လေးခွမပစ်တတ်တဲ့ကောင်လေး

 

တစ်ခါတုန်းက 'ဆမ်မီ' လို့ ခေါ်တဲ့ကောင်လေး နဲ့ သူအစ်မ 'မေရီ' တို့ဟာ နွေရာသီကျောင်းပိတ် ရက်မှာ တောက အဘွားရဲ့အိမ်မှာ သွားရောက် နေထိုင်ခဲ့ပါတယ်။

အဘိုးက ကွယ်လွန်သွားပြီမို့ အဘွားက အိမ်ရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအားလုံး ကို ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။ အဘွားဟာ အလည်အပတ်ရောက်လာတဲ့ မြေးမောင်နှမကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားပါ တယ်။ ဒါပေမယ့် စည်းကမ်းကြီးတဲ့အဘွားက မောင် နှမနှစ်ယောက်စလုံးကို တစ်ယောက်က အပြင်ထွက် လည်ပတ်ချင်ရင် တစ်ယောက်က အိမ်အလုပ်တွေ လုပ်ပေးရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

ကျေးလက်တောရွာဖြစ်တာမို့ မြို့မှာလို ကုန် တိုက်ကြီးတွေ၊ ရုပ်ရှင်ရုံတွေ၊ ကပွဲရုံတွေ၊ တေးဂီတ ဝိုင်းတွေလို လည်စရာနေရာတွေမျိုး မရှိပေမယ့် စိမ်း စိမ်းစိုစို တောအုပ်တွေထဲ သွားလည်လို့ရသလို ကြည်လင်အေးမြတဲ့ရေတွေ စီးဆင်းနေတဲ့ချောင်း ကလေးတွေဆီမှာလည်း သွားလည်လို့ရတယ်။ အဘွားပိုင်တဲ့ စိုက်ပျိုးရေးစိုက်ခင်းတွေမှာ သွားလည် လို့လည်း ရပါတယ်။

'ဆမ်မီ' ဟာ အဘွားရဲ့ အလုပ်သမား တစ်ယောက်ဆီက လေးခွတစ်ခုကို ရထားတာမို့ လေးခွပစ်ချင်တဲ့စိတ် အရမ်းထက်သန်နေပါတယ်။ ကျောက်ခဲလုံးလေးတွေ လိုက်ကောက်ထားပြီး ပထမ ဆုံးနေ့မှာပဲ တောထဲမှာ လေးခွနဲ့ ငှက်လိုက်ပစ်မယ် လို့ အဘွားကို တောင်းဆိုလိုက်ပါတယ်။ အဘွားက ခွင့်ပြုလိုက်တော့ သူက တောထဲမှာ ငှက်ပစ်ခွင့် ရသွားပြီး အစ်မ 'မေရီ' က အိမ်အလုပ်တွေ ကူ လုပ်ပေးရပါတယ်။

တကယ်တော့ 'ဆမ်မီ' ဟာ လေးခွပစ်တတ် တာ မဟုတ်ပါဘူး။ မနက်စာစားပြီး တောထဲထွက် လာခဲ့တဲ့နောက် တောထဲမှာ တွေ့သမျှငှက်တွေကို လေးခွတစ်လက်နဲ့ လိုက်ပစ်ခဲ့ပေမယ့် တစ်ကောင် မှ မထိခဲ့ပါဘူး။ ဒီလိုနဲ့ 'ဆမ်မီ' ဟာ နေ့လယ်စာ စားချိန် နီးလာတဲ့အတွက် တောထဲကနေ ပြန်လာခဲ့ ပါတယ်။ အိမ်ခြံဝင်းထဲ ရောက်တဲ့အချိန်မှာ အဘွား မွေးထားတဲ့ ဘဲတစ်ကောင်ဟာ သူ့မြင်ကွင်းထဲ ဖြတ် ဝင်လာတော့ မထိလောက်ဘူးဆိုပြီး လေးခွနဲ့ လှမ်း ပစ်လိုက်ပါတယ်။ တောထဲမှာ သေသေချာချာ ချိန် ရွယ်ပြီး ပစ်ခတ်သမျှ ငှက်တစ်ကောင်မှ မထိခဲ့ပေ မယ့် အခု ရမ်းသမ်းပစ်ခတ်လိုက်ခါမှ ဘဲရဲ့ ဦးခေါင်း ကို တည့်တည့်ထိပြီး လဲကျသေဆုံးသွားခဲ့ပါတယ်။

သူဟာ အဘွားသိရင် ဆူတော့မှာပဲဆိုတဲ့အသိနဲ့ အဲဒီ ဘဲသေကောင်ကို ကဗျာကရာ သွားကောက်ပြီး ထင်း ပုံတွေအနောက်ကို ထိုးထည့်လိုက်ပါတယ်။

ဒါပေမယ့် အဲဒီအဖြစ်အပျက်ကို အိမ်ပြတင်း ပေါက်ကနေ လှမ်းကြည့်နေတဲ့ အစ်မဖြစ်သူ 'မာရီ' က မြင်သွားပါတယ်။ ဒါကြောင့် 'ဆမ်မီ' အိမ်ထဲ ရောက်ရောက်ချင်း 'မာရီ' က "နင် အဘွားရဲ့ ဘဲ တစ်ကောင်ကို လေးခွနဲ့ ပစ်သတ်လိုက်တာ ငါ မြင် တယ်နော်" လို့ ပြောလိုက်ပါတယ်။ အဲဒီတော့ 'ဆမ် မီ' ဟာ အရမ်းထိတ်လန့်သွားပြီး "အစ်မရေ ... အဲဒီအကြောင်းကိုတော့ အဘွားကို ပြောမပြပါနဲ့နော်၊ အဘွား စိတ်ဆိုးသွားရင် ဘယ်လိုအပြစ်ပေးမလဲ မသိဘူး" လို့ တောင်းပန်ပါတယ်။ အဲဒီတော့ 'မာရီ' က "အေး- ငါ ပြောမပြစေချင်ရင် နင်က ငါ့စကား နားထောင်၊ ငါ ခိုင်းတာလုပ်" လို့ ချုပ်လိုက်ပါတယ်။ 'ဆမ်မီ' ကလည်း အပြစ်လုပ်ထားမိသူဆိုတော့ "အစ်မ စကားကို နားထောင်ပါ့မယ်၊ ခိုင်းတာ လုပ် ပါ့မယ်" လို့ အာမခံလိုက်ပါတယ်။ စိတ်ထဲမှာတော့ အဘွားအိမ်မှာ နေတုန်းပေါ့လို့ တေးမှတ်ထားပါ တယ်။ မြို့ပြန်ရောက်ရင်တော့ အစ်မစကားကို နား ထောင်ချင်မှ နားထောင်မယ်ဆိုတဲ့စိတ်နဲ့ပါ။

ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အဘွားက ဒီနေ့ ချောင်းထဲမှာ ငါးမျှားထွက်မယ့်အကြောင်း၊ 'မာရီ' နဲ့ 'ဆမ်မီ' နှစ်ယောက်မှာ တစ်ယောက်သာ လိုက် ရမှာ ဖြစ်ပြီး ဘယ်သူ လိုက်မလဲလို့ မေးလိုက်ပါ တယ်။ ငါးမျှားချင်တဲ့ 'ဆမ်မီ' ဟာ အဘွားနဲ့အတူ လိုက်ချင်ပေမယ့် 'မာရီ' က သူမ လိုက်မယ့် အကြောင်း ဦးအောင် ပြောလိုက်ပါတယ်။ ပြီးတော့ သူမက 'ဆမ်မီ' ရဲ့ နားနားမှာ ကပ်ပြီး "နင် ဘာမှ စောဒကမတက်နဲ့နော်၊ ဘဲအကြောင်း သိတယ် နော်" လို့ ပြောလိုက်ပါတယ်။ 'ဆမ်မီ' ဘာမှ မပြော သာတော့ပါဘူး။

နောက်တစ်နေ့ကျတော့ အဘွားက ဒီနေ့ တော ထဲမှာ သစ်ခွပန်းတွေ လိုက်ရှာလိုက်ခူးမှာမို့ ဘယ်သူ  လိုက်မလဲလို့ မေးခဲ့ပါတယ်။ 'မာရီ' က သူမ လိုက် မယ့်အကြောင်း ဦးအောင်ပြောပြီး 'ဆမ်မီ' ကို မျက် ရိပ်မျက်ကဲနဲ့ ပြလိုက်ပါတယ်။ 'ဆမ်မီ' လည်း ဘာ မှမပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ရပါတယ်။ အိမ် မှာနေခဲ့ရပြီဆိုတော့ အိမ်အလုပ်တွေ လုပ်ရတာပေါ့။ 

နောက်တစ်နေ့ကျတော့ အဘွားက ဒီနေ့ ရွာထဲ က အိမ်တစ်အိမ်မှာ အိမ်သစ်တက်ပွဲ ဖိတ်ထားလို့ မြေးနှစ်ယောက်ထဲက ဘယ်သူလိုက်မလဲလို့ မေးခဲ့ ပါတယ်။ 'မာရီ' က သူမ လိုက်မယ့်အကြောင်း ဦး ဆောင်ပြောလိုက်တော့ 'ဆမ်မီ' လည်း နှုတ်ဆိတ် နေခဲ့ရပါတယ်။

ဒီလိုနဲ့ ရက်အချို့ကြာတဲ့တိုင် 'ဆမ်မီ' မှာ အပြင်ထွက်ခွင့်မရဘဲ အိမ်အလုပ်တွေနဲ့ပဲ နပန်းလုံး နေရတော့ သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ ဖြစ်ချင် ရာဖြစ် အဘွားကို အပြစ်ဝန်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူဟာ အဘွား ရှေ့မှောက်မှာ သွားပြီး ဘဲတစ်ကောင်ကို လေးခွနဲ့ ပစ်မိရာက သေသွားတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ အဘွားက သူ့ကို ပွေ့ဖက်ပြီး ဝမ်းသာအားရ ပြော ပါတယ်။

"အဘွား သိပါတယ် မြေးလေးရယ်၊ မြေးလေး က အဲဒီဘဲကို ပစ်မိတာ၊ သေသွားတာ၊ ထင်းပုံ နောက်မှာ ဝှက်ထားလိုက်တာ အားလုံးကို အဘွား က ခြံထဲကနေ မြင်နေရတာပါ၊ မြေးလေး ဘယ် တော့ ဖွင့်ပြောလာမလဲဆိုတာကို စောင့်နေခဲ့တာပါ၊ မဟုတ်ရင် မြေးလေးရဲ့အစ်မ၊ အဘွားရဲ့ မြေးမလေး 'မာရီ' အနိုင်ကျင့်တာကို ခံနေရမှာမဟုတ်လား၊ အခု မြေးလေးက အပြစ်ဝန်ခံလိုက်တော့ ရှင်းသွားပြီလေ၊ 'မာရီ' က အနိုင်ကျင့်လို့ မရတော့ဘူး၊ အဘွားက ခွင့်လွှတ်ပါတယ်၊ မြေးလေးက လေးခွမှ မပစ်တတ် တာ၊ မပစ်တတ်လို့ တောထဲမှာ ဘာငှက်မှ ပစ်လို့ မရခဲ့တာပေါ့၊ ခြံထဲရောက်မှ စမ်းပစ်ရင်း ဘဲတစ် ကောင်ကို ထိပြီး သေသွားတာ အဘွား သိတာပေါ့၊ အဘွား ခွင့်လွှတ်ပါတယ်၊ အဘွား ခွင့်လွှတ်တဲ့ အကြောင်းကို အားလုံးသိအောင် ကြေညာပေးမယ်၊ အဘွား စောင့်ဆိုင်းနေခဲ့တာက မြေးလေးကိုယ်တိုင် အပြစ်ကို ဝန်ခံလာတဲ့ ဒီနေ့ပေါ့ကွယ်"

သင်ခန်းစာကတော့ အပြစ်ပြုမိရင် ဝန်ခံလိုက် တာ အကောင်းဆုံးပါ။ ထိမ်ချန်ထားခြင်းအားဖြင့် ပြုမိတဲ့အပြစ်ထက် ကြီးလေးတဲ့ တာဝန်ယူရမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

 

Source: short wisdom stories

အောင်အေး

(ရန်ကုန်တက္ကသိုလ်)

Share