လူတွင် သည်းခြေဟူ၍ရှိသည်။ သတ္တဝါဟူ သမျှတွင်လည်း သည်းခြေရှိကြပါသည်။ သည်းခြေ အိတ်သည် အသည်း၏အောက်ခြေ၌တည်ရှိပြီး အခါး ဓာတ်ရည်ကို သှိမှီးထားသည်။ သည်းခြေတို့သည် အခါးဓာတ်အားကောင်း၍ ဝါယောဓာတ်ဆောင်ပါသည်။ 

 

သည်းခြေသည် သတ္တဝါတို့အသက်ရှင်သန် ချိန်ရေးကို အကျိုးပြုသော အရေးကြီးအစိတ်အပိုင်း   ဖြစ်သည်။ လူတို့ အသက်အရွယ်ကြီးလာသောအခါ ပါစကတေဇောဟုခေါ်သော ဝမ်းမီးသည် အားနည်း လာကြသည်။ ပါစကဝမ်းမီးကို အထောက်အကူပြု သော သည်းခြေတွင် အပြုဓာတ်ငါးမျိုးရှိသည်။ ထို ဓာတ်များသည် အသက်အရွယ်ကြီးလာသောအခါ ချို့ယွင်းအားနည်းလာကြလေသည်။ အကျိုးပြုသော တေဇောဓာတ်တို့ အားနည်းလာသောအခါ ဓာတ် ခုနစ်ပါး ထုတ်ဆောင်မှုလည်း အားနည်းလာသည်။ ထိုဓာတ် ခုနစ်ပါးကို ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြန့်ဝေပို့ ဆောင်ပေးသော ဝါယော(ခေါ်) လေဓာတ်တို့ပါ အား နည်းလာကြောင်း ဆေးကျမ်းတို့တွင် ပြဆိုထားပါ သည်။ 

လူတို့ ခန္ဓာကိုယ်တွင် သည်းခြေငါးမျိုးရှိ သည်။ ပါစကသည်းခြေ၊ ရဉ္စကသည်းခြေ၊ သာစက သည်းခြေ၊ လောစက သည်းခြေနှင့် ဘာစက သည်းခြေတို့ဖြစ်သည်။ 

စားသောက်မျိုချအပ်သော အာဟာရတို့ကို ကျေညက်အောင် ချက်ပေးသော သည်းခြေကို ပါစကသည်းခြေဟုခေါ်သည်။ စားသောက်ထားသည့် အာဟာရရည်ကို နီမြန်းအောင်ဆိုးဆိုးပေးသော သည်းခြေကို ရဉ္စကသည်းခြေဟု ခေါ်ပါသည်။ 

အောက်မေ့သတိရခြင်း၊ မှတ်ဉာဏ်ကောင်း ခြင်း၊ ဉာဏ်ပညာရှိခြင်း၊ မာနထောင်လွှားခြင်း စသော လူသားတို့ကို အကျိုးပြုစေသည့် သည်းခြေ ကို သာစကသည်းခြေဟု ခေါ်ပါသည်။

ရူပါရုံ၊ အရောင်အဆင်း အမျိုးမျိုးတို့ကို မျက်လုံး၌တည်စေသော သည်းခြေကို လောစက သည်းခြေဟု ခေါ်ပါသည်။ 

အရည်ကို ပြောင်လက်တောင်ပစေပြီး အရည်၌တည်သော သည်းခြေကို ဘာစက သည်းခြေဟု ခေါ်ပါသည်။ 

သည်းခြေတို့ကို ဆောင်ရွက်ရသော လုပ်ငန်းအနေအထားလိုက်၍ နာမည်အမျိုးမျိုးခေါ် ထားခြင်းဖြစ်သည်။ လူတိုင်းတွင်သွေးအား၊ လေအား ဟူ၍ရှိသည်။ အသက်အရွယ်အိုမင်းခြင်း၊ ရောဂါ ဖောက်ပြန်ခြင်းတို့နှင့် ကြုံတွေ့ရသောအခါ သွေး စသော ဓာတ် ရှစ်ပါးတို့သည် အားနည်းလာကြရလေ သည်။ အသက်ကြီးသူတို့ကို လေအရွယ်ဟု ခေါ်ကြ သည်။ လေသည် အကျိုးပြုလေမဟုတ်ဘဲ အဆိုးပြု လေမျိုးဖြစ်သွားရသည်။ ထို့ကြောင့် အသက်အရွယ် ကြီးသူတို့ကို ဇရာဒုဗ္ဗလဟု ဆိုကြသည်။ ဒုက္ခနှင့် ရင်းနှီးရသော အရွယ်ဟု ဆိုလိုပါသည်။ 

ထိုအရွယ်၌ မောခြင်း၊ အထိုင်အထလေးခြင်း၊ ကိုယ်လက်ခေါင်းခြေထောက်တို့ အလိုလိုလှုပ်ရှား ခြင်း၊ အသံတုန်ခြင်း၊ သတိမေ့လျော့ခြင်း၊ ကိုယ်ရည် ကိုယ်သွေးညစ်နွမ်းခြင်း၊ ယားယံခြင်း၊ ကျင်ကြီး ကျင်ငယ် မထိန်းနိုင်ခြင်း၊ ဆံဖြူသွားကျိုးခြင်း၊ အိုသီးများ ဖြစ်ပေါ်လာခြင်း၊ (မှဲ့များ ဟိုမှဒီမှ ထွက် ပေါ်လာခြင်းကို ဆိုလိုပါသည်) အအိပ်အနေ နည်းပါး ခြင်း၊ အိုနာ ရောဂါအမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်း စသည်ဖြင့် တွေ့ကြုံခံစားကြရလေသည်။ ထိုဖြစ်စဉ် တို့၏ အကြောင်းခြင်းရာကို ရှာဖွေလေ့လာသောအခါ သည်းခြေငါးမျိုးတို့ လှုပ်ရှားမှုအားနည်းရာမှ ဓာတ်ကြီး ငါးပါးဖြစ်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော နှင့် အာကာသ ဓာတ်များ ဟန်ချက်မညီ ယိမ်း ယိုင်ပျက်စီးကြကြောင်း တွေ့ရသည်။ 

စပါးကြီးမြွေကြီးတို့ ဘဝတစ်လျှောက်လုံး ထုံအကျင့်ကို ကျင့်ရာမှ ရရှိပိုင်ဆိုင်ထားသော စပါး ကြီးသည်းခြေကို အသုံးချခွင့်ရပါလျှင် လူသား သည်းခြေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါ သည်။ ဇရာကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေ ဒနာများကို အဆင်ပြေညီညွတ်မျှတမျှဖြစ်စေရန် ဟန်ချက်ညီညီ ထိန်းကျောင်းပေးနိုင်ပါသည်။ “စပါးကြီး သည်းခြေနှင့် ဖော်စပ်သော ဣစ္ဆာသယ ဆေးပျားရည်” ဟူသော ဆောင်းပါးကို မနောမယ ဂျာနယ် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အကျယ် တဝင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ စပါးကြီးသည်းခြေ သည် အသေဓာတ်မဟုတ်သော “အရှင်ဓာတ်” ဖြစ်သည်။ စပါးကြီး ပိုင်ဆိုင်ထားသော စိတ်စွမ်းရည် မြင့်မားမှုကြောင့် စပါးကြီးသည်းခြေကို နေရောင် ခြည်တွင် ထောင်ကြည့်လျှင် အခြားသော သတ္တဝါ သည်းခြေများကဲ့သို့ မည်းညစ်ညိုပုပ်ခြင်းမရှိဘဲ သွေး၏ အရောင် နီမြန်း၍ ရွှေရောင်တောက်သော ပြဒါးဓာတ်လုံး အဆင်းမျိုး ရှိသည်။ ဓားနှင့် ခုတ် ပိုင်းထားသော စပါးကြီးသည်းခြေ ကိန်းတည်နေ သော အပိုင်းသည် မပုပ်မသိုးဘဲ တရွရွ တလှုပ်လှုပ် ခုန်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့်ပင် စပါးကြီးသည်းခြေ “မြွေပြဒါးရှင်”ဟု တင်စား ခေါ်ခဲ့ကြသည်။ သို့ပါ၍ စပါးကြီးသည်းခြေနှင့် ဖော်စပ်ထားသော ဣစ္ဆာသယ ဆေးပျားရည်ကို   သက်ရွယ်အိုမင်းသူများ ပုံမှန်မှီဝဲသုံးဆောင်ပါက ဇာရာ လှံချက်ကို တုံ့ပြန်ကာကွယ်နိုင်ကြောင်း ဆိုနိုင်ပါသည်။ 

“ဓာတ်မှဓာတ်ကူး၊ ဖြစ်ဖူးများစွာ”ဆိုသော ဝိက္ကာခရ၊ အဂ္ဂိရတ်လုပ်ထုံး စကားအသုံးရှိပါသည်။ စပါးကြီးသည်းခြေကို ပျားရည်စစ်စစ်နှင့် မှီဝဲသုံး ဆောင်သင့်သည်။ သည်းခြေအားကောင်းသော အကျိုးကြောင့် ကျန်းမာရေးကို ကောင်းစွာထောက် ကူနိုင်ပါသည်။ 

စပါးကြီးသည်းခြေကို သုံးစွဲရာတွင် ဣစ္ဆာ သယ ဆေးပျားရည်မဟုတ်ဘဲ သန့်ရှင်းသော ကျောက်ပျဉ်တွင် ရေအနည်းငယ်နှင့် စပါးကြီးသည်း ခြေကို သွေးပြီးလျှင် ပျားရည်နှင့် ပေါင်းစပ် လျှက် ပေးလျှင်လည်း သင့်မြတ်လှပေသည်။ ဘေးထွက် ဆိုးကျိုး မရှိပါ။ စိတ်တန်ခိုးအတတ်မှ ထွက်ပေါ်လာ သော အမြုတေသဖွယ်ဖြစ်သော စပါးကြီးသည်းခြေ သည် လူသားများစွာတို့ကို ဆိုးကျိုးပေးနေသော သည်းခြေ၊ လေ၊ သလိပ်ဟူသော ဒေါသသုံးပါးကို ပယ်ဖျောက်နိုင်စွမ်းပါသည်။ သက်ရွယ်ကြီး၍ ခွန်အား ယုတ်လျော့နေသူများ၊ ချည့်နဲ့နေသူများ၊ ဇရာ၏ နှိပ်စက်မှုများကို ခုခံနိုင်ကြောင်း ရှေးသူတော်ကောင်း ဘုန်းတော်ကြီးများ၊ သမားတော်ကြီးများ မိန့်ဆို ညွှန်ပြကြပါသည်။ “စပါးကြီးသည်းခြေဟာ သက် စောင့်ဆေးပဲ။ အသက်ကယ်ဆေးပဲ”ဟု ပြောဆိုခဲ့ ခြင်းမှာ လွယ်လွယ် ပြောခဲ့ကြသည် မဟုတ်ပါ။ နှစ်ပေါင်းများစွာ လေ့လာ ဆည်းပူးခြင်းနှင့် အတွေ့ အကြုံများ ရှိ၍သာပြောဆို ရခြင်းဖြစ်ကြောင်း သတိထားအပ်ပါသည်။ 

စပါးကြီးသည်းခြေကို သုံးဆောင်မှီဝဲခြင်း ကြောင့် လူသား၏ သည်းခြေကို ဟန်ချက်ညီညီ အကျိုးပြုနိုင်သည်။ ပျောက်ချင်ဇောနှင့် မသုံးသင့် ပါ။ တန်ဆေးလွန်ဘေးဆိုသော စကားရှိသည် ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းတွင် စပါးကြီး သည်းခြေ သွေးထားသည်ကို သင့်ရုံရောစပ်ရပါ သည်။

စပါးကြီးနှင့် လူသားများ သဘာဝချင်းမတူညီ ပါ။ လူ၏သက်တမ်းမှာ အလွန်အားဖြင့် ၁၀ဝ ဟု ဆိုနိုင်သည်။ စပါးကြီးမြွေတို့ သက်တမ်းမှာ နှစ်အရာ အထောင်ရှည်ပါသည်။ လူသား၏ ကျန်းမာရေးကို အထောက်အကူပေးသော သည်းခြေ ငါးမျိုးတို့၏ လုပ်ဆောင်ချက်များသည် အသက် ၄၀ ကျော်သည် နှင့် အကြောင်းအားလျော်စွာ ကျဆင်းလာကြစမြဲ ဖြစ်သည်။ စပါးကြီးတို့မူကား သက်တမ်းရှည်ခြင်း၊ ထုံအကျင့်ကြောင့် စိတ်စွမ်းရည်ထက်မြက်ခြင်းကို တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသော သဘောရှိ သည်။ စပါးကြီးတို့ အိုမင်းလာလေလေ စွမ်းအား ကောင်းလေလေ ဖြစ်ကြသည်။ ပြဒါးရှင်ကဲ့သို့သော   သည်းခြေသည် ညှို့ကြိုးများ တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး စွမ်းအင်ကြီးမားခြင်း၊ စပါးကြီးေ>မဘဝမှ ဝိဇ္ဇာဓိုရ်ဘဝသို့ ပြောင်းနိုင်ခြင်းအထိ လူတို့လိုက် မမီနိုင်သော အကြောင်းတရားများ ရှိခဲ့လေသည်။ 

လူနှင့် စပါးကြီးမြွေတို့၏ အကျင့်စရဏတည် ဆောက်ပုံမှာ မတူကွဲပြားကြသည်။ လူတို့ကား လူတိုင်း သမထတရား၊ ဝိပဿနာတရားနှင့် ကသိုဏ်း လေ့ကျင့်ခြင်း၊ စိတ်လေ့ကျင့်ခြင်းတို့ကို လုပ်ကြ သည်မဟုတ်ပါ။ စပါးကြီးမြွေတစ်ကောင်ဘဝသို့ ရောက်ခဲ့သော် ထိုမြွေသည် သဘာဝအရ ထုံအကျင့် ကျင့်ခြင်းအာကာသ ကသိုဏ်းကို ကြည့်ရှုခြင်း မလုပ်ပဲနေ၍မရတော့ပေ။ သူ၏ဘဝနှင့် သူ၏ရှင် သန်မှုသည် စိတ်လေ့ကျင့်ခြင်းနှင့် တစ်ပါတည်းတွဲ လျက်ပါလာလေသည်။ စပါးကြီးကား လူသားတို့ကဲ့  သို့မြင့်မားသော အသိÓာဏ်မရှိပါသော်လည်း စိတ် စွမ်းအင်လေ့ကျင့်ရာ၌ မလုပ်မနေရလုပ်ရလေသော ကြောင့် စိတ်စွမ်းအင်ထက်မြတ်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။ အဆင့်မြင့်ပါရမီရှင် လူသားတို့ကို လိုက်မှီရန် မဖြစ်နိုင်ပါသော်လည်း စပါးကြီးတို့ကား မျိုးနွယ်လိုက် စိတ်လေ့ကျင့်ခြင်းအဖြစ် ကောင်းကင်၏ ဖြူစင်ခြင်းကို တစိုက်မတ်မတ် ကြည့်ခြင်း ထုံးစံရှိနေလေသည်။ 

ထိုကဲ့သို့သော စိတ်စွမ်းအင်ထူးခြင်း၊ သက် တမ်းရှည်စွာ နေရခြင်းတို့ကြောင့် သူ၏ခန္ဓာကိုယ်သည် အရောင်အဝါများ ထွက်နေတတ်သော ကြောင့် ပညာရှင်တို့ကဆိုသည်။ သူ၏ သည်းခြေ သည်လည်း ကြည်လင်တောက်ပ၍ အခြားသော သတ္တဝါများကဲ့သို့မဟုတ်ဘဲ သွေးရောင်လွှမ်းနေ သည်။ နေရောင်၌ထောင်ကြည့်ခြင်းဖြင့် သိသာစွာ မြင်တွေ့ရသည်။ လူတို့က အသက် ၄၀ ကျော်၍ အိုရိပ်ပြလာချိန်တွင် သည်းခြေအားနည်းခြင်း ပြဿ နာလည်း ပေါ်လာခဲ့ပြီ။ ထိုအချက်ကို စပါးကြီး သည်းခြေနှင့် အားဖြည့်ပေးဖို့လိုလာသည်ဟု ပညာ ရှင်တို့က ဆိုသည်။ 

ထင်သာသော ဥပမာအဖြစ်လူနှင့် စပါးကြီးမြွေ၏ သည်းခြေတို့အနေအထားကို နှိုင်းယှဉ်တင်ပြ ပါမည်။ လူတို့သည် သက်ရွယ်အိုမင်းလာသော ၆၀ ကျော်လောက်ကစ၍ သတိမေ့လာတတ်ကြသည်။ “အသက်ကြီးတော့ သိပ်မေ့တာပဲဗျာ”ဟု ပြောဆို ညည်းတွားတတ်ကြသည်။ ထိုသတိမေ့ခြင်းကို ခေတ်သစ်ဆေးပညာရှင်များက ဦးနှောက်အိုမင်းခြင်း (အင်ဇိုင်းမား)ရောဂါဟု ခေါ်သည်။ လူတို့၏ ကျန်း မာရေးကို ပြုပြင်ပေးသော သည်းခြေ ငါးမျိုးတွင် “စရကသည်းခြေ”အားနည်းလာသောကြောင့် ထိုသို့ ရောဂါရလာခြင်း ဖြစ်သည်။ စပါးကြီးေ>မကား အာ ကာသကသိုဏ်းရှင်ဖြစ်၍ သမထတန်ဖိုး ထက်မြက် ကြောင်း ယုံမှားဖွယ်မရှိပါ။ သမထစွမ်းရည်ဟူသည် သတိမကောင်းပါဘဲ မည်သို့မျှ မရနိုင်ပါ။ စပါးကြီး၏ စရဏသည်းခြေမှာ အစွမ်းထက်စွာ အားကောင်းနေ သည်။ လူတို့က စပါးကြီးသည်းခြေကို တစ်စုံ တစ်ရာသော နည်းဖြင့် မှီဝဲလျှင် စရဏ သည်းခြေ အားကောင်းပြီး ဦးနှောက်အိုမင်းခြင်း (အင်ဇိုင်းမား ရောဂါ)ကို ကုစားရာ၌ အကျိုးပြုနိုင်ကြောင်း တွေးဆ နိုင်သည်။

လူတို့သက်ရွယ်အိုမင်းလာသောအခါ ကိုယ် ရည်ကိုယ်သွေး ကိုယ်ရောင်ကိုယ်ဝါမှိန်ဖျော့လာသည်း ညှိုးလျော်သော သစ်ရွက်ဝါကဲ့သို့ ဖျော့တော့လာ လေသည်။ ထိုမှေးမှိန်ခြင်းမှာ ပဉ္စက သည်းခြေအား နည်းခြင်း၌ အကြောင်းခံသည်။ စပါးကြီးသည်းခြေ သည် တောက်ပနေပြီး၊ လပြည့်ညများတွင်ပြည့် တင်းဖောင်းကားလျက် အရည်လည်နေသည်။ ထို သည်းခြေအားကောင်း၍ စပါးကြီးမှာ အိုရုပ်မ ပေါက်ဘဲ အရောင်အဝါများပင်ထွက်နေကြောင်း ပြောဆိုကြသည်။ သို့ပါ၍ စပါးကြီးသည်းခြေကို မှီဝဲလျှင် ကိုယ်ရည်ကိုယ်သွေးများကျဆင်းခြင်းမှ ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ကြံဆကြ သည်။ စပါးကြီးသည်းခြေနှင့် လူသား၏ သည်းခြေ ဖြစ်ထွန်း တည်နေဟန်ကို လေ့လာလျှင် များစွာ ကွာခြားနေခြင်းကို တွေ့ရသည်။ 

သက်ရွယ်အိုမင်းလာသောလူသည် မျက်စိ ဝေခြင်း၊ မှုန်ခြင်းမှ ကွယ်ခြင်းအထိ ဖြစ်ကြရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ လောစကသည်းခြေ အားနည်း လာသောကြောင့် ဖြစ်သည်ဟု အကြောင်းတစ်ရပ်ကို     ဆွဲထုတ် အဖြေရှာနိုင်သည်။ စပါးကြီးေ>မတို့ကား မျက်စိကို ကောင်းစွာအသုံးပြုသော သတ္တဝါဖြစ် သည်။ အာကာသဟင်းလင်းပြင်၏ ဖြူစင်ခြင်းကို နေရောင်၊ လရောင်အသုံးပြု၍ ဘဝနှင့်ချီသက်တမ်း တစ်လျှောက် သဘာဝအတိုင်း လေ့ကျင့်ထားကြ သည်။ လူတို့၏ လောစကသည်းခြေမှာအလွန်အား ကောင်းနေသည်ဟု ဆိုရမည်။ လူသားသည် အသက် အရွယ် ကြီးရင့်ခြင်းနှင့်အတူ လောစကသည်းခြေ အားနည်းပြီး မျက်စိချို့ယွင်းမှု အမြင်အာရုံဝေ၀ါးမှုများ ဖြစ်လာလေသည်။ ထိုလူအိုလူမင်းတို့အတွက် စပါး ကြီးသည်းခြေက ကူညီနိုင်ပေသည်။ 

ချုပ်၍ဆိုသော် လူအိုလူမင်းတို့သည် သွေး အားလေအား ယုတ်လျော့ခြင်း၊ အကျိုးပြုသည်းခြေ များ အားနည်းလာခြင်းနှင့် သည်းခြေငုပ်၍ အထွေ ထွေအင်အား ကျဆင်းလာကြသည်။ ထိုအိုမင်းနေ သော ဇာရာ၏ ဝါးမျိုခံလူသားအတွက် အားကိုးစရာ ပကတိအာဟာရမှာ စပါးကြီးသည်းခြေနှင့် ဖော်စပ် သော ပျားရည်စစ်စစ်ဖြစ်သည်။ ပကတိအာဟာရဆို သည်မှာ တုပ၍မရသော သဘာဝဓာတ်ဟု ဆိုလို သည်။ စပါးကြီးသည်းခြေကို စနစ်တကျ ပုံမှန်မှီဝဲ နိုင်လျှင် လူသား၏သည်းခြေ ငါးမျိုးတို့ လှုပ်ရှားကျန်း မာပြီး ဇရာနှင့် ဗျာဝိ မရဏတရားတို့ကို တည်ငြိမ် စွာဖြတ်သန်းနိုင်ကောင်း၏ဟု ဆိုချင်ပါသည်။ 

 

မေတ္တာရည်လျက်

မျိုးတင့်

(ညောင်လေးပင်)

 

 

 

Share