အစွမ်းထက်သော ငွေဝင်နည်း
တော်တော်လေး အစွမ်းထက်တဲ့ငွေဝင်နည်း လေးတစ်ခုပါ။ မိမိဘဝမှာ ရရန်ရှိတဲ့ အခွင့်အရေး တွေ မရသေးတာတွေ၊ လာတ်လာဘပိတ်နေတာ တွေ၊ မြုပ်နေတဲ့ငွေတွေ အမြန်ဆုံး ပြန်ပေါ်လာ အောင် ပြုလုပ်ရတဲ့ယတြာလေးပါပဲ။
လက်တွေ့ လုပ်လို့ အောင်မြင်သွားလို့လာပြန်ပြီး အကြောင်း ကြားတာ လူပေါင်းမနည်းတော့ပါဘူး။ ရာဂဏန်း ထက် မနည်းတော့ပါဘူး။ ယုံယုံကြည်ကြည်နဲ့ ပြု လုပ်ဖို့ပဲ အရေးကြီးတာပါ။
လပြည့်နေ့ နံနက်စောစောတွင် မြေအောက် (သို့) ရေအောက်တွင် နစ်မြုပ်နေသော ကျောက်တုံး တစ်တုံးအား ဖော်ပါ။
ရေဆေးသန့်စင်ပါ။ ငွေမှင်ရောင် လေးငါး ထပ် ဆေးမှုတ်ပါ။ အရောင်တစ်လက်လက် ဖြစ် သည်ထိ ဆေးမှုတ်ပါ။ ငွေမှင်ရောင် သုတ်ထားသော ကျောက်တုံးအား တနင်္လာနေ့နေ့ ၁၁ နာရီအချိန် တွင် ဘဏ်တစ်ခု၏ ငွေသွင်းငွေထုတ်ရာ အနီး တစ်ဝိုက်တွင်ရှိ စားပွဲတစ်လုံး(သို့) ကောင်တာပေါ်တွင် ခဏတင်ထားပေးပါ။
ငွေများများရှိသောနေရာမှ ဟိတ်ကိုယူခြင်း ဖြစ်သည်။ မိမိမွေးနေ့နံနက်မှစ၍ မိမိအိမ်၊ ဈေးဆိုင်၊ ရုံးခန်း အစရှိသည့် ဘုရားကျောင်းဆောင်ရှေ့တွင် ရွှေနားရစ်ထားသော ကြွေပန်းကန်ပေါ်တွင် ငွေမှင် သုတ်ထားသော ကျောက်တုံးကိုတင်ပါ။ ကျောက် တုံးပေါ်တွင် အစိမ်းရောင် ဖယောင်းတိုင် တစ်တိုင် ထွန်း၍ အိမ်ရှိဘုရားအား နံနက် ညပူဇော်ပေးပါ။
ပူဇော်နေစဉ်အချိန် ရှင်သီဝလိ ဆယ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ထူး ထူးခြားခြား လာဘ်လာဘ ပွင့်လန်း လာသည်ကိုအံ့သြဖွယ်ရာကြုံတွေ့ ရပါမည်။
လင်းညို့တာရာ
Zawgyi Version
-လင်းညို့တာရာ-
*****************
လင်းညို့တာရာ
Share