တစ်နေ့သ၌ ဆိပ်ကမ်းသာရွာ အောင်ဗောဓိ ဘုန်းကြီးကျောင်းတွင် စာရေးသူသည် ကပ္ပိယကြီး ဦးဖြူသီးနှင့် ဗဟုသုတဖြစ်ဖွယ်စကားများကို ပြောဆို နေခဲ့ပါသည်။

ထိုအချိန်တွင် ဦးချစ်မောင်ဆိုသော လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသူ ကျောင်းဒကာကြီး ရောက်လာခဲ့ပြီး ကပ္ပိယကြီး ဦးဖြူသီးအား သူ့တွင်ပေါက်နေသောအနာကို ပြသ ရင်း ကုသပေးပါရန် တောင်းပန်လေသည်။ 

သူ၏အနာမှာ ခြေသလုံးပေါ်တွင် ပေါက်နေ ပြီး ကွမ်းသီးလုံးပမာဏ ရှိသည်။ ရောင်ကိုင်းနေပြီး ပြည်များနှင့် ပြည့်တင်းလျက် အမြစ်တွယ်နေပါ သည်။ ဆေးခန်းတွင် သွားရောက်ခွဲစိတ်ပြီး အနာ တွင်းသို့ ပတ်တီးစများ ထိုးထည့်ထား၍ အနာမှာ အခေါင်းပေါက်ကြီး ဖြစ်နေသည်။ ဦးချစ်မောင်သည် ခြေထောက်ကို ကောင်းစွာ မထောက်နိုင်သော ကြောင့် တဖြည်းဖြည်းခြင်းသာ လမ်းလျှောက်နိုင် ပါသည်။ မြေးဖြစ်သူက ဆိုင်ကယ်နှင့်လိုက်ပို့ပေး၍သာ ကပ္ပိယ ကြီးထံ ရောက်လာနိုင်ခဲ့သည်။ ဝေဒနာကြောင့် ဦးချစ် မောင်၏ မျက်နှာမှာ ညှိုးလျော် လျက်ရှိပါသည်။ 

“အနာကတော့ အနာဆိုးပဲ ကပ္ပိယကြီးရယ်။ ခွဲစိတ်ပြီးဆေးထိုးဆေးစားကုသပေမယ့် မသက်သာ ပါဘူးဗျာ။ ပတ်တီးစတွေထိုးထည့်လိုက် ပြည်တွေ  ဖြစ်လာလိုက်နဲ့ အမြစ်မထွက်ဘဲ မပျောက်နိုင်အောင် ဖြစ်နေတာ နှစ်ပတ်သောက်ကြာပြီဗျ။ ပဲနှုတ်ချိန်လုပ် ငန်းမဝင်နိုင်ဘဲ သောကများလှတယ်ဗျာ။ အဲဒါနဲ့ပဲ ကပ္ပိယကြီးဆီ ရောက်အောင်လာပြီး အနာပြမှဖြစ် မယ်လို့ ဆုံးဖြတ်ခဲ့တာပါပဲဗျာ”ဟုပြောရာ ကပ္ပိယ ကြီးသည် အနာကို သေချာစွာ စစ်ဆေးကြည့်ရှု လေသည်။ 

“အေး ခင်ဗျားအနာက အမြစ်မထွက်ဘဲ ရှိနေတယ်ဗျ။ အမြစ်မထွက်ရင် မနာမကျက်ဘူးလေ။ သစ်ပင်တွေ အမြစ်မသေသမျှ အပင်မသေသလို ပေါ့။ အနာမှာလည်း အမြစ်တွယ်နေရင် မပျောက်ဘူး ဗျ၊ ဒါကြောင့်ပြောတာပေါ့ဗျာ သစ်ပင်မှာအမြစ် လူမှာ အချစ်တဲ့ဗျ။ သစ်ပင်ဟာ အမြစ်ကြောင့် ရှင် သန်ရသလို ပုထုဇဉ်လူသားတွေဟာလည်း သမုဒယ ဆိုတဲ့ ချစ်ခြင်း အမြစ်တွယ်နေသမျှ သံသရာကြီးက မထွက်မြောက်နိုင်ဘူးဆိုတာ အမှန်ပဲဗျ။ ဟဲ ဟဲ ကျုပ်က သမုဒယ ဆိုတဲ့ချစ်ခြင်းကို မပတ်သတ်နိုင် ပေမယ့် အနာမှာ အမြစ်တွယ်နေတာကိုတော့ မြန်မာ့ တိုင်းရင်းဆေးနည်းနဲ့ ကုစားဖယ်ထုတ်နိုင်တယ်ဗျ။ အမြစ်ထွက်မယ့် ဆေးနည်းကိုပြောပြမယ်၊ အရောင် ကျအောင်တော့ ဆေးခန်းမှာ ဆေးဆက်ထိုးပေါ့ဗျာ။ ခင်ဗျားရဲ့ အနာကို ဂရုစိုက်ရမယ်ဗျ။ အနာမန်းဝင်နေ တာ ဒုက္ခပေးတတ်တယ်”

“အနာမန်းဝင်နေတာကိုရော ဘယ်လိုလုပ် မလဲ ကပ္ပိယကြီးရယ်”

“တစ်ဆင့်စီ ပြောပြမှာပေါ့ ကျောင်းဒကာ ကြီးရယ်၊ လူတစ်ယောက်မှာ အနာရောဂါတစ်ခုကျ ရောက်လာပြီဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ရောဂါကို အရင်ရှင်းထုတ်ရတယ်ဗျာ။ ပြီးတော့မှ နောက်ရောဂါ ကို စဉ်းစားရတာလေ၊ ဥပမာဗျာ ခင်ဗျားဟာခေါင်း ကိုက်နေတယ်။ တုပ်ကွေး အဖျားလည်း ရှိနေတယ် ဆိုပါတော့ဗျာ။ ခေါင်းကိုက်တာက ဆင့်ပွားဖြစ် လာတဲ့ ရောဂါမဟုတ်ပါလားဗျ။ အဓိကကျတဲ့ တုပ် ကွေးဖျားကို အရင်ကုပေးရမှာဗျ။ တုပ်ကွေးရောဂါ ပျောက်ရင် ခေါင်းကိုက်တာလည်း ပျောက်သွားနိုင် တာပေါ့ဗျာ။ တုပ်ကွေးရောဂါပျောက်ပြီး ခေါင်းကိုက် တာ မပျောက်ရင်တော့ နောက်တစ်ဆင့် ထပ်စဉ်းစား ပြီး ကုသရတဲ့ သဘောမျိုးပေါ့ဗျာ။ ကဲအဲဒီတော့ အမြစ်ထွက်သွားအောင် ကျုပ်ပြောတာကို အရင် လုပ်ပေတော့ဗျာ”

“ဟုတ်ကဲ့ အမိန့်ရှိပါ ကပ္ပိယကြီးရယ်”

 

၁။ ငရုတ်ကောင်း တစ်ပဲသား

 

၂။ ထန်းလျက် တစ်ပဲသား အဲဒီနှစ်မျိုးကို ကြိတ်ပြီး အနာပေါ်မှာ အုံပေးလိုက်စမ်းပါဗျာ။ ဆေး မကွာကျသွားအောင်တော့ ကွမ်းအုပ်ပြီး အပေါ်က ပလာစတာ ကပ်ထားလိုက်ပေါ့။ ခြောက်သွားရင် ရေနည်းနည်း စွတ်ပေးရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားအနာထဲက အမြစ်က ထားချင်ပါတယ် ဆိုလို့ တောင် မနေတော့ပါဘူးဗျာ။ ကျုပ်ကိုယ်တွေ့ ဆေး နည်းပဲဗျ”

 

“ကျေးဇူးတင်လိုက်တာ ကပ္ပိယကြီးရယ်။ ဒီနည်းကို စောစောက သိရင် ဒီလောက် မခံရဘူးဗျ”

“အေးလေဗျ၊ လူတွေဟာ ကံတရားအတိုင်း ပဲ ဘဝကို ရှင်သန်လှုပ်ရှားနေကြရတာဆိုတော့ ခင်ဗျားနဲ့ကျုပ်ဟာ ဆိပ်ကမ်းသာရွာမှာ အတူနေထိုင် ကြပေမယ့် တွေ့ခွင့်မသာအောင် ကံတရားကြီးက ပိတ်ဆို့ထားတယ်ဆိုပါတော့ဗျာ။ ကဲဆက်နားထောင် ဦးဗျ ဒီကကျောင်းဆရာလည်း သေသေချာချာ မှတ် သွားဗျ။ ဒီဆေးနည်းက ခင်ဗျားအတွက် မမျှော် လင့်ဘဲ ဆေးနည်းတို ဆောင်းပါးတစ်ပုဒ်ရမယ့် ဆေးနည်း မဟုတ်လားဗျ”ဟု ပြောပါသည်။ ပြီးမှ ဆက်၍ အနာဝင်တဲ့ အကြောင်းပြောပြဦးမယ်ဗျ။ အနာဝင်ရင် မကုတတ်ရင် ကုရခက်တယ်ဗျ၊ အနာ ဆိုတာ ပရိယာယ်များတယ်နော်၊ လူတွေဟာ ဘယ် သူမှ အနာရောဂါမဖြစ်ချင်ကြဘူး။ အနာဖြစ်လာကြ ရတာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်း အပူအအေး မမျှတဘဲ ခန္ဓာနဲ့ ဥတု တိုက်ပွဲဖြစ်တာပဲဗျ။ လူတွေ မှာ သွေးလှည့်ပတ်မှု ရှိကြတယ် မဟုတ်လား၊ အဲဒီ သွေးလှည့်ပတ်မှုဟာ အပူတစ်လှည့် အအေးတစ် လှည့် ပုံမှန်စီးဆင်းနေရင် လူတွေကျန်းမာကြတယ်ဗျ။ အပူတွေချည်း များရင် လောင်ကျွမ်းတာပေါ့ဗျာ။ ခန္ဓာထဲမှာ အပူများနေရင် တစ်နေရာရာမှာ ဖောက် ပြန်ပြီး သွေးတွေ စုခဲသွားတယ်။ ပြီးတော့ အနာ ဖြစ်ကြတယ်ဗျ။ ခန္ဓာထဲမှာ အပူအပုပ်တွေကလည်း မစင်ကြယ်၊ ရာသီဥတုကလည်း မမျှတရင် အနာရ တာပဲ။ သဘာဝတစ်ခုက အပူကြောင့် လောင်ကျွမ်း တယ်။ အအေးကြောင့် ဆွေးမြေ့တယ်ဗျ။ ရေအိုး အောက်မှာ ခံထားတဲ့ ကရွတ်ခွေဟာ အစိုဓာတ်နဲ့ အမြဲထိတွေ့နေရတော့ ကြာရင်ဆွေးမြေ့သွားတာ ပေါ့။ ခန္ဓာမှာလည်း ဒီသဘောပဲဗျ။ အအေးကြောင့် လည်း ဒုက္ခရောက်၊ အပူကြောင့်လည်း ဒုက္ခရောက် ကြရလို့ ခန္ဓာရှိနေတာကို ကျုပ်တို့ ဗုဒ္ဓရှင်တော် မြတ်က ဒုက္ခတုံးကြီးလို့ ဟောတော်မူတာပေါ့ဗျာ။

ကပ္ပိယကြီးသည် စကားတစ်လုံးစမိပြီဆိုလျှင် သူ၏ထုံးစံအတိုင်း လေကြောရှည်နေပါတော့သည်။ စာရေးသူက သူ့သဘာဝကိုသိ၍ -

“အနာဝင်တဲ့အကြောင်းလေး ဆက်ပြီး ပြော ပါဦး ကပ္ပိယကြီးရယ်”ဟူ၍ စကားလမ်းကြောင်း တည့်ပေးလိုက်ရပါသည်။ 

“အေး အနာဝင်တယ်ဆိုတာ အနာက ပျောက်တော့မလိုလိုနဲ့ မပျောက်ဘဲ မြုံပြီးနေတာမျိုး ပေါ့ဗျာ။ အမှန်တော့ အနာက သူသဘာဝအတိုင်း မပျောက်နိုင်ဘဲ သူ့အင်အားကို တိုးချဲ့ပြီး ဒုက္ခပေးဖို့ လုပ်တာပေါ့ဗျာ။ အလှည့်အသင့်လို့ အညှော်နံ့တို့ မကောင်းတဲ့ မြောင်းပုပ်နံ့တို့ ခြင်ဆေးခွေနံ့တို့ ပိုးသတ်ဆေးနံ့တို့နဲ့ ကံအကြောင်းမလှလို့ တိုးမိပြီး ရှုရှိုက်ရရင်တော့ အနာဘက်က အားကောင်းသွား တာပေါ့။ ဒီကိစ္စက သိရင်တော့ မခက်ဘူး။ မသိရင် တော့ အန္တရာယ်ကို ရင်ဆိုင်ရတာပေါ့ဗျာ”

“အဲဒီလို အနာဝင်လို့ မပျောက်နိုင်ခဲ့ရင်တော့ ခင်ဗျားတို့ မှတ်မိအောင် ဒီလိုလေးမှတ်ထားဗျို့ ...

က-ကစွန်းပင် ရေမှာရွှင်၊ ပျားရည်တစ်ဇွန်း ဝင် လို့မှတ်ဗျ။ အဓိပ္ပာယ်ကတော့ လယ်ကန်စွန်းရွက် ကို ရေစင်အောင်ဆေးပြီး ဟင်းစားဇွန်းတစ်ဇွန်းစာ ရအောင် ထောင်းထုပြီး သတ္တုရည်ရအောင်လုပ်ဗျ။  အဲဒါကို ပျားရည်ဟင်းစားဇွန်းလေးတစ်ဇွန်းနဲ့ ပေါင်း စပ်လိုက်။ လူကြီးဆိုရင်ဟင်းစားဇွန်း။ ကလေးဆိုရင် လက်ဖက်ရည်ဖျော်တဲ့ ဇွန်းငယ်နဲ့ စပ်ဖျော်ထားရ မယ်။ ပြီးရင်တောင်ကပို့ကရတဲ့ ရွှံ့မြေကို လက်သုံး ချောင်း လက်ညှိုး၊ လက်ခလယ်၊ လက်သူ<ကယ်နဲ့ နှိုက်ယူပြီး ကောင်းကောင်းနယ်ဖတ် ဖျော်စပ်ရမယ် ဗျ။ ပြီးရင် အဲဒီဖျော်စပ်ထားတဲ့ ဆေးရည်ကို သောက် ပေးရတယ်။ အဲဒါဆိုရင် ငုတ်နေတဲ့ အနာပြန်ပေါ်လာ မယ်။ ဝင်နေတဲ့အနာ ပရိယာယ်မဆောင်နိုင်ဘဲ အပြင်ကို ထွက်လာမယ်ဗျ။ ဒီနည်းကို မသိသူများ ပါတယ်။ ရှေးကလူကြီးတွေ အတွေ့အကြုံအရ အဆင့်ဆင့် မှတ်သားထားတဲ့ ဆေးနည်းပဲဗျ။ ပျောက် ပေါင်းများ လှပါပြီဗျာ။ မသိသူကျော်သွား သိသူ ဖော်စားဆိုသလို သိသူတွေက သုံးစွဲခဲ့တဲ့ နည်းပါ ပဲဗျာ ဟူ၍ စိတ်ပါလက်ပါ ရှင်းပြပါသည်။ 

ကျောင်းဒကာကြီး ဦးချစ်မောင်သည် ကပ္ပိယ ကြီးပြောသမျှကို စာရေးသူနှင့်အတူ ကောင်းစွာ မှတ်ယူ၍ ကျေးဇူးတင်စကားပြောဆိုကာ ကပ္ပိယ ကြီး၏တဲကျောင်းကလေးမှ ခြေထောက် ထော့ နင်းထော့နင်းနှင့် သူ၏မြေးဖြစ်သူ၏ ဆိုင်ကယ် ကိုစီးကာ ပြန်လည်ထွက်ခွာသွားခဲ့ပါလေသည်။ စာ ရေးသူသည်လည်း ကပ္ပိယကြီး၏နံနက်ခင်း ဆွမ်း ကွမ်းဝေယျာဝစ္စများပြုရန် အချိန်ကျပြီဖြစ်ပါ၍ အလိုက်သိစွာ ပြန်ခဲ့ပါတော့သည်။ 

နောက်ရက်သတ္တတစ်ပတ်မျှ အကြာတွင် ကပ္ပိယကြီး၏ တဲကျောင်းကလေးအတွင်း၌ ကျန်း မာရွှင်လန်းနေသော ကျောင်းဒကာကြီး ဦးချစ်မောင် ကို တွေ့ရပါသည်။ ကပ္ပိယကြီးအတွက် ဝတ်ဖြူစင် ကြယ်ဝတ်စုံ(ခေါင်းပေါင်းပဝါပါ)နှင့် စားသောက်ဖွယ်  ရာများကိုပါ လှူဒါန်းပြီး အာလာပသလ’ာပစကားများ ပြောဆိုနေကြလေသည်။

ကပ္ပိယကြီးက “ဦးချစ်မောင်ကတော့ လုပ်ချ လိုက်ပြန်ပြီ ကျောင်းဆရာရေ”ဟု စာရေးသူဝင်လာ သည်ကို နှုတ်ဆက်ပြောဆိုရင်း ခရီးဦးကြိုပြုလိုက် လေသည်။ 

“ဘာကြောင့်များပါလဲ ခင်ဗျား”ဟု စာရေး သူက မေးလေသော် -

“ဒီလိုလေဗျာ ကျုပ်ကိုကပ္ပိယဘဝက ဖိုး သူတော်ဘဝပြောင်းခိုင်းနေတယ်ဗျ။ ဟားဟားဟား ဒီမှာကြည့်ပါဦးဗျာ ဖိုးသူတော်ဝတ်စုံ လက်ဆောင်လာ ပေးတယ်ဗျ”

“အို ကပ္ပိယကြီးရယ် ဖိုးသူတော်မလုပ်ဘဲ ဘိုးတော်လုပ်ပေါ့ဗျာ။ ဆေးဝိဇ္ဇာကြီး ဦးဖြူသီးဆိုရင် မကောင်းဘူးလား ခင်ဗျာ”ဟု ပြောလိုက်ရာ - 

“မလုပ်ပါနဲ့မောင်ရာ ကပ္ပိယကြီးဦးဖြူသီး ဟာ ကပ္ပိယကြီးဦးဖြူသီးဘဝနဲ့ပဲ နေပါရစေဗျာ။ အမှန်တော့ ကပ္ပိယရော ဖိုးသူတော်ရော ရသေ့ရော  ဘိုးတော်ရောဟာ အတူတူပါပဲဗျာ အဝတ်ပြောင်းတာ အရေးမကြီးဘူးဗျ။ စိတ်တွေပြောင်းပြီး စိတ်ကောင်း တာက အရေးကြီးသဗျ။ လူတွေအချင်းချင်း ကိုယ် စွမ်းရာက ကိုယ်နဲ့နှိုင်းစာပြီး ကူညီဖို့သာ လိုရင်းပါ ဗျာ မဟုတ်ဖူးလား”

“အေး ဒါပေမဲ့ ကျုပ်က ဦးချစ်မောင်ကို တစ်ခုတော့ ပြောလိုက်ပါ့မယ်။ ကျုပ်ဘုရားဝတ်ပြု အဓိဋ္ဌာန်စခန်းဝင်တဲ့ အခါတွေမှာ ကျောင်းဒကာကြီး လှူတဲ့ ဝတ်စုံဝတ်ပြီး ကုသိုလ်အထူးပြုပါ့မယ်ဗျာ။ စိတ်စင်ကြယ် ကိုယ်စင်ကြယ်ပြီး ဝတ်ဆင်မှု စင် ကြယ်တော့ ဘုရားရှင်ကိုပိုပြီး ကြည်ညိုနိုင်တာပေါ့ ဗျာ” ဟု ပြောလေရာ စာရေးသူက -

“ကောင်းပါလေ့ ကပ္ပိယကြီးရယ်။ သင့်မြတ် တဲ့အစီအစဉ်မို့ သာဓုခေါ်ပါတယ်ခင်ဗျား”ဟု ပြောဆို မိပါသတည်း။ 

 

မေတ္တာရည်လျက်

 

မျိုးတင့်(ညောင်လေးပင်)

 

Zawgyi font Version <<<<

 

ကပၸိယႀကီးဦးျဖဴသီးေပးတဲ့

အနာအျမစ္ထြက္ေဆးႏွင့္ အနာ၀င္ေပ်ာက္ေစနည္း

-မ်ိဳးတင့္(ေညာင္ေလးပင္)-

***************************

တစ္ေန႔သ၌ ဆိပ္ကမ္းသာရြာ ေအာင္ေဗာဓိ ဘုန္းႀကီးေက်ာင္းတြင္ စာေရးသူသည္ ကပၸိယႀကီး ဦးျဖဴသီးႏွင့္ ဗဟုသုတျဖစ္ဖြယ္စကားမ်ားကို ေျပာဆို ေနခဲ့ပါသည္။ ထိုအခ်ိန္တြင္ ဦးခ်စ္ေမာင္ဆိုေသာ လယ္ယာလုပ္ငန္းႏွင့္ အသက္ေမြး၀မ္းေၾကာင္းျပဳသူ ေက်ာင္းဒကာႀကီး ေရာက္လာခဲ့ၿပီး ကပၸိယႀကီး ဦးျဖဴသီးအား သူ႕တြင္ေပါက္ေနေသာအနာကို ျပသ ရင္း ကုသေပးပါရန္ ေတာင္းပန္ေလသည္။

သူ၏အနာမွာ ေျခသလံုးေပၚတြင္ ေပါက္ေန ၿပီး ကြမ္းသီးလံုးပမာဏ ရွိသည္။ ေရာင္ကိုင္းေနၿပီး ျပည္မ်ားႏွင့္ ျပည့္တင္းလ်က္ အျမစ္တြယ္ေနပါ သည္။ ေဆးခန္းတြင္ သြားေရာက္ခြဲစိတ္ၿပီး အနာ တြင္းသို႔ ပတ္တီးစမ်ား ထိုးထည့္ထား၍ အနာမွာ အေခါင္းေပါက္ႀကီး ျဖစ္ေနသည္။ ဦးခ်စ္ေမာင္သည္ ေျခေထာက္ကို ေကာင္းစြာ မေထာက္ႏိုင္ေသာ ေၾကာင့္ တျဖည္းျဖည္းျခင္းသာ လမ္းေလွ်ာက္ႏိုင္ ပါသည္။ ေျမးျဖစ္သူက ဆိုင္ကယ္ႏွင့္လိုက္ပို႔ေပး၍သာ ကပၸိယ ႀကီးထံ ေရာက္လာႏိုင္ခဲ့သည္။ ေ၀ဒနာေၾကာင့္ ဦးခ်စ္ ေမာင္၏ မ်က္ႏွာမွာ ညႇိဳးေလ်ာ္ လ်က္ရွိပါသည္။

“အနာကေတာ့ အနာဆိုးပဲ ကပၸိယႀကီးရယ္။ ခြဲစိတ္ၿပီးေဆးထိုးေဆးစားကုသေပမယ့္ မသက္သာ ပါဘူးဗ်ာ။ ပတ္တီးစေတြထိုးထည့္လိုက္ ျပည္ေတြ  ျဖစ္လာလိုက္နဲ႔ အျမစ္မထြက္ဘဲ မေပ်ာက္ႏိုင္ေအာင္ ျဖစ္ေနတာ ႏွစ္ပတ္ေသာက္ၾကာၿပီဗ်။ ပဲႏႈတ္ခ်ိန္လုပ္ ငန္းမ၀င္ႏိုင္ဘဲ ေသာကမ်ားလွတယ္ဗ်ာ။ အဲဒါနဲ႔ပဲ ကပၸိယႀကီးဆီ ေရာက္ေအာင္လာၿပီး အနာျပမွျဖစ္ မယ္လို႔ ဆံုးျဖတ္ခဲ့တာပါပဲဗ်ာ”ဟုေျပာရာ ကပၸိယ ႀကီးသည္ အနာကို ေသခ်ာစြာ စစ္ေဆးၾကည့္႐ႈ ေလသည္။

“ေအး ခင္ဗ်ားအနာက အျမစ္မထြက္ဘဲ ရွိေနတယ္ဗ်။ အျမစ္မထြက္ရင္ မနာမက်က္ဘူးေလ။ သစ္ပင္ေတြ အျမစ္မေသသမွ် အပင္မေသသလို ေပါ့။ အနာမွာလည္း အျမစ္တြယ္ေနရင္ မေပ်ာက္ဘူး ဗ်၊ ဒါေၾကာင့္ေျပာတာေပါ့ဗ်ာ သစ္ပင္မွာအျမစ္ လူမွာ အခ်စ္တဲ့ဗ်။ သစ္ပင္ဟာ အျမစ္ေၾကာင့္ ရွင္ သန္ရသလို ပုထုဇဥ္လူသားေတြဟာလည္း သမုဒယ ဆိုတဲ့ ခ်စ္ျခင္း အျမစ္တြယ္ေနသမွ် သံသရာႀကီးက မထြက္ေျမာက္ႏိုင္ဘူးဆိုတာ အမွန္ပဲဗ်။ ဟဲ ဟဲ က်ဳပ္က သမုဒယ ဆိုတဲ့ခ်စ္ျခင္းကို မပတ္သတ္ႏိုင္ ေပမယ့္ အနာမွာ အျမစ္တြယ္ေနတာကိုေတာ့ ျမန္မာ့ တိုင္းရင္းေဆးနည္းနဲ႔ ကုစားဖယ္ထုတ္ႏိုင္တယ္ဗ်။ အျမစ္ထြက္မယ့္ ေဆးနည္းကိုေျပာျပမယ္၊ အေရာင္ က်ေအာင္ေတာ့ ေဆးခန္းမွာ ေဆးဆက္ထိုးေပါ့ဗ်ာ။ ခင္ဗ်ားရဲ႕ အနာကို ဂ႐ုစိုက္ရမယ္ဗ်။ အနာမန္း၀င္ေန တာ ဒုကၡေပးတတ္တယ္”

“အနာမန္း၀င္ေနတာကိုေရာ ဘယ္လိုလုပ္ မလဲ ကပၸိယႀကီးရယ္”

“တစ္ဆင့္စီ ေျပာျပမွာေပါ့ ေက်ာင္းဒကာ ႀကီးရယ္၊ လူတစ္ေယာက္မွာ အနာေရာဂါတစ္ခုက် ေရာက္လာၿပီဆိုရင္ အေရးႀကီးဆံုးျဖစ္တဲ့ ေရာဂါကို အရင္ရွင္းထုတ္ရတယ္ဗ်ာ။ ၿပီးေတာ့မွ ေနာက္ေရာဂါ ကို စဥ္းစားရတာေလ၊ ဥပမာဗ်ာ ခင္ဗ်ားဟာေခါင္း ကိုက္ေနတယ္။ တုပ္ေကြး အဖ်ားလည္း ရွိေနတယ္ ဆိုပါေတာ့ဗ်ာ။ ေခါင္းကိုက္တာက ဆင့္ပြားျဖစ္ လာတဲ့ ေရာဂါမဟုတ္ပါလားဗ်။ အဓိကက်တဲ့ တုပ္ ေကြးဖ်ားကို အရင္ကုေပးရမွာဗ်။ တုပ္ေကြးေရာဂါ ေပ်ာက္ရင္ ေခါင္းကိုက္တာလည္း ေပ်ာက္သြားႏိုင္ တာေပါ့ဗ်ာ။ တုပ္ေကြးေရာဂါေပ်ာက္ၿပီး ေခါင္းကိုက္ တာ မေပ်ာက္ရင္ေတာ့ ေနာက္တစ္ဆင့္ ထပ္စဥ္းစား ၿပီး ကုသရတဲ့ သေဘာမ်ဳိးေပါ့ဗ်ာ။ ကဲအဲဒီေတာ့ အျမစ္ထြက္သြားေအာင္ က်ဳပ္ေျပာတာကို အရင္ လုပ္ေပေတာ့ဗ်ာ”

“ဟုတ္ကဲ့ အမိန္႔ရွိပါ ကပၸိယႀကီးရယ္”

 

၁။ င႐ုတ္ေကာင္း တစ္ပဲသား

 

၂။ ထန္းလ်က္ တစ္ပဲသား အဲဒီႏွစ္မ်ဳိးကို ႀကိတ္ၿပီး အနာေပၚမွာ အံုေပးလိုက္စမ္းပါဗ်ာ။ ေဆး မကြာက်သြားေအာင္ေတာ့ ကြမ္းအုပ္ၿပီး အေပၚက ပလာစတာ ကပ္ထားလိုက္ေပါ့။ ေျခာက္သြားရင္ ေရနည္းနည္း စြတ္ေပးရတယ္။ ဒီလိုလုပ္လိုက္ရင္ ခင္ဗ်ားအနာထဲက အျမစ္က ထားခ်င္ပါတယ္ ဆိုလို႔ ေတာင္ မေနေတာ့ပါဘူးဗ်ာ။ က်ဳပ္ကိုယ္ေတြ႕ ေဆး နည္းပဲဗ်”

 

“ေက်းဇူးတင္လိုက္တာ ကပၸိယႀကီးရယ္။ ဒီနည္းကို ေစာေစာက သိရင္ ဒီေလာက္ မခံရဘူးဗ်”

“ေအးေလဗ်၊ လူေတြဟာ ကံတရားအတိုင္း ပဲ ဘ၀ကို ရွင္သန္လႈပ္ရွားေနၾကရတာဆိုေတာ့ ခင္ဗ်ားနဲ႔က်ဳပ္ဟာ ဆိပ္ကမ္းသာရြာမွာ အတူေနထိုင္ ၾကေပမယ့္ ေတြ႕ခြင့္မသာေအာင္ ကံတရားႀကီးက ပိတ္ဆို႔ထားတယ္ဆိုပါေတာ့ဗ်ာ။ ကဲဆက္နားေထာင္ ဦးဗ် ဒီကေက်ာင္းဆရာလည္း ေသေသခ်ာခ်ာ မွတ္ သြားဗ်။ ဒီေဆးနည္းက ခင္ဗ်ားအတြက္ မေမွ်ာ္ လင့္ဘဲ ေဆးနည္းတို ေဆာင္းပါးတစ္ပုဒ္ရမယ့္ ေဆးနည္း မဟုတ္လားဗ်”ဟု ေျပာပါသည္။ ၿပီးမွ ဆက္၍ အနာ၀င္တဲ့ အေၾကာင္းေျပာျပဦးမယ္ဗ်။ အနာ၀င္ရင္ မကုတတ္ရင္ ကုရခက္တယ္ဗ်၊ အနာ ဆိုတာ ပရိယာယ္မ်ားတယ္ေနာ္၊ လူေတြဟာ ဘယ္ သူမွ အနာေရာဂါမျဖစ္ခ်င္ၾကဘူး။ အနာျဖစ္လာၾက ရတာကေတာ့ ခင္ဗ်ားတို႔ သိတဲ့အတိုင္း အပူအေအး မမွ်တဘဲ ခႏၶာနဲ႔ ဥတု တိုက္ပြဲျဖစ္တာပဲဗ်။ လူေတြ မွာ ေသြးလွည့္ပတ္မႈ ရွိၾကတယ္ မဟုတ္လား၊ အဲဒီ ေသြးလွည့္ပတ္မႈဟာ အပူတစ္လွည့္ အေအးတစ္ လွည့္ ပံုမွန္စီးဆင္းေနရင္ လူေတြက်န္းမာၾကတယ္ဗ်။ အပူေတြခ်ည္း မ်ားရင္ ေလာင္ကြၽမ္းတာေပါ့ဗ်ာ။ ခႏၶာထဲမွာ အပူမ်ားေနရင္ တစ္ေနရာရာမွာ ေဖာက္ ျပန္ၿပီး ေသြးေတြ စုခဲသြားတယ္။ ၿပီးေတာ့ အနာ ျဖစ္ၾကတယ္ဗ်။ ခႏၶာထဲမွာ အပူအပုပ္ေတြကလည္း မစင္ၾကယ္၊ ရာသီဥတုကလည္း မမွ်တရင္ အနာရ တာပဲ။ သဘာ၀တစ္ခုက အပူေၾကာင့္ ေလာင္ကြၽမ္း တယ္။ အေအးေၾကာင့္ ေဆြးေျမ႕တယ္ဗ်။ ေရအိုး ေအာက္မွာ ခံထားတဲ့ ကရြတ္ေခြဟာ အစိုဓာတ္နဲ႔ အၿမဲထိေတြ႕ေနရေတာ့ ၾကာရင္ေဆြးေျမ႕သြားတာ ေပါ့။ ခႏၶာမွာလည္း ဒီသေဘာပဲဗ်။ အေအးေၾကာင့္ လည္း ဒုကၡေရာက္၊ အပူေၾကာင့္လည္း ဒုကၡေရာက္ ၾကရလုိ႔ ခႏၶာရွိေနတာကို က်ဳပ္တို႔ ဗုဒၶရွင္ေတာ္ ျမတ္က ဒုကၡတံုးႀကီးလို႔ ေဟာေတာ္မူတာေပါ့ဗ်ာ။

ကပၸိယႀကီးသည္ စကားတစ္လံုးစမိၿပီဆိုလွ်င္ သူ၏ထံုးစံအတိုင္း ေလေၾကာရွည္ေနပါေတာ့သည္။ စာေရးသူက သူ႕သဘာ၀ကိုသိ၍ -

“အနာ၀င္တဲ့အေၾကာင္းေလး ဆက္ၿပီး ေျပာ ပါဦး ကပၸိယႀကီးရယ္”ဟူ၍ စကားလမ္းေၾကာင္း တည့္ေပးလိုက္ရပါသည္။

“ေအး အနာ၀င္တယ္ဆိုတာ အနာက ေပ်ာက္ေတာ့မလိုလိုနဲ႔ မေပ်ာက္ဘဲ ၿမံဳၿပီးေနတာမ်ဳိး ေပါ့ဗ်ာ။ အမွန္ေတာ့ အနာက သူသဘာ၀အတိုင္း မေပ်ာက္ႏိုင္ဘဲ သူ႕အင္အားကို တိုးခ်ဲ႕ၿပီး ဒုကၡေပးဖို႔ လုပ္တာေပါ့ဗ်ာ။ အလွည့္အသင့္လို႔ အေညႇာ္နံ႔တို႔ မေကာင္းတဲ့ ေျမာင္းပုပ္နံ႔တို႔ ျခင္ေဆးေခြနံ႔တို႔ ပိုးသတ္ေဆးနံ႔တို႔နဲ႔ ကံအေၾကာင္းမလွလို႔ တိုးမိၿပီး ႐ွဳ႐ႈိက္ရရင္ေတာ့ အနာဘက္က အားေကာင္းသြား တာေပါ့။ ဒီကိစၥက သိရင္ေတာ့ မခက္ဘူး။ မသိရင္ ေတာ့ အႏၲရာယ္ကို ရင္ဆိုင္ရတာေပါ့ဗ်ာ”

“အဲဒီလို အနာ၀င္လို႔ မေပ်ာက္ႏိုင္ခဲ့ရင္ေတာ့ ခင္ဗ်ားတို႔ မွတ္မိေအာင္ ဒီလိုေလးမွတ္ထားဗ်ဳိ႕ ...

က-ကစြန္းပင္ ေရမွာရႊင္၊ ပ်ားရည္တစ္ဇြန္္း ၀င္ လို႔မွတ္ဗ်။ အဓိပၸာယ္ကေတာ့ လယ္ကန္စြန္းရြက္ ကို ေရစင္ေအာင္ေဆးၿပီး ဟင္းစားဇြန္္းတစ္ဇြန္းစာ ရေအာင္ ေထာင္းထုၿပီး သတၱဳရည္ရေအာင္လုပ္ဗ်။  အဲဒါကို ပ်ားရည္ဟင္းစားဇြန္းေလးတစ္ဇြန္းနဲ႔ ေပါင္း စပ္လိုက္။ လူႀကီးဆိုရင္ဟင္းစားဇြန္္း။ ကေလးဆိုရင္ လက္ဖက္ရည္ေဖ်ာ္တဲ့ ဇြန္းငယ္နဲ႔ စပ္ေဖ်ာ္ထားရ မယ္။ ၿပီးရင္ေတာင္ကပို႔ကရတဲ့ ရႊံ႕ေျမကို လက္သံုး ေခ်ာင္း လက္ညႇဳိး၊ လက္ခလယ္၊ လက္သူ<ကယ္နဲ႔ ႏႈိက္ယူၿပီး ေကာင္းေကာင္းနယ္ဖတ္ ေဖ်ာ္စပ္ရမယ္ ဗ်။ ၿပီးရင္ အဲဒီေဖ်ာ္စပ္ထားတဲ့ ေဆးရည္ကို ေသာက္ ေပးရတယ္။ အဲဒါဆိုရင္ ငုတ္ေနတဲ့ အနာျပန္ေပၚလာ မယ္။ ၀င္ေနတဲ့အနာ ပရိယာယ္မေဆာင္ႏိုင္ဘဲ အျပင္ကို ထြက္လာမယ္ဗ်။ ဒီနည္းကို မသိသူမ်ား ပါတယ္။ ေရွးကလူႀကီးေတြ အေတြ႕အႀကံဳအရ အဆင့္ဆင့္ မွတ္သားထားတဲ့ ေဆးနည္းပဲဗ်။ ေပ်ာက္ ေပါင္းမ်ား လွပါၿပီဗ်ာ။ မသိသူေက်ာ္သြား သိသူ ေဖာ္စားဆိုသလို သိသူေတြက သံုးစြဲခဲ့တဲ့ နည္းပါ ပဲဗ်ာ ဟူ၍ စိတ္ပါလက္ပါ ရွင္းျပပါသည္။

ေက်ာင္းဒကာႀကီး ဦးခ်စ္ေမာင္သည္ ကပၸိယ ႀကီးေျပာသမွ်ကို စာေရးသူႏွင့္အတူ ေကာင္းစြာ မွတ္ယူ၍ ေက်းဇူးတင္စကားေျပာဆိုကာ ကပၸိယ ႀကီး၏တဲေက်ာင္းကေလးမွ ေျခေထာက္ ေထာ့ နင္းေထာ့နင္းႏွင့္ သူ၏ေျမးျဖစ္သူ၏ ဆိုင္ကယ္ ကိုစီးကာ ျပန္လည္ထြက္ခြာသြားခဲ့ပါေလသည္။ စာ ေရးသူသည္လည္း ကပၸိယႀကီး၏နံနက္ခင္း ဆြမ္း ကြမ္းေ၀ယ်ာ၀စၥမ်ားျပဳရန္ အခ်ိန္က်ၿပီျဖစ္ပါ၍ အလိုက္သိစြာ ျပန္ခဲ့ပါေတာ့သည္။

ေနာက္ရက္သတၱတစ္ပတ္မွ် အၾကာတြင္ ကပၸိယႀကီး၏ တဲေက်ာင္းကေလးအတြင္း၌ က်န္း မာရႊင္လန္းေနေသာ ေက်ာင္းဒကာႀကီး ဦးခ်စ္ေမာင္ ကို ေတြ႕ရပါသည္။ ကပၸိယႀကီးအတြက္ ၀တ္ျဖဴစင္ ၾကယ္၀တ္စံု(ေခါင္းေပါင္းပ၀ါပါ)ႏွင့္ စားေသာက္ဖြယ္  ရာမ်ားကိုပါ လွဴဒါန္းၿပီး အာလာပသလာပစကားမ်ား ေျပာဆိုေနၾကေလသည္။

ကပၸိယႀကီးက “ဦးခ်စ္ေမာင္ကေတာ့ လုပ္ခ် လိုက္ျပန္ၿပီ ေက်ာင္းဆရာေရ”ဟု စာေရးသူ၀င္လာ သည္ကို ႏႈတ္ဆက္ေျပာဆိုရင္း ခရီးဦးႀကိဳျပဳလိုက္ ေလသည္။

“ဘာေၾကာင့္မ်ားပါလဲ ခင္ဗ်ား”ဟု စာေရး သူက ေမးေလေသာ္ -

“ဒီလိုေလဗ်ာ က်ဳပ္ကိုကပၸိယဘ၀က ဖိုး သူေတာ္ဘ၀ေျပာင္းခိုင္းေနတယ္ဗ်။ ဟားဟားဟား ဒီမွာၾကည့္ပါဦးဗ်ာ ဖုိးသူေတာ္၀တ္စံု လက္ေဆာင္လာ ေပးတယ္ဗ်”

“အို ကပၸိယႀကီးရယ္ ဖိုးသူေတာ္မလုပ္ဘဲ ဘိုးေတာ္လုပ္ေပါ့ဗ်ာ။ ေဆး၀ိဇၨာႀကီး ဦးျဖဴသီးဆိုရင္ မေကာင္းဘူးလား ခင္ဗ်ာ”ဟု ေျပာလိုုက္ရာ -

“မလုပ္ပါနဲ႔ေမာင္ရာ ကပၸိယႀကီးဦးျဖဴသီး ဟာ ကပၸိယႀကီးဦးျဖဴသီးဘ၀နဲ႔ပဲ ေနပါရေစဗ်ာ။ အမွန္ေတာ့ ကပၸိယေရာ ဖိုးသူေတာ္ေရာ ရေသ့ေရာ  ဘိုးေတာ္ေရာဟာ အတူတူပါပဲဗ်ာ အ၀တ္ေျပာင္းတာ အေရးမႀကီးဘူးဗ်။ စိတ္ေတြေျပာင္းၿပီး စိတ္ေကာင္း တာက အေရးႀကီးသဗ်။ လူေတြအခ်င္းခ်င္း ကုိယ္ စြမ္းရာက ကိုယ္နဲ႔ႏႈိင္းစာၿပီး ကူညီဖို႔သာ လိုရင္းပါ ဗ်ာ မဟုတ္ဖူးလား”

“ေအး ဒါေပမဲ့ က်ဳပ္က ဦးခ်စ္ေမာင္ကို တစ္ခုေတာ့ ေျပာလုိက္ပါ့မယ္။ က်ဳပ္ဘုရား၀တ္ျပဳ အဓိ႒ာန္စခန္း၀င္တဲ့ အခါေတြမွာ ေက်ာင္းဒကာႀကီး လွဴတဲ့ ၀တ္စံု၀တ္ၿပီး ကုသိုလ္အထူးျပဳပါ့မယ္ဗ်ာ။ စိတ္စင္ၾကယ္ ကိုယ္စင္ၾကယ္ၿပီး ၀တ္ဆင္မႈ စင္ ၾကယ္ေတာ့ ဘုရားရွင္ကိုပိုၿပီး ၾကည္ညိဳႏိုင္တာေပါ့ ဗ်ာ” ဟု ေျပာေလရာ စာေရးသူက -

“ေကာင္းပါေလ့ ကပၸိယႀကီးရယ္။ သင့္ျမတ္ တဲ့အစီအစဥ္မို႔ သာဓုေခၚပါတယ္ခင္ဗ်ား”ဟု ေျပာဆို မိပါသတည္း။

 

ေမတၱာရည္လ်က္

 

မ်ဳိးတင့္(ေညာင္ေလးပင္)

Share