေးနေစဉ် အဝတ်အစား ဝတ်ရုံအနက်နဲ့အဝါ လေးထောင့်ကွက်နဲ့ နတ်ကြီးတစ်ပါး ကြွလာပါတယ်။

 

ကျွန်ုပ် ။  ။ နတ်ကြီးက ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်ကကြွလာတယ်၊ ဘာများပြောချင်တာရှိလို့ ကြွ လာတာပါလဲ။

နတ်ကြီး ။  ။ လူကနေ ကျားဖြစ်တဲ့ သမန်းကျားအကြောင်းပြောချင်လို့ ကြွလာတာပါ။ ဘူတန်နိုင်ငံကနေပြီး လာတာပါ။ ကျွန်ုပ်က တောင် စောင့်နတ်ကြီးပါ။ အသင်တို့နှစ်ဦး သမန်းကျား အကြောင်း ပြောဆိုဆွေးနွေးနေတာသိလို့ လာတာ ပါ။ သမန်းကျားဖြစ်တဲ့ကိစ္စက တစ်ယောက်နဲ့ တစ် ယောက်၊ တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်း သင်ကြား လို့ တတ်မြောက်တဲ့ပညာ မဟုတ်ပါဘူး။ မိသားစုဝင် ထဲက တစ်ယောက်တလေ ဖောက်ပြီးဖြစ်တဲ့ဟာ လည်း မဟုတ်ပါဘူး။ မျိုးရိုးက ပါလာတဲ့အတတ် ပညာပါ။ သမန်းကျားဖြစ်တဲ့မျိုးရိုးလို့ ပြောလို့ရ ပါတယ်။ အဲဒီမျိုးရိုးက အခုတော့မရှိတော့ပါဘူး။ တိမ်ကောသွားပါပြီ။

 

ကျွန်ုပ် ။  ။ အဲဒါ ဘယ်လိုကြောင့် တိမ် ကောပျောက်ကွယ်သွားတယ်ဆိုတာ သိပါသလား

 

နတ်ကြီး ။  ။ အဲဒါတော့ မသိပါဘူး။

 

ကျွန်ုပ် ။  ။ အဲဒီလို ကျားဘဝပြောင်းတာက ကာယကံရှင်က စိတ်ထဲမှာ ပြောင်းချင်တဲ့စိတ် ဖြစ် ပေါ်လျှင် ပြောင်းလို့ရတဲ့သဘောလား။

 

နတ်ကြီး ။  ။ မဟုတ်ပါဘူး။ တစ်နှစ်ကို နှစ်ကြိမ်လောက်ပြောင်းရတယ်။ ပြောင်းချင်တဲ့အခါ စိတ်ထဲကိုက အလွန်ပြင်းထန်တဲ့စိတ်နဲ့ ကျားဘဝကို ပြောင်းချင်တာ၊ မနေနိုင်တော့တဲ့အခါ တောထဲထွက် ပြီး ကျားဘဝပြောင်းတာပါပဲ။

 

ကျွန်ုပ် ။  ။ နတ်ကြီးက သမန်းကျားတွေကို အုပ်ချုပ်တဲ့နတ်ကြီးပါလား။

 

နတ်ကြီး ။  ။ အုပ်ချုပ်တဲ့နတ်ကြီး မဟုတ် ပါဘူး။ သူတို့အကြောင်းကိုသိလို့ လာပြောတာပါ။

 

ကျွန်ုပ် ။  ။ အဲဒီဘူတန်နိုင်ငံမှာရော အဲဒီလို သမန်းကျားဖြစ်တဲ့သူတွေ ရှိပါသလား။

 

နတ်ကြီး ။  ။ ရှိပါတယ်။

 

ကျွန်ုပ် ။  ။ လူကနေ မြေခွေးဖြစ်တဲ့သူ ရှိ တယ်ဆိုတာ ဟုတ်ပါသလား။

 

နတ်ကြီး ။  ။ ဟုတ်ပါတယ်။ လူကနေ မြေခွေးဖြစ်တာ ဘူတန်နိုင်ငံမှာလည်း ရှိပါတယ်။ အိန္ဒိယမှာလည်း ရှိပါတယ်။ မျောက်ဖြစ်တာတော့ မတွေ့မိပါဘူး။

 

ကျွန်ုပ် ။  ။ ယခုရော လူကနေ ကျားဖြစ်တဲ့ သူတွေ ရှိပါသေးသလား။

 

နတ်ကြီး ။  ။ ယခု လူကနေ ကျားဖြစ်တဲ့ သူ မရှိတော့ပါဘူး။ လူကနေ မြေခွေးဖြစ်တာလည်း မရှိတော့ပါဘူး။

ဆက်လက်ဆွေးနွေးရန် မရှိတော့၍ ဘူတန် နိုင်ငံက တောင်စောင့်နတ်ကြီးရော ကွင်းပိုင်နတ်ကြီး ပါ ပြန်ကြွသွားကြပါပြီ။

 

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ…

 

ဆရာဝင်း(သာကီနွယ်)

(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊

အယ်ဒီတာအဖွဲ့)

 

Zawgyi Version

သမန္းက်ား

-ဆရာ၀င္း(သာကီႏြယ္)-

 

*********************

 

လူစင္စစ္က က်ားျဖစ္သြားတယ္ဆိုလွ်င္ ယံု ၾကည္မည့္သူ အလြန္ပင္ရွားမည္ထင္ပါတယ္။ ဒီကိစၥ နဲ႔ပတ္သက္လို႔ လြန္ခဲ့တဲ့ႏွစ္ ၅၀ ေလာက္က အဲဒီ ေခတ္ကာလက နာမည္ႀကီး မဂၢဇင္းႀကီးေတြျဖစ္တဲ့ ျမ၀တီ၊ ႐ႈမ၀၊ ေငြတာရီမဂၢဇင္းႀကီးမ်ားမွာ ေဆာင္း ပါးတခ်ဳိ႕ ကြၽန္ေတာ္ဖတ္ခဲ့ရပါတယ္။ သမန္းက်ား အေၾကာင္း တစ္စိတ္တစ္ေဒသ ေရးတာေလာက္ပဲ မွတ္မိပါတယ္။ စာေရးဆရာတစ္ဦးကေတာ့ သမန္း က်ားနဲ႔ပတ္သက္ၿပီး ၀တၳဳစာအုပ္တစ္အုပ္ပင္ ေရး သားခဲ့တာ ေတြ႕ရပါတယ္။ စာေရးဆရာနာမည္ေတာ့ မမွတ္မိေတာ့ပါဘူး။

 

ဦးေမာင္ႀကီးဆိုတ့ဲ အထက္ျမန္မာျပည္ ေရ ေၾကာင္းထိန္းသိမ္းေရး တိုင္းမန္ေနဂ်ာတစ္ဦးက တာ ၀န္နဲ႔ အထက္ခ်င္းတြင္း ထမန္သီရြာႀကီးမွာ တစ္ည အိပ္ခဲ့ေၾကာင္း၊ ရြာလူႀကီးအကူအညီနဲ႔ လူကေန က်ား ျဖစ္တယ္ဆိုတဲ့ အဘြားအိုတစ္ေယာက္နဲ႔ေတြ႕ခဲ့တဲ့ အေၾကာင္း၊ အဘြားအိုက အသက္အရြယ္ႀကီး၍ အဲဒီ လို က်ားအျဖစ္ေျပာင္းတာ မျပဳလုပ္ေတာ့တဲ့ အေၾကာင္း ေျပာတာကို ကြၽန္ေတာ္ သိခဲ့ရပါတယ္။ 

ကြၽန္ေတာ္ ခပ္ငယ္ငယ္ အသက္ ၁၅ ႏွစ္ ေလာက္က ကြၽန္ေတာ္တို႔ရြာကို က်ားရွာတဲ့အဖြဲ႕ ေရာက္လာေၾကာင္း၊ သူတို႔ရွာတဲ့က်ားက လူကေန က်ားဘ၀ေျပာင္းသူ အခ်ိန္တန္၍ ျပန္မေရာက္လာတဲ့ အတြက္ နယ္ကြၽံၿပီး ေရာက္သြားသည္အထင္နဲ႔ လာ ရွာၾကတဲ့အေၾကာင္း ကြၽန္ေတာ့္ေဆြမ်ဳိး သက္ႀကီး ပိုင္းပုဂၢိဳလ္တခ်ဳိ႕ေျပာတာ မွတ္သားခဲ့ဖူးပါတယ္။

 

ဒါနဲ႔ သမန္းက်ားအေၾကာင္း သိခ်င္တာနဲ႔ ကြၽန္ေတာ့္ကို ေဗဒင္ကူညီေဟာေပးေနတဲ့ မဟာ အနႏၲတန္ခိုးရွင္ႀကီး "မာန္ဟန္သား"ကို ေမးၾကည့္ ပါတယ္။ တန္ခိုးရွင္ႀကီး မာန္ဟန္သားက သူမသိ ေၾကာင္း ေျပာပါတယ္။ ဒါနဲ႔ အထက္ခ်င္းတြင္း ဟုမၼလင္းၿမိဳ႕နယ္ ထမန္သီေဒသက ကြင္းပိုင္နတ္ ႀကီး သိႏုိင္မည္ထင္၍ ပင့္လိုက္ပါတယ္။ အ၀ါေရာင္ ၀တ္႐ံု၀တ္ထားၿပီး ႏႈတ္ခမ္းေမြးခပ္ႀကဲႀကဲ၊ ကတံုးႏွင့္ အသက္ ၇၅ ႏွစ္အရြယ္ အဘုိးအိုတစ္ဦး <ကလာပါ တယ္။ သူ႕နာမည္ေမးၾကည့္ေတာ့ နာမည္မရွိေၾကာင္း သူ႕ရဲ႕သက္တမ္းက ႏွစ္ေပါင္း ၃၀၀၀ ရွိၿပီျဖစ္ေၾကာင္း သူ႕ရဲ႕ကြင္းပိုင္နယ္ေျမက ထမန္သီေက်းရြာႀကီးရဲ႕ ျမစ္ အေရွ႕ဘက္ကမ္း ေလးတုိင္၊ အေနာက္ဘက္ကမ္း ေျခာက္တုိင္၊ ျမစ္အထက္နဲ႔ေအာက္ ငါးတုိင္စီ ေဒသ အတြင္းပိုင္ေၾကာင္း ေျပာပါတယ္။ (ႏွစ္မိုင္- တစ္ တိုင္)

ကြၽႏ္ုပ္ ။  ။ ကြင္းပိုင္နတ္ႀကီးခင္ဗ်ား ...၊ ယခုလို ၾကြလာတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ နတ္ႀကီးက “သမန္းက်ား”အေၾကာင္း သိႏိုင္ မလား၊ တစ္ခ်ိန္က နတ္ႀကီးရဲ႕ေဒသတစ္၀ိုက္မွာ ရွိခဲ့တယ္လို႔ ကြၽန္ေတာ္မွတ္သားမိလို႔ ယခုလို ေမးရျခင္း ျဖစ္ပါတယ္။

 

နတ္ႀကီး ။  ။ သမန္းက်ားအေၾကာင္း အကုန္သိပါတယ္။

 

ကြၽႏ္ုပ္ ။  ။ ဒီလိုဆိုရင္ သမန္းက်ား အေၾကာင္း သိသေလာက္ ေျပာျပေပးပါလား။

 

နတ္ႀကီး ။  ။ သမန္းက်ားက လူကျဖစ္ တယ္လို႔ ေျပာၾကတာဟုတ္ပါတယ္။ လူကေန က်ား ျဖစ္တာ ပံုစံသံုးမ်ဳိးရွိပါတယ္။

 

- လူက ႐ုပ္ခႏၶာသဏၭာန္မေျပာင္းဘဲ စိတ္ ကပဲ က်ားစိတ္ေပါက္ၿပီးသြားတဲ့ က်ားမ်ဳိး၊ သူ က်ား စိတ္ေပါက္တာက ႏွစ္နာရီခန္႔ပဲ ၾကာပါတယ္၊

 

- လူ႕ခႏၶာကိုယ္တစ္ခုလံုးေရာ စိတ္ေရာ က်ားပံုသဏၭာန္၊ က်ားဘ၀ေရာက္သြားတဲ့ က်ား မ်ဳိး၊ သူက က်ားဘ၀မွာ ခုနစ္ရက္ေနလို႔ရတယ္၊

 

- ခႏၶာကိုယ္ေရာ စိတ္ေရာ က်ားဘ၀ ေျပာင္းသြားရာမွာ သံုးနာရီခန္႔သာ ေျပာင္းလို႔ရတဲ့ က်ားမ်ဳိးဆိုၿပီး ရွိပါတယ္၊

 

ကြၽႏ္ုပ္ ။  ။ လူက ဘယ္လိုက်ားစိတ္ေပါက္ သြားတာလဲ။

 

နတ္ႀကီး ။  ။ လူက သားေကာင္ရလိုတဲ့ အခါ ဥပမာ - ေခ်တို႔ သမင္တို႔ ရလိုတဲ့အခါ က်ား စိတ္၀င္ႏုိင္တဲ့သူ၊ က်ားစိတ္၀င္လိုတဲ့သူက ရြာအျပင္ ေတာထဲကို ေဆြမ်ဳိးျဖစ္ေစ ရင္းႏွီးတဲ့သူငယ္ခ်င္းကို ျဖစ္ေစ ေခၚသြားရတယ္၊ ေတာထဲ လူူသူကင္းရွင္းတဲ့ အခါ မတ္တပ္ရပ္ လက္အုပ္ခ်ီၿပီး စိတ္ကို က်ားျဖစ္ ခ်င္တဲ့စိတ္ စုစည္းၿပီး အာ႐ံုျပဳပါတယ္။ ဆယ္မိနစ္ ခန္႔ၾကာတဲ့အခါ စိတ္ေတြေ၀၀ါးၿပီး ခႏၶာကိုယ္တစ္ခု လံုး တုန္လာပါတယ္။ အသားေတြ မ်က္ႏွာေတြ နီလာၿပီး မ်က္စိလည္းနီလာတယ္။ ေနာက္ ၀တ္ထား တဲ့အ၀တ္ေတြကို ခြၽတ္ပစ္တယ္။ ကိုယ္လံုးတည္းျဖစ္ သြားတဲ့အခါ ကြၽမ္းသံုးခါေလာက္ပစ္တယ္။ အဲဒီ ေနာက္ ေတာထဲကို၀င္သြားတယ္။ ေတာထဲမွာ ေတာ ေကာင္လိုက္ရွာတယ္။ အေဖာ္ပါသြားတဲ့သူက သူ ခြၽတ္ထားခဲ့တဲ့ အက်ႌ၊ လံုခ်ည္ေတြ ယူထားရတယ္။ အေဖာ္လိုက္သြားတဲ့သူက က်ားျဖစ္ဖို႔ အာ႐ံုျပဳ စိတ္ စူးစိုက္ေနတဲ့အခ်ိန္မွာ နီးရာသစ္ပင္ေပၚတက္ေနရ တယ္။ က်ားက ေတာထဲေတာ္ေတာ္ေ၀းေ၀းေရာက္ သြားမွ သူရဲ႕အ၀တ္အစားေတြ ေကာက္ယူၿပီး သစ္ပင္ ေပၚျပန္တက္ၿပီး ေစာင့္ေနရတယ္။ အခ်ိန္ႏွစ္နာရီ ၾကာလို႔ က်ား၀င္စားသူျပန္လာတ့ဲအခါ သစ္ပင္ေပၚက ေနသူက နာမည္ေအာ္ေခၚၿပီး အသံျပဳရတယ္။ သူက သစ္ပင္ေပၚ ေမာ့ၾကည့္တဲ့အခါ သူ႕ရဲ႕အ၀တ္အစား ေတြကို လႈပ္ယမ္းျပရတယ္။ အဲဒီအခါမွာ သူက ေျမ ႀကီးေပၚ လွဲအိပ္လိုက္တယ္။ ခဏေနေတာ့ သူ႕ရဲ႕စိတ္ က လူ႕ရဲ႕စိတ္ ျပန္၀င္လာတယ္။ သူ လူ႕စိတ္ျပန္ ေျပာင္းသြားတာကို သူ႕ရဲ႕ အမူအရာက မူလအမူ အရာအတိုင္း ျပန္ေျပာင္းသြားၿပီး သစ္ပင္ေပၚကလူကို သစ္ပင္ေျခရင္း လက္ညႇိဳးထိုးျပၿပီး ဆင္းခဲ့ဖို႔အမူအရာ နဲ႔ ျပပါတယ္။ အဲဒီအခါမွာ အပင္ေပၚကလူက ဆင္း လာၿပီး အ၀တ္အစား လွမ္းေပးပါတယ္။ သူက အ၀တ္အစားေတြ ျပန္၀တ္ၿပီး ၁၅ မိနစ္ခန္႔ ၿငိမ္ေနပါ တယ္။ ၁၅ မိနစ္ၾကာေတာ့မွ စကားစေျပာပါတယ္။

 

ကြၽႏ္ုပ္ ။  ။ သူက သားေကာင္ေတြဘာေတြ ခ်ီလာသလား။

 

နတ္ႀကီး ။  ။ ခ်ီလာပါတယ္။ သူက ပါးစပ္နဲ႔ကိုက္ၿပီး ယူလာတာပါ။

 

ကြၽႏ္ုပ္ ။  ။ ဘယ္လိုအေကာင္မ်ဳိးေတြကို ခ်ီလာတာလဲ။

 

နတ္ႀကီး ။  ။ သူ႕ပါးစပ္နဲ႔ကိုက္ၿပီး သယ္ လာႏိုင္တဲ့ ေခ်တို႔ ဒရယ္တို႔က့ဲသို႔ေသာ သားေကာင္ ကို ခ်ီလာတာပါ။

 

ကြၽႏ္ုပ္ ။  ။ သူက ေတာထဲသြားတဲ့အခါ ခႏၶာကိုယ္မွာ ဆူးေတြ သစ္ခက္ေတြနဲ႔ၿငိလို႔ ဒဏ္ရာ ေတြဘာေတြ အျပန္မွာ ပါမလာဘူးလား။

 

နတ္ႀကီး ။  ။ ပါလာပါတယ္။

 

ကြၽႏ္ုပ္ ။  ။ သူက က်ားစိတ္နဲ႔ ေတာထဲ သားေကာင္ရွာတဲ့ကိစၥေတြ လူစိတ္ျပန္၀င္လာေတာ့ ေတာထဲ သားေကာင္ရွာတဲ့အေၾကာင္းေတြ မွတ္မိ ေသးသလား။

 

နတ္ႀကီး ။  ။ လံုး၀မမွတ္မိေတာ့ပါဘူး။

 

ကြၽႏ္ုပ္ ။  ။ လူ႕ခႏၶာကိုယ္တစ္ခုလံုး က်ား ဘ၀၊ က်ားစိတ္ ေျပာင္းသြားတဲ့ သမန္းက်ား အေၾကာင္း ေျပာပါဦး။

 

နတ္ႀကီး ။  ။ အဲဒီလူေတြက တစ္ႏွစ္ကို ႏွစ္ႀကိမ္ က်ားဘ၀ေျပာင္းရတယ္။ မေျပာင္းဘဲကို မေနႏိုင္ဘူး။

 

ကြၽႏ္ုပ္ ။  ။ ဒီလိုဆို သူတို႔က ဘယ္လိုကာ လမ်ဳိးေတြမွာ က်ားဘ၀ေျပာင္းတတ္ၾကတာပါလဲ။

 

နတ္ႀကီး ။  ။ ေနအလြန္ပူတဲ့ ကဆုန္လမွာ တစ္ႀကိမ္ အလြန္ေအးတဲ့ ျပာသိုလမွာတစ္ႀကိမ္ ေျပာင္းတတ္ၾကပါတယ္။ တစ္ခါေျပာင္းလွ်င္ ခုနစ္ ရက္ေလာက္ ေျပာင္းတတ္ၾကပါတယ္။

 

ကြၽႏ္ုပ္ ။  ။ ဘယ္လိုစိတ္ခံစားၿပီး ဘယ္လို ေျပာင္းတတ္ၾကတာပါလဲ။

 

နတ္ႀကီး ။  ။ က်ားဘ၀ေျပာင္းခ်င္တဲ့အခါ ေခါင္းမူးသလိုလုိ ျဖစ္လာတယ္။ အဲဒီေနာက္ အသား ေတြနီ၊ မ်က္လံုးေတြပါ နီလာၿပီး လွ်ာကထြက္လာ တယ္။ အဲဒီေနာက္ ခႏၶာကိုယ္က အ၀တ္ေတြခြၽတ္ ပစ္လိုက္တယ္။ အဲဒီေနာက္ ကြၽမ္းသံုးေလးပတ္ ေလာက္ပစ္လိုက္တယ္။ အဲဒီေနာက္ ခႏၶာကိုယ္က အ၀ါေရာင္နဲ႔အနက္ေရာင္ အစင္းေတြေပၚလာတယ္။ အဲဒီေနာက္ ၿမီးေညႇာင့္႐ိုးေနရာက ေလးေပခန္႔အရွည္ က်ားၿမီးေပၚလာတယ္။

 

ကြၽႏ္ုပ္ ။  ။ အေမြးေတြပါ လူခႏၶာကိုယ္က ထြက္လာသလား။

 

နတ္ႀကီး ။  ။ က်ားကဲ့သို႔ အေမြးေတြပါ ထြက္လာပါတယ္။ လူက ခႏၶာကိုယ္ကိုေနာက္ကြၽမ္း ေလးႀကိမ္ပစ္ၿပီးတဲ့အခ်ိန္ကစၿပီး ေရွ႕လက္ႏွစ္ဖက္က ေလးဖက္ေထာက္ လိုက္ပါတယ္။

 

ကြၽႏ္ုပ္ ။  ။ က်ားရဲ႕ခႏၶာကိုယ္က က်ားႀကီး ေတြေလာက္ႀကီးသလား။

 

နတ္ႀကီး ။  ။ က်ားခႏၶာကိုယ္ေလာက္ေတာ့ မႀကီးပါဘူး။ သူ႕ရဲ႕မူလခႏၶာကိုယ္ေလာက္နဲ႔ပဲ က်ား ဘ၀ေျပာင္းသြားတာပါ။

 

ကြၽႏ္ုပ္ ။  ။ အဲဒီလူက က်ားဘ၀ကူးေျပာင္းခ်င္တဲ့စိတ္ျဖစ္တဲ့အခါ သူ႕အိမ္မွာျဖစ္တာလား၊ လူသူ ေ၀းတဲ့ေတာထဲမွာ ျဖစ္တာလား။

 

နတ္ႀကီး ။  ။ ရြာထဲမွာ ျဖစ္ေလ့ျဖစ္ထမရွိပါ ဘူး။ ေတာထဲမွာ ဗ်ဳိင္းေခ်းပင္ကပြင့္တဲ့ အျဖဴေရာင္ အပြင့္ေလးေတြရဲ႕ ခပ္႐ိုင္း႐ိုင္းေမႊးတဲ့အန႔ံ ႐ွဴမိတဲ့အခါ က်ားဘ၀ေျပာင္းလိုတဲ့ စိတ္ေတြျဖစ္ေပၚၿပီး က်ားဘ၀ ေျပာင္းသြားတာပါ။

 

ကြၽႏ္ုပ္ ။  ။ ဒီလို က်ားဘ၀ေျပာင္းတဲ့အခါ အေဖာ္အကူအညီ လိုပါသလား။

 

နတ္ႀကီး ။  ။ အေဖာ္ရဲ႕အကူအညီ မလိုပါ ဘူး။ သူတစ္ဦးတည္း ေဆာင္ရြက္တာပါ။ သူရဲ႕ အ၀တ္အစားကလည္း ဒီအတုိင္းပစ္ထားခဲ့တာပါ။ သူ႕ ရဲ႕အ၀တ္အစား ေတာထဲမွာေတြ႕ရင္လည္း ဘယ္သူမွ မယူရဲပါဘူး။ ယူျပန္ရင္လည္း အဲဒီ သူ႕အ၀တ္အစား ေနာက္ က်ားကလိုက္လာမွာျဖစ္တဲ့အတြက္ မေတာ္ တဆေတြ႕ရင္ေတာင္ မယူ၀ံ့ၾကပါဘူး။

 

ကြၽႏ္ုပ္ ။  ။ ေတာထဲမွာ ခုနစ္ရက္ေလာက္ ၾကာတဲ့အခါ က်ားစိတ္က လူ႕စိတ္ အလိုလိုျပန္ေပၚ လာပါတယ္။ အဲဒီအခါမွာ လာလမ္းအတုိင္း ျပန္လာ ပါတယ္။ သူ႕အ၀တ္အစားကိုျမင္လိုက္ေတာ့ သူ႕ခႏၶာ ကိုယ္က က်ားသဏၭာန္ေတြ တျဖည္းျဖည္းေပ်ာက္ၿပီး လူျပန္ျဖစ္လာပါတယ္။ အၿမီးလည္း တျဖည္းျဖည္း ေပ်ာက္သြားပါတယ္။ လူ႕စိတ္ ျပည့္ျပည့္၀၀ေျပာင္း ဖို႔ ေရွ႕ကြၽမ္းသံုးပတ္ေလာက္ ပစ္ရပါတယ္။

 

ကြၽႏ္ုပ္ ။  ။ သူေတာထဲကျပန္လာေတာ့ သားေကာင္ေတြ ခ်ီလာေသးသလား။

 

နတ္ႀကီး ။  ။ သားေကာင္ေတြခ်ီၿပီး ယူလာ တာ မရွိပါဘူး။

 

ကြၽႏ္ုပ္ ။  ။ သူ က်ားဘ၀ေျပာင္းသြာတာ သိပါသလား။

 

နတ္ႀကီး ။  ။ သူ က်ားဘ၀ေျပာင္းခ်င္ခါစ မွာေတာ့ က်ားဘ၀ေျပာင္းမည္ဆိုတာ သိပါတယ္။ လူ႕ဘ၀ျပန္ေရာက္လာေတာ့ သူ က်ားဘ၀ဘယ္သြား ခဲ့တယ္၊ ဘာလုပ္ခဲ့တယ္ဆိုတာ မသိပါဘူး။

 

ကြၽႏ္ုပ္ ။  ။ လူ႕ခႏၶာကိုယ္တစ္ခုလံုး က်ား ဘ၀ေျပာင္းသြာရာမွာ သံုးနာရီခန္႔သာ ေျပာင္းလို႔ရ တဲ့ သမန္းက်ားအေၾကာင္း ေျပာပါဦး။

 

နတ္ႀကီး ။  ။ သူ က်ားဘ၀ေျပာင္းလိုတဲ့ အခါ ျဖစ္တဲ့ပံုစံက တစ္မူထူဆန္းတယ္။ သူရဲ႕ခႏၶာ ကိုယ္က အျပာေရာင္ေျပာင္းသြားတယ္။ မနက္ ၅ နာရီေလာက္မွာ အေရာင္းေျပာင္းတယ္။ အဲဒီအခ်ိန္ မွာ သူက ေတာထဲထြက္လာတယ္။ ေတာထဲေရာက္ တဲ့အခါ သစ္ပင္ႀကီးတစ္ပင္ကို ၁၅ မိနစ္ခန္႔ ပတ္ၿပီး ေျပးေနရတယ္။ အဲဒီေနာက္ အက်ႌ၊ လံုခ်ည္ေတြ ခြၽတ္ပစ္တယ္။ ၿပီးေတာ့ လက္က ေလးဖက္ေထာက္ လိုက္တယ္။ အဲဒီေနာက္ အနက္ေရာင္က်ားနက္ႀကီး ျဖစ္လာတယ္။ အေမြးအမွင္ေတြက အနက္ေရာင္ေတြ ေပၚလာတယ္။ သံုးေပခန္႔ရွိတဲ့ အၿမီးကလည္း မီး ေညာင့္႐ိုးကေန ထြက္လာတယ္။ အဲဒီေနာက္ ေတာ ထဲကို တစ္ဟုန္ထိုးေျပး၀င္သြားတယ္။ သံုးနာရီခန္႔ ၾကာတဲ့အခါ ေတာထဲက ျပန္ထြက္လာတယ္။ အျပန္ မွာ မူလသစ္ပင္ႀကီးကိုပဲ ျပန္ပတ္တယ္။ ကိုးပတ္ ျပန္ပတ္တယ္။ ခပ္မွန္မွန္ပဲ ျပန္ပတ္ပါတယ္။ ကိုး ပတ္ျပည့္တဲ့အခါ ေျမႀကီးေပၚလွဲၿပီး ဆယ္ပတ္ ေလာက္ လွိမ့္လိုက္တယ္။ ေျမႀကီးေပၚလွိမ့္ရင္း ခႏၶာကိုယ္က အနက္ေရာင္အေမြးအမွင္ေတြေပ်ာက္၊ အၿမီးလည္း တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားၿပီး လူျပန္ျဖစ္လာပါတယ္။ အသားအရည္လည္း အျပာ ေရာင္ကေန မူလအသားအေရာင္ေျပာင္းသြားပါ တယ္။ အဲဒီေနာက္ အ၀တ္အစားျပန္၀တ္ၿပီး ရြာ ျပန္လာပါတယ္။

 

ကြၽႏ္ုပ္ ။  ။ သမန္းက်ားမွာ ေယာက္်ားကပဲ ျဖစ္တာလား၊ မိန္းမကျဖစ္တဲ့ သမန္းက်ားရွိပါသလား။

 

နတ္ႀကီး ။  ။ ေယာက်္ားေရာ မိန္းမေရာ ျဖစ္ပါတယ္။

 

ကြၽႏ္ုပ္ ။  ။ သမန္းက်ားက တစ္ေယာက္ နဲ႔တစ္ေယာက္ လက္ဆင့္ကမ္း သင္ေပးလို႔ျဖစ္တဲ့ အတတ္ပညာပါလား။ ဒါမွမဟုတ္ ေမြးရာပါသေႏၶ အစြမ္းသတၱိနဲ႔ က်ားဘ၀ေျပာင္းတာပါလား။

 

နတ္ႀကီး ။  ။ လက္ဆင့္ကမ္း သင္ေပးလို႔ မရပါဘူး။ ေမြးရာပါသေႏၶအစြမ္းသတၱိတစ္မ်ဳိး ျဖစ္ပါ တယ္။

 

ကြၽႏ္ုပ္ ။  ။ ဒါက ဘယ္လိုေနရာေဒသေတြ မွာ ျဖစ္တတ္ပါသလဲ။ ျမန္မာႏိုင္ငံမွာ ဘယ္ေဒသ ေတြမွာ ရွိပါသလဲ။ ယခုေရာ သမန္းက်ားဆိုတာ ရွိ ပါေသးသလား။

 

နတ္ႀကီး ။  ။ ေနရာေဒသရယ္လို႔ သတ္ မွတ္ခ်က္မရွိပါဘူး။ ျမန္မာႏိုင္ငံမွာ အထက္ခ်င္းတြင္း ေဒသ၊ ရခိုင္႐ိုးမ၊ အလယ္ပိုင္းေဒသေတြမွာ ေရွးက ရွိခဲ့ဖူးပါတယ္။ ယခုေတာ့ မရွိေတာ့ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ ၈၀ ေလာက္က တိမ္ေကာပေပ်ာက္သြားပါ တယ္။

 

ကြၽႏ္ုပ္ ။  ။ အျခားႏိုင္ငံေတြမွာ သမန္းက်ား လို လူကျဖစ္တဲ့ျဖစ္စဥ္ေတြ ရွိပါသလား။

 

နတ္ႀကီး ။  ။ သမန္းက်ားလို လူကျဖစ္တာ ေတာ့မရွိပါဘူး။ လူက ေျမေခြးျဖစ္တာ၊ လူကေန ေမ်ာက္ျဖစ္တာ ရွိပါတယ္။ လူကေန ေျမေခြးျဖစ္  တာ အိႏၵိယႏိုင္ငံ အေရွ႕ပိုင္းေဒသေတြမွာ ရွိခဲ့ပါ တယ္။ လြန္ခဲ့တဲ့ႏွစ္ ၈၀ ေလာက္ကပဲ တိမ္ေကာ ေပ်ာက္ကြယ္သြားပါၿပီ။ လူကေန ေမ်ာက္ျဖစ္တာက ေတာ့ ေတာင္အေမရိကတိုက္မွာ ျဖစ္ခဲ့ပါတယ္။ အဲဒီ ျဖစ္စဥ္လည္း လြန္ခဲ့တဲ့ႏွစ္ ၈၀ ေလာက္က တိမ္ ေကာ ေပ်ာက္ကြယ္သြားပါၿပီ။

 

မနက္ေလးနာရီမွာ ကြၽႏ္ုပ္နဲ႔ ကြင္းပိုင္နတ္ႀကီး နဲ႔ ေဆြးေႏြးေနစဥ္ အ၀တ္အစား ၀တ္႐ံုအနက္နဲ႔အ၀ါ ေလးေထာင့္ကြက္နဲ႔ နတ္ႀကီးတစ္ပါး ၾကြလာပါတယ္။

 

ကြၽႏ္ုပ္ ။  ။ နတ္ႀကီးက ဘယ္လိုပုဂၢိဳလ္၊ ဘယ္ကၾကြလာတယ္၊ ဘာမ်ားေျပာခ်င္တာရွိလို႔ ၾကြ လာတာပါလဲ။

နတ္ႀကီး ။  ။ လူကေန က်ားျဖစ္တဲ့ သမန္းက်ားအေၾကာင္းေျပာခ်င္လို႔ ၾကြလာတာပါ။ ဘူတန္ႏိုင္ငံကေနၿပီး လာတာပါ။ ကြၽႏ္ုပ္က ေတာင္ ေစာင့္နတ္ႀကီးပါ။ အသင္တို႔ႏွစ္ဦး သမန္းက်ား အေၾကာင္း ေျပာဆိုေဆြးေႏြးေနတာသိလို႔ လာတာ ပါ။ သမန္းက်ားျဖစ္တဲ့ကိစၥက တစ္ေယာက္နဲ႔ တစ္ ေယာက္၊ တစ္ဦးနဲ႔တစ္ဦး လက္ဆင့္ကမ္း သင္ၾကား လို႔ တတ္ေျမာက္တဲ့ပညာ မဟုတ္ပါဘူး။ မိသားစု၀င္ ထဲက တစ္ေယာက္တေလ ေဖာက္ၿပီးျဖစ္တဲ့ဟာ လည္း မဟုတ္ပါဘူး။ မ်ဳိး႐ိုးက ပါလာတဲ့အတတ္ ပညာပါ။ သမန္းက်ားျဖစ္တဲ့မ်ဳိး႐ိုးလို႔ ေျပာလို႔ရ ပါတယ္။ အဲဒီမ်ဳိး႐ိုးက အခုေတာ့မရွိေတာ့ပါဘူး။ တိမ္ေကာသြားပါၿပီ။

 

ကြၽႏ္ုပ္ ။  ။ အဲဒါ ဘယ္လိုေၾကာင့္ တိမ္ ေကာေပ်ာက္ကြယ္သြားတယ္ဆိုတာ သိပါသလား

 

နတ္ႀကီး ။  ။ အဲဒါေတာ့ မသိပါဘူး။

 

ကြၽႏ္ုပ္ ။  ။ အဲဒီလို က်ားဘ၀ေျပာင္းတာက ကာယကံရွင္က စိတ္ထဲမွာ ေျပာင္းခ်င္တဲ့စိတ္ ျဖစ္ ေပၚလွ်င္ ေျပာင္းလို႔ရတဲ့သေဘာလား။

 

နတ္ႀကီး ။  ။ မဟုတ္ပါဘူး။ တစ္ႏွစ္ကုိ ႏွစ္ႀကိမ္ေလာက္ေျပာင္းရတယ္။ ေျပာင္းခ်င္တဲ့အခါ စိတ္ထဲကိုက အလြန္ျပင္းထန္တဲ့စိတ္နဲ႔ က်ားဘ၀ကို ေျပာင္းခ်င္တာ၊ မေနႏိုင္ေတာ့တဲ့အခါ ေတာထဲထြက္ ၿပီး က်ားဘ၀ေျပာင္းတာပါပဲ။

 

ကြၽႏ္ုပ္ ။  ။ နတ္ႀကီးက သမန္းက်ားေတြကို အုပ္ခ်ဳပ္တဲ့နတ္ႀကီးပါလား။

 

နတ္ႀကီး ။  ။ အုပ္ခ်ဳပ္တဲ့နတ္ႀကီး မဟုတ္ ပါဘူး။ သူတို႔အေၾကာင္းကိုသိလို႔ လာေျပာတာပါ။

 

ကြၽႏ္ုပ္ ။  ။ အဲဒီဘူတန္ႏုိင္ငံမွာေရာ အဲဒီလို သမန္းက်ားျဖစ္တဲ့သူေတြ ရွိပါသလား။

 

နတ္ႀကီး ။  ။ ရွိပါတယ္။

 

ကြၽႏ္ုပ္ ။  ။ လူကေန ေျမေခြးျဖစ္တဲ့သူ ရွိ တယ္ဆိုတာ ဟုတ္ပါသလား။

 

နတ္ႀကီး ။  ။ ဟုတ္ပါတယ္။ လူကေန ေျမေခြးျဖစ္တာ ဘူတန္ႏိုင္ငံမွာလည္း ရွိပါတယ္။ အိႏၵိယမွာလည္း ရွိပါတယ္။ ေမ်ာက္ျဖစ္တာေတာ့ မေတြ႕မိပါဘူး။

 

ကြၽႏ္ုပ္ ။  ။ ယခုေရာ လူကေန က်ားျဖစ္တဲ့ သူေတြ ရွိပါေသးသလား။

 

နတ္ႀကီး ။  ။ ယခု လူကေန က်ားျဖစ္တဲ့ သူ မရွိေတာ့ပါဘူး။ လူကေန ေျမေခြးျဖစ္တာလည္း မရွိေတာ့ပါဘူး။

ဆက္လက္ေဆြးေႏြးရန္ မရွိေတာ့၍ ဘူတန္ ႏိုင္ငံက ေတာင္ေစာင့္နတ္ႀကီးေရာ ကြင္းပိုင္နတ္ႀကီး ပါ ျပန္ၾကြသြားၾကပါၿပီ။

 

သတၱ၀ါမ်ား က်န္းမာခ်မ္းသာၾကပါေစ…

 

ဆရာ၀င္း(သာကီႏြယ္)

(ဤေဆာင္းပါးပါ အယူအဆမ်ားသည္ စာေရးသူ၏အယူအဆမ်ားသာျဖစ္ပါသည္၊ အယ္ဒီတာအဖြဲ႕၏အာေဘာ္မဟုတ္ပါေၾကာင္း၊

အယ္ဒီတာအဖြဲ႕)

Share