“ကိုကျော်မောင်စိန် ကိုကျော်မောင်စိန်”

ဟု ကလေးတစ်သိုက်၏စနောက်အော်ဟစ်သံများနောက်တွင် ကုလားသံဝဲဝဲ အသံတုန်တုန်နှင့် ဆဲဆိုသံကြားရလျှင် ကျောင်းစောင့်ကုလားကြီး ဦးမောင်စိန်အား အိမ် ထောင်သည်လိုင်းခန်းမှ စစ်သား သားသမီးကလေး ငယ်များက လိုက်လံစနောက်နေခြင်း ဖြစ်ကြောင်း သိနိုင်သည်။

 

ထိုကလေးအုပ်၏ ထိပ်ဆုံးတွင် ဆရာမောင် အေး၏သားအလတ် ထွန်းငယ်ကိုတွေ့ရမည်။ အကြီး နှင့် အငယ်ကအေးသလောက် ဒင်းက တကယ့် မျောက်မူးလဲကလေးမို့ ဆော့တာအပြစ်မဟုတ်ဟု ဆိုရန်ရှိငြား ရွယ်တူချင်းများနှင့် ရန်မကြာခဏဖြစ် သေး၏။

မဖြစ်တော့ဒီကောင်ကို အရွယ်တူချင်းဆော့ ကစားခွင့်ပိတ်မှ ဖြစ်မည်။

“ဟေ့ကောင် ထွန်းငယ် ...မင်းဒီနေ့ကစပြီး ဘယ်ကလေးနဲ့မှ မဆော့ရဘူး ဒါ အမိန့်ပဲ”စစ်သား သားသမီးမို့ အမိန့်ကိုငြင်းဆန်ခွင့် မရှိကြောင်းနား လည်ထားသော်လည်း -

“ရွယ်တူချင်း မဆော့ရရင် သားဘယ်သူ နဲ့ဆော့ရမှာလဲ” ဆရာမောင်အေးလည်း ရဲဝံ့ထက် မြတ်သည့် သားကိုကြည့်၍ ပြုံးပြီး -

“ကိုကျော်မောင်စိန်နဲ့ ဆော့ကွာ”

“ကိုကျော်မောင်စိန်က သားကိုတွေ့ရင် ခဲနဲ့ ပေါက်တာ အဖေ”

ပေါက်မည်ပေါ့ ဒင်းကစတာကိုး။

“မင်းမစရင် ပေါက်မလားကွ”

ထွန်းငယ်လည်း ယတိပြတ်ဆုံးဖြတ်လိုက် ဟန်နှင့် -

“အဲဒါဆို သားနဲ့ဆော့ဖို့ ကိုကျော်မောင်စိန်ကိုအဖေ လိုက်ပြောပေး” ကိုယ်စတဲ့ ဇာတ်ပြီးအောင် ကရတော့မည်။

“အေး လာကွာ”

ကိုကျော်မောင်စိန်၏အမည်ရင်းက မောင်စိန်   တပ်ဝင်းအတွင်းရှိ စာသင်ကျောင်းအစောင့်၊ ယခု အသက်(၆၀)ကျော်ပြီမို့ တာဝန်မပေးတော့။ သို့သော် သူ့မှာက ဆွေမရှိမျိုးမရှိမို့ တပ်က သနားသဖြင့် ကျောင်းဝင်းထောင့်မှာ လူနေအိမ်လေးတွင် ဆက် နေခွင့်ပေးထားသဖြင့် လခမရတော့သော်လည်း   တပ်တစ်ဝင်းလုံးမသိသူ မရှိမို့ ဟိုအိမ် ဒီအိမ်မှပေးစာကမ်းစာလေးနှင့် အသက်ဆက်နေရသူဖြစ်ပြီး စစ်  တပ်တွင် အနေကြာ၍ ဆရာ၊ ဆရာကြီးများကို လေး စား၏။

“ဦးမောင်စိန် ကျွန်တော့်သား ခင်ဗျားဆီလာရင် စောင့်ရှောက်ပေးပါဗျာ”

ဆရာမောင်အေး၏စကားကို ကိုကျော်မောင် စိန်က မတ်တပ်ရပ် သတိဆွဲနားထောင်ရင်း “ဟုတ်” ဟုဆိုသော်လည်း ထွန်းငယ်ကိုတော့ ခပ်လန့်လန့် ထိုနေ့မှစ၍ ကိုကျော်မောင်စိန်နှင့် ထွန်းငယ်သူငယ် ချင်းဖြစ်လေသည်။

နွေရာသီရက်ရှည်ကျောင်းပိတ်ရက်ကုန်၍ ကျောင်းများပြန်တက်ရတော့ ထွန်းငယ်မှာ လေးတန်း အစိုးရစစ်ဖြစ်သဖြင့် ကျောင်းကပြန်ရောက်သည်နှင့် မိခင်က စာအုပ်တန်းကိုင်ခိုင်းထားသဖြင့် ကိုကျော် မောင်စိန်၏တဲသို့ ပင်မသွားနိုင်၊ တစ်နေ့ထွန်းငယ် ရေချိုးမှားပြီး ဖျားရာမှအပူကြီးသဖြင့် တပ်ဆေးရုံ တက်ရ၏။

ဆေးရုံ၏ လေအကွယ်ဆုံး နေရာဖြစ်သော အိပ်ရာဘက် ခုတင်သုံးလုံးတန်းတွင် ထွန်းငယ်က ညာဘက်ထောင့်ကုတင် လူနာစောင့်အဖြစ်ဖခင် ဆရာမောင်အေးက အလယ်ခုတင်၊ ဘယ်ဘက် ထောင့်မှာက ကုတင်မရှိနေရာလွတ်၊ ထိုည ၁၀ နာရီထိုးမှ အရေးပေါ် တပ်ခွဲထွက်ရမည်ဆိုကာ ဆရာ မောင်အေးကိုလာအကြောင်းကြား၍ အဖျားလည်း ကျစပြု အကြောက်အလန့်လည်းမရှိသော သားကို နိုးပြောပြီး ထလိုက်သွားတော့သည်။

ဓာတ်ဆားရည်တွေသောက်ထား၍ ဆီးသွား ချင်သဖြင့် ထွန်းငယ် အိမ်သာ လူကြုံစောင့်နေစဉ် “ကျွိ” ဟောလေးလုံးတွဲအိမ်သာခန်းများ အဝင်တံခါး မကြီးဖွင့်သံ “ဖလပ် ဖလပ်”အိမ်သာခန်းများ ရှေ့ သံမံတလင်းပေါ်မှ ရေစပ်စက်ကိုဖိနပ်နှင့် လျှောက် နင်းသွားသံ ...ထွန်းငယ်ထသွားပြီး တံခါးမကြီးကို ဖွင့်၏။

တောက်လျှောက်မြင်နေရသော အိမ်သာတံ ခါးလေးချပ်လုံးပွင့်လျက်။ မရှိမည်သူမျှမရှိ။ကြက်သီး ဖြန်းခနဲ ထသွား၍ အသာပြန်လာ၏။ “ဗွမ်း ဗွမ်း” သေချာပြီ ကိစ္စပြီး၍ ရေလောင်းသံ အမှီသုတ်ခနဲသွား ကြည့်၏။ မတွေ့မရှိပြန်လာ၏။ “ဖတ် ဖတ်” ဒီတစ် ခါ အိမ်သာထဲမဝင်မီ တစ်ခါတည်းလိုက်သွားမည်။ အပြေးသွား၏။ ထောင့်ချိုးကွေ့ရုံရှိသေး သူ့နံဘေး ကို အဝတ်ထူထူတစ်ခုက ရိုက်ခတ်သွားသလို အတွေ့နှင့်အတူ အများနှင့်မတူ ကွဲကွဲပြားပြားရှိသည့် ချဉ်စူးစူးချွေးနံ့၊ အကောင်အထည်မမြင်ရဘဲ လျှောက် သွားသည့်ခြေသံ၊ သံမံတလင်းပေါ်တွင် ကျန်ရစ် သည့် ခပ်စောင်းစောင်း ရေစိုဖိနပ်ရာများ၊

မတတ်နိုင်၊ ဆီးထွက်ကျတော့မည်မို့ အိမ် သာခန်းတံခါးမကြီးဖွင့်ပြီး အဝတွင်ပေါက်ချလိုက် တော့သည်။ သူ့ခုတင်ဝန်းကျင်တွင် ခြေသံတဖတ် ဖတ်နှင့် ယဉ်ပါးနေသည့် ချွေးနံ့၊ လေးလံလှသော အဝတ်နှင့် ခုတင်တို့ ရိုက်ခတ်သွားသံတို့ တစ်ညလုံး လုံး။

မနက်မိုးလင်းသည်နှင့် ယူနီဖောင်းပင်မချွတ်  ဆရာမောင်အေး ဆေးရုံသို့ရောက်ရှိလာ၏။ သား ဆီအရောက်

“အဖေ ...ညက သားကိုသရဲခြောက်တယ်။ အဲဒီသရဲက ကိုကျော်မောင်စိန်နဲ့ တော်တော်တူ တယ်”ဆရာမောင်အေးလည်း သူညက စောင့်မအိပ်နိုင်ခဲ့တာကို စိတ်မကောင်းဖြစ်ပြီး -

“သားကိုယ်ပူပြီး အမြင်မှားတာ နေမှာပါ။ ကိုကျော်မောင်စိန်က ကျောင်းမှာဟာကို” ထွန်းငယ်ခေါင်းခါယမ်းပြီး -

“မမှားဘူး အဖေကိုကျော်မောင်စိန်ရဲ့ ကိုယ်နံ့၊ ထင်ကျန်တဲ့ခြေရာ စောင်းစောင်း၊ နောက်ပြီး သူ့ကုတ်အင်္ကျီကြီးနဲ့တောင် သားထိမိသေးတယ်”

သူတို့သားအဖစကားပြောနေစဉ် ဆရာဝန် ဗိုလ်ကြီးနှင့် ဆေးတပ်သားရဲဘော်တို့ ရောက်လာပြီး ထွန်းငယ်ကို ကိုယ်ပူတိုင်းကာ ဗိုလ်ကြီးက -

“ကဲဆရာမောင်အေး ...ခင်ဗျားသားကို အိမ်ပြန်ခေါ်သွားလို့ရပါပြီ”ဟုဆိုကာ ဆေးတပ်သား နှင့်အတူပြန်လှည့်သွားရင်း 

“ရဲဘော် ဒီထောင့်က ကိုကျော်မောင်စိန် သေထားတဲ့ခုတင်နေရာပြန်ထားတာ ပြန်ထားလိုက်ပါ” ဆရာမောင်အေးလည်း အံ့ ဩသွားပြီး နောက်ကျန်ရစ်သော ဆေးတပ်သားအား-

“ညီလေး ...ဒီနေရာလွတ်က ခုတင်မှာ ကိုကျော်မောင်စိန် သေသွားတယ်ဟုတ်လား”  ဆေး တပ်သားက -

“ဟုတ်တယ် ဆရာ ...ဝမ်းကိုက်ပိုးဝင်ပြီး မနေ့က မနက်ပိုင်းမှာ ဆုံးတာ။ ဆေးရုံရောက်ပြီး နာရီပိုင်းပဲခံတယ်”

“ဟေ”

ဆရာမောင်အေး လန့်သွားပြီး တဆက် တည်း ဆုံးဖြတ်လိုက်သည်။ ထွန်းငယ်ကို အိမ်ပြန်ပို့ ပြီးလျှင် ကိုကျော်မောင်စိန်၏ တဲသို့သွား၍ သူ့သား နှင့် လုံးဝ လာမပတ်သက်ရန် အမိန့်ပြန်ရမည်။

 

မှတ်ချက်

ထွန်းငယ်မှာ စာရေးသူဖြစ်ပြီး ကိုယ်တွေ့ ဖြစ်ရပ်မှန်အား အမည်ရင်းများအတိုင်းရေးပါသည်။

 

ယမုံနာ(သန်လျင်)

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဆရာ ယမုံနာ(သန်လျင်)၏ အမိန့်အမည်ရှိ စာမူမှာ စိတ်ဝင်စားစရာကောင်းသော စာမူတစ်ပုဒ် ဖြစ်သည်။ စစ်တပ်တွင် အမိ်န့်ဆိုလျှင် ငြင်းဆန်ခွင့် မရှိ။ စောဒကတက်ခွင့်မရှိ။ မလွဲမသွေ လိုက်နာရ မည်သာဖြစ်သည်။ ထိုအမိန့်ကို မပြင်ဆင်သမျှ (သို့) တာဝန်မပြီးဆုံးသမျှ အထက်မှပေးသော အမိန့်သည်   အတည်ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ ရှောင်လွဲ ခွင့်မရှိပေ။

ယခုလည်း ထွန်းငယ်ဆိုသော ကလေးအား ဖခင်ဖြစ်သူ ဆရာမောင်အေးက ကျောင်းစောင့် ဟောင်းကြီး ကျော်မောင်စိန်အား စောင့်ရှောက်ရန် အမိန့်ပေးသည်။ ကျော်မောင်စိန်ကိုယ်တိုင်လည်း စစ်ထုံးစံအတိုင်း မတ်တပ်ရပ်သတိဆွဲ၍ နာခံသည်။ တကယ်တော့ ထွန်းငယ်ကလေးကို အစသန် အနောက်သန်သောကြောင့် ကျော်မောင်စိန် မနှစ်မြို့ လှသော်လည်း အထက်လူကြီးပေးသည့် အမိန့်မို့ မငြင်းသာဘဲ လက်ခံခဲ့ရခြင်းဖြစ်သည်။

သို့နှင့် ထွန်းငယ်နှင့် ကျော်မောင်စိန်သည် အနေနီးရာမှ ခင်မင်ရင်းနှီးသွားသည်။ နွေရာသီ ကျောင်းပိတ်ရက် ထွန်းငယ် အပူကြီးပြီးဖျားသော ကြောင့်ဆေးရုံတက်ရသည်။ ဆေးရုံလိုက်စောင့်သော ဖခင်ဖြစ်သူ ဆရာမောင်အေးအရေးပေါ်တာဝန်ဖြင့် ညတွင်းချင်းထွက်ရသဖြင့် လူနာစောင့်မရှိဘဲ ထွန်း ငယ် တစ်ယောက်တည်း ဆေးရုံမှာရှိနေစဉ် ဝမ်း ကိုက်ရောဂါပိုး ကူးစက်ခံရပြီး ကျော်မောင်စိန်သေ ဆုံးရှာသည်။ ကျော်မောင်စိန်၏ ဝိÓာဉ်သည် လူ့ဘဝ   က သူ့ကိုအထက်လူကြီးပေးထားသည့် အမိန့်အတိုင်း ထွန်းငယ်လေးအနီးမှ မခွာဘဲ စောင့်ရှောက်နေ၏။

ထို့ကြောင့် ထွန်းငယ်ကလေးမှာ ကျော်မောင် စိန်၏ ချွေးနံ့ရခြင်း၊ ရေစိုထဲ နင်းလျှောက်သွားသည့်    ခြေသံတဖျက်ဖျက်ကြားရခြင်း၊ ခြေဖဝါးခပ်စောင်း စောင်းဖြစ်နေသော ကျော်မောင်စိန်၏ ဖိနပ်ခြေရာ တွေ့ရခြင်းစသည်ဖြင့် ကြုံရခြင်းဖြစ်သည်။ ကျော် မောင်စိန်သည် သူသက်ရှိထင်ရှားရှိစဉ်က တာဝန်ပေး ခဲ့သော အမိန့်အတိုင်း ဝိညာဉ်ဘဝရောက်သည်ထိ လိုက်နာဆောင်ရွက်နေခြင်း ဖြစ်၏။

သို့ဖြစ်၍ ထွန်းငယ်၏ ဖခင် ဆရာမောင်အေး   က သားဖြစ်သူ ထိတ်လန့်မည်ကို စိုးရိမ်လျက် သေ ဆုံးပြီဖြစ်သော ကျော်မောင်စိန်၏ တဲသို့ အပြေး အလွှားသွားလျက် ဘဝခြားသွားပြီမို့ ထွန်းငယ်အား စောင့်ရှောက်ရန်မလိုတော့ပြီ၊ သွားလိုရာသွား လွတ် လပ်စွာသွားနိုင်ပြီဖြစ်ကြောင်း အမိန့်ပြန်လိုက်မှသာ လျှင် ကျော်မောင်စိန်၏ဝိညာဉ်မှာပြုခဲ့သော ကံ၏ အကျိုးပေးအတိုင်းဘုံတစ်ခုသို့ လားရောက်ရလိမ့်မည် ထင်၏။

 

ဒိဗ္ဗာန်(ဂမ္ဘီရ)

 

Zawgyi Version

အမိန္႔

ယမံုနာ (သန္လ်င္)

 

“ကိုေက်ာ္ေမာင္စိန္ ကိုေက်ာ္ေမာင္စိန္”

ဟု ကေလးတစ္သိုက္၏စေနာက္ေအာ္ဟစ္သံမ်ားေနာက္တြင္ ကုလားသံဝဲဝဲ အသံတုန္တုန္ႏွင့္ ဆဲဆိုသံၾကားရလွ်င္ ေက်ာင္းေစာင့္ကုလားႀကီး ဦးေမာင္စိန္အား အိမ္ ေထာင္သည္လိုင္းခန္းမွ စစ္သား သားသမီးကေလး ငယ္မ်ားက လိုက္လံစေနာက္ေနျခင္း ျဖစ္ေၾကာင္း သိႏိုင္သည္။

ထိုကေလးအုပ္၏ ထိပ္ဆံုးတြင္ ဆရာေမာင္ ေအး၏သားအလတ္ ထြန္းငယ္ကိုေတြ႕ရမည္။ အႀကီး ႏွင့္ အငယ္ကေအးသေလာက္ ဒင္းက တကယ့္ ေမ်ာက္မူးလဲကေလးမို႔ ေဆာ့တာအျပစ္မဟုတ္ဟု ဆိုရန္ရွိျငား ရြယ္တူခ်င္းမ်ားႏွင့္ ရန္မၾကာခဏျဖစ္ ေသး၏။

မျဖစ္ေတာ့ဒီေကာင္ကို အရြယ္တူခ်င္းေဆာ့ ကစားခြင့္ပိတ္မွ ျဖစ္မည္။

“ေဟ့ေကာင္ ထြန္းငယ္ ...မင္းဒီေန႔ကစၿပီး ဘယ္ကေလးနဲ႔မွ မေဆာ့ရဘူး ဒါ အမိန္႔ပဲ”စစ္သား သားသမီးမို႔ အမိန္႔ကိုျငင္းဆန္ခြင့္ မရွိေၾကာင္းနား လည္ထားေသာ္လည္း -

“ရြယ္တူခ်င္း မေဆာ့ရရင္ သားဘယ္သူ နဲ႔ေဆာ့ရမွာလဲ” ဆရာေမာင္ေအးလည္း ရဲဝံ့ထက္ ျမတ္သည့္ သားကိုၾကည့္၍ ၿပံဳးၿပီး -

“ကိုေက်ာ္ေမာင္စိန္နဲ႔ ေဆာ့ကြာ”

“ကိုေက်ာ္ေမာင္စိန္က သားကိုေတြ႕ရင္ ခဲနဲ႔ ေပါက္တာ အေဖ”

ေပါက္မည္ေပါ့ ဒင္းကစတာကိုး။

“မင္းမစရင္ ေပါက္မလားကြ”

ထြန္းငယ္လည္း ယတိျပတ္ဆံုးျဖတ္လိုက္ ဟန္ႏွင့္ -

“အဲဒါဆို သားနဲ႔ေဆာ့ဖို႔ ကိုေက်ာ္ေမာင္စိန္ကိုအေဖ လိုက္ေျပာေပး” ကိုယ္စတဲ့ ဇာတ္ၿပီးေအာင္ ကရေတာ့မည္။

“ေအး လာကြာ”

ကိုေက်ာ္ေမာင္စိန္၏အမည္ရင္းက ေမာင္စိန္   တပ္ဝင္းအတြင္းရွိ စာသင္ေက်ာင္းအေစာင့္၊ ယခု အသက္(၆၀)ေက်ာ္ၿပီမို႔ တာဝန္မေပးေတာ့။ သို႔ေသာ္ သူ႔မွာက ေဆြမရွိမ်ိဳးမရွိမို႔ တပ္က သနားသျဖင့္ ေက်ာင္းဝင္းေထာင့္မွာ လူေနအိမ္ေလးတြင္ ဆက္ ေနခြင့္ေပးထားသျဖင့္ လခမရေတာ့ေသာ္လည္း   တပ္တစ္ဝင္းလံုးမသိသူ မရွိမို႔ ဟိုအိမ္ ဒီအိမ္မွေပးစာကမ္းစာေလးႏွင့္ အသက္ဆက္ေနရသူျဖစ္ၿပီး စစ္  တပ္တြင္ အေနၾကာ၍ ဆရာ၊ ဆရာႀကီးမ်ားကို ေလး စား၏။

“ဦးေမာင္စိန္ ကြ်န္ေတာ့္သား ခင္ဗ်ားဆီလာရင္ ေစာင့္ေရွာက္ေပးပါဗ်ာ”

ဆရာေမာင္ေအး၏စကားကို ကိုေက်ာ္ေမာင္ စိန္က မတ္တပ္ရပ္ သတိဆြဲနားေထာင္ရင္း “ဟုတ္” ဟုဆိုေသာ္လည္း ထြန္းငယ္ကိုေတာ့ ခပ္လန္႔လန္႔ ထိုေန႔မွစ၍ ကိုေက်ာ္ေမာင္စိန္ႏွင့္ ထြန္းငယ္သူငယ္ ခ်င္းျဖစ္ေလသည္။

ေႏြရာသီရက္ရွည္ေက်ာင္းပိတ္ရက္ကုန္၍ ေက်ာင္းမ်ားျပန္တက္ရေတာ့ ထြန္းငယ္မွာ ေလးတန္း အစိုးရစစ္ျဖစ္သျဖင့္ ေက်ာင္းကျပန္ေရာက္သည္ႏွင့္ မိခင္က စာအုပ္တန္းကိုင္ခိုင္းထားသျဖင့္ ကိုေက်ာ္ ေမာင္စိန္၏တဲသို႔ ပင္မသြားႏိုင္၊ တစ္ေန႔ထြန္းငယ္ ေရခ်ိဳးမွားၿပီး ဖ်ားရာမွအပူႀကီးသျဖင့္ တပ္ေဆး႐ံု တက္ရ၏။

ေဆး႐ံု၏ ေလအကြယ္ဆံုး ေနရာျဖစ္ေသာ အိပ္ရာဘက္ ခုတင္သံုးလံုးတန္းတြင္ ထြန္းငယ္က ညာဘက္ေထာင့္ကုတင္ လူနာေစာင့္အျဖစ္ဖခင္ ဆရာေမာင္ေအးက အလယ္ခုတင္၊ ဘယ္ဘက္ ေထာင့္မွာက ကုတင္မရွိေနရာလြတ္၊ ထိုည ၁၀ နာရီထိုးမွ အေရးေပၚ တပ္ခြဲထြက္ရမည္ဆိုကာ ဆရာ ေမာင္ေအးကိုလာအေၾကာင္းၾကား၍ အဖ်ားလည္း က်စျပဳ အေၾကာက္အလန္႔လည္းမရွိေသာ သားကို ႏိုးေျပာၿပီး ထလိုက္သြားေတာ့သည္။

ဓာတ္ဆားရည္ေတြေသာက္ထား၍ ဆီးသြား ခ်င္သျဖင့္ ထြန္းငယ္ အိမ္သာ လူႀကံဳေစာင့္ေနစဥ္ “ကြ်ိ” ေဟာေလးလံုးတြဲအိမ္သာခန္းမ်ား အဝင္တံခါး မႀကီးဖြင့္သံ “ဖလပ္ ဖလပ္”အိမ္သာခန္းမ်ား ေရွ႕ သံမံတလင္းေပၚမွ ေရစပ္စက္ကိုဖိနပ္ႏွင့္ ေလွ်ာက္ နင္းသြားသံ ...ထြန္းငယ္ထသြားၿပီး တံခါးမႀကီးကို ဖြင့္၏။

ေတာက္ေလွ်ာက္ျမင္ေနရေသာ အိမ္သာတံ ခါးေလးခ်ပ္လံုးပြင့္လ်က္။ မရွိမည္သူမွ်မရွိ။ၾကက္သီး ျဖန္းခနဲ ထသြား၍ အသာျပန္လာ၏။ “ဗြမ္း ဗြမ္း” ေသခ်ာၿပီ ကိစၥၿပီး၍ ေရေလာင္းသံ အမွီသုတ္ခနဲသြား ၾကည့္၏။ မေတြ႕မရွိျပန္လာ၏။ “ဖတ္ ဖတ္” ဒီတစ္ ခါ အိမ္သာထဲမဝင္မီ တစ္ခါတည္းလိုက္သြားမည္။ အေျပးသြား၏။ ေထာင့္ခ်ိဳးေကြ႕႐ံုရွိေသး သူ႕နံေဘး ကို အဝတ္ထူထူတစ္ခုက ႐ိုက္ခတ္သြားသလို အေတြ႕ႏွင့္အတူ အမ်ားႏွင့္မတူ ကြဲကြဲျပားျပားရွိသည့္ ခ်ဥ္စူးစူးေခြ်းနံ႔၊ အေကာင္အထည္မျမင္ရဘဲ ေလွ်ာက္ သြားသည့္ေျခသံ၊ သံမံတလင္းေပၚတြင္ က်န္ရစ္ သည့္ ခပ္ေစာင္းေစာင္း ေရစိုဖိနပ္ရာမ်ား၊

မတတ္ႏိုင္၊ ဆီးထြက္က်ေတာ့မည္မို႔ အိမ္ သာခန္းတံခါးမႀကီးဖြင့္ၿပီး အဝတြင္ေပါက္ခ်လိုက္ ေတာ့သည္။ သူ႕ခုတင္ဝန္းက်င္တြင္ ေျခသံတဖတ္ ဖတ္ႏွင့္ ယဥ္ပါးေနသည့္ ေခြ်းနံ႔၊ ေလးလံလွေသာ အဝတ္ႏွင့္ ခုတင္တို႔ ႐ိုက္ခတ္သြားသံတို႔ တစ္ညလံုး လံုး။

မနက္မိုးလင္းသည္ႏွင့္ ယူနီေဖာင္းပင္မခြ်တ္  ဆရာေမာင္ေအး ေဆး႐ံုသို႔ေရာက္ရွိလာ၏။ သား ဆီအေရာက္

“အေဖ ...ညက သားကိုသရဲေျခာက္တယ္။ အဲဒီသရဲက ကိုေက်ာ္ေမာင္စိန္နဲ႔ ေတာ္ေတာ္တူ တယ္”ဆရာေမာင္ေအးလည္း သူညက ေစာင့္မအိပ္ႏိုင္ခဲ့တာကို စိတ္မေကာင္းျဖစ္ၿပီး -

“သားကိုယ္ပူၿပီး အျမင္မွားတာ ေနမွာပါ။ ကိုေက်ာ္ေမာင္စိန္က ေက်ာင္းမွာဟာကို” ထြန္းငယ္ေခါင္းခါယမ္းၿပီး -

“မမွားဘူး အေဖကိုေက်ာ္ေမာင္စိန္ရဲ႕ ကိုယ္နံ႔၊ ထင္က်န္တဲ့ေျခရာ ေစာင္းေစာင္း၊ ေနာက္ၿပီး သူ႕ကုတ္အက်ႌႀကီးနဲ႔ေတာင္ သားထိမိေသးတယ္”

သူတို႔သားအဖစကားေျပာေနစဥ္ ဆရာဝန္ ဗိုလ္ႀကီးႏွင့္ ေဆးတပ္သားရဲေဘာ္တို႔ ေရာက္လာၿပီး ထြန္းငယ္ကို ကိုယ္ပူတိုင္းကာ ဗိုလ္ႀကီးက -

“ကဲဆရာေမာင္ေအး ...ခင္ဗ်ားသားကို အိမ္ျပန္ေခၚသြားလို႔ရပါၿပီ”ဟုဆိုကာ ေဆးတပ္သား ႏွင့္အတူျပန္လွည့္သြားရင္း 

“ရဲေဘာ္ ဒီေထာင့္က ကိုေက်ာ္ေမာင္စိန္ ေသထားတဲ့ခုတင္ေနရာျပန္ထားတာ ျပန္ထားလိုက္ပါ” ဆရာေမာင္ေအးလည္း အံ့ ဩသြားၿပီး ေနာက္က်န္ရစ္ေသာ ေဆးတပ္သားအား-

“ညီေလး ...ဒီေနရာလြတ္က ခုတင္မွာ ကိုေက်ာ္ေမာင္စိန္ ေသသြားတယ္ဟုတ္လား”  ေဆး တပ္သားက -

“ဟုတ္တယ္ ဆရာ ...ဝမ္းကိုက္ပိုးဝင္ၿပီး မေန႔က မနက္ပိုင္းမွာ ဆံုးတာ။ ေဆး႐ံုေရာက္ၿပီး နာရီပိုင္းပဲခံတယ္”

“ေဟ”

ဆရာေမာင္ေအး လန္႔သြားၿပီး တဆက္ တည္း ဆံုးျဖတ္လိုက္သည္။ ထြန္းငယ္ကို အိမ္ျပန္ပို႔ ၿပီးလွ်င္ ကိုေက်ာ္ေမာင္စိန္၏ တဲသို႔သြား၍ သူ႕သား ႏွင့္ လံုးဝ လာမပတ္သက္ရန္ အမိန္႔ျပန္ရမည္။

 

မွတ္ခ်က္

ထြန္းငယ္မွာ စာေရးသူျဖစ္ၿပီး ကိုယ္ေတြ႕ ျဖစ္ရပ္မွန္အား အမည္ရင္းမ်ားအတိုင္းေရးပါသည္။

ယမံုနာ(သန္လ်င္)

 

မေနာမယဝိုင္းေတာ္ သား ဆရာဒိဗၺာန္(ဂမီၻရ)၏ ျပန္လည္သံုးသပ္ တင္ျပခ်က္ . .

ဆရာ ယမံုနာ(သန္လ်င္)၏ အမိန္႔အမည္ရွိ စာမူမွာ စိတ္ဝင္စားစရာေကာင္းေသာ စာမူတစ္ပုဒ္ ျဖစ္သည္။ စစ္တပ္တြင္ အမိ္န္႔ဆိုလွ်င္ ျငင္းဆန္ခြင့္ မရွိ။ ေစာဒကတက္ခြင့္မရွိ။ မလြဲမေသြ လိုက္နာရ မည္သာျဖစ္သည္။ ထိုအမိန္႔ကို မျပင္ဆင္သမွ် (သို႔) တာဝန္မၿပီးဆံုးသမွ် အထက္မွေပးေသာ အမိန္႔သည္   အတည္ျဖစ္သည္။ မည္သည့္နည္းႏွင့္မွ် ေရွာင္လြဲ ခြင့္မရွိေပ။

ယခုလည္း ထြန္းငယ္ဆိုေသာ ကေလးအား ဖခင္ျဖစ္သူ ဆရာေမာင္ေအးက ေက်ာင္းေစာင့္ ေဟာင္းႀကီး ေက်ာ္ေမာင္စိန္အား ေစာင့္ေရွာက္ရန္ အမိန္႔ေပးသည္။ ေက်ာ္ေမာင္စိန္ကိုယ္တိုင္လည္း စစ္ထံုးစံအတိုင္း မတ္တပ္ရပ္သတိဆြဲ၍ နာခံသည္။ တကယ္ေတာ့ ထြန္းငယ္ကေလးကို အစသန္ အေနာက္သန္ေသာေၾကာင့္ ေက်ာ္ေမာင္စိန္ မႏွစ္ၿမိဳ႕ လွေသာ္လည္း အထက္လူႀကီးေပးသည့္ အမိန္႔မို႔ မျငင္းသာဘဲ လက္ခံခဲ့ရျခင္းျဖစ္သည္။

သို႔ႏွင့္ ထြန္းငယ္ႏွင့္ ေက်ာ္ေမာင္စိန္သည္ အေနနီးရာမွ ခင္မင္ရင္းႏွီးသြားသည္။ ေႏြရာသီ ေက်ာင္းပိတ္ရက္ ထြန္းငယ္ အပူႀကီးၿပီးဖ်ားေသာ ေၾကာင့္ေဆး႐ံုတက္ရသည္။ ေဆး႐ံုလိုက္ေစာင့္ေသာ ဖခင္ျဖစ္သူ ဆရာေမာင္ေအးအေရးေပၚတာဝန္ျဖင့္ ညတြင္းခ်င္းထြက္ရသျဖင့္ လူနာေစာင့္မရွိဘဲ ထြန္း ငယ္ တစ္ေယာက္တည္း ေဆး႐ံုမွာရွိေနစဥ္ ဝမ္း ကိုက္ေရာဂါပိုး ကူးစက္ခံရၿပီး ေက်ာ္ေမာင္စိန္ေသ ဆံုးရွာသည္။ ေက်ာ္ေမာင္စိန္၏ ဝိÓာဥ္သည္ လူ႕ဘဝ   က သူ႕ကိုအထက္လူႀကီးေပးထားသည့္ အမိန္႔အတိုင္း ထြန္းငယ္ေလးအနီးမွ မခြာဘဲ ေစာင့္ေရွာက္ေန၏။

ထို႔ေၾကာင့္ ထြန္းငယ္ကေလးမွာ ေက်ာ္ေမာင္ စိန္၏ ေခြ်းနံ႔ရျခင္း၊ ေရစိုထဲ နင္းေလွ်ာက္သြားသည့္    ေျခသံတဖ်က္ဖ်က္ၾကားရျခင္း၊ ေျခဖဝါးခပ္ေစာင္း ေစာင္းျဖစ္ေနေသာ ေက်ာ္ေမာင္စိန္၏ ဖိနပ္ေျခရာ ေတြ႕ရျခင္းစသည္ျဖင့္ ႀကံဳရျခင္းျဖစ္သည္။ ေက်ာ္ ေမာင္စိန္သည္ သူသက္ရွိထင္ရွားရွိစဥ္က တာဝန္ေပး ခဲ့ေသာ အမိန္႔အတိုင္း ဝိညာဥ္ဘဝေရာက္သည္ထိ လိုက္နာေဆာင္ရြက္ေနျခင္း ျဖစ္၏။

သို႔ျဖစ္၍ ထြန္းငယ္၏ ဖခင္ ဆရာေမာင္ေအး   က သားျဖစ္သူ ထိတ္လန္႔မည္ကို စိုးရိမ္လ်က္ ေသ ဆံုးၿပီျဖစ္ေသာ ေက်ာ္ေမာင္စိန္၏ တဲသို႔ အေျပး အလႊားသြားလ်က္ ဘဝျခားသြားၿပီမို႔ ထြန္းငယ္အား ေစာင့္ေရွာက္ရန္မလိုေတာ့ၿပီ၊ သြားလိုရာသြား လြတ္ လပ္စြာသြားႏိုင္ၿပီျဖစ္ေၾကာင္း အမိန္႔ျပန္လိုက္မွသာ လွ်င္ ေက်ာ္ေမာင္စိန္၏ဝိညာဥ္မွာျပဳခဲ့ေသာ ကံ၏ အက်ိဳးေပးအတိုင္းဘံုတစ္ခုသို႔ လားေရာက္ရလိမ့္မည္ ထင္၏။

 

ဒိဗၺာန္(ဂမၻီရ)

 

Share