လူတွေဟာ များသောအားဖြင့် အသက်လေး ငါးဆယ်ရောက်လာရင် ဘာသာရေးဘက်ကို စိတ် ဝင်စားလာကြတယ်။ လောကကြီးထဲမှာ ရှင်သန်လှုပ် ရှားရင်း ဘဝရဲ့ ခါးသီးမှုတွေကို ခံစားလာကြတဲ့အခါ ဘဝကို စိတ်ကုန်လာကြတယ်။

ဘာပဲဖြစ်ဖြစ်တစ် ချိန်ချိန်မှာတော့ အရာအားလုံးဟာ ပျက်သုဉ်းရမှာပဲ။ အလုပ်တွေ ကြိုးစားလုပ်ကိုင်လို့ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝလာကြပြန်ရင်လည်း ဒါတွေကို တစ်နေ့ စွန့်ခွာသွားရမှာပဲ။ အရာရာဟာ ပျက်စီးဖို့ ဖြစ်ပေါ်လာ ကြတာပဲ ဒီလိုစဉ်းစားပြီး လုပ်တဲ့အလုပ်တွေရပ်ပစ် လိုက်တယ်။ 

နောင်ဘဝကို ဘယ်လိုဆက်လျှောက်ရမှာ လဲ၊ ကောင်းကောင်းလျှောက်ချင်တဲ့အတွက် ကောင်း တဲ့အလုပ်တွေကိုချည်းပဲ ရွေးချယ်လုပ်ကိုင်ချင်ကြ တော့တယ်။ အထုပ်ကြီးကြီးထုပ်နိုင်မှ နောင်ဘဝကို ကိုယ့်အတွက်ပါမှာ။ အဲသလိုတွေးခေါ်ပြီး ကိုယ့်တစ် ကိုယ်စာကိုပဲ တွေးကြည့်ပြီးတော့ ကိုယ်လွတ်ရုန်းဖို့ ကြိုးစားကြတော့တယ်၊ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်အရွယ်တွေအတွက်တော့ ဒါဟာ မှန်သလို ရှိပါတယ်။ 

ဒါပေမဲ့ အသက်သုံးလေးဆယ်အရွယ်တွေ မှာ ဘဝကို စိတ်ကုန်ပြီး ဘဝထဲက ပြေးထွက်ဖို့ ကြံစည်ချင်လာကြတယ်။ တကယ် စိတ်ကုန်တာ ဟုတ်ရဲ့လား။ ပုဆိုးထမိန်(ထမီ)အိုးအိမ်တွေကြားထဲ က ပြတ်ပြတ်သားသား ရှောင်မထွက်နိုင်သေးဘဲ အိမ်မှုကိစ္စတွေစိတ်ကုန်ပြီး (တကယ်လည်း နောင် ရေးအတွက် ပြည့်စုံအောင် ရှာဖွေစုဆောင်းမထားရ သေးဘဲ)အိမ်မှာတော့ နေတယ်။ အိမ်မှုကိစ္စတွေ ဘာမှစိတ်မဝင်စားတော့ဘူး။ မိသားစုအတွက် ဘာမှစဉ်းစားမပေးတော့ဘူး။ မိုးလင်းကမိုးချုပ်၊ ဘုရားကျောင်းကန်ပဲ သွားနေတယ်။ အချိန်တန် ရင်တော့ အိမ်ပြန်ထမင်းစားတယ်။ အိပ်တယ်။ အဆင်ပြေရင် မိန်းမနား ကပ်တယ်။ သားသမီး သားမယား စားရေးသောက်ရေး နောင်ရေးကို သူက ဘာမှမတွေးဘူး။ ဒါဟာ ချီးကျူးစရာလား။ 

ဒီလိုလူမျိုးဟာ မိသားစုအတွက် အမှန်တ ကယ် မေတ္တာထားသူဟုတ်ရဲ့လား။ တရားရှိသူဟုတ် ရဲ့လား။ တကယ်တော့ မိသားစုနဲ့အတူနေတယ်ဆို ရင် ဒီမိသားစုရဲ့ တာဝန်ကိုယူရမှာပဲ။ မိသားစုတိုး တက်ရာတိုးတက်ကြောင်း အလုပ်တွေ ပါဝင်လုပ်ပေး ရမှာပဲ။ ခေါင်းဆောင်ရှာဖွေရမှာပဲ၊ အမှန်တကယ် တရားကလွဲပြီး ဘာမှမပတ်သတ်ချင်ဘူး၊ မစဉ်းစား ချင်တော့ဘူးဆိုရင်တော့ သာသနာ့ဘောင်(ဒါမဟုတ်) တရားရိပ်သာတွေဆီမှာ ရာသက်ပန်ခိုဝင်ဖို့ ကြိုးစား တာ အကောင်းဆုံးပါပဲ။ 

ဒီလိုမှမဟုတ်ဘဲ မိသားစုနဲ့ မကင်းနိုင်သေး ရင်၊ လောကီနဲ့ မကင်းနိုင်သေးရင် လူဟာလူလိုစဉ်း စားတာ ပိုကောင်းပါတယ်။ လူဟာ ပြည့်စုံချင်တယ်။ ပြည့်စုံတာထက် ကျော်လွန်လာခဲ့ရင် အလှူဒါန ပြုချင်တယ်၊ ဒါဟာ သဘာဝကျတဲ့ကိစ္စပဲ။ လူမှန်ရင် ချမ်းသာချင်တာ၊ လုပ်သမျှကိစ္စတွေ အောင်မြင်ချင် တာ၊ အတိုက်အခိုက်တွေကို ကျော်လွှားအောင်မြင် ချင်တာ၊ ဒီဆန္ဒတွေအပြည့်အဝရှိနေမှာပဲ။ 

လူတွေချစ်ခင်အောင်မြင်စေဖို့ အတိုက်အခံ တွေကို အောင်နိုင်စေဖို့ ပီယသျှိုအစီအရင်ဆိုတာ တွေရှိတယ်။ ဒီလို ပီယသျှိုအစီအရင်တွေကို လိုချင် တာ သိချင်တာ၊ လုပ်ကိုင်ဆောင်ရွက်ချင်တာ ဒါဟာ လူပီသတဲ့စိတ်ပဲ။ လူချစ်လူခင်များပြီး အလုပ်အကိုင် တွေ အပေါက်လမ်းတည့်ပြီး ဝင်ငွေဖြောင့်တာ၊ မိသား စုကို အဆင်ပြေစေတာ၊ လှူနိုင်ပေးနိုင်တာတွေဟာ လည်း လူပီသတဲ့တာဝန်ယူစိတ်ရှိတာပဲ။ ဒါကြောင့် လောကီကိစ္စတွေကို တိုးတက်ချင်တာ၊ တိုးတက် အောင်လုပ်တာတွေဟာ အကုသိုလ်တော့မဟုတ်ပါ ဘူး။ မိသားစုအကျိုး (အများအကျိုး)ဆောင်နိ်ုင်တဲ့ အတွက် ကုသိုလ်လို့ ပြောလို့ရပါတယ်။ 

ဒါကြောင့်လည်း ရှေးဆရာကြီးများက ပီယ သျှို အစီအရင်ဆိုတာတွေကို စီရင်ဖြန့်ချိပေးခဲ့ကြတာ ပဲ။ ပီယသျှိုလို့ဆိုလိုက်တော့ လူတွေက များသော အားဖြင့် မိန်းမယောကျာ်းတွေရဲ့ အချစ်ကိစ္စ အောင် မြင်ရေးအစီအရင်လို့ပဲ အလွယ်နားလည်ကြတယ်။ ယောကျာ်းမိန်းမတို့ရဲ့ ဃရာဝါသကိစ္စ အောင်မြင်ရေး လို့ပဲ ထင်ကြတယ်။ အမှန်ကတော့ ပီယသျှို အစီ အရင်ဟာ အချစ်ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ လူချစ်လူခင်များတာ၊ အလုပ်အကိုင်အောင်မြင်တာ၊ ရန်အန္တရာယ်ကင်းစေတာဟာလည်း ပီယသျှီု အစီ အရင်ကြောင့် ဖြစ်နိုင်တာပါပဲ။ 

ရှေးဆရာကြီးများက ပီယသျှီုကို ဂါထာမန္တန် အမျိုးမျိုးတွေနဲ့ စီရင်ခဲ့ကြပါတယ်။ ဘယ်ပီယသိဒ္ဓိ မန္တန်ဟာတော့ဖြင့် အကောင်းဆုံးပါပဲလို့ အပ်ချမတ် ချ မပြောသာပေမယ့်လို့ ကိုယ်နဲ့အပ်စပ်ရာ ယုံကြည် ရာ ပီယသိဒ္ဓိဂါထာဟာ အကောင်းဆုံးပဲလို့ ဆိုရမှာ ပါပဲ။ 

ပီယသျှီုအစီအရင် လုပ်တော့မယ်ဆိုရင် ပထမဆုံး မဆစ်ဆီ နှစ်ဆယ့်ငါးကျပ်သား(အစိတ် သား)ကို ဝယ်ရပါမယ်။ မဆစ်ဆီဆိုလို့ ထူးထူးဆန်း ဆန်းဆီ မဟုတ်ပါဘူး ဈေးဆိုင်မှာ ဆီသွားဝယ်တဲ့ အခါ မလျှော့တော့ဘူးလား။ ဘယ်လောက်ပဲထား လိုက်ပါ။ လျှော့ပါဦးဆိုပြီး မဆစ်ရဘူး။ အဲသလို မဆစ်ဘဲနဲ့ ဝယ်လာတဲ့ဆီကို မဆစ်ဆီလို့ခေါ်တာ။ အဲဒီမဆစ်ဆီဟာ ပဲဆီ၊ နှမ်းဆီ၊ ဘာဆီပဲဖြစ်ဖြစ် ဝယ်လို့ရပါတယ်။ (မဆစ်ဘဲဝယ်မှ ဒီဆီဟာ တန်ခိုး ပိုထက်လို့ပါ) အဲဒီမဆစ်ဆီကို ငွေဖလားလေးတစ် လုံးထဲထည့်ပြီး ဖော်ပြပေးလိုက်တဲ့ မန္တန်နဲ့ (၂၈)ကြိမ် ဌာန်ကရိုဏ်းကျကျနန ရွတ်ရပါမယ်။ 

ပီယသျှီုစီရင်မယ့်နေ့ မနက်စောစောအချိန် ကနေစပြီး အဲဒီနေ့ နေကုန်တဲ့တိုင်အောင် ငါးပါးသီလ ကို ကောင်းစွာခံယူပြီး လုံခြုံအောင်စောင့်ထိန်းနေရ မှာ ဖြစ်ပါတယ်။

♦ပီယသျှီုမန္တန်

သြောင်း အဂ္ဂသီသာ နလာ ဗုဒ္ဓါ၊ 

နလာဋေ ဗုဒ္ဓမေ ဝစ၊

အရဟံ ရာဇကောဋ္ဌံ။

ဝိနဿန္တု အသေသတော။

အသံထွက်

သြောင်း အက်ဂသီတာ နလာ ဗုတ်ဓါ၊

နလာတေ ဗုတ်ဓမေ ဝစ၊

အရဟံ ရာဇ ကွတ်ထံ။

ဝိနတ်သန်တု အသေသတော။

အဲသလို (၂၈)ကြိမ် မဆစ်ဆီကို မန်းပြီးသွား ပြီဆိုရင် ပီယသိဒ္ဓိမြောက်တဲ့ဆီဖြစ်သွားပြီဖြစ်တဲ့ အတွက် အသုံးပြုလို့ရပါပြီ။ မဆစ်ဆီမန်းကို တစ်မတ် သားထက် မပိုဘဲ သရဏဂုံနဲ့ သုံးကြိမ်နှိုးပါ။

ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

ဆိုပြီး ဒုတိယမ္ပိ၊ တတိယမ္ပိဆိုပြီး ထုံးစံအ တိုင်း သုံးခေါက်ရွတ်ဆိုရမှာပါ။ (သီလခံယူတဲ့အခါ ရွတ်သလိုပါပဲ) အဲသလို သရဏဂုံနဲ့ သုံးကြိမ်နှိုးပြီး ပြီဆိုရင် နဖူးဆံစ၊ မျက်ခွံ၊ နှုတ်ခမ်း၊ လက်ယာလက် ရုံး၊ လက်ဝဲလက်ရုံးတွေမှာ မန်းထားတဲ့ဆီကို သုတ် လိမ်းပြီးသွားမယ်ဆိုရင် လိုချင်တဲ့ ကိစ္စအဝ၀ ပြီးမြောက်ပါလိမ့်မယ်။

စုန်းတိုက်၊ နတ်တိုက်၊ လူပြုစား၊ အတိုက် အခိုက် ဟူသမျှတွေကိုလည်း အထက်ပါနည်းအတိုင်း သရဏဂုံရွတ်ဆိုပြီး လိမ်းသပ်ရမယ်။ မကြာခင်မှာပဲ အတိုက်အခိုက်မှန်သမျှ ထွက်သွားပါလိမ့်မယ်။ ကင်းစငေ် ပျာက်သွားပါလိမ့်မယ်။ 

ဆူးစူးမိတာ၊ သွေးထွက်သံယိုဖြစ်တာတွေကို လည်း ဒီဆီမန်းကို လိမ်းပေးရင် ပျောက်ကင်းချမ်း သာစေနိုင်ပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ဉာဏ်ရှိ သလို တိုးချဲ့ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ အရေး ကြီးတာကတော့ ဒီဆီမန်းကို အယုံအကြည်ရှိဖို့ပါပဲ။ ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မယ်ဆိုရင် ဒီဆီမန်းဟာ မျက်နှာပွင့်၊ ပီယ၊ လူချစ်လူခင်များရုံ သာမက တခြားအရေးကြီးတဲ့ ကိစ္စအဝ၀တွေမှာပါ အောင်မြင်နိုင်စွမ်းရှိပါလိမ့်မယ်။

 

ပီယသိဒ္ဓိပြီးမြောက်နိုင်ကြပါစေ။

 

ဇေယျတုသဗ္ဗမင်္ဂလံ

♦လင်းရောင်တင်♦

အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄

Share